Zawgyi
မိမိနံေဘးနားမွ လစ္ဟာသြားသည့္ခံစားခ်က္ကိုသတိထားလိုက္မိေပမယ့္လည္း ေပါင္ခ်ိန္မ်ားစြာထမ္းပိုးထားရသလိုေလးလံေနသည့္ မ်က္လံုးကတစ္ခ်က္ကေလးပင္ဖြင့္မရ။ေႏြးေထြးေနဆဲျဖစ္သည့္ အိပ္ယာငယ္ေလး၏တစ္ဖက္ျခမ္းကေတာ့ျဖင့္ သက္ဆိုင္သူ၏ ကိုယ္သင္းရနံ႔တို႔ျဖင့္ထံုမႊမ္းလ်ွက္။
စေရာက္သည့္ေန႔ေတြတုန္းက ဒီလိုတစ္ေယာက္အိပ္ကုတင္ငယ္ေလးတြင္ ကာကာႏွင့္အတူအိပ္ရသည္မွာ တကယ္ကိုပင္အဆင္မေျပျဖစ္ခဲ့ရသည္။အခုလိုအခ်ိန္ႏွစ္ပတ္မ်ွၾကာၿပီးသည့္အခ်ိန္မွာေတာ့ ပူစပ္စပ္ေႏြရာသီညေတြကို ႏွစ္ေယာက္သားၾကပ္ၾကပ္သိပ္သိပ္ျဖင့္အိပ္စက္ရသည္ကိုပင္ အသားက်လာခဲ့ၿပီျဖစ္သည္။
နံနက္ခင္းတြင္ေတာင္ေအးခ်မ္းသည့္အေငြ႔အသက္ကိုမခံစားရသည့္ ေႏြေလပူတစ္ခ်က္က ဖြင့္ထားသည့္ျပတင္းေပါက္မွတစ္ဆင့္အခန္းတြင္သို႔ဝင္ေရာက္လာသည္။ထိေတြ႔ခံစားလိုက္ရသည့္ ေလပူပူေတြေၾကာင့္ တစ္ဖက္ႏွင့္တစ္ဖက္ထိစပ္လုနီးပါးျဖစ္ေနသည့္ ေကာင္းကင္၏မ်က္ခံုးႏွစ္စံုက တြန္႔ခ်ိဳးသြားရသည္။
ညကတည္းကုတင္ေျခရင္းေရာက္ေနသည့္ေစာင္ကို ကန္ခ်လိုက္ၿပီးတစ္ညလံုးေကြးထားရသည့္ေျခေထာက္ကို ဆန္႔လိုက္သည့္အခ်ိန္မွာေတာ့ ခႏၶာကိုယ္အတြင္းမွအ႐ိုးသံတဂြၽတ္ဂြၽတ္ကထြက္လာသည္။
အသားႏွင့္ကပ္ရပ္ျဖစ္ေနသည့္ ဂ်ိဳင္းျပတ္စြပ္က်ယ္အျဖဴ ေလးကို အေပၚသို႔အနည္းငယ္မတင္မိေတာ့ ေပၚထြက္လာသည့္ေကာင္းကင္၏ဝမ္းဗိုက္ျဖဴ ျဖဴ ေလးတြင္ေခြၽးစက္တို္႔ျဖင့္ျပည့္လ်ွက္...။
မီးဖိုေခ်ာင္ခန္းဆီမွၾကားလိုက္ရသည့္ ဆူဆူညံညံအိုးခြက္သံႏွင့္ ကာကာ၏ဆဲဆိုသံတစ္ပိုင္းတစ္စေၾကာင့္ လူကအလိုလိုပင္ အိပ္ယာမွထထိုင္မိသည္။အတန္ၾကာသည္အထိ မည္သည့္အသံတစ္စံုတစ္ရာမ်ွ ထပ္ထြက္လာျခင္းမ႐ွိေတာ့မွသက္ျပင္းခ်မိသည္။
ဒီလိုကိစၥေတြက ကြၽန္ေတာ္ကာကာ့တိုက္ခန္းတြင္ ႏွစ္ပတ္ေက်ာ္မ်ွေနလာသည့္အခ်ိန္အတြင္းေန႔တိုင္းၾကံဳေတြ႔ေနက်ျဖစ္စဥ္ေတြပင္..။ကြၽန္ေတာ္တို႔ႏွစ္ေယာက္ ဒီႏွစ္ပတ္ေက်ာ္အတြင္းတြင္ အဆင္မေျပသည့္ကိစၥမ်ားအမ်ားအျပား႐ွိခဲ့သည္။ညႇိယူခဲ့ရသည့္ ကိစၥမ်ားကလည္း အမ်ားအျပား..။
အစားေကာင္းႀကိဳက္တတ္သည့္ ကြၽန္ေတာ္က ကာကာ့ရဲ႕ ready made အစားအစာေတြႏွင့္ေတာ့သိပ္ၿပီးအေစးမကပ္လွ။ကာကာ့ရဲ႕ျဖစ္သလိုေနတတ္သည့္ အက်င့္ကကြၽန္ေတာ္ႏွင့္အဆင္မေျပခဲ့သလို ကြၽန္ေတာ့္ရဲ႕ ပြစိပြစိေျပာၿပီးေနရာတကာ ဆရာႀကီးလုပ္တတ္သည့္အက်င့္ကလည္း ကာကာႏွင့္ဘယ္လိုမွအဆင္ေျပမေနခဲ့။
မ်ားစြာေသာ ျပႆ နာေသးေသးေလးေတြျဖစ္ၿပီးသည့္အခ်ိန္မွာေတာ့ သူေရာကြၽန္ေတာ္ပါ အေသးစားသေဘာတူညီမႈေလးတစ္ခုျပဳလုပ္ႏိုင္ခဲ့သည္။ဥပမာ...အရမ္းကိုေသေသသပ္သပ္ေနတတ္သည့္ကြၽန္ေတာ္က အခန္း၏သန္႔႐ွင္းေရးႏွင့္ ေလ်ွာ္ဖြပ္ေရးကိုတာဝန္ယူရတာမ်ိဳး....။ Ready made မစားတတ္သည့္ကြၽန္ေတာ့္အတြက္ ကာကာက ခ်က္ေရးျပဳတ္ေရးကိုတာဝန္ယူေပးရတာမ်ိဳး....။
ေရခ်ိဳးခန္းထဲကထြက္ထြက္ခ်င္းရလိုက္သည့္ ေကာ္ဖီအနံ႔ေၾကာင့္ကာကာတစ္ေယာက္ မနက္စာျပင္ဆင္ျခင္းအဆံုးသတ္ၿပီမွန္းခန္႔မွန္းမိသည္။
