(Unicode)
သူငယ်ချင်းတစ်စု၏ စကားဝိုင်းလေးသည် ဟိုအကြောင်း သည်အကြောင်းများ ပြောဆိုကြရင်း အတော်လေး စိုစိုပြေပြေဖြစ်လာသည်။
စကားတပြောပြောနှင့် ပန်းသီး milkshake ကို သောက်ရန် ခခ ပိုက်ကို ကိုင်လိုက်ချိန်မှာတော့
" နေမကောင်းတာကို... အအေးတွေသောက်နေတယ် "
လက်ကို အချိန်မီ လာဆွဲရင်း ဟန့်တားလာခဲ့သည့် တစ်စုံတစ်ယောက်ကြောင့် ခခ အနေရခက်သွားသည်။
လူမြင်ကွင်းထဲမှာတော့ ဒီလိုမျိုးတွေ မလုပ်သင့်ဘူးမဟုတ်လား။
" ရော့ ဒါသောက် "
ပြောပြောဆိုဆိုနှင့် လက်ထဲ ငှက်သိုက်ဘူးတစ်ဘူးထည့်ပေးလာသူကြောင့် ခခ စိတ်အစုံတို့ နောက်ကျိလာ၏။
လက်ခံလိုက်ရင် ရတီတို့ ခခကို ဘယ်လိုထင်သွားမလဲ...
စိတ်ထဲလွန်ဆွဲလျက်
" မလိုဘူး ရတယ် "
ပေးလာသော ငှက်သိုက်ဘူးကို
မယူဘဲ မျက်နှာထား တည်တည်နှင့် ပြောလိုက်တော့ ကွက်ခနဲ ပျက်သွားသော သူ့မျက်နှာ ။
သည်လိုကျတော့လည်း စိတ်ထဲမကောင်း။
မနက်ကတင်အကောင်း ၊ အခုမှ ထ ပြီး
ခါးခါးသီးသီးဖြစ်နေသော ခခကို စိတ်ဖောက်ပြန်သည်ထင်လည်း မတတ်နိုင်။
အဓိကက သူစိတ်ပျက်ပြီး ခခ အနားက ထွက်သွားဖို့ပင် ။
"ခခ စိတ်မကြည်ဘူးလား... ဒါဆိုလည်း ကိုယ်သွားတော့မယ်နော်... ငှက်သိုက်လေးတော့ သောက်လိုက်ဦးနော် ဆေးရှိန်ကြောင့် သွေးပေါင်ကျနေမှာ စိုးလို့"
ခခ မျက်နှာရိပ်မျက်နှာကဲကို အလွန်သိသော သူသည် ထုံးစံအတိုင်း ပြုံးလျက်သာပင် အနားက
အလိုက်တသိ ထွက်သွားပေးသည် ။
လက်ထဲက ငှက်သိုက်ဘူးကို ကြည့်မိတော့ ဘာရယ်မဟုတ် စိတ်ထဲက ဝမ်းနည်းသလိုလို။
" ခခ နင် သူ့ အပေါ် ခံစားချက်မရှိတာ သေချာလို့လား..."
ရတီ့အမေးကြောင့် ခပ်လှမ်းလှမ်းရောက်သွားသော ကျောပြင်ကျယ်ကြီးကို ငေးကြည့်လိုက်ရင်း ခခ တွေဝေသွားသည် ။
ခံစားချက် ဆိုတဲ့ အဓိပ္ပာယ်က ဘာများလဲ ။
အနားမှာရှိရင် စိတ်လှုပ်ရှားတာမျိုး ၊ နှစ်ယောက်အတူရှိတိုင်း အနေခက်မိတာမျိုး ၊ သူ့ရှေ့ရောက်ရင် အလိုအလျောက် ကလေးဆန်မိသွားတတ်တာမျိုး...
ဒါမျိုးတွေများလား...
