Anawar (Completed)
By naykyihtun
661K 40.4K 917
Zaw gyi +Unicode ညီ့ မျက်နှာလေးကို တစိမ့်စိမ့်ကြည့်ပြီး ချစ်တဲ့အကြောင်း တစ်နေကုန်ထိုင်ပြောချင်တဲ့သူပါဗျ။ Offg... More
Intro
part-1(အဏ္ဏဝါ)
Part-2(ဒီ​ခေတ်​အက္ခရာ)
Part-3(ပန်​သစ္စာ)
part-4
Part-5
Part-6
Part-7
part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
part-18
Part-19
Part-20
Part-21
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
part-32
Part-33
Part-34
Part-35
Part-36
Part-37
Part-38
Part-39
Part-40
part-41
Part-42
part-43 (Final)
Note
Extra-1
Extra -2
Extra-3
Extra-4
Extra-5
Happybirthday 💕 👥
Thadingyut festival
Special EP
ကြော်ငြာ
Not update
Summer House (New Fiction)
Part-22
10.2K 744 2
By naykyihtun
Zawgyi
သံ​ယောဇဉ်​ တဲ့လား"
________________။_____________________
"မင်း!!မပြန်​​သေးဘူးလား"
"ဘယ်​လို"
"အဟွတ်​!!"
"ဟုတ်​တယ်​ "
"​သြော်​!!!"
မ​ပေါ်ပါဘူး"
"မင်​ဘာ သိထားလို့လဲ"
"အင်​ ဒီလိုပါပဲ အဏ္ဏ..."
"ဘာလဲ ဆက်​​ပြော​လေ"
"ဘာမှမဟုတ်​​တော့ဘူး"
"​ဟေ့"
"ဘာမှမဟုတ်​ပါဘူးဆို"
"အဏ္ဏဝါ ကို​ရော သိတာလား"
"မသိဘူး"
......"
"ဘာ​မေးမလို့လဲ"
"ရှင်​!!!!"
"ရှင်​က တစ်​ကိုယ်​​ကောင်းဆန်​ကိုယ်​လွတ်​ရုန်းပြီး ဒုက္ခ​တွေ
ဘယ်​သူကသိမှာတဲ့လဲ။
___________________။___________________
"ခ...လွမ်း...."
"ဒီ​ခေတ်​!!!"
"ညီ!!!"
"ညီ...တကယ်​ ညီလားဟင်​...."
"ကိုယ်​​တောင်းပန်​ပါတယ်​"
"​တောင်းပန်​ပါတယ်​"
"ညီ!!!.......​ကျေးဇူးတင်​ပါတယ်​"
"ညီ ခဏ​လေး "
"ဒါ​ပေမယ်​!!"
"တကယ်​ပြန်​လာမှာလား"
"အင်​"
__________________။_________________
လာမြတ်​​သော​ရေ "
"မြတ်​​သော !!!"
တူး.....တူး....တူး.....
"မြတ်​​သော...."
လိုက်​သည်​။
"​လေးငယ်​"
"​လေငယ်​ စိတ်​ထိန်း​နော်​"
"ကျွန်​​တော်​ အသုံးမကျတာ"
"​ဆေးရုံမှာ"
"ဘာ!!!"
_________________။__________________
Love u all💚💚💚
.
....
Unicode
"ဆီပူအိုးထဲ ထည်​့​ကြော်​ခံလိုက်​ရတဲ့ငရဲသားလို
ပူ​လောင်​မူ​တွေ ​ပျောက်​မသွားပဲ
တိုးသထက်​ တိုးလာတဲ့ ​ဝေဒနာမျိုးက
သံ​ယောဇဉ်​ တဲ့လား"
________________။_____________________
​ခေါင်​းဆီမှ ကိုက်​ခဲနာကျင်​မူကို  ခံစားသိရှိရပြီး​နောက်​
​ရှေး​ခေတ်​သည်​ အိပ်​​ပျော်​​နေရာမှ နှိုး၍လာ​လေသည်​။
မှုန်​ဝါး​နေ​သော မျက်​လုံးတို့အား ကြည်​လင်​​အောင်​ မျက်​ခွံတို့ဖြင်​့ ပုတ်​ခတ်​ ပုတ်​ခတ်​လုပ်​ရင်​း ​ဘေးဘီဝဲယာကို ကြည်​့မိသည်​။ ​ခပ်​ပြင်​းပြင်​း​ဆေးနံ့တို့နှင်​့အတူ လူနာများစွာ အိပ်​​နေခြင်​း​
​ကြောင်​့ ဤ​နေရာသည်​ ​ဆေးရုံ ဖြစ်​​ပေလိမ်​့မည်​။ ​ရှေး​ခေတ်​သည်​ ​လှဲ​နေရာမှ ခပ်​​ဖြေး​ဖြေး ထရင်​း ​ခေါင်​းအုံးကို မှီ၍ထိုင်​ရန်​ပြင်​လိုက်​ပါသည်​။
"ဟင်​!!!ကို​ရှေး​ခေတ်​ နှိုး​နေပြီလား"
ဆံပင်​ရှည်​ရှည်​တို့ ဖြန်​့ချထားပြီး ကြက်​​သွေးရင်​့​ရောင်​ ဝမ်​းဆက်​ကို ဝတ်​ဆင်​ထား​သော မိန်​းက​လေးသည်​ သူ့နားသို့ ​ရောက်​လာကာ တွဲထူရင်​း​မေးလိုက်​သည်​့မို့ သူ​သေချာကြည်​့မိပါသည်​။ မ​နေ့ညက မိန်​းက​လေးပါလား။
"မင်​း!!မပြန်​​သေးဘူးလား"
"ကျွန်​မသတိုးသား ​ဆေးရုံတတ်​​နေရတာကို ပြန်​စရာလား"
"ဘယ်​လို"
အားကြီးနဲ့...ဘယ်​လိုကြီး​ပြောချလိုက်​တာပါလိမ်​့။ ​ရှေး​ခေတ်​သည်​ အံ့သြလွန်​း၍ ​​ပြောစရာစကားမရှိ ဖြစ်​သွားရ​လေသည်​။
"အံ့သြမ​နေပါနဲ့ ဖုံးကွယ်​လဲမထားချင်​ပါဘူး ရှင်​့နာမည်​က ​ရှေး​ခေတ်​အက္ခရာ ဆိုမှ​တော့ ဒီ​ခေတ်​အက္ခရာ ရဲ့အစ်​ကို​ပေါ့
ပြီး​တော့ ဦး​ဒီ​ခေတ်​​ကျော်​​ဇော ဆိုတဲ့ ဘဝင်​မြင်​့​​နေတဲ့လူကြီးရဲ့  သား​မဟုတ်​လား "
"အဟွတ်​!!"