အခန္းထဲမွထြက္လာသည့္ကြၽန္ေတာ့္ကိုဆီးႀကိဳေနသည္က ပဲငံျပာရည္နံ႔သင္းေနသည့္ ထမင္းေၾကာ္ပန္းကန္ငယ္ႏွင့္ ေကာ္ဖီတစ္ခြက္။အေမႊလြန္၍ေၾကမြေနဟန္႐ွိသည့္ ထမင္းေၾကာ္ေပၚကၾကက္ဥေၾကာ္ကိုျမင္ေတာ့ မခ်ဳပ္တီးႏိုင္စြာရယ္မိသည္။အခ်ိန္ေတြၾကာလာခဲ့ေပမယ့္ ကာကာ့ရဲ႕ ခ်က္ျပဳတ္မႈစြမ္းရည္ကေတာ့ထင္သေလာက္တိုးတက္မလာခဲ့။
ကာကာ့ကိုမခ်စ္မိခင္အခ်ိန္ထိ ကြၽန္ေတာ့္ရဲ႕အနာဂတ္စိတ္ကူးေတြကတကယ္ကို႐ိုးစင္းခဲ့သည္။အနာဂတ္တြင္ ကြၽန္ေတာ္ခ်စ္ျမတ္ႏိုးသည့္မိန္းမတစ္ေယာက္ႏွင့္လက္ထပ္ကာ သာယာသည့္မိသားစုဘဝေလးကို ထူေထာင္မည္ဟုစိတ္ကူးယဥ္ခဲ့ဖူးသည္။
"မင္းမ်က္ႏွာက ဘာျဖစ္ေနတာလဲ"
ျပံဳးစစျဖစ္ေနသည့္ကြၽန္ေတာ့္မ်က္ႏွာက ေ႐ွ႕ဘက္ကထြက္လာသည့္ဆူေအာင့္ေအာင့္အသံေၾကာင့္ ပို၍ပင္ျပံဳးေယာင္သန္းလာရသည္။
"အခုလိုမ်ိဳးမင္းက ငါ့ကိုေန႔တိုင္းမနက္စာျပင္ေပးေနေတာ့ ငါေတြးေနမိတာ..."
ေျပာလက္စစကားကို ခဏရပ္ကာ ကာကာ့ထံသို႔ ညစ္ညမ္းသည့္အၾကည့္အစံုႏွင့္ ဗီလိန္ဆန္ဆန္အျပံဳးတစ္ခုပို႔လႊတ္မိသည္။
"မင္းကငါ့ရဲ႕ အိမ္သူသက္ထားဇနီးမယားမ်ားျဖစ္ေနၿပီလားလို႔..၊ဟား...ဟား...ဟား..."
မေအာင့္အီးႏိုင္စြာရယ္မိသည့္အက်ိဳးရလဒ္ကေတာ့ ကြၽန္ေတာ့္ေခါင္းေပၚသို႔ ကာကာ့လက္ထဲမွဇြန္းတစ္ေခ်ာင္းအ႐ွိန္ျပင္းစြာေရာက္လာျခင္းပင္..။ကြၽန္ေတာ့္ေခါင္းတစ္ခုလံုးကာကာ့ရဲ့ဇြန္းခ်က္ေျကာင့္ထူပူသြားေသာ္လည္း ႏွာသီးဖ်ားေလးေတြရဲကာေဒါပြေနသည့္ ကာကာကေတာ့စိတ္ေျပဟန္မတူ။
"ေန...ေန..ငါသြားဖြင့္မယ္"
ရယ္ခ်င္စိတ္ကို ႀကိတ္မွိတ္ၿမိဳသိပ္ထားရသည့္ကြၽန္ေတာ္က အခန္းဝမွဘဲလ္တီးသံေၾကာင့္ကာကာ့၏ေဒါသစက္ကြင္းမွလြတ္ေျမာက္ခြင့္ရသည္။အခန္းတံခါးဖြင့္ဖြင့္ခ်င္းျမင္လိုက္ရသည္က လက္ထဲတြင္ အထုပ္ႀကီးငယ္ဆြဲထားသည့္ မမႀကီးကိုပင္..။
ကြၽန္ေတာ့္ကိုေအးခ်မ္းသည့္အျပံဳးေလးျဖင့္ႏႈတ္ဆက္ကာ ကာကာ့ထံပါးသို႔ထြက္သြားသည့္မမႀကီးက စားပြဲေပၚတြင္႐ွိေနေသာ စားလက္စထမင္းေၾကာ္ပန္းကန္ကိုျမင္ေတာ့ ႏွာေခါင္းတစ္ခ်က္႐ွံု႕သည္။
" ဒီလိုေတြျဖစ္မယ္ဆိုတာကို ငါႀကိဳသိေနတယ္၊ေကာင္းကင္ေရ...သူနဲ႔ေနလို႔ကေတာ့ မင္းလူ႐ုပ္သူ႐ုပ္ေတာင္ေပါက္မွာမဟုတ္ဘူး"
ေကာင္းကင္ေၾကာ္ထားသည့္အခဲလိုက္ျဖစ္ေနေသာ ထမင္းေၾကာ္ႏွင့္ ၾကက္ဥေၾကေတြကိုၾကည့္ၿပီးမမႀကီးကေစာင္းခ်ိတ္ေရရြတ္သည္။အျပစ္တင္ခံေနရသည့္ ကာကာ့မ်က္ႏွာကမည္းေနေပမယ့္ ကြၽန္ေတာ္ကေတာ့ မမႀကီးေ႐ွ႕တြင္ဒုကၡသည္တစ္ေယာက္သဖြယ္မ်က္ႏွာငယ္ႏွင့္အပီအျပင္သ႐ုပ္ေဆာင္ေပးရံုပင္...။
မမျကီးတစ္ေယာက္ပါးစပ္မွပြစိပြစိေရရြတ္ကာ ကြၽန္ေတာ္တို႔အိပ္ခန္းရွိရာဆီေျခဦးတည္သည့္အခ်ိန္မွာေတာ့ကြၽန္ေတာ္ေရာကာကာပါမေနသာေတာ့။မမႀကီးႏွင့္အတူ အခန္းတြင္းသို႔လိုက္ဝင္ကာ မိန္းကေလးတစ္ေယာက္အတြက္မသင့္ေတာ္သည့္အမ်ိဳးသားအသံုးအေဆာင္ပစၥည္းမ်ားကို ႏွစ္ေယာက္သားအလ်ွင္အျမန္သိမ္းဆည္းရသည္။
ဆရာဝန္ျဖစ္သည့္မမႀကီးကေတာ့ ဤကဲ့သို႔အသံုးအေဆာင္ပစၥည္းေတြအေပၚ ေထြထူးၿပီးစိတ္အေႏွာက္အယွက္ျဖစ္ဟန္မတူ။
"ဟယ္...ဒီကုတင္ကခုထိသံုးေနတုန္းလား၊ဒီကုတင္ေသးေသးေလးမွာ ႏွစ္ေယာက္အိပ္ေတာ့..."
