နှောင်ကြိုးငယ်လေး(Mo Dao Zu S...

By lovelymon205

171K 12.7K 1.1K

[Zawgyi] ဤ fan fic လေးသည် လန်ဝမ်ကျီနှင့်ဝေဝူရှင်းအား family type ရေးချင်သောကြောင့်ဖန်တီးမိခြင်းဖြစ်ပါသည် ရေး... More

Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
နှောင်ကြိုးလေးနှစ်ခု??
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 1
Chapter 2

Chapter 8

10.9K 964 111
By lovelymon205

[unicode]

''''' နှောင်ကြိုးလေးများ ရောက်ရှိခြင်း ၁ '''''

တိမ်လွှာနန်းမြိုင်၏ ည သန်းခေါင်ယံအချိန်

ညင်သာသော ဆောင်းဦးလေနုအေးလေးက တိုက်ခတ်လျက်ရှိသည်

ငြိမ်းဆောင်အတွင်းမှာလည်း ငြိမ်သက်စွာ အိပ်စက်နေသောလူသားနှစ်ယောက်ရှိသည်

လန်ဝမ်ကျီ၏ ရင်ခွင်ထဲတွင်အေးချမ်းစွာ အိပ်စက်နေသော လူသားတစ်ယောက်

ဝမ်းဗိုက်အောက်ပိုင်း တစ်နေရာ၏ ခပ်စူးစူးဖြစ်လာသော ခံစားချက်ကြောင့် နိုးလာရသည်

သို့သော် နိုးတစ်ဝက်အိပ်တစ်ဝက်နှင့် ဝမ်းဗိုက်လေးအား အသာဖိကိုင်ပြီး ပက်လက်လှန်အိပ်လိုက်သည်

ဝမ်းဗိုက်၏ ခပ်စူးစူးဖြစ်သောခံစားချက်မှ တစိတ်စိတ်ပြင်းထန်လာပြီး ချွေးစီးများပင်ပြန်လာရသည်

လန်ဝမ်ကျီသည် အအိပ်စက်သောသူဖြစ်တာကြောင့် ရင်ခွင်ထဲကကောင်လေး လှုပ်ရွမှုကြောင့် နိုးလာရသည်

လန်ဝမ်ကျီကြည့်လိုက်တော့ ဝေဝူရှင်းမှာ တစ်ကိုယ်လုံး ချွေးစီးများနှင့် ရွှဲနစ်နေပြီ

" ဝေ့ရင် "

စိုးရိမ်တကြီးခေါ်လိုက်တော့မှ မျက်လုံးဖွင့်လာတဲ့ အနှီကောင်လေး

" လန်....လန်ကျန့် ငါ့..ငါ့ဗိုက်ကြီးပေါက်ကွဲထွက်တော့မယ်ထင်တယ် "

ငိုမဲ့မဲ့နဲ့ပြောလာတဲ့ ဝေဝူရှင်း

" ဝေ့ရင်.....ကလေး...... သမားတော်သွားခေါ်ပေးမယ် "

သမားတော်ခေါ်မယ့်ဟန်ပြင်သော လန်ဝမ်ကျီ၏လက်ကိုဆွဲပြီး

" ဟင့်အင်း....အ....မသွားနဲ့ လန်ကျန့်...ငါ့အနားနေ....အားးး...နာတယ်...လန်ကျန့်..."

" ဝေ့ရင်...ခဏလေး "

လန်ဝမ်ကျီလည်း ဝေဝူရှင်းလက်ကို ခဏလွှတ်၍ ကင်းစောင့်နေသော လန်ဂိုဏ်းသားလေးတစ်ယောက်ကို သမားတော်သွားပင့်ခိုင်းရသည်

ထို့နောက် ဝေဝူရှင်း အနားသို့ ပြန်လာခဲ့သည်

_____________________________________

တစ်ဖက် ယွင်မုန့်ကျန်းတွင်လည်း ကျန်းဂိုဏ်းချုပ် ကျန်းဝမ်အင် အိပ်ပျော်နေရာမှ လန့်နိုးလာသည်

