Zawgyi
တစ္ညလံုးဖိအိပ္ထားမိသည့္ကိုယ္တစ္ျခမ္းက မနက္မိုးလင္းသည့္အခ်ိန္မွာေတာ့ ထင္ထားသည္ထက္ပင္ပို၍ က်င္တက္ေနခဲ့ၿပီ။ျခံဳထားသည့္ေစာင္ပိုင္းေလးကို ဖယ္ခြာၿပီးတစ္ညတာေမွးစက္ခဲ့သည့္ဆိုဖာဆီမွ ထရပ္လိုက္သည္။ဆိုဖာေျခရင္းတြင္ေတာ့ တစ္ညလံုးျခင္အႏၱရာယ္မွ
ကာကြယ္ေပးခဲ့သည့္ ျခင္ေဆးေခြငယ္ေလးကေတာ့ျဖင့္ျပာမႈန္ဘဝသို႔ကူးေျပာင္းေနခဲ့ေလၿပီ။
"ကာကာ"
ေစ့ပိတ္ထားသည့္အခန္းတံခါးကို အဆက္မျပတ္ထုကာေခၚေနေသာ္လည္း ညကတည္းကပိတ္ထားသည့္အခန္းတံခါးကပြင့္မလာ။
မေန႔ကညေနကတည္းကစကားမေျပာသည့္ကာကာကညဘက္အိပ္ခ်ိန္တြင္လည္းအခန္းထဲသို႔ေပးမဝင္ခဲ့။စိတ္မေျကမလည္ျဖစ္ေနသည့္ အေၾကာင္းရင္းကိုမသိရပါဘဲ ေခါင္းအံုးတစ္လံုးႏွင့္ေစာင္တစ္ထည္ကိုသာ ဝတ္ေက်တန္းေက်ေပးၿပီး ကြၽန္ေတာ့္အရပ္ႏွင့္မဆန္႔သည့္ဆိုဖာငယ္တြင္ အိပ္ခိုင္းသည္အထိ အၿငိဳးႀကီးရက္စက္ခဲ့သည္။
လႈပ္႐ွားျခင္းမ႐ွိသည့္ တံခါးကိုစိတ္ပ်က္လက္ပ်က္ႏွင့္ေက်ာခိုင္းၿပီးမွ စားပြဲေပၚတြင္တင္ထားသည့္သြားပြတ္တံေလးေၾကာင့္လူက အလိုလိုျပံဳးမိသြားရသည္။အတူစေနသည့္ရက္မွစ၍ ယေန႔ထိတိုင္ေအာင္ သူ႔အေပၚကာကာ့၏ ဂ႐ုစိုက္မႈေတြကတစ္စက္ကေလးမွ ေလ်ာ့မသြားခဲ့။မ်က္နွာသစ္သြားတိုက္ရန္ကအစ အိပ္ရာခင္း၊အဝတ္ေလ်ွာ္သည္အထိ အစစအရာရာကာကာသာမညီးမညဴ လုပ္ေပးေနက် ။အင္း.....မေန႔ကညကသာ...။
အဆင္သင့္သြားတိုက္ေဆးထည့္ေပးထားသည့္ သြားပြတ္တံေလးကိုယူၿပီး မီးဖိုေခ်ာင္ကေဘစင္တြင္သာ မ်က္ႏွာသစ္သြားတိုက္ျခင္းအမႈကိုၿပီးဆံုးရသည္။မေနႏိုင္လြန္းသည့္ကိုယ္ကသာ သူ႔အတြက္ေကာ္ဖီတစ္ခြက္ပိုေဖ်ာ္ေနမိေသာ္လည္း သက္ဆိုင္သူကေတာ့ ခုခ်ိန္ထိအခန္းတံခါးပင္မဖြင့္။
ဧည့္ခန္းဆီမွၾကားလိုက္ရသည့္ဖုန္းသံေၾကာင့္ ေသာက္လက္စေကာ္ဖီကို ထားခဲ့ကာဖုန္းကိုယူၾကည့္မိေတာ့ ဖုန္းမဆက္တာၾကာၿပီျဖစ္သည့္အေဖျဖစ္သူထံမွ...။
"ေဖေဖ.."
"သားငယ္....၊ကာကာအခု အိမ္ကိုေရာက္ေနတယ္"
"ဗ်ာ..."