ခုနကဖံုးကြယ္အပ္သည့္ အမ်ိဳးသားအဝတ္အစားငယ္တို႔ကိုျမင္သြားသည့္တိုင္ေအာင္ မ်က္ႏွာတစ္ခ်က္မယြင္းသည့္ မမႀကီး၏မ်က္ႏွာက အခုကာကာႏွင့္ကြၽန္ေတာ္တို႔၏ကုတင္ကိုၾကည့္ရင္း ပါးႏွစ္ဖက္ကပန္းေသြးျခယ္လာသည္။
ဆိုလိုသည့္အေၾကာင္းရင္းကိုေသခ်ာမသိသည့္ ကြၽန္ေတာ္ကအူလည္လည္ႏွင့္ ကာကာ့ဆီအၾကည့္ပို႔မိေတာ့ ကာကာသည္လည္းကြၽန္ေတာ္ႏွင့္ထပ္တူညီစြာ။ပုခံုးႏွစ္ဖက္ကိုတြန္႔ျပလာသည့္ ကာကာ့ရဲ႕ပံုစံက မမႀကီး၏ပါးႏွစ္ဖက္ပန္းေသြးျခယ္ရျခင္းအေၾကာင္းရင္းကို နားလည္ဟန္မတူ။
တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ကာ အူတူတူျဖစ္ေနသည့္ ကြၽန္ေတာ္တို႔ႏွစ္ေယာက္အျဖစ္ကိုၾကည့္ရင္း မမႀကီးကသက္ျပင္းတစ္ခ်က္႐ိႈက္သည္။
အရင္ရက္ေတြတုန္းက ေခါက္ဆြဲေျခာက္ထုပ္ေတြႏွင့္အသင့္ေဖ်ာ္ေကာ္ဖီေတြသာ႐ွိေသာ ကြၽန္ေတာ္တို႔ရဲ႕ေရခဲေသတၱာငယ္ေလးက မမႀကီးေရာက္လာမွ ေရခဲေသတၱာဟူေသာ ဂုဏ္အဂၤါရပ္ႏွင့္ျပည့္စံုလာသည္။
"မမႀကီးဒီကိုလာတာဒါေတြလာေပးဖို႔သက္သက္ေတာ့မဟုတ္ေလာက္ပါဘူး..၊ကြၽန္ေတာ့္ကိုဘာေျပာမလို႔လဲ"
ကာကာ့စကားေၾကာင့္ အိမ္မွေၾကာ္ခ်က္ထည့္လာသည့္ဟင္းဘူးေတြကို ေရခဲေသတၱာထဲသို႔ေသခ်ာထည့္ေပးေနသည့္ မမႀကီး၏လက္ေတြကတုန္႔ဆိုင္းရပ္တန္႔သြားသည္။သက္ျပင္းတစ္ခ်က္႐ိႈက္ကာ ကြၽန္ေတာ့္ထံၾကည့္လာသည့္ မမႀကီး၏ပံုစံက တစ္ခုခုကိုေျပာရခက္ေနဟန္.။
"ေဖေဖလႊတ္လိုက္တာမလား"
မဲ့ျပံဳးတစ္ခ်က္ျပံဳးကာေျပာလာသည့္ကာကာ့စကားေၾကာင့္ကြၽန္ေတာ့္မွာထိတ္ထိတ္ျပာျပာျဖစ္သြားရသည္။
"ေဖေဖက နင့္ကိုပဲခူးက ရံုးခြဲမွာသံုးလေလာက္ အလုပ္သြားလုပ္ေစခ်င္ေနတယ္။ေဖေဖ့ရဲ႕က်န္းမာေရးအေျခအေနနဲ႔လည္း နယ္မွာသြားလုပ္ခိုင္းဖို႔ ငါစိတ္မခ်ဘူး...."
