Zawgyi
အိမ္ထဲသို႔လွမ္းဝင္လာမိသည့္ေျခလွမ္းေတြက အရင္အခ်ိန္ေတြႏွင့္မတူေအာင္ကို ေလးလံလြန္းေနခဲ့သည္။အဆမတန္လႈပ္႐ွားေနသည့္စိတ္ေၾကာင့္ နရီမွန္စြာ႐ႈ႐ိႈက္ေနက် ဝင္ေလထြက္ေလကပင္မမွန္ခ်င္။
အိမ္ထဲသို႔ဝင္ဝင္ခ်င္းခံစားမိသည့္ ေလထုအေျခအေနက အရင္အခ်ိန္ေတြကထက္ မ်ားစြာေအးစက္လြန္းေနသည္။ကြၽန္ေတာ္တို႔ျပႆ နာ၏ဇစ္ျမစ္ကို အကုန္မသိေသာ္လည္း အနည္းငယ္မ်ွရိပ္စားမိဟန္တူသည့္ ႀကီးႀကီးက ကြၽန္ေတာ္ပင္မေမးရဘဲ ေမေမ႐ွိရာအခန္းဆီသို႔ေမးေငါ့ျပသည္။
ကြၽန္ေတာ့္ကိုတစ္ခ်က္ၾကည့္ကာ သက္ျပင္းခ်၍ထြက္သြားသည့္ ႀကီးႀကီး၏ေက်ာျပင္ကို ၾကည့္ၿပီးကြၽန္ေတာ္လည္းပင့္သက္တစ္ခ်က္႐ိႈက္မိသည္။ေမေမ႐ွိရာအခန္းငယ္ဆီသို႔ေရာက္သည့္အခ်ိန္မွာေတာ့ ပိတ္ထားသည့္တံခါးခ်ပ္တစ္ခုက ကြၽန္ေတာ့္ကို ခရီးဦးႀကိဳျပဳသည္။
"ေမေမ....တံခါးခဏဖြင့္ပါဦး"
တားဆီးပိတ္ဆို႔ထားသည့္ တံခါးငယ္ကိုအႀကိမ္ႀကိမ္အခါခါ ပုတ္ခတ္လွံု႔ေဆာ္ေသာ္လည္း အေၾကာင္းထူးမလာခဲ့။တင္းၾကပ္စြာပိတ္ဆို႔ထားသည့္ တံခါးလို ေမေမ့ရဲ႕စိတ္ေတြလည္း ေဒါသေၾကာင့္ မြန္းၾကပ္ပိတ္ဆို႔ေနေလမလားေတာ့ကြၽန္ေတာ္မေျပာတတ္..။
"ေမေမ.....ကြၽန္ေတာ္ေတာင္းပန္ပါတယ္၊ဒီကိစၥေတြက ကြၽန္ေတာ္တမင္ရည္ရြယ္ၿပီးလုပ္ခဲ့တာ မဟုတ္ပါဘူး..."
တံု႔ျပန္မႈမဲ့ေနသည့္တိုင္ေအာင္ ကြၽန္ေတာ္တစ္ဦးတည္း တိုင္တည္သလို ေရရြတ္မိသည္။
"အေမတစ္ေယာက္ကို ဒီလိုစကားမ်ိဳးေျပာရတာ ႐ွက္ဖို႔ေကာင္းမွန္းသိေပမယ့္ က်ြန္ေတာ္တစ္ခါေလာက္ေတာ့ ဝန္ခံပါရေစ...."
"ကြၽန္ေတာ္ ကာကာ့ကို ခ်စ္တယ္ေမေမ...၊မျဖစ္သင္႔မွန္းသိေပမယ့္ ကြၽန္ေတာ့္ရဲ႕ ေယာက်္ားသိကၡာ ေယာက်္ားမာနေတြနဲ႔ ရင္းၿပီးေတာ့ေတာင္ ကြၽန္ေတာ္သူ႔ကို ခ်စ္မိခဲ့တယ္"
"လက္ခံေပးဖို႔ မတိုက္တြန္းခ်င္ေပမယ့္ ကြၽန္ေတာ့္ကို နားလည္ေပးဖို႔ေတာ့ေတာင္းဆိုပါရေစ၊ကြၽန္ေတာ့္မွာ ဒီမိသားစုေလးပဲ႐ွိတာမလို႔ ေမေမတို႔ကေတာ့ ကြၽန္ေတာ့္ဘက္က႐ွိေနေပးလို႔မရဘူးလားဗ်ာ"
တုန္ရီစြာထြက္ေပၚလာသည့္ကြၽန္ေတာ့္အသံက တစ္စက္မွအားရစရာမ႐ွိ။တျခားလူေတြရဲ႕ျပစ္တင္ကဲ့ရဲ႕မႈေတြကိုခံႏိုင္ေပမယ့္ ကြၽန္ေတာ္တန္ဖိုးထားရသည့္ ဒီမိသားစုေလးကိုေတာ့ ကြၽန္ေတာ့္ဘက္မွာ႐ွိေနေစခ်င္မိသည္ကကြၽန္ေတာ့္ရဲ႕ အျဖဴ ေရာင္မႈန္းသည့္အတၱပင္။
ျခားနားထားသည့္တံခါးခ်ပ္ကို ေက်ာ္လြန္၍ထြက္ေပၚလာသည့္ ႐ိႈက္သံေၾကာင့္ကြၽန္ေတာ့္ဒူးတစ္စံုက ၫြတ္ေကြးက်သြားရသည္။ၾကားေနရသည့္ ေမေမ့ရဲ႕ ငို႐ိႈက္သံက ကြၽန္ေတာ့္ရင္ကို မီးစျပင္းျပင္းႏွင့္ထိုးေနသလိုပင္။
