ကြိတ်ရင်းနဲ့ပင်။
" ဟာ မသိတော့ပါဘူးဟာ..."..
" ဟဲ့ ဘာဖြစ်တာလဲ "..
"နင်တစ်ယောက်တည်းလား"
" သွားမယ်လေ. "..
"ဟုတ်တယ်.. "...
" ပြင်ပီးပီလား"..
" သွားကြမယ်လေ"
" လာ ကို..တူတူသွားမယ်"
" နေကောင်းလား.. အာကာ''
" အေးကောင်းပါတယ်''
" စကားတတ်တယ်''..
" အင်းပီးရော''...
" အာကာဘာလုပ်နေတာလဲ"..
" မေးလေ..သီရိ''..
" မေးမယ်နော်.. ''
" နင်နဲ့ ကိုရိုင်းနဲ့က ဘယ်လိုပက်သတ်လဲ''
" ဘာလဲဟ''..
"မဟုတ်ဘူးဟာ ငါသိနေတယ်''
" နင် ငါချစ်တဲ့ ကိုရိုင်းကို ချစ်နေတာမလား''.
"ငါမေးနေတာ ဖြေလေ''....
လက်ထဲ ကိုဖုန်းက ထုတ်ကာ ဓာတ်ပုံနေရာသို့ဝင်၍ ပုံပြလိုက်သည်။..
" ငါထင်သားပဲ.... ''
❤Love you all my readers❤❤❤
Unicode
လမ်းတစ်လျှောက် တိတ်ဆိတ်လျှင်ပင်။ မောင်းခဲ့သော တစ်လမ်းလုံးမှာ ကားစက်သံမှ လွဲ၍ဘာမှမကြားရ။အိမ်ပြန်ရောက်တော့ ၂နာရီထိုးနေပြီဖြစ်သည်။ သီရိကို လက်ပြနှုတ်ဆက်၍ ဝေယံတို့နှစ်ယောက် အိမ်ထဲ သို့ ဝင်ခဲ့သည်။သူတို့နှစ်ယောက် လက်ဆေး ခြေထောက်ဆေး အကျႌ လဲပီး အိပ်ယာသို့ဝင်ခဲ့သည်။ဆရာကလည်း ပြန်မလာသေးတာမို့ တစ်ခန်းတညး်တူတူအိပ်နေရ ခြင်းဖြစ်သည်။
ညတာကား တိတ်ဆိတ်လှ၏။ နာရီသံ ကို ကြားရသည်။ ဒီအချိန်မှာ အပ်သေးသေးလေးသာ ကျခဲ့လျှင် အသံကြားရတော့မည့် အနေထားဖြစ်သည့်အထိ တစ်ညတာ သည် တိတ်ဆိတ် လွန်းလှသည်။###
သီရိတယောက် .. ခြေလက်ဆေး၍ အိပ်ယာ သို့ဝင်ခဲ့သည်။ သူ အိပ်တဲ့နေရာမှာ ကုတင်လေးတွေက နှစ်ထပ်ဆင့် ကုတင်လေးဖြစ်သောကြောင့် သူ အထပ်က အပေါ်ဆုံး။သူလက်တန်း ကိုင်၍ အပေါ်သို့တက်လာခဲ့တော့သည်။ဘုရားဦးချ၍သူခေါင်းချခဲ့သည်။သူ ဝေယံ နဲ့ အတူ ရှိခဲ့တဲ့ အချိန်တွေကို သူ တွေးမိပါသည်။ တွေးရင်းတွေးရင်း ပြုံးလေ ပြုံးလေ ဖြစ်ရ၏။သူ့ခေါငး်ရင်းနားမှာ ထားထားသော ဖုန်းကို ကောက်ယူကာ Gallery ထဲ ဝင်၍ သူ ပုံကြည့်မိသည်။...အာကာရိုက်ပေးသောသူတို့နှစ်ယောက်ပုံလေးကို ကြည့်ပီး သူမခိုးတခို့ ရယ်လိုက်မိသည်။သူလက်က နောက်ပုံတွေကို ရွေ့ရင်းနဲ့ပင် ဝေယံ နဲ့ အာကာတို့ တွဲရိုက်ထားတဲ့ ပုံဆီ ရောက်သွားသည်။သူ ဘာဖြစ်လို့လည်းတော့မသိ။ သူ အလိုလို ဒေါသတွေ ထွက်နေမိသည်။ အံလည်း
ကြိတ်ရင်းနဲ့ပင်။
"ကို နဲ့ အာကာတို့ က ဘယ်လိုတွေလဲ .. ရိုးသားကြရဲ့လား"..
