ခ်စ္ျခင္းတရားျဖင့္လင္းလက္ေစ

Da ThitKhattNyo

140K 6.6K 164

-ေငးၾကည့္ေနရံုႏွင့္ေက်နပ္ေနခဲ့သည့္သူ႔ဘဝက ေနာင္တစ္ခ်ိန္ေငးၾကည့္ခြင့္ေတာင္ မရႏိုင္ေတာ့မွန္း သိသည့္အခ်ိိန္မွာ ထိ... Altro

အခန္း(၁)
အခန္း(၂)
အခန္း(၃)
အခန္း(၄)
အခန္း(၅)
အခန္း(၆)
အခန္း(၇)
အခန္း(၈)
အခန္း(၉)
အခန္း(၁၀)
အပိုင္း(၁၁)
အခန္း(၁၂)
အခန္း(၁၃)
အခန္း(၁၄)
အခန္း(၁၅)
အခန္း(၁၇)
The End(1)
The End
❤Promotion❤
❤Extra❤
Thadingyut Special 🧡
Hello

အခန္း(၁၆)

4.8K 262 4
Da ThitKhattNyo

     Zawgyi

        မေန႔ကတည္းက အဆက္မျပတ္ေခၚေနခဲ့သည့္ဖုန္းကို မကိုင္ခဲ့သည့္လူက ဒီမနက္မွာေတာ့ ကြၽန္ေတာ္တို႔တိုက္ခန္းေ႐ွ႕သို႔႐ုတ္တရတ္ႀကီးေရာက္လာသည္။"ေအာက္ကိုခဏဆင္းခဲ့"ဟု စကားသံျပတ္ျပတ္ျဖင့္ေျပာလာသည့္ ေကာင္းကင္ေၾကာင့္ စိုးရိမ္စိတ္ကိုရင္ဝယ္ပိုက္ကာ ေအာက္သို႔အလ်ွင္အျမန္ေျပးဆင္းမိသည္။

              ေအာက္သို႔ေရာက္ေရာက္ခ်င္းျမင္လိုက္ရသည့္ ျမင္ကြင္းေၾကာင့္ ဖရိုဖရဲျဖင့္အသည္းအသန္ေျပးလာမိသည့္မိမိကိုယ္မိမိ နီးစပ္ရာတိုင္ႏွင့္သာေခါင္းကိုေျပးေဆာင့္ခ်င္မိေတာ့သည္။ဖြာလန္ၾကဲေနသည့္ဆံပင္ႏွင့္ အနည္းငယ္ေစာင္းရြဲ႔ေနသည့္ တြန္႔ေၾကေၾကအက်ႌကို ကပ်ာကယာျပဳျပင္မိသည္က ေ႐ွ႕တည့္တည့္တြင္႐ွိေနသည့္ ေကာင္းကင္အေဖ၏မ်က္ႏွာေၾကာင့္....။

             လက္ထဲတြင္ luggage  အိတ္တစ္လံုးကိုင္ကာ အေဖျဖစ္သူေဘးတြင္ မတ္တပ္ရပ္ေနသည့္ေကာင္းကင္ပံုစံက တကယ့္ကို ဝါရင့္သိကၡာေတာ္ရဘုန္းေတာ္ႀကီးတစ္ပါးသဖြယ္ တည္ၿငိမ္လြန္းလွသည္။

            "ငါမင္းတိုက္ခန္းမွာ လာေနတာ"

           တစ္ခြန္းတည္းေျပာကာ အိတ္ကေလးဆြဲ၍ထြက္သြားသည့္ ငတိေၾကာင့္ကြၽန္ေတာ့္မွာ ပါးစပ္အေဟာင္းသား။အခ်ိန္အတန္ၾကာသည္အထိ အာေစးမိေနသည့္လူလို စကားတစ္ခြန္းမွမဆိုဘဲျငိမ္သက္ေနမိသည္က ကြၽန္ေတာ့္ပုခံုးေပၚသို႔ခပ္ေႏြးေႏြးလက္တစ္စံုေရာက္လာသည္အထိ...။

              "သားငယ္က အိမ္မွာသူ႔အေမနဲ႔ျပႆ     နာျဖစ္လာတာ" 

            အန္ကယ့္ရဲ႕ေလသံခပ္ေအးေအးကို တံု႔ျပန္မိသည္က သက္ျပင္းတစ္႐ိႈက္ရယ္သာ...။

          "အျပင္မွာ သူ႔ကိုဒီအတိုင္းတစ္ေယာက္တည္းထားရမွာ အန္ကယ္တကယ္စိတ္မခ်ဘူး၊အဲ့ဒါေၾကာင့္ အန္ကယ္သူ႔ကိုမင္းဆီမွာယံုယံုျကည္ျကည္အပ္ထားပါရေစ"

