Zawgyi...
" ခ်စ္ရေသာ ကုိကုိ " ( အပုိင္း_၄ )
မနက္ခင္းေနေရာင္ျခည္ႏုႏုသည္ျပတင္းေပါက္မွ
တစ္ဆင့္ ရိေပၚအိပ္ခန္းေလးထဲကုိတုိးဝင္လာ၏ ။
ရိေပၚမ်က္ဝန္ေလးဆီက်ေရာက္လာေပမယ့္လည္း
ရိေပၚမထခ်င္ေသးဘဲ ေပေတကာေခါင္းေလး တ
လႈပ္လႈပ္ျဖစ္ေနတုန္းပင္ ။
"အင္း..."
ေ႐ွာင္းက်န္႔မ်က္ဝန္းေတြလည္းပြင့္လာ၏ ။ ရင္ခြင္ထဲကုိ
ငုံ႔ၾကည့္ေတာ့ ဟုိကေလး ။ ဒါဘယ္လုိျဖစ္တာလဲ ။
ေ႐ွာင္းက်န္႔ႏွလုံးအိမ္ေလးပူေႏြးလာ၏ ။ ညကေနာက္က်
ေနတာနဲ႔ကုိယ့္အိပ္ရာကုိယ္ျပန္မအိပ္ျဖစ္ဘူး ။ ေမေမျမင္
သြားရင္ေတာ့ ေ႐ွာင္းက်န္႔နဲ႔ဒီကေလးသင့္ျမတ္ေနၾကၿပီလုိ႔
ေျပာေနမွျဖင့္ ။ ဒီကေလးနဲ႔ျဖစ္ႏုိင္ရင္ ေ႐ွာင္းက်န္႔မပတ္
သတ္ခ်င္ ။
ေ႐ွာင္းက်န္႔ရင္ခြင္ထဲအိပ္ေမာက်ေနတဲ့ဝမ္ရိေပၚမ်က္ႏွာ
ေခ်ာေခ်ာေလးကုိၾကည့္မိေတာ့ မ်က္ခုံးနက္နက္နဲ႔ႏွာတံ
ခြၽန္ခြၽန္ နီရဲေနတဲ့ႏႈတ္ခမ္းေလးရယ္ ။ ထူေယာင္ေယာင္
ျဖစ္ေနတဲ့ႏႈတ္ခမ္းေလးက ဝမ္ရိေပၚႏွင့္လုိက္ဖက္သည္ ။
အသားအရည္ဝင္းမြတ္မႈက ေ႐ွာင္းက်န္႔ထက္ေကာင္း၏ ။
ရိေပၚအိပ္ေနရင္းမ်က္လုံးမဖြင့္ခ်င္ေသးသည္ေၾကာင့္
ေ႐ွာင္းက်န္႔ရင္ခြင္ထဲသာ တုိးတုိးဝင္၏ ။ ရိေပၚႏႈတ္ခမ္း
ေလးက ေ႐ွာင္းက်န္႔ရင္ဘတ္နားဝဲပ်ံသည္ ။ ေ႐ွာင္းက်န္႔
အတြင္း႐ွိႏွလုံးသားသည္လည္းတေႏြးေႏြးခုန္ေန၏ ။
ေ႐ွာင္းက်န္႔အခုမွသတိရမိ၏ ။ မိမိလက္ေတြသည္လည္း
ဝမ္ရိေပၚ၏ခါးတစ္ေနရာကုိျပန္လည္ဖက္ထားသည္ ။
ေ႐ွာင္းက်န္႔ထုိလက္ေတြကုိအျမန္ဖယ္လုိက္ေတာ့ ရိေပၚ
မ်က္ဝန္းေလးလႈပ္လာသလုိမ်က္ေတာင္ေလးခပ္လာ၏ ။
ေ႐ွာင္းက်န္႔ေျပာသည္ ။
"ႏုိးရင္ထေတာ့..."
"ဟင္...အာ ကုိကုိ ေတာင္းပန္ပါတယ္"
ရိေပၚ ေ႐ွာင္းက်န္႔ရင္ခြင္ထဲမွအလန္႔တၾကားထေတာ့
ေျခေထာက္ကေစာင္ႏွင့္ညိကာ ေ႐ွာင္းက်န္႔ရင္ဘတ္
ေပၚကုိျပဳတ္က်ျပန္သည္ ။
"ဝမ္ရိေပၚ!!"
"ကုိုကို"
ေ႐ွာင္းက်န္႔၏ေယာက်္ားပီသေသာ မ်က္ခုံးတန္းႏွစ္ဖက္
မွာၾကဳံ႕တက္သြားၿပီးမ်က္ႏွာတစ္ခုလုံးနီေတာက္လာ၏ ။
ကုိကုိရင္ဘတ္ေပၚအားရပါးရျပဳတ္က်မွေတာ့ ကုိကုိေဒါသ
ထြက္တာမဆန္းေပ ။
"သားႀကီး...သား က်န္႔က်န္႔!!"
ေမေမ့အသံတဆာဆာကုိရိေပၚအခန္းငယ္ေလးထဲမွ
ၾကားေနရသည္ ။ ေ႐ွာင္းက်န္႔မိမိရင္ခြင္ထဲကၿငိမ္သက္
ေနတဲ့ ထုိကေလးလက္ေတြျဖင့္တြန္းဖယ္လုိက္စဥ္...
"သားငယ္...ကေလးေလးေရ!!"
ေမေမသည္ေ႐ွာင္းက်န္႔ကုိအခန္းေ႐ွ႕မွေခၚ၍မရေတာ့
ရိေပၚကုိေခၚႏုိးရန္တစ္ဖက္အခန္းေ႐ွ႕ကုိကူးလာေလ၏ ။
"ရိေပၚေလးေရ..."
ေမေမ့အသံၾကားသည္ႏွင့္ရိေပၚတစ္ေယာက္ပ်ာပ်ာသလဲ
ျဖစ္ေန၏ ။ ေ႐ွာင္းက်န္႔မ်က္ႏွာထားကေတာ့ ေအးေဆး
တည္ၿငိမ္ေန၏ ။
"ကုိကုိ...ဘယ္လုိလုပ္မလဲ"
"ၿငိမ္ၿငိမ္ေနစမ္း...မ်က္စိကုိေနာက္ေနေရာ"
"ဟုတ္ ကုိကုိ"
ေ႐ွာင္းက်န္႔ေငါက္မွၿငိမ္သြားသည့္ရိေပၚ ။
"သားငယ္...မထေသးဘူးလား
ေမေမအခန္းထဲဝင္လာၿပီေနာ္!!"
"အာ...ေမေမ ဝင္မလာနဲ႔ဦး ဝင္မလာနဲ႔
သားအဝတ္ေတြမဝတ္ရေသးဘူး"
ရိေပၚမ်က္ႏွာေလးနီရဲလ်က္ပင္ ေမေမ့ကုိေအာ္ေျပာ
လုိက္ရသည္ ။ ကုိကုိ႐ွိလည္းမတတ္ႏုိင္ဘူးေလ ။
ကုိကုိကေတာ့ "ဘာလုိ႔အဲ့လုိေျပာလုိက္တာလဲ" ဟု
ရိေပၚကုိမ်က္ေမွာင္ၾကဳတ္ၾကည့္၏ ။
"ဟီး..."