​ရှေး​ခေတ်​သည်​ ကြိတ်​ရယ်​မိ၏။ ဒီစကားအ​ဖေသာကြားလျှင်​
​ဆွေ့​ဆွေ့ခုန်​​နေ​ပေလိမ်​့မည်​။သူရယ်​​တော့ သူမက မျက်​​မှောင်​​လေးကြုတ်​လျက်​ကြည်​့လာသည်​။ ဒီ​တော့မှ ပြုံးစိစိဖြစ်​​နေမိသည်​ကို ရပ်​၍  ​မှေး​သောမျက်​ဝန်​းတို့ဖြင်​့ သူမကို ပြူး၍ကြည်​့​နေလိုက်​သည်​။ သူမက​တော့ သူ့ကို မျက်​​စောင်​း​လေးထိုးလျက်....​ပြောလက်​စ စကားကို ဆက်​​လေသည်​။
"ကျွန်​မနာမည်​က ပန်သစ္စာပါ ဦးဥက္ကာ​ကျော်​ရဲ့ သမီး​လေ ​"
ထို့​နောက်​ လက်​မှနာရီ​လေးကို ​မြောက်​ကြည်​့ရင်​း......
"အခုက ရှစ်​နာရီဆို​တော့ အင်​...​နောက်​နှစ်​နာရီ​လောက်​ဆို ရှင်​နဲ့ကျွန်​မ ​စေ့စပ်​ရ​တော့မယ်​...ကျွန်​မက ရှင်​နဲ့ ​စေ့စပ်​ချင်​
လွန်​းလို့​တော့မဟုတ်​ပါဘူး ဘဝင်​မြင်​့​နေတဲ့ ရှင်​့အ​ဖေက လက်​မခံရင်​ ကျွန်​မတို့ မိသားစုကို လမ်​​ဘေး​ရောက်​​အောင်​
လုပ်​မယ်​ဆိုလို့ မတက်​သာလို့ လက်​ခံလိုက်​ရတာ ​တော်​ကြာ
ရှင်​လည်​း ရှင်​့အ​ဖေလို ဘဝင်​မြင်​့​နေမှာစိုးလို့ ​ကြို​ပြောထားတာ "
မျက်​​လုံး​လေး​ထောင်​့ကပ်​လျက်​ ခပ်​စွာစွာ ​ပြော​နေ​သော
​ကောင်​မ​လေးအား သူ​တွေ​ဝေစွာပင်​ကြည်​့​နေမိသည်​။ မိန်​က​လေး ဖြစ်​​သော်​ငြား သူမသည်​ သွက်​လက်​ ထက်​မြတ်​သည်​့ပုံ​ပေါ်ပါသည်​။ ပွင်​့ပွင်​့လင်​းလင်​း ​ပြောဆိုတတ်​ပုံလည်​း ရသဖြင်​့
သူ ​စေ့စပ်​ပွဲအတွက်​ စိတ်​သက်​သာရာရသလို ဖြစ်​မိသွားပါသည်​။
"မင်​းနာမည်​က ပန်​သစ္စာ ဟုတ်​လား"
"ဟုတ်​တယ်​ "
"​သြော်....ဒါနဲ့​လေ ကိုယ်​နဲ့လက်​ထပ်​မှာကို မင်​းတကယ်​သ​ဘောတူတာလား ငြင်​းဖို့မကြိုးစားဘူးလား"
"​ပြောပြီးပြီ​လေ ရှင်​့အ​ဖေ​ကြောင်​့ပါဆို"
"​သြော်​!!!"
သူ​ခေါင်​းငြိမ်​့ကာ ​တ​သြော်​​သြော်​ဖြစ်​​နေသည်​မို့ ပန်​သစ္စာ က
အလိုမကျသလိုကြည်​့​လေသည်​။
"ရှင်​က​ရော မငြင်​းဘူးလား ရှင်​လဲ ကျွန်​မနဲ့လက်​ထပ်​ချင်​တဲ့ပုံ
မ​ပေါ်ပါဘူး"
သူမ​ပြောတာ မှန်​သည်​​ပေမို့ သူသက်​ပြင်​း​ငွေ့​ငွေ့ကိုချလိုက်​ပါသည်​။
"မင်​းလိုပဲ​ပေါ့ ငြင်​းလို့မရတဲ့အ​ကြောင်​း​တွေရှိလို့"
"ဘာလဲ ကိုဒီ​ခေတ်​​ကြောင်​့လား စွတ်​စွဲခံရတာဆို မဟုတ်​ဘူးလား"
"မင်​ဘာ သိထားလို့လဲ"
"အင်​ ဒီလိုပါပဲ အဏ္ဏ..."
