"အင္း ဒဏ္ရာက အဆင္ေျပပါတယ္။ ေဆးေတြထပ္ယူသြားပါ ခ်ဳပ္႐ိုးေျဖလို႔ရပါၿပီ”
ဆရာဝန္ရဲ႕ ၫႊန္ၾကားခ်က္မ်ားကို နားေထာင္ၿပီးေနာက္ ေခတ္ေႏြနဲ႔ ေနသစ္တု႔ိ ေဆး႐ုံမွ ျပန္လာခဲ့ၾကသည္။ လမ္းတစ္ေလ်ွာက္ေတာ့တိတ္ဆိတ္လို႔ေပါ့။
"ဟာ Daddyျပန္လာၿပီ ”
ေနသစ္နဲ႔ ေခတ္ေႏြတို႔ ျပန္လာတာ ျမင္ေတာ့ ခုံေပၚမွာ ထိုင္ေနသည့္ ပူၾကဴးသည္ ေျပးကာ ေနသစ္အား ဖက္ေလသည္။
"အင္းးးး သားသားကဘာလုပ္ေနတာလဲ”
"သားသားက ဖြားဖြားနဲ႔ tv ၾကည့္ရင္း မန္းမန္းစားေနတာ”
ေနသစ္သည္ ပူၾကဴးေလးအား ခ်ီလာရင္း ဆိုဖာမွာထိုင္လိုက္သည္။
"သားသက္သာရဲ႕လား ဆရာဝန္က ဘာေျပာေသးလဲ”
"ဟုတ္ သက္သာပါတယ္ ခ်ဳပ္႐ိုးေျဖႁပီး ေဆးေတြျပန္ေပးလိုက္တယ္ အေမ”
"အင္းအင္း ဒါဆို ေသခ်ာေသာက္ေနာ္ သား 6နာရီေတာင္ ေက်ာ္ေနၿပီ သူေဌး ထမင္းတခါတည္းစားသြားပါလား”
နာရီလွမ္းၾကည့္ကာေျပာေတာ့ ေနသစ္သည္ အစကတည္းက ျငင္းခ်င္ေနတဲ့သူမဟုတ္။ ေခတ္ေႏြ႐ွိတဲ့ေနရာက မျပန္ခ်င္ေသးတာေၾကာင့္ မ်က္ႏွာေျပာင္တိုက္ကာျဖင့္ ျပံဳးကာ ။
"အားနာေပမဲ့ အဲ့လိုလုပ္လို႔ရလားဗ်”
"အိုးး ရတာပါ့ တစ္ခါတည္းစားသြား မီးငယ္ ထမင္းစားဖို႔ ျပင္ေပးပါအုံးကြယ္။ သားလည္းတစ္ခါတည္းစားေနာ္ ေတာ္ၾကာ ညမွစားရင္ အစာမေၾကျဖစ္လိမ့္မယ္”
"ဟုတ္ အေမ”
ထမင္းစားေနရင္း ေျခေထာက္ကိုတခုခုလာထိေတာ့ ေခတ္ေႏြ တုန္သြားသည္။ ႂကြက္မ်ားလားလို႔ ေတြးလိုက္ေပမဲ့ ေျခေထာက္ေပၚ ေအးစက္စက္ေျခေခ်ာင္းမ်ား လာေရာက္ထိလိုက္ခ်ိန္ ေခတ္ေႏြ မ်က္ႏွာခ်င္းဆိုင္ထိုင္ကာ ဟန္မပ်က္ထမင္းစားေနသည့္ ေနသစ္ဆီသို႔ မ်က္ေစာင္းက ဒိုင္းခနဲ။ ေနသစ္သည္ ေခတ္ေႏြအားတစ္ခ်က္မၾကည့္ ေဘးကပူၾကဴးေလးနဲ႔ အေမ့ကိုသာ ျပံဳးရယ္၍ ဟင္းထည့္ေပးေနသည္။ အေမကလည္း ျပန္ထည့္ေပးႏွင့္ ေဖာ္ေရြပ်ဴငွါေနၾကတာ။ ဒါေပမယ့္ စားပြဲေအာက္မွာေတာ့ ဦးမာန္၏ ေျခေခ်ာင္းမ်ားက အၿငိမ္မေနပါ။ ေခတ္ေႏြ၏ ေျခေခ်ာင္းေလးမ်ားကို လာေရာက္ ထိေတြပြတ္ေနသည္။ ေခတ္ေႏြ အျမင္ကပ္ကပ္ျဖင့္ အံႀကိတ္ကာ ေျခမနဲ႔ ေျခညိဳးသုံးၿပီး ဦးမာန္၏ ေျခေခ်ာင္းမ်ားကိုလိမ္ဆြဲလိုက္သည္။ အားပါပါနဲ႔လိမ္ဆြဲေနေသာ္လည္း ဦးမာန္သည္ အျပံဳးမပ်က္ ဟန္မပ်က္ ထမင္းကိုသာ စားေနသည္။ သူမဟုတ္သလို။ တစ္ျဖည္းျဖည္း ဦးမာန္၏ ေျခေခ်ာင္းမ်ား ေခတ္ေႏြ ေျခသလုံးေပၚသို႔လာေရာက္ထိေတြ႔ပြတ္သတ္လိုက္ခ်ိန္....။
"ဒုန္းး!!”
"ဗုေဒၶါဘုရား!! ဘာျဖစ္တာလဲသားရဲ႕”
စားပြဲကိုဒုန္းခနဲထကန္မိသည့္အသံေၾကာင့္ စားပြဲခုံသည္လႈပ္သြားေတာ့ အေမက အလန္႔တၾကားထေအာ္သည္။ ဦးမာန္ကို ဘုၾကည့္ၾကည့္လိုက္ေတာ့ သူမဟုတ္သလို။ ေခတ္ေႏြသည္ အျမင္ကပ္စြာ ဦးမာန္၏ ေျခေထာက္အား ကန္ထည့္လိုက္သည္မွာ ဒူးက စားပြဲနဲ႔တိုက္မိသည္အထိ။
"ဘာမွမျဖစ္ဘူး အေမ ေအာက္ကျကြက္တစ္ေကာင္ျဖတ္ေျပးသြားလို႔ လန္႔ၿပီးကန္လိုက္တာ။”
"ေျသာ္ လန္႔သြားတာပဲ သားရယ္”
"သား ဗိုက္ဝၿပီ အေမ”
ေခတ္ေႏြ စားပြဲမွထကာ ပန္းကန္ထေဆးၿပီး အခန္းထဲသို႔ ေဘာက္ဆက္ဆက္ျဖင့္ ဝင္သြားေလသည္။ ေနသစ္ကလည္း ထမင္းငုံ႕စားရင္း...ႀကိတ္ျပံဳးလို႔.....။
ဟားဟား အဲ့ဒါ စိတ္ေကာက္သြားတာလား ငယ္..။
..............