ခခ တွေခနဲ ဖြစ်သွားမိသည် ။
ဒါပေမယ့် ခံစားချက်ရှိတယ်ဆိုရင်တောင် အဆုံးသတ်မှာ ယောက်ျားလေးနှစ်ယောက်ဟာ ပေါင်းစည်းဖို့မှ မဖြစ်နိုင်ဘဲ... ။
ခခသည် စူးခနဲဖြစ်သွားသော ခံစားချက်နှင့်အတူ ခေါင်းကို ခါရမ်းပစ်လိုက်ပြီး
" မ..ရှိဘူး ဘာ ခံစားချက်မှ"
" အင်း... ပြီးတာပါပဲ ဒါဆိုလည်း... တစ်ခုတော့ ငါနင့်ကိုပြောချင်တယ်... ငါ အစောက ပြောလိုက်တယ်ဆိုတာ ဖြစ်နိုင်ချေရှိတာတွေပါပဲ... ငါတို့ စကားကြောင့်နဲ့ နင့်ကိုနင် တွန်းအားပေးဖို့ မလိုဘူးနော် ... "
" ငါနားလည်ပါတယ်... "
ခခအဖြေကြောင့် ရတီက ဘာမှ ဆက်မပြောတော့။
မကြာသေးမီကမှ စိုပြေနေခဲ့သော စကားလေးသည် မီးကိုရေနှင့် ငြိမ်းလိုက်သလို ရုတ်ချည်း
ငြိမ်ကျသွားတော့သည်။
သေချာတာတစ်ခုကတော့ သူတို့ အားလုံး၏
အတွေးကိုယ်စီထဲတွင် 'ခံ့ညား' ဆိုသော သူကတော့ သေချာပေါက် ပါနေပေလိမ့်မည်။
***
ညနေ ကျောင်းဆင်းတော့ အသင့်စောင့်ကြိုနေသော ကားရှိရာဆီ ခခ သွားလိုက်သည် ။
ကားပေါ်ရောက်တော့ ခံ့ညားကို ဘာစကားတစ်ခွန်းမှ မဆိုဖြစ်။
အခုချိန်မှာ ခခ စိတ်တွေအတော်လေး ရှုပ်ထွေးနေသည်။
မရေရာသော ခံစားချက် တပွေ့တပိုက်နှင့်မို့
ဖြစ်နိုင်လျှင် ခံ့ညားနှင့် မျက်နှာချင်းပင် မဆိုင်ချင်ပါ။
စကားမဆိုဘဲ ခခ ငေးငိုင်နေတော့ အလိုက်သိသော သူသည် ခပ်ဆိတ်ဆိတ်သာ ။
ကားမောင်းရင်း မကြာခဏ ခခဘက် စောင်းငဲ့ကြည့်နေတာမျိုးကိုတော့ သတိထားမိပါသည်။
အိမ်ရောက်တော့ စိတ်ပင်ပန်းထား၍လားမသိ တစ်ရေးမှိန်းလိုက်တာ ညပင် မိုးချုပ်သွားသည် ။
သောက်ထားသော ဆေးအရှိန်တွေကြောင့်ထင် ၊ ခခ အိပ်လို့ကောင်းလိုက်တာ ဆိုတာ...
~ knock knock ~
" ခခရေ ဒေါ်ကြီးပု ဝင်ခဲ့ပြီနော်"
အိမ်အကူအဒေါ်ကြီးသည် တံခါးခေါက်ကာ ထိုသို့အသံပြုရင်း ဆန်ပြုတ်နှင့်အတူ လူမမာ ခံတွင်းလိုက်စေမည့် ဟင်းအမယ် အချို့ကို လင်ဗန်းပေါ်တင်ကာ ယူလာသည်။
ပြီးနောက် ပြုံးပြုံး ပြုံးပြုံးနှင့်
" ခခ ဗိုက်ဆာနေမှာစိုးလို့တဲ့လေ... ဟို ဧည့်သည်အစ်ကိုလေးက ပို့ခိုင်းလိုက်တာ "
" အော်.. ဟုတ် ...ကျွန်တော် ခဏနေ စားလိုက်မယ်... ကျေးဇူးပါ "
" ကျေးဇူးက ဒေါ်ကြီးကို တင်ရမှာ မဟုတ်ပေါင်တော်... ဟို ဧည့်သည် အစ်ကိုလေးကို တင်ရမှာ... ဒါတွေအကုန် သူ ကိုယ်တိုင်ချက် ထားတာလေ... ဒေါ်ကြီးနဲ့ ညိုလေးတောင် ကူစရာမလိုလိုက်ဘူး ..."