           သံုးႏႈန္းထားသည့္စကားလံုးေတြက႐ိုးစင္းေပမယ့္  အဓိပၸါယ္ကေတာ့ထင္သေလာက္မ႐ိုးစင္းမွန္း ကြၽန္ေတာ္ေရာ ေကာင္းကင္အေဖပါအသိဆံုးပင္။ေစာင့္ထိန္းအပ္သည့္ ကိုယ္က်င့္တရားကို စိန္ေခၚလာသည့္စကားလံုးေတြေၾကာင့္ ခပ္မဲ့မဲ့အျပံဳးတစ္ပြင့္ကိုေႁခြမိသည္။

            "စိတ္ခ်ပါအန္ကယ္၊ေကာင္းကင္အေပၚမွာထားတဲ့ကြၽန္ေတာ့္ရဲ႕အခ်စ္ေတြက အေရာင္အဆင္းကင္းပါတယ္"

             ဂုဏ္မာန္ဝင့္စြာေျပာရင္း ကိုယ့္ကိုယ္ကိုပါ သိကၡာတရားဆိုသည့္ သံဆူးႀကိဳးႏွင့္အထပ္ထပ္ရစ္ပတ္ေႏွာင္ဖြဲ႔မိသည္။ကြၽန္ေတာ့္စကားေၾကာင့္သားျဖစ္သူကို စိတ္ခ်သြားဟန္တူသည့္ အန္ကယ္က ႏႈတ္ဆက္ျပံဳးတစ္ခ်က္ေပးကာ ကြၽန္ေတာ့္ထံပါးမွထြက္ခြာသည္။

            က်ြန္ေတာ္အခန္းဆီသို႔ ျပန္ေရာက္သည့္အခ်ိန္မွာေတာ့ ေကာင္းကင္က အခန္းထဲ႐ွိ ဆိုဖာငယ္ေလးတြင္ငူငူငိုင္ငိုင္ႏွင့္ထိုင္ေနသည္။

        "အဆင္ေျပရဲ႕လား"

          အသံလိႈင္းကင္းမဲ့ေနသည့္ ေလထုကိုလႈပ္႐ွားတုန္ခါေစသည္က ကြၽန္ေတာ့္ရဲ႕စကားတစ္ခြန္းပင္။ေျဖသူမဲ့ေနသည့္အေမးစကားက အားငယ္သြားသည့္တိုင္ ထိုစကားရပ္ကိုထုတ္လႊတ္လိုက္သည့္ ကြၽန္ေတာ့္ႏႈတ္ခမ္းထက္တြင္ေတာ့ နားလည္မႈအျပည့္ပါသည္ အျပံဳးတစ္ခုဆင္ျမန္းထားျမဲပင္...။

           "ကာကာ...ငါအခုခ်ိန္မွာတစ္ေယာက္တည္းေနခ်င္တယ္၊ငါ့ကိုခဏေလာက္လႊတ္ေပးထားလို႔ရမလား"

          တိုးတိမ္စြာေတာင္းဆိုလာသည့္လူကိုေခါင္းတစ္ခ်က္ညိတ္ကာျကည္ျဖဴ စြာခြင့္ျပဳေပးမိသည္။

        "ေကာင္းကင္.."

         ေခၚမိသည့္အမည္နာမေၾကာင့္ အိပ္ခန္းဆီသို႔ဦးတည္ေနသည့္ ေကာင္းကင္ရဲ႕ေျခလွမ္းေတြကတုန္႔ခနဲရပ္သြားသည္။

         "အခုခ်ိန္မွာ ဒီျပႆ     နာေတြအတြက္ မင္းအခ်ိန္ယူသင့္တယ္ဆိုတာ ငါနားလည္ပါတယ္၊ဒါေပမယ့္ မင္းေဘးမွာငါအျမဲတမ္း႐ွိေနတယ္ဆိုတာကိုေတာ့ ဘယ္ေတာ့မွမေမ့လိုက္ပါနဲ႔"

        အားတင္း၍ ျပံဳးျပလာသည့္ အျပံဳးတစ္ခ်က္ႏွင့္ပင္ ေျဖဆိုစရာမလိုေအာင္ အဓိပၸါယ္ျပည့္စံုသည္။

          ေကာင္းကင္တစ္ေယာက္ အိပ္ခန္းထဲဝင္သြားမွ ကြၽန္ေတာ္လည္းစေရာက္ကတည္းက ျဖစ္သလိုေနေနခဲ့ေသာ တိုက္ခန္းငယ္ကို သန္႔႐ွင္းေရးလုပ္ရသည္။ေန႔လယ္အထိ ပြင့္မလာသည့္ အိပ္ခန္းတံခါးကိုတစ္ခ်က္ၾကည့္ရင္း ေဟာင္းေလာင္းျဖစ္ေနသည့္ေရခဲေသတၱာကိုျဖည့္ရန္ နီးစပ္ရာ mini mart သို႔ေျပးရသည္။

