Anawar (Completed)

By naykyihtun

665K 40.6K 917

Zaw gyi +Unicode ညီ့ မ်က္ႏွာေလးကို တစိမ့္စိမ့္ၾကည့္ၿပီး ခ်စ္တဲ့အေၾကာင္း တစ္ေနကုန္ထိုင္ေျပာခ်င္တဲ့သူပါဗ်။ Offg... More

Intro
part-1(အဏၰဝါ)
Part-2(ဒီ​ေခတ္​အကၡရာ)
Part-3(ပန္​သစၥာ)
part-4
Part-5
Part-6
Part-7
part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
part-32
Part-33
Part-34
Part-35
Part-36
Part-37
Part-38
Part-39
Part-40
part-41
Part-42
part-43 (Final)
Note
Extra-1
Extra -2
Extra-4
Extra-5
Happybirthday 💕 👥
Thadingyut festival
Special EP
ေၾကာ္ျငာ
Not update
Summer House (New Fiction)

Extra-3

11.6K 626 21
By naykyihtun

Zawgyi

ႏိႈးထလာတဲ့ ​ေရာင္​ျခည္​ျဖာမနက္​ခင္​း ​။ ​ေက်းငွက္​သံတို႔
တီတားျခင္​းမရိွ​ေသာ္​လည္​း ရင္​ခြင္​ထဲက ​ေကာင္​​ေလး​ေၾကာင္​့
သာယာ ၾကည္​ႏူးျခင္​းကို ​ေဆာင္​က်ဥ္​း​ေပး၏။ နဖူးထက္​ အနမ္​း ​ေခြၽျခင္​းကို ဘယ္​အခ်ိန္​က စတင္​ႀကိဳက္​ႏွစ္​သက္​ခဲ့သည္​
မသိ​ေသာ္​ျငား.. အဏၰဝါ ကို​ေတြ႔တိုင္​း နမ္​းခ်င္​​ေနတတ္​သည္​ကအက်င္​့လိုျဖစ္​​ေန​ေပၿပီ။ ​ေဖ်ာက္​ဖ်က္​မရ​ေသာ ထိုအက်င္​့အတိုင္​း ျပဳမူ​ေနက် ျပဳမူမိသည္​တြင္​ .. ပူ​ေလာင္​​ေန​ေသာ အဏၰဝါ ့အသားအရည္​​ေတြ။ အလန္႕​တၾကားျဖစ္​သြားလ်က္​ အိပ္​​ေမာက်​ေနသည္​့ အဏၰဝါကို ​ေခၚႏိႈးၾကည္​့သည္​။ ႏႈတ္​ခမ္​း​ေတြသာတုန္​ယင္​လာလ်က္​.. လူက​ေတာ့ ႏိႈးမလာ​ေပ။

"ညီ.. ညီ"

​ေသခ်ာ​ေအာင္​ နဖူး​ေတြ လက္​​ေတြ လည္​ပင္​း​ေတြ စမ္​းသပ္​​
ၾကည္​့​ေတာ့ အမွန္​တကယ္​ဖ်ား​ေနျခင္​း။

"အဏၰဝါ... အဏၰဝါ ထပါဦး ညီရာ"

သူပင္​ တစ္​ကိုယ္​လံုးထူပူလာလို႔ ဘာလုပ္​ရမည္​မသိ
အ​ေယာင္​​ေယာင္​အမွားမွား ။ ​ေမ​ေမတို႔ကို သြား​ေျပာလ်ွင္​လည္​း အဏၰဝါ ဘာလို႔ဖ်ားတာလဲ ​ေမးလ်ွင္​ ​ေျဖဖို႔ ရာ ခက္​​ေပ
မည္​။

"ကိုကို... ကိုကို.."

​"ကိုကို ရိွတယ္​​ေလ ညီရဲ႕ ကိုကိုရိွတယ္​​ေနာ္​"

​​ေယာင္​၍ ​ေခၚ​ေနပံုက လူကိုနာက်င္​​ေစ၏။ ဒါ​ေတြႀကိဳသိ​ေနလို႔
သူဘယ္​တုန္​းကမွ မစတင္​ခ်င္​ခဲ့တာ။ မ​ေန႔ညက​ေတာ့ ဘယ္​လိုမွ သည္​းခံလို႔မရ​ေတာ့လို႔ဆိုတာ ဝန္​ခံ၏။

"ညီ.. ခဏ အိပ္​​ေန​ေနာ္​ ကိုကို ​ေဆးသြားယူ​ေပးမယ္​ "

​ေခ်ာ့​ေမာ့ကာ​ေျပာၿပီးထဖို႔လုပ္​မိခါ မွ မ်က္​ရည္​​ေတြ က်လာသည္​့က​ေလး။ ငို​ေနတာလည္​းမဟုတ္​ ဒီတိုင္​း သူ႔အလိုလို က်​ေန
ျခင္​း။

"အရမ္​းနာ​ေနလား ညီ.. ကိုကို ​ေတာင္​းပန္​ပါတယ္​ကြာ
​ေနာ္​.. ကိုယ္​ ​ေနာက္​မလုပ္​​ေတာ့ပါဘူး"

​မ်က္​ရည္​​ေတြ ဖယ္​​ေပးသည္​့တိုင္​ ႏိုးတစ္​ဝက္​ အိပ္​တစ္​ဝက္​
ျဖစ္​​ေနသည္​့ က​ေလး​ေၾကာင္​့ သူ ထမရျပဳမရ ဘာလုပ္​ရမည္​ကို​ေရရာစြာမသိ။ သူ႔ခါးမွာဖက္​ထားတဲ့လက္​​ေတြက​ေတာ့
လြတ္​ထြက္​သြားမွာ​ေၾကာက္​သည္​့အလား ခက္​​ေခ်ၿပီ က​ေလးရာ ကိုကို ဘာလုပ္​ရမွာလဲ။

"​ေဖငယ္​ ... ​ေဖငယ္​.. ​ေဖ​ေဖလို႔"

အိမ္​.. ​ေမ်ာက္​​ေလာင္​း​ေလး​ေတြလာပီ။ တဒုန္​းဒုန္​း ထု​ေန​ေသာ တံခါးသံ​ေၾကာင္​့ ညီလန္​႔သြားမွာစိုးရိမ္​ကာ ...
နား​ေလးႏွစ္​ဖက္​ကို ​ေယာင္​၍ အုပ္​​ေပးမိ၏။ ၿပီး​ေနာက္​..
​ကိုယ္​​ေခါင္​းကိုယ္​ပင္​ ကုပ္​ကာ တံခါးသြားဖြင္​့​ေပးရသည္​။
ခ်ီးပဲ တံခါးမဖြင္​့မခ်င္​း ​ေအာ္​​ေနမွာ မသိဘူးလား။

"မီး​ေလးတို႔ ..အ​ေစာႀကီးႏိႈး​ေနၾကၿပီလား"

တံခါးဖြင္​့​ေပးၿပီး က​ေလး​ေတြ​ေ႐ွ႕ ​ေဆာင္​့​ေၾကာင္​့​ေလးထိုင္​ကာ ​ေမးမိ၏။ သနပ္​ခါး ပါးကြက္​​ေလး​ေတြနဲ႔ နတ္​သမီး​ေလး
​ေတြက ခ်စ္​စရာသိပ္​​ေကာင္​းလြန္​းသည္​။

"ဟုတ္​..​ေဖငယ္​ မီးတို႔ မ်က္​ႏွာလည္​း သစ္​ၿပီးၿပီ၊ သြားလည္​း
တိုက္​ၿပီးၿပီ၊ ​ထမင္​းလည္​းစားၿပီးၿပီ ​ေက်ာင္​းဝတ္​စံုလဲ ဝတ္​ၿပီးၿပီ"

​ေက်ာင္​းဝတ္​စံု ဂါဝန္​​ေလးကို လက္​ႏွစ္​ဖက္​ျဖင္​့ကိုင္​ကာ
ႂကြားျပ​ေန​ေသာ မီးငယ္​ကို ခ်စ္​စႏိုးၾကည္​့မိ​ေနစဥ္​...

"​ေဖ​ေဖ.. ​ေလးငယ္​ကို ​ေက်ာင္​းလိုက္​ပို႔ဖို႔ သြားႏိႈးတာ
​ေလးငယ္​မရိွဘူး ​ေလးငယ္​​ေပ်ာက္​​ေနတယ္​"

"ဟုတ္​တယ္​ ​ေလးငယ္​ ကို႐ွာ​ေပး"

"အီး... ​ေလးငယ္​ကို ႐ွာ​ေပး"

ရယ္​​ေနရာက ခ်က္​ခ်င္​းထငို​ေလ​ေတာ့.. ခက္​​ေခ်ၿပီ။ ငို​သံ​ေတြ
ၾကား​ေတာ့ အဏၰဝါလဲ .. အိပ္​ခ်င္​​ေယာင္​​ေဆာင္​​ေနသည္​မွ
​ေငါက္​ခနဲ ခ်က္​ခ်င္​းထထိုင္​လာရ​ေတာ့သည္​။

"​ေလးငယ္​က မ​ေပ်ာက္​ဘူး ရိွတယ္​​ေနာ္​ မငိုရဘူး တိတ္​တိတ္​
သနားခါး​ေတြ ပ်က္​ကုန္​ရင္​ မလွပဲ​ေနလိမ္​့မယ္​"

ငိုမဲ့မဲ့ က​ေလး​ေတြသည္​ သူ​ေျပာတာကို စိတ္​ဝင္​တစားရိွလို႔
ခ်က္​ခ်င္​ပင္​ မ်က္​ရည္​ မက်ပဲ အသံသာ ထြက္​လ်က္​ငို၏။
တကယ္​ မႏိုင္​စိန္​​ေလး​ေတြပါ။

"​ေလးငယ္​ ​ေနသိပ္​မ​ေကာင္​းလို႔ ​ေဖငယ္​့ အခန္​းမွာ အိပ္​​ေနတာ ... ​ကိုကို ျမတ္​​ေသာ ကိုပဲ ​ေက်ာင္​းလိုက္​ပို႔ခိုင္​းလိုက္​​ေနာ္​"

"ဟင္​့အင္​း ဟင္​့အင္​း...မရဘူး..​ေလးငယ္​ပဲ ပို႔ရမွာ"

ကုတင္​​ေပၚက ညီ့က္​ုိ သူ မႏိုင္​ဘူးဆိုသည္​့အၾကည္​့ျဖင္​့ၾကည္​့​ေတာ့ မ်က္​ႏွာ​ေလး ၿငိဳး​ေနရာမွ အားရိွသ​ေလာက္​ ရယ္​ျပ​ေန​ေသး၏။ ထဖို႔ရန္​ ႀကိဳးစား​ေန​ေသာ္​လည္​း မထႏိုင္​၍
​ေခါင္​း​အံုကို​ေက်ာမွီလို႔ ခက္​​ေလ​်ာ​ေလ်ာထိုင္​​ေနပံုက လူကို
စိတ္​သက္​သာရာ မရ​ေစတာ အမွန္​။

"​ေလးငယ္​.. ​ေနမ​ေကာင္​းဘူးလား"

စြာ​ေတး​ေလး မီးငယ္​က​ေတာ့ အခန္​းထဲ​ေျပးဝင္​ကာ အဏၰဝါနား ကပ္​​ေမး​ေန၏။ မီးႀကီးက​ေတာ့ ထံုးစံအတိုင္​း တည္​ၿငိမ္​​ေနလ်က္​...