သူ ထင်တာလည်း မမှားပေ။ ဒီ ကနေ့ ညကပဲ သူ့ရှေ့မှာ ဝေယံနဲ့ အာကာနှစ်ယောက်သားကိုမျက်မြင်တွေ့ရခြင်းပင်ဖြစ်သည်။သူ ယခုချက်ချင်းပင်ထ၍ ဖုန်းဆက်မေးလိုက်ချင်ပါသည်။သိုပေမဲ့ အိပ်နေကြပီမို့သူ စိတ်ထိန်းလိုက်ရသည်။
" ဒီပုံမှာလည်း .. ကို့ မျက်နှာကို အာကာ ကြည့်နေတယ်။အာကာက ငါရဲ့ ချစ်သူအပေါ် ရိုးရဲ့လား"
ဟုတ်ပါသည်။ဝေယံ အာကာပုခုံးပေါ်နှစ်ဖက်လုံးတင်ပီး ဖက်လိုက်ချိန်က အာကာ ဝေယံကို ကြည့်မိပါသည်။
" ဟာ မသိတော့ပါဘူးဟာ..."..
သီရိ တယောက် ခေါင်းရှုပ်နေသည်။
" ဟဲ့ ဘာဖြစ်တာလဲ "..
အောက်က သူ့သူငယ်ချင်းရဲ့ မေးသံကြောင့် သူ အောက်သို့ငုံ့ကြည့်လိုက်သည်။..
" ဘာမှမဟုတ်ဘူး... ငါယောင်နေတာ".
" အေးအေး ပီးတာပဲဟယ် ဘာများလဲလို့"
သီရိ ခေါင်းကို ပြန်ချ၍ ဘေးတစောင်းအိပ် အနေထားပြင်လိုက်သည်။
" သေချာတယ် အာကာ ငါ့ရဲ့ ကိုအပေါ် မရိုးသားဘူး၊ငါ အခြေနေ ထပ်စောင့်ဖို့တော့ လိုအပ်နေပြီ။"
သီရိတယောက်အတွေးကိုယ်စီနဲ့ အိပ်မပျော်ခဲ့ပါ။အခုဆို ၄နာရီ တောင် ထိုးပီဖြစ်သည်။ အာရုဏ်ဦး လင်းကြက် တွန်မှ သူ အိပ်ပျော်သွားခဲ့သည်။
နာရီလက်တံက တဖြည်းဖြည်း ၇နာရီသို့ရောက်ရှိလာသည်။သင်းသီရိကလည်း မျက်နှာသစ်၍ အဆောင်ဝရန်တာသို့ထွက်ခဲ့လေသည်။သူ ညက အကြောင်းကို တွေးမြဲပင်။
"အာကာက ဘယ်လိုလူလဲ ယောက်ကျားလေးကိုကြိုက်နေတာလား။သူက ဘာလဲ မိန်းကလေးကိုမကြိုက်ဘူးတော့လား"..
သူ ခေါင်းထဲမှာ မေးခွန်းများစွာသည်အလွန်ကြပ်နေသည်။
" ဟာရှုပ်လိုက်တာ သူဘာပဲကြိုက်ကြိုက်အဓိကက.. ငါ့ချစ်သူကို လာမလုဖို့ပဲ"...
" ဟဲ့ ဘာတွေ တယောက်တည်း ငိုင်နေတာလဲ"..