ၾကားလိုက္ရသည့္ ေဖေဖ့စကားေၾကာင့္ သူ႔မွာအာေမဋိတ္သံပင္ထြက္သြားရသည္။တစ္ညလံုးတံခါးပိတ္ေနသည့္လူက ခုဘယ္လိုဘယ္လိုသူတို႔အိမ္ကိုေရာက္သြားသည္မသိ။ေသခ်ာတာကေတာ့ သူအိပ္ေပ်ာ္ေနတုန္း ထြက္သြားတာပင္ျဖစ္မည္။
"သားအခု အိမ္ကိုလာခဲ့"
ကြၽန္ေတာ့္ထံမွအေျဖစကားကိုေတာင္မေစာင့္ဘဲ ဖုန္းခ်သြားသည့္ေဖေဖ့ေၾကာင့္ ကြၽန္ေတာ္လည္း ကားေသာ့ကို႐ွာကာ ကာကာ႐ွိရာဆီသို႔...။
ပံုမွန္ေမာင္းေနက်အ႐ွိန္ထက္အမ်ားႀကီးပို၍ေမာင္းေနမိသည္က ကြၽန္ေတာ့္အိမ္တြင္႐ွိေနမည့္ကာကာ့ကိုစိတ္မခ်ႏိုင္ေသာေၾကာင့္။ကာကာတစ္ေယာက္ ပဲခူးမွ ျပန္လာၿပီးသည့္အခ်ိန္မွစ၍ကာကာ့အေဖဘက္မွ ကြၽန္ေတာ္တို႔ႏွစ္ေယာက္အေပၚ အရင္လိုတင္းမာမႈမ်ိဳးမ႐ွိေတာ့။ကြၽန္ေတာ့္ေမေမကသာ....။
ကြၽန္ေတာ္တို႔ႏွစ္ေယာက္ကို မၾကည္ျဖဴ သည့္ေမေမ့ေၾကာင့္ ကာကာတစ္စံုတစ္ခုစိတ္ထိခိုက္ရမွာကို သူအမွန္ပင္မလိုလား......။
အိမ္ထဲသို႔ဝင္ဝင္ခ်င္းျမင္လိုက္ရသည့္ ကာကာ့ပံုစံေၾကာင့္ ကြၽန္ေတာ့္မွာေျခေထာက္အစံုပင္ယိုင္နဲ႔သြားရသည္။မတ္တပ္ရပ္ေနသည့္ ေမမ့ေျခရင္းတြင္ ဒူးေထာက္ကာ တစ္စံုတစ္ခုကိုေတာင္းဆိုေနသည့္ ကာကာ့ပံုစံေၾကာင့္ ကြၽန္ေတာ့္မ်က္ဝန္းအိမ္မွမ်က္ရည္ေတြက အတားအဆီးမဲ့စြာက်ဆင္းလာခဲ့သည္။
"ကာကာ"
ကြၽန္ေတာ့္ရဲ႕ အံႀကိတ္ေခၚသံေၾကာင့္ ကာကာ့ကိုယ္လံုးေလးကတစ္ခ်က္တုန္သြားသည္။ကြၽန္ေတာ့္ကိုေမာ့ၾကည့္လာသည့္ကာကာ့ရဲ႕မ်က္လံုးေတြကလည္း နီရဲေနေလၿပီ။
"လာ.....အိမ္ျပန္မယ္"
ဒူးေထာက္ေနသည့္ ကာကာ့လက္ကိုဆြဲကာ စကားဆိုမိေသာ္လည္း ကာကာကေတာ့ေနရာကပင္မေရြ႔။
"ကာကာ.....မင္းဘာျဖစ္ေနတာလဲ၊ငါရဲ႕ျပႆ နာတိုင္းကို မင္းလိုက္႐ွင္းေပးေနဖို႔မလိုဘူး၊အရာရာကိုမင္းတာဝန္ယူေပးေနဖို႔မလိုဘူး"
ကြၽန္ေတာ္ကသာ မခ်ိတင္ကဲစိတ္ျဖင့္ေျပာေနမိေသာ္လည္း ကာကာကေတာ့ကြၽန္ေတာ့္ထံသို႔အၾကည့္တစ္ခ်က္ပင္ပို႔မလာခဲ့။ေမေမ့ေ႐ွ႕တြင္ ဒူးေထာက္ေနသည္က အျပစ္သားတစ္ေယာက္သဖြယ္....။
"ဒါက အိမ္ေရာ၊စက္ရံုကိုေရာကို မင္းတို႔ႏွစ္ေယာက္နာမည္နဲ႔လႊဲေပးထားတဲ့စာခ်ဳပ္ပဲ၊ဒီအိမ္ကိုလည္း မင္းတို႔ႏွစ္ေယာက္ပိုင္သြားၿပီဆိုေတာ့ဒီအိမ္ကိုျပန္လာျခင္း၊မလာျခင္းက မင္းတို႔သေဘာပဲ"
စားပြဲေပၚသို႔ စာခ်ဳပ္တစ္ေစာင္ပစ္ခ်ေပးၿပီးေျပာလာသည့္ ေမေမ့စကားေၾကာင့္ကြၽန္ေတာ့္မွာပါးစပ္အေဟာင္းသား။ကာကာ့ကိုၾကည့္မိေတာ့ ကာကာသည္လည္း ကြၽန္ေတာ့္လိုပင္ မယံုၾကည္ႏိုင္ျဖစ္ေနဟန္။
"သားတို႔လုပ္ႏိုင္ခဲ့ၿပီ"
ကြၽန္ေတာ့္ပခံုးကိုခပ္ဖြဖြဖ်စ္ကာေျပာလာသည့္ေဖေဖ့ေၾကာင့္ ကြၽန္ေတာ့္မွာအိပ္မက္မွႏိုးလာသူတစ္ေယာက္သဖြယ္။လုပ္ႏိုင္ခဲ့ၿပီ..။ေနာက္ဆံုးေတာ့ ေမေမ့ရဲ႕သေဘာတူမႈကိုရေအာင္ ကာကာလုပ္ေပးႏိုင္ခဲ့ၿပီ။
ကာကာ့ကို ေက်းဇူးတင္စိတ္အျပည့္ျဖင့္ၾကည့္မိေတာ့ ကာကာသည္လည္း ကြၽန္ေတာ့္နည္းတူေပ်ာ္ရႊင္ေနဟန္......။
