Zawgyi
ထြက္ခြာသြားသည့္ေလယာဥ္စက္သံက ကြၽန္ေတာ့္အတြက္ေတာ့ ႏွလံုးသားကြဲေၾကသံတစ္ခုပမာ။တစ္စတစ္စေဝးကြာသြားသည့္ ေလယာဥ္ကိုၾကည့္ရင္း တျဖည္းျဖည္းေဝဝါးလာသည္ကမ်က္ဝန္းတြင္းမွယိုစီးလာသည့္ မ်က္ရည္ၾကည္တို႔ေၾကာင့္...။
ေငးၾကည့္ေနမိသည့္ ေလယာဥ္မ်က္စိေ႐ွ႕ကေပ်ာက္ကြယ္သြားမွ အံႀကိတ္၍မ်က္ရည္သုတ္မိသည္။ရင္ထဲမွဒဏ္ရာကေတာ့ တဆစ္ဆစ္ႏွင့္ကိုက္ခဲလ်က္။
"ငါမင္းကိုယံုတယ္"
ကားတံခါးကိုဖြင့္ရန္ျပင္ေနသည့္ ကြၽန္ေတာ့္လက္ကို ထပ္မိုးဆုပ္ကိုင္လာသည့္လက္တစ္စံု။ၾကားလိုက္ရသည့္အသံေႏြးေႏြးေလးေၾကာင့္ မယံုရဲစြာ လွည့္ၾကည့္မိေတာ့ အသံပိုင္႐ွင္က ကြၽန္ေတာ့ကို ခ်စ္ရည္ရႊမ္းေသာမ်က္လံုးတစ္စံုႏွင့္စိုက္ၾကည့္ေနေလရဲ႕။
ကာကာ....။ထြက္သြားၿပီဟုထင္ခဲ့မိေပမယ့္ ကာကာက အခုေတာ့ကြၽန္ေတာ့္ေ႐ွ႕တြင္႐ွိေနခဲ့သည္။
"ငါ...မင္းကိုေရာ၊မင္းအခ်စ္ကိုေရာ တကယ္ယံုပါတယ္၊ခုလိုေတြဆံုးျဖတ္မိတာကလည္း ငါ့ရဲ႕မင္းနဲ႔ပက္သက္ျပီးသိမ္ငယ္ေနမိတဲ့စိတ္ေၾကာင့္ပါ"
ခါးကိုတင္းၾကပ္စြာ ဆုပ္ကိုင္ဖက္တြယ္လာသည့္လက္တစ္စံုကေႏြးေထြးေနခဲ့သည္။ကားတံခါးကိုကိုင္ထားသည့္လက္ကို ပို၍အားထည့္မိသည္အထိ...နရီမွန္မွန္႐ွဴ သြင္းေနသည့္ အသက္႐ွဴ ႏႈန္းေတြကို ရပ္ဆိုင္းသြားေစႏိုင္သည္အထိ ကာကာရဲ႕ရင္ခြင္က ေႏြးေထြးလြန္းေနခဲ့သည္။
"ငါေတာင္းပန္ပါတယ္"
အသံလိႈင္းမၿငိမ္စြာတုန္ခါေနသည့္ ကာကာရဲ႕အသံက ကြၽန္ေတာ့္ေက်ာျပင္ေပၚက်လာသည့္ ပူေႏြးေႏြးမ်က္ရည္စက္ႏွင့္အၿပိဳင္ထြက္ေပၚလာသည္။ကာကာငိုေနခဲ့တာလား...။
သူ႔ထက္ေခါင္းတစ္လံုးပို႐ွည္ေနသည့္ ကြၽန္ေတာ့္ကိုဖက္တြယ္ထားသည့္ ကာကာကကြၽန္ေတာ့္ေက်ာျပင္တြင္မ်က္ႏွာအပ္လ်က္။ဝတ္ဆင္ထားသည့္ အက်ႌပါးကိုေဖာက္ထြင္းဝင္ေရာက္လာသည္အထိ ကာကာ့ရဲ႕မ်က္ရည္ပူေတြကအားျပင္းလြန္းေနခဲ့သည္။
ကြၽန္ေတာ့္ေက်ာျပင္တြင္ ကာကာ့ရဲ႕မ်က္ရည္ေတြႏွင့္ရႊဲနစ္သြားျပီးခ်ိန္မွ ကာကာကအငိုရပ္သည္။
မဟူရာေရာင္ကတၱရာလမ္းေပၚတရိပ္ရိပ္ေျပးလႊားေနသည့္ ကြၽန္ေတာ္တို႔ကားငယ္ေလးကဖြင့္ထားသည့္ သီခ်င္းသံမွတစ္ပါး ပကတိတိတ္ဆိတ္လ်က္။ကာကာ့ဆီမွ ကြၽန္ေတာ့္ထံတစ္ခ်က္တစ္ခ်က္အၾကည့္အခ်ိဳ႕ပို္႔လႊတ္ေနသည္ကို သတိထားမိေပမယ့္လည္း မတုံျ့ပန္မိ။
"မင္းငါ့ကို တကယ္စိတ္ပ်က္ေနၿပီလား"
ကားေပၚေရာက္ၿပီးအခ်ိန္အေတာ္ၾကာမွ ပထမဆံုးဖြင့္ဟထြက္လာသည့္ ကာကာ့ရဲ႕စကားသံ။ေျပာဆိုလာသည့္သူကို တစ္ခ်က္ငဲ့ၾကည့္မိေတာ့ ကာကာ့ရဲ႕မ်က္ဝန္းေတြက ကြၽန္ေတာ့္ထံတြင္႐ွိမေနခဲ့။
"က်စ္..."