             မခ်က္တတ္ခ်က္တတ္ႏွင့္ ခ်က္ထားသည့္ အာလူးႏွင့္ၾကက္ဥေရာေၾကာ္ထားသည့္ ကိုယ္တိုင္ခ်က္ဟင္းလ်ာ၏အရသာကအရမ္းႀကီးဆိုးရြားမေန၍ လူကမာန္ေတာင္တက္ခ်င္လာသလိုပင္။အင္း.....ခုနေလးတင္အမိႈက္ပံုးထဲ လႊင့္ပစ္လိုက္ရသည့္ အေၾကးခြံဗရပြႏွင့္ ညႇီစို႔စို႔အနံ႔ထြက္ေနသည့္ငါးဟင္းအေၾကာင္းမေတြးမိလ်ွင္ေတာ့ ကြၽန္ေတာ့္ရဲ႕လက္ရာက ေကာင္းကင္လက္ဖ်ားခါခ်င္စရာပင္။

         ဟင္းခ်က္တုန္းက သံုးထားသည့္ပန္းကန္အခ်ိဳ႕ကိုေဆးၿပီးသည့္အခ်ိန္မွာေတာ့ ည ၇နာရီေက်ာ္ေနခဲ့ၿပီျဖစ္သည္။တစ္ေနကုန္အခန္းေအာင္းေနသည့္လူကို အျပင္ေခၚထုတ္ရန္ အခန္းဝဆီသို႔သြားမိသည့္အခ်ိန္မွာေတာ့ တိုက္ဆိုင္စြာပဲ အခန္းတံခါးကပြင့္လာသည္။

           "ထမင္း..ထမင္းစားဖို႔လာေခၚတာ"

            အနီးကပ္ျမင္ေနရသည့္ မ်က္လံုးနီနီရဲရဲေတြႏွင့္အၾကည့္ခ်င္းဆံုမိသည့္ခဏမွာေတာ့ ကြၽန္ေတာ့္ရဲ႕စကားေတြကထစ္အသြားရသည္။အနီေရာင္ဖက္သန္းေနသည့္ မ်က္လံုးအိမ္ငယ္ႏွင့္ မို႔အစ္ေနသည့္ေအာက္မ်က္ခမ္းစပ္ေတြက ငိုထားသည္ဆိုတာကိုသက္ေသျပေနသလိုပင္..။

              အရင္ရက္ေတြတုန္းက မမႀကီးလာပို႔ေပးထားသည့္ၾကက္သားေၾကာ္ထဲမွတစ္တံုးကို သူ႔ထဲထည့္ေပးမိေတာ့ ကြၽန္ေတာ့္ထံအၾကည့္အခ်က္ပို႔လႊတ္သည္။သူ႔အၾကည့္ေၾကာင့္ ႏွလံုးေသြးတိုးသြားရသည့္ ကြၽန္ေတာ့္မွာေတာ့ ဇြန္းကိုင္ထားသည့္လက္ေတြပင္တုန္ခ်င္ေနသလိုလို..။

              ထမင္းစားၿပီးကတည္းက တိုက္ခန္း၏ဝရန္တာငယ္ေလးတြင္သြားထိုင္ေနသည့္သူ႔ထံသို႔ ေရခဲေသတၱာထဲမွ အစိမ္းေရာင္ဘူးေလးႏွစ္ဘူးကို ကိုင္ကာသြားမိသည္။ကြၽန္ေတာ္လွမ္းေပးလာသည့္ ဘူးကိုကိုင္ကာတစ္ငံုေသာက္လိုက္သည္ေကာင္းကင္ေျကာင့္သူ႔ရဲ႕လည္ပင္းရွိ အလံုးငယ္ေလးကလႈပ္႐ွားသြားသလို လည္ပင္း႐ွိအေၾကာငယ္တို႔ကလည္းေခတၱမ်ွအလုပ္႐ႈပ္သြား႐ွာသည္။

                မ်ိဳးတူခ်င္းျဖစ္ပါလ်က္ယခုကဲ့သို႕အိေျႏၵမဲ့စြာေငးၾကည့္ေနမိသည့္ မိမိအျဖစ္ကိုမိမိသတိထားမိသည့္အခ်ိန္မွာေတာ့ ကြၽန္ေတာ့္ရဲ႕မ်က္ႏွာတစ္ခုလံုးကမီးဟပ္ခံထားရသလို နီရဲပူတက္လာသည္။

          "မင္းေရာ....ဒီလိုပဲခက္ခဲခဲ့တာလား"

        ႐ုတ္တရတ္ထြက္လာသည့္ ေကာင္းကင္ရဲ႕စကားေၾကာင့္ကြၽန္ေတာ့္မွာေၾကာင္အသြားမိသည္။

       "ဘာကိုလဲ"

         "မင္းအေဖ ငါတို႔အေၾကာင္းကိုသိသြားတုန္းကေလ"

          ဆိုလိုသည့္ အဓိပၸါယ္ကိုနားလည္သြားသည့္အခါမွာေတာ့ ကြၽန္ေတာ့္လက္ထဲကဘူးအစိမ္းေလး၏အရည္အခ်ိဳ႕က ကြၽန္ေတာ့္ပါးစပ္အတြင္းသို႔ခါးသက္စြာဝင္ေရာက္လာသည္။