တစ္လမ္းလံုးစကားမေျပာဘဲ ကားကိုသာေမာင္းေနသည့္ကာကာက ခုနကေမေမ့ေ႐ွ႕မွာကြၽန္ေတာ့္အတြက္ ဒူးေထာက္ေတာင္းပန္ေပးခဲ့သည့္ ကာကာမွဟုတ္ပါေလစ..။ခုနေလးတင္ ေမေမ့ဆီကသေဘာတူမႈရထား၍ေပ်ာ္ေနသည့္ကြၽန္ေတာ့္အေပ်ာ္ေတြက ကာကာ့မ်က္ႏွာတည္တင္းတင္းေအာက္တြင္ၾကက္ေပ်ာက္ငွက္ေပ်ာက္။
"ကာကာ...မင္းဘာျဖစ္ေနတာလဲ၊မင္းငါ့ကိုဘာမေက်နပ္တာ႐ွိေနလို႔ မေန႔တည္းကစကားမေျပာႏိုင္ျဖစ္ေနရတာလဲ"
အခန္းဆီသို႔ေရာက္သည့္အခ်ိန္မွာေတာ့ ကြၽန္ေတာ့္ရဲ႕သိခ်င္စိတ္ေတြကိုၿမိဳသိပ္မထားႏိုင္ေတာ့။ဟုတ္သည္ေလ..ကြၽန္ေတာ့္မွာ မေန႔က ဘုမသိဘမသိႏွင့္ ဆိုဖာေပၚမွာ တစ္ညလံုးခါးအေညာင္းခံအိပ္ထားရတာ။တစ္ညလံုးျခင္ေတြႏွင့္ နပန္းလံုးေနရသည္အထိ ခံစားခဲ့ရေအာင္ ကြၽန္ေတာ္ဘယ္လိုႀကီးမားသည့္အျပစ္မ်ိဳးလုပ္ခဲ့မိလည္းေတာ့သိခ်င္မိသည္။
"မင္းကို မေန႔က မျမေရာင္ျခယ္နဲ႔ ေကာ္ဖီဆိုင္မွာရယ္ေမာျပီးထိုင္ေနတာကို ငါကိုယ္တိုင္ ငါ့မ်က္လံုးနဲ႔ေသခ်ာေတြ႔ခဲ့တာ၊အဲ့ေလာက္ဆို မင္းအေပၚစိတ္တိုဖို႔အတြက္အေၾကာင္းျပခ်က္လံုေလာက္တယ္မလား"
ဘုရားေရ....။ကာကာက ကြၽန္ေတာ္ႏွင့္ မမျခယ္ကိုေတြ႔သြားခဲ့တာလား။တျခားေနရာမွာေရာ ေတြ႔သြားခဲ့တာလား။ေတြးမိသည့္အေတြးႏွင့္ပင္ ကြၽန္ေတာ့္မ်က္ႏွာတစ္ခုလံုးကနီရဲပူတက္လာသည္။
"အဟက္.....မင္းမမျခယ္နာမည္ကိုၾကားတာနဲ႔ မ်က္ႏွာတစ္ခုလံုးနီရဲသြားရေလာက္တဲ့အထိျဖစ္သြားတာလား၊သူဆီျပန္သြားဖို႔ကိုေတာ့ေယာင္တို႔ေတာင္ စိတ္မကူးမိေစနဲ႔၊အခုခ်ိန္မွာ မင္းအေမကလည္းသေဘာတူထားၿပီးသားမို႔မင္းကငါ့အပိုင္ပဲ"
ခပ္ရြဲ႔ရြဲ႔ေျပာကာထြက္သြားဖို႔ျပင္ေနသည့္ ကာကာ့လက္ကိုအလ်ွင္အျမန္ဖမ္းဆြဲလိုက္ရသည္။
"မေန႔က ဒါေလးဝယ္ဖို႔သြားခဲ့တာ၊ငါသြားတဲ့ဆိုင္က မမျခယ့္ရဲ႕ဆိုင္ျဖစ္ေနမယ္လို႔ ငါလည္းထင္မထားခဲ့မိဘူး၊ေနာက္ေတာ့ မမျခယ္က ဆိုင္ခဏထိုင္ဖို႔ေခၚတာနဲ႔ ငါလည္းခဏလိုက္သြားမိတာ၊ငါေျပာတာကိုယံုပါကြာ"
ကြၽန္ေတာ္႐ွင္းျပသည့္စကားေတြကို ကာကာတစ္ေယာက္နားဝင္ေလရဲ႕လားေတာ့ကြၽန္ေတာ္လည္းမသိ။ကာကာ့ရဲ႕ မ်က္လံုးေတြကေတာ့ကြြၽန္ေတာ့္လက္ထဲက ဘူးဝိုင္းေလးဆီမွာသာရစ္ဝဲေနေလသည္။
ကာကာ့ဘက္က ကြၽန္ေတာ့္အေပၚအရင္လို မတင္းမာေတာ့မွန္းသိသည့္အခါမွာေတာ့ ကြၽန္ေတာ့္ရဲ႕ ႐ွက္ေနသည့္မ်က္ႏွာရဲရဲကို ေအာက္သို႔ငံု႔ကာ ကာကာ့ေ႐ွ႕တြင္ ဒူးေလးတစ္ဖက္ကိုေထာက္မိသည္။
"ကာကာ....မင္းငါ့ကိုလက္ထပ္ႏိုင္မလား"
တုန္ခ်င္ခ်င္ျဖစ္ေနသည့္ အသံကိုမနည္းထိန္းကာ မေန႔ကမမျခယ္တို႔ဆိုင္ကဝယ္လာသည့္ လက္စြပ္ဘူးေလးကို ကာကာ့ထံဒူးေထာက္လ်က္သားျဖင့္ကမ္းေပးမိသည္။
အတန္ၾကာသည္အထိ ကာကာ့ဘက္မွတံု႔ျပန္မႈတစ္စံုတစ္ရာ႐ွိမလာခဲ့။မဝံ့မရဲျဖင့္ကာကာ့ကိုေမာ့ၾကည့္မိေတာ့ ကာကာက ဝိဥာဥ္လြင့္ေနသူတစ္ေယာက္လိုမလႈပ္မယွက္။
"ကာကာ....မင္း...မင္းငါ့ကိုလက္ခံႏိုင္လား"
စိတ္လႈပ္႐ွားမႈေၾကာင့္ ကြၽန္ေတာ့္ႏွာဖ်ားတြင္သာမက လက္စြပ္ဘူးေလးကိုကိုင္ထားသည့္ လက္တြင္မွာပါ ေခြၽးစက္တို႔ျဖင့္ျပည့္လ်က္။
"ကာကာ..."