ဘယ်လိုရယ်?
ဒီလို အချက်အပြုတ်တွေလည်း
သူက လုပ်တတ်တာပဲလား...
စားပွဲပေါ်က အငွေ့တထောင်းထောင်းနှင့် မွှေးကြိုင်နေသော ဟင်းတို့မှာ အရသာရှိမည်မှန်း အမြင်နှင့်တင် အသိအသာ ။
" ဒါတွေ အကုန် သူချက်ထားတာလား ဒေါ်ကြီး"
"ဟုတ်ပါ့ ခခရေ.. လက်တောင် အပူလောင်သွားသေးတယ်ထင်တယ်... ဟင်းအိုး အဖုံးပြုတ်ကျသံကြားလို့ သွားကြည့်တာ ရေနွေးပူလောင်တာနဲ့ လန့်ပြီး ပြုတ်ကျတာထင်ပါတယ်... အဲ့ဒါကို ဆေးလည်း ချက်ချင်းမလိမ်းဘူး ဟင်းကို ပြီးအောင် ချက်နေတာ..ခခ အစာလွန်မှာ စိုးလို့ တဲ့.. အဲ့အကိုလေးက သိပ်ကြင်နာတတ်တာပဲနော်...ရုပ်ကလည်းချောလိုက်တာ..ဒေါ်ကြီးဖြင့် သူ့လိုသားမက်မျိုးလေးရရင် သမီးမွေးရ ကျိုးနပ်ရချည်ရဲ့"
"အဲ့လောက်လည်း မဟုတ်ပါဘူး"
ဒေါ်ကြီးပု စကားကြောင့် ခခ နှာလေး အသာမှုတ်လိုက်မိသည်။
ဘယ့်နှယ် ဒီအိမ်မှာ ကိုယ့်သမီးတစ်ယောက်လုံး တစ်အိမ်တည်းရှိနေတာ ၊ သူစိမ်းယောက်ျားကို သားမက်တော်ချင်တယ် ထုတ်ပြောနေရသေး။
မတော်တဆ ကြားသွားရင် မျက်နှာပူစရာ။
လူကြီးတွေနဲ့ ခက်ပါတယ်..
" ဒေါ်ကြီးက သဘော ပြောပြတာပါတော်... ကဲ ခခ စားလိုက်ဦး... ဒေါ်ကြီး အောက်ဆင်းဦးမယ်... "
"ဒေါ်ကြီး ခဏ...ကိုခံ့ညား အခု ဆေးလိမ်းပြီးပြီလား"
" မလိမ်းရသေးဘူး ထင်တယ်ရယ်... အဲ့တာ ညိုလေးကို ဆေးသွားပေးခိုင်းမလို့ "
" နေ.. နေ.. ရတယ်... မသွားခိုင်းနဲ့... ဒေါ်ကြီးသမီးက ရှက်ပြာရှက်ပြာနဲ့... ကျွန်တော်ပဲသွားပေးလိုက်မယ် "
ခခသည် ပြောပြောဆိုဆိုနှင့် ဒေါ်ကြီးပု လက်ထဲက ဆေးဘူးကို ယူလိုက်ကာ ခံ့ညားရှိရာအခန်းဆီသို့ထွက်လာခဲ့၏။
အခန်းရှေ့အရောက် တံခါးခေါက်ကြည့်မိတော့ အထဲက တုန့်ပြန်သံမကြားရ ။
စိတ်သိပ်မရှည်လာတော့၍ သည်အတိုင်း တံခါးဖွင့် ဝင်သွားလိုက်တော့ ခံ့ညားက ရေချိုးခန်းထဲက ထွက်လာဟန် ။
သူ့လက်ထဲမှာလည်း သွားတိုက်ဆေးဗူးကြီး တစ်ဗူးနှင့် ။
" အဲ့တာကြီးနဲ့ ဘာလုပ်မလို့လဲ"
ခခ မေးလိုက်တော့ သူသည် ' ဒီလိုပါပဲ' ဟု ဆိုကာ အပြုံးတစ်ခုနှင့် ထုံးစံအတိုင်းခပ်အေးအေး တုံ့ပြန်လာသည်။
" ဘာကို ဒီလိုပါပဲ လဲ...လက်အပူလောင်ထားတယ်ဆို!"