အနောက်က လက်လှမ်းပုတ်လိုက်သောကြောင့်သီရိ လှည့်ကြည့်လိုက်သည်။အေးမြတ်မွန်ဖြစ်သည်ထမိန်ဝမ်းဆက် အဖြူ ရောင်လေးကိုဝတ်ထားသည်။ ဆံပင်လေးကို သပ်သပ်ရပ်ရပ် ထုံးထားသဖြင့် မျက်နှာ မှာရှင်းလင်းနေသည်။မျက်ခုံးမွှေးကိုလည်း မထူတထူဆွဲထားတာမို့...ထင်းနေသည်။နှုတ်ခမ်းမှာလည်း နီနီရဲရဲလေးနဲ့ပင်။..
" ဟဲ့ နင်လှလိုက်ချည်လားဘယ်သွားမလို့လဲ"...
" အေး ငါမဟာအံ့ထူးကံသာ ဘုရား သွားမလို့ .. စာမေးပွဲ ကလည်း နီးလာလို့လေ .. "
" အေးကောင်းတယ်နော် ငါလည်း လိုက်ခဲ့ရင် ကောင်းမလား၊ ဘုရားမှာဆုတောင်းလို့ရတာပေါ့"..
"အေး လိုက်ခဲ့လေ အခုပဲ နင်လိုက်မလား လို့ လာပြောတာ"..
"နင်တစ်ယောက်တည်းလား"
" အေးလေ နင်ပါတော့ ငါလဲ အဖော်ရတာပေါ့"..
" ခနနေအုန်းဟ ယောက်ကျား လေးအဖော်ပါမှဖြစ်မယ်ငါတို့နှစ်ယောက်တည်း အဆင်မပြေဘူး"
" သီရိ .. နင်ကလည်း နင့်ဘဲကိုခေါ်လေဟယ်"..
" အယ် ဟုတ်သားပဲ ငါ့ကိုကို... ကိုခေါ်မယ်"
" နောက်မှခေါ် နင်ပြင်တော့လေ.. ငါတို့နောက်ပီး ဝေယံတို့ကိုကိုယ်တိုင်သွားခေါ်မယ်လေ"..
"အေးအေး စောင့်နော်..ငါက ပြင်တာအရမ်းမြန်တယ်"
" အေး စောင့်ပါ့မယ်သီရိရယ်"..
မိနစ် အနည်းငယ် ကြာတော့သီရိတယောက်ထွက်လာခဲ့တော့သည်။..
" သွားမယ်လေ. "..
" အေး.. ဝေယံတို့ကို အရင်ခေါ်မယ်.. နောက်မှသွားမယ်."
" အေးမြတ်မွန် ဖုန်းအခုကတည်းက ကြိုဆက်ထားရမယ်.. တော်ကြာ ငါတို့ထပ်စောင့်နေရအုန်းမယ်"...
"ဟုတ်တယ်.. "...
သူတို့နှစ်ယောက်.. တူတူထွက်ခဲ့ကြသည်။မနက်ခင်း အချိန်ဖြစ်သောကြောင့်လမ်းတလျှောက်မှာ.. ဈေးသွားသူများကိုတွေ့နေရသည်။ခြေလှမ်းနည်းနည်း ထပ်လျှောက်လိုက်ရတော့..ဆရာတို့အိမ်ကိုရောက်ပီဖြစ်သည်။..
" ပြင်ပီးပီလား"..
အေးမြတ်မွန်က..ဖုန်းထပ်ဆက်လိုက်သည်။တအောက်ကြာတော့.. ဝေယံနဲ့ အာကာ ခြံပေါက်ဝသို့ လာတာ တွေ့လိုက်ရသည်။..
" သွားကြမယ်လေ"
ဝေယံ့ကို တွေ့တွေ့ချင်း သီရိက လက်ကို ဖမ်းဆွဲလိုက်သည်။
" လာ ကို..တူတူသွားမယ်"
ဝေယံတို့ နှစ်ယောက်က ရှေ့က။ အာကာက အနောက်က။ အေးမြတ်မွန် ကတော့ အာကာ့နားကို ချက်ချင်းပင်ကပ်လိုက်သည်။
" နေကောင်းလား.. အာကာ''
" အေးကောင်းပါတယ်''
လိုတာထက် ပို၍ပင်မပြောသောအာကာ့က်ု သူတဂယ်ဒေါသထွက်မိပါသည်။အံကိုစုံကြိတ်ကာ ခြေကို ခပ်ကျယ်ကျယ် နင်းလျှောက်လာခဲ့သည်။လမ်းဆုံကိုရောက်တော့ သူတို့ Taxi ကားခဲ့၏။..