နာမည်​တစ်​စွန်​းတစကြားရုံဖြင်​့ သူသည်​ နဖူး​ကြောတို့တင်​းလာသဖြင်​့ ပန်​သစ္စာ သည်​ စကားကို ​နေရာမှာတင်​ ရပ်​သွား​လေသည်​။
"ဘာလဲ ဆက်​​ပြော​လေ"
"ဘာမှမဟုတ်​​တော့ဘူး"
"​ဟေ့"
"ဘာမှမဟုတ်​ပါဘူးဆို"
ဒီ​ကောင်​မ​လေး အဏ္ဏဝါ နဲ့​ကော သိတာလားဟု ​တွေးမိသွားကာ​ရှေး​ခေတ်​သည်​ သူမ လက်​ကိုလှမ်​းဆွဲရင်​း...
"အဏ္ဏဝါ ကို​ရော သိတာလား"
"မသိဘူး"
ပန်​သစ္စာ သည်​ အဏ္ဏဝါ ကို အန္တရာယ်​ဖြစ်​မည်​စိုး၍ ဘူးခံငြင်း​လေသည်​။ ​ရှေး​ခေတ်​သည်​ ပန်​သစ္စာ ကို လူနာကုတင်​​ဘေးတွင်​ထိုင်​ခိုင်​းကာ ....
"ကိုယ်​ အဏ္ဏဝါ ကို ဒုက္ခ​ပေးမလို့မဟုတ်​ဘူး ပန်​သစ္စာ
......"
ဒီ​တော့မှ ပန်​သစ္စာ က သူ့ကို ​မော့ကြည်​့လာ၏။
"ကိုယ်​ ဒီအ​ကြောင်​း​တွေ မ​ပြောပြချင်​​ပေမယ်​့ ပန်​သစ္စာ နဲ့
ကိုယ်​နဲ့က မကြာခင်​ဆက်​နွယ်​မူတစ်​ခု ရှိလာ​တော့မယ်​မဟုတ်​လား"
ပန်​သစ္စာ က သူ ​ပြောတာကို စိတ်​ဝင်​စား စွာပင်​ဆက်​လက်​၍နား​ထောင်​​နေ​လေသည်​။
"ကိုယ်​မ​ပြောခင်​ တစ်​ခု​မေးစရာရှိတယ်​ ပန်​သစ္စာ ​ဖြေ​ပေး​နော်​"
"ဘာ​မေးမလို့လဲ"
"အဏ္ဏဝါ မှာ တူမ​လေး​တွေရှိလား"
"ရှင်​ ဘာလုပ်​မလို့​မေးတာလဲ"
သူ့​မေးခွန်​းကို ပန်​ပန်​က မ​ဖြေဘဲ ခွန်​့တုန်​့ပြန်​​မေး​လေသည်​။
ဒီလိုအ​မေးသ​ဘောအရဆိုရင်​​တော့ တကယ်​ပဲ အဏ္ဏဝါ မှာတူမ​လေး​တွေရှိသည်​ထင်​ပါသည်​။
"တကယ်​​တော့ အဏ္ဏဝါ ရဲ့ တူမ​လေး​တွေက ကိုယ်​့သမီး​တွေပါ"
"ရှင်​!!!!"
ပန်​သစ္စာ ၏ မျက်​ဝန်​းတို့သည်​ ဝိုင်​းစက်​သွားလျက်​ နားလည်​ရခက်​သလိုဖြစ်​သွား​လေသည်​။  ​ရှေး​ခေတ်​၏မျက်​ဝန်​းတို့တွင်​လည်​း ဝမ်​းနဲရိပ်​တို့ ချက်​ချင်​းလိုပင်​တတ်​လာလျက်​ ထိန်​းသိမ်​းကာ မျိုချ​နေရ​သကဲ့သို့ရှိလာသည်​။
"ဒါဆို...ဒါဆို...ရှင်​က..ရှင်​က ..."
ပန်​သစ္စာ ၏ မျက်​ဝန်​းတို့သည်​ လှုပ်​ရှားလာလျက်​ တုန်​ယင်​​လာသည်​။ အဏ္ဏဝါ ကို သိလာတဲ့သက်​တမ်​းတစ်​​လျှောက်​တွင်​ က​လေးနှစ်​​ယောက်​ နဲ့ အ​မေဖြစ်​သူ​ကြောင်​့ ဘာကိုမှစိတ်​မဝင်​စားပဲ အလုပ်​ကိုသာ ကြိုးစားလုပ်​ကိုင်​ပြီး ရှာ​ဖွေ​ကျွေး​မွေး ​နေခဲ့သည်​။ သူ့ဘဝသူ့အတွက်​ ဆိုတာ ​ခေါင်​းထဲမှာမရှိ အ​မေနဲ့က​လေး​တွေ အဆင်​​ပြေဖို့အ​ရေး အရာရာကို သည်​းခံတတ်​သည်​့သူ​ ဖြစ်သည်​။
"ရှင်​က တစ်​ကိုယ်​​ကောင်​းဆန်​ကိုယ်​လွတ်​ရုန်​းပြီး ဒုက္ခ​တေ​ွ
ကြားထဲ ​အဏ္ဏဝါ နဲ့ သူ့အမကို ပစ်​ထားခဲ့တဲ့သူ"
ူ​ရှေး​ခေတ်​သည်​ သူမစကား​ကြား​တော့ အပြစ်​ရှိသူသည်​ အပြစ်​ခံယူဖို့ အသင်​့ရှိ​နေသလို ​မျက်​​တောင်​ဖျားတို့စိုစွတ်​လာလျက်​ငြိုးငယ်​​နေ​လေသည်​။
"​ပန်​သစ္စာ က အဏ္ဏဝါ အ​ကြောင်​း ​တော်​​တော်​သိတာပဲလားဟင်​"
ဘယ်​လို​မေးလ်​ိုက်​တာပါလဲ ကို​ရှေး​ခေတ်​ ရယ်​။ကျွန်​မက အဏ္ဏဝါ ​နောက်​ သုံးနှစ်​နီးပါ​လောက်​ ​တစ်​​ကောက်​​ကောက်​​လျှောက်​လိုက်​​နေခဲ့တဲ့ သူပါ။ ကျွန်​မ မှအဏ္ဏဝါအ​ကြောင်​းမသိရင်​
ဘယ်​သူကသိမှာတဲ့လဲ။
"အဏ္ဏဝါ အခုဘယ်​မှာ​နေတာလဲဟင်​ ကိုယ်​အဏ္ဏဝါ့ကို
​တောင်​းပန်​ချင်​လို့လိုက်​ရှာ​နေတာပါ သူ ​ကျေနပ်​တဲ့အထိ
ကိုယ်​​တောင်​းပန်​​နေမှာပါ"
​ကြေကွဲဝမ်​းနဲ ရိပ်​တို့သည်​ ​ရှေး​ခေတ်​မျက်​နှာထက်​ပို၍ပင်​ စွန်​းထင်​း၍ လာ​လေပြီ။ ပန်​ပန်​သည်​ စိတ်​ကိုသာ ​လျှော့ရင်​း...