အင်းစက္ကူမီးလောင်နေပေပြီ

" ဝေဝူရှင်းမွေးပြီ "

အိပ်ယာမှအလျင်အမြန်ထကာ ဝတ်စုံပင်ပြင်မဝတ်နိုင်ဘဲ တိမ်လွှာနန်းမြိုင်သို့ စန့်တူ အသော့နှင်ခဲ့သည်

_____________________________________

တိမ်လွှာနန်းမြိုင်တွင်လည်း မနက်နှစ်ချက်တီးသာရှိသေးသည်

ဖြူဖြူလွလွ ပုံရိပ်များ ဟိုတစ်စု ဒီတစ်စုပြေးလွှားနေကြသည်

ငြိမ်းဆောင်ထဲသို့ သမားတော်နှင့်အကူများဝင်လာတော့ ဝေဝူရှင်းမှာ လန်ဝမ်ကျီလက်ကို ဆုပ်ကိုင်ထားပြီး လူးလှိမ့်နေပေပြီ

လန်ဝမ်ကျီကတော့ ဝေဝူရှင်းလက်ကို တင်းတင်းကျပ်ကျပ်ပြန်ဆုပ်ကိုင်ထားပြီး အားပေးနှစ်သိမ့်နေလေသည်

သမားတော်လည်း စမ်းသပ်ကြည့်လိုက်တော့ ဝေဝူရှင်းသည် ရေမြွာပေါက်ခါနီးအခြေအနေမှာရှိသည်

" ဟန်ကွမ်ကျွင်း စိုးရွံ့မိပမယ့် အပြင်လေးထွက်ပေးပါ ဝေ့သခင်လေး မီးဖွားခါနီးနေပါပြီ "

လန်ဝမ်ကျီသည် သမားတော်၏စကားကို ခေါင်းတစ်ချက်သာငြိမ့်ကာ

" ဝေ့ရင် အပြင်မှာရှိတယ် မကြောက်နဲ့ "

ဝေဝူရှင်းကတော့ နာကျင်လွန်းအားကြီးလို့ စကားပင်ပြန်မပြောနိုင်၊ မျက်ရည်ပေါင်းများစွာနှင့် ခေါင်းဆက်ဆက် ငြိမ့်ပြရှာသည်

လန်ဝမ်ကျီရင်ထဲဆို့တတ်လာသည်
မြတ်နိုးစွာ ဝေဝူရှင်း နဖူးလေးကိုနမ်းလိုက်ပြီး

" စောင့်နေမယ် မကြောက်နဲ့ ငါရှိတယ် "

လန်ဝမ်ကျီ လက်မလွှတ်နိုင်သေး
ချစ်ရသူမျက်နှာလေးကို တစိမ့်စိမ့်ကြည့်နေပြီး ကြည့်မဝနိုင်၊

" ဟန်ကွမ်ကျွင်း အရှင် "

အသင့်ပြင်ဆင်ပြီးသော သမားတော်က သတိပေးလိုက်သည်၊

လက်လေးကို အသာခပ်တင်းတင်းကိုင်လိုက်ပြီး

" သမားတော် ဝေ့ရင်ကို အပ်ပါတယ် "

" စိတ်ချပါ ဟန်ကွမ်ကျွင်း ကျွန်တော်အကောင်းဆုံး စောင့်ရှောက်ပါ့မယ် "

ဝေဝူရှင်းမျက်နှာကို တစ်ချက်ကြည့်ပြီး ငြိမ်းဆောင်ထဲမှထွက်လာခဲ့သည်

ငြိမ်းဆောင်၏အပြင်ဘက်မှာတော့ လန်ရှီချန် ကျင်းလင် လန်စစ်ကျွေး လန်ကျင်းရီနှင့် အိုးရန်စစ်ကျင်းတို့ရောက်နေကြပြီ

လန်ဦးရီးတော်ကတော့ ခန်းမဆောင်မှာနေပြီး ဝေဝူရှင်း၏သတင်းကို အမြဲမပြတ်သတင်းပို့ခိုင်းနေသည်

တိမ်လွှာနန်းမြိုင်အထဲကို မဝင်လာပမယ့် အပြင်မှာလည်း စိုးရိမ်ပူပန်မှုအပြည့်နှင့် စောင့်ကြပ်နေသူရှိပါသည်၊ ထိုသူကတော့ ဝမ်နင်. . . . . . .

