သူသိစေ🍁[Completed]

Door LinnWathan

46.9K 1.7K 60

ကိုယ့်ရဲ့ အချစ်တွေကို မင်းသိပါစေ ကလေးငယ်🍁 #L👀 Meer

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 17
Part 18
Part 19
Part 20
Part 21(ဇာတ္သိမ္းပိုင္း)
Note
Note

Part 16

1.1K 49 3
Door LinnWathan

#Zawgyi

မင္းခန္႔ တစ္ခ်က္ျပံဳးလိုက္ၿပီး
"ဘယ္လို... ကေလးေလးက ကိုယ့္ကိုဘယ္လိုေခၚလိုက္တယ္"
မသိခ်င္ေယာင္ေဆာင္ကာ ထပ္၍ေမးလိုက္သည္

"ကိုကိုလို႔...ကိုကိုပါဆို"
ႏႈတ္ခမ္းေလးစူကာ မ်က္ေစာင္းထိုးၿပီး႐ွက္႐ွက္ႏွင့္ပင္ဘုန္းမိုးေျပာလိုက္သည္..

မင္းခန္႔ ဘုန္းမိုးကိုခ်က္ခ်င္းပင္ သိုင္းဖက္လိုက္ေသာေၾကာင့္
ဘုန္းမိုးလည္း မ်က္လံုးေလးမိွတ္ကာျပံဳးၿပီးျပန္ဖက္လိုက္သည္

ႏွစ္ဦးလံုး၏ ရင္ဘတ္မ်ားသည္နီးကပ္စြာရိွေနၿပီး
ရိွဳက္ထုတ္လိုက္ေသာ ေလေႏြးတို႔မွာ တစ္ေယာက္၏လည္ပင္းသို႔တစ္ေယာက္ ညင္သာစြာ႐ိုက္ခတ္မိၾကသည္...
အလြန္ပင္ခုန္ေနၾကေသာ ရင္ဘတ္တို႔မွာ မရပ္မနားႏိုင္

"အရမ္းခ်စ္တယ္ ကေလးေလးရာ..."
ႏွစ္ဦးတည္းၾကားႏိုင္ေသာ ေလသံတိုးတိုးေလးႏွင့္ မင္းခန္႔ညင္သာစြာေျပာလိုက္ေသာေၾကာင့္ ဘုန္းမိုးမွာ

"ကြ်န္ေတာ္ကပိုခ်စ္တာေပါ့ ကိုကိုရဲ႕...
မေျပာရဲလို႔ပါ... ဒါေပမဲ့ ခံစားခ်က္ေတြကိုဒီအတိုင္းပဲၿမိဳသိပ္ထားမယ္ဆိုရင္
ျဖစ္ခ်င္တဲ့ဆႏၵေတြက ျဖစ္လာေတာ့မွာမဟုတ္ဘူး
အဲ့တာခင္ဗ်ားမေကာင္းတာ"
ေျပာရင္းဆိုရင္း ရန္ေတြ႔သည့္ဘက္သို႔ေရာက္သြားသည့္ဘုန္းမိုးသည္ ဖက္ထားေသာ မင္းခန္႔၏ခႏၶာကိုယ္ကိုခြာလိုက္သည္...

ထိုအခါမင္းခန္႔မွာ ေၾကာင္ေတာင္ေတာင္ျဖင့္ေမးလိုက္သည္
"ကိုယ္ဘာလုပ္လို႔လဲ ကေလးရ"

"လူႀကီးျဖစ္ၿပီးေတာ့ ကိုယ္ကစေျပာမယ္မရိွဘူး
ကြၽန္ေတာ့္မွာေတာ့ မ႐ွက္မေၾကာက္နဲ႔...အခုမွျပန္ေတြးရင္းေတာင္႐ွက္တယ္
ဘာမွန္းလဲမသိဘူး ပံုစံကိုက အူေၾကာင္ေၾကာင္နဲ႔...
ကိုယ့္ကိုယ္ကို ဘာမ်ားထင္ေနလဲ...
ေျပာစရာရိွရင္အရင္တည္းက ခ်က္ခ်င္းေျပာလိုက္ပါလား
ကြၽန္ေတာ္ကေတာ့ ေျပာႏိုးေျပာႏိုးနဲ႔ ေစာင့္လိုက္ရတာ...
အခုက်ေတာ့လည္း ကြ်န္ေတာ္ပဲေျပာလို႔ခ်စ္သူျဖစ္သြားတာေလ
ကြၽန္ေတာ္သာမေျပာရင္ ဘာမွ....."
ပါးစပ္တတြတ္တြတ္ႏွင့္ တရစပ္မရပ္မနားေျပာေနေသာ
ဘုန္းမိုး အသံမွာ ခ်က္ခ်င္းပင္ပိတ္သြားရသည္

ေႏြးေထြးလွေသာ ႏႈတ္ခမ္းတို႔၏ ခ်ိဳၿမိန္မႈမွာ
သူတို႔ႏွစ္ဦးစလံုး၏ အခ်စ္တို႔ကို ပို၍ျပည့္စံုသြားေစသလိုပင္...
ဘုန္းမိုး၏ ေအာက္ႏႈတ္ခမ္းေလးကို မင္းခန္႔ဖိၿပီးနမ္းလိုက္ေသာအခါရန္ခုန္သံမ်ားကို ပိုမိုျမန္ဆန္လာေစေတာ့သည္...

"ေတာ္ၿပီေလဗ်ာ..."
ဘုန္းမိုး မင္းခန္႔ကို အသာေလးတြန္းလိုက္ေသာအခါမွသာမင္းခန္႔ရပ္ေတာ့သည္...
မင္းခန္႔ဘာမွမေျပာေသးခင္ ဘုန္းမိုးကစ၍..

