စူးရွရွ အလင္းေရာင္တန္းက အခန္းထဲေတာ္ေတာ္ေလး တိုးဝင္လာေတာ့မွ မပြင့္ခ်င္ပြင့္ခ်င္နဲ႔ ဆယ္ဟြန္း မ်က္လံုးတို႔ပြင့္လာတယ္...။
"အား...ကြၽတ္...ကြၽတ္..."
နည္းနည္းေလး လူွပ္လိုက္တာနဲ႔ေတာင္ တစ္ကိုယ္လံုး ကိုင္႐ိုက္ခံထားရသလို နာက်င္မူွ ခံစားလိုက္ရတာေၾကာင့္ မ်က္ရည္ေတာင္လည္သြားမိသည္။ ႏိုးေနလ်က္ေတာင္ ထဖို႔မေျပာနဲ႔ လူွပ္ေတာင္ မလူွပ္ရဲေတာ့တဲ့အထိ....။
ညကအ႐ွိန္ ေတာ္ေတာ္ေလးျပင္းထားသည္ပဲ...။
ဘယ္အခ်ိန္ၿပီးဆံုးသြားသလဲ...
အစ္ကို ဘယ္အခ်ိန္မွ ရပ္တန္႔လိုက္သလဲ မမွတ္မိေတာ့ေအာင္အထိ နာက်င္ခဲ့ရတာေၾကာင့္ မွတ္ဥာဏ္ေတြေတာင္ အလုပ္မျဖစ္ေတာ့...။
အစ္ကိုေရာ....
လက္နဲ႔ေဘးဘက္ကို ေယာင္ယမ္းစမ္းေတာ့ အစ္ကို အိပ္တဲ့ေနရာမွာ အစ္ကို႐ွိမေနတာေၾကာင့္ ေအာက္ခံေမြ႔ရာကိုသာ စမ္းမိလိုက္သည္..။
တိုင္ကပ္နာရီက ေန႔လည္ 12 နာရီကို ၫႊန္ျပေနသည္။
ဒီအခ်ိန္ေရာက္မွ ႏိုးလာေတာ့ အစ္ကို အလုပ္သြားၿပီေပါ့...။
ေမြ႔ရာျဖဴေပၚက မိုးျပာေရာင္ ေစာင္ပါးေလးကေတာ့ ျခံဳသူမဲ့ အိပ္ရာေျခရင္း လံုေထြးေနလ်က္...။
ေသလုေမ်ာပါး ခံစားခဲ့ရတာ... ညက တစ္ညလံုးနီးပါး...။
မနက္က်ေနာ္ ႏိုးလာေတာ့ အစ္ကိုက ေဘးမွာ ႐ွိမေနခဲ့...။
ေဝ့ဝဲေနတဲ့ မ်က္ရည္ေတြကို မ်က္ေတာင္ေလးနဲ႔ ပုတ္ခတ္ပုတ္ခတ္လုပ္ေနမိရင္း
အစ္ကုိ႔ကို ျမင္လိုက္ရရင္ေတာင္ နာက်င္ေနရတာေတြ တစ္ဝက္ေလာက္ သက္သာသြားေလမလား...
အစ္ကို္႔ရင္ခြင္ေလးထဲကေနမ်ား ႏိုးထလာရရင္ေလ ဘယ္ေလာက္မ်ားေကာင္းလိုက္မလဲ...။
မျဖစ္ႏိုင္တာေတြ တမ္းတေနမိျပန္တာပဲ...။
ေလာဘတက္လာမိတဲ့ ကိုယ့္အေတြးအခ်ိဳ႕ကို ကိုယ္ကိုယ္တိုင္ပဲ ျပန္သတ္ပစ္လိုက္ရသည္။
"တီးေတာင္... တီးေတာင္....တီးေတာင္..."
အိမ္ေ႐ွ႕ တံခါးက ဆက္တိုက္ျမည္ေနတဲ့ ဘဲလ္သံ...။
ဧည့္သည္လာတာနဲ႔ တူပါတယ္...
အစ္ကို ဧည့္သည္ေတြမ်ားလား...
မျဖစ္ေသးပါဘူးေလ ... ထမွပါ...
အခုခ်ိန္ထိ မ်က္ႏွာမသစ္ ေရမခ်ိဳးရေသးတဲ႔ ဆယ္ဟြန္းခမ်ာ ထဖို႔မေျပာနဲ႔ ထိုင္ခ်င္ေတာင္ မထိုင္ႏိုင္ေတာ့တဲ့ အေနအထားမ်ိဳး... ။
ကိုယ္ေပၚျခံဳထားတဲ့ ေစာင္ကိုဖယ္ခြာလိုက္ကာ အားယူထလိုက္ခ်ိန္
"အား...."
မ်က္ရည္ေတြ တေပါက္ေပါက္က်လာရတဲ့အထိ နာက်င္ေနမူွႀကီးက ဆိုးရြားလိုက္တာ ...။
ေအာက္ဖ်ားဆီက စူးေအာင့္ၿပီးနာေနရံုမက ေျခေတြလက္ေတြကပါ ကိုက္ခဲေနေသးသည္။
ကုတင္ေအာက္ ဆင္းလိုက္ေတာ့ ေတာင့္ေတာင္မခံႏိုင္ေတာ့ပဲ တခါတည္း ၾကမ္းျပင္ေပၚလဲက်သြားသည္။
ဘဲလ္သံက ဆက္တိုက္ျမည္ေနလည္း ဒီေန႔အဖို႔ေတာ့ ေအာက္ထပ္က တံခါးဖြင့္ဖို႔ မေျပာနဲ႔ ကိုယ့္အခန္းထဲက ဗီ႐ိုဆီေတာင္ အဝတ္ဝတ္ဖို႔ မသြားႏိုင္ေတာ့...။လက္နဲ႔ ျခံဳေစာင္ကိုသာ လွမ္းယူလိုက္ၿပီး အဝတ္အထည္ကင္းမဲ့ေနတဲ့ ခႏၶာကိုယ္ကို အေပာ္က ရစ္ပတ္လိုက္ရေလသည္။
အညႇာအတာကင္းမဲ့ထားတဲ့ ညတစ္ညေၾကာင့္ ျဖဴစြတ္စြတ္ အိပ္ရာခင္းေတြကေတာ့ ျဖဴညစ္ညစ္အရည္မ်ားႏွင့္ ဆယ္ဟြန္းေသြးေတြ ရဲရဲေပါက္စြန္းထင္းေနလ်က္...။
ဆယ္ဟြန္း အၾကည့္လႊဲကာ လက္သီးေလးဆုပ္ ႏူွတ္ခမ္းနားေတ့လ်က္ အသံမထြက္ပဲ ငိုခ်င္းခ်ေန႐ွာသည္။
အနားမွာ ဘယ္သူမွမ႐ွိ...
ေခ်ာ့မယ့္သူလည္း မ႐ွိ...
တစ္ေယာက္တည္း က်ိတ္မွိတ္ ငိုေႂကြးေန႐ွာတဲ့ ကေလးငယ္...
သူ႔စိတ္ထဲမွာေတာ့ တစ္စံုတစ္ေယာက္ရဲ႕ ေထြးေပြ႔ႏွစ္သိမ့္မူွကို ခံယူခ်င္ေနခဲ့႐ွာမွာေပါ့...
အခုေတာ့ ေျခာက္ေသြ႔ေနတဲ့ အခန္းထဲ...