မည်မျှပင် မမောင်းရလိုက်ပါ။ ကတ္တာရာခင်းပီးသားလမ်းကိုဖြတ်ပီးနောက် သူတို့အားလုံး ဘုရားသို့ပင်ရောက်ခဲ့ကြသည်။..
" ကို သီရိတို့ ပန်းဝယ်ကြမယ်လေ"
" အင်း.. ဘုရားရင်ပြင်ပေါ်တက်တဲ့နေရာမှာရောင်းတယ်.''
သူတို့ ရင်ပြင်ပေါ်တက်တဲ့ လမ်းအတိုင်းလျှောက်ခဲ့သည်။ကပ်လှူ ရန်အတွက် အသင့်လုပ်ထားတဲ ပန်းစည်း တွေကို သူတို့ ဝယ်ခဲ့သည်။ဘုရားပေါ်ရောက်တော့ တရားထိုင်တဲ့သူ ဘုရားစာရွတ်သူ နေရာအနှံ့တွေ့ရသည်။ဝေယံနဲ့ သီရိ တမင်လေခွေ တူတူ ယှဉ် ထိုင်လိုက်သည်။ ဘုရား ဦးသုံးကြိမ်ချရှိခိုးပြီးနောက် ...
" ကို မျက်စိကို စုံမှိတ် ပီး အဲ့လောက်အသည်းသန်ဆုတောင်းနေတာ ဘာလဲ''..
" ဟီး .. ကို ချစ်တဲ့ ဟောဒီက သီရိ လေးနဲ့ ပေါင်းရပါစေ ဆုတောင်းတာ"..
" စကားတတ်တယ်''..
အာကာလည်း ဦးသုံးကြိမ် ချ ရှိခိုးပီး ရင်ပြင်ပေါ်လှည့်လည် ကြည့်နေလေသည်။
" ကို ... ဒီမှာ ခနနေအုန်း..ချစ်အပြင်ခနသွားမလို့''
" အင်း.. ကိုလိုက်ခဲ့မယ်လေ"..
" ရတယ် ကို....အေးမြတ်မွန် နောက်လိုက်မလို့.."
" အင်းပီးရော''...
သီရိ... ထိုင်ရာမှ ထကာ စောင်းတန်းတွေ ရှိရာသို့ ဦးတည် ဆင်းလာခဲ့တော့သည်။ဖြူ စင်လင်းလက်လှတဲ့ တိမ်တိုက်တွေကိုငေးမောကြည့်နေသောအာကာ ဆီသို့ သူ ဦးတည် လျှောက်လှမ်းခဲ့သည်။
" အာကာဘာလုပ်နေတာလဲ"..
" အော် သီရိကိုး.. ဘာမှမဟုတ်ပါဘူးတိမ်လေးတွေကိုငေးရုံပါဘဲ''
" အင်း.. ငါနင့်ကိုတစ်ခုလောက်မေးလို့ရမလား''
" မေးလေ..သီရိ''..
" မေးမယ်နော်.. ''
သီရိ ကလည်း..သက်ပြင်းခပ်ညင်းစွာ ချလိုက်သည်။အာကာက သီရိ မေးလာမဲ့ အမေးကို ဖြေရန်အသင့်ဖြစ်နေပုံရသည်။
" နင်နဲ့ ကိုရိူင်းနဲ့က ဘယ်လိုပက်သတ်လဲ''
"နင်ကလည်း.. သူငယ်ချင်းပဲလေဟာ ငါတို့နင်တို့လိုပဲ ပေါင်းတာလေ''.. ..
သီရိ အာကာရဲ့အဖြေကြားတော့.. ပါးစပ်ပြုံးမိသည်။
" မဟုတ်ဘူး.. နင်အမှန်တိုင်းပြော ငါသိနေတယ်''...
" ဘာလဲဟ''..