"ဒီမွာ ခင္မ်ားကိုေတာင္းပန္ၿပီးၿပီေလ”
"ဟ!! ေတာင္းပန္တာ လူလိုေတာင္းပန္ေလ ခင္မ်ား အပၚစီးကေနၿပီးေတာ့ ခင္မ်ားမွားေသးတယ္ ခင္မ်ားေလသံကမေလ်ာ့ဘူး မေက်နပ္ဘူး ယာဥ္ထိန္းရဲေခၚမယ္”
"ေဟ့လူ ခင္မ်ားဘာျဖစ္ခ်င္ေနတာလဲ ”
"ခင္မ်ား အရင္ဝင္တိုက္တာေလ က်ဳပ္ကရပ္ေနထားတာ ခင္မ်ား ကက်ဳပ္ရပ္ေနတဲ့ကားကိုဝင္တိုက္တာ ဒါကို ေတာင္းပန္တာက အထပ္စီးကေနလာေသးတယ္ ရဲနဲ႔႐ွင္း”
"ဘာလဲ ခင္မ်ားကေလ်ာေၾကးနည္းတယ္ထင္လို႔လား ေျပာဘယ္ေလာက္လိုတာလဲ”
တစ္ဖက္လူရဲ႕ေျပာစကားေၾကာင့္ ဟိန္းသူရ ေဒါသထြက္ကာျဖင့္ ထိုလူ၏ အၤက်ီစအားဆြဲကိုင္၍
"ဒီမွာ ခင္မ်ားေရာ ခင္မ်ားကားကိုေရာ မီး႐ႈိ့ၿပီး ေလ်ာေၾကးျပန္ေပးလို႔ရတယ္ နားလည္လား အခုက မင္းကို လူလိုေတာင္းပန္ခိုင္းေနတာ”
"မေတာင္းပန္ဘူးကြာ ဘာျဖစ္လဲ…”
ထိုလူသည္ သူရအားေဆာင့္တြန္းကာ ထိုးဖို႔ျပင္ေတာ့ ထိုလူ၏ လက္တစ္ဖက္အား ကိုင္လိုက္သည့္ လက္တစ္စုံ။
"ေတာ္ေလာက္ၿပီ”
ဟိန္းသူရ ၾကားဝင္လာသူကိုၾကည့္မိေတာ့...။
ဟင္ ဟိုအ႐ိုင္းစိုင္း။
အလင္းထိုလူ၏ လက္အားေစာင့္တြန္းကာ ဟိန္းသူရလက္ကိုဆြဲပီး ကားထဲပစ္ထည့္လိုက္သည္ ။ ၿပီးေတာ့ ထိုလူအား ၾကည့္၍
"ခင္မ်ားလည္း သြားလိုက္ေတာ့ ေလ်ာေၾကးေပးစရာလည္းမလိုဘူး ။ ”
ထိုလူက အလင္းအား ေပေစာင္းေစာင္းၾကည့္၍
"ေနပါအုံး မင္းကဘာမို႔လဲ”
"က်ြန္ေတာ္က ဒီမွာ တာဝန္က်တဲ့ ရဲ ၊ ခင္မ်ားတို႔ျဖစ္ေနတာကို အစဆုံးျမင္တယ္ video ပါ႐ိုက္ထားတယ္။ ခင္မ်ား အမႈ ထပ္မႀကီးခ်င္ရင္ လစ္လိုက္ေတာ့”
အလင္းၿခိမ္းေျခာက္မႈေၾကာင့္ ထိုလူသည္ အလင္းအား မယုံသလိုၾကည့္ေနေပမယ့္ ထြက္သြားေလသည္။
ကားထဲဝင္ထိုင္လိုက္ေတာ့ ဟိန္းသူရက
"ေနစမ္းပါအုံး မင္းကဘာလို႔ ဝင္ပါရတာလဲ”
"ကြၽန္ေတာ္ ဟိုနားက စကိတ္ကြင္းကေနၾကည့္ေနတာ ခင္မ်ားျဖစ္ေနတာ အစဆုံးျမင္တယ္ အေျခေနမဟန္လို႔ဝင္လာတာ ေနာက္မို႔ဆို ခင္မ်ား ဟိုဘဲလက္ခ်က္မိေနၿပီ”
ထိုစကားေၾကာင့္ သူရသည္ စိတ္ဆိုးမာန္ဆိုးျဖင့္.
