Zawgyi....
renjunခေါင်းခါမိရ၏
စိတ်ဒဏ်ရာ .....
"အတွင်းရေးမှူးhaung...!!"
"အော်.....ဟုတ်...."
"ဧည့်သည်အတွက်...."
"ကျေးဇူးတင်ပါတယ်...!"
အဟက်!
"အော်....!"
လိုအပ်တာကိုဘေးနားမှာဂရုတစိုက်ဖြည့်ဆည်းပေးရင်း ညနေစာဝိုင်းကို ငြိမ်ြးိငိမ်းချမ်းချမ်းပဲအဆုံးသတ်နိုင်ခဲ့သည်....
"သခင်မလေးကို ကျနော်လို်ပို့ပေးလိုက်ပါ့မယ်...."
"Jaemin!!"
"Jaemin!!"
jaeminရရ်.....
*ဝုန်း*
"တောင်းပန်ပါတယ်...."
ဟက်!
......................................................
"ကို...!"
"ပြော မေ!"
"အိပ် အိပ်မယ်လေ...."
"အိပ်လေ....."
"ကို့!"
ကျစ်!
တောက်!
________________________________
လွဲပီးရင်းလွဲ
miyanae readernim ><
Unicode..
Renjunလုပ်လက်စအလုပ်တွေကိုလတ်စသတ်လိုက်ကာ အပေါ်coatကိုဆွဲယူပြီး အခန်းမီးပိတ်ကာ အခန်းထဲကထွက်ခဲ့လိုက်သည်....
ကိုယ့်အမှားလည်းတစ်စုံတစ်ရာမရှိပါပဲ.....ဟအင်း.....
renjunခေါင်းခါမိရ၏
စိတ်ဒဏ်ရာ .....
ငါက အဲ့ခလေးနှစ်ယောက်စလုံးကိုမေ့မရနိုင်တဲ့စိတ်ဒဏ်ရာတွေပေးခဲ့တာပဲ......
ဟက်! အဲ့ဒါနဲ့များ အမှားတစ်စုံတစ်ရာမရှိပဲနဲ့တဲ့လား....
မနက်ကမှChenleဝယ်ပို့ပေးလိုက်တဲ့ကားလေးထဲဝင်လိုက်ကာ jaeminတို့အိမ်ဘက်မောင်းလာခဲ့လိုက်သည်....
ခြံထဲဝင်ပြီး အိမ်ရှေ့ရောက်လာတာတောင် renjun့မှာအိမ်ထဲဝင်ဖို့ချီတုံချတုံဖြစ်ဆဲ.....
နောက်ဆုံး စိတ်ကို အဆင်သင့်ပြင်လိုက်ကာ အိမ်ထဲလှမ်းဝင်လိုက်သည်....
"အတွင်းရေးမှူးhaung...!!"
"jaeminရော......ဧည့်သည်ရော ရောက်နေပြီလား.....?"
"ဟုတ်ကဲ့.....ဧည့်ခန်းမှာစကားပြောနေပါတယ်..."
"ဒါနဲ့ ....အန်တီတစ်ယောက်ထဲလား.....?ကျန်တဲ့သူတွေရော...."
"သခင်လေးက အကုန်အိမ်ပြန်ဖို့ခွင့်ပေးလိုက်တယ်.....ဧည့်သည်ကိုဧည့်ခံဖို့ အတွင်းရေးမှူးhaungရယ် ကျမရယ်ပဲရှိတာ..."
"အော်.....ဒါဆို မီးဖိုခန်းထဲသွားရအောင်လေ.....ကျနော်တို့ ညနေစာလေးပြင်လိုက်ကြတာပေါ့...."
Jaeminဘာလုပ်ချင်မှန်းrenjunအတပ်သိနေပြီးသားမို့ အစေခံမလေးတွေအိမ်ပြန်လွှတ်လိုက်တဲ့ကိစ္စကိုအံ့သြမနေတော့.....ကိုယ့်အလုပ်ကိုယ်သာအာရုံစူးစိုက်လုပ်ရန် မီးဖိုခန်းထဲလမ်းလျှောက်ဝင်လိုက်သည်
"သခင်လေးကို ဝင်မနှုတ်ဆက်တော့ဘူးလား....?"
"အခုလောလောဆယ် သူ ကျနော့ကိုတွေ့ချင်မယ်မထင်ဘူး.....ဧည့်သည်လည်းရှိနေတော့လေ...."