စိတ္ပ်က္လက္ပ်က္ႏွင့္စုတ္သက္မိရသည္က ကာကာလုပ္ေနသည့္ပံုစံေတြေၾကာင့္။ဘာစကားတစ္ခြန္းမွ မတံု႔ျပန္မိဘဲအ႐ွိန္ႏွင့္ေမာင္းႏွင္ေနသည့္ကားကို လမ္းေဘးသို႔ထိုးခ်လိုက္မိသည္။
ကြၽန္ေတာ့္၏႐ုတ္တရတ္ဆန္သည့္အျပဳအမူေၾကာင့္ ကာကာကကြၽန္ေတာ့္ကိုမ်က္လံုးအဝိုင္းသားႏွင့္ၾကည့္လာသည္။ကားကလမ္းေဘးတြင္ထိုးရပ္သြားသည့္တိုင္ေအာင္ႏွစ္ေယာက္သားစကားမေျပာမိၾက။
"မင္းဘာျဖစ္လို႔ အဲ့ဒီဆံုးျဖတ္ခ်က္ကိုခ်တာလဲ"
ကြၽန္ေတာ့ဘက္က အေမး႐ွိခဲ့ေသာ္လည္း ကာကာ့ဘက္မွ အေျဖျပန္မလာခဲ့။အံကိုတင္းတင္းႀကိတ္ၿပီး အေ႐ွ႕ကိုသာ ေငးေမာေနပံုကကြၽန္ေတာ့္သည္းခံႏိုင္စြမ္းေတြကိုတစ္စတစ္စ တိုက္စားေစသည္။
"မမျခယ္ေၾကာင့္မလား.."
အထိတ္တလန္႔ႏွင့္ၾကည့္လာသည့္ပံုစံေၾကာင့္ သူ႔ႏႈတ္မွဖြင့္ဟစရာမလိုဘဲအေျဖကို လက္ခံရ႐ွိသည္။တကယ္ဆို ကာကာ ခုလိုေတြျဖစ္ေနခဲ့ရသည္က ကြၽန္ေတာ့္ေၾကာင့္..။ကြၽန္ေတာ့္ရဲ႕မျပတ္သားမႈေတြေၾကာင့္ ကာကာဒီလိုမ်ိဳး မြန္းၾကပ္ေနခဲ့ရလိမ့္မည္လို႔ ကြၽန္ေတာ္မေတြးထင္ထားမိဖူးခဲ့။
ကာကာ့ကို အတၱႀကီးတယ္လို႔ တစ္ခ်ိန္လံုးစြပ္စြဲေနခဲ့သည္႕ကြၽန္ေတာ္က ကိုယ္ကိုယ္တိုင္အတၱေတြႏွင့္ပိတ္မိေနခဲ့သည္ကိုေတာ့သတိမထားမိခဲ့။ႏွစ္ဦးသား နားလည္မႈေတြ႐ွိေနခဲ့တယ္လို႔ ထင္ထားမိခဲ့သည့္ ကြၽန္ေတာ္တို႔က အမွန္မွာေတာ့တစ္ေယာက္ခံစားခ်က္ကိုတစ္ေယာက္ ခုခ်ိန္ထိ ဖံုးကြယ္ဖို႔ႀကိဳးစားေနမွန္း အခုမွကြၽန္ေတာ္နားလည္ခဲ့သည္။
"ဘယ္သြားမလို႔လဲ"
သူ႔ရဲ႕လက္တစ္ဖက္ကို ဆုပ္ကိုင္ကာ ကားကိုအလ်ွင္စလိုေမာင္းထြက္မိေတာ့ ကာကာကနားမလည္ဟန္ေမးလာသည္။တစ္ခ်ိန္က ကြၽန္ေတာ္႔ကိုဆုပ္ကိုင္ႏွစ္သိမ့္ဖူးခဲ့သည့္လက္တစ္စံုက ခုခ်ိန္မွာေတာ့ ကြၽန္ေတာ့္လက္ဖဝါးေအာက္တြင္ေႏြးေထြးလ်က္..။
လြန္ခဲ့သည့္နာရီပိုင္းႏွင့္မတူ ေပါ့ပါးသြက္လက္စြာေျပးႏွင္ေနသည့္ ကားေလးက မမျခယ္တို႔အိမ္႐ွိရာဆီ..။တစ္ခ်ိန္က် မျဖစ္မေနအသိေပးရမည့္ကိစၥတစ္ခုကို ကြၽန္ေတာ္အခ်ိန္မဆြဲထားခ်င္ေတာ့။ကြၽန္ေတာ့္ေၾကာင့္ ကာကာ့ကို တေျမ့ေျမ့ႏွင့္ေလာင္ကြၽမ္းေနေစမည့္ အျဖစ္မ်ိဳးလည္း ကြၽန္ေတာ္အျဖစ္မခံႏိုင္။