အခုခ်ိန္ထိၿငိမ္သက္ေနသည့္ ကာကာ့ကို အသည္းယားစြာျဖင့္ေခၚမိေတာ့ ကာကာကအခုမွ အသိစိတ္ဝင္လာသူတစ္ေယာက္ႏွယ္။သူ႔ေ႐ွ႕တြင္ဒူးေထာက္ေနသည့္ကြၽန္ေတာ့္လက္ကိုဆြဲကာ စကားတစ္ခြန္းမွမေျပာဘဲေခၚေဆာင္သြားသည္က ညကသူဝင္ခြင့္မျပဳခဲ့သည့္ အိပ္ခန္းငယ္ဆီသို႔။
အိပ္ခန္းမွတစ္ဆင့္ တြဲလ်က္႐ွိေနသည့္ ေရခ်ိဳးခန္းငယ္ဆီသို႔ ေခၚေဆာင္သြားသည့္ကာကာ့ေၾကာင့္ ကြၽန္ေတာ့္မွာ အူလည္လည္ႏွင့္ပါသြားရျပန္သည္။
ေရခ်ိဳးခန္းတြင္း၌ျမင္လိုက္ရသည့္ ျမင္ကြင္းေၾကာင့္ ကြၽန္ေတာ့္မွာပါးစပ္ကိုပင္မစိႏိုင္။ေရခ်ိဳးခန္းၾကမ္းျပင္တစ္ခုလံုးတြင္ျဖန္႔ခင္းထားသည္က အနီရင့္ေရာင္ႏွင္းဆီပြင့္ဖက္မ်ား။ေရခ်ိဳးသည့္ေရပန္းကိုေပ်ာက္လုနီးပါးခ်ိတ္ဆြဲထားသည့္ အသည္းပံုေရာင္စံုပူေပါင္းေတြကလည္း အမ်ားအျပား။ေရခ်ိဳးခန္း၏နံရံတြင္ အနီေရာင္ေဖာင္းႂကြစာလံုးငယ္မ်ားႏွင့္ေရးထိုးထားသည္က " Marry Me"ဟူ၍။
ထို႔အတူကြၽန္ေတာ့္မ်က္စိေ႐ွ႕တြင္႐ွိေနသည္က ကြၽန္ေတာ့္နည္းတူလက္စြပ္ဘူးဝိုင္းေလးကိုကိုင္ထားသည့္ ကာကာရယ္။
"ေကာင္းကင္၊ငါ့ကိုလက္ထပ္ပါ"
အေျပာစကားႏွင့္အတူကြၽန္ေတာ့္ရဲ႕လက္သူႂကြယ္ေလးဆီသို႔ေရာက္႐ွိလာသည့္ကာကာ့ထံမွ လက္စြပ္ေလး။အခုဆိုလ်ွင္ ကြၽန္ေတာ့္၏ဘယ္ဘက္လက္ေလးတြင္ အရင္ကကာကာေပးထားခဲ့သည့္ ဆင္းၿမီးလက္စြပ္ေလးေရာ၊အခု ကာကာေပးသည့္ လက္ထပ္လက္စြပ္ေလးေရာႏွင့္ ပနံသင့္ေနခဲ့ေလၿပီ။
ကြၽန္ေတာ့္မ်က္ႏွာကိုတစိမ့္စိမ့္ၾကည့္ေနသည့္ ကာကာရဲ႕ မ်က္ႏွာေလးကို ခပ္တင္းတင္းဆြဲယူၿပီး ျမတ္ႏိုးစြာနမ္း႐ိႈက္မိသည္က တစ္ႀကိမ္တစ္ခါမွ မထိေတြ႔ခဲ့ဖူးသည့္္ႏႈတ္ခမ္းသားေလးဆီသို႔။
ႏူးညံ့လြန္းသည့္ ေအာက္ႏႈတ္ခမ္းသားနီရဲရဲေလးကိုငံုေထြးထားမိသည္က အခ်ိန္မည္မ်ွၾကာသြားသည္မသိ။ဂေဟဆက္ေနသည့္ႏႈတ္ခမ္းႏွစ္စံု ခြာသည့္အခ်ိန္မွာေတာ့ ႏွစ္ဦးစလံုးႏွလံုးခုန္သံေတြမၿငိမ္ႏိုင္ေတာ့...။
"ခ်စ္တယ္...."