"အော်.....ဟုတ်...."
"ရှန်ပိန်လေးချပေးပါဦး.....!"
"သခင်လေးကရှန်ပိန်သောက်လေ့မရှိဘူးအတွင်းရေးမှူးhaungရဲ့.....သခင်လေးကသိပ်မသောက်နိုင်ဘူး...."
"ဧည့်သည်အတွက်...."
renjun့စကားပင်မဆုံးလိုက်
"ခဗျားက ကျနော့ရဲ့ကောင်မလေးအကြိုက်ကိုပါသိနေတာပဲနော်haung renjun!! တကယ် ...စေ့စပ်သေချာပုံကတော့သြချလောက်တယ်..."
နောက်ကနေဝင်လာတဲ့jaeminက ယွမ်မေ့လက်ကိုဆွဲကာ ထိုင်ခုံပေါ်ထိုင်စေပြီး သူပါထိုင်ခုံပေါ်ဝင်ထိုင်ရင်းrenjun့ကိုခနဲ့စကားဆို၏.....
ယွမ်မေကတော့ renjun့ကိုမြင်တာနဲ့မျက်နှာပျက်သွား၏
ကျိန်းသေ ချီးကျူးတဲ့စကားလို့ထင်ရပေမဲ့ အမှန်တကယ်မဟုတ်မှန်းသိနေတဲ့renjunကတော့ အလိုက်သင့်လေးပဲ......
"ကျေးဇူးတင်ပါတယ်...!"
အဟက်!
" haung renjun! ခဗျားလည်းဝင်စားလေ ....နောက်ကျနေပြီ...!"
"ကျနော်လမ်းမှာဝင် စားခဲ့ပြီးပါပြီ သခင်လေးတို့ပဲစိတ်အေးလက်အေးသုံးဆောင်ကြပါ...."
"အော်....!"
လိုအပ်တာကိုဘေးနားမှာဂရုတစိုက်ဖြည့်ဆည်းပေးရင်း ညနေစာဝိုင်းကို ငြိမ်းြိငိမ်းချမ်းချမ်းပဲအဆုံးသတ်နိုင်ခဲ့သည်....
စိတ်အနည်းငယ်ရှုပ်ရပေမဲ့ ဆိုးဆိုးဝါးဝါးကြီးဖြစ်မလာတာကိုပဲrenjun့မှာကျေးဇူးတင်လို့မဆုံး.....
"သခင်မလေးကို ကျနော်လိုပို့ပေးလိုက်ပါ့မယ်...."
"နေ နေ အတွင်းရေးမှူးhaung! မေက ဒီညဒီမှာအိပ်မှာ....!"
renjun့ရင်ထဲဒိန်းခနဲ.....
jaeminဆီrenjun စိုးရိမ်တကြီးလှည့်ကြည့်လိုက်တော့ လှောင်ပြုံးတစ်ပွင့်နှင့်အတူ renjun့အားမျက်ခုံးပင့်ပြ၏....
"Jaemin!!"
ရွှမ်မေကတော့ jaeminလက်မောင်းကိုတွဲချိတ်ကာ jaeminအားအပြုံးနဲ့မော့ကြည့်နေလေသည်....
"ဘာဖြစ်လို့လဲhaung renjun...!ဘာကမှားယွင်းနေလို့လဲ....? ခဗျားမျက်နှာကဘာကိစ္စဒီလောက်တောင်ပျက်သွားရတာလဲ......? အဟော ဟော ငိုတော့မှာတော့မဟုတ်ပါဘူးနော်...."
လက်သီးကိုတင်းတင်းဆုပ်လိုက်သောrenjunအားjaeminပြုံးကြည့်ကာ
ဟက်.... ခံလိုက်ဦးပေါ့ခဗျား...!
တကယ်ပဲ သိချင်မိပါရဲ့ ခဗျားရဲ့သိပ်ချစ်လှတဲ့မိန်းမနဲ့ ကျနော အတူအိပ်တာကို ခဗျား ဘယ်လိုရင်ကွဲနာအကျခံပြီး ကြည့်မလဲဆိုတာ....
"Jaemin!!"
"မဆိုင်တာဝင်မပါစမ်းနဲ့haung renjun! ပြန်လို့ရပြီ.....ထွက်သွားတော့....!"