ပတ္ဝန္းက်င္အသိုင္းအဝိုင္းက လက္မခံလ်ွင္ေတာင္ ကာကာ့အတြက္ကြၽန္ေတာ္ ေဘးကေနမားမားမတ္မတ္ရပ္တည္ေပးခ်င္မိသည္။ကြၽန္ေတာ့္အခ်စ္ေတြေၾကာင့္ ကာကာဂုဏ္ငယ္ရမည့္အျဖစ္မ်ိဳး....ကာကာခံစားရမည့္အျဖစ္မ်ိဳး ကြၽန္ေတာ္ေနာက္ထပ္အျဖစ္မခံႏိုင္ေတာ့...။
"မင္း...ေနာင္တမရတာေသခ်ာတယ္ေနာ္"
မမျခယ္တို႔ျခံထဲသို႔ေရာက္ေရာက္ခ်င္း ကာကာေမးလာသည့္စကားကို ကြၽန္ေတာ္ေခါင္းညိမ့္အေျဖေပးမိသည္။ဆုပ္ကိုင္ထားသည့္လက္ႏွစ္စံုက တစ္ထပ္တည္းက်ေနခဲ့သလို ကြၽန္ေတာ္တို႔ႏွစ္ေယာက္လံုး၏ ႏႈတ္ခမ္းထက္မွအျပံဳးေတြကလည္းထပ္တူက်လ်က္..။
ဆုပ္ကိုင္ထားသည့္ကြၽန္ေတာ့္တို႔ႏွစ္ေယာက္ရဲ႕လက္ေတြကို ျမင္ေတာ့မမျခယ္က မ်က္ႏွာတစ္ခ်က္ပ်က္သြားသည္။။ဖတ္လက္စ စာအုပ္ေလးကိုကိုင္၍ ကြၽန္ေတာ္တို႔ေ႐ွ႕တြင္ တည္ၿငိမ္စြာ ထိုင္ေနသည္က အမိန္႔ခ်ဆံုးျဖတ္ေပးေတာ့မည့္ တရားသူႀကီးတစ္ေယာက္ဟန္..။
"ေနာက္ဆံုးေတာ့ ဒီလိုေန႔မ်ိဳးေရာက္လာခဲ့ၿပီေပါ့"
စားပြဲေပၚသို႔စာအုပ္ေလးကိုခ်ကာ ေျပာလာသည့္မမျခယ္၏ စကားကိုကြၽန္ေတာ္တို႔ႏွစ္ေယာက္လံုးမတံု႔ျပန္မိၾက။ဆုပ္ကိုင္ထားမိၾကသည့္ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ရဲ႕လက္ေတြက ကြၽန္ေတာ့္ရဲ႕ေခြၽးစီးေတြေၾကာင့္ စိုစြတ္ေနသေယာင္..။
ကြၽန္ေတာ္တို႔အေၾကာင္းေတြကို မမျခယ္ဘယ္လိုသိသြားခဲ့သည္ကိုေတာ့ ကြၽန္ေတာ္တကယ္ပဲမခန္႔မွန္းတတ္။
"ကြၽန္ေတာ္ ေတာင္းပန္ပါတယ္ "
ကိုယ္ကိုယ္တိုင္က အျပစ္လုပ္ထားမိသည့္လူမလို႔ ေခါင္းငံု႔၍သာေတာင္းပန္စကားဆိုမိသည္။
"ကြၽန္ေတာ္တို႔ လုပ္ရပ္ကမျမေရာင္ျခယ္အေပၚကိုမတရားဘူးဆိုတာ သိေပမယ့္ ကြၽန္ေတာ္တို႔ရပ္တန္႔လို႔မရခဲ့ဘူး၊ဒီလိုလမ္းလြဲေနတဲ့ အေျခအေနကို ေနာက္ဆုတ္ဖို႔ႀကိဳးစားခဲ့ေပမယ့္ ကြၽန္ေတာ္နဲ႔ေကာင္းကင္ရဲ႕အခ်စ္ေတြက အရမ္းကိုခိုင္မာေနခဲ့ၿပီ"
မမျခယ္ကိုဖြင့္ေျပာဖို႔ရာအတြက္ ဦးေဆာင္ေခၚလာခဲ့သည့္ကြၽန္ေတာ္ကတကယ္တမ္းမွာႏႈတ္ဆိတ္ေနမိေပမယ့္ ကာကာကေတာ့ တကယ္ကိုျပတ္သားလြန္းေနခဲ့သည္။
ကာကာ့ရဲ႕စကားေၾကာင့္မမျခယ္က ကြၽန္ေတာ့္ထံ အၾကည့္တစ္ခ်က္ပို႔လႊတ္သည္။မေမ်ွာ္လင့္ဘဲဆံုသြားမိသည့္ မ်က္လံုးႏွစ္စံုေၾကာင့္ မမျခယ္၏မ်က္ဝန္းတြင္ အရည္လဲ့ေနသည္ကို ကြၽန္ေတာ္ေတြ႔လိုက္ရသည္။
"မင္းတို႔ငါ့အေပၚတကယ္လုပ္ရက္ၾကတာပဲ..."