         "ခက္ခဲတယ္ဆိုတာထက္...ေၾကာက္မိတယ္ဆိုပိုမွန္မယ္ထင္တယ္၊မိဘျဖစ္သူကေတာင္ လက္ခံေပးဖို႔ ၊နားလည္ေပးဖို႔ ခက္ခဲတဲ့လမ္းတစ္ခုကို ဆက္ေလ်ွာက္ဖို႔အတြက္ ငါတကယ္ပဲေၾကာက္မိတယ္"

          "ဒါေပမယ့္...ငါ့ရဲ႕ေၾကာက္စိတ္ေတြကို မင္းအေပၚထားတဲ့အခ်စ္ေတြကအႏိုင္ယူသြားတဲ့တယ္"

             ေသာက္ထားသည့္ယမကာအ႐ွိန္ႏွင့္ ကဗ်ာဆန္ဆန္စကားလံုးအခ်ိဳ႕ကိုေရရြတ္မိေတာ့ေကာင္းကင္ဆီမွ ေလွာင္ရယ္လိုဟန္ ရယ္သံခပ္လြင္လြင္ေလးပ်ံလြင့္လာသည္။

             ထပ္မံပူတက္လာသည့္မ်က္ႏွာေၾကာင့္ လက္ထဲကဘူးကို ေနာက္တစ္ႀကိမ္ထပ္ေမာ့မိသည္အထိ ေကာင္းကင္ကအရယ္မရပ္ေသး။

            "မင္းငါ့ကို ဘယ္အခ်ိန္ကစခ်စ္ခဲ့တာလဲ"

            ႐ုတ္တရတ္ဆန္စြာေမးလာသည့္ေကာင္းကင္ရဲ့စကားက ကြၽန္ေတာ့္ရဲ႕ေသာက္လက္စဘီယာအခ်ိဳ႕ကိုသီးေစသည္အထိအစြမ္းထက္သည္။ကြၽန္ေတာ့္ရဲ႕မ႐ွဴ ႏိုင္မကယ္ႏိုင္ျဖစ္ေနသည့္ပံုကိုၾကည့္ရင္း ေကာင္းကင္ကေခါင္းတစ္ခ်က္ခါကာ ေသာက္လက္စကိုဆက္ေသာက္သည္။ၾကည့္ရတာ ေသာက္ထားသည့္ယမကာအ႐ွိန္ေၾကာင့္ ႏႈတ္သြက္လူသြက္ျဖစ္ေနသည္မွာ ကြၽန္ေတာ္တစ္ေယာက္တည္း ျဖစ္ဟန္မတူ။

             "ငါမင္းကို ဘယ္အခ်ိန္ကစခ်စ္ခဲ့လဲဆိုတာငါမသိဘူး...။ငါကိုးတန္းႏွစ္ေရနစ္တုန္း မင္းကယ္ခဲ့တုန္းကလား..၊ငါတို႔ပထမဆံုး အရက္ခိုးေသာက္တုန္းကလား၊ငါႀကိဳက္ေနတဲ့ေကာင္မေလးကို မင္းစာေပးတုန္းကလား...ဒါမွမဟုတ္ ငါတို႔ဘဝထဲကို မမျခယ္ဝင္လာတုန္းကလား၊အမွန္တိုင္းေျပာရရင္ငါတကယ္ေသခ်ာမသိဘူး."

           "ဒါေပမယ့္ ငါမင္းကိုခ်စ္ေနမိျပီလို႔ ေသခ်ာဆံုးျဖတ္ၿပီးတဲ့အခ်ိန္မွာေတာ့ ငါ့ရဲ႕အရာအားလံုးကမင္း..ဆိုၿပီးတံဆိပ္ခတ္ႏွိပ္ၿပီးသားျဖစ္သြားတယ္"

         တဒိတ္ဒိတ္တိုးေနသည့္ ႏွလံုးခုန္ႏႈန္းႏွင့္အညီ ရင္ထဲ႐ွိသမ်ွစကားတို႔ကို ပ်ိဳးျကဲမိေတာ့ ရလဒ္အျဖစ္ ေကာင္းကင္၏ အခ်စ္ရိပ္သန္းေနသည့္မ်က္ဝန္းေလးေတြကိုလက္ခံရ႐ွိသည္။

         ကြၽန္ေတာ့္ရဲ႕လက္ေခ်ာင္းေတြေပၚေရာက္လာသည့္ ဆင္ၿမီးလက္စြပ္ငယ္စြပ္ထားသည့္ လက္ေလးတစ္ဖက္ေၾကာင့္ ကြၽန္ေတာ့္ကမၻာကလံုျခံဳသြားသလိုပင္။ၿပီးျပည့္စံုသြားသလိုပင္...။

           ေကာင္းကင္ထံမွ "ခ်စ္တယ္" ဆိုသည့္စကားတစ္ခြန္းကို ၾကားခ်င္မိေပမယ့္လည္း ခုခ်ိန္ထိမေတာင္းဆိုမိသည္က ကြၽန္ေတာ့္ရဲ႕ခ်စ္ျခင္းေမတၱာေတြႏွင့္ပင္ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ရဲ႕ဆက္ဆံေရးက ခိုင္မာေနခဲ့ၿပီမို႔...။