"ဒီေနရာႀကီးမွာ ဘယ္လိုျဖစ္လို႔လဲ..
႐ွက္စရာႀကီး"

"ဘာျဖစ္လဲ... အခုမွ႐ွက္မေနနဲ႔ ၿငိမ္ခံေနတုန္းကၿငိမ္ေနၿပီးေတာ့"

"ဟာ... ခင္ဗ်ား အဲ့လိုလား"
မင္းခန္႔စလိုက္သည္ကို ဘုန္းမိုးမွာမ်က္ေစာင္းထိုးၿပီးျပန္၍ေျပာလိုက္သည္

"အဲ့ဒီ့မနားဘဲ တရစပ္ေျပာေနတဲ့
ၾကက္တူေရြးႏႈတ္ခမ္းေလးကို မွတ္ေလာက္သားေလာက္ျဖစ္ေအာင္ပညာေပးလိုက္တာေလ..
ဘယ္လိုလဲ မွတ္ၿပီလား"

"ဟြန္း....ၾကည့္လို႔ကိုမရဘူး"
မင္းခန္႔ကိုမၾကည့္ဘဲ ႐ွက္ျပံဳးေလးျပံဳးကာဘုန္းမိုးအရဲြ႔တိုက္ေျပာလိုက္ေသးသည္...

ခ်စ္သူႏွစ္ဦး၏ ၾကည္ႏူးမႈပံုရိပ္တို႔သည္
ေနဝင္ရီတေရာအခ်ိန္ ညေနေစာင္း၌ က်ံဳးေရျပင္ႏွင့္မႏၱေလးေတာင္တို႔ထက္ ပို၍ပင္ လွပေနေတာ့သည္
..................................................

ေလတျဖဴးျဖဴးတိုက္ကာ မႏၱေလးၿမိဳ႕ႀကီးတစ္ၿမိဳ႕လံုး၏
ရင္သပ္႐ႈေမာဖြယ္ရာ အလွကို မ်က္စိတစ္ဆံုးျမင္ေတြ႔ေနရေသာ
ျမန္မာလူမ်ိဳးတို႔အျမတ္တႏိုးထားရာ အဖိုးတန္လွေသာ
မႏၱေလးေတာင္ႀကီးေပၚသို႔ ဘုန္းမိုးႏွင့္မင္းခန္႔ လက္ကိုတဲြကာ မေမာမပန္းတက္လာခဲ့ၿပီး ေတာင္ေပၚမွျမင္ရေသာ႐ႈခင္းတို႔၏ဆဲြေဆာင္မႈေၾကာင့္
အရာအားလံုးမွာ လွပေနသကဲ့သို႔ပင္...

႐ႈခင္းကိုတူတူၾကည့္ေနရင္း ဘုန္းမိုးကစ၍
"ဒီမႏၱေလးေတာင္ႀကီးကိုၾကည့္ၿပီး ကြၽန္ေတာ္ဆံုးျဖတ္ခ်က္တစ္ခုခ်ဖူးတယ္..."

"ဘယ္လိုဆံုးျဖတ္ခ်က္လဲ ကေလး"

"ကြၽန္ေတာ္ ကိုကိုနဲ႔စေတြ႔တဲ့ေန႔ မနၱေလးက်ံဳးေတာ္ႀကီးကိုမနက္အေစာႀကီးသြားၿပီးေတာ့
အဲ့ဒီက လွမ္းျမင္ေနရတဲ့ ဒီမႏၱေလးေတာင္ႀကီးကိုေတြ႔ေတာ့...

တစ္ခါေလာက္ပဲျဖစ္ျဖစ္ ငါခ်စ္တဲ့သူနဲ႔ အတူတူ သူ႔လက္ကို ကိုင္ျပီး မႏၱေလးေတာင္ကို ေရာက္ေအာင္သြားမယ္ ဆိုၿပီးေတာ့ေပါ့..."

"ဪ အခုေရာက္ၿပီမလား
ေဟာဒီက ကိုကိုက ကေလးေလးရဲ႕ ဆံုးျဖတ္ခ်က္ကို အေကာင္အထည္ေဖာ္ေပးလိုက္တာေလ
ကိုကိုေတာ္တယ္မလား..."
မင္းခန္႔မွာ သူ႔ကိုယ္သူ ခ်ီးမြန္းခန္းဖြင့္ေနေသးသည္

ဘုန္းမိုးက ရယ္ကာ
"ေတာ္မွာေပါ့ သားကိုကိုပဲဟာကို"

မင္းခန္႔ကိုၾကည့္နေသာ အၾကည့္တို႔ကို
ဘုန္းမိုး႐ႈခင္းမ်ားဆီသို႔ လဲႊလိုက္ၿပီး

"ကြၽန္ေတာ္ေလ...
ကြၽန္ေတာ္ ဘာျဖစ္လို႔ ကိုကို႔ကို ခ်စ္မိသြားရတာလဲမသိဘူး
ဘဝမွာ ဒါပထမဦးဆံုးပဲ... အရမ္းထူးဆန္းတယ္ေနာ္
ဒါေပမဲ့ စဥ္းစားလိုက္တိုင္း ကြၽန္ေတာ္အသက္႐ႈၾကပ္တယ္"
ဘုန္းမိုးအေဝးတစ္ေနရာသို႔ပင္ ေငးၾကည့္ကာေျပာလိုက္သည္

"ဘာျဖစ္လို႔လဲ ကေလးရဲ႕"
ထိုအခါ ဘုန္းမိုး မင္းခန္႔ကို အဓိပၸါယ္ေဖာ္၍မရႏိုင္ေသာ အၾကည့္တစ္ခ်က္ျဖင့္ ၾကည့္ၿပီး