မနက်လေးချက်တီးသည်အထိ အထဲမှတစ်စုံတစ်ရာသတင်းမရသေး
ဝေဝူရှင်း၏ နာကျင်စွာအော်ဟစ်နေသံကတော့ တိမ်လွှာနန်းမြိုင်ထဲမှာ ပျံ့နှံ့လျက်

စစ်ကျွေးတို့လေးယောက်မျက်နှာမှာလည်း စိုးရိမ်ပူပန်မှုအပြည့်၊ အထဲမှဝေဝူရှင်း၏ အသံတစ်ချက်ကိုကြားလိုက်တိုင်း မျက်နှာလေးတွေမှာ ညို့မှိုင်းလာကြသည်၊ ကျင်းလင်မျက်နှာမှာတော့ မျက်ရည်စလေးတွေ တွဲခိုလို့

လန်ရှီချန်ကတော့ ညီဖြစ်သူ၏ အေးစက်နေသော လက်ကလေးကို တင်းတင်းကျပ်ဆုပ်ကိုင်ထားသည်၊ လန်ဝမ်ကျီ၏ ရင်ထဲတွင် ဘယ်လောက်တောင် ကမ္ဘာပျက်နေအံ့မည်နည်း

ခဏအကြာတွင် ကျန်းချန်ရောက်လာသည်
ကျန်းချန်ရောက်လာတော့ ကျင်းလင်ခမျာ ပြေးဖက်ပြီး ကျန်းချန်ဝတ်ရုံထဲတွင်မျက်နှာအပ်ထားလိုက်သည်

" ကျင်းလင် ဝေဝူရှင်း မမွေးသေးဘူးလား "

ကျင်းလင် ခေါင်းသာ အသာခါပြလိုက်သည်

ဝေဝူရှင်း၏ အော်သံများအနည်းငယ်တိတ်ဆိတ်သွားသည်နှင့်အတူ ကလေးငိုသံသဲ့သဲ့လေးကြားလာရသည်၊

ထို့နောက် ငြိမ်းဆောင်၏တံခါးချပ်ပွင့်လာပြီး သမားတော်အကူတစ်ယောက်ထွက်လာသည်

အားလုံးသည်လည်း ထိုသမားတော်အား တတ်မနင်းမိရုံတစ်မယ် အရှေ့တိုးလာကြသည်

" ဟန်ကွမ်ကျွင်း ဝေ့သခင်လေးက ပထမကလေးတစ်ယောက်ကို အောင်မြင်စွာမွေးဖွားပြီးပါပြီ "

" ဟင်!! နှစ်ယောက်လား "
လန်ရှီချန်က အံ့သြလွန်းစွာမေးလိုက်သည်

( A/N : မင်းတို့ကသိပြီးတာ မှန်ပမယ့် သူတို့ကို အံ့သြခွင့်တော့ ပေးလိုက်ပါအုံး )

" ဟုတ်ပါတယ် ဇယ်ဝူကျွင်း ခွင့်ပြုပါအုံး "
သမားတော် ဝင်သွားတဲ့အထိ ဘယ်သူမှစကားတစ်ခွန်းမဟကြသေး

ကျန်းချန်ကတော့ အိပ်ချင်စိတ်များပျောက်ပြီး မျက်လုံးပြူးသွားသည်၊ ဝေဝူရှင်း တော်တော်မွေးနိုင်တာပဲ

" အဲ့ဒါဆို နောင်တော်ဝေ့ဗိုက်ထဲမှာ နှစ်ယောက်တောင်မှပေါ့ "
လန်ကျင်းရီက တွေးဆဆနှင့်ပြောသည်

