A.N
အပိုင္း 1 မွာ ထပ္ျဖည့္ထားတာ႐ွိပါတယ္။
.........
မနက္လင္းတာနဲ႔ ရိေပၚတို႔အလုပ္စတယ္။ ျမက္ရိတ္စက္ေတြဘာေတြမ႐ွိဘူး။ ေပါက္ျပားနဲ႔တူရြင္းေတြပဲ႐ွိတယ္။ ကိစၥမ႐ွိ!ရိေပၚလက္ေတြက အသားမာတက္ၿပီးသားပဲ။ က်န္႔ခိုင္ကေတာ့ ရြာလူႀကီးေတြနဲ႔ေဆြးေႏြးေနတယ္။ ကေလးေတြကလဲ ကြက္ၾကည့္ကြက္ၾကည့္နဲ႔။ ရိေပၚ ေပါက္ျပားတစ္လက္ကိုင္ၿပီး ကြင္းပတ္ပတ္လည္ကျမက္ေတြကို ေျမာင္းေပၚလာေအာင္႐ွင္းေနမိတယ္။ ၿပီးရင္ ဒီအေပၚမွာ အျဖဴေရာင္လိုင္းေတြတားမယ္။ အတူပါလာတ့ဲကေလးေတြမွာေယာက်ာ္းေလးေတြက ေပါက္ျပားကိုင္ၿပီး မိန္းကေလးေတြက ကြင္းထဲေျမညႇိၾကတယ္။ ထိုးမိႏိုင္တ့ဲ ငုတ္ေတြဖယ္ၿပီး။ ေဘာလုံးကြင္းအေသးစားမို႔ ဒါကို သူတို႔ကြန္ကရစ္မခင္းဘူး။ ဘတ္စကတ္ေဘာကြင္းကိုမွ ပစၥည္းအျပည့္အစုံနဲ႔ ကြန္ကရစ္ခင္းရမွာ။
အ့ဲဒါကိုေတာ့ ရြာကစီစဥ္လိမ့္မယ္။
...........
သူတို႔ေရခ်ိဳးရတာအဆင္မေျပဘူး။ ေက်ာင္းကေရက လူအကုန္လုံးခ်ိဳးဖို႔ရာ မေလာက္ငွဘူး။ အ့ဲဒါနဲ႔ပဲ မိန္းကေလးေတြကိုေက်ာင္းမွာ ခ်ိဳးခိုင္းၿပီး ေယာက်ာ္းေလးေတြကေတာ့ ေရခ်ိဳေခ်ာင္း ႐ွိတ့ဲေနရာမွာခ်ိဳးဖို႔ဆုံးျဖတ္လိုက္ၾကတယ္။
အားလုံးကရိေပၚကို လွည့္ၾကည့္လွည့္ၾကည့္နဲ႔။ သူတို ့မသိခင္ ရိေပၚက ေရငုပ္ၿပီးေပၚမလာေတာ့မွာစိုးရိမ္ေနၾကပုံပဲ။ က်န္႔ခိုင္တစ္ေယာက္လုံးသူ႔ေဘးမွာ႐ွိေနမွေတာ့ သူေသခ်င္ရင္ေတာင္ အသက္ေျဖာင့္ေအာင္ထြက္လို႔ရမွာမဟုတ္ဖူး။
ေရကေအးေနေရာပဲ! ရိပၚစိတ္ေတြနည္းနည္းၾကည္လင္လာသလိုခံစားရတယ္။ ပတ္ဝန္းက်င္အသစ္၊ ေနထိုင္မႈအသစ္၊ လူအသစ္ နဲ႔..ရိေပၚ ဒီေနရာမွာ ႏွစ္လမကေနခ်င္လာတယ္။ အားလုံးနဲ႔အဆက္အသြယ္ျဖတ္ၿပီး။ သူအရင္က ဘာလို႔ဒါကိုမစဥ္းစားမိခ့ဲတာလဲ။ ဒီတစ္ေခါက္သူျပန္ရင္ က်န္႔ခိုင္တို႔နဲ႔ ျပန္လိုက္သြားမယ္။ ျပီးရင္ က်န္းေကာ္ ကိုေခၚျပီးျပန္လာမယ္။ သူကသားေပါက္ထားတာ သုံးေကာင္ေတာင္႐ွိၿပီ။ သူတစ္ကိုယ္စာပဲ ဆန္႔တ့ဲအိမ္ေဆာက္မယ္။ ႏွစ္ေယာက္စာအသုံးအေဆာင္ေလးေတြကိုပါေအာင္သယ္လာမယ္။ သိပ္ကိုေႏြးေထြးေနမွာပဲ။