"ကြၽန္ေတာ္တို႔ျဖစ္ႏိုင္ပါ့မလားဆိုတာပါ....
သဘာဝနဲ႔လြန္ဆန္ေနတဲ့ ကိစၥတစ္ခုမို႔ကြၽန္ေတာ္စိတ္ပူမိတာ...
ကြၽန္ေတာ္အမ်ားႀကီးစဥ္းစားမိတယ္...
ပတ္ဝန္းက်င္ကေရာ ကြၽန္ေတာ္တို႔ရဲ႕မိသားစုေတြကေရာ...
ေနာက္ၿပီး ကြၽန္ေတာ္တို႔ကိုယ္တိုင္ကေရာ...
မေသခ်ာမေရရာတဲ့ ကိစၥႀကီးတစ္ခုျဖစ္ေနတယ္ ကိုကို"
ဘုန္းမိုး မင္းခန္႔ဘက္သို႔ ျပန္လွည့္ၾကည့္လိုက္ၿပီး

"ကြၽန္ေတာ္ကိုကို႔ကို ခ်စ္တယ္...
ခ်စ္တာမွ ရင္ထဲနင့္ေနေအာင္ ကိုကိုဆိုတဲ့ လူကိုအရမ္းခ်စ္တာ
ကိုကိုမို႔လို႔... ကိုကိုျဖစ္ေနလို႔...
ဒါေပမဲ့ ခ်စ္ေနရံုမွ မၿပီးတာ ေ႐ွ႕ဆက္ရမဲ့အရာေတြက အမ်ားႀကီးက်န္ေနေသးတယ္ေလ
ကြၽန္ေတာ္... ျဖစ္ႏိုင္ေသးတဲ့အခ်ိန္တစ္ခုထိေတာ့ ကိုကို႔ကိုခ်စ္ေနမွာပါ...
အဲ့ဒီ့အခ်ိန္က ဘယ္ေတာ့အဆံုးသတ္သြားမလဲဆိုတာေတာ့
ကြၽန္ေတာ္ကိုယ္တိုင္လည္း မသိဘူး"

ေဝ့ဝိုင္းေနေသာ မ်က္လံုးထဲမွ မ်က္ရည္မ်ားက ထိန္းခ်ဳပ္မရႏိုင္ေတာ့ဘဲ ဘုန္းမိုး၏ ပါးျပင္တစ္ေလ်ွာက္သို႔ တရစပ္စီးဆင္းလာေတာ့သည္...
မင္းခန္႔လည္း ဘုန္းမိုး၏ပါးျပင္မွ မ်က္ရည္မ်ားကိုသုတ္ေပးလိုက္ၿပီး

"ကိုယ္လည္း ကေလးကို အရမ္းခ်စ္ေနမိတာပါကြာ...
ကိုယ္ဘယ္သူ႔ကိုမွ ကေလးေလာက္မစဲြလမ္းခဲ့ဖူးဘူး
ဟုတ္ပါတယ္... ျဖစ္ႏိုင္ေသးတဲ့အခ်ိန္တစ္ခုရိွတာေပါ့
ဒါေပမဲ့ ကိုကိုေလာဘႀကီးတယ္ပဲေျပာေျပာ ကေလးကိုတစ္သက္လံုးခ်စ္မွာ...
လံုးဝမျဖစ္ႏိုင္ေတာ့တဲ့ အခ်ိန္တစ္ခုျဖစ္ေနတာေတာင္မွ
ကိုယ္တို႔ေ႐ွ႕ဆက္လာမဲ့ အနာဂတ္ကို
သတၱိရိွရိွရင္ဆိုင္ဖို႔လိုတယ္ကေလး...
ႏွစ္ေယာက္အတူတူ လက္တဲြမျဖဳတ္ဘဲနဲ႔ ဝင္လာမဲ့ အတိုက္အခိုက္ေတြကို ခုခံဖို႔လိုတယ္
ကိုယ့္ကိုယံုပါ... ကိုယ္ကေလးလက္ကိုဘယ္ေတာ့မွ မလႊတ္ဘူး....ေနာ္"

ထိုအခါ ဘုန္းမိုးမွာ မင္းခန္႔ကိုျပံဳး၍ၾကည့္လိုက္ၿပီး
မင္းခန္႔၏ ပါးႏွစ္ဖက္ကို လက္ျဖင့္ႏူးညံ႔စြာကိုင္လိုက္သည္...
"ငါ့ကိုကို...ငါပဲပိုင္တာ ဘယ္သူ႔မွမပိုင္ဘူး
ကိုကိုက ငါ့အပိုင္...
ခ်စ္တယ္ဆိုတဲ့စကားထက္ ေလးနက္တဲ့စကားရိွေသးရင္ ကြၽန္ေတာ္ထပ္တလဲလဲေျပာခ်င္ေသးတယ္"

"ကေလးဆိုးေလး...
လာ ဘုရားရိွခိုးရေအာင္ ကိုကိုနဲ႔အျမန္ဆံုးေပါင္းဖက္ရပါေစလို႔ဆုေတာင္းရမယ္"
မင္းခန္႔ ဘုန္းမိုးကို အတင္းဖက္ၿပီး ဘုရားဆင္းတုေတာ္ေ႐ွ႕သို႔ေခၚသြားလိုက္သျဖင့္ ဘုန္းမိုးမွာအ႐ုပ္ေလးကဲ့သို႔ ပါသြားေတာ့သည္...