ခပ္တိုးတိုးေရရြတ္လာသည့္ မမျခယ္၏အသံကမခ်ိတင္ကဲျဖစ္ေနဟန္....။မ်က္ရည္ဥေတြ တြဲခိုေနသည့္ အမ်ိဳးသမီးငယ္၏ မ်က္ႏွာကို မၾကည့္ရက္ၾကသည္မို႔ ကြၽန္ေတာ္ေရာ ကာကာပါအၾကည့္လႊဲမိၾကသည္။
"ေကာင္းကင္"
ေနာက္ေက်ာဆီမွထြက္ေပၚလာသည့္အသံက ကြၽန္ေတာ့္ေခါင္းတည့္တည့္ကိုမိုးႀကိဳးပစ္လိုက္သလိုပင္။ထင္ထားသလိုမျဖစ္ေစဖို႔ တတ္သေလာက္မွတ္သေလာက္ ဘုရားစာေတြကိုရြတ္မိေပမယ့္လည္း ကြၽန္ေတာ့္ကံကေကာင္းမေနခဲ့။
ကြၽန္ေတာ္တို႔ေနာက္နားတြင္ မတ္တပ္ရပ္ေနသည့္ေမေမ့မ်က္ႏွာနီရဲေနသည္က ေဒါသေၾကာင့္ေပလား ႐ွက္စိတ္ေၾကာင့္ေပလားေတာ့မေျပာတတ္။ေမေမ့ေဘးနားတြင္ရပ္ေနၾကသည့္ ေဖေဖႏွင့္ မမျခယ္အေမသည္လည္း မ်က္ႏွာအပ်က္ပ်က္အယြင္းယြင္း..။
မနက္က ေဖေဖႏွင့္ေမေမက မမျခယ္တို႔အိမ္ကိုလိုက္ပို႔ရန္ ေျပာထားေသာ္လည္း အခုလိုအခ်ိန္မွာ ေရာက္ႏွင့္ေနလိမ့္မည္ဟုထင္မထားမိခဲ့။
" အခုအေျခအေနအမွန္ကို အားလံုးလည္းသိေနၾကၿပီဆိုေတာ့ ေကာင္းကင္နဲ႔ေစ့စပ္ထားတဲ့ကိစၥကို ျခယ့္ဘက္ကပဲအရင္ဖ်က္သိမ္းပါရေစ"
ထိုင္ေနရာမွ ထရပ္မိေတာ့မ်က္ဝန္းမွ လိမ့္ဆင္းကာၾကမ္းခင္းေပၚ က်သြားသည္ကအမ်ားျမင္ေနရသလိုမ်က္ရည္စက္ေတြမဟုတ္ခဲ့..။ျခယ့္ရဲ႕ႏွလံုးေသြးေတြ.....ႏွလံုးသားတြင္းမွကြဲေၾကအက္႐ွမႈေၾကာင့္ က်စီးလာသည့္ ႏွလံုးေသြးေတြ..။
ပထမဦးဆံုးခ်စ္မိသည့္အခ်စ္ေၾကာင့္ ဘဝမွာ ၿပိဳက်ယိုင္လဲရသည္အထိ ခံစားခဲ့ရသည္။ေနာက္တစ္ႀကိမ္ထပ္မခ်စ္မိေစဖို႔ ကိုယ့္ႏွလံုးကိုကိုယ္ေနာက္တစ္ခါေသာ့ခတ္အလံုပိတ္ထားခဲ့မိေပမယ့္ အမွတ္မ႐ွိသည့္ ႏွလံုးသားက အခ်စ္ဆိုသည့္အရာကို လက္ကမ္းႀကိဳဆိုခဲ့ျပန္သည္။
ဒါေၾကာင့္လည္း.....အခ်စ္ေရးႏွင့္ပက္သက္ၿပီးကံမေကာင္းလြန္းသည့္ ကိုယ္ကိုယ္တိုင္ပဲ ေနာက္တစ္ႀကိမ္ခံစားရျပန္သည္။
မ်က္စိေ႐ွ႕တြင္တင္းၾကပ္စြာ ဆုပ္ကိုင္ထားသည့္ လက္တစ္စံုကိုရင္မဆိုင္နိုင္ေတာ့၍ ဆိုက္ကပ္ေနသည့္အၾကည့္ေတြၾကားမွထြက္လာခဲ့မိသည္။ပထမတစ္ႀကိမ္တုန္းက မမျခယ္ကိုယ္တိုင္က စြန္႔ပစ္ခံခဲ့ရသူျဖစ္ခဲ့တာေၾကာင့္ ဒီတစ္ႀကိမ္မွာေတာ့ မမျခယ္ကအရင္ ေက်ာခိုင္းစြန္႔ပစ္ပါရေစေကာင္းကင္....။
"အိမ္ကိုအခုခ်က္ခ်င္းလိုက္ခဲ့"
အနိမ့္အျမင့္အတက္အက် မမွန္စြာထြက္ေပၚလာသည့္ ေမေမ့ရဲ႕အသံေၾကာင့္ ကြၽန္ေတာ့္လက္ဖဝါးေအာက္မွ ကာကာ့၏လက္က ႐ုန္းထြက္လႈပ္႐ွားလာသည္။
"ဘာမွမျဖစ္ဘူး...အရမ္းႀကီးစိုးရိမ္မေနနဲ႔"
စိတ္ပူေနဟန္ ကြၽန္ေတာ့္မ်က္ႏွာကို မလြတ္တမ္းၾကည့္ေနသည့္ ကာကာ့ကို အဆင္ေျပေၾကာင္းသိေစရန္ အားတင္းျပံဳးျပမိသည္။
"ငါပါလိုက္ခဲ့ရမလား"
"ရတယ္...မလိုက္နဲ႔၊အဆင္ေျပသြားမွာပါ၊အရမ္းႀကီးလဲစိတ္ပူမေနနဲ႔"
ျပံဳးျပမိေနသည့္ ကြၽန္ေတာ့္အျပံဳးေတြက ထင္သေလာက္အသက္မဝင္ေနေပမယ့္ စိတ္ပူေနသည့္ ကာကာ့ကိုေတာ့စိတ္ေအးေစခ်င္သည္မွာအမွန္ပင္။
"စိတ္ခ်....ငါမင္းဆီမရရေအာင္ ျပန္လာခဲ့မယ္"
ထိုစကားစုကိုေတာ့ ကြၽန္ေတာ္ေလးနက္ျပတ္သားစြာေျပာမိသည္။ကာကာႏွင့္ ပက္သက္လ်ွင္ ကြၽန္ေတာ့္ဘက္က အရာရာကို ရင္ဆိုင္ႏိုင္ဖို႔ ႀကိဳတင္ျပင္ဆင္ထားခဲ့ၿပီးၿပီမို႔..။