ေကာင္ေလးေတြက ရိေပၚကိုၾကည့္ၿပီးသေဘာက်ေနၾကတယ္။ ၾကည့္ေတာ့သာ LCD လိုထင္ရတာ ။သုံးႏွစ္ေလာက္ ပစ္စလခတ္ျဖစ္ေနတာေတာင္ သူတို႔ဆရာရဲ႕ ခႏၶာကိုယ္က အရင္လိုၾကည့္ေကာင္းေနတုန္းပဲ! အ့ဲဒီဝမ္းနည္းစရာကိစၥႀကီးသာမ႐ွိခ့ဲရင္ ဆရာက ကမ႓ာေပၚမွာအေပ်ာ္ရႊင္ဆုံးလူသားျဖစ္ေနမွာ.....။
.................
ဒီေန႔ကေက်ာင္းဖြင့္တ့ဲေန႔။ မေန႔တုန္းက ရာသီဥတုနည္းနည္းဆိုးလိုက္လို႔ အလုပ္မတြင္လိုက္ဖူး။ ရြာက လတ္လတ္ဆတ္ဆတ္ႏြားႏို႔ေတြလာတိုက္တယ္။ ကေလးေတြအားလုံးေပ်ာ္ၾကေပမ့ဲ ရိေပၚကေတာ့ ေသးေသးေလးေတာင္မျပံဳးဘူး။ ေက်းဇူးတင္ပါတယ္ တစ္ခြန္းမဆိုဘူး။ အ့ဲဒီလူ႔ဂြစာကို က်န္႔ခိုင္တစ္ခါတေလ ကိုင္ကိုင္ေပါက္ခ်င္လာတယ္။ သူ႔က်န္႔ေကာကိုမွ လူထင္ခ့ဲတ့ဲအတိုင္းပဲ! မသာ!!!
သူတိူ႔စတည္းခ်တာက အရင္မူလတန္းေက်ာင္းေဆာင္ေဟာင္း၊ အခုေတာ့စာၾကည့္တိုက္လုပ္ထားတာ။ ကေလးေတြကိုဒီဘက္ျခမ္းကိုမလာဖို႔ မိဘေတြကေျပာထားပုံရတယ္။ သူတို႔ေနရထိုင္ရတာ အေႏွာင့္အယွက္မျဖစ္ဖူး။ ဆရာမေလးတစ္ေယာက္ကိုေတာ့ျမင္ေနရၿပီ။ ေက်းလက္သူလို႔မထင္ရေအာင္ ျဖဴျဖဴေဖြးေဖြးကေလးရယ္။ ဒါေပမ့ဲနည္းနည္းေတာ့ႏႈတ္ၾကမ္းတယ္။ တုတ္မကိုင္ဘူး။ သူကအသံနဲ႔ ႐ုပ္နဲ႔ လက္ဝါးနဲ႔ထိန္းတယ္။
က်န္႔ခိုင္တို႔က ဆရာေလးကိုေစာင့္ၾကတယ္။ မီးျပတိုက္ဘက္ကလာရမွာမို႔နည္းနည္းလွမ္းတယ္တ့ဲ။ ကုန္းတက္ကုန္းဆင္းမ႐ွိဘဲ တစ္ေျပးတည္းျဖစ္ေနတ့ဲ ကုန္းေျမျပင္က မီးျပတိုက္နဲ႔ တစ္ဆက္တည္းျဖစ္ေနတာ။ သဘာဝေပါင္းကူးေလးနဲ႔။ ပင္လယ္ဘက္ထိုးထြက္ေနတ့ဲ ကြၽန္းဆြယ္က ေရတိုက္စားခံရတာမ်ားၿပီး အလယ္ေနရာကာဂလိုင္ေပါက္လိုျဖစ္ေနတာ။ အ့ဲဒါကသဘာဝေပါင္းကူးတံတားေလးေပါ့။ တစ္ဖက္မွာက်န္တ့ဲအပိုင္းကိုေတာ့ အဂၤေတမံၿပီး မီးျပတိုက္ေဆာက္ထားတာ။
"ဆရာေလး..လာၿပီ....."