"ဘာကိစၥနဲ႔ ငါကခံရမွာလဲ ငါကၿငိမ္ခံမယ္ထင္ေနလား သူေသကိုယ္ေသပဲ ေဟ့ေကာင္ ”
သူရကိုၾကည့္ကာ အလင္းရီလိုက္သည္။
"လူၾကည့္ေတာ့ လက္ေတာက္ေလာက္နဲ႔ ဟိုကလုပ္ရင္ တစ္ခ်က္တည္းနဲ႔ေမ့ေလာက္တယ္ ဒါကိုခင္မ်ားက ေလက်ယ္ေနေသးတယ္ ကြၽန္ေတာ္ေရာက္လာလို႔ေပါ့”
ထိုစကားသည္ သူရ၏ ထြက္ေနသည့္ေဒါသမ်ားကိုဆြဲဆန္႔လိုက္သလိုပင္။ သူရအလင္းအား မ်က္ေထာက္နီႀကီးနဲ႔ၾကည့္ကာ
"ဒါဆို မင္းအထိုးခံမလား လက္ေတာက္ေလာက္လက္သီးကဘယ္ေလာက္ျပင္းလဲ သိသြားေအာင္”
"အိုးဟို စိတ္ေလ်ာ့ က်ြန္ေတာ္က ခင္မ်ားကိုကူညီထားတာေနာ္ ေက်းဇူးမတင္ ဖင္မလွန္ျပနဲ႔”
ထိုအခါ သူရသည္ ႐ွဴး႐ွဴး႐ွဲ႐ွဲျဖင့္ အလင္းအား ျပန္ေအာ္ေလသည္။
"ငါဘယ္မွာဖင္လွန္ျပေနလို႔လဲ အ႐ိုင္းစိုင္းရဲ႕”
သူရကိုၾကည့္ၿပီး အလင္းတဟားဟားရီကာ
"က်ြန္ေတာ္က သေဘာေျပာတာပါ။ ခင္မ်ားတကယ္လွန္ျပလည္း မၾကည့္ပါဘူး က်ြန္ေတာ္က႐ွက္တတ္တယ္”
"ရားးးး မင္းငါ့ကားေပၚကအခုဆင္းစမ္း”
ေဒါသထြက္ေနသည္မွာ မ်က္ႏွာေလးရဲကာ နားထင္ေၾကာမ်ားထင္ေထာင္လာေသာ သူရကို အလင္းရီကာ ကားေပၚမွဆင္းလိုက္သည္။ ၿပီးေတာ့ သူရအားၾကည့္ကာ
"လူပုေတြကို ေဒါသႀကီးတယ္ဆို ခင္မ်ားနဲ႔မွပဲ ယုံေတာ့တယ္”
"ေသာက္အ႐ိုင္းစိုင္းမသာေကာင္”
သူရသည္ အလင္းအား ၾကည့္အား ဆဲဆိုကာ ကားေမာင္းထြက္သြားေလသည္။ အလင္းကေတာ့ ရယ္၍သာက်န္ခဲ့ေတာ့သည္။
..................