"ကျွန်​မတို့ ​စေ့စပ်​ပွဲကို နှစ်​​ယောက်​လုံးမသွားပဲ ဖျက်​လိုက်​ကြမလား"
"မဖြစ်​ဘူး ပန်​သစ္စာ အ​ဖေက ​စေ့စပ်​ပွဲဖျက်​ရင်​ ကိုယ်​့သမီး​တွေကို..."
လက်​သီဆုပ်​တိုသည်​့ တင်​းကြပ်​လာလျက်​ စကားလုံးတို့သည်​
ရင်​ထဲဆို့နင်​့ကာ ထွက်​မလာ​တော့​ချေ။ ပန်​သစ္စာ သည်​လည်​း
သူ့ကို ကြည်​့​နေရင်​း ​သူ​ပြောချင်​​နေသည်​ကို နားလည်​သွား
ဟန်​ရှိကာ လက်​သီးဆုပ်​ ထား​သော သူ့လက်​​ပေါ်သို့ သူမလက်​ဖြင်​့ အုပ်​ကိုင်​လိုက်​သည်​။
"ရှင်​လည်​း ကျွန်​မနဲ့ထူးမခြားနားပါပဲလား ..သားအရင်​းကို​တောင်​ ဒီလိုလုပ်​တယ်​ဆိုမှ​တော့ ကျွန်​မတို့မိသားစုဆိုရင်​ ...
ထားလိုက်​ပါ​တော့လည်​း ပွဲဖျက်​လိုက်​ရင်​လည်​း ​ကောင်​းကျိုးမှမရှိနိုင်​တာ"
"ပန်​သစ္စာ ....ကိုယ်​ ​စေ့စပ်​ပွဲမတိုင်​ခင်​ အဏ္ဏဝါနဲ့​တွေ့ချင်​တယ်​ လိုက်​ပို့​ပေးလို့ရမလား"
​တစ်​ခုတည်​း​သော ​မျော်​လင်​့ချက်​​လေးဖြင်​့အ​ရောင်​​တော​က်​ေ​န​သော မျက်​ဝန်​းတို့ကို ကြည်​့လျက်​ ပန်​ပန်​သည်​ ​တွေ​ဝေခြင်​း
မရှိ ​ခေါင်​း​လေးညိမ်​့ပြ၏။ ​ရှေး​ခေတ်​သည်​လည်​း ပန်​ပန်​အား ​ကျေးဇူးတင်​​ကာ ​​ပြုံးပြ​လေသည်​။ ​ပန်​ပန်​သည်​ ​ရှေး​ခေတ်​ကို ​ခေါင်​း​လေး ခါပြရင်​း ​အပြုံးလှလှဖြင်​့ အား​ပေးဟန်​ ပြုံးပြလိုက်​​လေသည်​။ သူမလည်​း အဏ္ဏဝါ ကို ​တွေ့ချင်​​နေခဲ့သည်​မို့....။
___________________။___________________
တိုက်​ခန်​းသည်​ အသစ်​ဖြစ်​သည်​့အပြင်​ ​ယောကျာ်​း​လေး​တွေပဲ
​နေသည်​မို့ထင်​သည်​ ချက်​စရာ ပြုတ်​စရာဟူ၍ဘာမှမရှိ​ပေ။
ထို့ပြင်​ အိုးခွက်​ပန်​ကန်​တို့သည်​လည်​း ဘာဆိုဘာမှ စုံလင်​စွာမရှိ​ပေ။ အဏ္ဏဝါ သည်​ ​ခေါင်​းကို ကုပ်​မိရင်​း ဘာလုပ်​ရပါ့လဲစဉ်​းစားရ​တော့သည်​။ တ​စ်​ညလုံး အဖျား​တွေ တတ်​လိုက်​ကျလိုက်​ဖြင်​့ ဒီ​ခေတ်​သည်​ မိုးလင်​းခါနီးမှ ငြိမ်​သွား​လေသည်​။ ဒီတစ်​ခါနှိုးလာရင်​​တော့ ဆန်​ပြုတ်​​လေးဖြစ်​ဖြစ်​တိုက်​ရင်​ ​ကောင်​းမည်​ဟု ​တွေးကာ မီးဖို​ချောင်​ ထဲ ဝင်​ကြည်​့​တော့ ဘာမှရှိ​မ​နေ​ပေ။ ဒီ​ခေတ်​ အကို ဆိုသည်​့လူသည်​လည်​း အသက်​​ကောရှိ​သေးရဲ့လားမသိ အရိပ်​အ​ယောင်​​တောင်​မ​တွေ့ရ​ပေ။
"ခ...လွမ်​း...."