မိဘကို စိတ္ဆင္းရဲေအာင္လုပ္မိေလျခင္းဆိုသည့္အေတြးက ကြၽန္ေတာ့္ရဲ႕ႏႈတ္ခမ္းသားညိဳညိဳေတြအေပၚကိုသြားရာထင္သည္အထိ ဖိႀကိတ္မိေစသည္။တင္းတင္းဆုပ္ထားမိသည့္ လက္တို႔သည္လည္း တံခါးကိုေနာက္တစ္ႀကိမ္ေခါက္ဖို႔ရာအတြက္ မႀကိဳးစားလိုေတာ့။
ေမေမ့ရဲ႕ငို႐ိႈက္သံတို႔ကို မၾကားႏိုင္ေတာ့၍ ေမေမ့အခန္းတံခါးဝမွ ဆုတ္ခြာမိသည္။ကြၽန္ေတာ့္အခန္းထဲသို႔ေရာက္ေရာက္ျခင္းၾကားလိုက္ရသည္ ဘယ္အခ်ိန္တည္းက ျမည္ေနမွန္းမသိေသာ ကြၽန္ေတာ့္ဖုန္းသံ။
ခဏအၾကာမွာ ၿငိမ္သက္သြားသည့္ဖုန္းေလး၏ call log တြင္ေတာ့ ရဲရဲနီေနေသာ missed call ေပါင္းမ်ားစြာက ေနရာယူထားေလသည္။ၾကည့္ေနရင္းပင္ ေနာက္ထပ္တစ္ႀကိမ္ ထပ္မံျမည္လာသည့္ဖုန္းေၾကာင့္ ေလပူတစ္ခ်က္ကို မႈတ္ထုတ္လိုက္မိသည္။
အဆက္မျပတ္ျမည္ေနသည့္ ဖုန္းကိုမကိုင္မိသည္က ေတြေဝေနမိ၍မဟုတ္....ကိုယ့္ေၾကာင့္ ထိုသူကို ထပ္ၿပီးစိတ္မပင္ပန္းေစခ်င္သည္ေၾကာင့္သာ..။ကိုယ့္ေၾကာင့္ သူပူေလာင္သြားရမည့္ အျဖစ္မ်ိဳးမျဖစ္ေစလိုသည္ေၾကာင့္ အခုခ်ိန္မွာ ကိုယ့္အပူေတြကို မ်ွေဝခ်င္စိတ္မ႐ွိ..။
တိုက္ခတ္လာသည့္ ေလပူတစ္ခ်က္ေၾကာင့္ တလြင့္လြင့္ျဖစ္သြား႐ွာေသာ လိုက္ကာေလး႐ွိသည့္ အခန္းငယ္ထဲတြင္ ၿငိမ္သက္စြာ ထိုင္ေနသည့္ ေကာင္ငယ္ေလးတစ္ေယာက္႐ွိေနခဲ့သည္။ထပ္ခါထပ္ခါျမည္ေနသည့္ ဖုန္းသံေလးကေတာ့ ထိုေကာင္ငယ္ေလးကို အေဖာ္ျပဳရင္း.....။
>>>>>>>>>>>>>>>>>>>>>>>
"မင္း...သူနဲ႔ငါ ၊ဘယ္သူ႔ကိုေရြးမွာလဲ"
ငယ္ငယ္က ကေလးေတြ ကစားလ်ွင္ အတူေနမည့္ ကစားေဖာ္ကို ေရြးခ်ယ္ရသလိုမ်ိဳး ေရြးခ်ယ္ခိုင္းေနသည့္ေမေမ..။ဒါက ကြၽန္ေတာ္ငယ္ငယ္က ကစားခဲ့ဖူးတဲ့ ကစားနည္းမွမဟုတ္ဘဲေမေမ။အခုအေျခအေနက ကြၽန္ေတာ့္ေရြးခ်ယ္မႈက ဘယ္ဘက္ကိုပဲေရြးေရြး ကြၽန္ေတာ္ပဲဆံုး႐ွံုးရမည့္ ေရြးခ်ယ္မႈမ်ိဳး။ေရြးခ်ယ္ရမည့္ ႏွစ္ဖက္လံုးက ကြၽန္ေတာ္ ဘယ္လိုနည္းနဲ႔မွ အဆံုးမခံႏိုုင္သည့္လူႏွစ္ေယာက္...။
ေရြးခ်ယ္ရခက္စြာတိတ္ဆိတ္ေနသည့္ ကြၽန္ေတာ့္ပံုစံေၾကာင့္ ေမေမက သူ႔အခန္းထဲသို႔ ျပန္ဝင္သြားေလသည္။မေန႔က ကိစၥေၾကာင့္ကြၽန္ေတာ့္ကို အေတြ႔မခံဘဲေဒါသထြက္ေနသည့္ ေမေမက အခုမနက္မွာေတာ့ ကြၽန္ေတာ့္ကိုဘယ္လိုမွထင္မထားခဲ့သည့္ ေရြးခ်ယ္မႈမ်ိဳးလုပ္ခိုင္းလာခဲ့သည္။