"လာ မေ ! အခန်းထဲသွားရအောင်...."
jaeminက ယွမ်မေအားပြုံးပြရင်း အပေါ်ထပ်ကိုလက်ဆွဲခေါ်သွားသည်
renjunကတော့ ထိုနေရာတွင်အသက်မဲ့စွာကျန်ခဲ့ရ၏
ဒီလောက်ထိမြန်မြန်ကြီးရင်ဆိုင်ရလိမ့်မယ်လို့မထင်ထားခဲ့သည်မို့ ဘယ်လိုပင်နာကျင်ရဖို့ကြိုတင်ပြင်ဆင်ခဲ့ပေမဲ့ renjun့ ရင်တွေကွဲမတက်ပါပဲ
jaeminရရ်.....
တုန်ရီနေတဲ့လက်တွေက ကားစီယာတိုင်ကိုပင် ငြိမ်အောင်မထိန်းထားနိုင်တော့ တစ်လမ်းလုံးငိုခဲ့ရလွန်းသဖြင့် မျက်လုံးတွေကလည်းဝေဝေဝါးဝါး .....ရှေ့ကိုပင်ကောင်းစွာမမြင်နိုင်တော့......
*ဝုန်း*
"တောင်းပန်ပါတယ်...."
"တောင်းပန်ပါတယ် ! ကျနော်အနူးအညွှတ်တောင်းပန်ပါတယ် ကျနော့အမှားပါ...."
ကိုယ့်ကြောင့်ထိခိုက်သွားခဲ့တဲ့အရှေ့မှလူအားခါးကျိုးမတက်တောင်းပန်ပြီးနောက် renjun ခြေဦးတည့်ရာလျှောက်နေမိသည်.....
နှဖူးတစ်ဖက်ပေါ်က တသွင်သွင်စီးကျနေတဲ့သွေးတချို့ကြောင့် ဘယ်ဘက်မျက်လုံးက ဖွင့်လို့ပင်မရတော့..... ကွဲသွားတဲ့ဘေးမှန်နဲ့ခိုက်မိခဲ့တဲ့ ဘယ်ဘက်လက်ကို တခြားတစ်ဖက်နဲ့ဖိကိုင်ရင်း ဟိုးအရင်တုန်းကအချိန်တွေကိုပြန်တွေးမိသည်...
ငယ်ငယ်က ဒီလိုမျိုးလမ်းတွေပေါ်လူမမယ်ညီလေးကို ကုန်းပိုးပြီး ခြေကုန်လက်ပန်းကျသည်အထိ လမ်းလျှောက်ခဲ့ဖူး၏.....
အမှိုက်ပုံးထဲကမုန့်တွေကို ကိုယ့်လိုမျိုး လူတွေနှင့်လုကာ ညီလေးစားဖို့အပြေးယူပေးခဲ့ဖူး၏.....
ရထားဥမင်လှိုင်ခေါင်းပျက်တွေထဲ စက္ကူစတွေခင်းကာ အိပ်ခဲ့ရတဲ့ညတွေ......
ဘယ်ကနေစမှားခဲ့သလဲဆိုရင် CEOရှောင်းက စပြီးခေါ်ယူမွေးစားခဲ့ချိန်လား.....?
ဒါပေမဲ့ အဲ့ဒီ့အချိန်မှာ ချူချာလွန်းတဲ့လူမမယ်ညီလေးကိုစောင့်ရှောက်ဖို့renjun့မှာရွေးချယ်စရာ ဒီတစ်ခုပဲရှိခဲ့သည်.....
တစ်ခါတစ်လေအရမ်းနာကျင်ရတဲ့အခါတိုင်း ငါသာ CEOရှောင် ညီ့ကိုKoreaမှာအလုပ်ခိုင်းတဲ့အချိန် တားလို့ရခဲ့ရင် ဒီလိုကိစ္စတွေလည်းဖြစ်လာမှာမဟုတ် ညီလည်းသေခဲ့ရမှာမဟုတ်သလို့ ကိုယ်က ညီငယ်ဆိုတဲ့ကောင်လေးကိုလည်းစိတ်ဒဏ်ရာပေးခဲ့မိမှာမဟုတ်လို့renjunတွေးမိသည်....
တွေ့ဆုံခွင့်ပေးခဲ့တဲ့ကံကြမ္မာကိုကျေးဇူးတင်ပေမဲ့ ဘာလို့များ ဒီလောက်နာကျင်စရာအဆုံးသတ်ကိုပေးခဲ့တာလဲဟု အော်ဟစ်ပြောဆိုပစ်ချင်ပြန်သည်....