အေျခအေနအရမုိ႔ပါ ကုိကုိရ ။
ရိေပၚစိတ္ထဲကေနျပန္ေျပာမိ၏ ။
"ဒါဆုိလည္းၿပီးေရာ သားငယ္
မေန႔ကသားငယ္ေျပာတာၾကားလုိ႔
ဒီမနက္ေက်ာင္းအေစာသြားရမယ္ဆုိလုိ႔ေလ"
"အာ...ဟုတ္တယ္ ေမေမ ေက်းဇူး!!"
ရိေပၚအခန္းတံခါးေလးပိတ္ထားရင္းနဲ႔သာ
ေအာ္ေျပာေန၏ ။
ေ႐ွာင္းက်န္႔ရိေပၚကုိစုိက္ၾကည့္ေနသည္ ။
"ဟက္...ဒီလုိအသံေကာင္းေနပုံေပါက္ရင္
မင္းေနေကာင္းသြားၿပီေပါ့"
"ဟင္ ဟုိ..."
ရိေပၚႏႈတ္ခမ္းေလးမသိမသာစူလာသည္ ။
ဟင့္အင္း ရိေပၚေနမေကာင္းျဖစ္တုန္းပဲ ။
ရိေပၚဖ်ားေနတုန္း ကုိကုိ ။
"တံခါးဖြင့္ၾကည့္ေပး ေမေမသြားၿပီလားလုိ႔"
"ဟုတ္" ရိေပၚအသံေလးေဆာင့္ေအာင့္ကာေျပာသည္ ။
ေ႐ွာင္းက်န္႔ႏႈတ္ခမ္းေလးမသိမသာျပဳံးသြား၏ ။
"မ႐ွိေတာ့ဘူး ကုိကုိ"
"ေက်းဇူးပဲ ဝမ္ရိေပၚ"
"ဟား...မဟုတ္တာရိေပၚကသားကုိကုိ႔ကုိ
ေက်းဇူးတင္ရမွာပါ ေက်းဇူးေနာ္ ကုိကုိ"
အျပဳံးေလးျဖင့္ေျပာလာတဲ့ရိေပၚအျပဳံးေတြက ေ႐ွာင္းက်န္႔
ကမၻာကုိေခတၱၿငိမ္သက္ေစသည္ ။
ဝမ္ရိေပၚျပဳံးလုိက္ရင္ အဲ့သေလာက္လွသလားေလ ။
"မလုိဘူး ရိေပၚ"
ေ႐ွာင္းက်န္႔ပါးျပင္ေတြနီရဲလာကာ ရိေပၚပခုံးကုိတုိက္ရင္း
ထြက္သြား၏ ။
ကုိကုိစိတ္တုိသြားျပန္ၿပီထင္တယ္ ။
ရိေပၚ...မင္းဟာေလ ကုိကုိ႔အခ်စ္ေတြကုိဘယ္ေတာ့မွ
ရမွာမဟုတ္ဘူး ။ ကုိကုိ႔ေဒါသေတြနဲ႔ပဲတန္တယ္ ။
ေ႐ွာင္းက်န္႔အခန္းထဲေရာက္ေတာ့ ရိေပၚအျပဳံးေတြက
သူ႔မ်က္ဝန္းထဲကလုံးဝမထြက္သြားခဲ့ ။ ေ႐ွာင္းက်န္႔
နားရြက္ဖ်ားေတြပင္ ရဲတက္လာသည္ ။
ေ႐ွာင္းက်န္႔စိတ္ေတြလည္းမ႐ုိးသားစြာ႐ွိေနေလရဲ႕ ။
"သားငယ္"
"ဗ်ာ...ေမေမ"
"ေက်ာင္းသြားရင္ မားလုပ္ထားတဲ့မုန္႔ေတြယူသြားဦး
သူငယ္ခ်င္းေတြနဲ႔အတူစားေနာ္ သားငယ္"
"ဟုတ္ ေမေမ"
ရိေပၚ ေမေမျပင္ဆင္ေပးထားတဲ့ဘူးေလးကုိ
ယူရင္းေက်ာင္းသြားရန္အိမ္ေ႐ွ႕ကုိထြက္လာေတာ့
"အာ့...ကုိကုိ"
"မင္း ၾကည့္ရတာ အေတာ္သက္သာသြားၿပီပဲ"
ကုိကုိရိေပၚလက္ေဖြးေဖြးေလးကုိဆုပ္ကုိင္ရင္း
ေျပာလာသည္ ။ ရိေပၚလက္ေဖြးေဖြးေလးမွာ
ကုိကုိရဲ႕လက္ငါးေခ်ာင္းအရာ ။
"ဟုတ္ သက္သာေနပါၿပီ
ရိေပၚလက္ကုိလႊတ္ပါဦး ကုိကုိ"
"ဟြန္႔...မင္းလက္ကုိသိပ္ကုိင္ခ်င္တယ္မ်ား
ထင္ေနသလား ဘဝင္ကလည္းျမင့္ပါ့"
"မဟုတ္ဘူး အဲ့လုိသေဘာမ်ဳိးမဟုတ္ဘူး"
"ေတာ္စမ္း မင္းအခ်ဳိးေတြမသိတာၾကလုိ႔
သိပ္ၿပီးစပ္စပ္ထိခံျဖစ္မေနနဲ႔ ဟြန္႔"
ကုိကုိရဲ႕နီရဲသြားတဲ့ မ်က္ႏွာေခ်ာေခ်ာကုိရိေပၚျမင္၏ ။
ကုိကုိ႐ွက္သြား၍လား ရိေပၚကုိသာေအာ္ေငါက္သြား
ျပန္သည္ ။
ကုိကုိစိတ္ဆုိးသြားေတာ့ ရိေပၚေက်ာင္းကုိလမ္းေလ်ွာက္
သာသြားခဲ့ရ၏ ။
ကုိကုိရိေပၚဆုိသိပ္အႏုိင္က်င့္ ။ အရမ္းလည္းဆုိးတယ္ ။
တစ္ခါတစ္ေလ ကုိကုိကအငယ္လား ရိေပၚကအငယ္လား
ေဝခြဲမတတ္ႏုိင္ေလာက္သည္အထိ ကုိကုိကေကာက္ေသး
သည္ ။
ဒါေတြကုိပဲ ရိေပၚခ်စ္ေနခဲ့ရတာမလား ။
ကုိကုိသာအနား႐ွိရင္ ဘယ္လုိပုံစံျဖစ္ျဖစ္ရိေပၚခ်စ္ႏုိင္
မယ္ထင္ပါရဲ႕ ။
ရိေပၚေက်ာင္းကုိေရာက္လာေတာ့ အတန္းထဲမဝင္
ေသးပဲ ေက်ာင္းဝင္တစ္ေနရာ႐ွိအရိပ္ေကာင္းေကာင္း
ရတဲ့ သစ္ပင္တစ္ပင္ဝင္ထုိင္မိေသး၏ ။
ေမေမလုပ္ေပးလုိက္တဲ့ မုန္႔ဘူးေလးကုိဖြင့္စားရင္း
လမ္းမထက္ေက်ာင္းသားေက်ာင္းသူေတြကုိေငးၾကည့္
မိသည္ ။
"ေဟ့"
ရိေပၚကုိေခၚေနတဲ့လူကုိၾကည့္လုိက္မိသည္ ။
သူ...ဟုိးတစ္ေန႔က ေကာင္ေလး ။
"ဟင္ မင္းက ဟုိတစ္ေယာက္!!"