ေနရာမလြတ္ နာက်င္ျခင္းေတြ အေဖာ္ျပဳရင္း
အခုခ်ိန္မွာ မ်က္ရည္ေတြကသာ သူ႔အတြက္
အေကာင္းဆံုး ရင္ဖြင့္ေဖာ္ ျဖစ္ေနခဲ့တာ...။
❤❤❤❤❤❤❤❤❤❤❤❤❤
"ဟာကြာ....ေတာက္..."
ခပ္မာမာ ေတာက္တစ္ခ်က္ေခါက္လိုက္သည္။
ဆက္တိုက္ဖိေနတဲ့ လူေခၚဘဲလ္က ဂ်ံဳအင္းကို တစက္ကေလးေတာင္မွ အဖက္မလုပ္...။
ဒီေန႔ စာေမးပြဲအတြက္ အေရးႀကီးတဲ့စာေတြ သင္မယ္ေျပာထားရက္နဲ႔ ဆယ္ဟြန္းက ေက်ာင္းကိုမလာ...။
အက်ိဳးအေၾကာင္းသိရဖို႔ ဖုန္းဆက္ေတာ့လည္း ေက်ာင္းမတက္ခင္အခ်ိန္တည္းက ေခၚေနခဲ့တာ... အခုထိ ကိုင္လည္းမကိုင္...။
အိမ္လိုက္လာေတာ့လည္း ျခံတံခါးက အျပင္ကေသာ့ခတ္မဟုတ္ပဲ အတြင္းထဲလူ႐ွိေနလို႔ ပိတ္ထားတဲ့ပံုစံမ်ိဳး...။
ဟြန္းရာ... ငါ ေတာင္းပန္ပါတယ္ကြာ...
ရင္ေတြလည္း မတရားပူေနၿပီ...
မင္းအထဲမွာ ႐ွိေနတယ္မလား....
ဒါမွမဟုတ္ မႏိုးေသးတာလား....
ၾကံရာမရတဲ့အဆံုး ပတ္ခ်န္းေယာလ္ ဆီပဲ ဖုန္းေခၚဖို႔ ဆံုးျဖတ္ခ်က္ခ်လိုက္ရသည္...။
သိပ္ေခၚခ်င္လြန္းလို႔ေတာ့မဟုတ္... ။
"ျမန္ျမန္ကိုင္စမ္းပါ..."
ဖုန္းက ဝင္ေနၿပီး ေတာ္ေတာ္နဲ႔ မကိုင္တာေၾကာင့္ စိတ္က မ႐ွည္ခ်င္လာေတာ့...
"ဟဲလို..."
နားထဲၾကားလိုက္ရတဲ့ ခ်ိဳအီအီ မိန္းမတစ္ေယာက္ရဲ႕ အသံေၾကာင့္ ဂ်ံဳအင္း စိတ္လြတ္ၿပီး ဖုန္းနံပါတ္မ်ား မွားႏွိပ္မိေလသလား ျပန္ၾကည့္လိုက္မိတဲ့အထိ...။
မွားစရာေတာ့မ႐ွိ... ဒါ ပတ္ခ်န္းေယာလ္ဖုန္းနံပါတ္ အစစ္...
" အစ္ကိုခ်န္းေယာလ္ဖုန္း မဟုတ္ဘူးလား..."
"ေယာလ္ကိုေျပာတာလား... ဟုတ္တယ္ေလ...
ခဏ ေပးလိုက္မယ္ေနာ္..."
"ခဏ ... မင္းက ဘယ္သူလဲ..."
ဂ်ံဳအင္း ေမးသံက အနည္းငယ္ေတာ့ တင္းမာသြားသည္။
တင္းမယ္ဆိုလည္း တင္းခ်င္စရာ...
ဘာတဲ့... ေယာလ္ ဟုတ္လား... သူကမ်ား ရာရာစစ... ဘယ္သူ႔ေ႐ွ႕လာေခၚေနတာ...။
တကယ္က ဆယ္ဟြန္း အစား ခံျပင္းေနတာ...။
ပတ္ခ်န္းေယာလ္ကို ခ်စ္လြန္းေနလို႔ေတာ့ မဟုတ္...
ဆယ္ဟြန္းေၾကာင့္ ခ်န္းေယာလ္ႏွင့္ ပတ္သက္လ်ွင္ ဂ်ံဳအင္းကေတာင္ ဆယ္ဟြန္းထက္ ပိုၿပီး အတိမ္းအေစာင္းမခံနိုင္သူ...။ Sensitive ျဖစ္လြန္းသူ...။
"ေဟမီပါ... ေယာလ္ရဲ႕ အတြင္းေရးမွဴးပါ..."
ေနပါဦး ... ဒီနာမည္ ဒီအသံုးႏူွန္းႏွင့္ ပတ္ခ်န္းေယာလ္ ဖုန္းကို လာကိုင္တဲ့ မိန္းမက အတြင္းေရးမွဴး ဆိုၿပီး ဒီေလာက္အတင့္ရဲေနရေအာင္ ပတ္ခ်န္းေယာလ္ ႏွင့္က ႐ိုးေရာ႐ိုးရဲ႕လား...။
"သူ မ႐ွိဘူးလား..."
"႐ွိပါတယ္ ... ဒါေပမဲ့ ေယာလ္ကေလ အလုပ္ခ်ိန္မွာ အေရးမပါတဲ့ ဖုန္းေတြ လက္မခံဘူး ေျပာလို္႔... ေနာက္ထပ္မဆက္ဖို႔..."
" ဘာ..."
ဂ်ံဳအင္း ေဒါသနဲ႔ ေအာ္လိုက္သံက လိပ္ျပာေတြ လြင့္စင္မတတ္...
ဟိုဘက္ကနားေထာင္တဲ့ မတေယာကေတာ့ တစ္ခါတည္း လန္႔ဖ်တ္ၿပီး ဖုန္းေတာင္ခ်သြားၿပီ ထင္သည္။
ေတာက္...
ေတြ႔ၾကေသးတာေပါ့....
ခင္ဗ်ားကဖုန္းနွင့္မေျပာခ်င္ေတာ့ လူခ်င္းေတြ႔ေျပာၾကတာေပါ့...
"ဂ်ိန္း...ဝုန္း..."
သာမန္ကားသာဆို ဒီလို တံခါးပိတ္ပံုမ်ိဳးနဲ႔ေတာ့ တံခါးအခ်ပ္လိုက္ကြာက်မွာ...။
ကားနီနီရဲရဲေလးက လမ္းမထက္ေျပးလႊားေနလ်က္....
ဦးတည္ရာကေတာ့ SKY... Construction Company ဆီသို႔...
❤❤❤❤❤❤❤❤❤❤❤❤
ခ်န္းေယာလ္ ရံုးခန္းထဲမွာ Laptop နဲ႔ အေဆာက္အအံု ပံုၾကမ္းေရးဆြဲေနတုန္း
"ဝုန္း..."
အခန္းထဲကို က်ယ္ေလာင္တဲ့ တံခါးျပန္ပိတ္သံႏွင့္အတူ ဆိုင္းမဆင့္ဗံုမဆင့္ မဖိတ္ေခၚထားပဲ ဝင္လာတဲ့ ဧည့္သည္ကို မ်က္ေမွာင္ၾကဳတ္ၾကည့္လိုက္မိသည္။
"ေတာင္းပန္ပါတယ္ ဆရာ...ႀကိဳတင္ခ်ိန္းဆိုထားျခင္း မ႐ွိရင္ ေတြ႔လို႔မရဘူး ေျပာပါတယ္... ဒီက ဧည့္သည္က အတင္းပဲ နားမေထာင္ပဲ ဝင္လာတာပါ..."