မအိပ်နဲ့......အဲ့မိန်းမနဲ့မအိပ်ပါနဲ့..... မင်းပြောတော့ ငါဖြစ်ချင်တာအားလုံးလုပ်ပေးမယ်ဆို......ငါ့အနားမှာပဲနေမှာပါဆို.......! မူးနေတုန်းပြောမိတဲ့စကားတွေပါဆိုပြီးလျော်ပစ်လိုက်တာလား? ဆိုပြီး သူ့ရှေ့ပေါက်ကွဲလိုက်ချင်သည်...
ဟက်!
Haung renjun! မင်းကအရှုံးသမား!
ချစ်တဲ့သူတွေကိုမစောင့်ရှောက်နိုင်ဘူး......နာကျင်အောင်ပဲလုပ်နိုင်တဲ့အကောင်!
renjun ကိုယ့်ကိုယ်သာအပြစ်တင်ရင် အသိစိတ်ကိုပြန်ထိန်းနေရသည်..... မဟုတ်ရင် jaeminအိမ်ကိုပြန်ပြေးပြီး ငိုယိုအော်ဟစ်ပစ်မိတော့မည်...
လျှေက်ရင်းလျှောက်ရင်းနဲ့renjun ဥမင်လှိုဏ်ခေါင်းတစ်ခုနားရောက်လာသည်.....
သူ့လိုကိုယ့်လို အိမ်ခြေပျက်တွေကြား renjunနေရာတစ်ခုရှာကာ ထိုင်ချလိုက်သည်....
ဒူးပေါ်ခေါင်းမှောက်ချပြီး renjunအိပ်စက်အနားယူလိုက်သည်....
ထိကပ်နေတဲ့နေရာတိုင်းကအေးစက်နေပေမဲ့ renjun ကတော့ ကောင်းကောင်းအိပ်စက်နိုင်ပါသေး၏.......
အရင်ကလည်း ဒီလိုပဲနေခဲ့ရတာပဲဟာ!!
......................................................
"ကို...!"
"ပြော မေ!"
"အိပ် အိပ်မယ်လေ...."
"အိပ်လေ....."
jaeminခုတင်ကိုလက်ညိုးထိုးပြလိုက်က အခန်းထဲကထွက်ဖို့ပြင်သည်....
နောက်ကနေလှမ်းဖက်လိုက်သောယွမ်မေက...
"ကိုရော.....မအိပ်သေးဘူးလား....?"
"ကိုက ကို့အခန်းထဲမှာအိပ်မှာ....!ကောင်းသောညပါမေ! လိုအပ်တာရှိရင် အပြင်ကအဒေါ်ကြီးကိုခေါ်ပြီးခိုင်းလို့ရတယ်...."
"ကို့!"
ယွမ်မေ့လက်ကိုဖြုတ်ချကာ jaeminအခန်းထဲကထွက်လာခဲ့လိုက်ပြီး အောက်ထပ်က ဝိုင်တန်းတွေဘက်လျှောက်လာခဲ့သည်
အပျော့ဆုံး ဝိုင်တစ်ပုလင်းယူကာ အဖုံးဖွင့်ပြီးမော့သောက်လိုက်ကာ ph နံပါတ်တစ်ခုကိုဂးရိုက်ခေါ်လိုက်သည်....
ကျစ်!
Phမကိုင်ဘူးပေါ့ ခဗျား!
ဒီမိန်းမကြောင့် ခဗျားက phမကိုင်ချင်လောက်တဲ့ထိတောင် ကျနော့ကိုလစ်လျူရှု့တယ်ပေါ့.....
တောက်!
________________________________
လွဲပီးရင်းလွဲ
<စာတွေနဲ့မအားတဲ့ကြားထဲကdateလိုက်ရတာမို့ typing errorတွေရှိရင်လည်း သည်းခံဖတ်ပေးဖို့တောင်းဆိုပါရစေ.....mentတွေကိုလည်းနောက်မှဖြည်းဖြည်းချင်းreplyပြန်ပေးပါမယ်ကွ....examနီးပြီမို့updateကကြာမှာပါနော် အားရင်အားသလိုdateပေးနိုင်အောင်ကြိုးစားပါ့မယ်....>
miyanae readernim ><