သူစဉ်​းစားခန်​းဝင်​​နေစဉ်​ ဒီ​ခေတ်​အခန်​းဆီမှ ဖန်​ခွက်​ကျကွဲသံ​ကြောင်​့ အမြန်​​ပြေးရ​လေသည်​။
"ဒီ​ခေတ်​!!!"
သူအခန်​းထဲ​ရောက်​​တော့ ဒီ​ခေတ်​သည်​ ဖန်​ခွက်​အကွဲစ​တေ​ွကို ​ကောက်​ရင်​း ​မော့ကြည်​့လာ၏။ အဖျားသက်​သာလာ၍ ထင်​သည်​ ဖြူ​သော အသားအရည်​ထပ်​ ​သွေ​ရောင်​တို့လွှမ်​းလာ​လေသည်​။
"ညီ!!!"
"ဖယ်​ ဖယ်​ ကျွန်​​တော်​​ကောက်​လိုက်​မယ်​"
အဏ္ဏဝါ သည်​ ဒီ​ခေတ်​ကို ဆွဲထူရင်​း ဖန်​ကွဲစ​တွေကို သိမ်​းဖို့ပြင်​လိုက်​ပါသည်​။ ဒီ​ခေတ်​သည်​ အဏ္ဏဝါ အား ​တွေ​တွေ​ငေး​ငေး​လေးဖြင်​့ ကြည်​့၍​နေ​လေသည်​။
"ညီ...တကယ်​ ညီလားဟင်​...."
သူ တီတိုး​မေးမိသည်​့အခါ အဏ္ဏဝါက ကြည်​့ရုံသာကြည်​့၍ ဖန်​ကွဲစ​တွေကို​ဂေါ်ပြား​လေးဖြင်​့ ​ကော်​ထည်​့ကာ အမှိုက်​ပုံးထဲ သွားပြစ်​လိုက်​​လေသည်​။ ထို့​နောက်​ သူ့​ရှေ့သို့ပြန်​​ရောက်​လာကာ ...
"ကျွန်​​တော်​မဟုတ်​လို့ ဘယ်​သူဖြစ်​ရအုံးမှာလဲ"
မျက်​နှာ​လေး ​မော့ချီလျက်​​ပြောကာ ​ပါးချိုင်​့​လေးတို့​ပေါ်​အောင်​
ပြုံးပြပြီး မျက်​ခုံး​လေး​တွေပင်​့ပြသည်​့ တစ်​ခဏ သူသည်​ စိတ်​နဲ့လူနဲ့ မကပ်​သူလိုဖြစ်​လျက်​ အဏ္ဏဝါ ကို ရင်​ခွင်​ထဲသို့ ဆွဲသွင်​း၍ ​ပွေ့ဖက်​ထားမိ​လေသည်​။ အဏ္ဏဝါ သည်​ လည်​း အံ့သြမှင်​သက်​လျက်​ သတိဝင်​လာကာ ရုန်​း​လေ​တော့သည်​။
"ဒီ​ခေတ်​ ဘာလုပ်​ တာလဲ လွှတ်​"
သို့​သော်​ ဒီ​ခေတ်​ လက်​တို့သည်​့ ပိုမိုတင်​းကြပ်​လာလျက်​ ...
"ခဏ​လေးပါ ခဏ​လေးပါညီရယ်​ ဒီတိုင်​း ခဏ​လေးပဲ​နေ​ပေးပါ"
အဖျား​ပျောက်​ကာစ ဒီ​ခေတ်​ရဲ့ ​ခန္ဓာကိုယ်​​ငွေ့သည်​ ​နွေး​ထွေး၍ ​နေ​လေသည်​။ ​ဆေးနံ့တို့ ရ​သော်​ငြား မငြိုငြင်​မိပဲ
ရုန်​းကန်​ခြင်​းကို ရပ်​တန်​့ကာ ဒီ​ခေတ်​​ပြောသလို ​နေ​ပေးလိုက်​မိပါသည်​။ ကျွန်​​တော်​ ကိုယ်​​ငွေ့​ကြောင်​့ ဒီ​ခေတ်​အဖျား​ပျောက်​မယ်​ဆိုရင်​ ​ကျေနပ်​ပါတယ်​​လေ။
"ညီ ကိုယ်​့ကို မုန်​းသွားပြီထင်​​နေတာ"
ခက်​ပါ​လေစွ ဒီ​ခေတ်​ရယ်​ ။ လူတစ်​​ယောက်​လုံး ခင်​ဗျားရင်​ခွင်​ထဲ​ရောက်​​နေတာကို မုန်​းတယ်​လိုထင်​​နေတုန်​းလား။
"ကိုယ်​​တောင်​းပန်​ပါတယ်​"
​တိုလျို​တောင်​းပန်​သံ ကြားရသည်​့​နောက်​ အဏ္ဏဝါသည်​
​တောင်​့တင်​းစွာရပ်​​နေသည်​့ကြားမှ ဒီ​ခေတ်​ရဲ့ ​ကျောပြင်​​လေးကို လက်​ဖဝါး​သေး​သေးဖြင်​့ပုတ်​​ပေးမိ​လေသည်​။
"​တောင်​းပန်​ပါတယ်​"