ကေလးေတြေျပးသြားၾကတယ္။ လမ္းအေကြ႔ေလးကို ရိေပၚလွမ္းၾကည့္လိုက္တယ္။ စက္ဘီးဂလိုင္သံေလးကိုၾကားရတယ္။ သူက စက္ဘီးစီးတာပဲ!
လက္ထဲကေပါက္ျပားကိုပစ္ခ်ၿပီး ထြက္လာတ့ဲေခြၽးေတြကိုသုတ္လိုက္တယ္။ ေယာက်ာ္းစီးစက္ဘီးအနက္ကိုသူျမင္ရတယ္။ အလယ္မွာအေပါက္ထားၿပီးအ့ဲဒီအေပါက္ကို သံလုံးေသးေသးေတြထည့္ထားတ့ဲ ေက်ာင္းတံတိုင္းေတြေၾကာင့္ စက္ဘီးကိုပဲ ျမင္ရၿပီးလူကိုမျမင္ရဘူး။ ကေလးေတြက ေက်ာင္းေပါက္ဝမွာျပံဳေနတာပဲ။
သူက႐ွပ္အျဖဴကိုဝတ္ထားတယ္။ မ်က္မွန္ကိုင္းအမည္းေလးနဲ႔။
ၿပီးေတာ့ျပံဳးေနတယ္။
"ရိေပၚ"
က်န္႔ခိုင္အလန္႔တၾကားနဲ႔ရိေပၚကိုလွမ္းၾကည့္လိုက္တယ္။ ရိေပၚ မ်က္ေတာင္ေတြကိုခပ္ျမန္ျမန္တျဖတ္ျဖတ္ခတ္ေနၿပီး လည္ေခ်ာင္းကထက္ေအာက္လႈပ္႐ွားေနတယ္။ မ်က္ဝန္းေတြက မယုံႏိုင္သလို ျပဴးက်ယ္ေနတာပဲ!
"က်န္႔ေကာ"
သူဖမ္းမမိလိုက္ခင္မွာပဲ ရိေပၚကအ့ဲဒီလူအနားေရာက္သြားခ့ဲၿပီ။
ကေလးေတြကတြန္းဖယ္တိုးတိုက္ခံရမႈေၾကာင့္ေဘးကို႐ွဲကုန္တယ္။
အခ်ိန္ေတြရပ္သြားတယ္။.ရိေပၚမ်က္လုံးထဲမွာ ဒီလူကလြဲၿပီးဘာမွမျမင္ေတာ့ဘူး။ ႏႈတ္ခမ္းေတြက ဟၿပီးတ္စ္စုံတစ္ခုထြက္က်လာမလိုနဲ႔ ဘာသံမွထြက္မလာဘူး။
ေလခပ္ျပင္းျပင္းတစ္ခ်က္က ေဝ့ကနဲ ျဖတ္တိုက္တယ္။
ႏွစ္ေယာက္သားမ်က္ႏွာခ်င္းဆိုင္ျဖစ္သြားတ့ဲအခါ ရိေပၚႏွလုံးေတြရပ္ေတာ့မလိုပဲ။
က်န္႔ေကာရဲ႕စာပနတုန္းကလိုခံစားခ်က္မ်ိဳးကိုသူျပန္ခံစားေနရတယ္။ သူမယုံႏိုင္ဘူး။ သူအရမ္းထိကိုင္ခ်င္ေပမ့ဲ ထိလိုက္မိရင္ေပ်ာက္ကြယ္သြားမလားဆိုတ့ဲစိတ္နဲ႔ ေသးေသးကေလးေတာင္သူေ႐ွ႕ကိုထပ္မတိုးရဲဘူး။
"အိပ္..မက္..လား..."