ခခမမြင်အောင် အနောက်ကို ပစ်လိုက်သည့် အပူလောင်ထားသောလက်ကို လှမ်းဆွဲကာပြောလိုက်တော့ သူသည် တအံ့တဩပုံနှင့်
"ခခက ဘယ်လိုသိ.."
"အပူလောင်နာကို သွားတိုက်ဆေး အုံလိုက်ရုံနဲ့
ပြီးမယ်ထင်မနေနဲ့ ဒီမှာဆေးယူလာတယ်"
စိတ်ပူသံအဆုံး ဝင်းပ သွားသော သူ့မျက်နှာ ။
အိမ်ပြန်ရောက်စက ပုံနဲ့များ တခြားစီပါပင်။
ဒီလိုကျတော့လည်း ကိုယ်ပါရောယောင်ပြီး
စိတ်ကြည်လင်လာသယောင်။
ဟူး... ကိုခံ့ညား တစ်ယောက်နဲ့တော့ ခက်တာပါပဲ ။
TBC...
********************************************
( Zawgyi )
သူငယ္ခ်င္းတစ္စု၏ စကားဝိုင္းေလးသည္ ဟိုအေၾကာင္း သည္အေၾကာင္းမ်ား ေျပာဆိုၾကရင္း အေတာ္ေလး စိုစိုေျပေျပျဖစ္လာသည္။
စကားတေျပာေျပာႏွင့္ ပန္းသီး milkshake ကို ေသာက္ရန္ ခခ ပိုက္ကို ကိုင္လိုက္ခ်ိန္မွာေတာ့
" ေနမေကာင္းတာကို... အေအးေတြေသာက္ေနတယ္ "
လက္ကို အခ်ိန္မီ လာဆြဲရင္း ဟန႔္တားလာခဲ့သည့္ တစ္စုံတစ္ေယာက္ေၾကာင့္ ခခ အေနရခက္သြားသည္။
လူျမင္ကြင္းထဲမွာေတာ့ ဒီလိုမ်ိဳးေတြ မလုပ္သင့္ဘူးမဟုတ္လား။
" ေရာ့ ဒါေသာက္ "
ေျပာေျပာဆိုဆိုႏွင့္ လက္ထဲ ငွက္သိုက္ဘူးတစ္ဘူးထည့္ေပးလာသူေၾကာင့္ ခခ စိတ္အစုံတို႔ ေနာက္က်ိလာ၏။
လက္ခံလိုက္ရင္ ရတီတို႔ ခခကို ဘယ္လိုထင္သြားမလဲ...
စိတ္ထဲလြန္ဆြဲလ်က္
" မလိုဘူး ရတယ္ "
ေပးလာေသာ ငွက္သိုက္ဘူးကို
မယူဘဲ မ်က္ႏွာထား တည္တည္ႏွင့္ ေျပာလိုက္ေတာ့ ကြက္ခနဲ ပ်က္သြားေသာ သူ႔မ်က္ႏွာ ။
သည္လိုက်ေတာ့လည္း စိတ္ထဲမေကာင္း။
မနက္ကတင္အေကာင္း ၊ အခုမွ ထ ၿပီး
ခါးခါးသီးသီးျဖစ္ေနေသာ ခခကို စိတ္ေဖာက္ျပန္သည္ထင္လည္း မတတ္ႏိုင္။
အဓိကက သူစိတ္ပ်က္ၿပီး ခခ အနားက ထြက္သြားဖို႔ပင္ ။
"ခခ စိတ္မၾကည္ဘူးလား... ဒါဆိုလည္း ကိုယ္သြားေတာ့မယ္ေနာ္... ငွက္သိုက္ေလးေတာ့ ေသာက္လိုက္ဦးေနာ္ ေဆးရွိန္ေၾကာင့္ ေသြးေပါင္က်ေနမွာ စိုးလို႔"
ခခ မ်က္ႏွာရိပ္မ်က္ႏွာကဲကို အလြန္သိေသာ သူသည္ ထုံးစံအတိုင္း ၿပဳံးလ်က္သာပင္ အနားက
အလိုက္တသိ ထြက္သြားေပးသည္ ။
လက္ထဲက ငွက္သိုက္ဘူးကို ၾကည့္မိေတာ့ ဘာရယ္မဟုတ္ စိတ္ထဲက ဝမ္းနည္းသလိုလို။
" ခခ နင္ သူ႔ အေပၚ ခံစားခ်က္မရွိတာ ေသခ်ာလို႔လား..."