"အုိး မုန္လာဥေလး ငါ့ကုိမွတ္မိတယ္ေပါ့"
"မင္းနာမည္က...ဝမ္ က်ဳိး ခ်န္"
"Right!! မင္းကဥာဏ္ေကာင္းလုိက္တာ"
ရိေပၚေခါင္းေလးကုိဖြဖြပြတ္ကာ က်ဳိးခ်န္ကေျပာ၏ ။
ရိေပၚကေတာ့ ျပဳံးျပဳံးေလးသာေခါင္းငုံ႔ထားသည္ ။
"မင္းလည္းဒီေက်ာင္းကပဲလား"
"အင္း ဆုိပါေတာ့!!"
"ငါက ဝမ္ရိေပၚ"
"ဝုိး...တုိက္ဆုိင္လုိက္တာ"
"ဘာကုိ..." ရိေပၚကနားမလည္သလုိ ေခါင္းေလးေမာ့ကာ
က်ဳိးခ်န္ကုိေမးလာ၏ ။
က်ဳိးခ်န္ကရိေပၚနံေဘးဝင္ထုိင္းရင္း ပါးေဖာင္းေဖာင္းေလးကုိ
ခပ္ဖြဖြညစ္ကာ ရယ္ရင္းေျပာလာသည္ ။
"မင္းက ဝမ္ရိေပၚ!! ငါက ဝမ္က်ဳိးခ်န္!!
ငါတုိ႔ကမ်ဳိး႐ုိးတူတယ္ေလ ညီအစ္ေတြေပါ့
ဟုတ္တယ္မလား"
"အင္း ဟုတ္တယ္ေနာ္"
က်ဳိးခ်န္ႏွင့္အတူ ရိေပၚပါရယ္မိေလ၏ ။
"အဟက္!!"
ရိေပၚတုိ႔အနားကုိရယ္သံတစ္စလြင့္ျပယ္လာသည္ ။
ရိေပၚေခါင္းေလးေစာင္းကာ ေငးၾကည့္ေတာ့ ႏႈတ္ခမ္း
ကုိမဲ့ထားတဲ့ လူတစ္ေယာက္ ။
"ကုိကုိ"
"ေက်ာင္းခန္းထဲမဝင္ပဲ ဘာလုပ္ေနလဲ ဝမ္ရိေပၚ"
ကုိကုိသည္ ရိေပၚကုိေျပာေနရင္းပင္ က်ဳိးခ်န္ဆီကုိ
အၾကည့္တုိ႔ကပုိ႔ထား၏ ။
"ကုိကုိ...တကယ္ေတာ့ေလ!!"
"ငါနဲ႔လုိက္ခဲ့ ဝမ္ရိေပၚ"
"ဗ်ာ..."
ရိေပၚလက္ကုိတင္းၾကပ္စြာ ဆြဲကုိင္သြားတဲ့ကုိကုိ႔
လက္ေတြေၾကာင့္ ရိေပၚမ်က္ႏွာေလးအနည္းငယ္
မဲ့မိ၏ ။ က်ဳိးခ်န္းကေတာ့ ဘာကုိမွနားမလည္လုိက္
သည္မုိ႔ေၾကာင္ေငးကာၾကည့္ရင္း က်န္ခဲ့သည္ ။
ထမင္းဘူးေလးေတာင္မသိမ္းခဲ့ရဘူး ။
အဲ့ကုိကုိဟာေလ ဇြတ္ခ်ည္းပဲ ။
"အ..."
"မင္းကုိငါလုိက္႐ွာေနတာ
မင္းကအေလလုိက္ဖုိ႔ပဲေခ်ာင္းေနတယ္"
"မဟုတ္ဘူး ေက်ာင္းခ်ိန္ေစာ..."
"ေတာ္ၿပီ မင္းဆင္ေျခကမကုန္ႏုိင္ဘူး"
ရိေပၚစိတ္ညစ္မိ၏ ။ ကုိကုိဟာေလ သူထင္ခ်င္ရာ
ထင္၏ ။ တစ္ဖက္လူရဲ႕ေျပာစကားကုိသူဘယ္ေတာ့မွ
နားမေထာင္ ။ ကုိကုိဟာ တစ္ခါခါကေလးေတြထက္
ဆုိးသည္ ။
ရိေပၚမ်က္ေမွာင္ၾကဳတ္ကာ ေခါင္းကုိသာငုံ႔ထား
လုိက္၏ ။ ကုိကုိနဲ႔ပတ္သတ္ရင္ ရိေပၚကအျမဲတမ္း
အ႐ႈံးေပးၿပီးသားကုိ ။
"ကုိကုိဘာလာလုပ္တာလဲ"
"ဟုတ္တယ္ ငါအဲ့ဒါေျပာမလုိ႔"
"ဟုတ္!!"
ရိေပၚႏႈတ္ခမ္းကုိတင္းတင္းေစ့ထားကာ
မ်က္လႊာေလးခ်ထား၏ ။ ေ႐ွာင္းက်န္႔ရိေပၚကုိ
အမွတ္တမဲ့ၾကည့္မိသည္ ။ ႐ွည္လ်ားတဲ့ရိေပၚ
မ်က္ေတာင္နက္ေလးေတြက ေရတံခြန္ေတြလုိ
ျဖာဆင္းေနၿပီးႏႈတ္ခမ္းကရဲရဲေလးျဖဴစင္ေနတဲ့
အသားအရည္ထက္ ေတာက္ပေနသည္ ။
"ဝမ္ ဝမ္ ရိေပၚ!!"