ဆုပ္ကိုင္ထားသည့္လက္ကို အသာေျဖေလ်ာ့မိသည္အထိ ကာကာက ကြၽန္ေတာ့္ထံမွအၾကည့္မခြာခဲ့။စကားတစ္ခြန္းသာဆို၍ ထြက္သြားသည့္ ေမေမ့ေနာက္ကိုအျမန္လိုက္မိေတာ့ ကာကာကထိုင္လ်က္က်န္ရစ္ခဲ့ေလသည္။
ေ႐ွ႕ကထြက္သြားသည့္ ေမေမ့ကားကိုအမီလိုက္ရင္းက ခရာသံေပး၍မိုးရိပ္ဆင္လာသည့္ ေကာင္းကင္ျပင္က်ယ္ကိုေငးေမာမိသည္။မိုးနံ႔သင္းသည့္ ေလႏုေအးေၾကာင့္လြင့္ေမ်ာေနသည့္မိုးတိမ္မည္းမည္းကို ေငးရင္းေတြးမိသည္က ကာကာတစ္ေယာက္မိုးမိေနေလမလားရယ္လို႔.....။
>>>>>>>>>>♥>>>>>>>>>>>>
With love❤❤
Zin💕
>>>>>>>>>>>>>>>>>>>>>>>>>>>>
Unicode
ထွက်ခွာသွားသည့်လေယာဉ်စက်သံက ကျွန်တော့်အတွက်တော့ နှလုံးသားကွဲကြေသံတစ်ခုပမာ။တစ်စတစ်စဝေးကွာသွားသည့် လေယာဉ်ကိုကြည့်ရင်း တဖြည်းဖြည်းဝေဝါးလာသည်ကမျက်ဝန်းတွင်းမှယိုစီးလာသည့် မျက်ရည်ကြည်တို့ကြောင့်...။
ငေးကြည့်နေမိသည့် လေယာဉ်မျက်စိရှေ့ကပျောက်ကွယ်သွားမှ အံကြိတ်၍မျက်ရည်သုတ်မိသည်။ရင်ထဲမှဒဏ်ရာကတော့ တဆစ်ဆစ်နှင့်ကိုက်ခဲလျက်။
"ငါမင်းကိုယုံတယ်"
ကားတံခါးကိုဖွင့်ရန်ပြင်နေသည့် ကျွန်တော့်လက်ကို ထပ်မိုးဆုပ်ကိုင်လာသည့်လက်တစ်စုံ။ကြားလိုက်ရသည့်အသံနွေးနွေးလေးကြောင့် မယုံရဲစွာ လှည့်ကြည့်မိတော့ အသံပိုင်ရှင်က ကျွန်တော့ကို ချစ်ရည်ရွှမ်းသောမျက်လုံးတစ်စုံနှင့်စိုက်ကြည့်နေလေရဲ့။
ကာကာ....။ထွက်သွားပြီဟုထင်ခဲ့မိပေမယ့် ကာကာက အခုတော့ကျွန်တော့်ရှေ့တွင်ရှိနေခဲ့သည်။
"ငါ...မင်းကိုရော၊မင်းအချစ်ကိုရော တကယ်ယုံပါတယ်၊ခုလိုတွေဆုံးဖြတ်မိတာကလည်း ငါ့ရဲ့မင်းနဲ့ပက်သက်ပြီးသိမ်ငယ်နေမိတဲ့စိတ်ကြောင့်ပါ"
ခါးကိုတင်းကြပ်စွာ ဆုပ်ကိုင်ဖက်တွယ်လာသည့်လက်တစ်စုံကနွေးထွေးနေခဲ့သည်။ကားတံခါးကိုကိုင်ထားသည့်လက်ကို ပို၍အားထည့်မိသည်အထိ...နရီမှန်မှန်ရှူ သွင်းနေသည့် အသက်ရှူ နှုန်းတွေကို ရပ်ဆိုင်းသွားစေနိုင်သည်အထိ ကာကာရဲ့ရင်ခွင်က နွေးထွေးလွန်းနေခဲ့သည်။
"ငါတောင်းပန်ပါတယ်"
အသံလှိုင်းမငြိမ်စွာတုန်ခါနေသည့် ကာကာရဲ့အသံက ကျွန်တော့်ကျောပြင်ပေါ်ကျလာသည့် ပူနွေးနွေးမျက်ရည်စက်နှင့်အပြိုင်ထွက်ပေါ်လာသည်။ကာကာငိုနေခဲ့တာလား...။
သူ့ထက်ခေါင်းတစ်လုံးပိုရှည်နေသည့် ကျွန်တော့်ကိုဖက်တွယ်ထားသည့် ကာကာကကျွန်တော့်ကျောပြင်တွင်မျက်နှာအပ်လျက်။ဝတ်ဆင်ထားသည့် အကျႌပါးကိုဖောက်ထွင်းဝင်ရောက်လာသည်အထိ ကာကာ့ရဲ့မျက်ရည်ပူတွေကအားပြင်းလွန်းနေခဲ့သည်။
ကျွန်တော့်ကျောပြင်တွင် ကာကာ့ရဲ့မျက်ရည်တွေနှင့်ရွှဲနစ်သွားပြီးချိန်မှ ကာကာကအငိုရပ်သည်။
မဟူရာရောင်ကတ္တရာလမ်းပေါ်တရိပ်ရိပ်ပြေးလွှားနေသည့် ကျွန်တော်တို့ကားငယ်လေးကဖွင့်ထားသည့် သီချင်းသံမှတစ်ပါး ပကတိတိတ်ဆိတ်လျက်။ကာကာ့ဆီမှ ကျွန်တော့်ထံတစ်ချက်တစ်ချက်အကြည့်အချို့ပို့်လွှတ်နေသည်ကို သတိထားမိပေမယ့်လည်း မတုံြ့ပန်မိ။
"မင်းငါ့ကို တကယ်စိတ်ပျက်နေပြီလား"
ကားပေါ်ရောက်ပြီးအချိန်အတော်ကြာမှ ပထမဆုံးဖွင့်ဟထွက်လာသည့် ကာကာ့ရဲ့စကားသံ။ပြောဆိုလာသည့်သူကို တစ်ချက်ငဲ့ကြည့်မိတော့ ကာကာ့ရဲ့မျက်ဝန်းတွေက ကျွန်တော့်ထံတွင်ရှိမနေခဲ့။
"ကျစ်..."