"မဟုတ်ဘူးဟာ ငါသိနေတယ်''
သီရိ မျက်ရည်စို့တက်လာသည်။..
" နင် ငါချစ်တဲ့ ကိုရိူင်းကို ချစ်နေတာမလား''.
အာကာ မျက်လုံးပြူ းမိသွားသည်။ရုတ်တရက် မေးလာသော သီရိရဲ့ အမေးကြောင့် သူကြောင်နေခဲ့ပါသည်။..
"ငါမေးနေတာ ဖြေလေ''....
" မဟုတ်ပါဘူးဟ . ငါ့စိတ်ဝင်စားတာဆိုလို့ စာပဲရှိပါတယ်ဟ''...
" နင် အပိုတွေ လုပ်မနေနဲ့ ဒီမှာကြည့်''..
လက်ထဲ ကိုဖုန်းက ထုတ်ကာ ဓာတ်ပုံနေရာသို့ဝင်၍ ပုံပြလို်က်သည်။..
"အဲ့မှာကြည့် ..ငါညက ရိုက်ပေးထားတဲ့ပုံ...အေး အဲ့ပုံမှာ နင် ဝေယံကို မရိုးသားတဲ့ မျက်လုံးတွေနဲ့ငေးကြည့်နေတယ်ဆိုတာ ညကရော ဒီပုံထဲမှာရော ငါ့မျက်မြင်ကိုယ်တွေ့ပဲ နင်မလိမ်ပါနဲ့ဟာ''
ဟုတ်ပါသည်။ သူ ငေးကြည့်ခဲ့မိပါသည်။သူ သီရိကိုလည်း အားနာလှသည်။
" အဲ့တာမရိုးသားလို့ ဘာလဲ''...
သီရိ မျက်မှောက်ကျူံ ့ပီး အံကြိတ် ပြောနေသည်။အာကာလည်း.. သူနောက်ဆုံးတော့လည်းဖုံးကွယ်လို့မရဘူးဆိုတာသူ စိတ်ထဲ ကနေသိ်လိုက်ရသည်။သူဆက်လိမ်တော့လည်း.. မရတော့သည့်အခြေနေဖြစ်သည်။..
" ဟုတ်တယ်.. ငါ ကိုဝေယံပေါ်မှာ မရိုးသားတဲ့စိတ်မွေးမိတယ်.. နောက်ပီး သူ့ကို ချစ်မိသွားတယ်''....
" ငါထင်သားပဲ.... ''
အာကာဝန်ခံချလိုက်ပီး နောက်ဘာမှဆက်မပြောနိုင်တော့။.
" အေးအဲ့တာတော့ ထားပါတော့ သူ့မှာ ငါ ရှိနေတာ နင်သိပါတယ်နော်''
" သိတယ်.သီရိ..နင်ရှိတာကို သိလို့.. ငါနောက်ဆုတ်ခဲ့တာ''
" အေး ကောင်းပီလေ.. နင်အဲ့လိုလေးသာ ဆက်နေပေးနေရင် နင့်ကို အရမ်းကိုကျေ းဇူးတင်မိမှာပါ..''
သီရိကလည်း မချိ့ပြုံး ပြုံးခြင်းဖြစ်သည်။သူ ဒေါသထွက်နေတာတော့ အမှန်။ဒါမဲ့ မိန်းကလေးမို့ ထိန်းရခြင်းပင်ဖြစ်သည်။
" အဲ့ဆို နင် ဝေယ့ံကို ရှောင်ပေးပါ... သူ နင့်နား ကပ်လာရင် နင်ဝေးဝေးရှောင်ပေးရမယ် အဲ့တာ တစ်ခုတော့ လုပ်ပေးပါ။အဲ့တာသာ လုပ်ပေးရင် ငါနင့်ကိုစိတ်လည်းဆိုးတော့မှာ မဟုတ်ဘူး.။နောက်ပီး နင်နဲ့ အခင်မင် ပျက်တော့မှာမဟုတ်ဘူးအဲ့တာတစ်ခုတော့ လုပ်ပေးပါ''..