ကြၽန္ေတာ့္ထံေဝ့လာသည့္ မမႀကီး၏မ်က္ဝန္းေတြမွာေတာ့အားနာရိပ္ေတြစြန္းထင္းလ်က္...။
"အဲ့ေတာ့ မမႀကီးကကြၽန္ေတာ့္ကိုသြားေစခ်င္တာလား၊ကြၽန္ေတာ္ဒီကိစၥကိုေဖေဖနဲ႔အကုန္ေျပာၿပီးသား..ကြၽန္ေတာ္လံုးဝမသြားႏိုင္ဘူး"
အျပန္အလွန္ေျပာဆိုေနသည့္ေမာင္ႏွမႏွစ္ေယာက္ၾကားတြင္ေတာ့ကြၽန္ေတာ္ဟာအပိုလူတစ္ေယာက္သဖြယ္။ဝဲတက္လာသည့္မ်က္ရည္ၾကည္တို႔ ပါးျပင္ေပၚသို႔မဆင္းသက္ခင္ထိုင္ေနရာမွထထြက္မိသည္။
"ေကာင္းကင္"
အခန္းတံခါးဝဆီသို႔ဦးတည္ေနသည့္ကြၽန္ေတာ့္ရဲ႕ေျခလွမ္းေတြက ေနာက္ဖက္မွလွမ္းဆြဲလာသည့္လက္တစ္စံုေၾကာင့္ရပ္တန္႔သြားရသည္။
"ေကာင္ကင္..ေနဦး၊ငါ႐ွင္းျပမယ္"
ဆုပ္ကိုင္လာသည့္လက္တစ္စံုကိုခပ္ဆတ္ဆတ္ပုတ္ထုတ္မိေတာ့အံ့ျသသြားဟန္တူသည့္ကာကာ့ရဲ႕မ်က္ႏွာက ကြၽန္ေတာ့္ရဲ႕ရင္ကိုမီးစႏွင့္အထိုးခံလိုက္ရသလိုပင္..။
" မင္းမွာဒီလိုကိစၥေတြ ဒီလိုအခက္အခဲေတြ႐ွိေနတာကိုေတာင္ တစ္အိမ္ထဲေနၿပီးမသိရတဲ့ငါက မင္းအတြက္ဘာလဲကာကာ၊မင္းေျပာတဲ့ Relationship ဆိုတာက ဒီလိုမ်ိဳးပြင့္လင္းမႈမ႐ွိတဲ့ဆက္ဆံေရးမ်ိဳးလား"
အနားတြင္ထိုင္ေနသည့္မမႀကီးကိုပင္အားမနာႏိုင္ေတာ့သည္အထိ ကြၽန္ေတာ့္ရဲ႕ခံစားခၽက္ေတြကအျမင့္ဆံုးသို႔ေရာက္႐ွိေနခဲ့ၿပီ။ အျမဲတမ္းတစ္ေယာက္တည္း ႀကိတ္ကာေျဖ႐ွင္းတတ္သည့္ ကာကာ့ေၾကာင့္ ကြၽန္ေတာ့္မွာအျမဲတမ္းအျပင္လူတစ္ေယာက္လိုခံစားရသည္ဆိုတာကိုေတာ့ ကာကာ့ကိုသိေစခ်င္သည္။
"မဟုတ္ဘူးေကာင္းကင္...ငါမင္းကိုေျပာမျပဘူးဆိုတာက ဒီကိစၥကငါ့အတြက္မင္းကိုုျပန္ေျပာျပရေလာက္တဲ့အထိ အေရးပါတဲ့ကိစၥမဟုတ္လို႔၊ငါ အဲ့ဒီကိုလည္းသြားမွာမဟုတ္ဘူး...၊အဲ့ဒါေၾကာင့္ ဒီလိုကိစၥေသးေသးေလးတစ္ခုအတြက္နဲ႔ မင္းကိုစိတ္အေႏွာက္အယွက္မျဖစ္ေစခ်င္လို႔ေျပာမျပတာ"
"မင္းအဲ့ဒီကိုသြားရမယ္..."
တစ္လံုးခ်င္းျပတ္သားစြာေျပာမိသည့္ကြၽန္ေတာ့္ရဲ႕စကားအဆံုးမွာေတာ့ ကာကာ့မ်က္ႏွာက အံ့ျသထိတ္လန္႔မႈေတြႏွင့္ျခယ္မႈန္းခံလိုက္ရသည္။
"ကာကာ...ေကာင္းကင္။ဒီကိစၥကိုေအးေအးေဆးေဆးေဆြးေႏြးၾကမယ္ကြယ္၊လာ..ထိုင္ၾကပါဦး"
တင္းမာေနသည့္ကြၽန္ေတာ္တို႔ႏွစ္ေယာက္အေျခအေနကို မမႀကီးကေလေျပေအးျဖင့္ဝင္ေရာက္ျဖန္ေျဖသည္။
"အမွန္အတိုင္းေျပာရရင္ မမႀကီးကေတာ့မင္းကိုသြားေစခ်င္တယ္၊အရင္အေျခအေနထက္စာရင္ ေဖေဖ့ဘက္အခုလိုမ်ိဳးေတာင္းဆိုလာတယ္ဆိုတာ မင္းနဲ႔ေကာင္းကင္အတြက္အခြင့္အေရးတစ္ခုပဲ.."
ကြၽန္ေတာ့္ထံေရာက္လာသည့္ကာကာ့ရဲ႕အၾကည့္ေတြကကြၽန္ေတာ့္အတြက္ေတာ့တကယ္ကိုထိခိုက္ေၾကကြဲေစသည္။ျဖစ္လိုသည္ထက္ျဖစ္သင့္တာကို ပိုၿပီးဦးစားေပးရမွာက ေလာကနိယာမေပမို႔ ေဆြးရိပ္သန္းေနသည့္ကာကာ့ရဲ႕အၾကည့္ေတြကိုကြၽန္ေတာ့္ဘက္မွဦးေအာင္အရင္အၾကည့္လႊဲမိသည္။
"မင္းအဲ့ဒီကိုသြား....ၿပီးရင္ငါတို႔ႏွစ္ေယာက္အတြက္မင္းအေဖရဲ႕ အသိအမွတ္ျပဳမႈကိုရေအာင္ယူလာေပး..."