စိတ်ပျက်လက်ပျက်နှင့်စုတ်သက်မိရသည်က ကာကာလုပ်နေသည့်ပုံစံတွေကြောင့်။ဘာစကားတစ်ခွန်းမှ မတုံ့ပြန်မိဘဲအရှိန်နှင့်မောင်းနှင်နေသည့်ကားကို လမ်းဘေးသို့ထိုးချလိုက်မိသည်။
ကျွန်တော့်၏ရုတ်တရတ်ဆန်သည့်အပြုအမူကြောင့် ကာကာကကျွန်တော့်ကိုမျက်လုံးအဝိုင်းသားနှင့်ကြည့်လာသည်။ကားကလမ်းဘေးတွင်ထိုးရပ်သွားသည့်တိုင်အောင်နှစ်ယောက်သားစကားမပြောမိကြ။
"မင်းဘာဖြစ်လို့ အဲ့ဒီဆုံးဖြတ်ချက်ကိုချတာလဲ"
ကျွန်တော့ဘက်က အမေးရှိခဲ့သော်လည်း ကာကာ့ဘက်မှ အဖြေပြန်မလာခဲ့။အံကိုတင်းတင်းကြိတ်ပြီး အရှေ့ကိုသာ ငေးမောနေပုံကကျွန်တော့်သည်းခံနိုင်စွမ်းတွေကိုတစ်စတစ်စ တိုက်စားစေသည်။
"မမခြယ်ကြောင့်မလား.."
အထိတ်တလန့်နှင့်ကြည့်လာသည့်ပုံစံကြောင့် သူ့နှုတ်မှဖွင့်ဟစရာမလိုဘဲအဖြေကို လက်ခံရရှိသည်။တကယ်ဆို ကာကာ ခုလိုတွေဖြစ်နေခဲ့ရသည်က ကျွန်တော့်ကြောင့်..။ကျွန်တော့်ရဲ့မပြတ်သားမှုတွေကြောင့် ကာကာဒီလိုမျိုး မွန်းကြပ်နေခဲ့ရလိမ့်မည်လို့ ကျွန်တော်မတွေးထင်ထားမိဖူးခဲ့။
ကာကာ့ကို အတ္တကြီးတယ်လို့ တစ်ချိန်လုံးစွပ်စွဲနေခဲ့သည့်ကျွန်တော်က ကိုယ်ကိုယ်တိုင်အတ္တတွေနှင့်ပိတ်မိနေခဲ့သည်ကိုတော့သတိမထားမိခဲ့။နှစ်ဦးသား နားလည်မှုတွေရှိနေခဲ့တယ်လို့ ထင်ထားမိခဲ့သည့် ကျွန်တော်တို့က အမှန်မှာတော့တစ်ယောက်ခံစားချက်ကိုတစ်ယောက် ခုချိန်ထိ ဖုံးကွယ်ဖို့ကြိုးစားနေမှန်း အခုမှကျွန်တော်နားလည်ခဲ့သည်။
"ဘယ်သွားမလို့လဲ"
သူ့ရဲ့လက်တစ်ဖက်ကို ဆုပ်ကိုင်ကာ ကားကိုအလျှင်စလိုမောင်းထွက်မိတော့ ကာကာကနားမလည်ဟန်မေးလာသည်။တစ်ချိန်က ကျွန်တော့်ကိုဆုပ်ကိုင်နှစ်သိမ့်ဖူးခဲ့သည့်လက်တစ်စုံက ခုချိန်မှာတော့ ကျွန်တော့်လက်ဖဝါးအောက်တွင်နွေးထွေးလျက်..။
လွန်ခဲ့သည့်နာရီပိုင်းနှင့်မတူ ပေါ့ပါးသွက်လက်စွာပြေးနှင်နေသည့် ကားလေးက မမခြယ်တို့အိမ်ရှိရာဆီ..။တစ်ချိန်ကျ မဖြစ်မနေအသိပေးရမည့်ကိစ္စတစ်ခုကို ကျွန်တော်အချိန်မဆွဲထားချင်တော့။ကျွန်တော့်ကြောင့် ကာကာ့ကို တမြေ့မြေ့နှင့်လောင်ကျွမ်းနေစေမည့် အဖြစ်မျိုးလည်း ကျွန်တော်အဖြစ်မခံနိုင်။