ႏွစ္ဦးလံုးဘုရားရိွခိုးၿပီး ဘုန္းမိုးျပန္အထ....
"အား..."
ဘုန္းမိုး သူ႔ေခါင္းကိုသူကိုင္ကာျပန္၍ လဲက်သြားသည္

မင္းခန္႔လည္း ဘုန္းမိုးကို ဖက္ထားလိုက္ၿပီး အေလာတႀကီးေမးလိုက္သည္
"ကေလး...
ဘာျဖစ္တာလဲ...ေနမေကာင္းဘူးလား "

"ေခါင္း... ေခါင္းေတာ္ေတာ္ကိုက္ေနလို႔
အား... ထိုးတယ္ဟ"

"ဟင္...ဘယ္လိုျဖစ္တာလဲ "

"မသိဘူး ေခါင္းအဲ့လိုကိုက္ေနတာ ၾကာၿပီ
ခဏေလာက္ထိုင္ဦးမယ္ေနာ္"

"အခုျပန္ဆင္းၿပီးေဆးခန္းသြားရေအာင္"

"ရတယ္... ခဏေလးပဲ ၿပီးရင္ေကာင္းသြားမွာ"

"ဟာ...ဒီကေလး ေျပာရခက္လိုက္တာ
ေခါင္းကအခုမွကိုက္တာလား..."

"ကိုက္ေနတာ ၾကာၿပီ 1လေက်ာ္ေလာက္ရိွၿပီ
တစ္ခ်က္တစ္ခ်က္ ေတာ္ေတာ္ႀကီးဆိုးတာ"

"မရေတာ့ဘူး ျပန္ရင္ေဆးခန္းဝင္ရမယ္"

"ရတယ္လို႔ ဘာျဖစ္ေနတာလဲ အခုေကာင္းသြားၿပီ"
ဘုန္းမိုး တစ္ခ်က္ေအာ္လိုက္ေသာအခါ မင္းခန္႔ခမ်ာလန္႔သြား႐ွာသည္

"မေအာ္ပါနဲ႔ဗ်ာ...ေၾကာက္ပါတယ္"

"ဒီမွာေခါင္းကိုက္ေနရတဲ့အထဲ ဘာေတြလာေျပာမွန္းမသိဘူး"

"စတာ...စတာ"

.....................................................

"အား....ကြၽတ္... ကြၽတ္"
မ်က္လံုးႏွစ္လံုးတို႔ကိုဖြင့္လိုက္သည္ႏွင့္ ဦးေခါင္းအတြင္းပိုင္းက တဆစ္ဆစ္ႏွင့္ နာက်င္ေနရသည္

နာက်င္ေနရသည့္ၾကားမွဘုန္းမိုး တိုင္ကပ္နာရီကိုလွမ္းၾကည့္လိုက္ေတာ့ 7နာရီခဲြေနၿပီျဖစ္သည္...
အားယူကာ အိပ္ရာမွထထိုင္လိုက္ၿပီး အေညာင္းဆန္႔လိုက္သည္
ေခါင္းကို တူႏွင့္ထုေနသကဲ့သို႔ေသာ ခံစားခ်က္က ေအာင့္သက္သက္ပင္...
ထို႔ေၾကာင့္ အိပ္ရာေဘးမွ စားပဲြခံုေပၚတြင္တင္ထားေသာေသာက္ေနက် ေခါင္းကိုက္ေပ်ာက္ေဆးကို ေရျဖင့္ ေမာ့ေသာက္လိုက္သည္

ဘုန္းမိုးေက်ာင္းသြားရန္ ေရမိုးခ်ိဳးျပင္ဆင္ၿပီး အခန္းထဲမွ ထြက္လာေသာအခါ ဝဏၰလည္းအခန္းထဲမွထြက္လာသည္

"ငါ့အကိုက တယ္ေခ်ာေနပါလားဒီေန႔..."
ဘုန္းမိုးစပ္ျဖဲျဖဲျဖင့္ ဝဏၰပံုစံကိုၾကည့္ၿပီးေျပာလိုက္သည္
နဖူးေပၚသို႔က်ေနေလ့ရိွေသာ ဝဏၰ ၏ ဆံပင္တို႔မွာ
ဒီေန႔မွ ထူးထူးျခားျခား လွန္တင္ၿပီး သပ္သပ္ရပ္ရပ္ဖီးထားသည္ေၾကာင့္လား...

"လာေျမႇာက္မေနနဲ႔ေကာင္ေလး...ကယ္ရီခက ေဟာဒီကကိုကိုဝဏၰပဲ႐ွင္းရမွာပဲကို"

"ဟီးဟီး... တကယ္ေခ်ာေနတာပါဗ်
အေကာင္းေျပာလို႔ကိုမရဘူး"

"ကဲလာ... ဘယ္လိုပဲေျပာေျပာ ေက်ာင္းေနာက္က်မယ္
သြားမယ္"

"အား..."
ဘုန္းမိုး ေျခတစ္ဖက္လွမ္းလိုက္ေသာအခါ
မခံမရပ္ႏိုင္ေလာက္ေအာင္ ကိုက္ခဲေနေသာ ဦးေခါင္းတစ္ခုလံုးေၾကာင့္ မ်က္စိေ႐ွ႕ရိွ အရာအားလံုးမွာ လည္ေနေတာ့သည္...
တူႏွင့္ခပ္ျပင္းျပင္းအထုခံရသလို ကတၱရာလမ္းေပၚသို႔ေခါင္းျဖင့္နာနာက်သလို ဦးေခါင္းတစ္ခုလံုးေၾကမြမတတ္ ခံစားေနရ၍ ရပ္ေနေသာ ေနရာမွာပင္ ဘုန္းမိုးပစ္လဲသြားေတာ့သည္....