အမိန္႔ေပးစကားကိုဆိုလာသည့္ကြၽန္ေတာ့္ရဲ႕စကားသံကအနိမ့္အျမင့္မညီစြာတုန္ရီလ်က္။အတင္းတိုးေဝွ႔ထြက္လာသည့္မ်က္ရည္ဥေတြကေတာ့ျဖင့္ႏႈတ္ခမ္းထက္မွ စကားထက္ထက္တို႔ျဖင့္ဆန္႔က်င္စြာပင္...။
"ငါမင္းနဲ႔ အၾကာႀကီးခြဲေနရမွာကြ"
ကြၽန္ေတာ့္ရဲ႕လက္ကေလးကိုဆုပ္ကိုင္ကာ သူ႔ပါးနားအပ္၍ဆိုလာသည့္ကာ့ကာ့ရဲ႕စကားေၾကာင့္ ကြၽန္ေတာ့္ႏွလံုးသားငယ္က အစ႐ွာမရသည္အထိက်ိဳးပ်က္ေႂကြမြသြားသည္။
ကြၽန္ေတာ့္လက္ဖမိုးေပၚစီးက်လာသည့္ကာကာ့ရဲ႕မ်က္ရည္စက္ေတြက အက္စစ္ရည္ေတြပမာ.......။
>>>>>>>>>>>>♥>>>>>>>>>>>>
အဟမ္း.......Seme, Uke ကြဲျကလား😁
လမ္းေတြေပ်ာက္ေနပါၿပီ😂😂😂😂
>>>>>>>>>>>>>>>
Unicode
မိမိနံဘေးနားမှ လစ်ဟာသွားသည့်ခံစားချက်ကိုသတိထားလိုက်မိပေမယ့်လည်း ပေါင်ချိန်များစွာထမ်းပိုးထားရသလိုလေးလံနေသည့် မျက်လုံးကတစ်ချက်ကလေးပင်ဖွင့်မရ။နွေးထွေးနေဆဲဖြစ်သည့် အိပ်ယာငယ်လေး၏တစ်ဖက်ခြမ်းကတော့ဖြင့် သက်ဆိုင်သူ၏ ကိုယ်သင်းရနံ့တို့ဖြင့်ထုံမွှမ်းလျှက်။
စရောက်သည့်နေ့တွေတုန်းက ဒီလိုတစ်ယောက်အိပ်ကုတင်ငယ်လေးတွင် ကာကာနှင့်အတူအိပ်ရသည်မှာ တကယ်ကိုပင်အဆင်မပြေဖြစ်ခဲ့ရသည်။အခုလိုအချိန်နှစ်ပတ်မျှကြာပြီးသည့်အချိန်မှာတော့ ပူစပ်စပ်နွေရာသီညတွေကို နှစ်ယောက်သားကြပ်ကြပ်သိပ်သိပ်ဖြင့်အိပ်စက်ရသည်ကိုပင် အသားကျလာခဲ့ပြီဖြစ်သည်။
နံနက်ခင်းတွင်တောင်အေးချမ်းသည့်အငွေ့အသက်ကိုမခံစားရသည့် နွေလေပူတစ်ချက်က ဖွင့်ထားသည့်ပြတင်းပေါက်မှတစ်ဆင့်အခန်းတွင်သို့ဝင်ရောက်လာသည်။ထိတွေ့ခံစားလိုက်ရသည့် လေပူပူတွေကြောင့် တစ်ဖက်နှင့်တစ်ဖက်ထိစပ်လုနီးပါးဖြစ်နေသည့် ကောင်းကင်၏မျက်ခုံးနှစ်စုံက တွန့်ချိုးသွားရသည်။
ညကတည်းကုတင်ခြေရင်းရောက်နေသည့်စောင်ကို ကန်ချလိုက်ပြီးတစ်ညလုံးကွေးထားရသည့်ခြေထောက်ကို ဆန့်လိုက်သည့်အချိန်မှာတော့ ခန္ဓာကိုယ်အတွင်းမှအရိုးသံတဂျွတ်ဂျွတ်ကထွက်လာသည်။
အသားနှင့်ကပ်ရပ်ဖြစ်နေသည့် ဂျိုင်းပြတ်စွပ်ကျယ်အဖြူ လေးကို အပေါ်သို့အနည်းငယ်မတင်မိတော့ ပေါ်ထွက်လာသည့်ကောင်းကင်၏ဝမ်းဗိုက်ဖြူ ဖြူ လေးတွင်ချွေးစက်တို့်ဖြင့်ပြည့်လျှက်...။
မီးဖိုချောင်ခန်းဆီမှကြားလိုက်ရသည့် ဆူဆူညံညံအိုးခွက်သံနှင့် ကာကာ၏ဆဲဆိုသံတစ်ပိုင်းတစ်စကြောင့် လူကအလိုလိုပင် အိပ်ယာမှထထိုင်မိသည်။အတန်ကြာသည်အထိ မည်သည့်အသံတစ်စုံတစ်ရာမျှ ထပ်ထွက်လာခြင်းမရှိတော့မှသက်ပြင်းချမိသည်။
ဒီလိုကိစ္စတွေက ကျွန်တော်ကာကာ့တိုက်ခန်းတွင် နှစ်ပတ်ကျော်မျှနေလာသည့်အချိန်အတွင်းနေ့တိုင်းကြုံတွေ့နေကျဖြစ်စဉ်တွေပင်..။ကျွန်တော်တို့နှစ်ယောက် ဒီနှစ်ပတ်ကျော်အတွင်းတွင် အဆင်မပြေသည့်ကိစ္စများအများအပြားရှိခဲ့သည်။ညှိယူခဲ့ရသည့် ကိစ္စများကလည်း အများအပြား..။
အစားကောင်းကြိုက်တတ်သည့် ကျွန်တော်က ကာကာ့ရဲ့ ready made အစားအစာတွေနှင့်တော့သိပ်ပြီးအစေးမကပ်လှ။ကာကာ့ရဲ့ဖြစ်သလိုနေတတ်သည့် အကျင့်ကကျွန်တော်နှင့်အဆင်မပြေခဲ့သလို ကျွန်တော့်ရဲ့ ပွစိပွစိပြောပြီးနေရာတကာ ဆရာကြီးလုပ်တတ်သည့်အကျင့်ကလည်း ကာကာနှင့်ဘယ်လိုမှအဆင်ပြေမနေခဲ့။
များစွာသော ပြဿ နာသေးသေးလေးတွေဖြစ်ပြီးသည့်အချိန်မှာတော့ သူရောကျွန်တော်ပါ အသေးစားသဘောတူညီမှုလေးတစ်ခုပြုလုပ်နိုင်ခဲ့သည်။ဥပမာ...အရမ်းကိုသေသေသပ်သပ်နေတတ်သည့်ကျွန်တော်က အခန်း၏သန့်ရှင်းရေးနှင့် လျှော်ဖွပ်ရေးကိုတာဝန်ယူရတာမျိုး....။ Ready made မစားတတ်သည့်ကျွန်တော့်အတွက် ကာကာက ချက်ရေးပြုတ်ရေးကိုတာဝန်ယူပေးရတာမျိုး....။