ရတီ့အေမးေၾကာင့္ ခပ္လွမ္းလွမ္းေရာက္သြားေသာ ေက်ာျပင္က်ယ္ႀကီးကို ေငးၾကည့္လိုက္ရင္း ခခ ေတြေဝသြားသည္ ။
ခံစားခ်က္ ဆိုတဲ့ အဓိပၸာယ္က ဘာမ်ားလဲ ။
အနားမွာရွိရင္ စိတ္လႈပ္ရွားတာမ်ိဳး ၊ ႏွစ္ေယာက္အတူရွိတိုင္း အေနခက္မိတာမ်ိဳး ၊ သူ႔ေရွ႕ေရာက္ရင္ အလိုအေလ်ာက္ ကေလးဆန္မိသြားတတ္တာမ်ိဳး...
ဒါမ်ိဳးေတြမ်ားလား...
ခခ ေတြခနဲ ျဖစ္သြားမိသည္ ။
ဒါေပမယ့္ ခံစားခ်က္ရွိတယ္ဆိုရင္ေတာင္ အဆုံးသတ္မွာ ေယာက္်ားေလးႏွစ္ေယာက္ဟာ ေပါင္းစည္းဖို႔မွ မျဖစ္ႏိုင္ဘဲ... ။
ခခသည္ စူးခနဲျဖစ္သြားေသာ ခံစားခ်က္ႏွင့္အတူ ေခါင္းကို ခါရမ္းပစ္လိုက္ၿပီး
" မ..ရွိဘူး ဘာ ခံစားခ်က္မွ"
" အင္း... ၿပီးတာပါပဲ ဒါဆိုလည္း... တစ္ခုေတာ့ ငါနင့္ကိုေျပာခ်င္တယ္... ငါ အေစာက ေျပာလိုက္တယ္ဆိုတာ ျဖစ္ႏိုင္ေခ်ရွိတာေတြပါပဲ... ငါတို႔ စကားေၾကာင့္နဲ႔ နင့္ကိုနင္ တြန္းအားေပးဖို႔ မလိုဘူးေနာ္ ... "
" ငါနားလည္ပါတယ္... "
ခခအေျဖေၾကာင့္ ရတီက ဘာမွ ဆက္မေျပာေတာ့။
မၾကာေသးမီကမွ စိုေျပေနခဲ့ေသာ စကားေလးသည္ မီးကိုေရႏွင့္ ၿငိမ္းလိုက္သလို ႐ုတ္ခ်ည္း
ၿငိမ္က်သြားေတာ့သည္။
ေသခ်ာတာတစ္ခုကေတာ့ သူတို႔ အားလုံး၏
အေတြးကိုယ္စီထဲတြင္ 'ခံ့ညား' ဆိုေသာ သူကေတာ့ ေသခ်ာေပါက္ ပါေနေပလိမ့္မည္။
***
ညေန ေက်ာင္းဆင္းေတာ့ အသင့္ေစာင့္ႀကိဳေနေသာ ကားရွိရာဆီ ခခ သြားလိုက္သည္ ။
ကားေပၚေရာက္ေတာ့ ခံ့ညားကို ဘာစကားတစ္ခြန္းမွ မဆိုျဖစ္။
အခုခ်ိန္မွာ ခခ စိတ္ေတြအေတာ္ေလး ရႈပ္ေထြးေနသည္။
မေရရာေသာ ခံစားခ်က္ တေပြ႕တပိုက္ႏွင့္မို႔
ျဖစ္ႏိုင္လွ်င္ ခံ့ညားႏွင့္ မ်က္ႏွာခ်င္းပင္ မဆိုင္ခ်င္ပါ။
စကားမဆိုဘဲ ခခ ေငးငိုင္ေနေတာ့ အလိုက္သိေသာ သူသည္ ခပ္ဆိတ္ဆိတ္သာ ။
ကားေမာင္းရင္း မၾကာခဏ ခခဘက္ ေစာင္းငဲ့ၾကည့္ေနတာမ်ိဳးကိုေတာ့ သတိထားမိပါသည္။
အိမ္ေရာက္ေတာ့ စိတ္ပင္ပန္းထား၍လားမသိ တစ္ေရးမွိန္းလိုက္တာ ညပင္ မိုးခ်ဳပ္သြားသည္ ။
ေသာက္ထားေသာ ေဆးအရွိန္ေတြေၾကာင့္ထင္ ၊ ခခ အိပ္လို႔ေကာင္းလိုက္တာ ဆိုတာ...
