" ခက္ခက္ခဲခဲ ငါမင္းရဲ႕လက္ကိုတြဲခဲ့ရတာ က်န္႔ေကာ ... မင္းကေတာ့ လြယ္လြယ္ကူကူပဲ လႊတ္ခ်သြားတယ္ ။ မင္းကိုယ္တိုင္ လႊတ္ခ်သြားတဲ့ လက္တစ္စံုကို ျပန္ၿပီးတြဲလို႔ရမယ္မထင္နဲ႔ ! ငါမင္းကို ဘယ္ေတာ့မွ ခြင့္လႊတ္မွာမဟုတ္ဘူး "
________________________________________________________________
အထပ္ေပါင္းမ်ားစြာရွိတဲ့ အေဆာက္အဦးတစ္ခု၏ အခန္းတစ္ခန္းတြင္ အျပည့္ကာထားေသာမွန္ျပတင္းေပါက္ကိုေက်ာ္လ်က္ အျပင္ေလာကကို ၾကည့္ေနသည့္ လူငယ္တစ္ေယာက္ ရွိေလသည္ ။ အတိအက်ေျပာရလၽွင္ Director ဟု တပ္ထားသည့္ အခန္းအတြင္းမွျဖစ္သည္ ။
ကိုယ္စီသြားလာလႈပ္ရွားေနသည့္ လူအမ်ိဳးမ်ိဳးအဖံုဖံုကို ၾကည့္ေနသည့္ ထိုလူငယ္၏ မ်က္ဝန္းေတြက ခံစားခ်က္မဲ့လ်က္ရွိသည္ ။ သူ႔မ်က္လံုးေတြကို ၾကည့္တာႏွင့္ သူဘာေတြးေနသလဲဆိုတာ ခန္႔မွန္းဖို႔ အရမ္းခက္ခဲသည္ ။
" ဆရာဝမ္ေရ ... ဒီေန႔အင္တာဗ်ဴးရွိတာ သတိရတယ္မဟုတ္လား "
ဖုန္းစပီကာမွ ထြက္လာသည့္ စကားသံေၾကာင့္ ဝမ္ရိေပၚအျပင္ကိုေငးေနရာမွ စားပြဲခံုအနားေလၽွာက္လာရင္း ထိုင္ခံုေပၚထိုင္ခ်လိုက္သည္ ။
" ကြ်န္ေတာ္ ဘယ္တုန္းက ကိုယ္တိုင္ဗ်ဴးလို႔လဲ ခ်န္ေကာ "
" ဒီေန႔က မင္းရဲ႕ project အသစ္အတြက္ ဗ်ဴးတဲ့ လူေရြးပြဲေနာ္ ... မင္းကိုယ္တိုင္မလာခ်င္ဘူးလား "
စပီကာမွ ဆက္၍ထြက္လာေသာ သူ၏အစ္ကိုဝမ္းကြဲျဖစ္သူ ဝမ္က်ိဳးခ်န္ရဲ႕စကားကို လ်စ္လ်ဴရႈလိုက္ရင္း လုပ္လက္စ project အသစ္ရဲ႕ အခ်က္အလက္မ်ားကို ဝမ္ရိေပၚ ဆက္ၾကည့္ေနလိုက္သည္ ။
" ကြ်န္ေတာ္ မလာဘူး "
" ေသခ်ာလား ရိေပၚ "
" ခ်န္ေကာ ဘာျဖစ္ေနလဲဗ်ာ ... အရင္လဲ ခ်န္ေကာပဲ ဗ်ဴးေနၾက အားလံုးစီစဥ္ေနၾကေလ ... ဘာလို႔အခုမွ အတင္းေခၚေနတာလဲ ကြ်န္ေတာ္အဲ့လို လူေတြ႕စစ္ေဆးရတာေတြ စိတ္မဝင္စားတာ သိရဲ႕သားနဲ႔ "
