အပိုင်း_၂၉

15.2K 1K 54
                                    

[Unicode]

" ချစ်ရသော ကိုကို " ( အပိုင်း_၂၉ )

"မင်းဘာလာလုပ်တာလဲ ထယ်ဟီး"

ရှောင်းကျန့်တစ်ယောက်ထယ်ဟီးကိုမြင်သည်
နှင့်ရွံရှာဖွယ်အတိနှင့်ကြည့်မိသည် ။ သူမကြောင့်
ရှောင်းကျန့်ဘဝကမောက်ကမဖြစ်ခဲ့ရသည့်အပြင် ရှောင်းကျန့်နှင့်ကလေးကြားက ဆက်ဆံ
ရေးသည်လည်း ယခုမှပြေလည်ခါစပင်ရှိသည် ။

ပြီးတော့ လူ့လောကထဲမရောက်လိုက်ရတဲ့
ရှောင်းကျန့်တို့ရဲ့ရင်သွေးလေး ။ ရှောင်းကျန့်အတွက်တော့ ဘယ်သောအခါမှမေ့မရတဲ့
အိပ်မက်ဆိုးတစ်ခု ။

ထိုကိစ္စနှင့်ပတ်သတ်ပြီးရှောင်းကျန့်ထယ်ဟီးကို
မုန်းမိသည်မှာအမှန်တကယ် ။ ထယ်ဟီးဆိုအသံ
တောင် မကြားချင်လောက်အောင်ပင် ။

"ရှောင်းကျန့်..."

ထယ်ဟီးသည်ရှောင်းကျန့်ကိုမြင်တွေ့သည်နှင့်
မျက်ရည်လည်လာသည် ။

"မင်းဆိုငါအချိန်မပေးနိုင်လို့
ဆောရီး ထယ်ဟီး"

"ကျန့်ကျန့်..."

ထိုင်ခုံပေါ်မှထိုင်နေရင်း ရှောင်းကျန့်မတ်တပ်
ထရပ်လိုက်၏ ။ ထို့နောက်အခန်းထဲမှထွက်ရန်
ပြင်သည် ။ သူမလက်တွေသည် ရှောင်းကျန့်
လက်မောင်းမှအင်္ကျီစကိုလှမ်းကိုင်လေ၏ ။

"ခဏ ခဏလေးပါ ငါတောင်းပန်ပါတယ်
ငါတောင်းပန်ချင်လို့အခုလိုလာခဲ့တာပါ
နင်...အတွေ့မခံချင်ဘူးဆိုတာငါသိပါတယ်
ငါလေ...ကိုယ်ချင်းစာတတ်ပါပြီ..."

ငိုသံတရှိုက်ရှိုက်ဖြင့်ပြောလာသော သူမကို
ကြည့်လိုက်သည် ။ သူမကကျန်လက်တစ်ဖက်
ဖြင့် ပါးပြင်ပေါ်စီးကျလျက်ရှိနေသော မျက်ရည်
စက်တို့အား သုတ်နေသည် ။

"ဘာကြောင့်လဲ အခုမှမင်းကဘာအတွက်
လာတောင်းပန်နေတာလဲ...မင်းကြောင့်!!
မင်းကြောင့်ငါသိပ်ချစ်ရတဲ့သူကိုဆုံးရှုံးရတော့
မယ် မင်းကြောင့်ပဲ လူလားမမြောက်သေးတဲ့
ငါ့ကလေးလေးကိုဆုံးရှုံးရတယ် မင်းဘာတွေ
ထပ်ပြီးငါ့ဆီကလိုချင်သေးလို့လဲ ကင်ထယ်ဟီး"

ရှောင်းကျန့်ဒေါသဖြစ်လွန်း၍သူမကိုင်ထားလျက်ရှိသော လက်မောင်းမှအင်္ကျီစကိုဖယ်ခါ
မိသည် ။

💕 ချစ်ရ​သော ကိုကို 💕 ( YiZhan ) [ Completed ]Where stories live. Discover now