ရေချိုးခန်းထဲကထွက်ထွက်ချင်းရလိုက်သည့် ကော်ဖီအနံ့ကြောင့်ကာကာတစ်ယောက် မနက်စာပြင်ဆင်ခြင်းအဆုံးသတ်ပြီမှန်းခန့်မှန်းမိသည်။
အခန်းထဲမှထွက်လာသည့်ကျွန်တော့်ကိုဆီးကြိုနေသည်က ပဲငံပြာရည်နံ့သင်းနေသည့် ထမင်းကြော်ပန်းကန်ငယ်နှင့် ကော်ဖီတစ်ခွက်။အမွှေလွန်၍ကြေမွနေဟန်ရှိသည့် ထမင်းကြော်ပေါ်ကကြက်ဥကြော်ကိုမြင်တော့ မချုပ်တီးနိုင်စွာရယ်မိသည်။အချိန်တွေကြာလာခဲ့ပေမယ့် ကာကာ့ရဲ့ ချက်ပြုတ်မှုစွမ်းရည်ကတော့ထင်သလောက်တိုးတက်မလာခဲ့။
ကာကာ့ကိုမချစ်မိခင်အချိန်ထိ ကျွန်တော့်ရဲ့အနာဂတ်စိတ်ကူးတွေကတကယ်ကိုရိုးစင်းခဲ့သည်။အနာဂတ်တွင် ကျွန်တော်ချစ်မြတ်နိုးသည့်မိန်းမတစ်ယောက်နှင့်လက်ထပ်ကာ သာယာသည့်မိသားစုဘဝလေးကို ထူထောင်မည်ဟုစိတ်ကူးယဉ်ခဲ့ဖူးသည်။
"မင်းမျက်နှာက ဘာဖြစ်နေတာလဲ"
ပြုံးစစဖြစ်နေသည့်ကျွန်တော့်မျက်နှာက ရှေ့ဘက်ကထွက်လာသည့်ဆူအောင့်အောင့်အသံကြောင့် ပို၍ပင်ပြုံးယောင်သန်းလာရသည်။
"အခုလိုမျိုးမင်းက ငါ့ကိုနေ့တိုင်းမနက်စာပြင်ပေးနေတော့ ငါတွေးနေမိတာ..."
ပြောလက်စစကားကို ခဏရပ်ကာ ကာကာ့ထံသို့ ညစ်ညမ်းသည့်အကြည့်အစုံနှင့် ဗီလိန်ဆန်ဆန်အပြုံးတစ်ခုပို့လွှတ်မိသည်။
"မင်းကငါ့ရဲ့ အိမ်သူသက်ထားဇနီးမယားများဖြစ်နေပြီလားလို့..၊ဟား...ဟား...ဟား..."
မအောင့်အီးနိုင်စွာရယ်မိသည့်အကျိုးရလဒ်ကတော့ ကျွန်တော့်ခေါင်းပေါ်သို့ ကာကာ့လက်ထဲမှဇွန်းတစ်ချောင်းအရှိန်ပြင်းစွာရောက်လာခြင်းပင်..။ကျွန်တော့်ခေါင်းတစ်ခုလုံးကာကာ့ရဲ့ဇွန်းချက်ကြောင့်ထူပူသွားသော်လည်း နှာသီးဖျားလေးတွေရဲကာဒေါပွနေသည့် ကာကာကတော့စိတ်ပြေဟန်မတူ။
"နေ...နေ..ငါသွားဖွင့်မယ်"
ရယ်ချင်စိတ်ကို ကြိတ်မှိတ်မြိုသိပ်ထားရသည့်ကျွန်တော်က အခန်းဝမှဘဲလ်တီးသံကြောင့်ကာကာ့၏ဒေါသစက်ကွင်းမှလွတ်မြောက်ခွင့်ရသည်။အခန်းတံခါးဖွင့်ဖွင့်ချင်းမြင်လိုက်ရသည်က လက်ထဲတွင် အထုပ်ကြီးငယ်ဆွဲထားသည့် မမကြီးကိုပင်..။
ကျွန်တော့်ကိုအေးချမ်းသည့်အပြုံးလေးဖြင့်နှုတ်ဆက်ကာ ကာကာ့ထံပါးသို့ထွက်သွားသည့်မမကြီးက စားပွဲပေါ်တွင်ရှိနေသော စားလက်စထမင်းကြော်ပန်းကန်ကိုမြင်တော့ နှာခေါင်းတစ်ချက်ရှုံ့သည်။
" ဒီလိုတွေဖြစ်မယ်ဆိုတာကို ငါကြိုသိနေတယ်၊ကောင်းကင်ရေ...သူနဲ့နေလို့ကတော့ မင်းလူရုပ်သူရုပ်တောင်ပေါက်မှာမဟုတ်ဘူး"
ကောင်းကင်ကြော်ထားသည့်အခဲလိုက်ဖြစ်နေသော ထမင်းကြော်နှင့် ကြက်ဥကြေတွေကိုကြည့်ပြီးမမကြီးကစောင်းချိတ်ရေရွတ်သည်။အပြစ်တင်ခံနေရသည့် ကာကာ့မျက်နှာကမည်းနေပေမယ့် ကျွန်တော်ကတော့ မမကြီးရှေ့တွင်ဒုက္ခသည်တစ်ယောက်သဖွယ်မျက်နှာငယ်နှင့်အပီအပြင်သရုပ်ဆောင်ပေးရုံပင်...။
မမကြီးတစ်ယောက်ပါးစပ်မှပွစိပွစိရေရွတ်ကာ ကျွန်တော်တို့အိပ်ခန်းရှိရာဆီခြေဦးတည်သည့်အချိန်မှာတော့ကျွန်တော်ရောကာကာပါမနေသာတော့။မမကြီးနှင့်အတူ အခန်းတွင်းသို့လိုက်ဝင်ကာ မိန်းကလေးတစ်ယောက်အတွက်မသင့်တော်သည့်အမျိုးသားအသုံးအဆောင်ပစ္စည်းများကို နှစ်ယောက်သားအလျှင်အမြန်သိမ်းဆည်းရသည်။
ဆရာဝန်ဖြစ်သည့်မမကြီးကတော့ ဤကဲ့သို့အသုံးအဆောင်ပစ္စည်းတွေအပေါ် ထွေထူးပြီးစိတ်အနှောက်အယှက်ဖြစ်ဟန်မတူ။
"ဟယ်...ဒီကုတင်ကခုထိသုံးနေတုန်းလား၊ဒီကုတင်သေးသေးလေးမှာ နှစ်ယောက်အိပ်တော့..."
