🍁

9.4K 751 56
                                    

Zawgi...

ရှဲ့လျန်တို့နှစ်ယောက် ကမ်းခြေကို ပြန်ရောက်လာကြတော့ ပင်လယ်ရဲ့မျက်နှာပြင်သည်မှောင်ရီပျိုးစပြု ပြီး မှောင်မိုက်လာပြီဖြစ်၏။
ရှဲ့လျန်သည် သစ်သားစတစ်ခုကိုမြေပြင်ပေါ်မှကောက်ယူလိုက်ကာ အဝေးသို့ပစ်ကြည့်လိုက်သည်။သစ်သားဆိုသည်မှာ ရေတွင်အမြဲပေါလောပေါ်နေတတ်ပေမယ့် ယခုတွင်ကား သစ်သားစသည် ပင်လယ်ရေပြင်၏တနေရာအရောက် ရေအောက်သို့ချက်ချင်းနစ်မြုပ်သွားလျက်ရှိသည်။
ရှဲ့လျန်က တောအုပ်ကြီးကိုပြန်ကြည့်လိုက်ရင်း ပြောလိုက်သည်။

"လှေတစ်စင်းဆောက်ပြီးသွားဖို့လည်းအသုံးမဝင်လောက်ဘူး ဒီလိုအပြင်အဆင်မျိုးတွေကဒီမှာ အလုပ်မဖြစ်လောက်ဘူး ဒီကျွန်းကနေထွက်ခွာဖို့ ငါတို့ ဘာလုပ်သင့်တယ်ထင်လဲဟင်''

"အသုံးမဝင်ဘူးလို့ဘယ်သူပြောလဲ''

ဟွားချန်က ပြန်ပြောလာ၏။

"အခေါင်းတလားတစ်ခုကိုအသုံးပြုလို့ရတယ်
ဒါပေမယ့် လူသေတယောက်ထည့်ထားတဲ့အခေါင်းတလားကသာ ရေနက်မိစ္ဆာရဲ့သားရဲတွင်းထဲမှာ ပေါလောပေါ်နိုင်မှာ''

ဟွားချန်စကားတို့မဆုံးခင်မှာ ရှဲ့လျန် ချက်ချင်းသတိရလိုက်မိတာက...
အခေါင်းတလား တစ်ခု...ဒီနေရာမှာသစ်ပင်တွေအများကြီးရှိတော့ပြုလုပ်ဖို့အဆင်ပြေပေမယ့် သေပြီးသားလူတယောက်?

ရှဲ့လျန် မျက်လုံးတွေရဲ့မြင်ကွင်းထဲက ညာဘက်စွန်းပုံရိပ်လေးတစ်ခု ...ဟွားချန်က အဆင်ပြေပြေလေးပြုံး ပြလာလျက်

"ကျနော် အဲ့ဒီထဲမှာလှဲနေလိုက်ရင် အဆင်ပြေသွားပြီ မဟုတ်လား''

ဟွားချန်ပြုံးနေသော်လည်း ရှဲ့လျန် နှလုံးသားကအကြောင်းပြချက်အချို့ကြောင့် တင်းကျပ်လာရသြည်။

ဟွားချန်သည် လက်ဖဝါးတို့ကိုဖြန့်လိုက်သောအခါ ထိုလက်ဖဝါးတို့မှ အဲ့မင် ထွက်ပေါ်လာခဲ့သည်။သူတို့နှစ်ယောက်သည် လိုအပ်သောပစ္စည်းများစုဆောင်းရန်ပြောဆိုခဲ့ကြပြီး ပစ္စည်းများကိုစတင်စုဆောင်းကြသည်။တော၏အနက်ပိုင်းသို့ မသွားခဲ့ကြသောကြောင့် ချောင်းမြောင်းတိုင်ခိုက်မှုကိုလည်းမခံခဲ့ရဘဲသစ်ပင်များကို ခုတ်လှဲရန်စီစဉ်ခဲ့ကြသည်။အလုပ်လုပ်နေရသည့်အချိန်တွေဟာ မျက်စိတခတ်အတွင်းကုန်ဆုံးသွားခဲ့ပြီး ကောင်းကင်သည်အမှောင်ဝင်လာကာ ပတ်ဝန်းကျင်မှာလည်းသဲသဲကွဲကွဲမရှိတော့ချေ၊။သူတို့နှစ်ယောက်သည်အလုပ်တွေကိုခွဲဝေလုပ်ဆောင်ကြရင်း စမ်းသပ်ချက်များကိုလည်းသူတို့နည်းနှင့်သူတို့ပြုလုပ်ကြကာ နောက်ဆုံးတွင် အခေါင်းတလား တစ်ခု အောင်မြင်စွာဆောက်လုပ်ပြီးစီးခဲ့၏။

Heaven' offical blessing Where stories live. Discover now