Heaven' offical blessing

By HaySar7

215K 13.2K 552

စိတ်ကူးတည့်ရာchapterလေးတွေကိုဘာသာပြန်ပေးပါသည်။ ကိုကိုနှင့် ဟွားချန်တို့ရဲ့ ရိုဆန်ဆန် ကလိကလိအပိုင်းလေးများကိုသ... More

🍁
🍁
🍁
🍁
🍁
🍁
🍁
🍁
🍁pic🍁
🍁
🍁pic🍁
🍁pic🍁
🍁pic🍁
🍁pic🍁
🍁
fic ကြေညာ😁

🍁

9.2K 771 28
By HaySar7

ရှဲ့လျန်သည် အလွန်အမင်းစိတ်လှုပ်ရှားနေပြီး အကြီးအကျယ်သတိရှိထားနေသောကြောင့် မျက်လုံးများကိုအတင်းမှိတ်လိုက်ကာ ဖြစ်ပျက်နေသောအခြေအနေကိုမေ့လွယ်ဖို့ရာ ပြုလုပ်နေမိ၏။

အရင်တခါက ရေအောက်တွင် အသက်ရှူ ရန် လေအထောက်အပံ့ပေးခဲ့တုန်းက ဒါကိုစတင်ခဲ့သူသည် ဟွားချန်သာဖြစ်သည်။

ရှဲ့လျန် နှုတ်ခမ်းတို့သည် ကြာရှည်လှသော အနမ်းတွေကြောင့် ဖူးရောင်ကာထုံတက်သွားအောက်ပင်ဖြစ်ခဲ့သည်ကို တွေးမိသော် ဟွားချန်ကသာ အပိုင်စီးစိုးမိုးခြယ်လှယ်ကာ အနမ်းတွေကိုနက်နဲစေခဲ့သည့် ထိုဖြစ်စဉ်အားရှဲ့လျန် ပြန်မတွေးရဲသည်အထိ...
ရှဲ့လျန်သည် ထိုအချိန်ကို တွေးကာ အချိန်ယူပြီးနောက် အားအရမ်းသုံးကာ ဟွားချန်အား ရုတ်တရတ်နိုးလာအောင်လုပ်မိသလိုဖြစ်သွားမည်ကိုစိုးရိမ်နေသောကြောင့် သတိအလွန်ကြီးစွာထားရင်း သူ၏နှုတ်ခမ်းကို ဟွားချန်၏နှုတ်ခမ်းပေါ်သို့ ညင်သာစွာ ထိကပ်လိုက်သည်။

သို့သော် ရှဲ့လျန်၏ မူလရည်ရွယ်ချက်သည်ကား ဟွားချန်ကိုမနိုးသွားစေရန်မဟုတ်?
အကယ်၍ ရှဲ့လျန်သာ အရမ်း ဖွဖွလေးနမ်းနေလျှင် သူတို့နှုတ်ခမ်းနှစ်ခု၏ကွာဟနေသည့်နေရာလပ်လေးကြားမှ အထောက်အပံ့ပေးနေသောလေများထွက်သွားမည်ဖြစ်သည်။ ဒီလိုဆိုလျှင် ရှဲ့လျန်၏လုပ်ရပ် အကျိုးမရှိဖြစ်သွားတော့မည်မဟုတ်လား?

ထို့ကြောင့် ရှဲ့လျန်သည် မျက်လုံးများကိုမှိတ်ထားကာ တာဝန်ဝတ္တရားအရ သာ ကယ်တင်ခြင်းဖြစ်သည်ဟု ကောက်ချက်ချ ပြီး အဝေးသို့ခဏခွာ လေများကိုရှူ သွင်းလိုက်ရင်း ဟွားချန်နှုတ်ခမ်းတွေဆီသို့ တကြိမ်ဖိကပ်လိုက်လေသည်။
ဒီတချိန်တွင်တော့ ရှဲ့လျန်
အနမ်းတို့က အရင်တခေါက်ကထက် ပိုမိုနက်ရှိုင်း၏။ဟွားချန်၏ အေးစက်နေသောခပ်ပါးပါးနှုတ်ခမ်းတို့ကို အပြည့်အဝ ဖမ်းယူငုံထားရင်း လေများကိုမှုတ်ထုတ်ပေးလျက်။