"ဟာ... ညီေလး...ညီေလး...."
ဝဏၰ လဲက်သြားေသာ ဘုန္းမိုးကို ေပါင္ေပၚသို႔မတင္ၿပီး
က်ယ္ေလာင္စြာ ေအာ္ေခၚေနေသာ္လည္း ထိုအသံကိုဘုန္းမိုးမၾကားရေတာ့ေအာင္ ေလာကႀကီးႏွင့္ ေခတၱခဏအဆက္အသြယ္ျပတ္သြားေတာ့သည္....

#L👀

လိုအပ္တာေလးေတြရိွရင္ ေဝဖန္ေပးၾကပါဦးေနာ္😁
ေဝဖန္မႈေလးေတြကို ေမ်ွာ္ေနပါတယ္ခင္ဗ်😚🖤

ခ်စ္ေသာL👀......

#Unicode

မင်းခန့် တစ်ချက်ပြုံးလိုက်ပြီး
"ဘယ်လို... ကလေးလေးက ကိုယ့်ကိုဘယ်လိုခေါ်လိုက်တယ်"
မသိချင်ယောင်ဆောင်ကာ ထပ်၍မေးလိုက်သည်

"ကိုကိုလို့...ကိုကိုပါဆို"
နှုတ်ခမ်းလေးစူကာ မျက်စောင်းထိုးပြီးရှက်ရှက်နှင့်ပင်ဘုန်းမိုးပြောလိုက်သည်..

မင်းခန့် ဘုန်းမိုးကိုချက်ချင်းပင် သိုင်းဖက်လိုက်သောကြောင့်
ဘုန်းမိုးလည်း မျက်လုံးလေးမှိတ်ကာပြုံးပြီးပြန်ဖက်လိုက်သည်

နှစ်ဦးလုံး၏ ရင်ဘတ်များသည်နီးကပ်စွာရှိနေပြီး
ရှိုက်ထုတ်လိုက်သော လေနွေးတို့မှာ တစ်ယောက်၏လည်ပင်းသို့တစ်ယောက် ညင်သာစွာရိုက်ခတ်မိကြသည်...
အလွန်ပင်ခုန်နေကြသော ရင်ဘတ်တို့မှာ မရပ်မနားနိုင်

"အရမ်းချစ်တယ် ကလေးလေးရာ..."
နှစ်ဦးတည်းကြားနိုင်သော လေသံတိုးတိုးလေးနှင့် မင်းခန့်ညင်သာစွာပြောလိုက်သောကြောင့် ဘုန်းမိုးမှာ

"ကျွန်တော်ကပိုချစ်တာပေါ့ ကိုကိုရဲ့...
မပြောရဲလို့ပါ... ဒါပေမဲ့ ခံစားချက်တွေကိုဒီအတိုင်းပဲမြိုသိပ်ထားမယ်ဆိုရင်
ဖြစ်ချင်တဲ့ဆန္ဒတွေက ဖြစ်လာတော့မှာမဟုတ်ဘူး
အဲ့တာခင်ဗျားမကောင်းတာ"
ပြောရင်းဆိုရင်း ရန်တွေ့သည့်ဘက်သို့ရောက်သွားသည့်ဘုန်းမိုးသည် ဖက်ထားသော မင်းခန့်၏ခန္ဓာကိုယ်ကိုခွာလိုက်သည်...

ထိုအခါမင်းခန့်မှာ ကြောင်တောင်တောင်ဖြင့်မေးလိုက်သည်
"ကိုယ်ဘာလုပ်လို့လဲ ကလေးရ"

"လူကြီးဖြစ်ပြီးတော့ ကိုယ်ကစပြောမယ်မရှိဘူး
ကျွန်တော့်မှာတော့ မရှက်မကြောက်နဲ့...အခုမှပြန်တွေးရင်းတောင်ရှက်တယ်
ဘာမှန်းလဲမသိဘူး ပုံစံကိုက အူကြောင်ကြောင်နဲ့...
ကိုယ့်ကိုယ်ကို ဘာများထင်နေလဲ...
ပြောစရာရှိရင်အရင်တည်းက ချက်ချင်းပြောလိုက်ပါလား
ကျွန်တော်ကတော့ ပြောနိုးပြောနိုးနဲ့ စောင့်လိုက်ရတာ...
အခုကျတော့လည်း ကျွန်တော်ပဲပြောလို့ချစ်သူဖြစ်သွားတာလေ
ကျွန်တော်သာမပြောရင် ဘာမှ....."
ပါးစပ်တတွတ်တွတ်နှင့် တရစပ်မရပ်မနားပြောနေသော
ဘုန်းမိုး အသံမှာ ချက်ချင်းပင်ပိတ်သွားရသည်

နွေးထွေးလှသော နှုတ်ခမ်းတို့၏ ချိုမြိန်မှုမှာ
သူတို့နှစ်ဦးစလုံး၏ အချစ်တို့ကို ပို၍ပြည့်စုံသွားစေသလိုပင်...
ဘုန်းမိုး၏ အောက်နှုတ်ခမ်းလေးကို မင်းခန့်ဖိပြီးနမ်းလိုက်သောအခါရန်ခုန်သံများကို ပိုမိုမြန်ဆန်လာစေတော့သည်...

"တော်ပြီလေဗျာ..."
ဘုန်းမိုး မင်းခန့်ကို အသာလေးတွန်းလိုက်သောအခါမှသာမင်းခန့်ရပ်တော့သည်...
မင်းခန့်ဘာမှမပြောသေးခင် ဘုန်းမိုးကစ၍..