ပတ်ဝန်းကျင်အသိုင်းအဝိုင်းက လက်မခံလျှင်တောင် ကာကာ့အတွက်ကျွန်တော် ဘေးကနေမားမားမတ်မတ်ရပ်တည်ပေးချင်မိသည်။ကျွန်တော့်အချစ်တွေကြောင့် ကာကာဂုဏ်ငယ်ရမည့်အဖြစ်မျိုး....ကာကာခံစားရမည့်အဖြစ်မျိုး ကျွန်တော်နောက်ထပ်အဖြစ်မခံနိုင်တော့...။
"မင်း...နောင်တမရတာသေချာတယ်နော်"
မမခြယ်တို့ခြံထဲသို့ရောက်ရောက်ချင်း ကာကာမေးလာသည့်စကားကို ကျွန်တော်ခေါင်းညိမ့်အဖြေပေးမိသည်။ဆုပ်ကိုင်ထားသည့်လက်နှစ်စုံက တစ်ထပ်တည်းကျနေခဲ့သလို ကျွန်တော်တို့နှစ်ယောက်လုံး၏ နှုတ်ခမ်းထက်မှအပြုံးတွေကလည်းထပ်တူကျလျက်..။
ဆုပ်ကိုင်ထားသည့်ကျွန်တော့်တို့နှစ်ယောက်ရဲ့လက်တွေကို မြင်တော့မမခြယ်က မျက်နှာတစ်ချက်ပျက်သွားသည်။။ဖတ်လက်စ စာအုပ်လေးကိုကိုင်၍ ကျွန်တော်တို့ရှေ့တွင် တည်ငြိမ်စွာ ထိုင်နေသည်က အမိန့်ချဆုံးဖြတ်ပေးတော့မည့် တရားသူကြီးတစ်ယောက်ဟန်..။
"နောက်ဆုံးတော့ ဒီလိုနေ့မျိုးရောက်လာခဲ့ပြီပေါ့"
စားပွဲပေါ်သို့စာအုပ်လေးကိုချကာ ပြောလာသည့်မမခြယ်၏ စကားကိုကျွန်တော်တို့နှစ်ယောက်လုံးမတုံ့ပြန်မိကြ။ဆုပ်ကိုင်ထားမိကြသည့် ကျွန်တော်တို့နှစ်ယောက်ရဲ့လက်တွေက ကျွန်တော့်ရဲ့ချွေးစီးတွေကြောင့် စိုစွတ်နေသယောင်..။
ကျွန်တော်တို့အကြောင်းတွေကို မမခြယ်ဘယ်လိုသိသွားခဲ့သည်ကိုတော့ ကျွန်တော်တကယ်ပဲမခန့်မှန်းတတ်။
"ကျွန်တော် တောင်းပန်ပါတယ် "
ကိုယ်ကိုယ်တိုင်က အပြစ်လုပ်ထားမိသည့်လူမလို့ ခေါင်းငုံ့၍သာတောင်းပန်စကားဆိုမိသည်။
"ကျွန်တော်တို့ လုပ်ရပ်ကမမြရောင်ခြယ်အပေါ်ကိုမတရားဘူးဆိုတာ သိပေမယ့် ကျွန်တော်တို့ရပ်တန့်လို့မရခဲ့ဘူး၊ဒီလိုလမ်းလွဲနေတဲ့ အခြေအနေကို နောက်ဆုတ်ဖို့ကြိုးစားခဲ့ပေမယ့် ကျွန်တော်နဲ့ကောင်းကင်ရဲ့အချစ်တွေက အရမ်းကိုခိုင်မာနေခဲ့ပြီ"
မမခြယ်ကိုဖွင့်ပြောဖို့ရာအတွက် ဦးဆောင်ခေါ်လာခဲ့သည့်ကျွန်တော်ကတကယ်တမ်းမှာနှုတ်ဆိတ်နေမိပေမယ့် ကာကာကတော့ တကယ်ကိုပြတ်သားလွန်းနေခဲ့သည်။
ကာကာ့ရဲ့စကားကြောင့်မမခြယ်က ကျွန်တော့်ထံ အကြည့်တစ်ချက်ပို့လွှတ်သည်။မမျှော်လင့်ဘဲဆုံသွားမိသည့် မျက်လုံးနှစ်စုံကြောင့် မမခြယ်၏မျက်ဝန်းတွင် အရည်လဲ့နေသည်ကို ကျွန်တော်တွေ့လိုက်ရသည်။
"မင်းတို့ငါ့အပေါ်တကယ်လုပ်ရက်ကြတာပဲ..."