ဖြစ်စဉ်တစ်ခုလုံးတွင် ရှဲ့လျန်သည် မျက်လုံးတို့ကိုတချိန်လုံးမှိတ်ထားလျက် ဖွင့်ကြည့်လိုက်ဖို့ရာပင်မဝံ့ရဲခဲ့။ငါးကြိမ်...ခြောက်ကြိမ်မြောက် လေအသွင်းအထုတ်ဖြင့်လေကိုမျှဝေပြီးနောက် ရှဲ့လျန်သည် ဟွားချန်၏ရင်ဘတ်ကို ဖိနှိပ်ပေးရမည်ကို တွေးမိလိုက်မိပြီး မျက်လုံးများကိုဖွင့်လိုက်သည့်အခိုက်အတန့်တွင် ဟွားချန်၏ ပြူးကျယ်ဝိုင်းစက်နေသော မျက်လုံးအကြည့်တို့နှင့် တန်းခနဲ တိုက်ရိုက် ဆုံမိလေတော့သည်။

".........''

"...........''

ရှဲ့လျန်သည် ဟွားချန်၏ပါးပြင်လေးများကို လက်ဖဝါးလေးနှစ်ဖက်ဖြင့် အုပ်ကိုင်ထားဆဲဖြစ်ပြီး နှုတ်ခမ်းနှစ်ခုသည်လည်း အနီးကပ်အကွာအဝေးတွင်သာရှိနေလျက်...။ နူးညံ့သိမ်မွေ့သောထုံကျင်မှုများ၏ အာရုံခံစားချက်များပင် ကျန်ရှိနေဆဲဖြစ်သည်။
ချက်ချင်းဆိုသလိုပင် နှစ်ယောက်စလုံးသည် ကျောက်ရုပ်ဖြစ်သွားသလို တောင့်ခဲသွားကြသည်။ရှဲ့လျန်သည်ကြောက်စိတ်တို့ဖြင့်မလှုပ်ရှားနိုင်တော့လောက်အောင် ဖြစ်သွားသော်လည်း ဟွားချန်ကတော့ အမြဲအပူအပင်မဲ့သော မျက်နှာဖြင့် ပုံစံက အမြဲဆွဲဆောင်မှုရှိကာချောမောနေ၏။
ရှဲ့လျန်သည် သူ၏ခေါင်းထဲသို့သွေးများအလျန်အမြန်စီးဆင်းသွားခြင်းမှ သူမသေနိုင်ဘူးဆိုတာကို တကယ်မသိခဲ့ပေ။

အချိန်ကောင်းတွင် ရှဲ့လျန်သည်စကားစပြောလိုက်၏။

"စန်းလန် သတိရလာပြီပေါ့''

ဟွားချန်က စကားပြန်မပြော...

ထိုအခါရှဲ့လျန်၏ ဟွားချန် ပါးဆီသို့အုပ်ကိုင်ထားသောလက်ကလေးများသည် ဆက်ခနဲ အနောက်သို့ ဆုတ်ကာလွှတ်လိုက်မိပြီး

"မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ပါဘူး မဟုတ်ရပါဘူး မဟုတ်ဘူး...မင်း ထင်သလိုမဟုတ်ဘူး ငါက ဒီအတိုင်း လုပ်ပေးချင်...............''

ဘာကိုလဲ? အသက်ရှူ ဖို့် လေ အထောက်အပံ့ပေးဖို့လား?

တစ္ဆေ ဘုရင်က အသက်ရှူ ဖို့လေလိုအပ်တယ်တဲ့လား! ဒီစကားကိုအကျယ်ကြီးပြောထွက်မိတဲ့ သူ့ကိုယ်သူတောင် ရှဲ့လျန်မယုံနိုင်တော့သည်အထိ!!!

စကားလုံးတွေသည် ရှဲ့လျန်လည်ချောင်းထဲတွင်သာ ဆိုနင့်နေခဲ့၏။
ဟွားချန်ကလည်း သူ့ဘာသူ ထလိုက်ရင်း ရှဲ့လျန်အား စိတ်ငြိမ်စေရန်လက်ဖြင့်ပုတ်ပေးလိုက်ရင်း

"အရှင့်သား အရင်ဆုံး စိတ်ကိုလျော့ပါ''

ရှဲ့လျန်သည် လက်နှစ်ဖက်ဖြင့် သူ့ခေါင်းကိုသူ အုပ်ကိုင်လိုက်ပြီးသူ့ပုံစံသည်လည်း ကမောက်မဖြစ်နေ၏။ နောက်ဆုံးတွင် လက်ဝါးနှစ်ဖက်ကိုပူးကပ်ကာ လက်အုပ်ချီလျက် ဟွားချန်အား ဦးညွှတ်တောင်းပန်လိုက်သည်။