" ငါ့ကို စိတ်မဆိုးလို့ လည်း ကျေးဇူးတင်ပါတယ် အခင်မင် မပျက်လို့ လည်း ကျေးဇူးတင်တယ်၊ ငါနင်တောင်းထားတာ လုပ်ပေးပါ့မယ်''
" အေး. ဟုတ်ပီ ..ငါစောင့်ကြည့်နေမယ်'',,
သီရိ ဘုရားရှိခိုးရာနေရာ သို့ ပြန်တက်ခဲ့သည်။ သီရိပြောလိုက်တဲ့ စကားကနှုတ်ထွက်လွယ်ခဲ့သည်။ ဒါမဲ့ အာကာ့အဖို့တော့ မလွယ် ပင်သောအရာ ပင်တည်း။ သူမျက်ရည် ဝဲလာသည်။သူ တိုက်ခတ်လာသော လေပြေလေးကို တစ်ရိူက်တည်း ရှူ လိုက်သည်။..
" ငါ ဘယ်လိုလုပ်ရလဲ..ဟင်း. ကိုဝေယံ ရယ် အခုချိန်မှာ ကိုဝေယံကို တင်းတင်းကြပ်ကြပ် ဖက်ထားချင်တယ်။..''
အားငယ်တဲ့လေသံကလေးက ရင်ထဲမှာပဲ့တင် ထပ်နေခဲ့ပါသည်။သူ့အတွက် အခုချိန်မှာ လိုအပ်နေတာက ဝေယံရဲ့ နွေးထွေးတဲ့ ရင်ခွင်တစုံ။ ဒါပေမဲ့လည်း ဘဝက တောင်းတတိုင်း မရ တဲ့ အနေထားပါလေ။
ထိုနေ့က အားလုံးတွေ့ကြတဲ့ နေ့ နောက်ဆုံးနေ့အချိန်ပင်ဖြစ်သည်။ စာမေးပွဲကလည်း.. တစ်လကျော်ကျော်ပဲ ကျန်တော့ သူတို့ အကုန်လုံးမတွေ့ဖြစ်ကြခဲ့ပါ။ ဝေယံနဲ့ အာကာကတော့ အိမ်မှာ တွေ့ပေမဲ့လည်း..အရင်ကလိုတော့ မဟုတ်။ တောင်းထားတဲ့ ဂတိ အတိုင်းသူ တည်အောင်လုပ်ပေးနေရသည်။ သူ နား ဝေယံ ကပ်လာရင်.. ကွယ်ရာမှာဖြစ်စေ သီရိတို့ရှေ့မှာ ဖြစ်စေ သူရှောင်သည်။ မေးထူးခေါ်ပြောလောက်သာ လုပ်ခဲ့ကြသည်။သူ့တို့ဆယ်တန်းစာမေးပွဲကို ကောင်းမွန်စွာ ဖြေနိုင်ခဲ့ပါသည်။လပြည့်ဝန်းကိုတော့ မဖြေမီ တပတ်လောက်က တွေ့ခဲ့သည်။ အရင်အတိုင်းပင်။မပြောင်းလဲ ။ သူကလဲ အာကာ့ တောင်းထားတဲ့ ဂတိကို သူ မြဲအောင်လုပ်ပါသည်။ထို့ကြောင့်သာ လပြည့်တယောက် စာအကြောင်းကလွဲပြီး ကျန်တာ မပြောတော့ပြီ။နွေရာသီလေး marchလ လေးပီးတော့
သူတို့ရဲ့ဆယ်တန်းကျောင်းသားဘဝလေးပီးဆုံးခဲ့ပါသည်။######
ကျန်တဲ့ အကြီး အပို်င်းလေးကို ဆက်ရေးပေးပါ့မယ်။.. voteတွေ လည်း ပေးကြပါအုန်း😍😍😍ဝမ်းသာပါတယ်ဗျာ...အားပေးလိုက်ကြတာ ဟိုနေ့က ၃၀၀ကျော် ဖတ်တာ အခု ၅၀၀တောင်ကျော်နေပြီ။ကျေးဇူး အထူး တင်ရှိပါတယ်လို့စ်😄
❤Love you all my readers❤❤❤