အခန္းထဲ အေျပးတပိုင္း ဝင္လာကာ သူတို႔အလုပ္ျပဳတ္မွာေၾကာက္ၿပီး အသည္းအသန္႐ွင္းျပေနတဲ့ Reception က စာေရးမေလးႏွစ္ေယာက္...။
"ရၿပီ... ထြက္သြားေတာ့... ေဟမီ မင္းေရာ ခဏအျပင္ထြက္ေပးပါလား..."
Reception က ေကာင္မေလးႏွစ္ဦးကိုသာမက ေဘးစားပြဲက ေဟမီကို မ်က္စိေစြၾကည့္ၿပီး ေျပာလိုက္ေတာ့ အားလံုး ထြက္သြားၾကသည္။
အခုေတာ့ အခန္းထဲမွာ မာန္ဖီေနတဲ့ က်ားရဲေကာင္ေလးႏွင့္ က်ေနာ္သာ... ။
"ဆယ္ဟြန္း... ဖုန္းမကိုင္ဘူး...ေက်ာင္းလည္း မလာဘူး... အိမ္ကိုသြားေတာ့လည္း တံခါး ဖြင့္မေပးဘူး... က်ေနာ့္စိတ္အာရံုက အလိုလိုေနရင္း ခံစားလို႔ရတယ္ သူ တစ္ခုခုျဖစ္ေနတယ္ဆိုတာ..."
မႀကိဳက္ဘူး... အဲဒီလို စိတ္ပူေနတဲ့ မ်က္ဝန္းေတြ... သူ႔အတြက္ က်ေနာ္မဟုတ္တဲ့ တျခားတစ္ေယာက္ဆီမွာ ႐ွိေနတာ... တကယ္ လံုးဝ မႀကိဳက္ဘူး...။
"အဲဒီေတာ့.... မင္းက ဒါေတြေျပာဖို႔ ငါ့ရံုးခန္းထဲကို ဒီလို ႐ိုင္း႐ိုင္းစိုင္းစိုင္း ေရာက္လာတာေပါ့... ထိုင္ၿပီးေျပာၾကတာေပါ့..."
စိတ္ထဲက ဘယ္ေလာက္ပဲ ေနရခက္ခက္...သေဘာမက်ပါေစ...။
လက္ေတြ႔မွာေတာ့ အျပံဳးမပ်က္ ေ႐ွ႕က ထိုင္ခံုကို ၫႊန္ျပၿပီး ေအးေအးေဆးေဆး ျပန္ေျပာလိုက္သည္။
"ဒီမွာ က်ေနာ္က ခင္ဗ်ားရံုးခန္း ထိုင္ဖို႔လာတာ ထင္ေနလား...က်ေနာ္ မ႐ိုင္းခ်င္ဘူးေနာ္... "
ေပါက္ကြဲလာဟန္တူတဲ့ေကာင္ေလးက အစ္ကိုေတာင္ မဟုတ္ေတာ့... ခင္ဗ်ားတဲ့...။အခုေတာင္ ႐ိုင္းပ်လာၿပီကို မ႐ိုင္းခ်င္ဘူးတဲ့...။
လူေတြက ဘယ္ေလာက္ဟန္ေဆာင္ေကာင္းေကာင္း ေဒါသထြက္ရင္ ေနာက္ဆံုးေတာ့ အေရခြံေတြ ကြာက်ကုန္တာပါပဲ...။
"မင္း အဆင္ေျပသလိုေျပာလို႔ ရပါတယ္..."
"ဆယ္ဟြန္း ဘာလို႔ေက်ာင္းမလာတာလဲ... ဘာလို႔ ဖုန္းမကိုင္တာလဲ... တံခါး ဖြင့္မေပးတာကေရာ... ေျဖေပး... မေျဖခ်င္ရင္ ခင္ဗ်ားအိမ္ password ေျပာ..."
ပိုင္စိုးပိုင္နင္း အေမးက တင္တင္စီးစီး... တစက္ကေလးမွ ေျဖခ်င္စရာမ႐ွိ...။
ခ်န္းေယာလ္ တမင္ ခပ္မဲ့မဲ့ ျပံဳးလိုက္ရင္း
"မင္း ဒီေလာက္စိတ္ပူေနရင္ ... အဲေလာက္ထိ ခ်စ္ေနရင္ အစတည္းက သူမ်ားလက္ထဲ ဘာလို႔အပါခံခဲ့ေသးလဲ..."
တစ္ေယာက္ႏွင့္တစ္ေယာက္ ဒီေလာက္ခ်စ္ေနၾကရင္လည္း အစတည္းက ဒီက ပတ္ခ်န္းေယာလ္ ကို လာမပတ္သက္ၾကနဲ႔ေပါ့... အခုေတာ့ ျမင္ရေတြ႔ေနရတာေတြက ၾကာရင္ ေျပာမိျပန္ ကိုယ့္အျပစ္ လာဦးမွာ...။
"အပါခံတယ္ဆိုတဲ့ စကားက ႐ိုင္းတယ္... ေျဖေစခ်င္ရင္ ဘာလို႔ သူမ်ားလက္ထဲ လက္ဆင့္ကမ္းခဲ့သလဲ ျပင္ေမး..."
"အစတည္းက အဆင္ေျပသလို ေျပာၾကမယ္ ေျပာခဲ့သားပဲ... မင္း ႐ိုင္းတယ္ဆိုလည္း ႐ိုင္းေပါ့... ကိုယ္က ႐ိုင္း႐ိုင္းပဲ ေမးတတ္တယ္..."
"ခင္ဗ်ား စကားကို ၾကည့္ေျပာေနာ္..."
ေဒါသေၾကာင့္ ဂ်ံဳအင္းမ်က္ႏွာနီႀကီးနဲ႔ ထေအာ္ေလေတာ့ ခ်န္းေယာလ္ မခိုးမခန္႔ရယ္သံေလးနဲ႔
"မင္းလို မေလာက္ေလးမေလာက္စား အေကာင္ေလးကို ငါက တေရးတယူ လုပ္ေျပာေနရေလာက္ေအာင္ အားမေနဘူး... ငါေမးတာလည္း မေျဖနဲ႔ေတာ့... မင္းေမးတာလည္း ငါေျဖစရာမလိုဘူး... ငါက အိုဆယ္ဟြန္း မဟုတ္ဘူး... မင္းသိခ်င္ရင္ သူဖုန္းကိုင္လာမယ့္ အခ်ိန္ထိေစာင့္...."
"မေစာင့္ႏိုင္ဘူး... ခင္ဗ်ားမေျပာ ခင္ဗ်ားအိမ္ဖ်က္ဆီးၿပီးဝင္မွာ... ၿပီးေတာ့ က်ေနာ့္ နာမည္ ကင္ဂ်ံဳအင္း ... မေလာက္ေလးမေလာက္စား အေကာင္မဟုတ္ဘူး...ေနာက္တခါ နာမည္မေမ့နဲ႔ ဆံပင္ေတြျဖဴ အသက္ေတြႀကီးေနတာသိေပမယ့္ က်ေနာ္ေတာင္ ခင္ဗ်ားေရွ႕အဘိုးႀကီးလို႔ မေခၚေသးဘူး "
သည္းခံႏိုင္ခဲ့တာ ဒါဂိတ္ဆံုးၿပီ...