သူ႔အသံကထစ္အေနတာပဲ။ သူ႔အၾကာႀကီးရပ္ေနေပမ့ဲ သူ႔ေရွ့ကလူကေပ်ာက္ကြယ္မသြားေသးဘူး။ သူ႔လက္ေတြကိုဆန္႔မိေပမ့ဲ သူမထိရဲဘူး။ ေပ်ာက္သြားရင္ဘယ္လိုလုပ္မလဲ!သူ႐ူးေတာ့မွာ!!
တုန္ယင္ေနတ့ဲလက္ဖဝါးေတြကို လက္တစ္ဖက္ကဆုပ္ကိုင္လာတယ္။ ၿပီးေတာ့ အ့ဲဒီလူရဲ႕ ဘယ္ဘက္ရင္အုံကိုခပ္ဖြဖြထိေတြ႔မိတယ္။
"ခံစားမိလား....အိပ္မက္မဟုတ္တ့ဲအေၾကာင္းကို"
ေ႐ွာင္းက်န္႔ရဲ႕ ခႏၶာကိုယ္ဟာ ရိေပၚရဲ႕ရင္ခြင္ထဲတင္းတင္းၾကပ္ၾကပ္ပဲဆြဲကပ္ခံလိုက္ရတယ္။ ရိေပၚဟာတစ္ကိုယ္လုံးတုန္ယင္ေနတ့ဲအထိ အသံထြက္ၿပီးငိုတယ္။
ဖက္ထားတာကတအား အားမ်ားလို႔ ေ႐ွာင္းက်န္႔ရဲ႕ျပန္ေကာင္းခါစခႏၶာကိုယ္ကမခံႏိုင္ေသးလို့ နာေနေပမ့ဲ သူေပ်ာ္ေနတာေၾကာင့္အ့ဲဒါကိုလစ္လ်ဴ႐ႈပစ္လိုက္တယ္။
ငါသိတယ္။ မင္းကငါ့ကို အျမဲတမ္း႐ွာေတြ႔မယ္ဆိုတာ။
တစ္ဆိတ္.....သူတအားငိုႏိုင္တာပဲ!
......
U:
A.N
အပိုင်း 1 မှာ ထပ်ဖြည့်ထားတာရှိပါတယ်။
.........
မနက်လင်းတာနဲ့ ရိပေါ်တို့အလုပ်စတယ်။ မြက်ရိတ်စက်တွေဘာတွေမရှိဘူး။ ပေါက်ပြားနဲ့တူရွင်းတွေပဲရှိတယ်။ ကိစ္စမရှိ!ရိပေါ်လက်တွေက အသားမာတက်ပြီးသားပဲ။ ကျန့်ခိုင်ကတော့ ရွာလူကြီးတွေနဲ့ဆွေးနွေးနေတယ်။ ကလေးတွေကလဲ ကွက်ကြည့်ကွက်ကြည့်နဲ့။ ရိပေါ် ပေါက်ပြားတစ်လက်ကိုင်ပြီး ကွင်းပတ်ပတ်လည်ကမြက်တွေကို မြောင်းပေါ်လာအောင်ရှင်းနေမိတယ်။ ပြီးရင် ဒီအပေါ်မှာ အဖြူရောင်လိုင်းတွေတားမယ်။ အတူပါလာတဲ့ကလေးတွေမှာယောကျာ်းလေးတွေက ပေါက်ပြားကိုင်ပြီး မိန်းကလေးတွေက ကွင်းထဲမြေညှိကြတယ်။ ထိုးမိနိုင်တဲ့ ငုတ်တွေဖယ်ပြီး။ ဘောလုံးကွင်းအသေးစားမို့ ဒါကို သူတို့ကွန်ကရစ်မခင်းဘူး။ ဘတ်စကတ်ဘောကွင်းကိုမှ ပစ္စည်းအပြည့်အစုံနဲ့ ကွန်ကရစ်ခင်းရမှာ။
အဲ့ဒါကိုတော့ ရွာကစီစဉ်လိမ့်မယ်။
...........