"ဒီနေရာကြီးမှာ ဘယ်လိုဖြစ်လို့လဲ..
ရှက်စရာကြီး"

"ဘာဖြစ်လဲ... အခုမှရှက်မနေနဲ့ ငြိမ်ခံနေတုန်းကငြိမ်နေပြီးတော့"

"ဟာ... ခင်ဗျား အဲ့လိုလား"
မင်းခန့်စလိုက်သည်ကို ဘုန်းမိုးမှာမျက်စောင်းထိုးပြီးပြန်၍ပြောလိုက်သည်

"အဲ့ဒီ့မနားဘဲ တရစပ်ပြောနေတဲ့
ကြက်တူရွေးနှုတ်ခမ်းလေးကို မှတ်လောက်သားလောက်ဖြစ်အောင်ပညာပေးလိုက်တာလေ..
ဘယ်လိုလဲ မှတ်ပြီလား"

"ဟွန်း....ကြည့်လို့ကိုမရဘူး"
မင်းခန့်ကိုမကြည့်ဘဲ ရှက်ပြုံးလေးပြုံးကာဘုန်းမိုးအရွဲ့တိုက်ပြောလိုက်သေးသည်...

ချစ်သူနှစ်ဦး၏ ကြည်နူးမှုပုံရိပ်တို့သည်
နေဝင်ရီတရောအချိန် ညနေစောင်း၌ ကျုံးရေပြင်နှင့်မန္တလေးတောင်တို့ထက် ပို၍ပင် လှပနေတော့သည်
..................................................

လေတဖြူးဖြူးတိုက်ကာ မန္တလေးမြို့ကြီးတစ်မြို့လုံး၏
ရင်သပ်ရှုမောဖွယ်ရာ အလှကို မျက်စိတစ်ဆုံးမြင်တွေ့နေရသော
မြန်မာလူမျိုးတို့အမြတ်တနိုးထားရာ အဖိုးတန်လှသော
မန္တလေးတောင်ကြီးပေါ်သို့ ဘုန်းမိုးနှင့်မင်းခန့် လက်ကိုတွဲကာ မမောမပန်းတက်လာခဲ့ပြီး တောင်ပေါ်မှမြင်ရသောရှုခင်းတို့၏ဆွဲဆောင်မှုကြောင့်
အရာအားလုံးမှာ လှပနေသကဲ့သို့ပင်...

ရှုခင်းကိုတူတူကြည့်နေရင်း ဘုန်းမိုးကစ၍
"ဒီမန္တလေးတောင်ကြီးကိုကြည့်ပြီး ကျွန်တော်ဆုံးဖြတ်ချက်တစ်ခုချဖူးတယ်..."

"ဘယ်လိုဆုံးဖြတ်ချက်လဲ ကလေး"

"ကျွန်တော် ကိုကိုနဲ့စတွေ့တဲ့နေ့ မန္တလေးကျုံးတော်ကြီးကိုမနက်အစောကြီးသွားပြီးတော့
အဲ့ဒီက လှမ်းမြင်နေရတဲ့ ဒီမန္တလေးတောင်ကြီးကိုတွေ့တော့...

တစ်ခါလောက်ပဲဖြစ်ဖြစ် ငါချစ်တဲ့သူနဲ့ အတူတူ သူ့လက်ကို ကိုင်ပြီး မန္တလေးတောင်ကို ရောက်အောင်သွားမယ် ဆိုပြီးတော့ပေါ့..."

"ဪ အခုရောက်ပြီမလား
ဟောဒီက ကိုကိုက ကလေးလေးရဲ့ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ပေးလိုက်တာလေ
ကိုကိုတော်တယ်မလား..."
မင်းခန့်မှာ သူ့ကိုယ်သူ ချီးမွန်းခန်းဖွင့်နေသေးသည်

ဘုန်းမိုးက ရယ်ကာ
"တော်မှာပေါ့ သားကိုကိုပဲဟာကို"

မင်းခန့်ကိုကြည့်နသော အကြည့်တို့ကို
ဘုန်းမိုးရှုခင်းများဆီသို့ လွဲှလိုက်ပြီး

"ကျွန်တော်လေ...
ကျွန်တော် ဘာဖြစ်လို့ ကိုကို့ကို ချစ်မိသွားရတာလဲမသိဘူး
ဘဝမှာ ဒါပထမဦးဆုံးပဲ... အရမ်းထူးဆန်းတယ်နော်
ဒါပေမဲ့ စဉ်းစားလိုက်တိုင်း ကျွန်တော်အသက်ရှုကြပ်တယ်"
ဘုန်းမိုးအဝေးတစ်နေရာသို့ပင် ငေးကြည့်ကာပြောလိုက်သည်

"ဘာဖြစ်လို့လဲ ကလေးရဲ့"
ထိုအခါ ဘုန်းမိုး မင်းခန့်ကို အဓိပ္ပါယ်ဖော်၍မရနိုင်သော အကြည့်တစ်ချက်ဖြင့် ကြည့်ပြီး

"ကျွန်တော်တို့ဖြစ်နိုင်ပါ့မလားဆိုတာပါ....
သဘာဝနဲ့လွန်ဆန်နေတဲ့ ကိစ္စတစ်ခုမို့ကျွန်တော်စိတ်ပူမိတာ...
ကျွန်တော်အများကြီးစဉ်းစားမိတယ်...
ပတ်ဝန်းကျင်ကရော ကျွန်တော်တို့ရဲ့မိသားစုတွေကရော...
နောက်ပြီး ကျွန်တော်တို့ကိုယ်တိုင်ကရော...
မသေချာမရေရာတဲ့ ကိစ္စကြီးတစ်ခုဖြစ်နေတယ် ကိုကို"
ဘုန်းမိုး မင်းခန့်ဘက်သို့ ပြန်လှည့်ကြည့်လိုက်ပြီး