ဆယ္ဟြန္း...တကယ္ မင္းဟာေလးကမလြယ္တာပဲ...
ပတ္ခ်န္းေယာလ္ကို လာဆြေနတာမ်ားၿပီ...
ဒီေန႔ပဲ အၿပီးျဖတ္လိုက္ၾကတာေပါ့...
တစ္ေန႔က်ရင္ မင္းကိုယ့္ဘဝထဲက ထြက္သြားတာပဲ ျဖစ္ျဖစ္....
မင္းကို တျခားတစ္ေယာက္က ဆြဲထုတ္သြားတာပဲ ျဖစ္ျဖစ္...
ထြက္သြားမွာျခင္းအတူတူကို အခ်ိန္ေတြ႐ွည္ သံေယာဇဥ္ ေတြ ႐ွည္လာလိမ့္မယ္...
ငါ မင္းကို လက္လႊတ္ႏိုင္တုန္း အခ်ိန္ပဲ ထြက္သြားခိုင္းေတာ့မယ္....
ဒီထက္ပိုၿငိတြယ္လာလို႔ ကိုယ္ေပးမလႊတ္ႏိုင္ခါမွ သူက ထြက္သြားရင္ မနာက်င္ခ်င္ဘူး အခြင့္သာတုန္း ကိုယ္အထက္စီးကပဲ ေနေတာ့မယ္...
ကိုယ္ေျပာရဲတယ္...
အခုခ်ိန္ ကိုယ္က ႏွင္မထုတ္ေတာင္ တစ္ခ်ိန္က်ရင္ သူ႔ေၾကာင့္ မင္းကိုယ္တိုင္ ကိုယ့္ဆီက ထြက္သြားလိမ့္မယ္ ဟြန္း....
"ေကာင္းၿပီေလ... ကင္ဂ်ံဳအင္း...ကိုယ္လည္း မင္းေျပာသလို ဆံပင္ျဖဴေနတဲ့ အဘိုးႀကီး မဟုတ္ဘူး .. မင္းသိထားဖို့ က USD 100 ေပးၿပီး U.S.မွာ ဒီဆံပင္ရဖို႔ မနည္း ပံုသြင္းလာရတာ စကားေျပာဆင္ျခင္... ဒီေတာ့ တခါတည္း ကိုယ္တို႔ၾကားက ျပႆနာ ဒီမွာတင္ အဆံုးသတ္လိုက္ၾကတာေပါ့..."
"ျမန္ျမန္အဆံုးသတ္ ၾကာတယ္..."
စိတ္မ႐ွည္ခ်င္ေတာ့ဘူးလား...ဂ်ံဳအင္း
ငါေရာပဲ... လႊတ္ခ်ပစ္လိုက္ခ်င္ၿပီ...
"ဒီမယ္ ဂ်ံဳအင္း ငါဆိုတဲ့ ပတ္ခ်န္းေယာလ္ ကလည္း ဘယ္ေလာက္ခ်စ္ခ်စ္ အသက္သာ အေသခံမယ္ ... ဘယ္သူ့ အေျပာအဆိုမွ မခံနိုင္ဘူး... ေအာက္က်ေနာက္က် ဆြဲမတားဘူး .... လိုခ်င္ရင္ ဟြန္းကို မင္းအိမ္ တစ္ခါတည္းအပါေခၚသြား... Password ေျပာလိုက္မယ္... စိတ္မ႐ွည္ေတာ့ရင္ မင္းထက္ငါပိုတာ သိထား"
"ခင္ဗ်ားက ဟြန္းရဲ ႕အခ်စ္ေတြနဲ႔ ထိုက္တန္မေနခဲ့ဘူးပဲ..."
ယူက်ံဳးမရ မ်က္ႏွာနဲ႔ ႏွေျမာသလို ေရရြတ္ေနသူက ဂ်ံဳအင္း...။
မင္းကိုယ္မင္းေတာ့ ထိုက္တန္ေနတယ္ ထင္တယ္ေပါ့
"မညာပါနဲ႔ ေပ်ာ္သြားတာမလား... ငါနဲ႔မတန္ဘူး မင္းနဲ႔မွ တန္တာလို့ ဝန္ခံေနတာမလား"
ေကာင္ေလးက က်ေနာ့္ကို ခပ္အက္အက္ ေလွာင္ရယ္တယ္... တကယ္အ႐ိုင္းစိုင္းေလး... မသိရင္ က်ေနာ္က သူ႔ထက္အငယ္လိုလို...။
"ေပ်ာ္လြန္းလို႔ အေပ်ာ္လြန္ မ်က္ရည္ေတာင္က်တယ္... ေနာင္တမရနဲ႔ေပါ့... က်ေနာ္ ေခၚသြားမွာ ဟြန္းကို..."
"မင္း ေခၚသြားလည္း ငါက ေမတၱာ႐ွင္ႀကီးမလို႔ ေယာက္်ားငတ္ေနတဲ့ ကေလးတစ္ေယာက္ကို ေယာက္်ားအလွဴလုပ္လိုက္ရသေလာက္ပါပဲ ေထြထူး ခံစားစရာမ႐ွိပါဘူး"
Necktieကို ဆြဲၿပီး လာထိုးေတာ့မလို လုပ္တဲ့ ဂ်ံဳအင္းကို ခ်န္းေယာလ္ တြန္းထုတ္ၿပီး Alarm ႏွိပ္ေတာ့ Security ေတြခ်က္ခ်င္း ရံုးခန္းထဲဝင္လာသည္။
"သူ႔ကို ရံုးျပင္ထိထုတ္သြား... လံုးဝ အဝင္မခံနဲ႔...ပတ္သက္စရာ မ႐ွိေတာ့ဘူး..."
လာေခၚတဲ့ Securities လက္ထဲက ႐ုန္းကန္ထြက္လာတဲ့ ဂ်ံဳအင္းကလည္း မာနခဲပီသစြာ
"မပူနဲ႔ ကိုယ့္ေျခေထာက္နဲ႔ကိုယ္ ျပန္ထြက္မွာပါ... ခင္ဗ်ား Company အရိပ္ေတာင္ လာမနင္းဘူး ... ခင္ဗ်ားအိမ္ Password ေျပာ... ဟြန္းကို ရေအာင္ျပန္ေခၚသြားမွာ... ခင္ဗ်ားဆႏၵေတြ ျပည့္ေစရမယ္..."
"6...1...9...4"
ခ်န္းေယာလ္ တစ္လံုးခ်င္း ေျပာလိုက္ရင္း လြတ္လပ္စြာ ရယ္ေမာပစ္လိုက္သည္။
တံခါးခ်ပ္ေတြျပန္ေစ့သြားတဲ့အထိ...ဂ်ံဳအင္း ျပန္ထြက္သြားတဲ့ အထိ ရယ္တာ အေတာမသတ္နိုင္ေတာ့...။
ကိုယ္လိုခ်င္လို႔ အနားေခၚထားၿပီးမွ စြန္႔လႊတ္လိုက္ရတဲ့ အျဖစ္ ဒါက ဘာနဲ႔ အလားသ႑န္တူသလဲဆိုရင္....