" ဟုတ္ပါၿပီ မလာခ်င္တာေသခ်ာၿပီေနာ္ ဝမ္ရိေပၚ ... ဒါအခုေနာက္ဆံုး ဖုန္းဆက္တာပဲ ၿပီးမွ ငါ့ကိုဖုန္းဆက္လို႔ ငါမကိုင္ျဖစ္ရင္ေတာ့ ငါ့ကိုအျပစ္မတင္နဲ႔ ။ အခု အင္တာဗ်ဴးလာေျဖတဲ့ သူေတြရဲ႕ ကိုယ္ေရးအက်ဥ္းနဲ႔ သူတို႔ဆြဲထားတဲ့ ဒီဇိုင္းေတြ မင္းကို mail ပို႔လိုက္မယ္ စစ္ၾကည့္ ... ငါအခု လူေတြ႕စစ္ဖို႔သြားေနၿပီေနာ္ .. ေနာက္ ၅မိနစ္ေလာက္ေနရင္ပဲ မင္းဖုန္းကို ငါမကိုင္ေတာ့ဘူး ဝမ္ရိေပၚ "
အထူးတဆန္းလုပ္လို႔ သူ႔ကိုအတင္းေခၚေနသည့္ က်ိဳးခ်န္စကားကို သူၿပီးၿပီးေရာလုပ္ကာ ဖုန္းကိုတိခနဲ သူ႔ဘက္က အရင္ခ်ပစ္လိုက္သည္ ။
လက္ပ္ေတာ့ေပၚ သူ႔လက္ေခ်ာင္းေတြ တေတာက္ေတာက္ေျပးေနရင္း အင္တာဗ်ဴးလာေျဖတဲ့ သူေတြရဲ႕ ကိုယ္ေရးအခ်က္အလက္မ်ားႏွင့္ ဆြဲထားသည့္ အက်ႌဒီဇိုင္းေတြကို ရိေပၚ စစ္ေဆးၾကည့္ေနသည္ ။
တေလာကပဲ က်ိဳးခ်န္က သူ႔ကို project တစ္ခုလုပ္ဖို႔ရန္ အၾကံျပဳလာသည္ ။ အက်ႌဒီဇိုင္း ကုမၸဏီတစ္ခုျဖစ္သည့္ သူတို႔လုပ္ငန္းစုအတြက္ တတိယေျမာက္ project ႀကီး တစ္ခုကို ရိေပၚလက္ထဲသို႔ ယံုယံုၾကည္ၾကည္အပ္ခဲ့သည္ ။
ဝမ္ရိေပၚဟာ အခုမွ လုပ္ငန္းထဲအေျခက်သည့္ လူငယ္မဟုတ္တာမို႔ မခက္ခဲေသာ္လည္း တစ္ခုေတာ့ရွိသည္ ။ သူဒီဇိုင္းမဆြဲတတ္ ။ ထို႔ေၾကာင့္ပင္ သူ႔ရဲ႕ project ပါ အေၾကာင္းအရာတစ္ခ်ိဳ႕ကိုခ်ျပကာ သူလူေရြးေခၚဖို႔ ေၾကျငာခဲ့သည္ ။
" ဒီဇိုင္းေတြက ဘာလို႔ဒီေလာက္ဆိုးေနရတာလဲ "
၅ေယာက္ေလာက္၏ ဒီဇိုင္းမ်ားကို ရိေပၚၾကည့္ၿပီးသည့္တိုင္ စိတ္တိုင္းက်ျခင္းမရွိခဲ့ ။ ရိေပၚ ေလပူတစ္ခ်က္မႈတ္ထုတ္လိုက္ရင္း ဒီအရည္အခ်င္းနဲ႔ ငါ့ဆီကို အလုပ္လုပ္ဖို႔ ဘယ္လိုမ်ားလာေလၽွာက္ရသလဲဟု ေတြးကာ မ်က္ေမွာင္ၾကဳတ္မိေတာ့သည္ ။
" စိတ္ပ်က္လိုက္တာ ဘာစိတ္ကူးေတြနဲ႔ ဆြဲထားၾကတာလဲ ... တစ္ခုမွ ပံုမလာဘူး "