ကြၽန္ေတာ္ဝယ္လာခဲ့သည့္ လက္စြပ္ေလးကို ကာကာ့ရဲ႕လက္သူႂကြယ္ေလးဆီသို႔စြပ္ေပးရင္း ရင္ထဲမွျဖစ္ေပၚလာသည့္ စစ္မွန္ေသာစကားကိုဆိုမိသည္။
"ငါကပိုခ်စ္တယ္"
ခပ္ျပံဳးျပံဳးေျပာလာသည့္ ကာကာ့ရဲ႕စကားေတြကိုလည္းၿပိဳင္မျငင္းျဖစ္ေတာ့။ဘယ္သူကပိုခ်စ္ခ်စ္ ကြၽန္ေတာ့္တို႔ရဲ႕အခ်စ္ေတြကအျမဲထာဝစဥ္ခိုင္ျမဲေနမွာကိုယံုၾကည္သည္မို႔...။
ေနာက္တစ္ႀကိမ္ ထပ္မံျဖစ္တည္လာသည့္ အနမ္းတို႔ရဲ႕ဦးေဆာင္သူကေတာ့ ကာကာပင္။ခ်ိဳၿမိန္သည္...။ခ်စ္သူရဲ႕ ႏႈတ္ခမ္းသားေတြကိုနမ္းရသည္ကခ်ိဳၿမိန္သည္။ထိုခ်ိဳၿမိန္ေသာ အနမ္းေတြထက္ ကာကာ့ရဲ႕ရင္ထဲက အခ်စ္ေတြကိုခံစားေနရသည္က ပို၍ခ်ိဳၿမိန္သည္။ ထိုခ်ိဳၿမိန္ေသာအခ်စ္ေတြကို တစ္သက္လံုးခံစားခြင့္ ရရံုႏွင့္ပင္ ကြၽန္ေတာ့္ဘဝကျပည့္စံုလြန္းမကျပည့္စံုေနေလၿပီ..။
>>>>>>>>>>>♥>>>>>>>>>>>>>>>>>
Extra ေလးကိုေတာ့ ro ေပးထားတယ္သိလား😁😁😁
ခုခ်ိန္ထိအတူ႐ွိေနေပးတဲ့ တစ္ဦးတစ္ေယာက္ခ်င္းစီကို တကယ္ႀကီး ေက်းဇူး အမ်ားႀကီး...အမ်ားႀကီးတင္ပါတယ္❤❤❤
အမွားပါရင္လည္းေထာက္ျပေပးၾကပါ😘
With Love
Zin❤
>>>>>>>>>>>>>>>>>>>>>>>>
Unicode
တစ်ညလုံးဖိအိပ်ထားမိသည့်ကိုယ်တစ်ခြမ်းက မနက်မိုးလင်းသည့်အချိန်မှာတော့ ထင်ထားသည်ထက်ပင်ပို၍ ကျင်တက်နေခဲ့ပြီ။ခြုံထားသည့်စောင်ပိုင်းလေးကို ဖယ်ခွာပြီးတစ်ညတာမှေးစက်ခဲ့သည့်ဆိုဖာဆီမှ ထရပ်လိုက်သည်။ဆိုဖာခြေရင်းတွင်တော့ တစ်ညလုံးခြင်အန္တရာယ်မှ
ကာကွယ်ပေးခဲ့သည့် ခြင်ဆေးခွေငယ်လေးကတော့ဖြင့်ပြာမှုန်ဘဝသို့ကူးပြောင်းနေခဲ့လေပြီ။
"ကာကာ"
စေ့ပိတ်ထားသည့်အခန်းတံခါးကို အဆက်မပြတ်ထုကာခေါ်နေသော်လည်း ညကတည်းကပိတ်ထားသည့်အခန်းတံခါးကပွင့်မလာ။
မနေ့ကညနေကတည်းကစကားမပြောသည့်ကာကာကညဘက်အိပ်ချိန်တွင်လည်းအခန်းထဲသို့ပေးမဝင်ခဲ့။စိတ်မကြေမလည်ဖြစ်နေသည့် အကြောင်းရင်းကိုမသိရပါဘဲ ခေါင်းအုံးတစ်လုံးနှင့်စောင်တစ်ထည်ကိုသာ ဝတ်ကျေတန်းကျေပေးပြီး ကျွန်တော့်အရပ်နှင့်မဆန့်သည့်ဆိုဖာငယ်တွင် အိပ်ခိုင်းသည်အထိ အငြိုးကြီးရက်စက်ခဲ့သည်။
လှုပ်ရှားခြင်းမရှိသည့် တံခါးကိုစိတ်ပျက်လက်ပျက်နှင့်ကျောခိုင်းပြီးမှ စားပွဲပေါ်တွင်တင်ထားသည့်သွားပွတ်တံလေးကြောင့်လူက အလိုလိုပြုံးမိသွားရသည်။အတူစနေသည့်ရက်မှစ၍ ယနေ့ထိတိုင်အောင် သူ့အပေါ်ကာကာ့၏ ဂရုစိုက်မှုတွေကတစ်စက်ကလေးမှ လျော့မသွားခဲ့။မျက်နှာသစ်သွားတိုက်ရန်ကအစ အိပ်ရာခင်း၊အဝတ်လျှော်သည်အထိ အစစအရာရာကာကာသာမညီးမညူ လုပ်ပေးနေကျ ။အင်း.....မနေ့ကညကသာ...။
အဆင်သင့်သွားတိုက်ဆေးထည့်ပေးထားသည့် သွားပွတ်တံလေးကိုယူပြီး မီးဖိုချောင်ကဘေစင်တွင်သာ မျက်နှာသစ်သွားတိုက်ခြင်းအမှုကိုပြီးဆုံးရသည်။မနေနိုင်လွန်းသည့်ကိုယ်ကသာ သူ့အတွက်ကော်ဖီတစ်ခွက်ပိုဖျော်နေမိသော်လည်း သက်ဆိုင်သူကတော့ ခုချိန်ထိအခန်းတံခါးပင်မဖွင့်။
ဧည့်ခန်းဆီမှကြားလိုက်ရသည့်ဖုန်းသံကြောင့် သောက်လက်စကော်ဖီကို ထားခဲ့ကာဖုန်းကိုယူကြည့်မိတော့ ဖုန်းမဆက်တာကြာပြီဖြစ်သည့်အဖေဖြစ်သူထံမှ...။
"ဖေဖေ.."
"သားငယ်....၊ကာကာအခု အိမ်ကိုရောက်နေတယ်"
"ဗျာ..."