ေ႐ွာင္းက်န္႔ႏွလုံးအိမ္သည္ ထုိတစ္ခဏအတြင္း
လႈပ္႐ွားမႈႏႈန္းျမန္လာေလ၏ ။
"ဗ်ာ ကုိကုိ"
"ငါေျပာခ်င္တာက...ငါတုိ႔ကုမၸဏီကမင္းတုိ႔ေက်ာင္း
ေလ့လာေရးခရီးစဥ္အတြက္ ေထာက္ပံ့ေပးမလုိ႔
အဲ့ေတာ့ မင္းတုိ႔ေက်ာင္းမွာဒီေန႔မိတ္ဆက္ေပးတဲ့
အခါက်ရင္ မင္းကုိငါ့ညီလုိ႔မသိေစခ်င္ဘူး"
ရိေပၚ မ်က္ဝန္းေလးေမာ့ကာၾကည့္လာေတာ့ ကုိကုိက
ရိေပၚကုိၾကည့္မေနခဲ့ ။ ရိေပၚနာက်င္ေနတယ္ေလ ကုိကုိရဲ႕ ။
ဘယ္လုိေတာင္ ကုိကုိေျပာရက္တယ္
" မင္းကုိငါ့ညီလုိ႔မသိေစခ်င္ဘူး " ကုိကုိေျပာထြက္တယ္ ။
အင္ေလး...ကုိကုိကေျပာေနမွေတာ့ ရိေပၚက
ဘာကုိဆက္အထြန္႔တက္ႏုိင္ပါ့မလဲ ။
"ကုိကုိေျပာခ်င္တာ ဒါပဲလား"
ရိေပၚမ်က္ရည္ေတြရစ္သုိင္းေနရင္းမွ ေမးလုိက္သည္ ။
"ဟုတ္တယ္"
"ဒါဆုိသြားေတာ့မယ္ ကုိကုိ"
"ခဏ ေနဦး"
ကုိကုိရိေပၚအနားနားေလးကုိတုိးလာသည္ ။
တျဖည္းျဖည္းႏွင့္နီးလာေတာ့ ရိေပၚမ်က္ဝန္းေတြ
မွိတ္ပစ္မိသည္ ။ ရိေပၚရင္ခုန္သံေတြကလည္း
ဆူညံလြန္းေနသည္ ။
ကုိကုိေျခလွမ္းေတြရိေပၚေ႐ွ႕ရပ္တန္႔လုိက္၏ ။
"အဟက္!!"
ကုိကုိရယ္သည္ ။ ၿပီးေနာက္ ကုိကုိလက္ကေလးသည္
ရိေပၚ၏ေငြမွင္ေရာင္ဆံႏြယ္ထက္ေနရာယူ၏ ။
"မင္းေခါင္းမွာ သစ္ရြက္ေျခာက္ႀကီး"
"ဟင္...ဟုတ္ ေက်းဇူးပါ ကုိကုိ"
႐ွက္ေသြးျဖာကာ နားရြက္ဖ်ားေလးေတြနီရဲသြားတဲ့
ဝမ္ရိေပၚကုိ ေ႐ွာင္းက်န္႔နားမလည္ေပ ။ အေ႐ွ႕က
သြားေနသည့္ဝမ္ရိေပၚသည္ လမ္းေျပာင္းျပန္သြား
ေန၏ ။
"မင္းဘယ္ေတြသြားေနလဲ ရိေပၚ
မင္းရဲ႕ေက်ာင္းခန္းကဟုိးဘက္လမ္းမဟုတ္လား"
"ဟုတ္တယ္ ကုိကုိ"
ရိေပၚ႐ွက္ျပဳံးေလးျပဳံးလုိက္သည္ ။ ကုိကုိကေတာ့
ႏွာေခါင္း႐ံႈ႕ကာၾကည့္၏ ။
"ေျပာတာမွတ္မိတယ္ေနာ္"
ရိေပၚေခါင္းကုိသာ ၿငိမ့္ျပရင္းေက်ာင္းခန္းထဲကုိ
ဝင္လာခဲ့သည္ ။ ေက်ာင္းခန္းေလးထဲတြင္ေတာ့
ေက်ာင္းသူအခ်ဳိ႕ကတက်က္က်က္ႏွင့္ဆူညံေန
ၾက၏ ။
"ကဲကဲ...ကေလးတုိ႔"
အတန္းပုိင္ဆရာမ၏ေက်ာက္သင္ပုန္းထုသံေၾကာင့္
ေက်ာင္းသားမ်ားတိတ္ဆိတ္သြားရသလုိ မ်က္လုံးမ်ား
၏အၾကည့္ေတြသည္အေနာက္မွလုိက္ပါလာသည့္
အနက္ေရာင္ဆံပင္တုိတုိ႔အားေသခ်ာက်နစြာၿဖီးလိမ္းထား
တဲ့ ကုိကုိ႔ဆီဝယ္ ။
ကုိကုိကေယာက်္ားပီသၿပီးစမတ္လည္းက်ေသး၏ ။
ေက်ာင္းသူေလးေတြကလည္း ကုိကုိ႔ဆီကုိသာအၾကည့္
ေတြပုိ႔ေန၏ ။
သဝန္တုိပါတယ္ဆုိ ကုိကုိလူေခ်ာဟာ အျပဳံးေတြကုိ
ရက္ေရာစြာ ျပဳံးျပေနတယ္ ။ ကုိကုိ႔ကုိဒါေၾကာင့္ဖြက္
ထားခ်င္တာ ။ ကုိကုိတစ္ေယာက္သာ ရိေပၚအပုိင္ ။
ေ႐ွာင္းက်န္႔ငါးဆယ္ထက္မနည္းေသာ လူအုပ္စု
အၾကား ရိေပၚကုိ႐ွာမိေသးသည္ ။ ရိေပၚကျပတင္း
ေပါက္ရဲ႕အျခားတစ္ဖက္ကုိသာ ေငးေနသည္ ။
ေ႐ွာင္းက်န္႔စိတ္ထဲ အနည္းငယ္အလုိမက်ေတာ့
ျဖသ္သြားေသးသည္ ။
ဝမ္ရိေပၚက ေျပာတဲ့အတုိင္းလုပ္တတ္တယ္
ဆုိတဲ့သေဘာလား ။
ရိေပၚေက်ာင္းျပန္ေတာ့ ကုိကုိ႔ကုိထယ္ဟီးဆုိတဲ့
အစ္မကလာၾကဳိသည္ ။ ကုိကုိကရိေပၚကုိျမင္ေတာ့
လွမ္းေခၚသည္ ။
"ေဟ့ ဝမ္ရိေပၚ!!"
"ဗ်ာ"
"အိမ္ျပန္ေတာ့မွာမလား"
"ဟုတ္"
"အတူျပန္လုိက္ခဲ့!!"
"ဗ်ာ..."
ရိေပၚကားထဲမွထယ္ဟီးကုိၾကည့္ေတာ့ ပါးခ်ဳိင့္ေလးနဲ႔
သူမကရယ္ျပသည္ ။ အေတာ္လည္းလွတဲ့အမ်ဳိးသမီး ။
ကုိကုိခ်စ္တာလည္းဆန္းမွမဆန္းပဲ ။ တကၠသုိလ္တက္
ရင္းခ်စ္ခဲ့ၾကတာဆုိေတာ့ ခ်စ္သူသက္တမ္းက ရိေပၚ
ကုိကုိ႔အိမ္ကုိေရာက္လာတဲ့ကာလထက္ပုိၾကာလိမ့္မည္ ။
ေနာက္က်မွေတြ႔ခဲ့လုိ႔ ကုိကုိ႔ရင္ထဲကအခ်စ္ေတြကုိ
ေမ်ွာ္လင့္ခြင့္မ႐ွိေတာ့ဘူးလားေလ ။
"မလုိက္ေတာ့ဘူး ကုိကုိ"
ရိေပၚေျခတစ္လွမ္းတုိးေတာ့ ကုိကုိ႔ေအာ္သံကုိ
ၾကားလုိက္ရသည္ ။
"ဘာလဲ ဝမ္ရိေပၚ ငါ့ကုိေသာက္ဂ႐ုမစုိက္တာလား"
"မဟုတ္ဘူး...ကုိကုိ"
ရိေပၚေျဖ႐ွင္းဖုိ႔ၾကဳိးစားေပမယ့္ ကုိကုိကားကုိ
ေမာင္းထြက္သြားသည္ ။
ကုိကုိထပ္ေျပာခဲ့သည္...