"တောင်းပန်ပါတယ် တကယ်ကို တောင်း တောင်းပန်ပါတယ် ''

အော်ဟစ်တောင်းပန်ပြီးနောက် ရှဲ့လျန်သည် ဆန့်ကျင်ဘက် သို့ထွက်ပြေးသွား၏။ ဟွားချန်က ရှဲ့လျန်ကိုရပ်တန့်စေဖို့ရာ အနောက်မှပြေးလိုက်သွားပြီး ရှဲ့လျန်နောက်မှ အော်ခေါ်လျက်...

"အရှင့်သား!!!''

ရှဲ့လျန်သည်ကားနားနှစ်ဖက်ကိုအုပ်လိုက်ကာ ပြေးရင်းက သူ၏အမိုက်အမဲကိုဒဏ်ခတ်ထားသကဲ့သို့ အော်ဟစ်တောင်းပန်နေလေသည်။

"တောင်းပန်ပါတယ်''

သေလိုက်ပါ! သေသာသေလိုက်ပါတော့!
သူ မသေနိုင်လျှင်ပင် တနေရာရာကတွင်းနက်ကြီးထဲခုန်ချပြီးပဲ သေသလိုဟန်ဆောင်နေလိုက်ပါမည်!

ရှဲ့လျန်က လျင်မြန်စွာလှုပ်ရှားလိုက်ပြီး တောင်အုပ်နက်နက်ထဲသို့ တဟုန်တိုးပြေးဝင်သွားလိုက်၏။

ရှဲ့လျန် ပြေးနေချိန် ရုတ်တရတ်တွင် ချွန်ထက်သောမြားအစုလိုက်က သူ့ဆီသို့ အရှိန်ဖြင့်ပစ်ဝင်ကျရောက်လာကြသည်။ရှဲ့လျန် အလွန်ပင်ထိတ်လန့်သွားသော်လည်း သူ၏စွမ်းအင်တို့ကသတိရှိနိုးကြားလျက် ချွန်ထက်သောအရိုးဆူးတို့ကို လက်ဖြင့်ဖယ်ရှား လိုက်သည်။
ရှဲ့လျန်သည်ရုတ်ခနဲ ရပ်တန့်လိုက်ပြီး တိုက်ခိုက်လာသည့်မြားတွေလာရာသို့သွားရောက်ကြည့်လိုက်တော့ ဘာကိုမှမတွေ့ရဘဲ ချုံပုတ်တွေကသာလှုပ်ရှားနေသည်ကိုတွေ့လိုက်ရသည်။
ချုံ ပုတ်ထဲတွင် အန္တရယ်တစ်ခုခုရှိနေသည်ကိုသိလိုက်ရသော် ရှဲ့လျန်သည် ချက်ချ စိတ်ငြိမ်အောင်ထားလိုက်ပြီး ပြန်လှည့်ကာအနောက်သို့ပြန်ပြေးထွက်လိုက်သည်။

"စန်းလန်''

ဟွားချန်ကလည်း နောက်မှပြေးလိုက်လာသည်မို့ အနီးဆုံးတွင်ရှိနေပြီးသားဖြစ်သောကြောင့် ရှဲ့လျန် ပြန်လှည့်ပြီး ပြေးထွက်လိုက်သည်နှင့် တခါတည်း ဟွားချန်အားထွေးပွေ့လိုက်တော့၏။
ဟွားချန် လက်မောင်းတွေကိုဆုပ်ကိုင်လိုက်ပြီး

"ပြေး...တောထဲမှာအန္တရာယ်ရှိတယ် ''

ပြောရင်း တောအုပ်အပြင်သို့ထွက်ပြေးခဲ့သည်။

ဟွားချန်သည် ရှဲ့လျန် နောက်သို့သာလိုက်လာခဲ့ပြီး နောက်ဆုံးတွင် သူတို့လာခဲ့သော အရင်နေရာသို့ပြန်လည်ပြေးလာကြသည်သာ။ ကမ်းခြေသို့ပြန်ရောက်နိုင်ပြီးမှသာ ရှဲ့လျန် အသက်ရှူ ရသက်သာသွားစေလျက်