ထိုင္ေနသည့္ေနရာမွာပင္ စိတ္ဓာတ္က်စြာ ေခါင္းငိုက္စိုက္ျဖစ္ေနသည့္ ကြၽန္ေတာ္က ၾကားလိုက္ရသည့္ေမေမ့အခန္းတံခါးဖြင့္သံေၾကာင့္ ေခါင္းေထာင္လာသည္။အခန္းထဲမွ luggage တစ္လံုးဆြဲကာထြက္လာသည့္ ေမေမ့ဟန္ကတစ္ခုခုကို ျပတ္ျပတ္သားသားဆံုးျဖတ္ထားဟန္..။
"ဒီေန႔ ဒီအခ်ိန္က စၿပီး နင္ကငါ့သားမဟုတ္ေတာ့ဘူး"
Luggage အိတ္ကိုကြၽန္ေတာ့္ေ႐ွ႕သို႔ပို႔ကာ ေျပာလာသည့္ ေမေမ့စကားေၾကာင့္ ကြၽန္ေတာ္ေခါင္းနပန္းႀကီးသြားမိသည္။ေမေမကေတာ့ပကတိတည္ၿငိမ္ဆဲ..။
"ေမေမ.."
ကြၽန္ေတာ္အထိတ္တလန္႔ထရပ္လိုက္မိေသာ္လည္း ေမေမကေတာ့ အခုထိမ်က္ႏွာထားတင္းမာလ်က္..။
"ဒါ..မင္းေရြးခ်ယ္ခဲ့တဲ့လမ္းပဲ ေကာင္းကင္"
ျပတ္သားလြန္းသည့္စကားတစ္ခြန္းကိုဆို၍ ေမေမကကြၽန္ေတာ့္ေ႐ွ႕မွထြက္ခြာသြားသည္။ကြၽန္ေတာ္ကေတာ့ ေနရာတြင္ပင္အ႐ုပ္က်ိဳးပ်က္...။
"သားငယ္.."
အခ်ိန္အတန္ၾကာသည္အထိ မ်က္ႏွာကိုလက္ျဖင့္အုပ္ကာထိုင္ေနမိသည့္ ကြၽန္ေတာ့္ေ႐ွ႕ကိုေရာက္လာသည့္ ေျခဖမိုးတစ္စံုႏွင့္ အသံေႏြးေႏြးေလး...။
"ေဖေဖ."
အျမဲတမ္းေအးခ်မ္းေနတတ္သည့္ေဖေဖ့မ်က္ႏွာတြင္ေတာ့ ေႏြးေထြးလြန္းသည္႕မူပိုင္အျပံဳးရိပ္ေလးကေတာ့ အစဥ္အျမဲဆင္ျမန္းလ်က္..။
"ေဖေဖတို႔ စကားေျပာသင့္တယ္လို႔ မထင္ဘူးလား.."
ေဖေဖ့စကားေၾကာင့္ ကြၽန္ေတာ္သက္ျပင္းတစ္ခ်က္႐ိႈက္မိသည္။ေဖေဖကပါ ကြၽန္ေတာ့္ဘက္က ႐ွိမေနေတာ့ဘူးလား....။ကြၽန္ေတာ့္ရဲ႕ေရြးခ်ယ္မႈကို လက္ခံမေပးႏိုင္ဘူးလား...။
" အခုသားေရြးခ်ယ္တဲ့လမ္းက လူအမ်ားလက္ခံဖို႔မလြယ္တဲ့..လူအမ်ားရဲ႕ ျပစ္တင္ကဲ့ရဲ႕ခံရမယ့္လမ္းဆိုတာကို သားသိတယ္ေနာ္"
" ဟုတ္ကဲ့.."
" အခုလိုမ်ိဳးေရြးခ်ယ္လိုက္တဲ့အတြက္ေရာသားေနာင္တရလား"
ေဖေဖ့အေမးစကားအတြက္အေျဖက က်ြန္ေတာ့္ထံတြင္အဆင္သင့္႐ွိေနခဲ့ၿပီးသားပင္။ကာကာ့ကိုေရြးခ်ယ္လိုက္ရသည့္အတြက္ သူဘယ္ေသာအခါမွေနာင္တရလိမ့္မည္မဟုတ္ေပ။ျဖစ္လာသမ်ွျပႆ နာအသြယ္သြယ္ကို ကာကာႏွင့္အတူ က်ြန္ေတာ္ရင္ဆိုင္ရဲေပသည္။
ခက္ခဲၾကမ္းတမ္းမႈေတြ႐ွိေနလ်ွင္ေတာင္ ကာကာနဲ႔သာဆိုလ်ွင္ ကြၽန္ေတာ္ရင္ဆိုင္ႏိုင္မွာ အေသအခ်ာပင္...။ကာကာလည္း ကြၽန္ေတာ့္လိုခံစားရမယ္ဆိုတာကို ရင္ဘတ္ခ်င္းနီးသည့္လူခ်င္းမို႔ ကြၽန္ေတာ္ခိုင္မာစြာသိႏွင့္ေနသည္။
"ကြၽန္ေတာ္ ဘယ္ေတာ့မွေနာင္တရမွာမဟုတ္ဘူးေဖေဖ"
ထိုစကားကိုတည္ၾကည္ေလးနက္ဟန္အျပည့္ျဖင့္ဆိုမိေတာ့ ေဖေဖကျပံဳးသည္။ထိုကဲ့သို႔ ေလးနက္ျပည့္စံုသည့္အျပံဳးမ်ိဳး ေဖေဖျပံဳးသည္ကို ကြၽန္ေတာ့္ဘဝတစ္ေလ်ွာက္လံုးတြင္ ယခုအႀကိမ္က ပထမဆံုးေတြ႔ဖူးျခင္းပင္။
"သြားရေအာင္.."
