Extra-4

10.3K 596 19
                                    

Zawgyi

"ကိုကို ဒီမှာကြည့် "

micky mouse ရုပ်လေးကို မျက်နှာရှေ. လှုပ်ယမ်းပြ
ရင်း ပါးချိုင့်လေးတွေ ခွက်ဝင်နေသည်အထိ ပြုံးနေသော
ကျွန်တော်ရဲ့ အသဲပိုင်ရှင်လေး။

"အရုပ်တွေ ဘာလုပ်မလို့လဲ ညီရဲ့ "

"အိပ်ယာဘေးမှာ စီတန်းပြီး ထားထားမလို့လေ ဘယ်လိုလဲ
ဒီအရုပ်ချစ်စရာကောင်းလား"

"ကောင်းတယ် ဒါမယ့် ညီက ပ်ိုချစ်စရာကောင်းတယ်"

ပြောပြီး ဆံနွယ်အိအိလေးတွေကို ဖျက်ခနဲ နမ်းလို့ မသိချင်ယောင်ဆောင်ကာ ရှေ့မာကျော်တတ်ခဲ့လိုက်၏။ ညီကတော့
သူ့ခေါင်းသူကိုင်ရင်း အူကြောင်ကြောင်လေးရပ်နေခဲ့မှာသေချာသည်။

"ကိုကို မကောင်းဘူး မခေါ်တော့ဘူး"

ဆံပင်တွေကို လက်ဖြင့်ဖိသပ်ချလို့ ဆူပုတ်နေသော ကောင်ဇိုးလေးအား သူအသဲယားစွာ ကြည့်နေမိသည်။ မြတ်နိုးတွယ်တာရခြင်းများသည် ဒီကောင်လေးနဲ့ ကျမှ သမုဒ္ဒရာရေလို
မကုန်နိုင်မခမ်းနိုင်ဖြစ်နေတော့တာ ဆန်းတော့ဆန်းကျယ်သည်။

တူး...တူး...တူး...

"Hello"

"မြတ်သောမောင်ရဲ့ အုပ်ထိန်းသူလားရှင့် "

"ဗျာ ဟုတ် ဟုတ်ပါတယ်"

"မြတ်သောမောင်  ရန်ဖြစ်လို့ ကျောင်းကိုလာခဲ့ပေးပါ"

"ဟုတ်"

တစ်ဖက်မှဖုန်းချသွားပြီးတာတောင် သူခေါင်းရှုပ်စွာ ရပ်နေမိ၏။ မြတ်သောက ဘာကြောင့်များရန်ဖြစ်ရပါသနည်း။

"ကိုကို ဘာဖြစ်လို့လဲ"

Yankin centreထဲ အထုတ်ပေါင်းစုံဆွဲလို့ ကို့ယိုကားယားဖြစ်နေတဲ့ အဏ္ဏဝါက သူ့မျက်နှာမကောင်းတော့ ချက်ချင်း
အနားရောက်လာပါတော့သည်။

"မြတ်သော ရန်ဖြစ်လို့တဲ့ "

"ဟမ်...ဘယ်မှာလဲ ကျောင်းမှာလား"

"အင်"

"အဲ့ဒါကိုဘာဖြစ်လို့ ရပ်နေတာလဲ သွားမယ်လေ မြန်မြန်"

စိတ်ပူစွာ အရှေ့မှ ပြေးသွားသော အဏ္ဏဝါနောက် လိုက်ရင်း
ကားကိုအမြန်မောင်းထွက်လိုက်ကြပါသည်။ ကျောင်းတတ်နေစဉ်တစ်လျှောက်ရန်ဖြစ်သည်ဟူ၍မရှိ လူချစ်လူခင်ပေါသော
ဤကလေး က စိတ်မထိန်းနိုင်လောက်အောင် ဖြစ်ရပါသည်ဆိုလျှင် ပြသနာက သေးငယ်မည်တော့မဟုတ်။

Anawar (Completed) Donde viven las historias. Descúbrelo ahora