ရိေပၚစားပြဲခံုကို ရိုက္ခ်ရင္း စိတ္တိုရၿပီ ။ ဒါေနာက္ဆံုးတစ္ခုပဲ ။ ရိေပၚ ေနာက္ဆံုးက်န္ေနတဲ့ ဒီဇိုင္းဆီ click လုပ္လိုက္သည္ ။ ဒီတစ္ခုကေတာ့ တကယ္မဆိုးလွ ။ အႀကိဳက္ႀကီး မဟုတ္ေတာင္ အရင့္အရင္ေတြကထက္ေတာ့ အမ်ားႀကီးအဆင္ေျပသည့္ဘက္ေရာက္သည္ ။
ရိေပၚ စိတ္သက္သာရာရသြားရင္း ထိုဒီဇိုင္းဆြဲသူ၏ ကိုယ္ေရးအက်ဥ္းကို ႏွိပ္ခ်လိုက္သည္ ။
ေရွာင္းက်န္႔ ။
ထိုင္ခံုေပၚထိုင္ေနတဲ့ ရိေပၚရဲ႕ ခႏၶာကိုယ္ဟာ ခ်က္ခ်င္း မတ္သြားကာ မ်က္ေမွာင္ၾကဳတ္ထားမိသည္ေၾကာင့္ မ်က္ခံုးႏွစ္ခုကေတာင္ ထိစပ္လုနီးနီး ။
ဒီနာမည္ ၊ ဒီမ်က္ႏွာ ၊ ဘယ္လိုမွမ်က္ႏွာမလႊဲႏိုင္ခဲ့တဲ့ ဒီမွည့္နဲ႔လူကို ဝမ္ရိေပၚ တစ္သက္လံုးေမ့မည္မဟုတ္ ။ ရိေပၚရဲ႕ဘဝမွာ ဘယ္ေတာ့အခါမွ ျပန္မဆံုခ်င္ေတာ့သည့္ လူ ။ ရိေပၚရဲ႕ ႏုနယ္တဲ့ ႏွလံုးသားကို ဒဏ္ရာေတြနဲ႔ လက္လြတ္စပယ္ ပစ္ထားခဲ့တဲ့ လူ ။ ရိေပၚ တစ္သက္လံုး ခြင့္မလႊတ္ႏိုင္တဲ့ လူ ။
^ ေနာက္ ၅မိနစ္ေလာက္ေနရင္ပဲ မင္းဖုန္းကို ငါမကိုင္ေတာ့ဘူး ဝမ္ရိေပၚ ^
ျပန္ၾကားမိသည့္ က်ိဳးခ်န္ရဲ႕စကားတစ္ခြန္း ။ ရိေပၚ ေနရာမွ အျမန္ထရပ္ကာ အခန္းထဲကေန ေျပးထြက္ခဲ့သည္ ။
" ခ်န္ေကာ !! မင္းငါ့ကို တစ္ပတ္ရိုက္လိုက္ၿပီမလား "
အေျပးတင္ပဲလားဆိုေတာ့ မဟုတ္ ။ လက္ကလဲ ဖုန္းကိုကိုင္ရင္း သူ႔အားလွည့္သြားသည့္ အစ္ကိုျဖစ္သူကို ေမတၱာေတြပို႔ရင္း ဖုန္းကိုင္ေပးဖို႔ တစ္တြတ္တြတ္ ေျပာေနရသည္ ။ ရိေပၚ ဒီလူနဲ႔ ျပန္မဆံုခ်င္ဘူး ။ သူ႔မ်က္ႏွာမျမင္ခ်င္ဘူး ။
ဒီေန႔မွပဲ အင္တာဗ်ဴးခန္းနဲ႔ ရိေပၚရဲ႕ ရံုးခန္းမွာ ပိုေဝးသလားေအာက္ေမ့ေနရေအာင္ ရိေပၚေျပးေနေပမဲ့ အရာမတြင္သလို ခံစားေနရသည္ ။
" မင္းငါ့ကို အဲ့လိုလုပ္လို႔မရဘူး ခ်န္ေကာ !! "
ၿပီးခဲ့တဲ့ အတိတ္ေတြဆီက ငါ့အေၾကာင္းအလံုးစံုကို မင္းအားလံုးနားလည္ခဲ့ရင္ မင္းဒီလိုမလုပ္သင့္ဘူးဆိုတာ သိတယ္မလား ဝမ္က်ိဳးခ်န္ ။
***
အျမည္းနည္းနည္းေလးပဲ အရင္ဖတ္ထားေပးေနာ္ 😁❤❤
Unicode
