01

31.2K 2.4K 45
                                    

"ဟေး.....ဝမ်ရိပေါ်.."

ပုခုံးတစ်ဖက်ကနေနောက်ပြန်ဆွဲလှည့်တာခံလိုက်ရတယ်။

"Ho..~တကယ်ဝမ်ရိပေါ်ပဲ။ Yamahaရဲ့ အသက်အငယ်ဆုံး ချန်ပီယံဟောင်းလေး"

တင်ထားတဲ့လက်ကိုရိပေါ်ဘတ်ကနဲဆွဲဖယ်လိုက်တယ်။ လက်ထဲက ကိုင်ထားတဲ့ပုလင်းကို ပါးစပ်မှာတေ့ပြီးမော့ချလိုက်တော့ လည်ချောင်းတစ်လျှောက်ပူဆင်းကျသွားတယ်။

ထိုသူကိုကြည့်လိုက်တဲ့ ရိပေါ်ရဲ့မျက်လုံးတွေဟာ ရဲရဲနီနေလျက်...

"အဲ့ဒီတော့မင်းကဘာဖြစ်ချင်နေတာလဲ! ငါကမင်းရဲ့ချန်ပီယံဆုကိုလုယူခဲ့ဖူးလို့လား ဟုတ်လား! ဒါဆို ငါအကုန်ပေးမယ်။ ငါ့မှာရှိသမျှအကုန်သာယူသွား။ ဒါပေမဲ့...သူက..သူက ဘာမှ..."

ဆို့နင့်နေတဲ့ရင်ဘတ်နဲ့အတူ ရှိုက်သံတွေကဗလုံးဗထွေး။

ဘာမှအပြစ်မရှိခဲ့တဲ့လူကိုမှ!
အမှန်ကသေသင့်တာကသူ။ သူကသာ ရှောင်းကျန့်ကို သေစေခဲ့တဲ့လူ!

လက်ထဲက ပုလင်းလှလှကလေးက ခုံစောင်းနဲ့ ရိုက်ခွဲခံရပြီး ကွဲသွားခဲ့တယ်။ ချွန်ထက်နေတဲ့ အဖျားတွေ လက်ကိုဆွဲခြစ်ချပစ်တာကို ဘယ်သူမှမဆွဲမိလိုက်ဖူး။ ဝိုင်းချုပ်ဆွဲကြရင်းနဲ့ သူတို့လက်ထဲမှာပဲ ရိပေါ်သတိလစ်သွားခဲ့တယ်။

..................

အဝါရောင်ပန်းခင်းကြီး။ ရှောင်းကျန့်က အဖြူရောင်ပါးလွလွ ဂျာကင်ကလေးနဲ့။ သူ့ကိုမြင်တော့ လက်ကလေးတွေဆန့်တန်းလာတယ်။ ပြီးတော့ပြုံးပြတယ်။

တအားနွေးထွေးတာပဲ!

................

ဝမ်ကျားလော့သက်ပြင်းချလိုက်တယ်။ သူ့မိန်းကလည်းဘေးမှာ လက်နှစ်ဖက်ကိုပွတ်ပြီး မျက်နှာမကောင်း။ ဆေးရုံကုတင်ပေါ်ကဆေးပိုက်တန်းလန်းနဲ့ ရိပေါ်!
ဒါနဲ့ဆို သုံးကြိမ်မြောက် အဆုံးစီရင်တာပဲ။ တစ်နှစ်မှာတစ်ခါ။ သူ့မွေးလရဲ့ နောက်တစ်လမှာ ရိပေါ်ကအမြဲဒီလိုဖြစ်တတ်လာတယ်။

ပြင်းထန်လွန်းတဲ့ ခန္ဓာကိုယ်ကိုအလုပ်ပေးရလွန်းတဲ့ အသက်အန္တရယ်နဲ့နီးပါတယ်ဆိုတဲ့ ကစားနည်းတွေကို လေ့ကျင့်ခဲ့တဲ့သူမို့ ဝမ်ရိပေါ်ကအသက်ပြင်းတယ်။ ဒါကြောင့်မို့လို့လဲ ဒီအခြေအနေအထိ သူ့ကိုဆွဲထားနိုင်သေးတာ။ အချိန်တွေကြာလာတာနဲ့အမျှ ဝမ်ကျားလော့မှာ ယုံကြည်ချက်မရှိတော့ဘူး။ ဒီကလေးက..အဲ့ဒီလူကလွဲလို့.. .အားလုံးကိုစွန့်ပစ်လိုက်ဖို့ရာ ရွေးချယ်နှင့်ပြီးနေပြီ။

Lovingly(အမြတ်တနိုး) ||Completed!||Where stories live. Discover now