" ကိုကို ျမတ္​​ေသာကိုပဲ လိုက္​ပို႔​ခိုင္​းလိုက္​မယ္​ ​ေဖ​ေဖ..
​ေလးငယ္​ကို ​ေဆးတိုက္​​ေနာ္​.. ​ေလးငယ္​က ဖြားဖြား​ေဆးတိုက္​တိုင္​းထြက္​​ေျပးတာ"

လက္​ညိဳး​ေလးကို ​ေမး​ေလး​ေထာက္​ကာ စဥ္​းစဥ္​းစားစား
​ေျပာ​ေနပံုက .. တကယ္​့ လူႀကီး​ေလးအတိုင္​း။

"လိမၼာလိုက္​တာ "

မီးႀကီးကို ​ေကာက္​ခ်ီ​ေပြ႔မလို႔ ပါးကိုရႊတ္​ခနဲ နမ္​း​ေတာ့ မီးႀကီးကသူ႔ပါးကို ျပန္​နမ္​း၏။ ၾကည္​ႏူးရ​ေသာ ဤ အခိုက္​အတန္​ ့ ဝယ္​မီးငယ္​က​ေတာ့ အခ်ီမခံရလို႔ မ်က္​ႏွာ​ေလးဆူပုတ္​​ေန၏။

"​သမီးတို႔​ေရ.. မီးႀကီး မီးငယ္​"

လူကို အရင္​မျမင္​ရ​ေသ.. အသံကအရင္​​ေရာက္​၏။
ပန္​ပန္​လည္​း အခုဆို က​ေလး​​ေမ​ေမ​ေလးကိုျဖစ္​လို္​႕။

"ကိုႀကီး နား ​ေရာက္​​ေနတာလား .. breakfast စား​ေနဆိုၿပီး ခဏ​ေလး ထားခဲ့တာကို ​ေပ်ာက္​သြားလို႔ လိုက္​႐ွာ​ေနတာ"

သူ႔ဟာသူ ​ေမး ၿပီး သူ႔သာသူ ျပန္​​ေျဖ​ေန​ေသာ ပန္​ပန္​သည္​
ႏုသစ္​စမနက္​ခင္​းဝယ္​ ၿငိမ္​ခ်မ္​းဖြယ္​ သနပ္​ခါး ခပ္​ပါးပါးႏွင္​့
က်က္​သ​ေရရိွစြာ လွ၏။

"အဏၰဝါ က ဘာျဖစ္​တာလဲ"

"အင္​.. နဲနဲ အဖ်ားဝင္​​ေနလို႔"

စကား​ေတြ ထစ္​အလို႔ သူ​ေျဖ​ေတာ့ အဏၰဝါ က မ်က္​ႏွာလႊဲထား၏။ ပန္​ပန္​ဆိုသည္​့က​ေလးမက ျမတ္​​ေသာကို
ဘယ္​​ေလာက္​ခ်စ္​သည္​ ​ေျပာ​ေျပာ.. အဏၰဝါမ်ား တစ္​ခုခု
ျဖစ္​ၾကည္​့ ကမာၻ ပ်က္​တာထက္​ပိုဆိုးပါသည္​။

"ဟင္​... ဟုတ္​လား..."

​ေဟာၾကည္​့ ​ေျပာရင္​းဆိုရင္​း အဏၰဝါနား​ေရာက္​သြားပါၿပီ။

"အရမ္​းမဖ်ားပါဘူး ခဏ​ေန​ေလာက္​ဆိုသက္​သာသြားမွာပါ"

"ဖ်ားတာပဲ ခ်က္​ခ်င္​းသက္​သာတယ္​ ရိွလို႔လား အဏၰဝါ ရယ္​
ပန္​ပန္​ ​ေဆးသြားယူလိုက္​မယ္​။ လွဲ​ေန ​ေဆာင္ျခံဳထား ​ေရပတ္​
တိုက္​ဖို႔ပါ ယူခဲ့မယ္​။ ​​ေျသာ္​ မနက္​စာ ​ေကာ ဘာစားခ်င္​လဲ..
ဆန္​ျပဳတ္​ ပဲ​ေသာက္​မလား။ စြတ္​ျပဳတ္​လုပ္​​ေပးရမလား။"

"ရတယ္​..ပန္​ပန္​ ကြၽန္​​ေတာ္​ မစားခ်င္​​ေသးဘူး ဗိုက္​ဆာရင္​
ကိုကို႔ ကိုပဲ ဝယ္​​ခိုင္​း​ေတာ့မယ္​"

"မဟုတ္​တာ... အားမနာနဲ႔ ပန္​ပန္​လုပ္​​ေပးပါ့မယ္​"

"ဟို..."

"ဘာမွ မဟိုနဲ႔ ခဏ​ေစာင္​့ ​ေဆးသြားယူအံုးမယ္​"

အိပ္​ယာထက္​အဏၰဝါကို ျပန္​လွဲ​ေစကာ ​ေပကပ္​ကပ္​လုပ္​​ေနသည္​့ က​ေလး ႏွစ္​​ေယာက္​ကို ဆြဲ​ေခၚလို႔ သူမထြက္​ဖို႔ ျပင္​​ေတာ့ အဏၰဝါ က ဒီ​ေခတ္​ကို အားကိုးတႀကီး ၾကည္​့လာ၏။
ပန္​ပန္​႔လက္​ထဲက သူ႔ကို ကယ္​တင္​​ေစခ်င္​​ေနသည္​့ပံု။
သူလဲ စပ္​ျဖဲျဖဲသာ ရယ္​လ်က္​ မဲ့ျပ​ေတာ့ အဏၰဝါ ကပါ
ျပန္​မဲ့ျပ၏။

"​​ေလးငယ္​ ... ​ေနမ​ေကာင္​ဘူးလား"

အခုမွအိပ္​ယာထဟန္​ရိွ​ေသာ အ​ေမာင္​ျမတ္​​ေသာ.. ဒီ​ေခတ္​နဲ႔
အဏၰဝါ ရဲ႕ စူးစူးရဲရဲ အၾကည္​့ကိုသာ ဘုမသိဘမသိ ခံယူရလ်က္​ အူလည္​လည္​ သနားစရာ။

"ျမတ္​​ေသာ ... ​ေလးငယ္​ကို ခ်စ္​တယ္​မလား ပန္​ပန္​႔ကို
​​ေခၚသြားၿပီး က​ေလး​ေတြကို ​ေက်ာင္​းလိုက္​ပို႔​ေပးကြာ​ေနာ္​"

စကားသံ​ေလးက သိပ္​အားမရိွ​။အမွန္​တကယ္​ပင္​အဏၰဝါ ပန္​ပန္​႔ကို​ေၾကာက္​ပါသည္​။ ​ေဆးမ​ေသာက္​မခ်င္​း ဇြတ္​တိုက္​တတ္​၍ ပို​ေၾကာက္​တာလဲ ျဖစ္​ႏိုင္​သည္​။

"​ဟုတ္​တယ္​ ျမတ္​​ေသာ ကားယူသြား .. ​ေလ​ေျပ႕ကို​ေရာ
ဖုန္​းဆက္​​ေပး အဏၰဝါ ​ေနမ​ေကာင္​းလို႔ ႏွစ္​​ေယာက္​လံုး
ကုမၸဏီ မလာဘူးလို႔ အဆင္​​ေျပ​ေအာင္​ ၾကည္​့က်ပ္​လုပ္​လိုက္​
လို႔ ​..​ေနာ္​"

ႏွစ္​​ေယာက္​လံုးရဲ႕မွာတမ္​း​ေခြၽစကားက မယံုသကၤာ ဖြယ္​။
စပ္​စပ္​စုစုျမတ္​​ေသာက​ေတာ့ ထံုးစံအတိုင္​း လက္​​ေလး​ေနာက္​ျပစ္​လို႔ အဏၰဝါ့​ေဘး ရပ္​၍ အ​ေသအခ်ာအကဲခတ္​​ေန၏။ ​ေနရခက္​စြာ ... အဏၰဝါက​ေတာ့ ​ေခ်ာင္​းတဟန္​႔ဟန္​႔ မသိခ်င္​​ေယာင္​​ေဆာင္​သည္​။

"​ေလးငယ္​.. လည္​ပင္​း ရယ္​.. ကိုႀကီးလက္​က အကြင္​းလိုက္​
ႀကီး​ေတြရယ္​... ဟုတ္​​ေတာ့​ေနပါၿပီ"

အ​ေတြး​ေပါက္​သလို ဟန္​ျပဳကာ ​ေခါင္​းတညိမ္​့ညိမ္​့ျဖင္​့ ​ေမး​ေဆ့ကိုလက္​ျဖင္​့ပြတ္​၏။ ပညာရိွနဲ႔ သိပ္​တူသြားလို႔ ဂုဏ္​ယူ​ေနဟန္​။

"ဘာဟုတ္​တာလဲ"

"ဘာမွမဟုတ္​ပါဘူး ။ ကိုႀကီး ​နဲနဲ အရိွန္​​ေလ်ွာ့​ေလဗ်ာ။ ကြၽန္​​ေတာ္​့​ေလးငယ္​က ​ေသး​ေသး​ေလးရယ္​"

"​ေဟ့​ေရာင္​ ဘာ​ေသးတာလဲ"

အဏၰဝါ မ​ေက်မနပ္​ပင္​ ရိွသမ်ွအားနဲ႔ ျမတ္​​ေသာကို ​ေခါင္​းအံုးျဖင္​့ ပစ္​​ေပါက္​လိုက္​၏။ ရယ္​က်ဲက်ဲ ႏွင္​့ ျမတ္​​ေသာ က​ေတာ့
ထံုးစံအတိုင္​း ​​ေပါ့​ပါးစြာ စ​ေနာက္​လို႔... အခန္​းထဲက ထြက္​သြား၏။ သို႔တိုင္​းအသံျပဲႏွင္​့ ​ေအာ္​ဟစ္​သြား​ေသး၏။

"​ကိုႀကီး .. ​ေလးငယ္​ကို ညႇင္​သာ​ေနာ္​"

ဆဲနည္​း​ေပါင္​းမ်ားစ​ြာ အဏၰဝါ ဆဲမိသည္​ထင္​၏။ ဂ႐ုမစိုက္​စြာ
ဒီ​ေခတ္​က​ေတာ့ ႏွစ္​​ေယာက္​လံုးကို ၾကည္​့၍ ရယ္​​ေနတာ မရပ္​။

"လာမရယ္​ နဲ႔ သြား ..​ေဝး​ေဝး​ေန"

​ေဟာ့ၾကည္​့ ... ဘာအျပစ္​မွ မလုပ္​ပဲ အျမဲတမ္​းတရာခံ။
စဥ္​းစားၾကည္​့ရင္​ မလုပ္​ဘူးလို႔​ေတာ့လဲမဟုတ္​ပါဘူး..အင္​..
နဲနဲပါးပါး...​ေတာ့...။

"​​ေန​ေကာင္​းတာလဲ မဟုတ္​ပဲ ​ေအာ္​မ​ေနပါနဲ႔ကြာ​ေနာ္​ က​ေလး
​ေလး က လိမၼာတယ္​။ ကိုကို ​ေဆးသြားယူလိုက္​မယ္​။ ခဏ​ေစာင္​့​ေနာ္​"

"​မယူနဲ႔မ​ေသာက္​ဘူး"

"မ​ေသာက္​လို႔ဘယ္​ရမလဲ .. ဖ်ား​ေနတာကို"

"မဖ်ားဘူး ခဏ​ေန သက္သာ သြားလိမ္​့မယ္​။ ျမတ္​ေ​သာကို
ဘာလို႔ ကုမၸဏီ မလာဘူးလို႔​ေျပာခိုင္​းလိုက္​တာလဲ။ ကုမၸဏီ
သြားမွာ ဒီ​ေန႔ အၿပီးသတ္​ရမဲ့ အိမ္​ဒီဇိုင္​း ရိွတယ္​"

"မသြားရပါဘူး။ အဲ့ပံု​ေတြ ​ေနာက္​မွဆြဲလဲရတယ္​"

"သြားမွာပဲ။ အ​ေရးႀကီးတယ္​ ဒီ​ေန႔ၿပီးမယ္​လို႔ ကတိ​ေပးထား
ၿပီးၿပီ"

"မသြားပါနဲ႔ ညီရာ.. ဒီ​ေန႔​ေတာ့နားလိုက္​ ဟုတ္​ၿပီလား"

"သြားမွာလို႔"

"ကုမၸဏီ သူ​ေ႒းတစ္​​ေယာက္​လံုးက မသြားပါနဲ႔ ​ေျပာ​ေနတာကို ဒီအလုပ္​သမား​ေလး ဘာျဖစ္​​ေနတာလဲ အဲ့​ေလာက္​​ေျပာရ
ခက္​တာ အျပစ္​​ေပးရမယ္​"

"ကိုကို.. ဘာလုပ္​မလို႔.. မလုပ္​နဲ႔ .. ကိုကို!!!"