" ခက်ခက်ခဲခဲ ငါမင်းရဲ့လက်ကိုတွဲခဲ့ရတာ ကျန့်ကော ... မင်းကတော့ လွယ်လွယ်ကူကူပဲ လွှတ်ချသွားတယ် ။ မင်းကိုယ်တိုင် လွှတ်ချသွားတဲ့ လက်တစ်စုံကို ပြန်ပြီးတွဲလို့ရမယ်မထင်နဲ့ ! ငါမင်းကို ဘယ်တော့မှ ခွင့်လွှတ်မှာမဟုတ်ဘူး "
________________________________________________________________
အထပ်ပေါင်းများစွာရှိတဲ့ အဆောက်အဦးတစ်ခု၏ အခန်းတစ်ခန်းတွင် အပြည့်ကာထားသောမှန်ပြတင်းပေါက်ကိုကျော်လျက် အပြင်လောကကို ကြည့်နေသည့် လူငယ်တစ်ယောက် ရှိလေသည် ။ အတိအကျပြောရလျှင် Director ဟု တပ်ထားသည့် အခန်းအတွင်းမှဖြစ်သည် ။
ကိုယ်စီသွားလာလှုပ်ရှားနေသည့် လူအမျိုးမျိုးအဖုံဖုံကို ကြည့်နေသည့် ထိုလူငယ်၏ မျက်ဝန်းတွေက ခံစားချက်မဲ့လျက်ရှိသည် ။ သူ့မျက်လုံးတွေကို ကြည့်တာနှင့် သူဘာတွေးနေသလဲဆိုတာ ခန့်မှန်းဖို့ အရမ်းခက်ခဲသည် ။
" ဆရာဝမ်ရေ ... ဒီနေ့အင်တာဗျူးရှိတာ သတိရတယ်မဟုတ်လား "
ဖုန်းစပီကာမှ ထွက်လာသည့် စကားသံကြောင့် ဝမ်ရိပေါ်အပြင်ကိုငေးနေရာမှ စားပွဲခုံအနားလျှောက်လာရင်း ထိုင်ခုံပေါ်ထိုင်ချလိုက်သည် ။
" ကျွန်တော် ဘယ်တုန်းက ကိုယ်တိုင်ဗျူးလို့လဲ ချန်ကော "
" ဒီနေ့က မင်းရဲ့ project အသစ်အတွက် ဗျူးတဲ့ လူရွေးပွဲနော် ... မင်းကိုယ်တိုင်မလာချင်ဘူးလား "
စပီကာမှ ဆက်၍ထွက်လာသော သူ၏အစ်ကိုဝမ်းကွဲဖြစ်သူ ဝမ်ကျိုးချန်ရဲ့စကားကို လျစ်လျူရှုလိုက်ရင်း လုပ်လက်စ project အသစ်ရဲ့ အချက်အလက်များကို ဝမ်ရိပေါ် ဆက်ကြည့်နေလိုက်သည် ။
" ကျွန်တော် မလာဘူး "
" သေချာလား ရိပေါ် "
" ချန်ကော ဘာဖြစ်နေလဲဗျာ ... အရင်လဲ ချန်ကောပဲ ဗျူးနေကြ အားလုံးစီစဉ်နေကြလေ ... ဘာလို့အခုမှ အတင်းခေါ်နေတာလဲ ကျွန်တော်အဲ့လို လူတွေ့စစ်ဆေးရတာတွေ စိတ်မဝင်စားတာ သိရဲ့သားနဲ့ "