~ knock knock ~
" ခခေရ ေဒၚႀကီးပု ဝင္ခဲ့ၿပီေနာ္"
အိမ္အကူအေဒၚႀကီးသည္ တံခါးေခါက္ကာ ထိုသို႔အသံျပဳရင္း ဆန္ျပဳတ္ႏွင့္အတူ လူမမာ ခံတြင္းလိုက္ေစမည့္ ဟင္းအမယ္ အခ်ိဳ႕ကို လင္ဗန္းေပၚတင္ကာ ယူလာသည္။
ၿပီးေနာက္ ၿပဳံးၿပဳံး ၿပဳံးၿပဳံးႏွင့္
" ခခ ဗိုက္ဆာေနမွာစိုးလို႔တဲ့ေလ... ဟို ဧည့္သည္အစ္ကိုေလးက ပို႔ခိုင္းလိုက္တာ "
" ေအာ္.. ဟုတ္ ...ကြၽန္ေတာ္ ခဏေန စားလိုက္မယ္... ေက်းဇူးပါ "
" ေက်းဇူးက ေဒၚႀကီးကို တင္ရမွာ မဟုတ္ေပါင္ေတာ္... ဟို ဧည့္သည္ အစ္ကိုေလးကို တင္ရမွာ... ဒါေတြအကုန္ သူ ကိုယ္တိုင္ခ်က္ ထားတာေလ... ေဒၚႀကီးနဲ႔ ညိဳေလးေတာင္ ကူစရာမလိုလိုက္ဘူး ..."
ဘယ္လိုရယ္?
ဒီလို အခ်က္အျပဳတ္ေတြလည္း
သူက လုပ္တတ္တာပဲလား...
စားပြဲေပၚက အေငြ႕တေထာင္းေထာင္းႏွင့္ ေမႊးႀကိဳင္ေနေသာ ဟင္းတို႔မွာ အရသာရွိမည္မွန္း အျမင္ႏွင့္တင္ အသိအသာ ။
" ဒါေတြ အကုန္ သူခ်က္ထားတာလား ေဒၚႀကီး"
"ဟုတ္ပါ့ ခခေရ.. လက္ေတာင္ အပူေလာင္သြားေသးတယ္ထင္တယ္... ဟင္းအိုး အဖုံးျပဳတ္က်သံၾကားလို႔ သြားၾကည့္တာ ေရေႏြးပူေလာင္တာနဲ႔ လန႔္ၿပီး ျပဳတ္က်တာထင္ပါတယ္... အဲ့ဒါကို ေဆးလည္း ခ်က္ခ်င္းမလိမ္းဘူး ဟင္းကို ၿပီးေအာင္ ခ်က္ေနတာ..ခခ အစာလြန္မွာ စိုးလို႔ တဲ့.. အဲ့အကိုေလးက သိပ္ၾကင္နာတတ္တာပဲေနာ္...႐ုပ္ကလည္းေခ်ာလိုက္တာ..ေဒၚႀကီးျဖင့္ သူ႔လိုသားမက္မ်ိဳးေလးရရင္ သမီးေမြးရ က်ိဳးနပ္ရခ်ည္ရဲ႕"
"အဲ့ေလာက္လည္း မဟုတ္ပါဘူး"
ေဒၚႀကီးပု စကားေၾကာင့္ ခခ ႏွာေလး အသာမႈတ္လိုက္မိသည္။
ဘယ့္ႏွယ္ ဒီအိမ္မွာ ကိုယ့္သမီးတစ္ေယာက္လုံး တစ္အိမ္တည္းရွိေနတာ ၊ သူစိမ္းေယာက္်ားကို သားမက္ေတာ္ခ်င္တယ္ ထုတ္ေျပာေနရေသး။
မေတာ္တဆ ၾကားသြားရင္ မ်က္ႏွာပူစရာ။
လူႀကီးေတြနဲ႔ ခက္ပါတယ္..
