မနေ့ညက အိပ်မက်မက်တယ်...
နောက်ထပ်ကြောက်ဖို့ကောင်းတဲ့ အိပ်မက်တစ်ခု ထပ်တိုးလာတယ်...
အိပ်မက်ထဲမှာ ကျနော်က ဟွန်းကို ဖက်ထားတယ်... ။ ဟွန်းကလည်း ကျနော့်ကို ပြန်ဖက်ထားတယ်...။ ခဏအကြာ ကျနော်တို့နားကို သူ့သူငယ်ချင်းလေး ရောက်လာတယ်...။ ဂျစ်ကန်ကန် မျက်နှာနဲ့ ကင်ဂျုံအင်းဆိုတဲ့ကောင်လေး...။ ဟွန်းကို ကျနော့်ရင်ခွင်ထဲက အတင်းပဲ ဆွဲထုတ်နေတယ်...။ ဟွန်းက သူ့ဆီကို ပါသွားတယ်...။ ကျနော် ဟွန်းကိုထားခဲ့ဖို့ ရင်ကွဲမတတ်အော်ငိုနေတယ်...။ ဟွန်းက အော်ငိုနေတဲ့ ကျနော့်ကို ကြည့်နေတော့ ကျနော် ပြန်လာဖို့ အသနားခံနေတယ်...။ ဒါပေမဲ့ ရက်စက်တဲ့ ကျနော့်ကလေးလေးက မျက်နှာလွှဲပြီး ဂျုံအင်းလက်ကိုဆွဲကာ ပြေးထွက်သွားတယ်...။ အဲဒီနောက်မှာ ကျနော်အိပ်ရာက လန့်နိုးလာတယ်...။
တစ်ကိုယ်လုံး Aircon ဖွင့်အိပ်တာတောင် ချွေးတွေရွဲနစ်နေခဲ့တယ်...။
အရင်ကလို ကြောက်စရာကောင်းတဲ့ အိပ်မက်တွေမက်တိုင်း ရင်ခွင်ထဲထည့်ချော့ခဲ့တဲ့သူက အခုတော့ အနားမှာရှိမနေခဲ့...။
တစ်ညလုံးသောက်ထားတဲ့ အရက်ပုလင်းခွံတွေက အိပ်ရာဘေးကစားပွဲပေါ်မှာ အလဲလဲအပြိုပြို ။
သောက်ထားတဲ့ ညတွေတိုင်း နိုးလာတဲ့ မနက်ခင်းမှာ ခေါင်းကိုက်သက်သာအောင် အဆင်သင့်ဖျော်ပေးထားလေ့ရှိတဲ့ သံပုရာရည်ခွက်လေးကို ရှိလို့ရှိညား စားပွဲပေါ်မှာ လှည့်ပတ်ရှာဖွေနေတယ်...။
သူ ကျနော့်ကို ထားသွားပြီ... အရမ်းချစ်တာဆိုပြီး... ။
ဒါက အိပ်မက်တစ်ခုလည်း မဟုတ်ခဲ့တဲ့ လက်တွေ့ဘဝက အမှန်တရား...။
ခန်းဆီးလိုက်ကာဖွင့်ပြီးတာနဲ့ အိပ်ရာပေါ်မှာထိုင်ကာ နှူတ်ခမ်းပါးတွေကို ပေါက်ထွက်မတတ် ငုံကိုက်ထားပြီး ငိုကြွေးနေမိသည်။
အဆင်မပြေဘူး...ကလေး....
ကိုယ်တစ်ကယ် အဆင်မပြေဘူး...
အိပ်မက်တွေထဲမှာတောင် ကိုယ်က မပျော်ရွှင်ရဘူး...
အပြင်လောကမှာလည်း ကိုယ့်အဖြစ်က အိပ်မက်နဲ့ မထူးမခြားနားပဲ...။
YOU ARE READING
Replay
Fanfictionအရမ်းချစ်ပြတတ်သူတွေ ရက်စက်သွားရင် ဘယ်သူမှ လိုက်မမှီဘူးဆိုတာ သိလိုက်ရတည်းက ကျနော် ဘယ်သူကိုမှ ချစ်မပြတတ်တော့တာပဲ အရမ်းချစ်ပြတတ်သူတွေ ရက်စက်သွားရင် ဘယ်သူမှ လိုက်မမှီဘူးဆိုတာ သိလိုက်ရတည်းက ကျနော် ဘယ်သူကိုမှ ချစ်မပြတတ်တော့တာပဲ...