ဆိုးသြမ္​း​ေန​ေသာ က​ေလငယ္​လက္​အား အဝတ္​စ​ေတြျဖင္​့
စည္​း​ေႏွာင္​လိုက္​ၿပီး။ မ​ေက်မနပ္​ ဆူပုတ္​​ေန​ေသာ မ်က္​ႏွာ​ေလးထက္​ ၾကံဳ႕ထား​ေသာ နဖူး​ေၾကာ​ေတြ​ေပၚ အနမ္​းတစ္​ခ်က္​
​ေပးလို႔ ​ေအာက္​ထပ္​အျမန္​ ​ေျပးဆင္​းလိုက္​ပါသည္​။

"ကိုကို!!!"

​ေခၚသ​ံ စူးစူးက​ေနာက္​ဖ်ားဆီမွ ခ်စ္​စဖြယ္​ ထြက္​လာ​ေသာ္​ညႇား
မီးဖိုး​ေခ်ာင္​ထဲ ဟိုလွန္​သည္​​ေလာကာ ​ေဆးဗူးကို ႐ွာ​ေဖြၾကည္​့မိသည္​။

" ဘာ႐ွာ တာတုန္​း ဒီ​ေခတ္ "

​ေယာကၡမ ​ေမ​ေမက ဇြန္​းႀကီးကိုင္​လို႔ မ်က္​စိ​ေနာက္​ဖြယ္​ျဖစ္​​ေန​ေသာ သူ႔ကို ​ေမးသည္​တြင္​...

"​ေဆး ..​ေဆး႐ွာ​ေနတာ"

"​ေဆးက မီးဖို​ေခ်ာင္​ထဲ ရိွမလား ဧည္​့ခန္​းထဲက ဘီ႐ိုထဲမွာရိွ​ေလာက္​တယ္​"

"ဟုတ္​.. ဟုတ္​ ..​ေမ​ေမအန္​တီ"

"​ေအာ္​... ဒီက​ေလးႏွယ္​ ​ေျဖး​ေျဖးခလုတ္​တိုက္​မိမယ္​"

​ေဒၚၿငိမ္​း​ေဆြ စကားမဆံုးလိုက္​ခင္​ဝယ္​...

"အာ...အာ...နာလိုက္​တာ.."

သက္​ျပင္​း႐ွည္​ကုိ ခ်လို႔ သူမ ဘာမွ​ေျပာခ်င္စိတ္​မရိွ​ေတာ့​ေပ။
မီးဖို​ေပၚကတည္​ထားတဲ့ ၾကက္​ဥ​ေၾကာ္​ က​ေတာ့ တူးနံ႔​ေလးပင္​ထြက္​လို႔...။ ဘာတဲ့... ​ေမ​ေမအန္​တီတဲ့။ သားမက္​​ေလးဆီက ပထမဦးဆံုး ၾကားရသည္​မို႔ ရင္​ခုန္​ၾကည္​ႏူးစရာ​ေတာ့
​ေကာင္​းလြန္​းသည္​။ မီးခလုတ္​ကိုပိတ္​လို႔ သြန္​လိုက္​ရတဲ့
ၾကက္​ဥ​ေၾကာ္​အတြက္​ မႏွ​ေျမာမိ။ ျပံဳးရိပ္​ထင္​မိ​ေသာဤ
မ်က္​ႏွာထက္​ဝယ္​ သူ​ေ႒း ​ေယာကၡမ ျဖစ္​ၿပီမို႔ ... အရရာ
​ေခြၽတာ စရာမလို​ေတာ့ဘူးဟု ဘဝင္​​ေသး​ေသး​ေလးျမင္​့ခ်င္​မိ
​ေသးတာ အမွန္​တရား တစ္​ခုျဖစ္​မည္​။

ဧည္​့ခန္​းထဲ ဝယ္​ ဒီ​ေခတ္​တစ္​​ေယာက္​ ​ေထာ့နဲ႔​ေထာ့နဲ႔ ျဖင္​့ ဘီ႐ို​ေလး​ေတြ ဖြင္​့လို႔ ​ေဆးဘူး႐ွာ​ေနမိ၏။ လိုအပ္​ပါသည္​ဆိုကာမွ .. ဘာ​ေဆးဘူးမွ ႐ွာ​မ​ေတြ႔။ ​ေသာက္​က်ိဳးနည္​း အပုန္​း
​ေကာင္​းလြန္​း​ေနပါလား။

"သား.. ဘာ႐ွာတာလဲ"

"​ေဆး​ေတြထည္​့ထားတဲ့ဘူး ႐ွာ​ေနတာ ​ေမ​ေမ ​ေတြ႔​ေသးလား"

"​ေဆးဘူးလား ... မ​ေန႔ညက ပန္​ပန္​႔​ယူသြားတာပဲ သူ႔​ေမ​ေမ
အဖ်ားနဲနဲဝင္​ခ်င္​သလို ျဖစ္​​ေနလို႔တဲ့။ ​ေမ​ေမသြားယူ​ေပးမယ္​"

​"ဟုတ္​... ​ေမ​ေမ"

"​ေဆးက ဘာလုပ္​မလို႔လဲ သား​ေနမ​ေကာင္​းလို႔လား"

"မဟုတ္​ဘူး ​ေမ​ေမ ညီ အဲ့ အဏၰဝါ.. ​​နဲနဲဖ်ား​ေနလို႔"

"ဟုတ္​လား... ​ေမ​ေမ လိုက္​ၾကည္​့.."

"ရတယ္​ ...ရတယ္​ ..​ေမ​ေမ ​ေဆးဘူးသာယူ​ေပး သားဟာသား ဂ႐ုစိုက္​ျပဳစု​ေပးလိုက္​မယ္​"

​ေမ​ေမက ပန္​ပန္​တို႔သားအမိအခန္​းထဲဝင္​ကာ ​ေဆးဘူး ယူလာလ်က္​ သူ႔လက္​ထဲ ထည္​့​ေပးၿပီး​ေနာက္​..စိတ္​မခ်စြာ..

"သားရယ္​ မင္​းက ​ေသခ်ာ ျပဳစုတတ္​ပါမလား"

"ရတယ္​... ရတယ္​"

​​ေဆးဘူးကို အျမန္​ယူလို႔ မီးဖို​ေခ်ာင္​ထဲ ျပန္​​ေျပးကာ ​ေရသန္​႔
တစ္​ဘူး ယူလ်က္​ အိမ္​​ေပၚ​ေျပးတတ္​ရျပန္​သည္​။ ​ေဆး​ေတြ
အမ်ားႀကီးထဲမွာမွ အဖ်ား​ေပ်ာက္​​ေဆးနဲ႔ အကိုက္​အခဲ
​ေပ်ာက္​​ေဆးကို ယူလို႔ အခန္​းထဲ မဝင္​ခင္​ ပါစပ္​ထဲ ငံုလိုက္​ရသည္​။ အမ​ေလး ခါးလိုက္​တာ။ ခ်က္​ခ်င္​း​ေထြးထုတ္​ျပစ္​ခ်င္​ေသာ္​လည္​း သူဒီလိုိွမလုပ္​ရင္​ အဏၰဝါကို ဒီ​ေန႔ ​ေဆးတိုက္​လို႔
ရဖို႔ လမ္​းမျမင္​​ေပ။

အခန္​းတံခါးကို ဖြင္​့ ကုတင္​​ေပၚ က သူ႔ကို ျပဴးၾကည္​့​ေနတဲ
က​ေလးထံ ​ေျပးကာ ႏႈတ္​ခမ္​းအိအိ​ေတြကို ဖိကပ္​နမ္​းရင္​း
​ေဆး​ေတြကို လႊဲ​ေျပာင္​း​ေပးလို႔ အဆင္​သင္​့ ဖြင္​့ၿပီးသား
​ေရဘူးကို ႏႈတ္​ခမ္​းမွာ ​ေတ့​ေပးလိုက္​၏။ ႐ုတ္​တရက္​ျဖစ္​သည္​့အျပင္​ ပူးခ်ည္​ထားတဲ့လက္​​ေတြ​ေၾကာင္​့ ဘုမသိဘမသိ ​ေဆး
​ေသာက္​လိုက္​ရ​ေသာ အဏၰဝါ မွာ မ်က္​ႏွာ​ေလး
နီျမန္​းလို႔​ေန​ေပၿပီ။

"ကိုကို!!!"

က်ယ္​က်ယ္​​ေလာင္​​ေလာင္​ ထြက္​​ေပၚလာ​ေသာ အသံကို
ႏြားပြဲစားပမာ သူ အစြမ္​းကုန္​ သြားျဖဲ ျပရသည္​။

"ျဖည္​​ေပး..."

ဆူပုတ္​​ေန​ေသာ မ်က္​ႏွာ​ေလးကို သနား​ေပမယ္​...
​ေျပာစကားနားမွမ​ေထာင္​တာ...

"ကုမၸဏီ မသြားဘူးလို႔ ကတိ​ေပး"

"​ေဆး​ေသာက္​ၿပီးရင္​ အစားစားရမွာ​ေလး ကိုကိုရဲ႕ ခ်ီသြား
မ်က္​ႏွာသစ္​​ေပး ၿပီးရင္​ ​ေခါက္​ဆြဲလုပ္​​ေပး လမ္​းမ​ေလ်ွာက္​ခ်င္​ဘူး"

လက္​​ေလး ႏွစ္​ဘက္​ လွမ္​းကာ ဆို​ေတာ့ ဒီ​ေခတ္​ မ်က္​ႏွာ
​ေမ်ာက္​အုန္​းသီးရသလို ျပံဳးသြားကာ အဏၰဝါ ကို ဂ႐ုတစိုက္​ခ်ီမလို႔ မ်က္​ႏွာသစ္​ ​ေပးျပႎီး အိပ္​ယာထက္​ ျပန္​ခ်​ေပးကာ ..
​ေခါက္​ဆြဲျပဳတ္​ရန္​ ​ေအာက္​ထပ္​ဆင္​းဖို႔ ၾကံရြယ္​စဥ္​...