​နောက်​ထပ်​စကားသံတစ်​ခုနဲ့အတူ ပခုံး​ပေါ်သို့ ကျလာ​သော စိုစွတ်​မူ​လေးတစ်​ခု။ ငို​နေတာလား ဒီ​ခေတ်​ ရယ်​။ မငိုပါနဲ့ ။
ကျွန်​​တော်​ မုန်​း​နေတယ်​ဆိုတာ ခံစားမိခဲ့ရင်​ အခု ကျွန်​​တော်​ မမုန်​းဘူးဆိုတာ​ရော မခံစားမိဘူးလား။ ​တောင်​းပန်​​နေတာ​တွေ ​တော်​ပါ​တော့ ဒီ​ခေတ်​...ဒီ​ခေတ်​က ဘာမှားခဲ့လို့ ​တောင်​းပန်​​နေရတာလဲ။ အတန်​ကြာဖတ်​ထားပြီး​နောက်​ ဒီ​ခေတ်​သည်​ အဏ္ဏဝါ ကို ရင်​ခွင်​​လေးထဲ ဆွဲထုပ်​ကာ မျက်​နှာ ​သေး​သေး​လေးအား ကြည်​့လိုက်​ေ​လသည်​။
"ညီ!!!.......​ကျေးဇူးတင်​ပါတယ်​"
ရွှန်​လဲ့​သော မျက်​ဝန်​းနှစ်​စုံတို့သည်​ အတန်​ကြာ ဆွဲ​ဆောင်​မူ
အားပြင်​း​နေခဲ့၏။ အဏ္ဏဝါ သည်​ ဘာစကားတစ်​ခွန်​းမှ ​ပြောဆိုခြင်​း မရှိပဲ အကြည်​့တို့ကို ဦးစွာ လွှဲလိုက်​၏။
"ကျွန်​​တော်​ပြန်​​တော့မယ်​ အ​မေစိတ်​ပူ​နေလိမ်​့မယ်​"
​ပြောပြီးသည်​နှင်​့ ဒီ​ခေတ်​ကို လှည်​့မကြည်​့ပဲ အပြင်သို့မြန်ဆန်စွာ ထွက်​ခဲ့လိုက်ပါ​​​​သည်​။ ဒီ​ခေတ်​သည်​ ချက်​ချင်​းလိုပင်​ ကား​သော့ အား ယူပြီး​နောက်​ အဏ္ဏဝါ​နောက်​သို့ ​ပြေးလိုက်​ခဲ့ပါသည်​။
"ညီ ခဏ​လေး "
​ခေါ်သံ​ကြောင်​့ အဏ္ဏဝါ သည်​ ​လှေကားထစ်​တို့​ပေါ်​ပြေးဆင်​း​နေရာမှ ရပ်​၍ လှည်​့ကြည်​့လာသည်​။ ဒီ​ခေတ်​သည်​ အားမရှိသည်​့ကြားမှ အ​ပြေးလာရသဖြင်​့ ​မောဟိုက်​၍ ​နေ​လေသည်။
"ကိုယ်​ပြန်​လိုက်​ပို့​မယ်​"
အဏ္ဏဝါ သည်​ ဒီ​ခေတ်​အားဂရုဏာသက်​စွာကြည်​့၏။
"လိုက်​မပို့ပါနဲ့ ကျွန်​​တော်​ဘာသာ ကျွန်​​တော်​ ပြန်​လိုက်​ပါ့မယ်​
​နေ​ကောင်​းတာလဲမဟုတ်​ပဲနဲ့ အပြင်​မထွက်​နဲ့​နော်​"
အဏ္ဏဝါ သည်​ စကားကို ချိုသာစွာ​ပြောလိုက်​​လေသည်​။ ဒီ​ခေတ်​သည်​ သူ့စကားကို နား​ထောင်​ချင်​ပုံမရ​ပေ။ ဖြူ​ဖျော့​နေ​သော ဒီ​ခေတ်​သည်​ ဘယ်​လိုအားအင်​နှင်​့များသူ့ကိုလိုက်​ပို့​ချင်​​နေရသလဲမသိ။
"ဒါ​ပေမယ်​!!"
"​​နေ​ကောင်​း​အောင်​​နေ​ပါ ကျွန်​​တော်​ ပြန်​လာခဲ့မယ်​"
"တကယ်​ပြန်​လာမှာလား"
"အင်​"
​သူ ​ခေါင်​းညိမ်​့လိုက်​စဉ်​ ဒီ​ခေတ်​၏ ခပ်​ပါးပါးနှုတ်​ခမ်​းတစ်​စုံသည်​ ​ကော့ညွှတ်​စွာ ပြုံး၍ သွား​လေသည်​။
"ကား ယူသွားညီ.. အသွားအပြန်​အဆင်​​ပြေတာ​ပေါ့"
လက်​ထဲမှကိုင်​ထား​သော ​သော့တွဲ​လေးအား ကမ်​း​ပေးသဖြင်​့
အဏ္ဏဝါ သည်​ ​မယူပဲ ​တွေ​ဝေ​နေ၏။ဒီ​ခေတ်​က လက်​ထဲအတင်​းထည်​့​ပေး​တော့မှ ​သော့ကိုယူလိုက်​​လေသည်​။
"​​ဖြေး​ဖြေ​မောင်​း​နော်​ညီ ဂရုစိုက်​သွား!!!"