"ေအး...မင္းသေဘာပဲလုပ္ခ်င္သလုိသာလုပ္
ဒါေတြေၾကာင့္မင္းကုိငါမုန္းတာ"
ကုိကုိ႔ခ်စ္သူနဲ႔ေပ်ာ္ရႊင္ခ်ိန္ေတြကုိ ကြၽန္ေတာ့္ေၾကာင့္
ပ်က္စီးရတယ္ဆုိတာ မျဖစ္ေစခ်င္ဘူး ။
ကုိကုိက အလုိက္မသိရင္ေတာင္
ကြၽန္ေတာ္ကေဘးလူမုိ႔အလုိက္တသိေနရမယ္ ကုိကုိ ။
ဒါမွကုိကုိ႔ကုိအခ်ိန္တစ္ခုအထိ ဆက္ခ်စ္ႏုိင္မယ္ေလ ။
( အပုိင္း_၄ ) ေမ်ွာ္ ။
Unicode...
" ချစ်ရသော ကိုကို " ( အပိုင်း_၄ )
မနက်ခင်းနေရောင်ခြည်နုနုသည်ပြတင်းပေါက်မှ
တစ်ဆင့် ရိပေါ်အိပ်ခန်းလေးထဲကိုတိုးဝင်လာ၏ ။
ရိပေါ်မျက်ဝန်လေးဆီကျရောက်လာပေမယ့်လည်း
ရိပေါ်မထချင်သေးဘဲ ပေတေကာခေါင်းလေး တ
လှုပ်လှုပ်ဖြစ်နေတုန်းပင် ။
"အင်း..."
ရှောင်းကျန့်မျက်ဝန်းတွေလည်းပွင့်လာ၏ ။ ရင်ခွင်ထဲကို
ငုံ့ကြည့်တော့ ဟိုကလေး ။ ဒါဘယ်လိုဖြစ်တာလဲ ။
ရှောင်းကျန့်နှလုံးအိမ်လေးပူနွေးလာ၏ ။ ညကနောက်ကျ
နေတာနဲ့ကိုယ့်အိပ်ရာကိုယ်ပြန်မအိပ်ဖြစ်ဘူး ။ မေမေမြင်
သွားရင်တော့ ရှောင်းကျန့်နဲ့ဒီကလေးသင့်မြတ်နေကြပြီလို့
ပြောနေမှဖြင့် ။ ဒီကလေးနဲ့ဖြစ်နိုင်ရင် ရှောင်းကျန့်မပတ်
သတ်ချင် ။
ရှောင်းကျန့်ရင်ခွင်ထဲအိပ်မောကျနေတဲ့ဝမ်ရိပေါ်မျက်နှာ
ချောချောလေးကိုကြည့်မိတော့ မျက်ခုံးနက်နက်နဲ့နှာတံ
ချွန်ချွန် နီရဲနေတဲ့နှုတ်ခမ်းလေးရယ် ။ ထူယောင်ယောင်
ဖြစ်နေတဲ့နှုတ်ခမ်းလေးက ဝမ်ရိပေါ်နှင့်လိုက်ဖက်သည် ။
အသားအရည်ဝင်းမွတ်မှုက ရှောင်းကျန့်ထက်ကောင်း၏ ။
ရိပေါ်အိပ်နေရင်းမျက်လုံးမဖွင့်ချင်သေးသည်ကြောင့်
ရှောင်းကျန့်ရင်ခွင်ထဲသာ တိုးတိုးဝင်၏ ။ ရိပေါ်နှုတ်ခမ်း
လေးက ရှောင်းကျန့်ရင်ဘတ်နားဝဲပျံသည် ။ ရှောင်းကျန့်
အတွင်းရှိနှလုံးသားသည်လည်းတနွေးနွေးခုန်နေ၏ ။
ရှောင်းကျန့်အခုမှသတိရမိ၏ ။ မိမိလက်တွေသည်လည်း
ဝမ်ရိပေါ်၏ခါးတစ်နေရာကိုပြန်လည်ဖက်ထားသည် ။
ရှောင်းကျန့်ထိုလက်တွေကိုအမြန်ဖယ်လိုက်တော့ ရိပေါ်
မျက်ဝန်းလေးလှုပ်လာသလိုမျက်တောင်လေးခပ်လာ၏ ။
ရှောင်းကျန့်ပြောသည် ။
"နိုးရင်ထတော့..."
"ဟင်...အာ ကိုကို တောင်းပန်ပါတယ်"
ရိပေါ် ရှောင်းကျန့်ရင်ခွင်ထဲမှအလန့်တကြားထတော့
ခြေထောက်ကစောင်နှင့်ညိကာ ရှောင်းကျန့်ရင်ဘတ်
ပေါ်ကိုပြုတ်ကျပြန်သည် ။
"ဝမ်ရိပေါ်!!"
"ကိုကို"
ရှောင်းကျန့်၏ယောကျ်ားပီသသော မျက်ခုံးတန်းနှစ်ဖက်
မှာကြုံ့တက်သွားပြီးမျက်နှာတစ်ခုလုံးနီတောက်လာ၏ ။
ကိုကိုရင်ဘတ်ပေါ်အားရပါးရပြုတ်ကျမှတော့ ကိုကိုဒေါသ
ထွက်တာမဆန်းပေ ။
"သားကြီး...သား ကျန့်ကျန့်!!"
မေမေ့အသံတဆာဆာကိုရိပေါ်အခန်းငယ်လေးထဲမှ
ကြားနေရသည် ။ ရှောင်းကျန့်မိမိရင်ခွင်ထဲကငြိမ်သက်
နေတဲ့ ထိုကလေးလက်တွေဖြင့်တွန်းဖယ်လိုက်စဉ်...
"သားငယ်...ကလေးလေးရေ!!"
မေမေသည်ရှောင်းကျန့်ကိုအခန်းရှေ့မှခေါ်၍မရတော့
ရိပေါ်ကိုခေါ်နိုးရန်တစ်ဖက်အခန်းရှေ့ကိုကူးလာလေ၏ ။
"ရိပေါ်လေးရေ..."
မေမေ့အသံကြားသည်နှင့်ရိပေါ်တစ်ယောက်ပျာပျာသလဲ
ဖြစ်နေ၏ ။ ရှောင်းကျန့်မျက်နှာထားကတော့ အေးဆေး
တည်ငြိမ်နေ၏ ။
"ကိုကို...ဘယ်လိုလုပ်မလဲ"
"ငြိမ်ငြိမ်နေစမ်း...မျက်စိကိုနောက်နေရော"
"ဟုတ် ကိုကို"
ရှောင်းကျန့်ငေါက်မှငြိမ်သွားသည့်ရိပေါ် ။
"သားငယ်...မထသေးဘူးလား
မေမေအခန်းထဲဝင်လာပြီနော်!!"