" ဟုတ်ပါပြီ မလာချင်တာသေချာပြီနော် ဝမ်ရိပေါ် ... ဒါအခုနောက်ဆုံး ဖုန်းဆက်တာပဲ ပြီးမှ ငါ့ကိုဖုန်းဆက်လို့ ငါမကိုင်ဖြစ်ရင်တော့ ငါ့ကိုအပြစ်မတင်နဲ့ ။ အခု အင်တာဗျူးလာဖြေတဲ့ သူတွေရဲ့ ကိုယ်ရေးအကျဉ်းနဲ့ သူတို့ဆွဲထားတဲ့ ဒီဇိုင်းတွေ မင်းကို mail ပို့လိုက်မယ် စစ်ကြည့် ... ငါအခု လူတွေ့စစ်ဖို့သွားနေပြီနော် .. နောက် ၅မိနစ်လောက်နေရင်ပဲ မင်းဖုန်းကို ငါမကိုင်တော့ဘူး ဝမ်ရိပေါ် "
အထူးတဆန်းလုပ်လို့ သူ့ကိုအတင်းခေါ်နေသည့် ကျိုးချန်စကားကို သူပြီးပြီးရောလုပ်ကာ ဖုန်းကိုတိခနဲ သူ့ဘက်က အရင်ချပစ်လိုက်သည် ။
လက်ပ်တော့ပေါ် သူ့လက်ချောင်းတွေ တတောက်တောက်ပြေးနေရင်း အင်တာဗျူးလာဖြေတဲ့ သူတွေရဲ့ ကိုယ်ရေးအချက်အလက်များနှင့် ဆွဲထားသည့် အကျႌဒီဇိုင်းတွေကို ရိပေါ် စစ်ဆေးကြည့်နေသည် ။
တလောကပဲ ကျိုးချန်က သူ့ကို project တစ်ခုလုပ်ဖို့ရန် အကြံပြုလာသည် ။ အကျႌဒီဇိုင်း ကုမ္ပဏီတစ်ခုဖြစ်သည့် သူတို့လုပ်ငန်းစုအတွက် တတိယမြောက် project ကြီး တစ်ခုကို ရိပေါ်လက်ထဲသို့ ယုံယုံကြည်ကြည်အပ်ခဲ့သည် ။
ဝမ်ရိပေါ်ဟာ အခုမှ လုပ်ငန်းထဲအခြေကျသည့် လူငယ်မဟုတ်တာမို့ မခက်ခဲသော်လည်း တစ်ခုတော့ရှိသည် ။ သူဒီဇိုင်းမဆွဲတတ် ။ ထို့ကြောင့်ပင် သူ့ရဲ့ project ပါ အကြောင်းအရာတစ်ချို့ကိုချပြကာ သူလူရွေးခေါ်ဖို့ ကြေငြာခဲ့သည် ။
" ဒီဇိုင်းတွေက ဘာလို့ဒီလောက်ဆိုးနေရတာလဲ "
၅ယောက်လောက်၏ ဒီဇိုင်းများကို ရိပေါ်ကြည့်ပြီးသည့်တိုင် စိတ်တိုင်းကျခြင်းမရှိခဲ့ ။ ရိပေါ် လေပူတစ်ချက်မှုတ်ထုတ်လိုက်ရင်း ဒီအရည်အချင်းနဲ့ ငါ့ဆီကို အလုပ်လုပ်ဖို့ ဘယ်လိုများလာလျှောက်ရသလဲဟု တွေးကာ မျက်မှောင်ကြုတ်မိတော့သည် ။
" စိတ်ပျက်လိုက်တာ ဘာစိတ်ကူးတွေနဲ့ ဆွဲထားကြတာလဲ ... တစ်ခုမှ ပုံမလာဘူး "