ေမေမထုတ္ေပးထားခဲ့သည့္ ကြၽန္ေတာ့္ရဲ႕ luggage ေလးကို ဆြဲကာအျပင္ထြက္ရန္ျပင္ေနသည့္ေဖေဖေၾကာင့္ ကြၽန္ေတာ္ပါ ထရပ္မိသည္။
"ဘယ္ကိုလဲေဖေဖ.."
ကြၽန္ေတာ့္၏ အူေၾကာင္ေၾကာင္အေမးကို အေဖကအျပံဳးတစ္ပြင့္ျဖင့္တုန္႔ျပန္သည္။
"ဘယ္ကိုသြားရမွာလဲ.....အခိုင္အမာဆံုးျဖတ္ထားတဲ့သားရဲ႕ ဆံုးျဖတ္ခ်က္ေတြကို အေကာင္အထည္ေဖာ္ဖို႔ ကာကာ့ဆီကိုသြားရမွာေပါ့"
ေဖေဖ့စကားေၾကာင့္ ကြၽန္ေတာ့္မွာေျပာစရာစကားမ်ားေပ်ာက္႐ွရသည္အထိ အံျသမိသည္။ေဖေဖက သူ႔အခ်စ္ေတြကို ၊သူ႔ဆံုးျဖတ္ခ်က္ေတြကို တကယ္ပဲနားလည္လက္ခံေပးေနတာလား။
နားလည္မႈအျပည့္ျဖင့္ ေႏြးေထြးလြန္းေနသည့္ေဖေဖ့မ်က္ႏွာကိုၾကည့္ရင္း ကြၽန္ေတာ့္ရင္တြင္းမွ ဝမ္းနည္းစိတ္၊ဝမ္းသာစိတ္ေတြကတဖိတ္ဖိတ္ယိုစီးက်လာသည္။ဝဲတက္လာသည့္ မ်က္ရည္ၾကည္အခ်ိဳ္႕ျဖင့္ ေဖေဖ့ရင္ခြင္အတြင္းခိုဝင္မိေလေတာ့ ေဖေဖကကြၽန္ေတာ့္ေက်ာကုန္းကို ညင္သာစြာပြတ္သပ္ေပးသည္။
"မငိုနဲ႔သား...ေယာက်္ားဆိုတာ ဒီေလာက္ကိစၥေလးနဲ႔မ်က္ရည္မလြယ္ရဘူး၊အခုသားေရြးခ်ယ္လိုက္တဲ့ လမ္းအတြက္သားဒီထက္ပိုၿပီးၾကံခိုင္ဖို႔လိုတယ္၊သန္မာဖို႔လိုတယ္"
"ေဖေဖကေတာ့ သားေရြးခ်ယ္တဲ့လမ္းကမွားသည္ျဖစ္ေစ၊မွန္သည္ျဖစ္ေစ သားေဘးနားမွာ အျမဲ႐ွိေနမွာပဲ၊သားလမ္းမွားတဲ့အခါ....သားကိုေထာက္ျပၿပီးလမ္းမွန္ပို႔ေပးမယ္၊သား..ေရြးခ်ယ္တဲ့လမ္းမွန္ကန္မယ္ဆိုရင္ ေဖေဖက သားအတြက္ဂုဏ္ျပဳလက္ခုပ္တီးေပးမယ္"
ေဖေဖ့ရဲ႕အားေပးစကားေတြက ကြၽန္ေတာ့္ရင္ကိုေႏြးေထြးေစသည္။ေဖေဖ့ရဲ႕ရင္ဘတ္တြင္ စြန္းထင္သြားသည့္ကြၽန္ေတာ့္ရဲ႕ မ်က္ရည္စက္ေတြက ဝမ္းသားလြန္း၍က်လာသည့္ မ်က္ရည္ေတြမွန္း ေဖေဖသိႏိုင္ေလာက္ပါရဲ႕..။
ေဖေဖနားလည္ေပးသလို ေမေမသာ နားလည္ေပးရင္.....။ေဖေဖ့လို ကာကာ့အေဖသာ က်ြန္ေတာ္တို႔နားတြင္ေနၿပီး လမ္းမွန္ကိုတည့္မတ္ေပးခ်င္စိတ္႐ွိလ်ွင္....။ေဖေဖနားလည္မႈေပးသလိုပတ္္ဝန္းက်င္ကျပစ္တင္ကဲ့ရဲ့တတ္သည့္လူေတြလည္း နားလည္မႈေပးႏိုင္လ်ွင္...စာနာေပးႏိုင္လ်ွင္ ကြၽန္ေတာ္တို႔ အခ်စ္ေတြသည္လည္း ဝဋ္ေျကြးတစ္ခုသဖြယ္အျပစ္ဒဏ္သင့္ေတာ့မည္မဟုတ္.....။