         တြဲထားသည့္လက္ေတြသက္ဆံုးတိုင္ ျမဲျမံေနဖို႔က နားလည္မႈေတြ႐ွိဖို႔သာအဓိကမို႔ ေကာင္းကင္ရဲ႕ရင္တြင္းက အခ်စ္ေတြကို ထုတ္မျပလ်ွင္ေတာင္ ကြၽန္ေတာ္ျမင္ေနႏိုင္ခဲ့ပါၿပီ....။

>>>>>>>>>>♥>>>>>>>>>>>

The end is coming soon.
With Love
Zin❤

>>>>>>>>>>>>>>>>>>>>>>

Unicode

              မနေ့ကတည်းက အဆက်မပြတ်ခေါ်နေခဲ့သည့်ဖုန်းကို မကိုင်ခဲ့သည့်လူက ဒီမနက်မှာတော့ ကျွန်တော်တို့တိုက်ခန်းရှေ့သို့ရုတ်တရတ်ကြီးရောက်လာသည်။"အောက်ကိုခဏဆင်းခဲ့"ဟု စကားသံပြတ်ပြတ်ဖြင့်ပြောလာသည့် ကောင်းကင်ကြောင့် စိုးရိမ်စိတ်ကိုရင်ဝယ်ပိုက်ကာ အောက်သို့အလျှင်အမြန်ပြေးဆင်းမိသည်။

              အောက်သို့ရောက်ရောက်ချင်းမြင်လိုက်ရသည့် မြင်ကွင်းကြောင့် ဖရိုဖရဲဖြင့်အသည်းအသန်ပြေးလာမိသည့်မိမိကိုယ်မိမိ နီးစပ်ရာတိုင်နှင့်သာခေါင်းကိုပြေးဆောင့်ချင်မိတော့သည်။ဖွာလန်ကြဲနေသည့်ဆံပင်နှင့် အနည်းငယ်စောင်းရွဲ့နေသည့် တွန့်ကြေကြေအကျႌကို ကပျာကယာပြုပြင်မိသည်က ရှေ့တည့်တည့်တွင်ရှိနေသည့် ကောင်းကင်အဖေ၏မျက်နှာကြောင့်....။

             လက်ထဲတွင် luggage  အိတ်တစ်လုံးကိုင်ကာ အဖေဖြစ်သူဘေးတွင် မတ်တပ်ရပ်နေသည့်ကောင်းကင်ပုံစံက တကယ့်ကို ဝါရင့်သိက္ခာတော်ရဘုန်းတော်ကြီးတစ်ပါးသဖွယ် တည်ငြိမ်လွန်းလှသည်။

            "ငါမင်းတိုက်ခန်းမှာ လာနေတာ"

           တစ်ခွန်းတည်းပြောကာ အိတ်ကလေးဆွဲ၍ထွက်သွားသည့် ငတိကြောင့်ကျွန်တော့်မှာ ပါးစပ်အဟောင်းသား။အချိန်အတန်ကြာသည်အထိ အာစေးမိနေသည့်လူလို စကားတစ်ခွန်းမှမဆိုဘဲငြိမ်သက်နေမိသည်က ကျွန်တော့်ပုခုံးပေါ်သို့ခပ်နွေးနွေးလက်တစ်စုံရောက်လာသည်အထိ...။

              "သားငယ်က အိမ်မှာသူ့အမေနဲ့ပြဿ     နာဖြစ်လာတာ" 

            အန်ကယ့်ရဲ့လေသံခပ်အေးအေးကို တုံ့ပြန်မိသည်က သက်ပြင်းတစ်ရှိုက်ရယ်သာ...။

          "အပြင်မှာ သူ့ကိုဒီအတိုင်းတစ်ယောက်တည်းထားရမှာ အန်ကယ်တကယ်စိတ်မချဘူး၊အဲ့ဒါကြောင့် အန်ကယ်သူ့ကိုမင်းဆီမှာယုံယုံကြည်ကြည်အပ်ထားပါရစေ"

           သုံးနှုန်းထားသည့်စကားလုံးတွေကရိုးစင်းပေမယ့်  အဓိပ္ပါယ်ကတော့ထင်သလောက်မရိုးစင်းမှန်း ကျွန်တော်ရော ကောင်းကင်အဖေပါအသိဆုံးပင်။စောင့်ထိန်းအပ်သည့် ကိုယ်ကျင့်တရားကို စိန်ခေါ်လာသည့်စကားလုံးတွေကြောင့် ခပ်မဲ့မဲ့အပြုံးတစ်ပွင့်ကိုခြွေမိသည်။

            "စိတ်ချပါအန်ကယ်၊ကောင်းကင်အပေါ်မှာထားတဲ့ကျွန်တော့်ရဲ့အချစ်တွေက အရောင်အဆင်းကင်းပါတယ်"