"အာ...မေမေ ဝင်မလာနဲ့ဦး ဝင်မလာနဲ့
သားအဝတ်တွေမဝတ်ရသေးဘူး"
ရိပေါ်မျက်နှာလေးနီရဲလျက်ပင် မေမေ့ကိုအော်ပြော
လိုက်ရသည် ။ ကိုကိုရှိလည်းမတတ်နိုင်ဘူးလေ ။
ကိုကိုကတော့ "ဘာလို့အဲ့လိုပြောလိုက်တာလဲ" ဟု
ရိပေါ်ကိုမျက်မှောင်ကြုတ်ကြည့်၏ ။
"ဟီး..."
အခြေအနေအရမို့ပါ ကိုကိုရ ။
ရိပေါ်စိတ်ထဲကနေပြန်ပြောမိ၏ ။
"ဒါဆိုလည်းပြီးရော သားငယ်
မနေ့ကသားငယ်ပြောတာကြားလို့
ဒီမနက်ကျောင်းအစောသွားရမယ်ဆိုလို့လေ"
"အာ...ဟုတ်တယ် မေမေ ကျေးဇူး!!"
ရိပေါ်အခန်းတံခါးလေးပိတ်ထားရင်းနဲ့သာ
အော်ပြောနေ၏ ။
ရှောင်းကျန့်ရိပေါ်ကိုစိုက်ကြည့်နေသည် ။
"ဟက်...ဒီလိုအသံကောင်းနေပုံပေါက်ရင်
မင်းနေကောင်းသွားပြီပေါ့"
"ဟင် ဟို..."
ရိပေါ်နှုတ်ခမ်းလေးမသိမသာစူလာသည် ။
ဟင့်အင်း ရိပေါ်နေမကောင်းဖြစ်တုန်းပဲ ။
ရိပေါ်ဖျားနေတုန်း ကိုကို ။
"တံခါးဖွင့်ကြည့်ပေး မေမေသွားပြီလားလို့"
"ဟုတ်" ရိပေါ်အသံလေးဆောင့်အောင့်ကာပြောသည် ။
ရှောင်းကျန့်နှုတ်ခမ်းလေးမသိမသာပြုံးသွား၏ ။
"မရှိတော့ဘူး ကိုကို"
"ကျေးဇူးပဲ ဝမ်ရိပေါ်"
"ဟား...မဟုတ်တာရိပေါ်ကသားကိုကို့ကို
ကျေးဇူးတင်ရမှာပါ ကျေးဇူးနော် ကိုကို"
အပြုံးလေးဖြင့်ပြောလာတဲ့ရိပေါ်အပြုံးတွေက ရှောင်းကျန့်
ကမ်ဘာကိုခေတ္တငြိမ်သက်စေသည် ။
ဝမ်ရိပေါ်ပြုံးလိုက်ရင် အဲ့သလောက်လှသလားလေ ။
"မလိုဘူး ရိပေါ်"
ရှောင်းကျန့်ပါးပြင်တွေနီရဲလာကာ ရိပေါ်ပခုံးကိုတိုက်ရင်း
ထွက်သွား၏ ။
ကိုကိုစိတ်တိုသွားပြန်ပြီထင်တယ် ။
ရိပေါ်...မင်းဟာလေ ကိုကို့အချစ်တွေကိုဘယ်တော့မှ
ရမှာမဟုတ်ဘူး ။ ကိုကို့ဒေါသတွေနဲ့ပဲတန်တယ် ။
ရှောင်းကျန့်အခန်းထဲရောက်တော့ ရိပေါ်အပြုံးတွေက
သူ့မျက်ဝန်းထဲကလုံးဝမထွက်သွားခဲ့ ။ ရှောင်းကျန့်
နားရွက်ဖျားတွေပင် ရဲတက်လာသည် ။
ရှောင်းကျန့်စိတ်တွေလည်းမရိုးသားစွာရှိနေလေရဲ့ ။
"သားငယ်"
"ဗျာ...မေမေ"
"ကျောင်းသွားရင် မားလုပ်ထားတဲ့မုန့်တွေယူသွားဦး
သူငယ်ချင်းတွေနဲ့အတူစားနော် သားငယ်"
"ဟုတ် မေမေ"
ရိပေါ် မေမေပြင်ဆင်ပေးထားတဲ့ဘူးလေးကို
ယူရင်းကျောင်းသွားရန်အိမ်ရှေ့ကိုထွက်လာတော့
"အာ့...ကိုကို"
"မင်း ကြည့်ရတာ အတော်သက်သာသွားပြီပဲ"
ကိုကိုရိပေါ်လက်ဖွေးဖွေးလေးကိုဆုပ်ကိုင်ရင်း
ပြောလာသည် ။ ရိပေါ်လက်ဖွေးဖွေးလေးမှာ
ကိုကိုရဲ့လက်ငါးချောင်းအရာ ။
"ဟုတ် သက်သာနေပါပြီ
ရိပေါ်လက်ကိုလွှတ်ပါဦး ကိုကို"
"ဟွန့်...မင်းလက်ကိုသိပ်ကိုင်ချင်တယ်များ
ထင်နေသလား ဘဝင်ကလည်းမြင့်ပါ့"
"မဟုတ်ဘူး အဲ့လိုသဘောမျိုးမဟုတ်ဘူး"
"တော်စမ်း မင်းအချိုးတွေမသိတာကြလို့
သိပ်ပြီးစပ်စပ်ထိခံဖြစ်မနေနဲ့ ဟွန့်"
ကိုကိုရဲ့နီရဲသွားတဲ့ မျက်နှာချောချောကိုရိပေါ်မြင်၏ ။
ကိုကိုရှက်သွား၍လား ရိပေါ်ကိုသာအော်ငေါက်သွား
ပြန်သည် ။
ကိုကိုစိတ်ဆိုးသွားတော့ ရိပေါ်ကျောင်းကိုလမ်းလျှောက်
သာသွားခဲ့ရ၏ ။
ကိုကိုရိပေါ်ဆိုသိပ်အနိုင်ကျင့် ။ အရမ်းလည်းဆိုးတယ် ။
တစ်ခါတစ်လေ ကိုကိုကအငယ်လား ရိပေါ်ကအငယ်လား
ဝေခွဲမတတ်နိုင်လောက်သည်အထိ ကိုကိုကကောက်သေး
သည် ။
ဒါတွေကိုပဲ ရိပေါ်ချစ်နေခဲ့ရတာမလား ။
ကိုကိုသာအနားရှိရင် ဘယ်လိုပုံစံဖြစ်ဖြစ်ရိပေါ်ချစ်နိုင်
မယ်ထင်ပါရဲ့ ။
ရိပေါ်ကျောင်းကိုရောက်လာတော့ အတန်းထဲမဝင်
သေးပဲ ကျောင်းဝင်တစ်နေရာရှိအရိပ်ကောင်းကောင်း
ရတဲ့ သစ်ပင်တစ်ပင်ဝင်ထိုင်မိသေး၏ ။
မေမေလုပ်ပေးလိုက်တဲ့ မုန့်ဘူးလေးကိုဖွင့်စားရင်း
လမ်းမထက်ကျောင်းသားကျောင်းသူတွေကိုငေးကြည့်
မိသည် ။
"ဟေ့"
ရိပေါ်ကိုခေါ်နေတဲ့လူကိုကြည့်လိုက်မိသည် ။
သူ...ဟိုးတစ်နေ့က ကောင်လေး ။
"ဟင် မင်းက ဟိုတစ်ယောက်!!"