ဥပမာေျပာရ ငယ္ငယ္က က်ေနာ္တို႔ စြန္ေတြလႊတ္ခဲ့ဖူးသလိုေပါ့...
လိုခ်င္လို႔မက္မက္ေမာေမာဝယ္...
ေပ်ာ္ခ်င္လို္႔ ကစားခဲ့ဲၿပီးမွ ထင္သလို ျဖစ္မလာခဲ့သလိုပါပဲ...
ေလေတြတိုက္လို႔ ေလယူရာလြင့္ေမ်ာခ်င္လာတဲ့ စြန္ငယ္ဟာ ထိန္းခ်ဳပ္ထားတဲ့ ႀကိဳးေတြၾကားက ႐ုန္းကန္တယ္...
အလိုက္မသိဆက္ဆြဲထားမိလို႔ ေလေဆာင္က်ဥ္းသြားတဲ့အခါ ေလႏွင့္အတူ လြင့္ေမ်ာေနတဲ့ ႀကိဳးျပတ္စြန္ငယ္ေနာက္ မ်က္ရည္စက္လက္နဲ႔ ထက္ၾကပ္မကြာ ေျပးလိုက္ရတဲ့ ႐ူးမိုက္မိုက္ ကေလးတစ္ေယာက္ျဖစ္မယ့္အစား စ႐ုန္းတည္းက အလိုက္တသိ လြတ္ေျမာက္ခြင့္ေပးလိုက္မယ္....
တကယ္ ကိုယ္ ဘယ္ႀကိဳးကိုမွ ဆက္မဆြဲခ်င္ေတာ့ ဘူး ဟြန္း...။
ု❤❤❤❤❤❤❤❤❤❤❤❤❤
Coming
Unicode
စူးရှရှ အလင်းရောင်တန်းက အခန်းထဲတော်တော်လေး တိုးဝင်လာတော့မှ မပွင့်ချင်ပွင့်ချင်နဲ့ ဆယ်ဟွန်း မျက်လုံးတို့ပွင့်လာတယ်...။
"အား...ကျွတ်...ကျွတ်..."
နည်းနည်းလေး လူှပ်လိုက်တာနဲ့တောင် တစ်ကိုယ်လုံး ကိုင်ရိုက်ခံထားရသလို နာကျင်မူှ ခံစားလိုက်ရတာကြောင့် မျက်ရည်တောင်လည်သွားမိသည်။ နိုးနေလျက်တောင် ထဖို့မပြောနဲ့ လူှပ်တောင် မလူှပ်ရဲတော့တဲ့အထိ....။
ညကအရှိန် တော်တော်လေးပြင်းထားသည်ပဲ...။
ဘယ်အချိန်ပြီးဆုံးသွားသလဲ...
အစ်ကို ဘယ်အချိန်မှ ရပ်တန့်လိုက်သလဲ မမှတ်မိတော့အောင်အထိ နာကျင်ခဲ့ရတာကြောင့် မှတ်ဉာဏ်တွေတောင် အလုပ်မဖြစ်တော့...။
အစ်ကိုရော....
လက်နဲ့ဘေးဘက်ကို ယောင်ယမ်းစမ်းတော့ အစ်ကို အိပ်တဲ့နေရာမှာ အစ်ကိုရှိမနေတာကြောင့် အောက်ခံမွေ့ရာကိုသာ စမ်းမိလိုက်သည်..။
တိုင်ကပ်နာရီက နေ့လည် 12 နာရီကို ညွှန်ပြနေသည်။
ဒီအချိန်ရောက်မှ နိုးလာတော့ အစ်ကို အလုပ်သွားပြီပေါ့...။
မွေ့ရာဖြူပေါ်က မိုးပြာရောင် စောင်ပါးလေးကတော့ ခြုံသူမဲ့ အိပ်ရာခြေရင်း လုံထွေးနေလျက်...။
သေလုမျောပါး ခံစားခဲ့ရတာ... ညက တစ်ညလုံးနီးပါး...။
မနက်ကျနော် နိုးလာတော့ အစ်ကိုက ဘေးမှာ ရှိမနေခဲ့...။
ဝေ့ဝဲနေတဲ့ မျက်ရည်တွေကို မျက်တောင်လေးနဲ့ ပုတ်ခတ်ပုတ်ခတ်လုပ်နေမိရင်း
အစ်ကို့ကို မြင်လိုက်ရရင်တောင် နာကျင်နေရတာတွေ တစ်ဝက်လောက် သက်သာသွားလေမလား...
အစ်ကို့်ရင်ခွင်လေးထဲကနေများ နိုးထလာရရင်လေ ဘယ်လောက်များကောင်းလိုက်မလဲ...။
မဖြစ်နိုင်တာတွေ တမ်းတနေမိပြန်တာပဲ...။
လောဘတက်လာမိတဲ့ ကိုယ့်အတွေးအချို့ကို ကိုယ်ကိုယ်တိုင်ပဲ ပြန်သတ်ပစ်လိုက်ရသည်။
"တီးတောင်... တီးတောင်....တီးတောင်..."
အိမ်ရှေ့ တံခါးက ဆက်တိုက်မြည်နေတဲ့ ဘဲလ်သံ...။
ဧည့်သည်လာတာနဲ့ တူပါတယ်...
အစ်ကို ဧည့်သည်တွေများလား...
မဖြစ်သေးပါဘူးလေ ... ထမှပါ...
အခုချိန်ထိ မျက်နှာမသစ် ရေမချိုးရသေးတဲ့ ဆယ်ဟွန်းခမျာ ထဖို့မပြောနဲ့ ထိုင်ချင်တောင် မထိုင်နိုင်တော့တဲ့ အနေအထားမျိုး... ။
ကိုယ်ပေါ်ခြုံထားတဲ့ စောင်ကိုဖယ်ခွာလိုက်ကာ အားယူထလိုက်ချိန်
"အား...."
မျက်ရည်တွေ တပေါက်ပေါက်ကျလာရတဲ့အထိ နာကျင်နေမူှကြီးက ဆိုးရွားလိုက်တာ ...။
အောက်ဖျားဆီက စူးအောင့်ပြီးနာနေရုံမက ခြေတွေလက်တွေကပါ ကိုက်ခဲနေသေးသည်။
ကုတင်အောက် ဆင်းလိုက်တော့ တောင့်တောင်မခံနိုင်တော့ပဲ တခါတည်း ကြမ်းပြင်ပေါ်လဲကျသွားသည်။
ဘဲလ်သံက ဆက်တိုက်မြည်နေလည်း ဒီနေ့အဖို့တော့ အောက်ထပ်က တံခါးဖွင့်ဖို့ မပြောနဲ့ ကိုယ့်အခန်းထဲက ဗီရိုဆီတောင် အဝတ်ဝတ်ဖို့ မသွားနိုင်တော့...။လက်နဲ့ ခြုံစောင်ကိုသာ လှမ်းယူလိုက်ပြီး အဝတ်အထည်ကင်းမဲ့နေတဲ့ ခန္ဓာကိုယ်ကို အပော်က ရစ်ပတ်လိုက်ရလေသည်။
အညှာအတာကင်းမဲ့ထားတဲ့ ညတစ်ညကြောင့် ဖြူစွတ်စွတ် အိပ်ရာခင်းတွေကတော့ ဖြူညစ်ညစ်အရည်များနှင့် ဆယ်ဟွန်းသွေးတွေ ရဲရဲပေါက်စွန်းထင်းနေလျက်...။
ဆယ်ဟွန်း အကြည့်လွှဲကာ လက်သီးလေးဆုပ် နူှတ်ခမ်းနားတေ့လျက် အသံမထွက်ပဲ ငိုချင်းချနေရှာသည်။
အနားမှာ ဘယ်သူမှမရှိ...