သူတို့ရေချိုးရတာအဆင်မပြေဘူး။ ကျောင်းကရေက လူအကုန်လုံးချိုးဖို့ရာ မလောက်ငှဘူး။ အဲ့ဒါနဲ့ပဲ မိန်းကလေးတွေကိုကျောင်းမှာ ချိုးခိုင်းပြီး ယောကျာ်းလေးတွေကတော့ ရေချိုချောင်း ရှိတဲ့နေရာမှာချိုးဖို့ဆုံးဖြတ်လိုက်ကြတယ်။
အားလုံးကရိပေါ်ကို လှည့်ကြည့်လှည့်ကြည့်နဲ့။ သူတို့မသိခင် ရိပေါ်က ရေငုပ်ပြီးပေါ်မလာတော့မှာစိုးရိမ်နေကြပုံပဲ။ ကျန့်ခိုင်တစ်ယောက်လုံးသူ့ဘေးမှာရှိနေမှတော့ သူသေချင်ရင်တောင် အသက်ဖြောင့်အောင်ထွက်လို့ရမှာမဟုတ်ဖူး။
ရေကအေးနေရောပဲ! ရိပါ်စိတ်တွေနည်းနည်းကြည်လင်လာသလိုခံစားရတယ်။ ပတ်ဝန်းကျင်အသစ်၊ နေထိုင်မှုအသစ်၊ လူအသစ် နဲ့..ရိပေါ် ဒီနေရာမှာ နှစ်လမကနေချင်လာတယ်။ အားလုံးနဲ့အဆက်အသွယ်ဖြတ်ပြီး။ သူအရင်က ဘာလို့ဒါကိုမစဉ်းစားမိခဲ့တာလဲ။ ဒီတစ်ခေါက်သူပြန်ရင် ကျန့်ခိုင်တို့နဲ့ ပြန်လိုက်သွားမယ်။ ပြီးရင် ကျန်းကော် ကိုခေါ်ပြီးပြန်လာမယ်။ သူကသားပေါက်ထားတာ သုံးကောင်တောင်ရှိပြီ။ သူတစ်ကိုယ်စာပဲ ဆန့်တဲ့အိမ်ဆောက်မယ်။ နှစ်ယောက်စာအသုံးအဆောင်လေးတွေကိုပါအောင်သယ်လာမယ်။ သိပ်ကိုနွေးထွေးနေမှာပဲ။
ကောင်လေးတွေက ရိပေါ်ကိုကြည့်ပြီးသဘောကျနေကြတယ်။ ကြည့်တော့သာ LCD လိုထင်ရတာ ။သုံးနှစ်လောက် ပစ်စလခတ်ဖြစ်နေတာတောင် သူတို့ဆရာရဲ့ ခန္ဓာကိုယ်က အရင်လိုကြည့်ကောင်းနေတုန်းပဲ! အဲ့ဒီဝမ်းနည်းစရာကိစ္စကြီးသာမရှိခဲ့ရင် ဆရာက ကမ္ဘာပေါ်မှာအပျော်ရွှင်ဆုံးလူသားဖြစ်နေမှာ.....။
.................