             ဂုဏ်မာန်ဝင့်စွာပြောရင်း ကိုယ့်ကိုယ်ကိုပါ သိက္ခာတရားဆိုသည့် သံဆူးကြိုးနှင့်အထပ်ထပ်ရစ်ပတ်နှောင်ဖွဲ့မိသည်။ကျွန်တော့်စကားကြောင့်သားဖြစ်သူကို စိတ်ချသွားဟန်တူသည့် အန်ကယ်က နှုတ်ဆက်ပြုံးတစ်ချက်ပေးကာ ကျွန်တော့်ထံပါးမှထွက်ခွာသည်။

            ကျွန်တော်အခန်းဆီသို့ ပြန်ရောက်သည့်အချိန်မှာတော့ ကောင်းကင်က အခန်းထဲရှိ ဆိုဖာငယ်လေးတွင်ငူငူငိုင်ငိုင်နှင့်ထိုင်နေသည်။

        "အဆင်ပြေရဲ့လား"

          အသံလှိုင်းကင်းမဲ့နေသည့် လေထုကိုလှုပ်ရှားတုန်ခါစေသည်က ကျွန်တော့်ရဲ့စကားတစ်ခွန်းပင်။ဖြေသူမဲ့နေသည့်အမေးစကားက အားငယ်သွားသည့်တိုင် ထိုစကားရပ်ကိုထုတ်လွှတ်လိုက်သည့် ကျွန်တော့်နှုတ်ခမ်းထက်တွင်တော့ နားလည်မှုအပြည့်ပါသည် အပြုံးတစ်ခုဆင်မြန်းထားမြဲပင်...။

           "ကာကာ...ငါအခုချိန်မှာတစ်ယောက်တည်းနေချင်တယ်၊ငါ့ကိုခဏလောက်လွှတ်ပေးထားလို့ရမလား"

          တိုးတိမ်စွာတောင်းဆိုလာသည့်လူကိုခေါင်းတစ်ချက်ညိတ်ကာကြည်ဖြူ စွာခွင့်ပြုပေးမိသည်။

        "ကောင်းကင်.."

         ခေါ်မိသည့်အမည်နာမကြောင့် အိပ်ခန်းဆီသို့ဦးတည်နေသည့် ကောင်းကင်ရဲ့ခြေလှမ်းတွေကတုန့်ခနဲရပ်သွားသည်။

         "အခုချိန်မှာ ဒီပြဿ     နာတွေအတွက် မင်းအချိန်ယူသင့်တယ်ဆိုတာ ငါနားလည်ပါတယ်၊ဒါပေမယ့် မင်းဘေးမှာငါအမြဲတမ်းရှိနေတယ်ဆိုတာကိုတော့ ဘယ်တော့မှမမေ့လိုက်ပါနဲ့"

        အားတင်း၍ ပြုံးပြလာသည့် အပြုံးတစ်ချက်နှင့်ပင် ဖြေဆိုစရာမလိုအောင် အဓိပ္ပါယ်ပြည့်စုံသည်။

          ကောင်းကင်တစ်ယောက် အိပ်ခန်းထဲဝင်သွားမှ ကျွန်တော်လည်းစရောက်ကတည်းက ဖြစ်သလိုနေနေခဲ့သော တိုက်ခန်းငယ်ကို သန့်ရှင်းရေးလုပ်ရသည်။နေ့လယ်အထိ ပွင့်မလာသည့် အိပ်ခန်းတံခါးကိုတစ်ချက်ကြည့်ရင်း ဟောင်းလောင်းဖြစ်နေသည့်ရေခဲသေတ္တာကိုဖြည့်ရန် နီးစပ်ရာ mini mart သို့ပြေးရသည်။

             မချက်တတ်ချက်တတ်နှင့် ချက်ထားသည့် အာလူးနှင့်ကြက်ဥရောကြော်ထားသည့် ကိုယ်တိုင်ချက်ဟင်းလျာ၏အရသာကအရမ်းကြီးဆိုးရွားမနေ၍ လူကမာန်တောင်တက်ချင်လာသလိုပင်။အင်း.....ခုနလေးတင်အမှိုက်ပုံးထဲ လွှင့်ပစ်လိုက်ရသည့် အကြေးခွံဗရပွနှင့် ညှီစို့စို့အနံ့ထွက်နေသည့်ငါးဟင်းအကြောင်းမတွေးမိလျှင်တော့ ကျွန်တော့်ရဲ့လက်ရာက ကောင်းကင်လက်ဖျားခါချင်စရာပင်။

         ဟင်းချက်တုန်းက သုံးထားသည့်ပန်းကန်အချို့ကိုဆေးပြီးသည့်အချိန်မှာတော့ ည ၇နာရီကျော်နေခဲ့ပြီဖြစ်သည်။တစ်နေကုန်အခန်းအောင်းနေသည့်လူကို အပြင်ခေါ်ထုတ်ရန် အခန်းဝဆီသို့သွားမိသည့်အချိန်မှာတော့ တိုက်ဆိုင်စွာပဲ အခန်းတံခါးကပွင့်လာသည်။