ချော့မယ့်သူလည်း မရှိ...
တစ်ယောက်တည်း ကျိတ်မှိတ် ငိုကြွေးနေရှာတဲ့ ကလေးငယ်...
သူ့စိတ်ထဲမှာတော့ တစ်စုံတစ်ယောက်ရဲ့ ထွေးပွေ့နှစ်သိမ့်မူှကို ခံယူချင်နေခဲ့ရှာမှာပေါ့...
အခုတော့ ခြောက်သွေ့နေတဲ့ အခန်းထဲ...
နေရာမလွတ် နာကျင်ခြင်းတွေ အဖော်ပြုရင်း
အခုချိန်မှာ မျက်ရည်တွေကသာ သူ့အတွက်
အကောင်းဆုံး ရင်ဖွင့်ဖော် ဖြစ်နေခဲ့တာ...။
❤❤❤❤❤❤❤❤❤❤❤❤❤
"ဟာကွာ....တောက်..."
ခပ်မာမာ တောက်တစ်ချက်ခေါက်လိုက်သည်။
ဆက်တိုက်ဖိနေတဲ့ လူခေါ်ဘဲလ်က ဂျုံအင်းကို တစက်ကလေးတောင်မှ အဖက်မလုပ်...။
ဒီနေ့ စာမေးပွဲအတွက် အရေးကြီးတဲ့စာတွေ သင်မယ်ပြောထားရက်နဲ့ ဆယ်ဟွန်းက ကျောင်းကိုမလာ...။
အကျိုးအကြောင်းသိရဖို့ ဖုန်းဆက်တော့လည်း ကျောင်းမတက်ခင်အချိန်တည်းက ခေါ်နေခဲ့တာ... အခုထိ ကိုင်လည်းမကိုင်...။
အိမ်လိုက်လာတော့လည်း ခြံတံခါးက အပြင်ကသော့ခတ်မဟုတ်ပဲ အတွင်းထဲလူရှိနေလို့ ပိတ်ထားတဲ့ပုံစံမျိုး...။
ဟွန်းရာ... ငါ တောင်းပန်ပါတယ်ကွာ...
ရင်တွေလည်း မတရားပူနေပြီ...
မင်းအထဲမှာ ရှိနေတယ်မလား....
ဒါမှမဟုတ် မနိုးသေးတာလား....
ကြံရာမရတဲ့အဆုံး ပတ်ချန်းယောလ် ဆီပဲ ဖုန်းခေါ်ဖို့ ဆုံးဖြတ်ချက်ချလိုက်ရသည်...။
သိပ်ခေါ်ချင်လွန်းလို့တော့မဟုတ်... ။
"မြန်မြန်ကိုင်စမ်းပါ..."
ဖုန်းက ဝင်နေပြီး တော်တော်နဲ့ မကိုင်တာကြောင့် စိတ်က မရှည်ချင်လာတော့...
"ဟဲလို..."
နားထဲကြားလိုက်ရတဲ့ ချိုအီအီ မိန်းမတစ်ယောက်ရဲ့ အသံကြောင့် ဂျုံအင်း စိတ်လွတ်ပြီး ဖုန်းနံပါတ်များ မှားနှိပ်မိလေသလား ပြန်ကြည့်လိုက်မိတဲ့အထိ...။
မှားစရာတော့မရှိ... ဒါ ပတ်ချန်းယောလ်ဖုန်းနံပါတ် အစစ်...
" အစ်ကိုချန်းယောလ်ဖုန်း မဟုတ်ဘူးလား..."
"ယောလ်ကိုပြောတာလား... ဟုတ်တယ်လေ...
ခဏ ပေးလိုက်မယ်နော်..."
"ခဏ ... မင်းက ဘယ်သူလဲ..."
ဂျုံအင်း မေးသံက အနည်းငယ်တော့ တင်းမာသွားသည်။
တင်းမယ်ဆိုလည်း တင်းချင်စရာ...
ဘာတဲ့... ယောလ် ဟုတ်လား... သူကများ ရာရာစစ... ဘယ်သူ့ရှေ့လာခေါ်နေတာ...။
တကယ်က ဆယ်ဟွန်း အစား ခံပြင်းနေတာ...။
ပတ်ချန်းယောလ်ကို ချစ်လွန်းနေလို့တော့ မဟုတ်...
ဆယ်ဟွန်းကြောင့် ချန်းယောလ်နှင့် ပတ်သက်လျှင် ဂျုံအင်းကတောင် ဆယ်ဟွန်းထက် ပိုပြီး အတိမ်းအစောင်းမခံနိုင်သူ...။ Sensitive ဖြစ်လွန်းသူ...။
"ဟေမီပါ... ယောလ်ရဲ့ အတွင်းရေးမှူးပါ..."
နေပါဦး ... ဒီနာမည် ဒီအသုံးနူှန်းနှင့် ပတ်ချန်းယောလ် ဖုန်းကို လာကိုင်တဲ့ မိန်းမက အတွင်းရေးမှူး ဆိုပြီး ဒီလောက်အတင့်ရဲနေရအောင် ပတ်ချန်းယောလ် နှင့်က ရိုးရောရိုးရဲ့လား...။
"သူ မရှိဘူးလား..."
"ရှိပါတယ် ... ဒါပေမဲ့ ယောလ်ကလေ အလုပ်ချိန်မှာ အရေးမပါတဲ့ ဖုန်းတွေ လက်မခံဘူး ပြောလို့်... နောက်ထပ်မဆက်ဖို့..."
" ဘာ..."
ဂျုံအင်း ဒေါသနဲ့ အော်လိုက်သံက လိပ်ပြာတွေ လွင့်စင်မတတ်...
ဟိုဘက်ကနားထောင်တဲ့ မတယောကတော့ တစ်ခါတည်း လန့်ဖျတ်ပြီး ဖုန်းတောင်ချသွားပြီ ထင်သည်။
တောက်...
တွေ့ကြသေးတာပေါ့....
ခင်ဗျားကဖုန်းနှင့်မပြောချင်တော့ လူချင်းတွေ့ပြောကြတာပေါ့...
"ဂျိန်း...ဝုန်း..."
သာမန်ကားသာဆို ဒီလို တံခါးပိတ်ပုံမျိုးနဲ့တော့ တံခါးအချပ်လိုက်ကွာကျမှာ...။
ကားနီနီရဲရဲလေးက လမ်းမထက်ပြေးလွှားနေလျက်....
ဦးတည်ရာကတော့ SKY... Construction Company ဆီသို့...
❤❤❤❤❤❤❤❤❤❤❤❤
ချန်းယောလ် ရုံးခန်းထဲမှာ Laptop နဲ့ အဆောက်အအုံ ပုံကြမ်းရေးဆွဲနေတုန်း
"ဝုန်း..."
အခန်းထဲကို ကျယ်လောင်တဲ့ တံခါးပြန်ပိတ်သံနှင့်အတူ ဆိုင်းမဆင့်ဗုံမဆင့် မဖိတ်ခေါ်ထားပဲ ဝင်လာတဲ့ ဧည့်သည်ကို မျက်မှောင်ကြုတ်ကြည့်လိုက်မိသည်။
"တောင်းပန်ပါတယ် ဆရာ...ကြိုတင်ချိန်းဆိုထားခြင်း မရှိရင် တွေ့လို့မရဘူး ပြောပါတယ်... ဒီက ဧည့်သည်က အတင်းပဲ နားမထောင်ပဲ ဝင်လာတာပါ..."