ကြားလိုက်ရသည့် ဖေဖေ့စကားကြောင့် သူ့မှာအာမေဋိတ်သံပင်ထွက်သွားရသည်။တစ်ညလုံးတံခါးပိတ်နေသည့်လူက ခုဘယ်လိုဘယ်လိုသူတို့အိမ်ကိုရောက်သွားသည်မသိ။သေချာတာကတော့ သူအိပ်ပျော်နေတုန်း ထွက်သွားတာပင်ဖြစ်မည်။
"သားအခု အိမ်ကိုလာခဲ့"
ကျွန်တော့်ထံမှအဖြေစကားကိုတောင်မစောင့်ဘဲ ဖုန်းချသွားသည့်ဖေဖေ့ကြောင့် ကျွန်တော်လည်း ကားသော့ကိုရှာကာ ကာကာရှိရာဆီသို့...။
ပုံမှန်မောင်းနေကျအရှိန်ထက်အများကြီးပို၍မောင်းနေမိသည်က ကျွန်တော့်အိမ်တွင်ရှိနေမည့်ကာကာ့ကိုစိတ်မချနိုင်သောကြောင့်။ကာကာတစ်ယောက် ပဲခူးမှ ပြန်လာပြီးသည့်အချိန်မှစ၍ကာကာ့အဖေဘက်မှ ကျွန်တော်တို့နှစ်ယောက်အပေါ် အရင်လိုတင်းမာမှုမျိုးမရှိတော့။ကျွန်တော့်မေမေကသာ....။
ကျွန်တော်တို့နှစ်ယောက်ကို မကြည်ဖြူ သည့်မေမေ့ကြောင့် ကာကာတစ်စုံတစ်ခုစိတ်ထိခိုက်ရမှာကို သူအမှန်ပင်မလိုလား......။
အိမ်ထဲသို့ဝင်ဝင်ချင်းမြင်လိုက်ရသည့် ကာကာ့ပုံစံကြောင့် ကျွန်တော့်မှာခြေထောက်အစုံပင်ယိုင်နဲ့သွားရသည်။မတ်တပ်ရပ်နေသည့် မေမ့ခြေရင်းတွင် ဒူးထောက်ကာ တစ်စုံတစ်ခုကိုတောင်းဆိုနေသည့် ကာကာ့ပုံစံကြောင့် ကျွန်တော့်မျက်ဝန်းအိမ်မှမျက်ရည်တွေက အတားအဆီးမဲ့စွာကျဆင်းလာခဲ့သည်။
"ကာကာ"
ကျွန်တော့်ရဲ့ အံကြိတ်ခေါ်သံကြောင့် ကာကာ့ကိုယ်လုံးလေးကတစ်ချက်တုန်သွားသည်။ကျွန်တော့်ကိုမော့ကြည့်လာသည့်ကာကာ့ရဲ့မျက်လုံးတွေကလည်း နီရဲနေလေပြီ။
"လာ.....အိမ်ပြန်မယ်"
ဒူးထောက်နေသည့် ကာကာ့လက်ကိုဆွဲကာ စကားဆိုမိသော်လည်း ကာကာကတော့နေရာကပင်မရွေ့။
"ကာကာ.....မင်းဘာဖြစ်နေတာလဲ၊ငါရဲ့ပြဿ နာတိုင်းကို မင်းလိုက်ရှင်းပေးနေဖို့မလိုဘူး၊အရာရာကိုမင်းတာဝန်ယူပေးနေဖို့မလိုဘူး"
ကျွန်တော်ကသာ မချိတင်ကဲစိတ်ဖြင့်ပြောနေမိသော်လည်း ကာကာကတော့ကျွန်တော့်ထံသို့အကြည့်တစ်ချက်ပင်ပို့မလာခဲ့။မေမေ့ရှေ့တွင် ဒူးထောက်နေသည်က အပြစ်သားတစ်ယောက်သဖွယ်....။
"ဒါက အိမ်ရော၊စက်ရုံကိုရောကို မင်းတို့နှစ်ယောက်နာမည်နဲ့လွှဲပေးထားတဲ့စာချုပ်ပဲ၊ဒီအိမ်ကိုလည်း မင်းတို့နှစ်ယောက်ပိုင်သွားပြီဆိုတော့ဒီအိမ်ကိုပြန်လာခြင်း၊မလာခြင်းက မင်းတို့သဘောပဲ"
စားပွဲပေါ်သို့ စာချုပ်တစ်စောင်ပစ်ချပေးပြီးပြောလာသည့် မေမေ့စကားကြောင့်ကျွန်တော့်မှာပါးစပ်အဟောင်းသား။ကာကာ့ကိုကြည့်မိတော့ ကာကာသည်လည်း ကျွန်တော့်လိုပင် မယုံကြည်နိုင်ဖြစ်နေဟန်။
"သားတို့လုပ်နိုင်ခဲ့ပြီ"
ကျွန်တော့်ပခုံးကိုခပ်ဖွဖွဖျစ်ကာပြောလာသည့်ဖေဖေ့ကြောင့် ကျွန်တော့်မှာအိပ်မက်မှနိုးလာသူတစ်ယောက်သဖွယ်။လုပ်နိုင်ခဲ့ပြီ..။နောက်ဆုံးတော့ မေမေ့ရဲ့သဘောတူမှုကိုရအောင် ကာကာလုပ်ပေးနိုင်ခဲ့ပြီ။
ကာကာ့ကို ကျေးဇူးတင်စိတ်အပြည့်ဖြင့်ကြည့်မိတော့ ကာကာသည်လည်း ကျွန်တော့်နည်းတူပျော်ရွှင်နေဟန်......။