           "ထမင်း..ထမင်းစားဖို့လာခေါ်တာ"

            အနီးကပ်မြင်နေရသည့် မျက်လုံးနီနီရဲရဲတွေနှင့်အကြည့်ချင်းဆုံမိသည့်ခဏမှာတော့ ကျွန်တော့်ရဲ့စကားတွေကထစ်အသွားရသည်။အနီရောင်ဖက်သန်းနေသည့် မျက်လုံးအိမ်ငယ်နှင့် မို့အစ်နေသည့်အောက်မျက်ခမ်းစပ်တွေက ငိုထားသည်ဆိုတာကိုသက်သေပြနေသလိုပင်..။

              အရင်ရက်တွေတုန်းက မမကြီးလာပို့ပေးထားသည့်ကြက်သားကြော်ထဲမှတစ်တုံးကို သူ့ထဲထည့်ပေးမိတော့ ကျွန်တော့်ထံအကြည့်အချက်ပို့လွှတ်သည်။သူ့အကြည့်ကြောင့် နှလုံးသွေးတိုးသွားရသည့် ကျွန်တော့်မှာတော့ ဇွန်းကိုင်ထားသည့်လက်တွေပင်တုန်ချင်နေသလိုလို..။

              ထမင်းစားပြီးကတည်းက တိုက်ခန်း၏ဝရန်တာငယ်လေးတွင်သွားထိုင်နေသည့်သူ့ထံသို့ ရေခဲသေတ္တာထဲမှ အစိမ်းရောင်ဘူးလေးနှစ်ဘူးကို ကိုင်ကာသွားမိသည်။ကျွန်တော်လှမ်းပေးလာသည့် ဘူးကိုကိုင်ကာတစ်ငုံသောက်လိုက်သည်ကောင်းကင်ကြောင့်သူ့ရဲ့လည်ပင်းရှိ အလုံးငယ်လေးကလှုပ်ရှားသွားသလို လည်ပင်းရှိအကြောငယ်တို့ကလည်းခေတ္တမျှအလုပ်ရှုပ်သွားရှာသည်။

                မျိုးတူချင်းဖြစ်ပါလျက်ယခုကဲ့သို့အိနြေ္ဒမဲ့စွာငေးကြည့်နေမိသည့် မိမိအဖြစ်ကိုမိမိသတိထားမိသည့်အချိန်မှာတော့ ကျွန်တော့်ရဲ့မျက်နှာတစ်ခုလုံးကမီးဟပ်ခံထားရသလို နီရဲပူတက်လာသည်။

          "မင်းရော....ဒီလိုပဲခက်ခဲခဲ့တာလား"

        ရုတ်တရတ်ထွက်လာသည့် ကောင်းကင်ရဲ့စကားကြောင့်ကျွန်တော့်မှာကြောင်အသွားမိသည်။

       "ဘာကိုလဲ"

         "မင်းအဖေ ငါတို့အကြောင်းကိုသိသွားတုန်းကလေ"

          ဆိုလိုသည့် အဓိပ္ပါယ်ကိုနားလည်သွားသည့်အခါမှာတော့ ကျွန်တော့်လက်ထဲကဘူးအစိမ်းလေး၏အရည်အချို့က ကျွန်တော့်ပါးစပ်အတွင်းသို့ခါးသက်စွာဝင်ရောက်လာသည်။

         "ခက်ခဲတယ်ဆိုတာထက်...ကြောက်မိတယ်ဆိုပိုမှန်မယ်ထင်တယ်၊မိဘဖြစ်သူကတောင် လက်ခံပေးဖို့ ၊နားလည်ပေးဖို့ ခက်ခဲတဲ့လမ်းတစ်ခုကို ဆက်လျှောက်ဖို့အတွက် ငါတကယ်ပဲကြောက်မိတယ်"

          "ဒါပေမယ့်...ငါ့ရဲ့ကြောက်စိတ်တွေကို မင်းအပေါ်ထားတဲ့အချစ်တွေကအနိုင်ယူသွားတဲ့တယ်"

             သောက်ထားသည့်ယမကာအရှိန်နှင့် ကဗျာဆန်ဆန်စကားလုံးအချို့ကိုရေရွတ်မိတော့ကောင်းကင်ဆီမှ လှောင်ရယ်လိုဟန် ရယ်သံခပ်လွင်လွင်လေးပျံလွင့်လာသည်။

             ထပ်မံပူတက်လာသည့်မျက်နှာကြောင့် လက်ထဲကဘူးကို နောက်တစ်ကြိမ်ထပ်မော့မိသည်အထိ ကောင်းကင်ကအရယ်မရပ်သေး။

            "မင်းငါ့ကို ဘယ်အချိန်ကစချစ်ခဲ့တာလဲ"