>>>>>>>>>>>♥>>>>>>>>>>>>
❤❤❤
ဒီရက္ပိုင္း Assiment ကိစၥေတြ၊အလုပ္ကိစၥေတြနဲ႔႐ႈပ္ေနတာမလို႔ ေနာက္ထပ္အပိုင္းသစ္ကို ေနာက္တစ္ပါတ္ဗုဒၶဟူးေန႔က်မွ တင္ေပးမယ္ေနာ္😁
ေနာက္တစ္ပါတ္မွာျပန္ေတြ႔ၾကမယ္ေနာ္😘
With Love
Zin❤
>>>>>>>>>>>>>>>>>>>>>>>>>>>>>
Unicode
အိမ်ထဲသို့လှမ်းဝင်လာမိသည့်ခြေလှမ်းတွေက အရင်အချိန်တွေနှင့်မတူအောင်ကို လေးလံလွန်းနေခဲ့သည်။အဆမတန်လှုပ်ရှားနေသည့်စိတ်ကြောင့် နရီမှန်စွာရှုရှိုက်နေကျ ဝင်လေထွက်လေကပင်မမှန်ချင်။
အိမ်ထဲသို့ဝင်ဝင်ချင်းခံစားမိသည့် လေထုအခြေအနေက အရင်အချိန်တွေကထက် များစွာအေးစက်လွန်းနေသည်။ကျွန်တော်တို့ပြဿ နာ၏ဇစ်မြစ်ကို အကုန်မသိသော်လည်း အနည်းငယ်မျှရိပ်စားမိဟန်တူသည့် ကြီးကြီးက ကျွန်တော်ပင်မမေးရဘဲ မေမေရှိရာအခန်းဆီသို့မေးငေါ့ပြသည်။
ကျွန်တော့်ကိုတစ်ချက်ကြည့်ကာ သက်ပြင်းချ၍ထွက်သွားသည့် ကြီးကြီး၏ကျောပြင်ကို ကြည့်ပြီးကျွန်တော်လည်းပင့်သက်တစ်ချက်ရှိုက်မိသည်။မေမေရှိရာအခန်းငယ်ဆီသို့ရောက်သည့်အချိန်မှာတော့ ပိတ်ထားသည့်တံခါးချပ်တစ်ခုက ကျွန်တော့်ကို ခရီးဦးကြိုပြုသည်။
"မေမေ....တံခါးခဏဖွင့်ပါဦး"
တားဆီးပိတ်ဆို့ထားသည့် တံခါးငယ်ကိုအကြိမ်ကြိမ်အခါခါ ပုတ်ခတ်လှုံ့ဆော်သော်လည်း အကြောင်းထူးမလာခဲ့။တင်းကြပ်စွာပိတ်ဆို့ထားသည့် တံခါးလို မေမေ့ရဲ့စိတ်တွေလည်း ဒေါသကြောင့် မွန်းကြပ်ပိတ်ဆို့နေလေမလားတော့ကျွန်တော်မပြောတတ်..။
"မေမေ.....ကျွန်တော်တောင်းပန်ပါတယ်၊ဒီကိစ္စတွေက ကျွန်တော်တမင်ရည်ရွယ်ပြီးလုပ်ခဲ့တာ မဟုတ်ပါဘူး..."
တုံ့ပြန်မှုမဲ့နေသည့်တိုင်အောင် ကျွန်တော်တစ်ဦးတည်း တိုင်တည်သလို ရေရွတ်မိသည်။
"အမေတစ်ယောက်ကို ဒီလိုစကားမျိုးပြောရတာ ရှက်ဖို့ကောင်းမှန်းသိပေမယ့် ကျွန်တော်တစ်ခါလောက်တော့ ဝန်ခံပါရစေ...."