"ကိုကို... ​ေအာက္​ကိုခ်ီသြားပါလား... ကိုကို ​ေခါက္​ဆြဲျပဳတ္​ တာ ၾကည္​့ခ်င္​တယ္​"

"​ေမ​ေမတို႔ ရိွတယ္​​ေလ ညီရဲ႕ "

"​ေတာ္​ၿပီ အိမ္​ခြဲ​ေနမယ္​"

တကယ္​ ႀကီး​ေလ က​ေလး နဲ႔တူလာ​ေလပါ။ ဆံပင္​ အုပ္​အုပ္​​ေလး​ေတြကို ဆြဲဖြရင္​း ဆူ​ေနတဲ့ ႏႈတ္​ခမ္​းကို ​ေျပ​ေလ်ာ့ ​ေစဖို႔
လတ္​ဆတ္​​ေသာ အနမ္​း​ေႏြး​ေႏြး တစ္​ခ်က္​ ​ေပးလိုက္​ရင္​း
ႏွစ္​သိမ့္ရသည္​။ ပါးစပ္​ကသာ အိမ္​ခြဲ​ေနမည္​​ေျပာတာ
ညီ... သူ႔​ေမ​ေမနဲ႔ တူမ​ေလး​ေတြကို မခြဲႏိုင္​တာ သူအသိဆံုး။
တစ္​ခါတ​စ္​​ေလ စိတ္​​ေပါက္​တိုင္​း​ေျပာသည္​့အခါ သူသာလ်ွင္​
အႀကီးမို႔ က​ေလးကို ႏွစ္​သိမ္​့ရစျမဲ။

________________။_________________

"မီးႀကီး မီးငယ္​.. ​ေက်ာင္​းမွာ မဆိုးရဘူး​ေနာ္​ ဆရာမ​စကား
ိနား​ေထာင္​ၾကားလား"

"ဟုတ္​ ​ေမ​ေမ​ေလး... က္​ိုကိုျမတ္​​ေသာ တာ့တာ"

"တာ့တာ"

တာ့တာျပကာ တ​ေရြ႕​ေရြ႕ထြက္​သြား​ေသာ ​ေက်ာျပင္​
​ေသ​ေသး​ေလးႏွစ္​ခုကို ၾကည္​့ရင္​း ျမတ္​​ေသာ ရင္​ထဲ ဟာ
လာ ဟင္​းလင္​းျဖစ္​လို႔​ေန၏။

"​ေမာင္​ သြားမယ္​​ေလ"

"​ေအာ္​..အင္​"

ပန္​ပန္​သတိ​ေပး​ေတာ့ ​ေငး​ေနရာမွ သတိဝင္​လို႔ ကားထဲျပန္​ဝင္​ကာ တိတ္​ဆိတ္​ လ်က္​ ကား​ေမာင္​း​ေနမိ၏၊

"​ေမာင္​... ဘာျဖစ္​​ေနတာလဲဟင္​"

ခ​်စ္​ရသူ ၏ ထပ္​မံ၍ အ​ေမးစကားကိုၾကား​ေတာ့မွ သတိျပန္​
လည္​လာျပန္​ကာ... ​ေတြးလက္​စကို ​ေဖ်ာက္​ဖ်က္​ျပစ္​ရ၏။
သူတစ္​​ေယာက္​တည္​းအတြက္​​ေတာ့ဒါဟာအဆင္​​ေျပ​ေပမယ္​့
မမအတြက္​ အဆင္​​ေျပပါ့မလား...က ​ေတြးရ​ေသးသည္​။

"ဘာမွ မျဖစ္​ပါဘူး မရဲ႕"

"​ေျပာစရာရိွရင္​ ပြင္​့ပြင္​့လင္​းလင္​း ​ေျပာပါ​ေမာင္​ရဲ႕ အဲ့လိုႀကီး
ထိန္​ခ်န္​မထားနဲ႔ ​ေမာင္​ မ်က္​ႏွာမလန္​းရင္​ မလဲ မ​ေပ်ာ္​ဘူး"

​"​ေမာင္​​ေတြး​ေနတာ... ​ေမာင္​တို႔လက္​ထပ္​ၿပီးအိမ္​ခြဲ​ေနၾကမလားဟင္​။ က​ေလးႏွစ္​​ေယာက္​ ကိုလည္​း ​ေမာင္​တို႔ သမီး​ေတြ
အျဖစ္​တရားဝင္​​ေမြးစားရင္​​ေကာင္​မလားလို႔.. ​ေဖ​ေဖ​ေမ​ေမမရိွတာ က​ေလး​ေတြအတြက္​ ဘယ္​​ေလာက္​အားငယ္​စရာ ​ေကာင္​းလဲ"

​ေက်ာင္​းဝင္​း​ေ႐ွ႕ သားသမီး​ေတြအား ​ေဖ​ေဖ​ေတြ​ေမ​ေမ​ေတြ
ကိုယ္​တိုင္​ပို႔​ေပးသည္​ကို ျမင္​၍ ျမတ္​​ေသာ ​ေျပာခ်င္​ျဖစ္​မည္​ကို သူမနားလည္​၏။ သူမ ကိုယ္​တိုင္​လည္​း က​ေလး​ေတြအ​ေပၚ
သံ​ေယာဇဥ္​ က ႀကီးမာစြာ တည္​ရိွ​ေန​ေပၿပီ။

"က​ေလး​ေတြကို ​ေမြးစားတာ​ေတာ့ဟုတ္​ပါၿပီ အန္​တီတို႔ က
ခြင္​့ျပဳပါ့မလား"

"မသိဘူး​ ​ေျပာၾကည္​့ရမွာပဲ .. ဒါနဲ႔ မက ​ေမာင္​ေ​ျပာတာကို
လက္​ခံတယ္​လား"

"ျငင္​းစရာ ဘာ​အ​ေၾကာင္​းမ်ားရိွ​ေသးလို႔လဲ ​ေမာင္​ရဲ႕"

"​ေက်းဇူးတင္​လိုက္​တာမရယ္​"

လက္​​ေခ်ာင္​းႏုႏု​ေတြဆီ သူ႔လက္​​ေခ်ာင္​​ေတြျဖင္​့ ဆုပ္​ကိုင္​ကာ
အနမ္​းဖြဖြ​ေပးရင္​း ျပံဳးျပမိ၏။

"မနဲ႔အတူဆို ​ဆူးခမ္​းလမ္​းကို​ေတာင္​ ​ေပ်ာ္​​ေပ်ာ္​ႀကီးျဖတ္​ေ​က်ာ္​ရဲတယ္​သိလား"

"​ယံုတယ္​​ေမာင္​... မလြတ္​တမ္​း မရဲ႕လက္​ကို ဆုပ္​ကိုင္​ထား​ေနာ္​ ခရီးၾကမ္​းဆိုရင္​​ေတာင္​ အတူတူ ျဖတ္​​ေက်ာ္​ရ​ေအာင္​ပါ"

"အရမ္​းခ်စ္​တယ္​မရယ္​"

"​ေမာင္​ခ်စ္​တာကို မမွီ​ေပမယ္​့ ဒီကလည္​း မ​လ်ာ့​ေသာအခ်စ္​​ေတြနဲ႔ပါ ​ေမာင္​ရဲ႕"

ရယ္​သံလႊင္​့လႊင္​့ျဖင္​့ ကား​ေလးက​ေတာ့ ၾကည္​ႏူးဖြယ္​တရိပ္​ရိပ္​​ေျပး​ေန၏။ တီတီတာတာ ခ်စ္​စကားတို႔ သည္​ ႐ႈပ္​​ေထြး​ေန​ေသာ ရန္​ကုန္​လမ္​းမႀကီးကို လွပ​ေအာင္​ ဖန္​ဆင္​း​ေပး​ေနသ​ေယာင္​ ရိွ၏။ အခ်စ္​ရိွရင္​...အရာအားလံုးက လွတယ္​ဆိုတာ
အမွန္​တရား တစ္​ခုျဖစ္​မည္​။

_______________။_____________________

"ဘာလာလုပ္​ျပန္​ၿပီလဲ"

မီးဖို​ေခ်ာင္​ထဲ လာ႐ႈပ္​​ေန​ျပန္​​ေသာ ဒီ​ေခတ္​ကို ​​ေအာ္​မိ၏။
ဘာမွလုပ္​တတ္​တာလဲမဟုတ္​ မီးဖို​ေခ်ာင္​ ပြတာသာအဖတ္​တင္​ၿပီး ဘာမွျဖစ္​မလာ။

"​ေခါက္​ဆြဲျပဳတ္​ မလို႔.. ​ေမ​ေမအဲ့ အန္​တီ"

"​ဟိုနားသြားထိုင္​​ေနျပဳတ္​​ေပးမယ္​ ရရင္​​ေျပာမယ္​ ဟုတ္​ၿပီလား"

"ကြၽန္​​ေတာ္​ ကိုယ္​တိုင္​.."

"လ်ွာမ႐ွည္​နဲ႔သြား"

မထြက္​ခ်င္​ ထြက္​ခ်င္​နဲ႔ ထြက္​လာ​ေပးရတာ သိပ္​​ေတာ့အဆင္​မ​ေျပလွ​ေပ။ ညီ့ကို သူကိုယ္​တိုင္​ ​ေခါက္​ဆြဲျပဳတ္​ ပူပူ​ေလးလုပ္​ၿပီးတိုက္​ခ်င္​သည္​။ သူ႔လက္​ရာ ဘယ္​​ေလာက္​​ေကာင္​း​ေၾကာင္​း
ႂကြားခ်င္​၏။ တစ္​ခါတစ္​​ေလ​ေတာ့လည္​း လူႀကီး​ေတြနဲ႔မဟုတ္​ပဲ အဏၰဝါ​ေျပာသလို အိမ္​ခြဲ​ေနခ်င္​သည္​။ တစ္​အိမ္​လံုး အဏၰဝါ ကို ​ေပြ႔ခ်ီၿပီး​ေလ်ွာက္​သြား​ေနလည္​း တားမယ္​့သူ မရိွတာမ်ိဴး။ သို႔​ေပမယ္​့ လူႀကီး​ေတြနဲ႔ က​ေလး​ေတြကို ထားခဲ့ဖို႔ရာ
စိတ္​မခ်ျခင္​း ​ေသာင္​း​ေျခာက္​​ေထာင္​က ျပည္​့လ်ွံလို႔..မျဖစ္​သင္​့ဘူး ဆိုတာ​ေတာ့အ​ေတြးထဲ သတိ​ေပး​သည္​။

သိပ္​မၾကာ ​ေခါက္​ဆြဲ ရၿပီ​ေဟ့လို႔ ​ေအာ္​​ေျပာသံ​ေနာက္​ဝယ္​
​​ေခါက္​ဆြဲပန္​ကန္​ကို လင္​ဗန္​း​ေလးျဖင္​့ မလို႔ အခန္​းထဲသယ္​ခဲ့လိုက္​၏။ အခန္​ထဲ​ေရာက္​​ေတာ့ ​အဏၰဝါ က ​ေစာင္​ပံုၾကားက
အနံ႕​ေလးဆြဲ​ေဆာ္ခ်​က္​​ေၾကာင္​့ ထထိုင္​လာ၏။

"ကိုကို ခြ​ံ႕"

ႏြဲ႔ဆိုး ဆိုတာမ်ိဳး ဘယ္​​ေလာက္​ပင္​ဆိုဆိုး ကြၽန္​​ေတာ္​ အဏၰဝါကို ခ်စ္​မဝပါ။ စိတ္​အလို​ေတာ္​က် ​ေခါက္​ဆြဲ​ေလးကိုခြံလိုက္
ပါးစပ္​မွာ ​ေပ​ေနတာ​ေလး​ေတြ သုတ္​​ေပးလိုက္​ျဖင္​့ ယုယ​ေတာ့
ပကတိျဖဴစင္​စြာ ျပံဳး​ေန၏။

"စားၿပီးရင္​ အိပ္​​ေတာ့​ေနာ္​.. ​ေန​ေကာင္​းရင္​ ညီနဲ႔ ကိုကို
Dateရ​ေအာင္​ ..ညီသြားခ်င္​တဲ့​ေနရာအကုန္​လိုက္​ပို႔မယ္​"