"ငါတို့နောက်ကိုလိုက်မလာတော့ဘူး...ဟူး
ကြင်နာမှုကိုကျေးဇူးတင်ပါတယ်'

ထိုအခါ
ဟွားချန်က ဝေဖန်ပြောဆိုပေးလာသည်။

"အာ...ဒီကျွန်းမှာ အချို့အရာသေးသေးလေးတွေရှိတယ် ဒါပေမယ့် မစိုးရိမ်ပါနဲ့ ကိုကို...
ဒီနေရာကို သူတို့လိုက်မလာကြပါဘူး''

ထိုစကားကိုကြားခါမှ ရှဲ့လျန်ချက်ချင်း သတိရလိုက်မိသည်က...
ဒီလိုအရာလေးတွေကို ဟွားချန်ကကြောက်တယ်ဆိုတာ ဘယ်လိုဖြစ်နိုင်ပါ့မလဲ!
ရှဲ့လျန်ငုံ့ကြည့်ကာသတိထားမိလိုက်သောအခါ ရှဲ့လျန်လက်များက ဟွားချန်လက်များအား ဆုပ်ကိုင်ထားဆဲဖြစ်သည်ကိုပါ သိလိုက်ရတော့ တကိုယ်လုံးတောင့်ခဲသွားရပြန်သည်သာ။ထို့နောက်လျင်မြန်စွာ လက်ကိုလွှတ်ပေးလိုက်ကာ ဘေးသို့ပင်ရွေ့လျားပြီးအနားမှခွာမိသည်။

သူတို့နှစ်ယောက်ကြား အကွာအဝေးတစ်ခုကွားဝေးလျက် အတော်ကြာကြာငြိမ်သက်စွာသာရပ်နေမိကြပြီး ခဏအကြာတွင်တော့ ဟွားချန်က သက်ပြင်းချရင်း သူ၏အကျီကော်လံစကို ပြန်ဆွဲတင်လျက်စကားပြော၏။

"ခုနာတုန်းက ကျနော့်ကိုကယ်တင်ပေးတဲ့အတွက် ကြင်နာမှုကိုကျေးဇူးတင်ပါတယ် ကိုကို...
လူသားတယောက်ရဲ့ခန္ဓာကိုယ်က ပင်လယ်ထဲကိုသွားရတာ လုံးဝအဆင်မပြေဘူး ကိုကို...
ရေငန်တွေပါးစပ်ထဲဝင်ပြီးအသက်မရှူ နိုင်ဖြစ်သွားရတယ် တကယ်မနှစ်မြို့စရာကြီးရယ်''

ရှဲ့လျန်စကားမဆိုနိုင်မဖြစ်ခဲ့ပေ။
ဟွားချန်က သူ့အားစိတ်သက်သာမှုကိုပေးစေသော်လည်း ဟွားချန်စကားနောက်မှလိုက်ကာ ခေါင်းကိုကိုင်းညွှတ်လိုက်ပြီး မသဲမကွဲလေသံဖြင့်စကားလုံးတွေကိုဆို၏။

"ဘာမှမဖြစ်ပါဘူး အဲ့ဒါအတွက်စိတ်မပူပါနဲ့ ''

ရှဲ့လျန်စကားပြော ရပ်လိုက်သည်နှင့်
်ဟွားချန်က ထပ်ပြောလိုက်၏။

"ဒါပေမယ့် ကိုကို လုပ်တာမမှန်ဘူး''

ထိုအခါ ရှဲ့လျန်ကသောကစိတ်များဖြင့် ပြန်မေးလာသည်။

"အဲ့လိုမဟုတ်ဘူးလား...ငါက ဒီအတိုင်း လေး လေကိုမှုတ်ထုတ်ပေးဖို့ပဲလိုတယ်လို့ တွေးမိလို့...''

"ဟုတ်တယ် အဲ့တာမမှန်ဘူး''

ဟွားချန်ကပြန်ပြောလိုက်သည်။
"နောက်တခါ ဘယ်သူ့ကိုမှ ဒါမျိုးကို သာမန်ကာလျှံကာလေးလုပ်ပေးမယ်ဆိုရင်တောင် မလုပ်ပေးပါနဲ့ ကိုကို...မဟုတ်လို့ကတော့... ''