"အိုး မုန်လာဥလေး ငါ့ကိုမှတ်မိတယ်ပေါ့"
"မင်းနာမည်က...ဝမ် ကျိုး ချန်"
"Right!! မင်းကဉာဏ်ကောင်းလိုက်တာ"
ရိပေါ်ခေါင်းလေးကိုဖွဖွပွတ်ကာ ကျိုးချန်ကပြော၏ ။
ရိပေါ်ကတော့ ပြုံးပြုံးလေးသာခေါင်းငုံ့ထားသည် ။
"မင်းလည်းဒီကျောင်းကပဲလား"
"အင်း ဆိုပါတော့!!"
"ငါက ဝမ်ရိပေါ်"
"ဝိုး...တိုက်ဆိုင်လိုက်တာ"
"ဘာကို..." ရိပေါ်ကနားမလည်သလို ခေါင်းလေးမော့ကာ
ကျိုးချန်ကိုမေးလာ၏ ။
ကျိုးချန်ကရိပေါ်နံဘေးဝင်ထိုင်းရင်း ပါးဖောင်းဖောင်းလေးကို
ခပ်ဖွဖွညစ်ကာ ရယ်ရင်းပြောလာသည် ။
"မင်းက ဝမ်ရိပေါ်!! ငါက ဝမ်ကျိုးချန်!!
ငါတို့ကမျိုးရိုးတူတယ်လေ ညီအစ်တွေပေါ့
ဟုတ်တယ်မလား"
"အင်း ဟုတ်တယ်နော်"
ကျိုးချန်နှင့်အတူ ရိပေါ်ပါရယ်မိလေ၏ ။
"အဟက်!!"
ရိပေါ်တို့အနားကိုရယ်သံတစ်စလွင့်ပြယ်လာသည် ။
ရိပေါ်ခေါင်းလေးစောင်းကာ ငေးကြည့်တော့ နှုတ်ခမ်း
ကိုမဲ့ထားတဲ့ လူတစ်ယောက် ။
"ကိုကို"
"ကျောင်းခန်းထဲမဝင်ပဲ ဘာလုပ်နေလဲ ဝမ်ရိပေါ်"
ကိုကိုသည် ရိပေါ်ကိုပြောနေရင်းပင် ကျိုးချန်ဆီကို
အကြည့်တို့ကပို့ထား၏ ။
"ကိုကို...တကယ်တော့လေ!!"
"ငါနဲ့လိုက်ခဲ့ ဝမ်ရိပေါ်"
"ဗျာ..."
ရိပေါ်လက်ကိုတင်းကြပ်စွာ ဆွဲကိုင်သွားတဲ့ကိုကို့
လက်တွေကြောင့် ရိပေါ်မျက်နှာလေးအနည်းငယ်
မဲ့မိ၏ ။ ကျိုးချန်းကတော့ ဘာကိုမှနားမလည်လိုက်
သည်မို့ကြောင်ငေးကာကြည့်ရင်း ကျန်ခဲ့သည် ။
ထမင်းဘူးလေးတောင်မသိမ်းခဲ့ရဘူး ။
အဲ့ကိုကိုဟာလေ ဇွတ်ချည်းပဲ ။
"အ..."
"မင်းကိုငါလိုက်ရှာနေတာ
မင်းကအလေလိုက်ဖို့ပဲချောင်းနေတယ်"
"မဟုတ်ဘူး ကျောင်းချိန်စော..."
"တော်ပြီ မင်းဆင်ခြေကမကုန်နိုင်ဘူး"
ရိပေါ်စိတ်ညစ်မိ၏ ။ ကိုကိုဟာလေ သူထင်ချင်ရာ
ထင်၏ ။ တစ်ဖက်လူရဲ့ပြောစကားကိုသူဘယ်တော့မှ
နားမထောင် ။ ကိုကိုဟာ တစ်ခါခါကလေးတွေထက်
ဆိုးသည် ။
ရိပေါ်မျက်မှောင်ကြုတ်ကာ ခေါင်းကိုသာငုံ့ထား
လိုက်၏ ။ ကိုကိုနဲ့ပတ်သတ်ရင် ရိပေါ်ကအမြဲတမ်း
အရှုံးပေးပြီးသားကို ။
"ကိုကိုဘာလာလုပ်တာလဲ"
"ဟုတ်တယ် ငါအဲ့ဒါပြောမလို့"
"ဟုတ်!!"
ရိပေါ်နှုတ်ခမ်းကိုတင်းတင်းစေ့ထားကာ
မျက်လွှာလေးချထား၏ ။ ရှောင်းကျန့်ရိပေါ်ကို
အမှတ်တမဲ့ကြည့်မိသည် ။ ရှည်လျားတဲ့ရိပေါ်
မျက်တောင်နက်လေးတွေက ရေတံခွန်တွေလို
ဖြာဆင်းနေပြီးနှုတ်ခမ်းကရဲရဲလေးဖြူစင်နေတဲ့
အသားအရည်ထက် တောက်ပနေသည် ။
"ဝမ် ဝမ် ရိပေါ်!!"
ရှောင်းကျန့်နှလုံးအိမ်သည် ထိုတစ်ခဏအတွင်း
လှုပ်ရှားမှုနှုန်းမြန်လာလေ၏ ။
"ဗျာ ကိုကို"
"ငါပြောချင်တာက...ငါတို့ကုမ္ပဏီကမင်းတို့ကျောင်း
လေ့လာရေးခရီးစဉ်အတွက် ထောက်ပံ့ပေးမလို့
အဲ့တော့ မင်းတို့ကျောင်းမှာဒီနေ့မိတ်ဆက်ပေးတဲ့
အခါကျရင် မင်းကိုငါ့ညီလို့မသိစေချင်ဘူး"
ရိပေါ် မျက်ဝန်းလေးမော့ကာကြည့်လာတော့ ကိုကိုက
ရိပေါ်ကိုကြည့်မနေခဲ့ ။ ရိပေါ်နာကျင်နေတယ်လေ ကိုကိုရဲ့ ။
ဘယ်လိုတောင် ကိုကိုပြောရက်တယ်
" မင်းကိုငါ့ညီလို့မသိစေချင်ဘူး " ကိုကိုပြောထွက်တယ် ။
အင်လေး...ကိုကိုကပြောနေမှတော့ ရိပေါ်က
ဘာကိုဆက်အထွန့်တက်နိုင်ပါ့မလဲ ။
"ကိုကိုပြောချင်တာ ဒါပဲလား"
ရိပေါ်မျက်ရည်တွေရစ်သိုင်းနေရင်းမှ မေးလိုက်သည် ။
"ဟုတ်တယ်"
"ဒါဆိုသွားတော့မယ် ကိုကို"
"ခဏ နေဦး"
ကိုကိုရိပေါ်အနားနားလေးကိုတိုးလာသည် ။
တဖြည်းဖြည်းနှင့်နီးလာတော့ ရိပေါ်မျက်ဝန်းတွေ
မှိတ်ပစ်မိသည် ။ ရိပေါ်ရင်ခုန်သံတွေကလည်း
ဆူညံလွန်းနေသည် ။
ကိုကိုခြေလှမ်းတွေရိပေါ်ရှေ့ရပ်တန့်လိုက်၏ ။
"အဟက်!!"