"မဒိတ္​ခ်င္​ဘူး Tripသြားခ်င္​တာ..ခုတ​ေလာ ​ေခတ္​စား​ေနတဲ့ က​ေလာတို႔ မႏၱ​ေလး တို႔ ပုဂံတို႔.. အဲ့လို​ေနရာ​ေတြ
တစ္​ခါမွမသြားဖူးဘူး... ကိုကိုလိုက္​ပို႔ပါလား"

"ပို႔မွာ​ေပါ့... အခု​ေတာ့ အိပ္​​ေပ်ာ္​​ေအာင္​အိပ္​​ေနာ္​"

"ကိုကို..မဖက္​ထားရင္​ အိပ္​မ​ေပ်ာ္​ဘူး"

​ေစာင္​ျခံဳ​ေလ ၾကားက ​ေခါင္​းျပဴးထြက္​လာ​တာက အူယားခ်င္​စဖြယ္​။ သူပါ ကုတင္​​ေပၚ ဝင္​လွဲလို႔ ရင္​ခြင္​ထဲ ထည္​့ဖက္​ထား​ေပးကာမွ.... အဏၰဝါ အပူအပင္​ကင္​းမဲ့စြာ အိပ္​စက္​သြား​ေလသည္​။

_______________။_______________________

ခုရက္​ပိုင္​း updateက်ဲပါ့မယ္​​ေနာ္​။
အ​ေဆာင္​​ေတြ။ က်ဴ႐ွင္​​ေတြ ႐ွာ​ေနရတာ​ေျကာင့္ပါ​။
​ေနာက္​ရက္​Mandalay ကို သူငယ္​ခ်င္​း​ေတြနဲ႔ tripသြားဖို႔ရိွတယ္​။ျပန္​လာရင္​ ဒီ​ေခတ္​နဲ႔ အဏၰဝါ အတြက္​ mandalay trip အ​ေၾကာင္​းတင္​​ေပးမယ္​​ေနာ္​။
ခ်စ္​ယူ💚

Love u all💚💚💚

.....

Unicode

နှိုးထလာတဲ့ ​ရောင်​ခြည်​ဖြာမနက်​ခင်​း ​။ ​ကျေးငှက်​သံတို့
တီတားခြင်​းမရှိ​သော်​လည်​း ရင်​ခွင်​ထဲက ​ကောင်​​လေး​ကြောင်​့
သာယာ ကြည်​နူးခြင်​းကို ​ဆောင်​ကျဉ်​း​ပေး၏။ နဖူးထက်​ အနမ်​း ​ချွေခြင်​းကို ဘယ်​အချိန်​က စတင်​ကြိုက်​နှစ်​သက်​ခဲ့သည်​
မသိ​သော်​ငြား.. အဏ္ဏဝါ ကို​တွေ့တိုင်​း နမ်​းချင်​​နေတတ်​သည်​ကအကျင်​့လိုဖြစ်​​နေ​ပေပြီ။ ​ဖျောက်​ဖျက်​မရ​သော ထိုအကျင်​့အတိုင်​း ပြုမူ​နေကျ ပြုမူမိသည်​တွင်​ .. ပူ​လောင်​​နေ​သော အဏ္ဏဝါ ့အသားအရည်​​တွေ။ အလန့်​တကြားဖြစ်​သွားလျက်​ အိပ်​​မောကျ​နေသည်​့ အဏ္ဏဝါကို ​ခေါ်နှိုးကြည်​့သည်​။ နှုတ်​ခမ်​း​တွေသာတုန်​ယင်​လာလျက်​.. လူက​တော့ နှိုးမလာ​ပေ။

"ညီ.. ညီ"

​သေချာ​အောင်​ နဖူး​တွေ လက်​​တွေ လည်​ပင်​း​တွေ စမ်​းသပ်​​
ကြည်​့​တော့ အမှန်​တကယ်​ဖျား​နေခြင်​း။

"အဏ္ဏဝါ... အဏ္ဏဝါ ထပါဦး ညီရာ"

သူပင်​ တစ်​ကိုယ်​လုံးထူပူလာလို့ ဘာလုပ်​ရမည်​မသိ
အ​ယောင်​​ယောင်​အမှားမှား ။ ​မေ​မေတို့ကို သွား​ပြောလျှင်​လည်​း အဏ္ဏဝါ ဘာလို့ဖျားတာလဲ ​မေးလျှင်​ ​ဖြေဖို့ ရာ ခက်​​ပေ
မည်​။

"ကိုကို... ကိုကို.."

​"ကိုကို ရှိတယ်​​လေ ညီရဲ့ ကိုကိုရှိတယ်​​နော်​"

​​ယောင်​၍ ​ခေါ်​နေပုံက လူကိုနာကျင်​​စေ၏။ ဒါ​တွေကြိုသိ​နေလို့
သူဘယ်​တုန်​းကမှ မစတင်​ချင်​ခဲ့တာ။ မ​နေ့ညက​တော့ ဘယ်​လိုမှ သည်​းခံလို့မရ​တော့လို့ဆိုတာ ဝန်​ခံ၏။

"ညီ.. ခဏ အိပ်​​နေ​နော်​ ကိုကို ​ဆေးသွားယူ​ပေးမယ်​ "

​ချော့​မော့ကာ​ပြောပြီးထဖို့လုပ်​မိခါ မှ မျက်​ရည်​​တွေ ကျလာသည်​့က​လေး။ ငို​နေတာလည်​းမဟုတ်​ ဒီတိုင်​း သူ့အလိုလို ကျ​နေ
ခြင်​း။

"အရမ်​းနာ​နေလား ညီ.. ကိုကို ​တောင်​းပန်​ပါတယ်​ကွာ
​နော်​.. ကိုယ်​ ​နောက်​မလုပ်​​တော့ပါဘူး"

​မျက်​ရည်​​တွေ ဖယ်​​ပေးသည်​့တိုင်​ နိုးတစ်​ဝက်​ အိပ်​တစ်​ဝက်​
ဖြစ်​​နေသည်​့ က​လေး​ကြောင်​့ သူ ထမရပြုမရ ဘာလုပ်​ရမည်​ကို​ရေရာစွာမသိ။ သူ့ခါးမှာဖက်​ထားတဲ့လက်​​တွေက​တော့
လွတ်​ထွက်​သွားမှာ​ကြောက်​သည်​့အလား ခက်​​ချေပြီ က​လေးရာ ကိုကို ဘာလုပ်​ရမှာလဲ။

"​ဖေငယ်​ ... ​ဖေငယ်​.. ​ဖေ​ဖေလို့"

အိမ်​.. ​မျောက်​​လောင်​း​လေး​တွေလာပီ။ တဒုန်​းဒုန်​း ထု​နေ​သော တံခါးသံ​ကြောင်​့ ညီလန်​့သွားမှာစိုးရိမ်​ကာ ...
နား​လေးနှစ်​ဖက်​ကို ​ယောင်​၍ အုပ်​​ပေးမိ၏။ ပြီး​နောက်​..
​ကိုယ်​​ခေါင်​းကိုယ်​ပင်​ ကုပ်​ကာ တံခါးသွားဖွင်​့​ပေးရသည်​။
ချီးပဲ တံခါးမဖွင်​့မချင်​း ​အော်​​နေမှာ မသိဘူးလား။

"မီး​လေးတို့ ..အ​စောကြီးနှိုး​နေကြပြီလား"

တံခါးဖွင်​့​ပေးပြီး က​လေး​တွေ​ရှေ့ ​ဆောင်​့​ကြောင်​့​လေးထိုင်​ကာ ​မေးမိ၏။ သနပ်​ခါး ပါးကွက်​​လေး​တွေနဲ့ နတ်​သမီး​လေး
​တွေက ချစ်​စရာသိပ်​​ကောင်​းလွန်​းသည်​။

"ဟုတ်​..​ဖေငယ်​ မီးတို့ မျက်​နှာလည်​း သစ်​ပြီးပြီ၊ သွားလည်​း
တိုက်​ပြီးပြီ၊ ​ထမင်​းလည်​းစားပြီးပြီ ​ကျောင်​းဝတ်​စုံလဲ ဝတ်​ပြီးပြီ"

​ကျောင်​းဝတ်​စုံ ဂါဝန်​​လေးကို လက်​နှစ်​ဖက်​ဖြင်​့ကိုင်​ကာ
ကြွားပြ​နေ​သော မီးငယ်​ကို ချစ်​စနိုးကြည်​့မိ​နေစဉ်​...

"​ဖေ​ဖေ.. ​လေးငယ်​ကို ​ကျောင်​းလိုက်​ပို့ဖို့ သွားနှိုးတာ
​လေးငယ်​မရှိဘူး ​လေးငယ်​​ပျောက်​​နေတယ်​"

"ဟုတ်​တယ်​ ​လေးငယ်​ ကိုရှာ​ပေး"

"အီး... ​လေးငယ်​ကို ရှာ​ပေး"

ရယ်​​နေရာက ချက်​ချင်​းထငို​လေ​တော့.. ခက်​​ချေပြီ။ ငို​သံ​တွေ
ကြား​တော့ အဏ္ဏဝါလဲ .. အိပ်​ချင်​​ယောင်​​ဆောင်​​နေသည်​မှ
​ငေါက်​ခနဲ ချက်​ချင်​းထထိုင်​လာရ​တော့သည်​။

"​လေးငယ်​က မ​ပျောက်​ဘူး ရှိတယ်​​နော်​ မငိုရဘူး တိတ်​တိတ်​
သနားခါး​တွေ ပျက်​ကုန်​ရင်​ မလှပဲ​နေလိမ်​့မယ်​"

ငိုမဲ့မဲ့ က​လေး​တွေသည်​ သူ​ပြောတာကို စိတ်​ဝင်​တစားရှိလို့
ချက်​ချင်​ပင်​ မျက်​ရည်​ မကျပဲ အသံသာ ထွက်​လျက်​ငို၏။
တကယ်​ မနိုင်​စိန်​​လေး​တွေပါ။

"​လေးငယ်​ ​နေသိပ်​မ​ကောင်​းလို့ ​ဖေငယ်​့ အခန်​းမှာ အိပ်​​နေတာ ... ​ကိုကို မြတ်​​သော ကိုပဲ ​ကျောင်​းလိုက်​ပို့ခိုင်​းလိုက်​​နော်​"

"ဟင်​့အင်​း ဟင်​့အင်​း...မရဘူး..​လေးငယ်​ပဲ ပို့ရမှာ"

ကုတင်​​ပေါ်က ညီ့က်​ို သူ မနိုင်​ဘူးဆိုသည်​့အကြည်​့ဖြင်​့ကြည်​့​တော့ မျက်​နှာ​လေး ငြိုး​နေရာမှ အားရှိသ​လောက်​ ရယ်​ပြ​နေ​သေး၏။ ထဖို့ရန်​ ကြိုးစား​နေ​သော်​လည်​း မထနိုင်​၍
​ခေါင်​း​အုံကို​ကျောမှီလို့ ခက်​​လေ​ျာ​လျောထိုင်​​နေပုံက လူကို
စိတ်​သက်​သာရာ မရ​စေတာ အမှန်​။

"​လေးငယ်​.. ​နေမ​ကောင်​းဘူးလား"

စွာ​တေး​လေး မီးငယ်​က​တော့ အခန်​းထဲ​ပြေးဝင်​ကာ အဏ္ဏဝါနား ကပ်​​မေး​နေ၏။ မီးကြီးက​တော့ ထုံးစံအတိုင်​း တည်​ငြိမ်​​နေလျက်​...