ဒီနေ့ကကျောင်းဖွင့်တဲ့နေ့။ မနေ့တုန်းက ရာသီဥတုနည်းနည်းဆိုးလိုက်လို့ အလုပ်မတွင်လိုက်ဖူး။ ရွာက လတ်လတ်ဆတ်ဆတ်နွားနို့တွေလာတိုက်တယ်။ ကလေးတွေအားလုံးပျော်ကြပေမဲ့ ရိပေါ်ကတော့ သေးသေးလေးတောင်မပြုံးဘူး။ ကျေးဇူးတင်ပါတယ် တစ်ခွန်းမဆိုဘူး။ အဲ့ဒီလူ့ဂွစာကို ကျန့်ခိုင်တစ်ခါတလေ ကိုင်ကိုင်ပေါက်ချင်လာတယ်။ သူ့ကျန့်ကောကိုမှ လူထင်ခဲ့တဲ့အတိုင်းပဲ! မသာ!!!
သူတို့စတည်းချတာက အရင်မူလတန်းကျောင်းဆောင်ဟောင်း၊ အခုတော့စာကြည့်တိုက်လုပ်ထားတာ။ ကလေးတွေကိုဒီဘက်ခြမ်းကိုမလာဖို့ မိဘတွေကပြောထားပုံရတယ်။ သူတို့နေရထိုင်ရတာ အနှောင့်အယှက်မဖြစ်ဖူး။ ဆရာမလေးတစ်ယောက်ကိုတော့မြင်နေရပြီ။ ကျေးလက်သူလို့မထင်ရအောင် ဖြူဖြူဖွေးဖွေးကလေးရယ်။ ဒါပေမဲ့နည်းနည်းတော့နှုတ်ကြမ်းတယ်။ တုတ်မကိုင်ဘူး။ သူကအသံနဲ့ ရုပ်နဲ့ လက်ဝါးနဲ့ထိန်းတယ်။
ကျန့်ခိုင်တို့က ဆရာလေးကိုစောင့်ကြတယ်။ မီးပြတိုက်ဘက်ကလာရမှာမို့နည်းနည်းလှမ်းတယ်တဲ့။ ကုန်းတက်ကုန်းဆင်းမရှိဘဲ တစ်ပြေးတည်းဖြစ်နေတဲ့ ကုန်းမြေပြင်က မီးပြတိုက်နဲ့ တစ်ဆက်တည်းဖြစ်နေတာ။ သဘာဝပေါင်းကူးလေးနဲ့။ ပင်လယ်ဘက်ထိုးထွက်နေတဲ့ ကျွန်းဆွယ်က ရေတိုက်စားခံရတာများပြီး အလယ်နေရာကာဂလိုင်ပေါက်လိုဖြစ်နေတာ။ အဲ့ဒါကသဘာဝပေါင်းကူးတံတားလေးပေါ့။ တစ်ဖက်မှာကျန်တဲ့အပိုင်းကိုတော့ အင်္ဂတေမံပြီး မီးပြတိုက်ဆောက်ထားတာ။
"ဆရာလေး..လာပြီ....."
ကလေးတွေပြေးသွားကြတယ်။ လမ်းအကွေ့လေးကို ရိပေါ်လှမ်းကြည့်လိုက်တယ်။ စက်ဘီးဂလိုင်သံလေးကိုကြားရတယ်။ သူက စက်ဘီးစီးတာပဲ!
လက်ထဲကပေါက်ပြားကိုပစ်ချပြီး ထွက်လာတဲ့ချွေးတွေကိုသုတ်လိုက်တယ်။ ယောကျာ်းစီးစက်ဘီးအနက်ကိုသူမြင်ရတယ်။ အလယ်မှာအပေါက်ထားပြီးအဲ့ဒီအပေါက်ကို သံလုံးသေးသေးတွေထည့်ထားတဲ့ ကျောင်းတံတိုင်းတွေကြောင့် စက်ဘီးကိုပဲ မြင်ရပြီးလူကိုမမြင်ရဘူး။ ကလေးတွေက ကျောင်းပေါက်ဝမှာပြုံနေတာပဲ။
သူကရှပ်အဖြူကိုဝတ်ထားတယ်။ မျက်မှန်ကိုင်းအမည်းလေးနဲ့။
ပြီးတော့ပြုံးနေတယ်။
"ရိပေါ်"
ကျန့်ခိုင်အလန့်တကြားနဲ့ရိပေါ်ကိုလှမ်းကြည့်လိုက်တယ်။ ရိပေါ် မျက်တောင်တွေကိုခပ်မြန်မြန်တဖြတ်ဖြတ်ခတ်နေပြီး လည်ချောင်းကထက်အောက်လှုပ်ရှားနေတယ်။ မျက်ဝန်းတွေက မယုံနိုင်သလို ပြူးကျယ်နေတာပဲ!