"ကျွန်တော်ကိုကို့ကို ချစ်တယ်...
ချစ်တာမှ ရင်ထဲနင့်နေအောင် ကိုကိုဆိုတဲ့ လူကိုအရမ်းချစ်တာ
ကိုကိုမို့လို့... ကိုကိုဖြစ်နေလို့...
ဒါပေမဲ့ ချစ်နေရုံမှ မပြီးတာ ရှေ့ဆက်ရမဲ့အရာတွေက အများကြီးကျန်နေသေးတယ်လေ
ကျွန်တော်... ဖြစ်နိုင်သေးတဲ့အချိန်တစ်ခုထိတော့ ကိုကို့ကိုချစ်နေမှာပါ...
အဲ့ဒီ့အချိန်က ဘယ်တော့အဆုံးသတ်သွားမလဲဆိုတာတော့
ကျွန်တော်ကိုယ်တိုင်လည်း မသိဘူး"

ဝေ့ဝိုင်းနေသော မျက်လုံးထဲမှ မျက်ရည်များက ထိန်းချုပ်မရနိုင်တော့ဘဲ ဘုန်းမိုး၏ ပါးပြင်တစ်လျှောက်သို့ တရစပ်စီးဆင်းလာတော့သည်...
မင်းခန့်လည်း ဘုန်းမိုး၏ပါးပြင်မှ မျက်ရည်များကိုသုတ်ပေးလိုက်ပြီး

"ကိုယ်လည်း ကလေးကို အရမ်းချစ်နေမိတာပါကွာ...
ကိုယ်ဘယ်သူ့ကိုမှ ကလေးလောက်မစွဲလမ်းခဲ့ဖူးဘူး
ဟုတ်ပါတယ်... ဖြစ်နိုင်သေးတဲ့အချိန်တစ်ခုရှိတာပေါ့
ဒါပေမဲ့ ကိုကိုလောဘကြီးတယ်ပဲပြောပြော ကလေးကိုတစ်သက်လုံးချစ်မှာ...
လုံးဝမဖြစ်နိုင်တော့တဲ့ အချိန်တစ်ခုဖြစ်နေတာတောင်မှ
ကိုယ်တို့ရှေ့ဆက်လာမဲ့ အနာဂတ်ကို
သတ္တိရှိရှိရင်ဆိုင်ဖို့လိုတယ်ကလေး...
နှစ်ယောက်အတူတူ လက်တွဲမဖြုတ်ဘဲနဲ့ ဝင်လာမဲ့ အတိုက်အခိုက်တွေကို ခုခံဖို့လိုတယ်
ကိုယ့်ကိုယုံပါ... ကိုယ်ကလေးလက်ကိုဘယ်တော့မှ မလွှတ်ဘူး....နော်"

ထိုအခါ ဘုန်းမိုးမှာ မင်းခန့်ကိုပြုံး၍ကြည့်လိုက်ပြီး
မင်းခန့်၏ ပါးနှစ်ဖက်ကို လက်ဖြင့်နူးညံ့စွာကိုင်လိုက်သည်...
"ငါ့ကိုကို...ငါပဲပိုင်တာ ဘယ်သူ့မှမပိုင်ဘူး
ကိုကိုက ငါ့အပိုင်...
ချစ်တယ်ဆိုတဲ့စကားထက် လေးနက်တဲ့စကားရှိသေးရင် ကျွန်တော်ထပ်တလဲလဲပြောချင်သေးတယ်"

"ကလေးဆိုးလေး...
လာ ဘုရားရှိခိုးရအောင် ကိုကိုနဲ့အမြန်ဆုံးပေါင်းဖက်ရပါစေလို့ဆုတောင်းရမယ်"
မင်းခန့် ဘုန်းမိုးကို အတင်းဖက်ပြီး ဘုရားဆင်းတုတော်ရှေ့သို့ခေါ်သွားလိုက်သဖြင့် ဘုန်းမိုးမှာအရုပ်လေးကဲ့သို့ ပါသွားတော့သည်...

နှစ်ဦးလုံးဘုရားရှိခိုးပြီး ဘုန်းမိုးပြန်အထ....
"အား..."
ဘုန်းမိုး သူ့ခေါင်းကိုသူကိုင်ကာပြန်၍ လဲကျသွားသည်

မင်းခန့်လည်း ဘုန်းမိုးကို ဖက်ထားလိုက်ပြီး အလောတကြီးမေးလိုက်သည်
"ကလေး...
ဘာဖြစ်တာလဲ...နေမကောင်းဘူးလား "

"ခေါင်း... ခေါင်းတော်တော်ကိုက်နေလို့
အား... ထိုးတယ်ဟ"

"ဟင်...ဘယ်လိုဖြစ်တာလဲ "

"မသိဘူး ခေါင်းအဲ့လိုကိုက်နေတာ ကြာပြီ
ခဏလောက်ထိုင်ဦးမယ်နော်"

"အခုပြန်ဆင်းပြီးဆေးခန်းသွားရအောင်"

"ရတယ်... ခဏလေးပဲ ပြီးရင်ကောင်းသွားမှာ"

"ဟာ...ဒီကလေး ပြောရခက်လိုက်တာ
ခေါင်းကအခုမှကိုက်တာလား..."

"ကိုက်နေတာ ကြာပြီ 1လကျော်လောက်ရှိပြီ
တစ်ချက်တစ်ချက် တော်တော်ကြီးဆိုးတာ"

"မရတော့ဘူး ပြန်ရင်ဆေးခန်းဝင်ရမယ်"

"ရတယ်လို့ ဘာဖြစ်နေတာလဲ အခုကောင်းသွားပြီ"
ဘုန်းမိုး တစ်ချက်အော်လိုက်သောအခါ မင်းခန့်ခမျာလန့်သွားရှာသည်

"မအော်ပါနဲ့ဗျာ...ကြောက်ပါတယ်"

"ဒီမှာခေါင်းကိုက်နေရတဲ့အထဲ ဘာတွေလာပြောမှန်းမသိဘူး"

"စတာ...စတာ"

.....................................................