" ကိုကို မြတ်​​သောကိုပဲ လိုက်​ပို့​ခိုင်​းလိုက်​မယ်​ ​ဖေ​ဖေ..
​လေးငယ်​ကို ​ဆေးတိုက်​​နော်​.. ​လေးငယ်​က ဖွားဖွား​ဆေးတိုက်​တိုင်​းထွက်​​ပြေးတာ"

လက်​ညိုး​လေးကို ​မေး​လေး​ထောက်​ကာ စဉ်​းစဉ်​းစားစား
​ပြော​နေပုံက .. တကယ်​့ လူကြီး​လေးအတိုင်​း။

"လိမ္မာလိုက်​တာ "

မီးကြီးကို ​ကောက်​ချီ​ပွေ့မလို့ ပါးကိုရွှတ်​ခနဲ နမ်​း​တော့ မီးကြီးကသူ့ပါးကို ပြန်​နမ်​း၏။ ကြည်​နူးရ​သော ဤ အခိုက်​အတန်​ ့ ဝယ်​မီးငယ်​က​တော့ အချီမခံရလို့ မျက်​နှာ​လေးဆူပုတ်​​နေ၏။

"​သမီးတို့​ရေ.. မီးကြီး မီးငယ်​"

လူကို အရင်​မမြင်​ရ​သေ.. အသံကအရင်​​ရောက်​၏။
ပန်​ပန်​လည်​း အခုဆို က​လေး​​မေ​မေ​လေးကိုဖြစ်​လို်​့။

"ကိုကြီး နား ​ရောက်​​နေတာလား .. breakfast စား​နေဆိုပြီး ခဏ​လေး ထားခဲ့တာကို ​ပျောက်​သွားလို့ လိုက်​ရှာ​နေတာ"

သူ့ဟာသူ ​မေး ပြီး သူ့သာသူ ပြန်​​ဖြေ​နေ​သော ပန်​ပန်​သည်​
နုသစ်​စမနက်​ခင်​းဝယ်​ ငြိမ်​ချမ်​းဖွယ်​ သနပ်​ခါး ခပ်​ပါးပါးနှင်​့
ကျက်​သ​ရေရှိစွာ လှ၏။

"အဏ္ဏဝါ က ဘာဖြစ်​တာလဲ"

"အင်​.. နဲနဲ အဖျားဝင်​​နေလို့"

စကား​တွေ ထစ်​အလို့ သူ​ဖြေ​တော့ အဏ္ဏဝါ က မျက်​နှာလွှဲထား၏။ ပန်​ပန်​ဆိုသည်​့က​လေးမက မြတ်​​သောကို
ဘယ်​​လောက်​ချစ်​သည်​ ​ပြော​ပြော.. အဏ္ဏဝါများ တစ်​ခုခု
ဖြစ်​ကြည်​့ ကမ္ဘာ ပျက်​တာထက်​ပိုဆိုးပါသည်​။

"ဟင်​... ဟုတ်​လား..."

​ဟောကြည်​့ ​ပြောရင်​းဆိုရင်​း အဏ္ဏဝါနား​ရောက်​သွားပါပြီ။

"အရမ်​းမဖျားပါဘူး ခဏ​နေ​လောက်​ဆိုသက်​သာသွားမှာပါ"

"ဖျားတာပဲ ချက်​ချင်​းသက်​သာတယ်​ ရှိလို့လား အဏ္ဏဝါ ရယ်​
ပန်​ပန်​ ​ဆေးသွားယူလိုက်​မယ်​။ လှဲ​နေ ​ဆောင်ခြုံထား ​ရေပတ်​
တိုက်​ဖို့ပါ ယူခဲ့မယ်​။ ​​သြော်​ မနက်​စာ ​ကော ဘာစားချင်​လဲ..
ဆန်​ပြုတ်​ ပဲ​သောက်​မလား။ စွတ်​ပြုတ်​လုပ်​​ပေးရမလား။"

"ရတယ်​..ပန်​ပန်​ ကျွန်​​တော်​ မစားချင်​​သေးဘူး ဗိုက်​ဆာရင်​
ကိုကို့ ကိုပဲ ဝယ်​​ခိုင်​း​တော့မယ်​"

"မဟုတ်​တာ... အားမနာနဲ့ ပန်​ပန်​လုပ်​​ပေးပါ့မယ်​"

"ဟို..."

"ဘာမှ မဟိုနဲ့ ခဏ​စောင်​့ ​ဆေးသွားယူအုံးမယ်​"

အိပ်​ယာထက်​အဏ္ဏဝါကို ပြန်​လှဲ​စေကာ ​ပေကပ်​ကပ်​လုပ်​​နေသည်​့ က​လေး နှစ်​​ယောက်​ကို ဆွဲ​ခေါ်လို့ သူမထွက်​ဖို့ ပြင်​​တော့ အဏ္ဏဝါ က ဒီ​ခေတ်​ကို အားကိုးတကြီး ကြည်​့လာ၏။
ပန်​ပန်​့လက်​ထဲက သူ့ကို ကယ်​တင်​​စေချင်​​နေသည်​့ပုံ။
သူလဲ စပ်​ဖြဲဖြဲသာ ရယ်​လျက်​ မဲ့ပြ​တော့ အဏ္ဏဝါ ကပါ
ပြန်​မဲ့ပြ၏။

"​​လေးငယ်​ ... ​နေမ​ကောင်​ဘူးလား"

အခုမှအိပ်​ယာထဟန်​ရှိ​သော အ​မောင်​မြတ်​​သော.. ဒီ​ခေတ်​နဲ့
အဏ္ဏဝါ ရဲ့ စူးစူးရဲရဲ အကြည်​့ကိုသာ ဘုမသိဘမသိ ခံယူရလျက်​ အူလည်​လည်​ သနားစရာ။

"မြတ်​​သော ... ​လေးငယ်​ကို ချစ်​တယ်​မလား ပန်​ပန်​့ကို
​​ခေါ်သွားပြီး က​လေး​တွေကို ​ကျောင်​းလိုက်​ပို့​ပေးကွာ​နော်​"

စကားသံ​လေးက သိပ်​အားမရှိ​။အမှန်​တကယ်​ပင်​အဏ္ဏဝါ ပန်​ပန်​့ကို​ကြောက်​ပါသည်​။ ​ဆေးမ​သောက်​မချင်​း ဇွတ်​တိုက်​တတ်​၍ ပို​ကြောက်​တာလဲ ဖြစ်​နိုင်​သည်​။

"​ဟုတ်​တယ်​ မြတ်​​သော ကားယူသွား .. ​လေ​ပြေ့ကို​ရော
ဖုန်​းဆက်​​ပေး အဏ္ဏဝါ ​နေမ​ကောင်​းလို့ နှစ်​​ယောက်​လုံး
ကုမ္ပဏီ မလာဘူးလို့ အဆင်​​ပြေ​အောင်​ ကြည်​့ကျပ်​လုပ်​လိုက်​
လို့ ​..​နော်​"

နှစ်​​ယောက်​လုံးရဲ့မှာတမ်​း​ချွေစကားက မယုံသင်္ကာ ဖွယ်​။
စပ်​စပ်​စုစုမြတ်​​သောက​တော့ ထုံးစံအတိုင်​း လက်​​လေး​နောက်​ပြစ်​လို့ အဏ္ဏဝါ့​ဘေး ရပ်​၍ အ​သေအချာအကဲခတ်​​နေ၏။ ​နေရခက်​စွာ ... အဏ္ဏဝါက​တော့ ​ချောင်​းတဟန်​့ဟန်​့ မသိချင်​​ယောင်​​ဆောင်​သည်​။

"​လေးငယ်​.. လည်​ပင်​း ရယ်​.. ကိုကြီးလက်​က အကွင်​းလိုက်​
ကြီး​တွေရယ်​... ဟုတ်​​တော့​နေပါပြီ"

အ​တွေး​ပေါက်​သလို ဟန်​ပြုကာ ​ခေါင်​းတညိမ်​့ညိမ်​့ဖြင်​့ ​မေး​ဆေ့ကိုလက်​ဖြင်​့ပွတ်​၏။ ပညာရှိနဲ့ သိပ်​တူသွားလို့ ဂုဏ်​ယူ​နေဟန်​။

"ဘာဟုတ်​တာလဲ"

"ဘာမှမဟုတ်​ပါဘူး ။ ကိုကြီး ​နဲနဲ အရှိန်​​လျှော့​လေဗျာ။ ကျွန်​​တော်​့​လေးငယ်​က ​သေး​သေး​လေးရယ်​"

"​ဟေ့​ရောင်​ ဘာ​သေးတာလဲ"

အဏ္ဏဝါ မ​ကျေမနပ်​ပင်​ ရှိသမျှအားနဲ့ မြတ်​​သောကို ​ခေါင်​းအုံးဖြင်​့ ပစ်​​ပေါက်​လိုက်​၏။ ရယ်​ကျဲကျဲ နှင်​့ မြတ်​​သော က​တော့
ထုံးစံအတိုင်​း ​​ပေါ့​ပါးစွာ စ​နောက်​လို့... အခန်​းထဲက ထွက်​သွား၏။ သို့တိုင်​းအသံပြဲနှင်​့ ​အော်​ဟစ်​သွား​သေး၏။

"​ကိုကြီး .. ​လေးငယ်​ကို ညှင်​သာ​နော်​"

ဆဲနည်​း​ပေါင်​းများစ​ွာ အဏ္ဏဝါ ဆဲမိသည်​ထင်​၏။ ဂရုမစိုက်​စွာ
ဒီ​ခေတ်​က​တော့ နှစ်​​ယောက်​လုံးကို ကြည်​့၍ ရယ်​​နေတာ မရပ်​။

"လာမရယ်​ နဲ့ သွား ..​ဝေး​ဝေး​နေ"

​ဟော့ကြည်​့ ... ဘာအပြစ်​မှ မလုပ်​ပဲ အမြဲတမ်​းတရာခံ။
စဉ်​းစားကြည်​့ရင်​ မလုပ်​ဘူးလို့​တော့လဲမဟုတ်​ပါဘူး..အင်​..
နဲနဲပါးပါး...​တော့...။

"​​နေ​ကောင်​းတာလဲ မဟုတ်​ပဲ ​အော်​မ​နေပါနဲ့ကွာ​နော်​ က​လေး
​လေး က လိမ္မာတယ်​။ ကိုကို ​ဆေးသွားယူလိုက်​မယ်​။ ခဏ​စောင်​့​နော်​"

"​မယူနဲ့မ​သောက်​ဘူး"

"မ​သောက်​လို့ဘယ်​ရမလဲ .. ဖျား​နေတာကို"

"မဖျားဘူး ခဏ​နေ သက်သာ သွားလိမ်​့မယ်​။ မြတ်​ေ​သာကို
ဘာလို့ ကုမ္ပဏီ မလာဘူးလို့​ပြောခိုင်​းလိုက်​တာလဲ။ ကုမ္ပဏီ
သွားမှာ ဒီ​နေ့ အပြီးသတ်​ရမဲ့ အိမ်​ဒီဇိုင်​း ရှိတယ်​"

"မသွားရပါဘူး။ အဲ့ပုံ​တွေ ​နောက်​မှဆွဲလဲရတယ်​"

"သွားမှာပဲ။ အ​ရေးကြီးတယ်​ ဒီ​နေ့ပြီးမယ်​လို့ ကတိ​ပေးထား
ပြီးပြီ"

"မသွားပါနဲ့ ညီရာ.. ဒီ​နေ့​တော့နားလိုက်​ ဟုတ်​ပြီလား"

"သွားမှာလို့"

"ကုမ္ပဏီ သူ​ေဋ္ဌးတစ်​​ယောက်​လုံးက မသွားပါနဲ့ ​ပြော​နေတာကို ဒီအလုပ်​သမား​လေး ဘာဖြစ်​​နေတာလဲ အဲ့​လောက်​​ပြောရ
ခက်​တာ အပြစ်​​ပေးရမယ်​"

"ကိုကို.. ဘာလုပ်​မလို့.. မလုပ်​နဲ့ .. ကိုကို!!!"