တစ်လမ်းလုံးစကားမပြောဘဲ ကားကိုသာမောင်းနေသည့်ကာကာက ခုနကမေမေ့ရှေ့မှာကျွန်တော့်အတွက် ဒူးထောက်တောင်းပန်ပေးခဲ့သည့် ကာကာမှဟုတ်ပါလေစ..။ခုနလေးတင် မေမေ့ဆီကသဘောတူမှုရထား၍ပျော်နေသည့်ကျွန်တော့်အပျော်တွေက ကာကာ့မျက်နှာတည်တင်းတင်းအောက်တွင်ကြက်ပျောက်ငှက်ပျောက်။
"ကာကာ...မင်းဘာဖြစ်နေတာလဲ၊မင်းငါ့ကိုဘာမကျေနပ်တာရှိနေလို့ မနေ့တည်းကစကားမပြောနိုင်ဖြစ်နေရတာလဲ"
အခန်းဆီသို့ရောက်သည့်အချိန်မှာတော့ ကျွန်တော့်ရဲ့သိချင်စိတ်တွေကိုမြိုသိပ်မထားနိုင်တော့။ဟုတ်သည်လေ..ကျွန်တော့်မှာ မနေ့က ဘုမသိဘမသိနှင့် ဆိုဖာပေါ်မှာ တစ်ညလုံးခါးအညောင်းခံအိပ်ထားရတာ။တစ်ညလုံးခြင်တွေနှင့် နပန်းလုံးနေရသည်အထိ ခံစားခဲ့ရအောင် ကျွန်တော်ဘယ်လိုကြီးမားသည့်အပြစ်မျိုးလုပ်ခဲ့မိလည်းတော့သိချင်မိသည်။
"မင်းကို မနေ့က မမြရောင်ခြယ်နဲ့ ကော်ဖီဆိုင်မှာရယ်မောပြီးထိုင်နေတာကို ငါကိုယ်တိုင် ငါ့မျက်လုံးနဲ့သေချာတွေ့ခဲ့တာ၊အဲ့လောက်ဆို မင်းအပေါ်စိတ်တိုဖို့အတွက်အကြောင်းပြချက်လုံလောက်တယ်မလား"
ဘုရားရေ....။ကာကာက ကျွန်တော်နှင့် မမခြယ်ကိုတွေ့သွားခဲ့တာလား။တခြားနေရာမှာရော တွေ့သွားခဲ့တာလား။တွေးမိသည့်အတွေးနှင့်ပင် ကျွန်တော့်မျက်နှာတစ်ခုလုံးကနီရဲပူတက်လာသည်။
"အဟက်.....မင်းမမခြယ်နာမည်ကိုကြားတာနဲ့ မျက်နှာတစ်ခုလုံးနီရဲသွားရလောက်တဲ့အထိဖြစ်သွားတာလား၊သူဆီပြန်သွားဖို့ကိုတော့ယောင်တို့တောင် စိတ်မကူးမိစေနဲ့၊အခုချိန်မှာ မင်းအမေကလည်းသဘောတူထားပြီးသားမို့မင်းကငါ့အပိုင်ပဲ"
ခပ်ရွဲ့ရွဲ့ပြောကာထွက်သွားဖို့ပြင်နေသည့် ကာကာ့လက်ကိုအလျှင်အမြန်ဖမ်းဆွဲလိုက်ရသည်။
"မနေ့က ဒါလေးဝယ်ဖို့သွားခဲ့တာ၊ငါသွားတဲ့ဆိုင်က မမခြယ့်ရဲ့ဆိုင်ဖြစ်နေမယ်လို့ ငါလည်းထင်မထားခဲ့မိဘူး၊နောက်တော့ မမခြယ်က ဆိုင်ခဏထိုင်ဖို့ခေါ်တာနဲ့ ငါလည်းခဏလိုက်သွားမိတာ၊ငါပြောတာကိုယုံပါကွာ"
ကျွန်တော်ရှင်းပြသည့်စကားတွေကို ကာကာတစ်ယောက်နားဝင်လေရဲ့လားတော့ကျွန်တော်လည်းမသိ။ကာကာ့ရဲ့ မျက်လုံးတွေကတော့ကွျွန်တော့်လက်ထဲက ဘူးဝိုင်းလေးဆီမှာသာရစ်ဝဲနေလေသည်။
ကာကာ့ဘက်က ကျွန်တော့်အပေါ်အရင်လို မတင်းမာတော့မှန်းသိသည့်အခါမှာတော့ ကျွန်တော့်ရဲ့ ရှက်နေသည့်မျက်နှာရဲရဲကို အောက်သို့ငုံ့ကာ ကာကာ့ရှေ့တွင် ဒူးလေးတစ်ဖက်ကိုထောက်မိသည်။
"ကာကာ....မင်းငါ့ကိုလက်ထပ်နိုင်မလား"
တုန်ချင်ချင်ဖြစ်နေသည့် အသံကိုမနည်းထိန်းကာ မနေ့ကမမခြယ်တို့ဆိုင်ကဝယ်လာသည့် လက်စွပ်ဘူးလေးကို ကာကာ့ထံဒူးထောက်လျက်သားဖြင့်ကမ်းပေးမိသည်။
အတန်ကြာသည်အထိ ကာကာ့ဘက်မှတုံ့ပြန်မှုတစ်စုံတစ်ရာရှိမလာခဲ့။မဝံ့မရဲဖြင့်ကာကာ့ကိုမော့ကြည့်မိတော့ ကာကာက ဝိဉာဉ်လွင့်နေသူတစ်ယောက်လိုမလှုပ်မယှက်။
"ကာကာ....မင်း...မင်းငါ့ကိုလက်ခံနိုင်လား"
စိတ်လှုပ်ရှားမှုကြောင့် ကျွန်တော့်နှာဖျားတွင်သာမက လက်စွပ်ဘူးလေးကိုကိုင်ထားသည့် လက်တွင်မှာပါ ချွေးစက်တို့ဖြင့်ပြည့်လျက်။
"ကာကာ..."