မဟုတ်လို့ကတော့ သူ အသက်တချောင်းကိုမကယ်ရရုံမက ဒီတိုင်းပဲ အဆုံးသတ်ရမယ်ပေါ့...
ဟွားချန်၏ လေးလေးနက်နက်ပြောလာခဲ့သောအသံက ရှဲ့လျန်အားအတော်လေးရှက်သွားစေသည်။ဒါမျိုးကို အရင်ကသူဘယ်တုန်းကမှမလုပ်ခဲ့ဖူးသော်လည်း မဟုတ်လို့ကတော့ ဆိုသည်က တကယ့် တားမြစ်ချက်တစ်ခုပင်ဖြစ်သည်။

ရှဲ့လျန်သည်အလျန်အမြန်ပင် ကျိန်ဆိုလိုက်သည်။

"မလုပ်ဘူး မလုပ်ဘူး ''

ထိုအခါမှ ဟွားချန်ကခေါင်းငြိမ့်ပြပြီးအားရပါးရပြုံးလိုက်သည်။ရှဲ့လျန်သည် လေမှုတ်သွင်းသည့်ကိစ္စကို ဘယ်လိုလုပ်သင့်သလဲ ဆိုသည့် အကြောင်းအရာကိုမေးချင်မိသော်လည်း ထိုကိစ္စနှင့်ပတ်သက်၍ဘာကိုမှ ဆက်မပြောရဲတော့ပေ။
ရှဲ့လျန်သည် ထိုအကြောင်းအရာကိုစိတ်ထဲတွင်သာ သိမ်းထားလိုက်ပြီး ဘေး ပတ်ဝန်းကျင်သို့ ကြည့်လိုက်သည်။ထို့နောက်ရှဲ့လျန်ကမေးလိုက်၏။

"ဒီနေရာက တကယ်ပဲ လူတွေအတွက်လမ်းကြောင်းမရှိတဲ့ လူသူကင်းမဲ့တဲ့ကျွန်းကြီးလား?''

"သေချာတာပေါ့'' ဟွားချန်ကပြန်ပြောလိုက်သည်။

"ဒီကျွန်းက လှေတွေကိုနစ်မြုပ်စေသူ မှော်ရေနက်အရှင် (ရေနက်မိစ္ဆာ )သားရဲတွင်းရဲ့ နှလုံးသားပဲ...ရေနက်မိစ္ဆာ ကျွန်း''

ဟွားချန်က တပ်အပ်ပြောနေ၏။အင်းလေ...
န်းတစ်ပွင့်အားလက်ကမ်းမူ သွေးမိုးအဟူနှင့် လှေတွေကိုနစ်မြုပ်စေသူ မှော်ရေနက်အရှင် တို့သည်အချင်းချင်း သိကြလိမ့်မည်ဖြစ်သည်။

"စန်းလန် ဒီကိုရောက်ဖူးလား''

ရှဲ့လျန်ကမေး၏။
ဟွားချန်ကခေါင်းခါလိုက်ရင်း

"မရောက်ဖူးပါဘူး ဒါပေမယ့် ဒီကျွန်းကို ကျနော်သိတယ်''

🍁🍁🍁🍁🍁

ရိုတဲ့အပိုင်းလေးတွေ ကလိကလိအပိုင်းလေးတွေကိုပဲ သီးသန့် ဖတ်စေချင်လို့ ရွေးပြီးပြန်ပေးထားတာပါနော်လို့ ထပ်ပြောပါတယ်နော်😘
အဆင်ပြေကြဖို့မျှော်လင့်ပါတယ်💓
Trans တဲ့ မြန်မာအရေးအသားလေးများ ညံ့ဖျင်းခဲ့ရင် ဖတ်ရအဆင်မပြေရင် ခွင့်လွှတ်ပေးကြဖို့😘

Continue Reading

You'll Also Like

459K 8.3K 8
စိတ် အဆင်ပြေသလောက် ရေးပါမည်။ Over possessive Seme Beau Uke
443K 84.5K 130
🍁 සුදුපාට පාසල් ඇඳුමේ තරුණ සුවඳ එක්ක කාකි ඇඳුමේ සුවඳ මුහු කරන් තේ දල්ලක කහට සුවඳ එක්ක එක යායට පෙනෙන රබර් යායවල්, ඇළ දොල වල සීතල දරාගෙන හිතුවක්කාර ය...
341K 5K 14
ယောက်ဖကို မြူစွယ်မည့် ဒွိလိင်ကောင်လေးအကြောင်း 21+ ပါ smut အသားပေး fiction တစ်ပုဒ်ဖြစ်လို့ အသက်မပြည့်ရင်မဖတ်စေလိုပါ။