ခုနကဖုံးကွယ်အပ်သည့် အမျိုးသားအဝတ်အစားငယ်တို့ကိုမြင်သွားသည့်တိုင်အောင် မျက်နှာတစ်ချက်မယွင်းသည့် မမကြီး၏မျက်နှာက အခုကာကာနှင့်ကျွန်တော်တို့၏ကုတင်ကိုကြည့်ရင်း ပါးနှစ်ဖက်ကပန်းသွေးခြယ်လာသည်။
ဆိုလိုသည့်အကြောင်းရင်းကိုသေချာမသိသည့် ကျွန်တော်ကအူလည်လည်နှင့် ကာကာ့ဆီအကြည့်ပို့မိတော့ ကာကာသည်လည်းကျွန်တော်နှင့်ထပ်တူညီစွာ။ပုခုံးနှစ်ဖက်ကိုတွန့်ပြလာသည့် ကာကာ့ရဲ့ပုံစံက မမကြီး၏ပါးနှစ်ဖက်ပန်းသွေးခြယ်ရခြင်းအကြောင်းရင်းကို နားလည်ဟန်မတူ။
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ အူတူတူဖြစ်နေသည့် ကျွန်တော်တို့နှစ်ယောက်အဖြစ်ကိုကြည့်ရင်း မမကြီးကသက်ပြင်းတစ်ချက်ရှိုက်သည်။
အရင်ရက်တွေတုန်းက ခေါက်ဆွဲခြောက်ထုပ်တွေနှင့်အသင့်ဖျော်ကော်ဖီတွေသာရှိသော ကျွန်တော်တို့ရဲ့ရေခဲသေတ္တာငယ်လေးက မမကြီးရောက်လာမှ ရေခဲသေတ္တာဟူသော ဂုဏ်အင်္ဂါရပ်နှင့်ပြည့်စုံလာသည်။
"မမကြီးဒီကိုလာတာဒါတွေလာပေးဖို့သက်သက်တော့မဟုတ်လောက်ပါဘူး..၊ကျွန်တော့်ကိုဘာပြောမလို့လဲ"
ကာကာ့စကားကြောင့် အိမ်မှကြော်ချက်ထည့်လာသည့်ဟင်းဘူးတွေကို ရေခဲသေတ္တာထဲသို့သေချာထည့်ပေးနေသည့် မမကြီး၏လက်တွေကတုန့်ဆိုင်းရပ်တန့်သွားသည်။သက်ပြင်းတစ်ချက်ရှိုက်ကာ ကျွန်တော့်ထံကြည့်လာသည့် မမကြီး၏ပုံစံက တစ်ခုခုကိုပြောရခက်နေဟန်.။
"ဖေဖေလွှတ်လိုက်တာမလား"
မဲ့ပြုံးတစ်ချက်ပြုံးကာပြောလာသည့်ကာကာ့စကားကြောင့်ကျွန်တော့်မှာထိတ်ထိတ်ပြာပြာဖြစ်သွားရသည်။
"ဖေဖေက နင့်ကိုပဲခူးက ရုံးခွဲမှာသုံးလလောက် အလုပ်သွားလုပ်စေချင်နေတယ်။ဖေဖေ့ရဲ့ကျန်းမာရေးအခြေအနေနဲ့လည်း နယ်မှာသွားလုပ်ခိုင်းဖို့ ငါစိတ်မချဘူး...."