ခပ်တိုးတိုးရေရွတ်လာသည့် မမခြယ်၏အသံကမချိတင်ကဲဖြစ်နေဟန်....။မျက်ရည်ဥတွေ တွဲခိုနေသည့် အမျိုးသမီးငယ်၏ မျက်နှာကို မကြည့်ရက်ကြသည်မို့ ကျွန်တော်ရော ကာကာပါအကြည့်လွှဲမိကြသည်။
"ကောင်းကင်"
နောက်ကျောဆီမှထွက်ပေါ်လာသည့်အသံက ကျွန်တော့်ခေါင်းတည့်တည့်ကိုမိုးကြိုးပစ်လိုက်သလိုပင်။ထင်ထားသလိုမဖြစ်စေဖို့ တတ်သလောက်မှတ်သလောက် ဘုရားစာတွေကိုရွတ်မိပေမယ့်လည်း ကျွန်တော့်ကံကကောင်းမနေခဲ့။
ကျွန်တော်တို့နောက်နားတွင် မတ်တပ်ရပ်နေသည့်မေမေ့မျက်နှာနီရဲနေသည်က ဒေါသကြောင့်ပေလား ရှက်စိတ်ကြောင့်ပေလားတော့မပြောတတ်။မေမေ့ဘေးနားတွင်ရပ်နေကြသည့် ဖေဖေနှင့် မမခြယ်အမေသည်လည်း မျက်နှာအပျက်ပျက်အယွင်းယွင်း..။
မနက်က ဖေဖေနှင့်မေမေက မမခြယ်တို့အိမ်ကိုလိုက်ပို့ရန် ပြောထားသော်လည်း အခုလိုအချိန်မှာ ရောက်နှင့်နေလိမ့်မည်ဟုထင်မထားမိခဲ့။
" အခုအခြေအနေအမှန်ကို အားလုံးလည်းသိနေကြပြီဆိုတော့ ကောင်းကင်နဲ့စေ့စပ်ထားတဲ့ကိစ္စကို ခြယ့်ဘက်ကပဲအရင်ဖျက်သိမ်းပါရစေ"
ထိုင်နေရာမှ ထရပ်မိတော့မျက်ဝန်းမှ လိမ့်ဆင်းကာကြမ်းခင်းပေါ် ကျသွားသည်ကအများမြင်နေရသလိုမျက်ရည်စက်တွေမဟုတ်ခဲ့..။ခြယ့်ရဲ့နှလုံးသွေးတွေ.....နှလုံးသားတွင်းမှကွဲကြေအက်ရှမှုကြောင့် ကျစီးလာသည့် နှလုံးသွေးတွေ..။
ပထမဦးဆုံးချစ်မိသည့်အချစ်ကြောင့် ဘဝမှာ ပြိုကျယိုင်လဲရသည်အထိ ခံစားခဲ့ရသည်။နောက်တစ်ကြိမ်ထပ်မချစ်မိစေဖို့ ကိုယ့်နှလုံးကိုကိုယ်နောက်တစ်ခါသော့ခတ်အလုံပိတ်ထားခဲ့မိပေမယ့် အမှတ်မရှိသည့် နှလုံးသားက အချစ်ဆိုသည့်အရာကို လက်ကမ်းကြိုဆိုခဲ့ပြန်သည်။
ဒါကြောင့်လည်း.....အချစ်ရေးနှင့်ပက်သက်ပြီးကံမကောင်းလွန်းသည့် ကိုယ်ကိုယ်တိုင်ပဲ နောက်တစ်ကြိမ်ခံစားရပြန်သည်။
မျက်စိရှေ့တွင်တင်းကြပ်စွာ ဆုပ်ကိုင်ထားသည့် လက်တစ်စုံကိုရင်မဆိုင်နိုင်တော့၍ ဆိုက်ကပ်နေသည့်အကြည့်တွေကြားမှထွက်လာခဲ့မိသည်။ပထမတစ်ကြိမ်တုန်းက မမခြယ်ကိုယ်တိုင်က စွန့်ပစ်ခံခဲ့ရသူဖြစ်ခဲ့တာကြောင့် ဒီတစ်ကြိမ်မှာတော့ မမခြယ်ကအရင် ကျောခိုင်းစွန့်ပစ်ပါရစေကောင်းကင်....။
"အိမ်ကိုအခုချက်ချင်းလိုက်ခဲ့"
အနိမ့်အမြင့်အတက်အကျ မမှန်စွာထွက်ပေါ်လာသည့် မေမေ့ရဲ့အသံကြောင့် ကျွန်တော့်လက်ဖဝါးအောက်မှ ကာကာ့၏လက်က ရုန်းထွက်လှုပ်ရှားလာသည်။
"ဘာမှမဖြစ်ဘူး...အရမ်းကြီးစိုးရိမ်မနေနဲ့"
စိတ်ပူနေဟန် ကျွန်တော့်မျက်နှာကို မလွတ်တမ်းကြည့်နေသည့် ကာကာ့ကို အဆင်ပြေကြောင်းသိစေရန် အားတင်းပြုံးပြမိသည်။
"ငါပါလိုက်ခဲ့ရမလား"
"ရတယ်...မလိုက်နဲ့၊အဆင်ပြေသွားမှာပါ၊အရမ်းကြီးလဲစိတ်ပူမနေနဲ့"
ပြုံးပြမိနေသည့် ကျွန်တော့်အပြုံးတွေက ထင်သလောက်အသက်မဝင်နေပေမယ့် စိတ်ပူနေသည့် ကာကာ့ကိုတော့စိတ်အေးစေချင်သည်မှာအမှန်ပင်။
"စိတ်ချ....ငါမင်းဆီမရရအောင် ပြန်လာခဲ့မယ်"
ထိုစကားစုကိုတော့ ကျွန်တော်လေးနက်ပြတ်သားစွာပြောမိသည်။ကာကာနှင့် ပက်သက်လျှင် ကျွန်တော့်ဘက်က အရာရာကို ရင်ဆိုင်နိုင်ဖို့ ကြိုတင်ပြင်ဆင်ထားခဲ့ပြီးပြီမို့..။
ဆုပ်ကိုင်ထားသည့်လက်ကို အသာဖြေလျော့မိသည်အထိ ကာကာက ကျွန်တော့်ထံမှအကြည့်မခွာခဲ့။စကားတစ်ခွန်းသာဆို၍ ထွက်သွားသည့် မေမေ့နောက်ကိုအမြန်လိုက်မိတော့ ကာကာကထိုင်လျက်ကျန်ရစ်ခဲ့လေသည်။
ရှေ့ကထွက်သွားသည့် မေမေ့ကားကိုအမီလိုက်ရင်းက ခရာသံပေး၍မိုးရိပ်ဆင်လာသည့် ကောင်းကင်ပြင်ကျယ်ကိုငေးမောမိသည်။မိုးနံ့သင်းသည့် လေနုအေးကြောင့်လွင့်မျောနေသည့်မိုးတိမ်မည်းမည်းကို ငေးရင်းတွေးမိသည်က ကာကာတစ်ယောက်မိုးမိနေလေမလားရယ်လို့.....။
>>>>>>>>>>♥>>>>>>>>>>>>
With love❤❤
Zin💕