Unicode
"အင်း ဒဏ်ရာက အဆင်ပြေပါတယ်။ ဆေးတွေထပ်ယူသွားပါ ချုပ်ရိုးဖြေလို့ရပါပြီ”
ဆရာဝန်ရဲ့ ညွှန်ကြားချက်များကို နားထောင်ပြီးနောက် ခေတ်နွေနဲ့ နေသစ်တု့ိ ဆေးရုံမှ ပြန်လာခဲ့ကြသည်။ လမ်းတစ်လျှောက်တော့တိတ်ဆိတ်လို့ပေါ့။
"ဟာ Daddyပြန်လာပြီ ”
နေသစ်နဲ့ ခေတ်နွေတို့ ပြန်လာတာ မြင်တော့ ခုံပေါ်မှာ ထိုင်နေသည့် ပူကြူးသည် ပြေးကာ နေသစ်အား ဖက်လေသည်။
"အင်းးးး သားသားကဘာလုပ်နေတာလဲ”
"သားသားက ဖွားဖွားနဲ့ tv ကြည့်ရင်း မန်းမန်းစားနေတာ”
နေသစ်သည် ပူကြူးလေးအား ချီလာရင်း ဆိုဖာမှာထိုင်လိုက်သည်။
"သားသက်သာရဲ့လား ဆရာဝန်က ဘာပြောသေးလဲ”
"ဟုတ် သက်သာပါတယ် ချုပ်ရိုးဖြေပြီး ဆေးတွေပြန်ပေးလိုက်တယ် အမေ”
"အင်းအင်း ဒါဆို သေချာသောက်နော် သား 6နာရီတောင် ကျော်နေပြီ သူဌေး ထမင်းတခါတည်းစားသွားပါလား”
နာရီလှမ်းကြည့်ကာပြောတော့ နေသစ်သည် အစကတည်းက ငြင်းချင်နေတဲ့သူမဟုတ်။ ခေတ်နွေရှိတဲ့နေရာက မပြန်ချင်သေးတာကြောင့် မျက်နှာပြောင်တိုက်ကာဖြင့် ပြုံးကာ ။
"အားနာပေမဲ့ အဲ့လိုလုပ်လို့ရလားဗျ”
"အိုးး ရတာပါ့ တစ်ခါတည်းစားသွား မီးငယ် ထမင်းစားဖို့ ပြင်ပေးပါအုံးကွယ်။ သားလည်းတစ်ခါတည်းစားနော် တော်ကြာ ညမှစားရင် အစာမကြေဖြစ်လိမ့်မယ်”
"ဟုတ် အမေ”
ထမင်းစားနေရင်း ခြေထောက်ကိုတခုခုလာထိတော့ ခေတ်နွေ တုန်သွားသည်။ ကြွက်များလားလို့ တွေးလိုက်ပေမဲ့ ခြေထောက်ပေါ် အေးစက်စက်ခြေချောင်းများ လာရောက်ထိလိုက်ချိန် ခေတ်နွေ မျက်နှာချင်းဆိုင်ထိုင်ကာ ဟန်မပျက်ထမင်းစားနေသည့် နေသစ်ဆီသို့ မျက်စောင်းက ဒိုင်းခနဲ။ နေသစ်သည် ခေတ်နွေအားတစ်ချက်မကြည့် ဘေးကပူကြူးလေးနဲ့ အမေ့ကိုသာ ပြုံးရယ်၍ ဟင်းထည့်ပေးနေသည်။ အမေကလည်း ပြန်ထည့်ပေးနှင့် ဖော်ရွေပျူငှါနေကြတာ။ ဒါပေမယ့် စားပွဲအောက်မှာတော့ ဦးမာန်၏ ခြေချောင်းများက အငြိမ်မနေပါ။ ခေတ်နွေ၏ ခြေချောင်းလေးများကို လာရောက် ထိတွေပွတ်နေသည်။ ခေတ်နွေ အမြင်ကပ်ကပ်ဖြင့် အံကြိတ်ကာ ခြေမနဲ့ ခြေညိုးသုံးပြီး ဦးမာန်၏ ခြေချောင်းများကိုလိမ်ဆွဲလိုက်သည်။ အားပါပါနဲ့လိမ်ဆွဲနေသော်လည်း ဦးမာန်သည် အပြုံးမပျက် ဟန်မပျက် ထမင်းကိုသာ စားနေသည်။ သူမဟုတ်သလို။ တစ်ဖြည်းဖြည်း ဦးမာန်၏ ခြေချောင်းများ ခေတ်နွေ ခြေသလုံးပေါ်သို့လာရောက်ထိတွေ့ပွတ်သတ်လိုက်ချိန်....။
"ဒုန်းး!!”
