Chapter 9

11K 931 120
                                    

[unicode]

''''' နှောင်ကြိုးလေးများ ရောက်ရှိခြင်း ၂ '''''

အကူသမားတော်၏ မျက်နှာသည်လည်း အလွန်ပြုံးရွှင်လျက်

" ဟန်ကွမ်ကျွင်း ဂုဏ်ယူပါတယ် ကလေးနှစ်ယောက်လုံး ကျန်းကျန်းမာမာနဲ့ အောင်မြင်စွာမွေးဖွားပြီးပါပြီ "

လန်ဝမ်ကျီကတော့ ခေါင်းငြိမ့်ပြပြီး ငြိမ်းဆောင်အတွင်းသို့ ဝင်ဖို့လုပ်သည်
သို့ပမယ့် အကူသမားတော်က မဖယ်ပေး
မျက်နှာအနည်းငယ်ပျက်ယွင်းသွားသည်

လန်ဝမ်ကျီ၏ အနောက်မှ လိုက်မည်ပြင်နေကြသော လူတစ်စုကလည်း အကူသမားတော်ကို အထူးအဆန်းကြည့်နေကြသည်

" ဝေ့သခင်လေး...သူ "
လန်ရှီချန်က စကားစလိုက်သည်

အားလုံးရဲ့အကြည့်တွေလည်း သမားတော်ဆီမှာ

သမားတော်က ကြောက်ကြောက်လန့်လန့်ဖြင့်

" ဝေ့...ဝေ့သခင်လေးလည်း ကျန်းမာရေးကောင်းပါတယ် "

ဘယ်သူမှနားမလည်နိုင်တော့ဘူး
ဘာဖြစ်နေတာလဲ

" ဟို...ဟို ဝေ့သခင်လေးက ဘယ်သူမှအထဲမဝင်လာရဘူးလို့ ပြော...ပြောလို့ပါ "

အားလုံးရဲ့ မျက်နှာမှာလည်း နားမလည်နိုင်သော အရောင်များဖြတ်ပြေးလို့

" ဘာဖြစ်လို့လဲ "
မေးလိုက်သူက လန်ဝမ်ကျီ

" မ...မသိပါဘူး...ခဏလေးပါ "

ငြိမ်းဆောင်၏ တံခါးရွက်များပြန်ပိတ်သွားသည်

လန်ဝမ်ကျီသူ့အကိုဖြစ်သူ လန်ရှီချန်ကိုကြည့်လိုက်သည်

လန်ရှီချန်ကတော့ ဘယ်လိုပြောလို့ပြောရမှန်းမသိတော့

ငြိမ်းဆောင်တံခါးပြန်ပွင့်လာပြန်သည်

" ဟန်..ဟန်ကွမ်ကျွင်း ဝေ့သခင်လေးက ပြောလိုက်ပါတယ် သူဘာမေးမေးပြန်ဖြေမယ်ဆိုတဲ့ ဝကတိတစ်ခုပေးနိုင်မလားတဲ့ "

" ပေးနိုင်ပါတယ် "
လန်ဝမ်ကျီက လျင်မြန်စွာပြန်ဖြေလိုက်သည်

" အဲ့ ဒါဆို ခဏနော် "

် ငြိမ်းဆောင်၏ တံခါးများပြန်ပိတ်သွားပြန်ပြီ

နှောင်ကြိုးငယ်လေး(Mo Dao Zu Shi Fan Fic)Donde viven las historias. Descúbrelo ahora