ရိပေါ်စားပွဲခုံကို ရိုက်ချရင်း စိတ်တိုရပြီ ။ ဒါနောက်ဆုံးတစ်ခုပဲ ။ ရိပေါ် နောက်ဆုံးကျန်နေတဲ့ ဒီဇိုင်းဆီ click လုပ်လိုက်သည် ။ ဒီတစ်ခုကတော့ တကယ်မဆိုးလှ ။ အကြိုက်ကြီး မဟုတ်တောင် အရင့်အရင်တွေကထက်တော့ အများကြီးအဆင်ပြေသည့်ဘက်ရောက်သည် ။
ရိပေါ် စိတ်သက်သာရာရသွားရင်း ထိုဒီဇိုင်းဆွဲသူ၏ ကိုယ်ရေးအကျဉ်းကို နှိပ်ချလိုက်သည် ။
ရှောင်းကျန့် ။
ထိုင်ခုံပေါ်ထိုင်နေတဲ့ ရိပေါ်ရဲ့ ခန္ဓာကိုယ်ဟာ ချက်ချင်း မတ်သွားကာ မျက်မှောင်ကြုတ်ထားမိသည်ကြောင့် မျက်ခုံးနှစ်ခုကတောင် ထိစပ်လုနီးနီး ။
ဒီနာမည် ၊ ဒီမျက်နှာ ၊ ဘယ်လိုမှမျက်နှာမလွှဲနိုင်ခဲ့တဲ့ ဒီမှည့်နဲ့လူကို ဝမ်ရိပေါ် တစ်သက်လုံးမေ့မည်မဟုတ် ။ ရိပေါ်ရဲ့ဘဝမှာ ဘယ်တော့အခါမှ ပြန်မဆုံချင်တော့သည့် လူ ။ ရိပေါ်ရဲ့ နုနယ်တဲ့ နှလုံးသားကို ဒဏ်ရာတွေနဲ့ လက်လွတ်စပယ် ပစ်ထားခဲ့တဲ့ လူ ။ ရိပေါ် တစ်သက်လုံး ခွင့်မလွှတ်နိုင်တဲ့ လူ ။
^ နောက် ၅မိနစ်လောက်နေရင်ပဲ မင်းဖုန်းကို ငါမကိုင်တော့ဘူး ဝမ်ရိပေါ် ^
ပြန်ကြားမိသည့် ကျိုးချန်ရဲ့စကားတစ်ခွန်း ။ ရိပေါ် နေရာမှ အမြန်ထရပ်ကာ အခန်းထဲကနေ ပြေးထွက်ခဲ့သည် ။
" ချန်ကော !! မင်းငါ့ကို တစ်ပတ်ရိုက်လိုက်ပြီမလား "
အပြေးတင်ပဲလားဆိုတော့ မဟုတ် ။ လက်ကလဲ ဖုန်းကိုကိုင်ရင်း သူ့အားလှည့်သွားသည့် အစ်ကိုဖြစ်သူကို မေတ္တာတွေပို့ရင်း ဖုန်းကိုင်ပေးဖို့ တစ်တွတ်တွတ် ပြောနေရသည် ။ ရိပေါ် ဒီလူနဲ့ ပြန်မဆုံချင်ဘူး ။ သူ့မျက်နှာမမြင်ချင်ဘူး ။
ဒီနေ့မှပဲ အင်တာဗျူးခန်းနဲ့ ရိပေါ်ရဲ့ ရုံးခန်းမှာ ပိုဝေးသလားအောက်မေ့နေရအောင် ရိပေါ်ပြေးနေပေမဲ့ အရာမတွင်သလို ခံစားနေရသည် ။
" မင်းငါ့ကို အဲ့လိုလုပ်လို့မရဘူး ချန်ကော !! "
ပြီးခဲ့တဲ့ အတိတ်တွေဆီက ငါ့အကြောင်းအလုံးစုံကို မင်းအားလုံးနားလည်ခဲ့ရင် မင်းဒီလိုမလုပ်သင့်ဘူးဆိုတာ သိတယ်မလား ဝမ်ကျိုးချန် ။
***
အမြည်းနည်းနည်းလေးပဲ အရင်ဖတ်ထားပေးနော် 😁❤❤