"ကျွန်တော် ကာကာ့ကို ချစ်တယ်မေမေ...၊မဖြစ်သင့်မှန်းသိပေမယ့် ကျွန်တော့်ရဲ့ ယောကျ်ားသိက္ခာ ယောကျ်ားမာနတွေနဲ့ ရင်းပြီးတော့တောင် ကျွန်တော်သူ့ကို ချစ်မိခဲ့တယ်"
"လက်ခံပေးဖို့ မတိုက်တွန်းချင်ပေမယ့် ကျွန်တော့်ကို နားလည်ပေးဖို့တော့တောင်းဆိုပါရစေ၊ကျွန်တော့်မှာ ဒီမိသားစုလေးပဲရှိတာမလို့ မေမေတို့ကတော့ ကျွန်တော့်ဘက်ကရှိနေပေးလို့မရဘူးလားဗျာ"
တုန်ရီစွာထွက်ပေါ်လာသည့်ကျွန်တော့်အသံက တစ်စက်မှအားရစရာမရှိ။တခြားလူတွေရဲ့ပြစ်တင်ကဲ့ရဲ့မှုတွေကိုခံနိုင်ပေမယ့် ကျွန်တော်တန်ဖိုးထားရသည့် ဒီမိသားစုလေးကိုတော့ ကျွန်တော့်ဘက်မှာရှိနေစေချင်မိသည်ကကျွန်တော့်ရဲ့ အဖြူ ရောင်မှုန်းသည့်အတ္တပင်။
ခြားနားထားသည့်တံခါးချပ်ကို ကျော်လွန်၍ထွက်ပေါ်လာသည့် ရှိုက်သံကြောင့်ကျွန်တော့်ဒူးတစ်စုံက ညွတ်ကွေးကျသွားရသည်။ကြားနေရသည့် မေမေ့ရဲ့ ငိုရှိုက်သံက ကျွန်တော့်ရင်ကို မီးစပြင်းပြင်းနှင့်ထိုးနေသလိုပင်။
မိဘကို စိတ်ဆင်းရဲအောင်လုပ်မိလေခြင်းဆိုသည့်အတွေးက ကျွန်တော့်ရဲ့နှုတ်ခမ်းသားညိုညိုတွေအပေါ်ကိုသွားရာထင်သည်အထိ ဖိကြိတ်မိစေသည်။တင်းတင်းဆုပ်ထားမိသည့် လက်တို့သည်လည်း တံခါးကိုနောက်တစ်ကြိမ်ခေါက်ဖို့ရာအတွက် မကြိုးစားလိုတော့။
မေမေ့ရဲ့ငိုရှိုက်သံတို့ကို မကြားနိုင်တော့၍ မေမေ့အခန်းတံခါးဝမှ ဆုတ်ခွာမိသည်။ကျွန်တော့်အခန်းထဲသို့ရောက်ရောက်ခြင်းကြားလိုက်ရသည် ဘယ်အချိန်တည်းက မြည်နေမှန်းမသိသော ကျွန်တော့်ဖုန်းသံ။
ခဏအကြာမှာ ငြိမ်သက်သွားသည့်ဖုန်းလေး၏ call log တွင်တော့ ရဲရဲနီနေသော missed call ပေါင်းများစွာက နေရာယူထားလေသည်။ကြည့်နေရင်းပင် နောက်ထပ်တစ်ကြိမ် ထပ်မံမြည်လာသည့်ဖုန်းကြောင့် လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်မိသည်။
အဆက်မပြတ်မြည်နေသည့် ဖုန်းကိုမကိုင်မိသည်က တွေဝေနေမိ၍မဟုတ်....ကိုယ့်ကြောင့် ထိုသူကို ထပ်ပြီးစိတ်မပင်ပန်းစေချင်သည်ကြောင့်သာ..။ကိုယ့်ကြောင့် သူပူလောင်သွားရမည့် အဖြစ်မျိုးမဖြစ်စေလိုသည်ကြောင့် အခုချိန်မှာ ကိုယ့်အပူတွေကို မျှဝေချင်စိတ်မရှိ..။
တိုက်ခတ်လာသည့် လေပူတစ်ချက်ကြောင့် တလွင့်လွင့်ဖြစ်သွားရှာသော လိုက်ကာလေးရှိသည့် အခန်းငယ်ထဲတွင် ငြိမ်သက်စွာ ထိုင်နေသည့် ကောင်ငယ်လေးတစ်ယောက်ရှိနေခဲ့သည်။ထပ်ခါထပ်ခါမြည်နေသည့် ဖုန်းသံလေးကတော့ ထိုကောင်ငယ်လေးကို အဖော်ပြုရင်း.....။
>>>>>>>>>>>>>>>>>>>>>>>
"မင်း...သူနဲ့ငါ ၊ဘယ်သူ့ကိုရွေးမှာလဲ"
ငယ်ငယ်က ကလေးတွေ ကစားလျှင် အတူနေမည့် ကစားဖော်ကို ရွေးချယ်ရသလိုမျိုး ရွေးချယ်ခိုင်းနေသည့်မေမေ..။ဒါက ကျွန်တော်ငယ်ငယ်က ကစားခဲ့ဖူးတဲ့ ကစားနည်းမှမဟုတ်ဘဲမေမေ။အခုအခြေအနေက ကျွန်တော့်ရွေးချယ်မှုက ဘယ်ဘက်ကိုပဲရွေးရွေး ကျွန်တော်ပဲဆုံးရှုံးရမည့် ရွေးချယ်မှုမျိုး။ရွေးချယ်ရမည့် နှစ်ဖက်လုံးက ကျွန်တော် ဘယ်လိုနည်းနဲ့မှ အဆုံးမခံနိုင်သည့်လူနှစ်ယောက်...။
ရွေးချယ်ရခက်စွာတိတ်ဆိတ်နေသည့် ကျွန်တော့်ပုံစံကြောင့် မေမေက သူ့အခန်းထဲသို့ ပြန်ဝင်သွားလေသည်။မနေ့က ကိစ္စကြောင့်ကျွန်တော့်ကို အတွေ့မခံဘဲဒေါသထွက်နေသည့် မေမေက အခုမနက်မှာတော့ ကျွန်တော့်ကိုဘယ်လိုမှထင်မထားခဲ့သည့် ရွေးချယ်မှုမျိုးလုပ်ခိုင်းလာခဲ့သည်။
ထိုင်နေသည့်နေရာမှာပင် စိတ်ဓာတ်ကျစွာ ခေါင်းငိုက်စိုက်ဖြစ်နေသည့် ကျွန်တော်က ကြားလိုက်ရသည့်မေမေ့အခန်းတံခါးဖွင့်သံကြောင့် ခေါင်းထောင်လာသည်။အခန်းထဲမှ luggage တစ်လုံးဆွဲကာထွက်လာသည့် မေမေ့ဟန်ကတစ်ခုခုကို ပြတ်ပြတ်သားသားဆုံးဖြတ်ထားဟန်..။
"ဒီနေ့ ဒီအချိန်က စပြီး နင်ကငါ့သားမဟုတ်တော့ဘူး"
Luggage အိတ်ကိုကျွန်တော့်ရှေ့သို့ပို့ကာ ပြောလာသည့် မေမေ့စကားကြောင့် ကျွန်တော်ခေါင်းနပန်းကြီးသွားမိသည်။မေမေကတော့ပကတိတည်ငြိမ်ဆဲ..။
"မေမေ.."