"ဗုဒ္ဓေါဘုရား!! ဘာဖြစ်တာလဲသားရဲ့”
စားပွဲကိုဒုန်းခနဲထကန်မိသည့်အသံကြောင့် စားပွဲခုံသည်လှုပ်သွားတော့ အမေက အလန့်တကြားထအော်သည်။ ဦးမာန်ကို ဘုကြည့်ကြည့်လိုက်တော့ သူမဟုတ်သလို။ ခေတ်နွေသည် အမြင်ကပ်စွာ ဦးမာန်၏ ခြေထောက်အား ကန်ထည့်လိုက်သည်မှာ ဒူးက စားပွဲနဲ့တိုက်မိသည်အထိ။
"ဘာမှမဖြစ်ဘူး အမေ အောက်ကကြွက်တစ်ကောင်ဖြတ်ပြေးသွားလို့ လန့်ပြီးကန်လိုက်တာ။”
"သြော် လန့်သွားတာပဲ သားရယ်”
"သား ဗိုက်ဝပြီ အမေ”
ခေတ်နွေ စားပွဲမှထကာ ပန်းကန်ထဆေးပြီး အခန်းထဲသို့ ဘောက်ဆက်ဆက်ဖြင့် ဝင်သွားလေသည်။ နေသစ်ကလည်း ထမင်းငုံ့စားရင်း...ကြိတ်ပြုံးလို့.....။
ဟားဟား အဲ့ဒါ စိတ်ကောက်သွားတာလား ငယ်..။
..............
"ဒီမှာ ခင်များကိုတောင်းပန်ပြီးပြီလေ”
"ဟ!! တောင်းပန်တာ လူလိုတောင်းပန်လေ ခင်များ အပါ်စီးကနေပြီးတော့ ခင်များမှားသေးတယ် ခင်များလေသံကမလျော့ဘူး မကျေနပ်ဘူး ယာဉ်ထိန်းရဲခေါ်မယ်”
"ဟေ့လူ ခင်များဘာဖြစ်ချင်နေတာလဲ ”
"ခင်များ အရင်ဝင်တိုက်တာလေ ကျုပ်ကရပ်နေထားတာ ခင်များ ကကျုပ်ရပ်နေတဲ့ကားကိုဝင်တိုက်တာ ဒါကို တောင်းပန်တာက အထပ်စီးကနေလာသေးတယ် ရဲနဲ့ရှင်း”
"ဘာလဲ ခင်များကလျောကြေးနည်းတယ်ထင်လို့လား ပြောဘယ်လောက်လိုတာလဲ”
တစ်ဖက်လူရဲ့ပြောစကားကြောင့် ဟိန်းသူရ ဒေါသထွက်ကာဖြင့် ထိုလူ၏ င်္အကျီစအားဆွဲကိုင်၍
"ဒီမှာ ခင်များရော ခင်များကားကိုရော မီးရှို့ပြီး လျောကြေးပြန်ပေးလို့ရတယ် နားလည်လား အခုက မင်းကို လူလိုတောင်းပန်ခိုင်းနေတာ”
"မတောင်းပန်ဘူးကွာ ဘာဖြစ်လဲ…”
ထိုလူသည် သူရအားဆောင့်တွန်းကာ ထိုးဖို့ပြင်တော့ ထိုလူ၏ လက်တစ်ဖက်အား ကိုင်လိုက်သည့် လက်တစ်စုံ။
"တော်လောက်ပြီ”
ဟိန်းသူရ ကြားဝင်လာသူကိုကြည့်မိတော့...။
ဟင် ဟိုအရိုင်းစိုင်း။
အလင်းထိုလူ၏ လက်အားစောင့်တွန်းကာ ဟိန်းသူရလက်ကိုဆွဲပီး ကားထဲပစ်ထည့်လိုက်သည် ။ ပြီးတော့ ထိုလူအား ကြည့်၍
"ခင်များလည်း သွားလိုက်တော့ လျောကြေးပေးစရာလည်းမလိုဘူး ။ ”
ထိုလူက အလင်းအား ပေစောင်းစောင်းကြည့်၍