ကျွန်တော့်ထံဝေ့လာသည့် မမကြီး၏မျက်ဝန်းတွေမှာတော့အားနာရိပ်တွေစွန်းထင်းလျက်...။
"အဲ့တော့ မမကြီးကကျွန်တော့်ကိုသွားစေချင်တာလား၊ကျွန်တော်ဒီကိစ္စကိုဖေဖေနဲ့အကုန်ပြောပြီးသား..ကျွန်တော်လုံးဝမသွားနိုင်ဘူး"
အပြန်အလှန်ပြောဆိုနေသည့်မောင်နှမနှစ်ယောက်ကြားတွင်တော့ကျွန်တော်ဟာအပိုလူတစ်ယောက်သဖွယ်။ဝဲတက်လာသည့်မျက်ရည်ကြည်တို့ ပါးပြင်ပေါ်သို့မဆင်းသက်ခင်ထိုင်နေရာမှထထွက်မိသည်။
"ကောင်းကင်"
အခန်းတံခါးဝဆီသို့ဦးတည်နေသည့်ကျွန်တော့်ရဲ့ခြေလှမ်းတွေက နောက်ဖက်မှလှမ်းဆွဲလာသည့်လက်တစ်စုံကြောင့်ရပ်တန့်သွားရသည်။
"ကောင်ကင်..နေဦး၊ငါရှင်းပြမယ်"
ဆုပ်ကိုင်လာသည့်လက်တစ်စုံကိုခပ်ဆတ်ဆတ်ပုတ်ထုတ်မိတော့အံ့သြသွားဟန်တူသည့်ကာကာ့ရဲ့မျက်နှာက ကျွန်တော့်ရဲ့ရင်ကိုမီးစနှင့်အထိုးခံလိုက်ရသလိုပင်..။
" မင်းမှာဒီလိုကိစ္စတွေ ဒီလိုအခက်အခဲတွေရှိနေတာကိုတောင် တစ်အိမ်ထဲနေပြီးမသိရတဲ့ငါက မင်းအတွက်ဘာလဲကာကာ၊မင်းပြောတဲ့ Relationship ဆိုတာက ဒီလိုမျိုးပွင့်လင်းမှုမရှိတဲ့ဆက်ဆံရေးမျိုးလား"
အနားတွင်ထိုင်နေသည့်မမကြီးကိုပင်အားမနာနိုင်တော့သည်အထိ ကျွန်တော့်ရဲ့ခံစားချက်တွေကအမြင့်ဆုံးသို့ရောက်ရှိနေခဲ့ပြီ။ အမြဲတမ်းတစ်ယောက်တည်း ကြိတ်ကာဖြေရှင်းတတ်သည့် ကာကာ့ကြောင့် ကျွန်တော့်မှာအမြဲတမ်းအပြင်လူတစ်ယောက်လိုခံစားရသည်ဆိုတာကိုတော့ ကာကာ့ကိုသိစေချင်သည်။
"မဟုတ်ဘူးကောင်းကင်...ငါမင်းကိုပြောမပြဘူးဆိုတာက ဒီကိစ္စကငါ့အတွက်မင်းကိုပြန်ပြောပြရလောက်တဲ့အထိ အရေးပါတဲ့ကိစ္စမဟုတ်လို့၊ငါ အဲ့ဒီကိုလည်းသွားမှာမဟုတ်ဘူး...၊အဲ့ဒါကြောင့် ဒီလိုကိစ္စသေးသေးလေးတစ်ခုအတွက်နဲ့ မင်းကိုစိတ်အနှောက်အယှက်မဖြစ်စေချင်လို့ပြောမပြတာ"
"မင်းအဲ့ဒီကိုသွားရမယ်..."
တစ်လုံးချင်းပြတ်သားစွာပြောမိသည့်ကျွန်တော့်ရဲ့စကားအဆုံးမှာတော့ ကာကာ့မျက်နှာက အံ့သြထိတ်လန့်မှုတွေနှင့်ခြယ်မှုန်းခံလိုက်ရသည်။
"ကာကာ...ကောင်းကင်။ဒီကိစ္စကိုအေးအေးဆေးဆေးဆွေးနွေးကြမယ်ကွယ်၊လာ..ထိုင်ကြပါဦး"
တင်းမာနေသည့်ကျွန်တော်တို့နှစ်ယောက်အခြေအနေကို မမကြီးကလေပြေအေးဖြင့်ဝင်ရောက်ဖြန်ဖြေသည်။
"အမှန်အတိုင်းပြောရရင် မမကြီးကတော့မင်းကိုသွားစေချင်တယ်၊အရင်အခြေအနေထက်စာရင် ဖေဖေ့ဘက်အခုလိုမျိုးတောင်းဆိုလာတယ်ဆိုတာ မင်းနဲ့ကောင်းကင်အတွက်အခွင့်အရေးတစ်ခုပဲ.."
ကျွန်တော့်ထံရောက်လာသည့်ကာကာ့ရဲ့အကြည့်တွေကကျွန်တော့်အတွက်တော့တကယ်ကိုထိခိုက်ကြေကွဲစေသည်။ဖြစ်လိုသည်ထက်ဖြစ်သင့်တာကို ပိုပြီးဦးစားပေးရမှာက လောကနိယာမပေမို့ ဆွေးရိပ်သန်းနေသည့်ကာကာ့ရဲ့အကြည့်တွေကိုကျွန်တော့်ဘက်မှဦးအောင်အရင်အကြည့်လွှဲမိသည်။
"မင်းအဲ့ဒီကိုသွား....ပြီးရင်ငါတို့နှစ်ယောက်အတွက်မင်းအဖေရဲ့ အသိအမှတ်ပြုမှုကိုရအောင်ယူလာပေး..."
အမိန့်ပေးစကားကိုဆိုလာသည့်ကျွန်တော့်ရဲ့စကားသံကအနိမ့်အမြင့်မညီစွာတုန်ရီလျက်။အတင်းတိုးဝှေ့ထွက်လာသည့်မျက်ရည်ဥတွေကတော့ဖြင့်နှုတ်ခမ်းထက်မှ စကားထက်ထက်တို့ဖြင့်ဆန့်ကျင်စွာပင်...။
"ငါမင်းနဲ့ အကြာကြီးခွဲနေရမှာကွ"
ကျွန်တော့်ရဲ့လက်ကလေးကိုဆုပ်ကိုင်ကာ သူ့ပါးနားအပ်၍ဆိုလာသည့်ကာ့ကာ့ရဲ့စကားကြောင့် ကျွန်တော့်နှလုံးသားငယ်က အစရှာမရသည်အထိကျိုးပျက်ကြွေမွသွားသည်။
ကျွန်တော့်လက်ဖမိုးပေါ်စီးကျလာသည့်ကာကာ့ရဲ့မျက်ရည်စက်တွေက အက်စစ်ရည်တွေပမာ.......။
>>>>>>>>>>>>♥>>>>>>>>>>>>
အဟမ်း.......Seme, Uke ကွဲကြလား😁
လမ်းတွေပျောက်နေပါပြီ😂😂😂😂