ကျွန်တော်အထိတ်တလန့်ထရပ်လိုက်မိသော်လည်း မေမေကတော့ အခုထိမျက်နှာထားတင်းမာလျက်..။
"ဒါ..မင်းရွေးချယ်ခဲ့တဲ့လမ်းပဲ ကောင်းကင်"
ပြတ်သားလွန်းသည့်စကားတစ်ခွန်းကိုဆို၍ မေမေကကျွန်တော့်ရှေ့မှထွက်ခွာသွားသည်။ကျွန်တော်ကတော့ နေရာတွင်ပင်အရုပ်ကျိုးပျက်...။
"သားငယ်.."
အချိန်အတန်ကြာသည်အထိ မျက်နှာကိုလက်ဖြင့်အုပ်ကာထိုင်နေမိသည့် ကျွန်တော့်ရှေ့ကိုရောက်လာသည့် ခြေဖမိုးတစ်စုံနှင့် အသံနွေးနွေးလေး...။
"ဖေဖေ."
အမြဲတမ်းအေးချမ်းနေတတ်သည့်ဖေဖေ့မျက်နှာတွင်တော့ နွေးထွေးလွန်းသည့်မူပိုင်အပြုံးရိပ်လေးကတော့ အစဉ်အမြဲဆင်မြန်းလျက်..။
"ဖေဖေတို့ စကားပြောသင့်တယ်လို့ မထင်ဘူးလား.."
ဖေဖေ့စကားကြောင့် ကျွန်တော်သက်ပြင်းတစ်ချက်ရှိုက်မိသည်။ဖေဖေကပါ ကျွန်တော့်ဘက်က ရှိမနေတော့ဘူးလား....။ကျွန်တော့်ရဲ့ရွေးချယ်မှုကို လက်ခံမပေးနိုင်ဘူးလား...။
" အခုသားရွေးချယ်တဲ့လမ်းက လူအများလက်ခံဖို့မလွယ်တဲ့..လူအများရဲ့ ပြစ်တင်ကဲ့ရဲ့ခံရမယ့်လမ်းဆိုတာကို သားသိတယ်နော်"
" ဟုတ်ကဲ့.."
" အခုလိုမျိုးရွေးချယ်လိုက်တဲ့အတွက်ရောသားနောင်တရလား"
ဖေဖေ့အမေးစကားအတွက်အဖြေက ကျွန်တော့်ထံတွင်အဆင်သင့်ရှိနေခဲ့ပြီးသားပင်။ကာကာ့ကိုရွေးချယ်လိုက်ရသည့်အတွက် သူဘယ်သောအခါမှနောင်တရလိမ့်မည်မဟုတ်ပေ။ဖြစ်လာသမျှပြဿ နာအသွယ်သွယ်ကို ကာကာနှင့်အတူ ကျွန်တော်ရင်ဆိုင်ရဲပေသည်။
ခက်ခဲကြမ်းတမ်းမှုတွေရှိနေလျှင်တောင် ကာကာနဲ့သာဆိုလျှင် ကျွန်တော်ရင်ဆိုင်နိုင်မှာ အသေအချာပင်...။ကာကာလည်း ကျွန်တော့်လိုခံစားရမယ်ဆိုတာကို ရင်ဘတ်ချင်းနီးသည့်လူချင်းမို့ ကျွန်တော်ခိုင်မာစွာသိနှင့်နေသည်။
"ကျွန်တော် ဘယ်တော့မှနောင်တရမှာမဟုတ်ဘူးဖေဖေ"
ထိုစကားကိုတည်ကြည်လေးနက်ဟန်အပြည့်ဖြင့်ဆိုမိတော့ ဖေဖေကပြုံးသည်။ထိုကဲ့သို့ လေးနက်ပြည့်စုံသည့်အပြုံးမျိုး ဖေဖေပြုံးသည်ကို ကျွန်တော့်ဘဝတစ်လျှောက်လုံးတွင် ယခုအကြိမ်က ပထမဆုံးတွေ့ဖူးခြင်းပင်။
"သွားရအောင်.."