"အား....ကျွတ်... ကျွတ်"
မျက်လုံးနှစ်လုံးတို့ကိုဖွင့်လိုက်သည်နှင့် ဦးခေါင်းအတွင်းပိုင်းက တဆစ်ဆစ်နှင့် နာကျင်နေရသည်

နာကျင်နေရသည့်ကြားမှဘုန်းမိုး တိုင်ကပ်နာရီကိုလှမ်းကြည့်လိုက်တော့ 7နာရီခွဲနေပြီဖြစ်သည်...
အားယူကာ အိပ်ရာမှထထိုင်လိုက်ပြီး အညောင်းဆန့်လိုက်သည်
ခေါင်းကို တူနှင့်ထုနေသကဲ့သို့သော ခံစားချက်က အောင့်သက်သက်ပင်...
ထို့ကြောင့် အိပ်ရာဘေးမှ စားပွဲခုံပေါ်တွင်တင်ထားသောသောက်နေကျ ခေါင်းကိုက်ပျောက်ဆေးကို ရေဖြင့် မော့သောက်လိုက်သည်

ဘုန်းမိုးကျောင်းသွားရန် ရေမိုးချိုးပြင်ဆင်ပြီး အခန်းထဲမှ ထွက်လာသောအခါ ဝဏ္ဏလည်းအခန်းထဲမှထွက်လာသည်

"ငါ့အကိုက တယ်ချောနေပါလားဒီနေ့..."
ဘုန်းမိုးစပ်ဖြဲဖြဲဖြင့် ဝဏ္ဏပုံစံကိုကြည့်ပြီးပြောလိုက်သည်
နဖူးပေါ်သို့ကျနေလေ့ရှိသော ဝဏ္ဏ ၏ ဆံပင်တို့မှာ
ဒီနေ့မှ ထူးထူးခြားခြား လှန်တင်ပြီး သပ်သပ်ရပ်ရပ်ဖီးထားသည်ကြောင့်လား...

"လာမြှောက်မနေနဲ့ကောင်လေး...ကယ်ရီခက ဟောဒီကကိုကိုဝဏ္ဏပဲရှင်းရမှာပဲကို"

"ဟီးဟီး... တကယ်ချောနေတာပါဗျ
အကောင်းပြောလို့ကိုမရဘူး"

"ကဲလာ... ဘယ်လိုပဲပြောပြော ကျောင်းနောက်ကျမယ်
သွားမယ်"

"အား..."
ဘုန်းမိုး ခြေတစ်ဖက်လှမ်းလိုက်သောအခါ
မခံမရပ်နိုင်လောက်အောင် ကိုက်ခဲနေသော ဦးခေါင်းတစ်ခုလုံးကြောင့် မျက်စိရှေ့ရှိ အရာအားလုံးမှာ လည်နေတော့သည်...
တူနှင့်ခပ်ပြင်းပြင်းအထုခံရသလို ကတ္တရာလမ်းပေါ်သို့ခေါင်းဖြင့်နာနာကျသလို ဦးခေါင်းတစ်ခုလုံးကြေမွမတတ် ခံစားနေရ၍ ရပ်နေသော နေရာမှာပင် ဘုန်းမိုးပစ်လဲသွားတော့သည်....

"ဟာ... ညီလေး...ညီလေး...."
ဝဏ္ဏ လဲကျသွားသော ဘုန်းမိုးကို ပေါင်ပေါ်သို့မတင်ပြီး
ကျယ်လောင်စွာ အော်ခေါ်နေသော်လည်း ထိုအသံကိုဘုန်းမိုးမကြားရတော့အောင် လောကကြီးနှင့် ခေတ္တခဏအဆက်အသွယ်ပြတ်သွားတော့သည်....

#L👀

လိုအပ်တာလေးတွေရှိရင် ဝေဖန်ပေးကြပါဦးနော်😁
ဝေဖန်မှုလေးတွေကို မျှော်နေပါတယ်ခင်ဗျ😚🖤

ချစ်သောL👀......

Ga verder met lezen

Dit interesseert je vast

308K 11.3K 45
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
19.7K 1.1K 52
လရောင်ဆိုတာ နေမင်းကြီးဆီကမှ အလင်းပြန်ထွန်းလင်းရတဲ့အမျိုးမဟုတ်လား။ အဲ့လိုပဲ လရောင်ရဲ့ဘဝမှာလည်း ကိုနေမရှိလို့မဖြစ်ဘူး။ ကျေးဇူးပြုပြီး လရောင်ရဲ့ဘဝထဲကနေ...
161K 9.6K 37
ဒီဇာတ်လမ်းလေးကို fbမှာ တင်ခဲ့တာ ကြာပါပြီ။ fbမှာ အားပေးသလို အားပေးကျပါလို့။ မထင်မှတ်ပဲ လက်ထက်လိုက်ရတဲ့ ကောင်လေးနှစ်ယောက်ရဲ့ ဖြစ်ပေါ်လာမယ့် ချစ်ခြင်းကိ...
1.3M 90.2K 60
ကိုယ့်အမှားတွေကြောင့် သက်ငယ်လေး နာကျင်ခဲ့ရသမျှ အခုအချိန်မှစပြီး ပစ္စုပ္ပန်မှာရော အနာဂတ်မှာပါ ပျော်ရွှင်တဲ့မိသားစုဘဝလေးကို ဖန်တီးပေးပါ့မယ်လို့ ကိုယ်ဂတ...