"နေပါအုံး မင်းကဘာမို့လဲ”
"ကျွန်တော်က ဒီမှာ တာဝန်ကျတဲ့ ရဲ ၊ ခင်များတို့ဖြစ်နေတာကို အစဆုံးမြင်တယ် video ပါရိုက်ထားတယ်။ ခင်များ အမှု ထပ်မကြီးချင်ရင် လစ်လိုက်တော့”
အလင်းခြိမ်းခြောက်မှုကြောင့် ထိုလူသည် အလင်းအား မယုံသလိုကြည့်နေပေမယ့် ထွက်သွားလေသည်။
ကားထဲဝင်ထိုင်လိုက်တော့ ဟိန်းသူရက
"နေစမ်းပါအုံး မင်းကဘာလို့ ဝင်ပါရတာလဲ”
"ကျွန်တော် ဟိုနားက စကိတ်ကွင်းကနေကြည့်နေတာ ခင်များဖြစ်နေတာ အစဆုံးမြင်တယ် အခြေနေမဟန်လို့ဝင်လာတာ နောက်မို့ဆို ခင်များ ဟိုဘဲလက်ချက်မိနေပြီ”
ထိုစကားကြောင့် သူရသည် စိတ်ဆိုးမာန်ဆိုးဖြင့်.
"ဘာကိစ္စနဲ့ ငါကခံရမှာလဲ ငါကငြိမ်ခံမယ်ထင်နေလား သူသေကိုယ်သေပဲ ဟေ့ကောင် ”
သူရကိုကြည့်ကာ အလင်းရီလိုက်သည်။
"လူကြည့်တော့ လက်တောက်လောက်နဲ့ ဟိုကလုပ်ရင် တစ်ချက်တည်းနဲ့မေ့လောက်တယ် ဒါကိုခင်များက လေကျယ်နေသေးတယ် ကျွန်တော်ရောက်လာလို့ပေါ့”
ထိုစကားသည် သူရ၏ ထွက်နေသည့်ဒေါသများကိုဆွဲဆန့်လိုက်သလိုပင်။ သူရအလင်းအား မျက်ထောက်နီကြီးနဲ့ကြည့်ကာ
"ဒါဆို မင်းအထိုးခံမလား လက်တောက်လောက်လက်သီးကဘယ်လောက်ပြင်းလဲ သိသွားအောင်”
"အိုးဟို စိတ်လျော့ ကျွန်တော်က ခင်များကိုကူညီထားတာနော် ကျေးဇူးမတင် ဖင်မလှန်ပြနဲ့”
ထိုအခါ သူရသည် ရှူးရှူးရှဲရှဲဖြင့် အလင်းအား ပြန်အော်လေသည်။
"ငါဘယ်မှာဖင်လှန်ပြနေလို့လဲ အရိုင်းစိုင်းရဲ့”
သူရကိုကြည့်ပြီး အလင်းတဟားဟားရီကာ
"ကျွန်တော်က သဘောပြောတာပါ။ ခင်များတကယ်လှန်ပြလည်း မကြည့်ပါဘူး ကျွန်တော်ကရှက်တတ်တယ်”
"ရားးးး မင်းငါ့ကားပေါ်ကအခုဆင်းစမ်း”
ဒေါသထွက်နေသည်မှာ မျက်နှာလေးရဲကာ နားထင်ကြောများထင်ထောင်လာသော သူရကို အလင်းရီကာ ကားပေါ်မှဆင်းလိုက်သည်။ ပြီးတော့ သူရအားကြည့်ကာ
"လူပုတွေကို ဒေါသကြီးတယ်ဆို ခင်များနဲ့မှပဲ ယုံတော့တယ်”
"သောက်အရိုင်းစိုင်းမသာကောင်”
သူရသည် အလင်းအား ကြည့်အား ဆဲဆိုကာ ကားမောင်းထွက်သွားလေသည်။ အလင်းကတော့ ရယ်၍သာကျန်ခဲ့တော့သည်။
..................