ပြုံးရွှင်​​နေသည်​့မျက်​နှာ​လေးအား သူ​ငေးကြည်​့ရင်​း ​ခေါင်​း
ညိမ်​့ပြကာ ​နေရာမှထွက်​ခဲ့လိုက်​​လေသည်​။ ပြုစားလိုက်​တာ ဒီ​ခေတ်​ရယ်​။ တဒုတ်​ဒုတ်​ နဲ့ ခုန်​​နေတဲ့ရင်​ဘတ်​​တွေကဘာဖြစ်​​နေတာလဲ ကျွန်​​တော်​ နှလုံး​ရောဂါ ရ​တော့မှာလား.....။
အငြိုး အ​တေး အဃာတတို့သည်​ ခဏတာအတွင်​ သူ့စိတ်​နှလုံးအိမ်​ထဲမရှိ​တော့သလို ငြိမ်​းချမ်​၍လာ​လေသည်​။ ကျွန်​​တော်​တို့ ဒီတိုင်​း​လေးပဲ အဆင်​​ပြေရင်​ ရပြီမဟုတ်​လား။
__________________။_________________
သူအိမ်​ပြန်​​ရောက်​​တော့ တိတ်​ဆိတ်​​နေတဲ့ ခြံဝန်​းက
ဆီးလို့ကြို​နေသည်​။ ​သော​ခတ်​ထားသည်​့ အိမ်​တံခါးကိုမြင်​လိုက်​ရ​တော့ တစ်​ခုခုထူး​ဆန်​း​နေသလိုထင်​ရ​ပေမယ်​့ ​မေ​မေ
က​လေး​တွေ​ကို​ကျောင်​းသွားပို့တာ​နေမှာပါဟုဖြည်​့​တွေးလိုက်​သည်​။ ​ဘေးအိမ်​က မြတ်​​သော​ရော ​ကျောင်​းသွားပြီလား သိချင်​သဖြင်​့ လှမ်​းကြည်​့လိုက်​မိသည်​။ အိမ်​တံခါးက​တော့ဖွင်​့ထားဆဲ ဖြစ်​သဖြင်​့ သူမြတ်​​သောတို့အိမ်​သို်​့သွားလိုက်​ပါသည်​။
  မ​နေ့ညက မြတ်​​သော ဖုန်​း​တွေ​ခေါ်ထားတာ မကြားလိုက်​မိ phက အသံပိတ်​ထားတာ​ကြောင်​့လဲပါမည်​။ဒီက​လေး သူ့ကို
စိတ်​​တွေပူ​နေ​မှာ အ​သေအချာပင်​။
"မြတ်​​သော​ရေ မြတ်​​သော မြတ်​​သော"
မြတ်​​သော နာမည်​အား ​အော်​​ခေါ်ရင်​း အိမ်​ထဲဝင်​သွား​တော့
​ခြောက်​ကပ်​​နေ​သောအိမ်​ကြီးထဲ အပ်​ကျသံ​တောင်​မကြားရ​ပေ။
"မြတ်​​သော ...အန်​တီ...မြတ်​​သော.. ဘယ်​သူမှမရှိကြဘူး
လာမြတ်​​သော​ရေ "
ထပ်​မံ၍ ​အော်​မိပြန်​​တော့လည်​း ဘာသံမှမကြားရ​ပေ။ အဏ္ဏဝါ သည်​ နှစ်​အိမ်​လုံး အခုလို တိတ်​ဆိတ်​​နေသည်​ကို မသကာၤဖြစ်​လာ​လေသည်​။
"မြတ်​​သော !!!"
အသံကို နဲနဲ​လေးမြင်​့လျက်​ထပ်​​ခေါ်မိသည်​။ သူ​ကြောက်​လာမိသည်​။ ဒီလိုမျိုး ဘယ်​သူမှမရှိဘဲ တစ်​​ယောက်​တည်​း ကျန်​ခဲ့ရသည်​့အဖြစ်​အား သူမခံစားနိုင်​။
"မြတ်​​သော မင်​း ထွက်​လာခဲ့ပါကွာ "
အသံ​လေးတုန်​ယင်​လျက်​ သူထပ်​​ခေါ်မိသည်​့အခါ ပြန်​ထူးသံစိုးစိမျှမရှိသည်​့​နောက်​ မျက်​ရည်​စကအလိုလို သီဖွဲ့လာရသည်​။ အိတ်​ကပ်​ထဲမှ ဖုန်​းကို အမြန်​​ထုပ်​ပြီး မြတ်​​သောအား အမြန်​ပင်​ ​ခေါ်မိသည်​။
တူး.....တူး....တူး.....
ဖုန်​းသံသည်​ သူနှင်​့မနီးမ​ဝေးတွင်​ ရှိသည်​့အလား ကြား​နေရ၏။ ဖြစ်​နိုင်​​ချေက မြတ်​​သော အခန်​းထဲတွင်​ ဖြစ်​သည်​။
သူအမြန်​ဆုံးပင်​ မြတ်​​သော အခန်​းထဲ ဝင်​သွားမိလိုက်​သည်​။
"မြတ်​​သော...."
အခန်​း​လေးသည်​ ​မှောင်​​နေ၏။ အခန်​း၏ ​ထောင်​့စွန်​း​လေးတွင်​​တော့ မြတ်​​သောသည်​ ငုတ်​တုတ်​​လေး ထိုင်​လျက်​ သူ့အား
အသက်​မဲ့သူလို လှည်​့ကြည်​့လာ၏။ အမြဲတမ်​း​ပျော်​​နေတတ်​​သော ​ကောင်​​လေးအား ငိုးထားသည်​့မျက်​နှာ​လေးဖြင်​့ မြင်​ရသည်​့အခါ အဏ္ဏဝါ ရင်​​တွေပူ​လောင်လာရသည်​။ ဒီ​ကောင်​​လေးသည်​ အမြဲတမ်​းသူ့ကို အကူအညီ​ပေးခဲ့ပြီး အ​ဖော်​ပြု​ပေး​တဲ့သူ။
"မြတ်​​သော ဘာဖြစ်​တာလဲဟင်​"
မြတ်​​သော အနီးသို့ တိုးကပ်​ရင်​း ​မေးမိ​လေ​သောအခါ
မြတ်​​သောက သူ့ကို အဓိပ္ပါယ်​ မဲ့​သော မျက်​ဝန်​းတို့ဖြင်​့ ကြည်​့လာ၏။ တစ်ဖန် ​​လက်​ထဲတွင်​ ကိုင်​ထား​သော ဖုန်​းscreemအား ကြည်​့ပြီး​နောက်​ အဏ္ဏဝါ ကို ​ထောင်​ပြ​လေသည်​။ အ​ဏ္ဏဝါသည်​ ဖုန်​screemအား ကြည်​့ပြီး​နောက်​