အခုချိန်ထိငြိမ်သက်နေသည့် ကာကာ့ကို အသည်းယားစွာဖြင့်ခေါ်မိတော့ ကာကာကအခုမှ အသိစိတ်ဝင်လာသူတစ်ယောက်နှယ်။သူ့ရှေ့တွင်ဒူးထောက်နေသည့်ကျွန်တော့်လက်ကိုဆွဲကာ စကားတစ်ခွန်းမှမပြောဘဲခေါ်ဆောင်သွားသည်က ညကသူဝင်ခွင့်မပြုခဲ့သည့် အိပ်ခန်းငယ်ဆီသို့။
အိပ်ခန်းမှတစ်ဆင့် တွဲလျက်ရှိနေသည့် ရေချိုးခန်းငယ်ဆီသို့ ခေါ်ဆောင်သွားသည့်ကာကာ့ကြောင့် ကျွန်တော့်မှာ အူလည်လည်နှင့်ပါသွားရပြန်သည်။
ရေချိုးခန်းတွင်း၌မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ကျွန်တော့်မှာပါးစပ်ကိုပင်မစိနိုင်။ရေချိုးခန်းကြမ်းပြင်တစ်ခုလုံးတွင်ဖြန့်ခင်းထားသည်က အနီရင့်ရောင်နှင်းဆီပွင့်ဖက်များ။ရေချိုးသည့်ရေပန်းကိုပျောက်လုနီးပါးချိတ်ဆွဲထားသည့် အသည်းပုံရောင်စုံပူပေါင်းတွေကလည်း အများအပြား။ရေချိုးခန်း၏နံရံတွင် အနီရောင်ဖောင်းကြွစာလုံးငယ်များနှင့်ရေးထိုးထားသည်က " Marry Me"ဟူ၍။
ထို့အတူကျွန်တော့်မျက်စိရှေ့တွင်ရှိနေသည်က ကျွန်တော့်နည်းတူလက်စွပ်ဘူးဝိုင်းလေးကိုကိုင်ထားသည့် ကာကာရယ်။
"ကောင်းကင်၊ငါ့ကိုလက်ထပ်ပါ"
အပြောစကားနှင့်အတူကျွန်တော့်ရဲ့လက်သူကြွယ်လေးဆီသို့ရောက်ရှိလာသည့်ကာကာ့ထံမှ လက်စွပ်လေး။အခုဆိုလျှင် ကျွန်တော့်၏ဘယ်ဘက်လက်လေးတွင် အရင်ကကာကာပေးထားခဲ့သည့် ဆင်းမြီးလက်စွပ်လေးရော၊အခု ကာကာပေးသည့် လက်ထပ်လက်စွပ်လေးရောနှင့် ပနံသင့်နေခဲ့လေပြီ။
ကျွန်တော့်မျက်နှာကိုတစိမ့်စိမ့်ကြည့်နေသည့် ကာကာရဲ့ မျက်နှာလေးကို ခပ်တင်းတင်းဆွဲယူပြီး မြတ်နိုးစွာနမ်းရှိုက်မိသည်က တစ်ကြိမ်တစ်ခါမှ မထိတွေ့ခဲ့ဖူးသည့််နှုတ်ခမ်းသားလေးဆီသို့။
နူးညံ့လွန်းသည့် အောက်နှုတ်ခမ်းသားနီရဲရဲလေးကိုငုံထွေးထားမိသည်က အချိန်မည်မျှကြာသွားသည်မသိ။ဂဟေဆက်နေသည့်နှုတ်ခမ်းနှစ်စုံ ခွာသည့်အချိန်မှာတော့ နှစ်ဦးစလုံးနှလုံးခုန်သံတွေမငြိမ်နိုင်တော့...။
"ချစ်တယ်...."
ကျွန်တော်ဝယ်လာခဲ့သည့် လက်စွပ်လေးကို ကာကာ့ရဲ့လက်သူကြွယ်လေးဆီသို့စွပ်ပေးရင်း ရင်ထဲမှဖြစ်ပေါ်လာသည့် စစ်မှန်သောစကားကိုဆိုမိသည်။
"ငါကပိုချစ်တယ်"
ခပ်ပြုံးပြုံးပြောလာသည့် ကာကာ့ရဲ့စကားတွေကိုလည်းပြိုင်မငြင်းဖြစ်တော့။ဘယ်သူကပိုချစ်ချစ် ကျွန်တော့်တို့ရဲ့အချစ်တွေကအမြဲထာဝစဉ်ခိုင်မြဲနေမှာကိုယုံကြည်သည်မို့...။
နောက်တစ်ကြိမ် ထပ်မံဖြစ်တည်လာသည့် အနမ်းတို့ရဲ့ဦးဆောင်သူကတော့ ကာကာပင်။ချိုမြိန်သည်...။ချစ်သူရဲ့ နှုတ်ခမ်းသားတွေကိုနမ်းရသည်ကချိုမြိန်သည်။ထိုချိုမြိန်သော အနမ်းတွေထက် ကာကာ့ရဲ့ရင်ထဲက အချစ်တွေကိုခံစားနေရသည်က ပို၍ချိုမြိန်သည်။ ထိုချိုမြိန်သောအချစ်တွေကို တစ်သက်လုံးခံစားခွင့် ရရုံနှင့်ပင် ကျွန်တော့်ဘဝကပြည့်စုံလွန်းမကပြည့်စုံနေလေပြီ..။
>>>>>>>>>>>♥>>>>>>>>>>>>>>>>>
Extra လေးကိုတော့ ro ပေးထားတယ်သိလား😁😁😁
ခုချိန်ထိအတူရှိနေပေးတဲ့ တစ်ဦးတစ်ယောက်ချင်းစီကို တကယ်ကြီး ကျေးဇူး အများကြီး...အများကြီးတင်ပါတယ်❤❤❤
အမှားပါရင်လည်းထောက်ပြပေးကြပါ😘
With Love
Zin❤