" ငါပြောသားပဲ နောင်တော်ဝေ့ဗိုက်ကြီးက အကြီးကြီးပါလို့ "
အိုးရန်စစ်ကျင်းကပြောတော့ လန်စစ်ကျွေးက ဟန်ကွမ်ကျွင်း၏ မျက်နှာကို ကြည့်မိသည်

ဟန်ကွမ်ကျွင်းမှာတော့ မပျော်နိုင်သေး။

" ဝမ်ကျီ ဝေ့သခင်လေး အဆင်ပြေမှာပါ "

လန်ရှီချန်က လန်ဝမ်ကျီပခုံးလေးကို ကိုင်ကာ ပြောလိုက်သည်

နောက်ဆုံးတွင် တိမ်လွှာနန်းမြိုင်ထဲ ရိုက်ခတ်လာသော ငြိမ်းဆောင်မှ ကျယ်လောင်လှသော ကလေးငိုသံ တစ်ခု

ကလေးနှစ်ယောက်၏ အဖေ ရာထူးတိုးသွားသော ညီတော်လေးကို လန်ရှီချန် ဖက်လိုက်သည်

အားလုံးရဲ့မျက်နှာ အတိုင်းအဆမသိနိုင်တဲ့ ပျော်ရွှင်ခြင်း အရိပ်များဖြတ်ပြေးသွားသည်

ထိုထဲတွင် အတောက်ပဆုံးနှင့် အလင်းလက်ဆုံး ပျော်ရွှင်နေသည်မှာ မည်သူဖြစ်မည်နည်း

လန်ဝမ်ကျီသည် ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်၊ အရုဏ်တတ်နေပေသည်
ထွက်ပြူစပြုလာမယ့် နေမင်းကြီးကို အချိုမြိန်ဆုံးပြုံးပြလိုက်သည်

လန်ဂိုဏ်းတွင် ဂိုဏ်းသားလေးနှစ်ဦးတိုးသွားပြီ ဟု သတင်းရောက်သွားပြီဖြစ်သော လန်ဦးရီးတော်မှာလည်း အလွန်အမင်းဝမ်းသာနေပေသည်
ဝေဝူရှင်းသည် တာဝန်ကျေခဲ့ပြီ
လန်ဦးရီးတော်၏ စိတ်ထဲမှာလည်း ဝေဝူရှင်းက နှစ်မှတ်တိုးသွားသည်

ငြိမ်းဆောင်တံခါးကြီး ပွင့်အာလာသည်
တံခါးကြီးပွင့်သံကတောင် အားလုံးအတွက်မင်္ဂလာရှိနေပေသည်

အကူသမားတော်၏မျက်နှာသည်လည်း အလွန်ပြုံးရွှင်လျက်

.
.
.
______________________________________

ကဲ. . . . ကဲ လိုက်ဆိုကြပါ
အောင်ပြီ အောင်ပြီ အောင်ပြီ

နောက်တစ်ပိုင်း မြန်မြန် Up ပေးမယ် :-)

================================

[Zawgyi]











" ဝေ့ရင် "







" ဝေ့ရင်...ခဏလေး "



_____________________________________



" ဝေဝူရှင်းမွေးပြီ "


_____________________________________













" ဟန်ကွမ်ကျွင်း အရှင် "



















" ဟင်!! နှစ်ယောက်လား "

















.
.
.
______________________________________

ကဲ. . . . ကဲ လိုက်ဆိုကြပါ


================================

Continue Reading

You'll Also Like

12.9K 2.8K 45
විනාශ කරදැමූ කිරි සිහිනයක් වෙනුවෙන් බැදි වෛරයක් නිසා පරම්පරාවක්ම නසන්නට ශපථ කළ නේත්‍රාවකගේ පළිගැනීමට මැදිවූ සෙනෙහසක අන්දරය....... රුහිරු බැදි බැමි~
169K 26.3K 21
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
80.2K 10.7K 40
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
559K 49K 29
Taekook Fanfiction Jeon Kim Own creation