ကိုကိုရယ်သည် ။ ပြီးနောက် ကိုကိုလက်ကလေးသည်
ရိပေါ်၏ငွေမှင်ရောင်ဆံနွယ်ထက်နေရာယူ၏ ။
"မင်းခေါင်းမှာ သစ်ရွက်ခြောက်ကြီး"
"ဟင်...ဟုတ် ကျေးဇူးပါ ကိုကို"
ရှက်သွေးဖြာကာ နားရွက်ဖျားလေးတွေနီရဲသွားတဲ့
ဝမ်ရိပေါ်ကို ရှောင်းကျန့်နားမလည်ပေ ။ အရှေ့က
သွားနေသည့်ဝမ်ရိပေါ်သည် လမ်းပြောင်းပြန်သွား
နေ၏ ။
"မင်းဘယ်တွေသွားနေလဲ ရိပေါ်
မင်းရဲ့ကျောင်းခန်းကဟိုးဘက်လမ်းမဟုတ်လား"
"ဟုတ်တယ် ကိုကို"
ရိပေါ်ရှက်ပြုံးလေးပြုံးလိုက်သည် ။ ကိုကိုကတော့
နှာခေါင်းရံှု့ကာကြည့်၏ ။
"ပြောတာမှတ်မိတယ်နော်"
ရိပေါ်ခေါင်းကိုသာ ငြိမ့်ပြရင်းကျောင်းခန်းထဲကို
ဝင်လာခဲ့သည် ။ ကျောင်းခန်းလေးထဲတွင်တော့
ကျောင်းသူအချို့ကတကျက်ကျက်နှင့်ဆူညံနေ
ကြ၏ ။
"ကဲကဲ...ကလေးတို့"
အတန်းပိုင်ဆရာမ၏ကျောက်သင်ပုန်းထုသံကြောင့်
ကျောင်းသားများတိတ်ဆိတ်သွားရသလို မျက်လုံးများ
၏အကြည့်တွေသည်အနောက်မှလိုက်ပါလာသည့်
အနက်ရောင်ဆံပင်တိုတို့အားသေချာကျနစွာဖြီးလိမ်းထား
တဲ့ ကိုကို့ဆီဝယ် ။
ကိုကိုကယောကျ်ားပီသပြီးစမတ်လည်းကျသေး၏ ။
ကျောင်းသူလေးတွေကလည်း ကိုကို့ဆီကိုသာအကြည့်
တွေပို့နေ၏ ။
သဝန်တိုပါတယ်ဆို ကိုကိုလူချောဟာ အပြုံးတွေကို
ရက်ရောစွာ ပြုံးပြနေတယ် ။ ကိုကို့ကိုဒါကြောင့်ဖွက်
ထားချင်တာ ။ ကိုကိုတစ်ယောက်သာ ရိပေါ်အပိုင် ။
ရှောင်းကျန့်ငါးဆယ်ထက်မနည်းသော လူအုပ်စု
အကြား ရိပေါ်ကိုရှာမိသေးသည် ။ ရိပေါ်ကပြတင်း
ပေါက်ရဲ့အခြားတစ်ဖက်ကိုသာ ငေးနေသည် ။
ရှောင်းကျန့်စိတ်ထဲ အနည်းငယ်အလိုမကျတော့
ဖြသ်သွားသေးသည် ။
ဝမ်ရိပေါ်က ပြောတဲ့အတိုင်းလုပ်တတ်တယ်
ဆိုတဲ့သဘောလား ။
ရိပေါ်ကျောင်းပြန်တော့ ကိုကို့ကိုထယ်ဟီးဆိုတဲ့
အစ်မကလာကြိုသည် ။ ကိုကိုကရိပေါ်ကိုမြင်တော့
လှမ်းခေါ်သည် ။
"ဟေ့ ဝမ်ရိပေါ်!!"
"ဗျာ"
"အိမ်ပြန်တော့မှာမလား"
"ဟုတ်"
"အတူပြန်လိုက်ခဲ့!!"
"ဗျာ..."
ရိပေါ်ကားထဲမှထယ်ဟီးကိုကြည့်တော့ ပါးချိုင့်လေးနဲ့
သူမကရယ်ပြသည် ။ အတော်လည်းလှတဲ့အမျိုးသမီး ။
ကိုကိုချစ်တာလည်းဆန်းမှမဆန်းပဲ ။ တက္ကသိုလ်တက်
ရင်းချစ်ခဲ့ကြတာဆိုတော့ ချစ်သူသက်တမ်းက ရိပေါ်
ကိုကို့အိမ်ကိုရောက်လာတဲ့ကာလထက်ပိုကြာလိမ့်မည် ။
နောက်ကျမှတွေ့ခဲ့လို့ ကိုကို့ရင်ထဲကအချစ်တွေကို
မျှော်လင့်ခွင့်မရှိတော့ဘူးလားလေ ။
"မလိုက်တော့ဘူး ကိုကို"
ရိပေါ်ခြေတစ်လှမ်းတိုးတော့ ကိုကို့အော်သံကို
ကြားလိုက်ရသည် ။
"ဘာလဲ ဝမ်ရိပေါ် ငါ့ကိုသောက်ဂရုမစိုက်တာလား"
"မဟုတ်ဘူး...ကိုကို"
ရိပေါ်ဖြေရှင်းဖို့ကြိုးစားပေမယ့် ကိုကိုကားကို
မောင်းထွက်သွားသည် ။
ကိုကိုထပ်ပြောခဲ့သည်...
"အေး...မင်းသဘောပဲလုပ်ချင်သလိုသာလုပ်
ဒါတွေကြောင့်မင်းကိုငါမုန်းတာ"
ကိုကို့ချစ်သူနဲ့ပျော်ရွှင်ချိန်တွေကို ကျွန်တော့်ကြောင့်
ပျက်စီးရတယ်ဆိုတာ မဖြစ်စေချင်ဘူး ။
ကိုကိုက အလိုက်မသိရင်တောင်
ကျွန်တော်ကဘေးလူမို့အလိုက်တသိနေရမယ် ကိုကို ။
ဒါမှကိုကို့ကိုအချိန်တစ်ခုအထိ ဆက်ချစ်နိုင်မယ်လေ ။
( အပိုင်း_၄ ) မျှော် ။