အခန်းထဲ အပြေးတပိုင်း ဝင်လာကာ သူတို့အလုပ်ပြုတ်မှာကြောက်ပြီး အသည်းအသန်ရှင်းပြနေတဲ့ Reception က စာရေးမလေးနှစ်ယောက်...။
"ရပြီ... ထွက်သွားတော့... ဟေမီ မင်းရော ခဏအပြင်ထွက်ပေးပါလား..."
Reception က ကောင်မလေးနှစ်ဦးကိုသာမက ဘေးစားပွဲက ဟေမီကို မျက်စိစွေကြည့်ပြီး ပြောလိုက်တော့ အားလုံး ထွက်သွားကြသည်။
အခုတော့ အခန်းထဲမှာ မာန်ဖီနေတဲ့ ကျားရဲကောင်လေးနှင့် ကျနော်သာ... ။
"ဆယ်ဟွန်း... ဖုန်းမကိုင်ဘူး...ကျောင်းလည်း မလာဘူး... အိမ်ကိုသွားတော့လည်း တံခါး ဖွင့်မပေးဘူး... ကျနော့်စိတ်အာရုံက အလိုလိုနေရင်း ခံစားလို့ရတယ် သူ တစ်ခုခုဖြစ်နေတယ်ဆိုတာ..."
မကြိုက်ဘူး... အဲဒီလို စိတ်ပူနေတဲ့ မျက်ဝန်းတွေ... သူ့အတွက် ကျနော်မဟုတ်တဲ့ တခြားတစ်ယောက်ဆီမှာ ရှိနေတာ... တကယ် လုံးဝ မကြိုက်ဘူး...။
"အဲဒီတော့.... မင်းက ဒါတွေပြောဖို့ ငါ့ရုံးခန်းထဲကို ဒီလို ရိုင်းရိုင်းစိုင်းစိုင်း ရောက်လာတာပေါ့... ထိုင်ပြီးပြောကြတာပေါ့..."
စိတ်ထဲက ဘယ်လောက်ပဲ နေရခက်ခက်...သဘောမကျပါစေ...။
လက်တွေ့မှာတော့ အပြုံးမပျက် ရှေ့က ထိုင်ခုံကို ညွှန်ပြပြီး အေးအေးဆေးဆေး ပြန်ပြောလိုက်သည်။
"ဒီမှာ ကျနော်က ခင်ဗျားရုံးခန်း ထိုင်ဖို့လာတာ ထင်နေလား...ကျနော် မရိုင်းချင်ဘူးနော်... "
ပေါက်ကွဲလာဟန်တူတဲ့ကောင်လေးက အစ်ကိုတောင် မဟုတ်တော့... ခင်ဗျားတဲ့...။အခုတောင် ရိုင်းပျလာပြီကို မရိုင်းချင်ဘူးတဲ့...။
လူတွေက ဘယ်လောက်ဟန်ဆောင်ကောင်းကောင်း ဒေါသထွက်ရင် နောက်ဆုံးတော့ အရေခွံတွေ ကွာကျကုန်တာပါပဲ...။
"မင်း အဆင်ပြေသလိုပြောလို့ ရပါတယ်..."
"ဆယ်ဟွန်း ဘာလို့ကျောင်းမလာတာလဲ... ဘာလို့ ဖုန်းမကိုင်တာလဲ... တံခါး ဖွင့်မပေးတာကရော... ဖြေပေး... မဖြေချင်ရင် ခင်ဗျားအိမ် password ပြော..."
ပိုင်စိုးပိုင်နင်း အမေးက တင်တင်စီးစီး... တစက်ကလေးမှ ဖြေချင်စရာမရှိ...။
ချန်းယောလ် တမင် ခပ်မဲ့မဲ့ ပြုံးလိုက်ရင်း
"မင်း ဒီလောက်စိတ်ပူနေရင် ... အဲလောက်ထိ ချစ်နေရင် အစတည်းက သူများလက်ထဲ ဘာလို့အပါခံခဲ့သေးလဲ..."
တစ်ယောက်နှင့်တစ်ယောက် ဒီလောက်ချစ်နေကြရင်လည်း အစတည်းက ဒီက ပတ်ချန်းယောလ် ကို လာမပတ်သက်ကြနဲ့ပေါ့... အခုတော့ မြင်ရတွေ့နေရတာတွေက ကြာရင် ပြောမိပြန် ကိုယ့်အပြစ် လာဦးမှာ...။
"အပါခံတယ်ဆိုတဲ့ စကားက ရိုင်းတယ်... ဖြေစေချင်ရင် ဘာလို့ သူများလက်ထဲ လက်ဆင့်ကမ်းခဲ့သလဲ ပြင်မေး..."
"အစတည်းက အဆင်ပြေသလို ပြောကြမယ် ပြောခဲ့သားပဲ... မင်း ရိုင်းတယ်ဆိုလည်း ရိုင်းပေါ့... ကိုယ်က ရိုင်းရိုင်းပဲ မေးတတ်တယ်..."
"ခင်ဗျား စကားကို ကြည့်ပြောနော်..."
ဒေါသကြောင့် ဂျုံအင်းမျက်နှာနီကြီးနဲ့ ထအော်လေတော့ ချန်းယောလ် မခိုးမခန့်ရယ်သံလေးနဲ့
"မင်းလို မလောက်လေးမလောက်စား အကောင်လေးကို ငါက တရေးတယူ လုပ်ပြောနေရလောက်အောင် အားမနေဘူး... ငါမေးတာလည်း မဖြေနဲ့တော့... မင်းမေးတာလည်း ငါဖြေစရာမလိုဘူး... ငါက အိုဆယ်ဟွန်း မဟုတ်ဘူး... မင်းသိချင်ရင် သူဖုန်းကိုင်လာမယ့် အချိန်ထိစောင့်...."
"မစောင့်နိုင်ဘူး... ခင်ဗျားမပြော ခင်ဗျားအိမ်ဖျက်ဆီးပြီးဝင်မှာ... ပြီးတော့ ကျနော့် နာမည် ကင်ဂျုံအင်း ... မလောက်လေးမလောက်စား အကောင်မဟုတ်ဘူး...နောက်တခါ နာမည်မမေ့နဲ့ ဆံပင်တွေဖြူ အသက်တွေကြီးနေတာသိပေမယ့် ကျနော်တောင် ခင်ဗျားရှေ့အဘိုးကြီးလို့ မခေါ်သေးဘူး "
သည်းခံနိုင်ခဲ့တာ ဒါဂိတ်ဆုံးပြီ...
ဆယ်ဟွန်း...တကယ် မင်းဟာလေးကမလွယ်တာပဲ...
ပတ်ချန်းယောလ်ကို လာဆွနေတာများပြီ...
ဒီနေ့ပဲ အပြီးဖြတ်လိုက်ကြတာပေါ့...
တစ်နေ့ကျရင် မင်းကိုယ့်ဘဝထဲက ထွက်သွားတာပဲ ဖြစ်ဖြစ်....
မင်းကို တခြားတစ်ယောက်က ဆွဲထုတ်သွားတာပဲ ဖြစ်ဖြစ်...