            ရုတ်တရတ်ဆန်စွာမေးလာသည့်ကောင်းကင်ရဲ့စကားက ကျွန်တော့်ရဲ့သောက်လက်စဘီယာအချို့ကိုသီးစေသည်အထိအစွမ်းထက်သည်။ကျွန်တော့်ရဲ့မရှူ နိုင်မကယ်နိုင်ဖြစ်နေသည့်ပုံကိုကြည့်ရင်း ကောင်းကင်ကခေါင်းတစ်ချက်ခါကာ သောက်လက်စကိုဆက်သောက်သည်။ကြည့်ရတာ သောက်ထားသည့်ယမကာအရှိန်ကြောင့် နှုတ်သွက်လူသွက်ဖြစ်နေသည်မှာ ကျွန်တော်တစ်ယောက်တည်း ဖြစ်ဟန်မတူ။

             "ငါမင်းကို ဘယ်အချိန်ကစချစ်ခဲ့လဲဆိုတာငါမသိဘူး...။ငါကိုးတန်းနှစ်ရေနစ်တုန်း မင်းကယ်ခဲ့တုန်းကလား..၊ငါတို့ပထမဆုံး အရက်ခိုးသောက်တုန်းကလား၊ငါကြိုက်နေတဲ့ကောင်မလေးကို မင်းစာပေးတုန်းကလား...ဒါမှမဟုတ် ငါတို့ဘဝထဲကို မမခြယ်ဝင်လာတုန်းကလား၊အမှန်တိုင်းပြောရရင်ငါတကယ်သေချာမသိဘူး."

           "ဒါပေမယ့် ငါမင်းကိုချစ်နေမိပြီလို့ သေချာဆုံးဖြတ်ပြီးတဲ့အချိန်မှာတော့ ငါ့ရဲ့အရာအားလုံးကမင်း..ဆိုပြီးတံဆိပ်ခတ်နှိပ်ပြီးသားဖြစ်သွားတယ်"

         တဒိတ်ဒိတ်တိုးနေသည့် နှလုံးခုန်နှုန်းနှင့်အညီ ရင်ထဲရှိသမျှစကားတို့ကို ပျိုးကြဲမိတော့ ရလဒ်အဖြစ် ကောင်းကင်၏ အချစ်ရိပ်သန်းနေသည့်မျက်ဝန်းလေးတွေကိုလက်ခံရရှိသည်။

         ကျွန်တော့်ရဲ့လက်ချောင်းတွေပေါ်ရောက်လာသည့် ဆင်မြီးလက်စွပ်ငယ်စွပ်ထားသည့် လက်လေးတစ်ဖက်ကြောင့် ကျွန်တော့်ကမ္ဘာကလုံခြုံသွားသလိုပင်။ပြီးပြည့်စုံသွားသလိုပင်...။

           ကောင်းကင်ထံမှ "ချစ်တယ်" ဆိုသည့်စကားတစ်ခွန်းကို ကြားချင်မိပေမယ့်လည်း ခုချိန်ထိမတောင်းဆိုမိသည်က ကျွန်တော့်ရဲ့ချစ်ခြင်းမေတ္တာတွေနှင့်ပင် ကျွန်တော်တို့နှစ်ယောက်ရဲ့ဆက်ဆံရေးက ခိုင်မာနေခဲ့ပြီမို့...။

         တွဲထားသည့်လက်တွေသက်ဆုံးတိုင် မြဲမြံနေဖို့က နားလည်မှုတွေရှိဖို့သာအဓိကမို့ ကောင်းကင်ရဲ့ရင်တွင်းက အချစ်တွေကို ထုတ်မပြလျှင်တောင် ကျွန်တော်မြင်နေနိုင်ခဲ့ပါပြီ....။

>>>>>>>>>>♥>>>>>>>>>>>

The end is coming soon.
With Love
Zin❤

Continua a leggere

Ti piacerà anche

351K 24.1K 50
တကယ်ပါ ခြေတစ်လှမ်း လှမ်းတိုင်း လူကြီးကို တစ်ခါလွမ်းခဲ့တာ။ ခင်ဗျားပေးခဲ့တဲ့ Foot Chainလေးက ခြေလှမ်းလိုက်တိုင်း ခင်ဗျားကိုလွမ်းဖို့ သတိပေးနေသလိုပဲ။ ကျ...
Opposite Da Mochi

Storie d'amore

829K 54.5K 65
Cover by _ Moh Moh ရွင္မင္းထိုက္ မင္းခန္႔ေဇ ေကာင္းထက္ ဇြဲ မတူညီတဲ့ အက်င့္ေတြ မတူညီတဲ့ စိတ္ဓာတ္ေတြနဲ႔ လူသား ၂ ဦးဟာ အဆံုးသတ္မွာ ေပါင္းဖက္ႏိုင္မွာလား...
5.7K 182 22
ဘ၀မှာ ပထမဆုံး ခံစားလိုက်ရတဲ့ အချစ်ကြောင့် နှလုံးသားက စေခိုင်းတဲ့ အမိန့်​နဲ့ သူ့အချစ်ရှိရာဆီ သူ့အိမ်မက်တွေကို စွန့်လွှတ်ပြီး ရောက်အောင် လာခဲ့တဲ့ ကောင်...
606K 58.8K 87
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...