"ကျန့်ကော"
သူဖမ်းမမိလိုက်ခင်မှာပဲ ရိပေါ်ကအဲ့ဒီလူအနားရောက်သွားခဲ့ပြီ။
ကလေးတွေကတွန်းဖယ်တိုးတိုက်ခံရမှုကြောင့်ဘေးကိုရှဲကုန်တယ်။
အချိန်တွေရပ်သွားတယ်။.ရိပေါ်မျက်လုံးထဲမှာ ဒီလူကလွဲပြီးဘာမှမမြင်တော့ဘူး။ နှုတ်ခမ်းတွေက ဟပြီးတ်စ်စုံတစ်ခုထွက်ကျလာမလိုနဲ့ ဘာသံမှထွက်မလာဘူး။
လေခပ်ပြင်းပြင်းတစ်ချက်က ဝေ့ကနဲ ဖြတ်တိုက်တယ်။
နှစ်ယောက်သားမျက်နှာချင်းဆိုင်ဖြစ်သွားတဲ့အခါ ရိပေါ်နှလုံးတွေရပ်တော့မလိုပဲ။
ကျန့်ကောရဲ့စျာပနတုန်းကလိုခံစားချက်မျိုးကိုသူပြန်ခံစားနေရတယ်။ သူမယုံနိုင်ဘူး။ သူအရမ်းထိကိုင်ချင်ပေမဲ့ ထိလိုက်မိရင်ပျောက်ကွယ်သွားမလားဆိုတဲ့စိတ်နဲ့ သေးသေးကလေးတောင်သူရှေ့ကိုထပ်မတိုးရဲဘူး။
"အိပ်..မက်..လား..."
သူ့အသံကထစ်အနေတာပဲ။ သူ့အကြာကြီးရပ်နေပေမဲ့ သူ့ရှေ့ကလူကပျောက်ကွယ်မသွားသေးဘူး။ သူ့လက်တွေကိုဆန့်မိပေမဲ့ သူမထိရဲဘူး။ ပျောက်သွားရင်ဘယ်လိုလုပ်မလဲ!သူရူးတော့မှာ!!
တုန်ယင်နေတဲ့လက်ဖဝါးတွေကို လက်တစ်ဖက်ကဆုပ်ကိုင်လာတယ်။ ပြီးတော့ အဲ့ဒီလူရဲ့ ဘယ်ဘက်ရင်အုံကိုခပ်ဖွဖွထိတွေ့မိတယ်။
"ခံစားမိလား....အိပ်မက်မဟုတ်တဲ့အကြောင်းကို"
ရှောင်းကျန့်ရဲ့ ခန္ဓာကိုယ်ဟာ ရိပေါ်ရဲ့ရင်ခွင်ထဲတင်းတင်းကြပ်ကြပ်ပဲဆွဲကပ်ခံလိုက်ရတယ်။ ရိပေါ်ဟာတစ်ကိုယ်လုံးတုန်ယင်နေတဲ့အထိ အသံထွက်ပြီးငိုတယ်။ ဖက်ထားတာကတအား အားများတာကြောင့် ရှောင်းကျန့်ရဲ့ပြန်ကောင်းခါစခန္ဓာကိုယ်ကမခံနိုင်သေးပဲ နာနေပေမဲ့ သူပျော်နေတာကြောင့်အဲ့ဒါကိုလစ်လျူရှုပစ်လိုက်တယ်။
ငါသိတယ်။ မင်းကငါ့ကို အမြဲတမ်းရှာတွေ့မယ်ဆိုတာ။
တစ်ဆိတ်.....သူတအားငိုနိုင်တာပဲ!
......