ထွက်သွားမှာခြင်းအတူတူကို အချိန်တွေရှည် သံယောဇဉ် တွေ ရှည်လာလိမ့်မယ်...
ငါ မင်းကို လက်လွှတ်နိုင်တုန်း အချိန်ပဲ ထွက်သွားခိုင်းတော့မယ်....
ဒီထက်ပိုငြိတွယ်လာလို့ ကိုယ်ပေးမလွှတ်နိုင်ခါမှ သူက ထွက်သွားရင် မနာကျင်ချင်ဘူး အခွင့်သာတုန်း ကိုယ်အထက်စီးကပဲ နေတော့မယ်...
ကိုယ်ပြောရဲတယ်...
အခုချိန် ကိုယ်က နှင်မထုတ်တောင် တစ်ချိန်ကျရင် သူ့ကြောင့် မင်းကိုယ်တိုင် ကိုယ့်ဆီက ထွက်သွားလိမ့်မယ် ဟွန်း....
"ကောင်းပြီလေ... ကင်ဂျုံအင်း...ကိုယ်လည်း မင်းပြောသလို ဆံပင်ဖြူနေတဲ့ အဘိုးကြီး မဟုတ်ဘူး .. မင်းသိထားဖို့ က USD 100 ပေးပြီး U.S.မှာ ဒီဆံပင်ရဖို့ မနည်း ပုံသွင်းလာရတာ စကားပြောဆင်ခြင်... ဒီတော့ တခါတည်း ကိုယ်တို့ကြားက ပြဿနာ ဒီမှာတင် အဆုံးသတ်လိုက်ကြတာပေါ့..."
"မြန်မြန်အဆုံးသတ် ကြာတယ်..."
စိတ်မရှည်ချင်တော့ဘူးလား...ဂျုံအင်း
ငါရောပဲ... လွှတ်ချပစ်လိုက်ချင်ပြီ...
"ဒီမယ် ဂျုံအင်း ငါဆိုတဲ့ ပတ်ချန်းယောလ် ကလည်း ဘယ်လောက်ချစ်ချစ် အသက်သာ အသေခံမယ် ... ဘယ်သူ့ အပြောအဆိုမှ မခံနိုင်ဘူး... အောက်ကျနောက်ကျ ဆွဲမတားဘူး .... လိုချင်ရင် ဟွန်းကို မင်းအိမ် တစ်ခါတည်းအပါခေါ်သွား... Password ပြောလိုက်မယ်... စိတ်မရှည်တော့ရင် မင်းထက်ငါပိုတာ သိထား"
"ခင်ဗျားက ဟွန်းရဲ ့အချစ်တွေနဲ့ ထိုက်တန်မနေခဲ့ဘူးပဲ..."
ယူကျုံးမရ မျက်နှာနဲ့ နှမြောသလို ရေရွတ်နေသူက ဂျုံအင်း...။
မင်းကိုယ်မင်းတော့ ထိုက်တန်နေတယ် ထင်တယ်ပေါ့
"မညာပါနဲ့ ပျော်သွားတာမလား... ငါနဲ့မတန်ဘူး မင်းနဲ့မှ တန်တာလို့ ဝန်ခံနေတာမလား"
ကောင်လေးက ကျနော့်ကို ခပ်အက်အက် လှောင်ရယ်တယ်... တကယ်အရိုင်းစိုင်းလေး... မသိရင် ကျနော်က သူ့ထက်အငယ်လိုလို...။
"ပျော်လွန်းလို့ အပျော်လွန် မျက်ရည်တောင်ကျတယ်... နောင်တမရနဲ့ပေါ့... ကျနော် ခေါ်သွားမှာ ဟွန်းကို..."
"မင်း ခေါ်သွားလည်း ငါက မေတ္တာရှင်ကြီးမလို့ ယောက်ျားငတ်နေတဲ့ ကလေးတစ်ယောက်ကို ယောက်ျားအလှူလုပ်လိုက်ရသလောက်ပါပဲ ထွေထူး ခံစားစရာမရှိပါဘူး"
Necktieကို ဆွဲပြီး လာထိုးတော့မလို လုပ်တဲ့ ဂျုံအင်းကို ချန်းယောလ် တွန်းထုတ်ပြီး Alarm နှိပ်တော့ Security တွေချက်ချင်း ရုံးခန်းထဲဝင်လာသည်။
"သူ့ကို ရုံးပြင်ထိထုတ်သွား... လုံးဝ အဝင်မခံနဲ့...ပတ်သက်စရာ မရှိတော့ဘူး..."
လာခေါ်တဲ့ Securities လက်ထဲက ရုန်းကန်ထွက်လာတဲ့ ဂျုံအင်းကလည်း မာနခဲပီသစွာ
"မပူနဲ့ ကိုယ့်ခြေထောက်နဲ့ကိုယ် ပြန်ထွက်မှာပါ... ခင်ဗျား Company အရိပ်တောင် လာမနင်းဘူး ... ခင်ဗျားအိမ် Password ပြော... ဟွန်းကို ရအောင်ပြန်ခေါ်သွားမှာ... ခင်ဗျားဆန္ဒတွေ ပြည့်စေရမယ်..."
"6...1...9...4"
ချန်းယောလ် တစ်လုံးချင်း ပြောလိုက်ရင်း လွတ်လပ်စွာ ရယ်မောပစ်လိုက်သည်။
တံခါးချပ်တွေပြန်စေ့သွားတဲ့အထိ...ဂျုံအင်း ပြန်ထွက်သွားတဲ့ အထိ ရယ်တာ အတောမသတ်နိုင်တော့...။
ကိုယ်လိုချင်လို့ အနားခေါ်ထားပြီးမှ စွန့်လွှတ်လိုက်ရတဲ့ အဖြစ် ဒါက ဘာနဲ့ အလားသဏ္႑န်တူသလဲဆိုရင်....
ဥပမာပြောရ ငယ်ငယ်က ကျနော်တို့ စွန်တွေလွှတ်ခဲ့ဖူးသလိုပေါ့...
လိုချင်လို့မက်မက်မောမောဝယ်...
ပျော်ချင်လို့် ကစားခဲ့ဲပြီးမှ ထင်သလို ဖြစ်မလာခဲ့သလိုပါပဲ...
လေတွေတိုက်လို့ လေယူရာလွင့်မျောချင်လာတဲ့ စွန်ငယ်ဟာ ထိန်းချုပ်ထားတဲ့ ကြိုးတွေကြားက ရုန်းကန်တယ်...
အလိုက်မသိဆက်ဆွဲထားမိလို့ လေဆောင်ကျဉ်းသွားတဲ့အခါ လေနှင့်အတူ လွင့်မျောနေတဲ့ ကြိုးပြတ်စွန်ငယ်နောက် မျက်ရည်စက်လက်နဲ့ ထက်ကြပ်မကွာ ပြေးလိုက်ရတဲ့ ရူးမိုက်မိုက် ကလေးတစ်ယောက်ဖြစ်မယ့်အစား စရုန်းတည်းက အလိုက်တသိ လွတ်မြောက်ခွင့်ပေးလိုက်မယ်....
တကယ် ကိုယ် ဘယ်ကြိုးကိုမှ ဆက်မဆွဲချင်တော့ ဘူး ဟွန်း...။
ု❤❤❤❤❤❤❤❤❤❤❤❤❤
Coming