မေမေထုတ်ပေးထားခဲ့သည့် ကျွန်တော့်ရဲ့ luggage လေးကို ဆွဲကာအပြင်ထွက်ရန်ပြင်နေသည့်ဖေဖေကြောင့် ကျွန်တော်ပါ ထရပ်မိသည်။
"ဘယ်ကိုလဲဖေဖေ.."
ကျွန်တော့်၏ အူကြောင်ကြောင်အမေးကို အဖေကအပြုံးတစ်ပွင့်ဖြင့်တုန့်ပြန်သည်။
"ဘယ်ကိုသွားရမှာလဲ.....အခိုင်အမာဆုံးဖြတ်ထားတဲ့သားရဲ့ ဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်ဖို့ ကာကာ့ဆီကိုသွားရမှာပေါ့"
ဖေဖေ့စကားကြောင့် ကျွန်တော့်မှာပြောစရာစကားများပျောက်ရှရသည်အထိ အံသြမိသည်။ဖေဖေက သူ့အချစ်တွေကို ၊သူ့ဆုံးဖြတ်ချက်တွေကို တကယ်ပဲနားလည်လက်ခံပေးနေတာလား။
နားလည်မှုအပြည့်ဖြင့် နွေးထွေးလွန်းနေသည့်ဖေဖေ့မျက်နှာကိုကြည့်ရင်း ကျွန်တော့်ရင်တွင်းမှ ဝမ်းနည်းစိတ်၊ဝမ်းသာစိတ်တွေကတဖိတ်ဖိတ်ယိုစီးကျလာသည်။ဝဲတက်လာသည့် မျက်ရည်ကြည်အချို့်ဖြင့် ဖေဖေ့ရင်ခွင်အတွင်းခိုဝင်မိလေတော့ ဖေဖေကကျွန်တော့်ကျောကုန်းကို ညင်သာစွာပွတ်သပ်ပေးသည်။
"မငိုနဲ့သား...ယောကျ်ားဆိုတာ ဒီလောက်ကိစ္စလေးနဲ့မျက်ရည်မလွယ်ရဘူး၊အခုသားရွေးချယ်လိုက်တဲ့ လမ်းအတွက်သားဒီထက်ပိုပြီးကြံခိုင်ဖို့လိုတယ်၊သန်မာဖို့လိုတယ်"
"ဖေဖေကတော့ သားရွေးချယ်တဲ့လမ်းကမှားသည်ဖြစ်စေ၊မှန်သည်ဖြစ်စေ သားဘေးနားမှာ အမြဲရှိနေမှာပဲ၊သားလမ်းမှားတဲ့အခါ....သားကိုထောက်ပြပြီးလမ်းမှန်ပို့ပေးမယ်၊သား..ရွေးချယ်တဲ့လမ်းမှန်ကန်မယ်ဆိုရင် ဖေဖေက သားအတွက်ဂုဏ်ပြုလက်ခုပ်တီးပေးမယ်"
ဖေဖေ့ရဲ့အားပေးစကားတွေက ကျွန်တော့်ရင်ကိုနွေးထွေးစေသည်။ဖေဖေ့ရဲ့ရင်ဘတ်တွင် စွန်းထင်သွားသည့်ကျွန်တော့်ရဲ့ မျက်ရည်စက်တွေက ဝမ်းသားလွန်း၍ကျလာသည့် မျက်ရည်တွေမှန်း ဖေဖေသိနိုင်လောက်ပါရဲ့..။
ဖေဖေနားလည်ပေးသလို မေမေသာ နားလည်ပေးရင်.....။ဖေဖေ့လို ကာကာ့အဖေသာ ကျွန်တော်တို့နားတွင်နေပြီး လမ်းမှန်ကိုတည့်မတ်ပေးချင်စိတ်ရှိလျှင်....။ဖေဖေနားလည်မှုပေးသလိုပတ််ဝန်းကျင်ကပြစ်တင်ကဲ့ရဲ့တတ်သည့်လူတွေလည်း နားလည်မှုပေးနိုင်လျှင်...စာနာပေးနိုင်လျှင် ကျွန်တော်တို့ အချစ်တွေသည်လည်း ဝဋ်ကြွေးတစ်ခုသဖွယ်အပြစ်ဒဏ်သင့်တော့မည်မဟုတ်.....။
>>>>>>>>>>>♥>>>>>>>>>>>>
❤❤❤
ဒီရက်ပိုင်း Assiment ကိစ္စတွေ၊အလုပ်ကိစ္စတွေနဲ့ရှုပ်နေတာမလို့ နောက်ထပ်အပိုင်းသစ်ကို နောက်တစ်ပါတ်ဗုဒ္ဓဟူးနေ့ကျမှ တင်ပေးမယ်နော်😁
နောက်တစ်ပါတ်မှာပြန်တွေ့ကြမယ်နော်😘
With Love
Zin❤