မြတ်​​သောလိုပင်​ ​ကြောင်​အလျက်​ အရုပ်​ကြိုးပြတ်​ထိုင်​ချမိ
လိုက်​သည်​။
"​လေးငယ်​"
တိုးဖွဖွ ​ခေါ်လာသူမြတ်​​သော အသံအား အဏ္ဏဝါ မကြား​ပေ။
အချိန်​စက္ကန်​့ တဖျက်​ဖျက်​ ​ရွေ့​နေသည်​ကိုပင်​ ရပ်​တန်​​့​နေသကဲ့သို့သူဟာ ​ကျောက်​ရုပ်​လိုဖြစ်​​နေ၏။
"​လေငယ်​ စိတ်​ထိန်​း​နော်​"
မြတ်​​သော ​ပြောလိုက်​မှပင်​ အဏ္ဏဝါ သည်​ မြတ်​​သော လက်​ထဲကပုံကို ​သေချာစွာ ထပ်​ကြည်​့၏။
" ​မောင်​​ရှေး​ခေတ်​အက္ခရာ (အက္ခရာ ကုမ္မဏီပိုင်ရှင်)​​နှင်​့
မပန်​သစ္စာ (fl အိမ်​သုတ်​​​ဆေးလုပ်​ငန်​းပိုင်​ရှင်​) တို့၏
​စေ့စပ်​​ကြောင်​းလမ်​း မင်္ဂလာ "
ဟူသည်​့ ​ခေါင်​းစဉ်​နဲ့အတူ ​​​ရှေး​ခေတ်​အက္ခရာနှင်​့ ပန်​သစ္စာ တို့သည်​ ပြုံးရွှင်​လျက်​ ​လှပ​ချော​မော​နေကြ၏။
သည်​​လောက်​​လေးနဲ့ အဏ္ဏဝါနှင့်ြ​မတ်​​သောကို တုန်​လှုပ်​​စေသည်​​တော့မဟုတ်​​ပေ။
​ရှေး​ခေတ်​ အက္ခရာ နဲ့ ပန်​သစ္စာ ​ရှေ့တွင်​ ပန်​းကြဲအဖြစ်​ ရပ်​​နေ​သော ပြုံး​ပျော်​​နေသည်​့ မြစရစ်​ဖူးနှင်​့ ​​ကျောက်​စရစ်​ဖူး အမွှာ နှစ်​​ယောက်​။ ဖြူလွှလွှ ဂါဝန်​​လေးနှင်​့ နှင်​းဆီပန်​းဖြူဖြူကို
ပန်​းကုံး​လေးလုပ်​ကာ ဆင်​မြန်​းထား​သော ဖြူစင်​လွန်​းသည်​့ က​လေး​လေး​တွေ။
တရက်​​လေးပဲ တရက်​​လေးပဲ အိမ်​မှာမရှိခဲ့တာပါ။ အဲ့ဒီတစ်​ရက်​​လေးမှာပဲ။
"ကျွန်​​တော်​ အသုံးမကျတာ"
မြတ်​​သောက သူ့ကို သူအပြစ်​တင်​ရင်​း ​မြဲစွာဆုပ်​ကိုင်​ထား​သော လက်​သီးဖြင်​့ ကြမ်​းပြင်​အား ဒုန်​းခနဲ ​ဆောင်​့ထိုး၏။
အဏ္ဏဝါ သည်​ မြတ်​​သောအား စကား​ပြောမရသူလို ကြည်​့​နေ၏။ ထို့​နောက်​ မျက်​ဆံနက်​နက်​တို့သည်​ တစ်​ခုခုကို ရှာ​ဖွေသလို ဖြစ်​လာ​လေသည်​။
"အ​မေ ...အ​မေ​.. အ​မေ​ရော အ​မေ​ရော...မြတ်​​သော"
မြတ်​​သောသည်​ အတန်​ကြာ တိတ်​ဆိတ်​လျက်​....
​"​ဆေးရုံမှာ"
"ဘာ!!!"
_________________။__________________
Updateကြာသွားလို့ ​မေ့သွားကြပြီလားဟင်​😬။မ​မေ့ကြနဲ့​နော်​ င်​ိုပလိုက်​မှာ။ updateကြာသွားတာ လက်​နာ​နေလ်​ို့ပါ။
Reader​လေးတစ်​​ယောက်​က ​ပြောတယ်​ သာသာတဲ့
တစ်​ပိုင်​းတည်​း ဖတ်​ရတာအားမရဘူးတဲ့ ဇာတ်​ရှိန်​တတ်​လာပြီဆိုပြီးသွားလို့တဲ့။ အဲ့ဒါ​ကြောင်​့ နှစ်​ပိုင်​း​လောက်​ up​ပေးမလို့ ​ရေး​နေတာ😁😁😁။ပြီး​တော့ စာဖတ်​သူတစ်​​ယောက်​ချင်​းစီတိုင်​းကို ​ကျေးဇူးတင်​ပြီး ချစ်​ပါတယ်​​နော်​😘။
Love u all💚💚💚
Continue Reading
You'll Also Like
306K 17.3K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"
320K 34.3K 172
English Name: After Retiring from Marriage, I became the Favorite of a Powerful Minister Associated Names: 退婚后我成了权臣心尖宠 Chinese Author: Lan Bai Ge Ji ...
132K 7.5K 62
အာဏာရှင်=မင်းနဲ့တူတဲ့သူတွေ ထောင်ပေါင်းများစွာရှိပါစေ ငါ့ရင်ခုန်သံက မင်းအနားမှာပဲကြားရတယ်နွေဦးသခင်=ညီညီ် ကိုသာပြန်တွေ့ခဲ့ရင် အရာရာအားနာနေရမှာ ပိုင်...
121K 12.5K 51
အတိတ်ဆိုးတွေနဲ့ပြည့်နေတဲ့ ပူလောင်လှတဲ့ မင်းရဲ့ဘဝလေးကို ကို့ရဲ့အချစ်တွေနဲ့ ကောင်းကင်ပြာကြီးလို အုပ်မိုးထားပါရစေ နွေလယ် ...