" ေဒၚႀကီးက သေဘာ ေျပာျပတာပါေတာ္... ကဲ ခခ စားလိုက္ဦး... ေဒၚႀကီး ေအာက္ဆင္းဦးမယ္... "
"ေဒၚႀကီး ခဏ...ကိုခံ့ညား အခု ေဆးလိမ္းၿပီးၿပီလား"
" မလိမ္းရေသးဘူး ထင္တယ္ရယ္... အဲ့တာ ညိဳေလးကို ေဆးသြားေပးခိုင္းမလို႔ "
" ေန.. ေန.. ရတယ္... မသြားခိုင္းနဲ႔... ေဒၚႀကီးသမီးက ရွက္ျပာရွက္ျပာနဲ႔... ကြၽန္ေတာ္ပဲသြားေပးလိုက္မယ္ "
ခခသည္ ေျပာေျပာဆိုဆိုႏွင့္ ေဒၚႀကီးပု လက္ထဲက ေဆးဘူးကို ယူလိုက္ကာ ခံ့ညားရွိရာအခန္းဆီသို႔ထြက္လာခဲ့၏။
အခန္းေရွ႕အေရာက္ တံခါးေခါက္ၾကည့္မိေတာ့ အထဲက တုန႔္ျပန္သံမၾကားရ ။
စိတ္သိပ္မရွည္လာေတာ့၍ သည္အတိုင္း တံခါးဖြင့္ ဝင္သြားလိုက္ေတာ့ ခံ့ညားက ေရခ်ိဳးခန္းထဲက ထြက္လာဟန္ ။
သူ႔လက္ထဲမွာလည္း သြားတိုက္ေဆးဗူးႀကီး တစ္ဗူးႏွင့္ ။
" အဲ့တာႀကီးနဲ႔ ဘာလုပ္မလို႔လဲ"
ခခ ေမးလိုက္ေတာ့ သူသည္ ' ဒီလိုပါပဲ' ဟု ဆိုကာ အၿပဳံးတစ္ခုႏွင့္ ထုံးစံအတိုင္းခပ္ေအးေအး တုံ႔ျပန္လာသည္။
" ဘာကို ဒီလိုပါပဲ လဲ...လက္အပူေလာင္ထားတယ္ဆို!"
ခခမျမင္ေအာင္ အေနာက္ကို ပစ္လိုက္သည့္ အပူေလာင္ထားေသာလက္ကို လွမ္းဆြဲကာေျပာလိုက္ေတာ့ သူသည္ တအံ့တဩပုံႏွင့္
"ခခက ဘယ္လိုသိ.."
"အပူေလာင္နာကို သြားတိုက္ေဆး အုံလိုက္႐ုံနဲ႔
ၿပီးမယ္ထင္မေနနဲ႔ ဒီမွာေဆးယူလာတယ္"
စိတ္ပူသံအဆုံး ဝင္းပ သြားေသာ သူ႔မ်က္ႏွာ ။
အိမ္ျပန္ေရာက္စက ပုံနဲ႔မ်ား တျခားစီပါပင္။
ဒီလိုက်ေတာ့လည္း ကိုယ္ပါေရာေယာင္ၿပီး
စိတ္ၾကည္လင္လာသေယာင္။
ဟူး... ကိုခံ့ညား တစ္ေယာက္နဲ႔ေတာ့ ခက္တာပါပဲ ။
TBC...
********************************************