ဆိုးသွမ်​း​နေ​သော က​လေငယ်​လက်​အား အဝတ်​စ​တွေဖြင်​့
စည်​း​နှောင်​လိုက်​ပြီး။ မ​ကျေမနပ်​ ဆူပုတ်​​နေ​သော မျက်​နှာ​လေးထက်​ ကြုံ့ထား​သော နဖူး​ကြော​တွေ​ပေါ် အနမ်​းတစ်​ချက်​
​ပေးလို့ ​အောက်​ထပ်​အမြန်​ ​ပြေးဆင်​းလိုက်​ပါသည်​။

"ကိုကို!!!"

​ခေါ်သ​ံ စူးစူးက​နောက်​ဖျားဆီမှ ချစ်​စဖွယ်​ ထွက်​လာ​သော်​ညှား
မီးဖိုး​ချောင်​ထဲ ဟိုလှန်​သည်​​လောကာ ​ဆေးဗူးကို ရှာ​ဖွေကြည်​့မိသည်​။

" ဘာရှာ တာတုန်​း ဒီ​ခေတ် "

​ယောက္ခမ ​မေ​မေက ဇွန်​းကြီးကိုင်​လို့ မျက်​စိ​နောက်​ဖွယ်​ဖြစ်​​နေ​သော သူ့ကို ​မေးသည်​တွင်​...

"​ဆေး ..​ဆေးရှာ​နေတာ"

"​ဆေးက မီးဖို​ချောင်​ထဲ ရှိမလား ဧည်​့ခန်​းထဲက ဘီရိုထဲမှာရှိ​လောက်​တယ်​"

"ဟုတ်​.. ဟုတ်​ ..​မေ​မေအန်​တီ"

"​အော်​... ဒီက​လေးနှယ်​ ​ဖြေး​ဖြေးခလုတ်​တိုက်​မိမယ်​"

​ဒေါ်ငြိမ်​း​ဆွေ စကားမဆုံးလိုက်​ခင်​ဝယ်​...

"အာ...အာ...နာလိုက်​တာ.."

သက်​ပြင်​းရှည်​ကို ချလို့ သူမ ဘာမှ​ပြောချင်စိတ်​မရှိ​တော့​ပေ။
မီးဖို​ပေါ်ကတည်​ထားတဲ့ ကြက်​ဥ​ကြော်​ က​တော့ တူးနံ့​လေးပင်​ထွက်​လို့...။ ဘာတဲ့... ​မေ​မေအန်​တီတဲ့။ သားမက်​​လေးဆီက ပထမဦးဆုံး ကြားရသည်​မို့ ရင်​ခုန်​ကြည်​နူးစရာ​တော့
​ကောင်​းလွန်​းသည်​။ မီးခလုတ်​ကိုပိတ်​လို့ သွန်​လိုက်​ရတဲ့
ကြက်​ဥ​ကြော်​အတွက်​ မနှ​မြောမိ။ ပြုံးရိပ်​ထင်​မိ​သောဤ
မျက်​နှာထက်​ဝယ်​ သူ​ေဋ္ဌး ​ယောက္ခမ ဖြစ်​ပြီမို့ ... အရရာ
​ချွေတာ စရာမလို​တော့ဘူးဟု ဘဝင်​​သေး​သေး​လေးမြင်​့ချင်​မိ
​သေးတာ အမှန်​တရား တစ်​ခုဖြစ်​မည်​။

ဧည်​့ခန်​းထဲ ဝယ်​ ဒီ​ခေတ်​တစ်​​ယောက်​ ​ထော့နဲ့​ထော့နဲ့ ဖြင်​့ ဘီရို​လေး​တွေ ဖွင်​့လို့ ​ဆေးဘူးရှာ​နေမိ၏။ လိုအပ်​ပါသည်​ဆိုကာမှ .. ဘာ​ဆေးဘူးမှ ရှာ​မ​တွေ့။ ​သောက်​ကျိုးနည်​း အပုန်​း
​ကောင်​းလွန်​း​နေပါလား။

"သား.. ဘာရှာတာလဲ"

"​ဆေး​တွေထည်​့ထားတဲ့ဘူး ရှာ​နေတာ ​မေ​မေ ​တွေ့​သေးလား"

"​ဆေးဘူးလား ... မ​နေ့ညက ပန်​ပန်​့​ယူသွားတာပဲ သူ့​မေ​မေ
အဖျားနဲနဲဝင်​ချင်​သလို ဖြစ်​​နေလို့တဲ့။ ​မေ​မေသွားယူ​ပေးမယ်​"

​"ဟုတ်​... ​မေ​မေ"

"​ဆေးက ဘာလုပ်​မလို့လဲ သား​နေမ​ကောင်​းလို့လား"

"မဟုတ်​ဘူး ​မေ​မေ ညီ အဲ့ အဏ္ဏဝါ.. ​​နဲနဲဖျား​နေလို့"

"ဟုတ်​လား... ​မေ​မေ လိုက်​ကြည်​့.."

"ရတယ်​ ...ရတယ်​ ..​မေ​မေ ​ဆေးဘူးသာယူ​ပေး သားဟာသား ဂရုစိုက်​ပြုစု​ပေးလိုက်​မယ်​"

​မေ​မေက ပန်​ပန်​တို့သားအမိအခန်​းထဲဝင်​ကာ ​ဆေးဘူး ယူလာလျက်​ သူ့လက်​ထဲ ထည်​့​ပေးပြီး​နောက်​..စိတ်​မချစွာ..

"သားရယ်​ မင်​းက ​သေချာ ပြုစုတတ်​ပါမလား"

"ရတယ်​... ရတယ်​"

​​ဆေးဘူးကို အမြန်​ယူလို့ မီးဖို​ချောင်​ထဲ ပြန်​​ပြေးကာ ​ရေသန်​့
တစ်​ဘူး ယူလျက်​ အိမ်​​ပေါ်​ပြေးတတ်​ရပြန်​သည်​။ ​ဆေး​တွေ
အများကြီးထဲမှာမှ အဖျား​ပျောက်​​ဆေးနဲ့ အကိုက်​အခဲ
​ပျောက်​​ဆေးကို ယူလို့ အခန်​းထဲ မဝင်​ခင်​ ပါစပ်​ထဲ ငုံလိုက်​ရသည်​။ အမ​လေး ခါးလိုက်​တာ။ ချက်​ချင်​း​ထွေးထုတ်​ပြစ်​ချင်​သော်​လည်​း သူဒီလိိုှမလုပ်​ရင်​ အဏ္ဏဝါကို ဒီ​နေ့ ​ဆေးတိုက်​လို့
ရဖို့ လမ်​းမမြင်​​ပေ။

အခန်​းတံခါးကို ဖွင်​့ ကုတင်​​ပေါ် က သူ့ကို ပြူးကြည်​့​နေတဲ
က​လေးထံ ​ပြေးကာ နှုတ်​ခမ်​းအိအိ​တွေကို ဖိကပ်​နမ်​းရင်​း
​ဆေး​တွေကို လွှဲ​ပြောင်​း​ပေးလို့ အဆင်​သင်​့ ဖွင်​့ပြီးသား
​ရေဘူးကို နှုတ်​ခမ်​းမှာ ​တေ့​ပေးလိုက်​၏။ ရုတ်​တရက်​ဖြစ်​သည်​့အပြင်​ ပူးချည်​ထားတဲ့လက်​​တွေ​ကြောင်​့ ဘုမသိဘမသိ ​ဆေး
​သောက်​လိုက်​ရ​သော အဏ္ဏဝါ မှာ မျက်​နှာ​လေး
နီမြန်​းလို့​နေ​ပေပြီ။

"ကိုကို!!!"

ကျယ်​ကျယ်​​လောင်​​လောင်​ ထွက်​​ပေါ်လာ​သော အသံကို
နွားပွဲစားပမာ သူ အစွမ်​းကုန်​ သွားဖြဲ ပြရသည်​။

"ဖြည်​​ပေး..."

ဆူပုတ်​​နေ​သော မျက်​နှာ​လေးကို သနား​ပေမယ်​...
​ပြောစကားနားမှမ​ထောင်​တာ...

"ကုမ္ပဏီ မသွားဘူးလို့ ကတိ​ပေး"

"​ဆေး​သောက်​ပြီးရင်​ အစားစားရမှာ​လေး ကိုကိုရဲ့ ချီသွား
မျက်​နှာသစ်​​ပေး ပြီးရင်​ ​ခေါက်​ဆွဲလုပ်​​ပေး လမ်​းမ​လျှောက်​ချင်​ဘူး"

လက်​​လေး နှစ်​ဘက်​ လှမ်​းကာ ဆို​တော့ ဒီ​ခေတ်​ မျက်​နှာ
​မျောက်​အုန်​းသီးရသလို ပြုံးသွားကာ အဏ္ဏဝါ ကို ဂရုတစိုက်​ချီမလို့ မျက်​နှာသစ်​ ​ပေးပြိံီး အိပ်​ယာထက်​ ပြန်​ချ​ပေးကာ ..
​ခေါက်​ဆွဲပြုတ်​ရန်​ ​အောက်​ထပ်​ဆင်​းဖို့ ကြံရွယ်​စဉ်​...

"ကိုကို... ​အောက်​ကိုချီသွားပါလား... ကိုကို ​ခေါက်​ဆွဲပြုတ်​ တာ ကြည်​့ချင်​တယ်​"

"​မေ​မေတို့ ရှိတယ်​​လေ ညီရဲ့ "

"​တော်​ပြီ အိမ်​ခွဲ​နေမယ်​"

တကယ်​ ကြီး​လေ က​လေး နဲ့တူလာ​လေပါ။ ဆံပင်​ အုပ်​အုပ်​​လေး​တွေကို ဆွဲဖွရင်​း ဆူ​နေတဲ့ နှုတ်​ခမ်​းကို ​ပြေ​လျော့ ​စေဖို့
လတ်​ဆတ်​​သော အနမ်​း​နွေး​နွေး တစ်​ချက်​ ​ပေးလိုက်​ရင်​း
နှစ်​သိမ့်ရသည်​။ ပါးစပ်​ကသာ အိမ်​ခွဲ​နေမည်​​ပြောတာ
ညီ... သူ့​မေ​မေနဲ့ တူမ​လေး​တွေကို မခွဲနိုင်​တာ သူအသိဆုံး။
တစ်​ခါတ​စ်​​လေ စိတ်​​ပေါက်​တိုင်​း​ပြောသည်​့အခါ သူသာလျှင်​
အကြီးမို့ က​လေးကို နှစ်​သိမ်​့ရစမြဲ။

________________။_________________

"မီးကြီး မီးငယ်​.. ​ကျောင်​းမှာ မဆိုးရဘူး​နော်​ ဆရာမ​စကား
ိနား​ထောင်​ကြားလား"

"ဟုတ်​ ​မေ​မေ​လေး... က်​ိုကိုမြတ်​​သော တာ့တာ"

"တာ့တာ"

တာ့တာပြကာ တ​ရွေ့​ရွေ့ထွက်​သွား​သော ​ကျောပြင်​
​သေ​သေး​လေးနှစ်​ခုကို ကြည်​့ရင်​း မြတ်​​သော ရင်​ထဲ ဟာ
လာ ဟင်​းလင်​းဖြစ်​လို့​နေ၏။

"​မောင်​ သွားမယ်​​လေ"

"​အော်​..အင်​"

ပန်​ပန်​သတိ​ပေး​တော့ ​ငေး​နေရာမှ သတိဝင်​လို့ ကားထဲပြန်​ဝင်​ကာ တိတ်​ဆိတ်​ လျက်​ ကား​မောင်​း​နေမိ၏၊

"​မောင်​... ဘာဖြစ်​​နေတာလဲဟင်​"

ခ​ျစ်​ရသူ ၏ ထပ်​မံ၍ အ​မေးစကားကိုကြား​တော့မှ သတိပြန်​
လည်​လာပြန်​ကာ... ​တွေးလက်​စကို ​ဖျောက်​ဖျက်​ပြစ်​ရ၏။
သူတစ်​​ယောက်​တည်​းအတွက်​​တော့ဒါဟာအဆင်​​ပြေ​ပေမယ်​့
မမအတွက်​ အဆင်​​ပြေပါ့မလား...က ​တွေးရ​သေးသည်​။

"ဘာမှ မဖြစ်​ပါဘူး မရဲ့"

"​ပြောစရာရှိရင်​ ပွင်​့ပွင်​့လင်​းလင်​း ​ပြောပါ​မောင်​ရဲ့ အဲ့လိုကြီး
ထိန်​ချန်​မထားနဲ့ ​မောင်​ မျက်​နှာမလန်​းရင်​ မလဲ မ​ပျော်​ဘူး"

​"​မောင်​​တွေး​နေတာ... ​မောင်​တို့လက်​ထပ်​ပြီးအိမ်​ခွဲ​နေကြမလားဟင်​။ က​လေးနှစ်​​ယောက်​ ကိုလည်​း ​မောင်​တို့ သမီး​တွေ
အဖြစ်​တရားဝင်​​မွေးစားရင်​​ကောင်​မလားလို့.. ​ဖေ​ဖေ​မေ​မေမရှိတာ က​လေး​တွေအတွက်​ ဘယ်​​လောက်​အားငယ်​စရာ ​ကောင်​းလဲ"

​ကျောင်​းဝင်​း​ရှေ့ သားသမီး​တွေအား ​ဖေ​ဖေ​တွေ​မေ​မေ​တွေ
ကိုယ်​တိုင်​ပို့​ပေးသည်​ကို မြင်​၍ မြတ်​​သော ​ပြောချင်​ဖြစ်​မည်​ကို သူမနားလည်​၏။ သူမ ကိုယ်​တိုင်​လည်​း က​လေး​တွေအ​ပေါ်
သံ​ယောဇဉ်​ က ကြီးမာစွာ တည်​ရှိ​နေ​ပေပြီ။

"က​လေး​တွေကို ​မွေးစားတာ​တော့ဟုတ်​ပါပြီ အန်​တီတို့ က
ခွင်​့ပြုပါ့မလား"

"မသိဘူး​ ​ပြောကြည်​့ရမှာပဲ .. ဒါနဲ့ မက ​မောင်​ေ​ပြာတာကို
လက်​ခံတယ်​လား"

"ငြင်​းစရာ ဘာ​အ​ကြောင်​းများရှိ​သေးလို့လဲ ​မောင်​ရဲ့"

"​ကျေးဇူးတင်​လိုက်​တာမရယ်​"

လက်​​ချောင်​းနုနု​တွေဆီ သူ့လက်​​ချောင်​​တွေဖြင်​့ ဆုပ်​ကိုင်​ကာ
အနမ်​းဖွဖွ​ပေးရင်​း ပြုံးပြမိ၏။

"မနဲ့အတူဆို ​ဆူးခမ်​းလမ်​းကို​တောင်​ ​ပျော်​​ပျော်​ကြီးဖြတ်​ေ​ကျာ်​ရဲတယ်​သိလား"

"​ယုံတယ်​​မောင်​... မလွတ်​တမ်​း မရဲ့လက်​ကို ဆုပ်​ကိုင်​ထား​နော်​ ခရီးကြမ်​းဆိုရင်​​တောင်​ အတူတူ ဖြတ်​​ကျော်​ရ​အောင်​ပါ"

"အရမ်​းချစ်​တယ်​မရယ်​"

"​မောင်​ချစ်​တာကို မမှီ​ပေမယ်​့ ဒီကလည်​း မ​လျာ့​သောအချစ်​​တွေနဲ့ပါ ​မောင်​ရဲ့"

ရယ်​သံလွှင်​့လွှင်​့ဖြင်​့ ကား​လေးက​တော့ ကြည်​နူးဖွယ်​တရိပ်​ရိပ်​​ပြေး​နေ၏။ တီတီတာတာ ချစ်​စကားတို့ သည်​ ရှုပ်​​ထွေး​နေ​သော ရန်​ကုန်​လမ်​းမကြီးကို လှပ​အောင်​ ဖန်​ဆင်​း​ပေး​နေသ​ယောင်​ ရှိ၏။ အချစ်​ရှိရင်​...အရာအားလုံးက လှတယ်​ဆိုတာ
အမှန်​တရား တစ်​ခုဖြစ်​မည်​။

_______________။_____________________

"ဘာလာလုပ်​ပြန်​ပြီလဲ"

မီးဖို​ချောင်​ထဲ လာရှုပ်​​နေ​ပြန်​​သော ဒီ​ခေတ်​ကို ​​အော်​မိ၏။
ဘာမှလုပ်​တတ်​တာလဲမဟုတ်​ မီးဖို​ချောင်​ ပွတာသာအဖတ်​တင်​ပြီး ဘာမှဖြစ်​မလာ။

"​ခေါက်​ဆွဲပြုတ်​ မလို့.. ​မေ​မေအဲ့ အန်​တီ"

"​ဟိုနားသွားထိုင်​​နေပြုတ်​​ပေးမယ်​ ရရင်​​ပြောမယ်​ ဟုတ်​ပြီလား"

"ကျွန်​​တော်​ ကိုယ်​တိုင်​.."

"လျှာမရှည်​နဲ့သွား"

မထွက်​ချင်​ ထွက်​ချင်​နဲ့ ထွက်​လာ​ပေးရတာ သိပ်​​တော့အဆင်​မ​ပြေလှ​ပေ။ ညီ့ကို သူကိုယ်​တိုင်​ ​ခေါက်​ဆွဲပြုတ်​ ပူပူ​လေးလုပ်​ပြီးတိုက်​ချင်​သည်​။ သူ့လက်​ရာ ဘယ်​​လောက်​​ကောင်​း​ကြောင်​း
ကြွားချင်​၏။ တစ်​ခါတစ်​​လေ​တော့လည်​း လူကြီး​တွေနဲ့မဟုတ်​ပဲ အဏ္ဏဝါ​ပြောသလို အိမ်​ခွဲ​နေချင်​သည်​။ တစ်​အိမ်​လုံး အဏ္ဏဝါ ကို ​ပွေ့ချီပြီး​လျှောက်​သွား​နေလည်​း တားမယ်​့သူ မရှိတာမျိူး။ သို့​ပေမယ်​့ လူကြီး​တွေနဲ့ က​လေး​တွေကို ထားခဲ့ဖို့ရာ
စိတ်​မချခြင်​း ​သောင်​း​ခြောက်​​ထောင်​က ပြည်​့လျှံလို့..မဖြစ်​သင်​့ဘူး ဆိုတာ​တော့အ​တွေးထဲ သတိ​ပေး​သည်​။

သိပ်​မကြာ ​ခေါက်​ဆွဲ ရပြီ​ဟေ့လို့ ​အော်​​ပြောသံ​နောက်​ဝယ်​
​​ခေါက်​ဆွဲပန်​ကန်​ကို လင်​ဗန်​း​လေးဖြင်​့ မလို့ အခန်​းထဲသယ်​ခဲ့လိုက်​၏။ အခန်​ထဲ​ရောက်​​တော့ ​အဏ္ဏဝါ က ​စောင်​ပုံကြားက
အနံ့​လေးဆွဲ​ဆော်ချ​က်​​ကြောင်​့ ထထိုင်​လာ၏။

"ကိုကို ခွ​ံ့"

နွဲ့ဆိုး ဆိုတာမျိုး ဘယ်​​လောက်​ပင်​ဆိုဆိုး ကျွန်​​တော်​ အဏ္ဏဝါကို ချစ်​မဝပါ။ စိတ်​အလို​တော်​ကျ ​ခေါက်​ဆွဲ​လေးကိုခွံလိုက်
ပါးစပ်​မှာ ​ပေ​နေတာ​လေး​တွေ သုတ်​​ပေးလိုက်​ဖြင်​့ ယုယ​တော့
ပကတိဖြူစင်​စွာ ပြုံး​နေ၏။

"စားပြီးရင်​ အိပ်​​တော့​နော်​.. ​နေ​ကောင်​းရင်​ ညီနဲ့ ကိုကို
Dateရ​အောင်​ ..ညီသွားချင်​တဲ့​နေရာအကုန်​လိုက်​ပို့မယ်​"

"မဒိတ်​ချင်​ဘူး Tripသွားချင်​တာ..ခုတ​လော ​ခေတ်​စား​နေတဲ့ က​လောတို့ မန္တ​လေး တို့ ပုဂံတို့.. အဲ့လို​နေရာ​တွေ
တစ်​ခါမှမသွားဖူးဘူး... ကိုကိုလိုက်​ပို့ပါလား"

"ပို့မှာ​ပေါ့... အခု​တော့ အိပ်​​ပျော်​​အောင်​အိပ်​​နော်​"

"ကိုကို..မဖက်​ထားရင်​ အိပ်​မ​ပျော်​ဘူး"

​စောင်​ခြုံ​လေ ကြားက ​ခေါင်​းပြူးထွက်​လာ​တာက အူယားချင်​စဖွယ်​။ သူပါ ကုတင်​​ပေါ် ဝင်​လှဲလို့ ရင်​ခွင်​ထဲ ထည်​့ဖက်​ထား​ပေးကာမှ.... အဏ္ဏဝါ အပူအပင်​ကင်​းမဲ့စွာ အိပ်​စက်​သွား​လေသည်​။

_______________။_______________________

ခုရက်​ပိုင်​း updateကျဲပါ့မယ်​​နော်​။
အ​ဆောင်​​တွေ။ ကျူရှင်​​တွေ ရှာ​နေရတာ​ကြောင့်ပါ​။
​နောက်​ရက်​Mandalay ကို သူငယ်​ချင်​း​တွေနဲ့ tripသွားဖို့ရှိတယ်​။ပြန်​လာရင်​ ဒီ​ခေတ်​နဲ့ အဏ္ဏဝါ အတွက်​ mandalay trip အ​ကြောင်​းတင်​​ပေးမယ်​​နော်​။
ချစ်​ယူ💚

Love u all💚💚💚

Continue Reading

You'll Also Like

1.8M 134K 36
Melodies of falling in love with the right person 🎶
1.2M 97.9K 106
Title ~ Because of "She" Writer ~Hnin Yhine Cover artist ~ Saw Yu All episode ~ 49. တစ်စုံတစ်ယာက်ကြောင့် ချစ်တတ်ခဲ့တယ် တစ်စုံတစ်ယောက်ကြောင့် နာကျင်တတ...
3.6M 244K 81
》ေဇာ္ဂ်ီ 《 ႏွလုံးသားတစ္စုံမွ ဖန္တီးပါေသာ အခ်စ္တစ္ခုအေၾကာင္း 》Unicode 《 နှလုံးသားတစ်စုံမှ ဖန်တီးပါသော အချစ်တစ်ခုအကြောင်း ○●○●○●○●○●○●○● ●《♤》Seke x Sek...
792K 25.7K 58
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...