My Ocean💦

By renjunic

19.7K 1.9K 397

(Zawgyi) သမုဒ္ဒရာကြီး​လောက်​ကျယ်​​ပြောများပြားလှတဲ့ ကျ​နော့ရဲ့ချစ်​ချင်း​မေတ္တာ​တွေအားလုံး​ကို ခဗျားတစ်​​ယောက်... More

intro
1❦
2❦
3❦
4❦
5❦
6❦
7❦
9❦
10❦
11❦
12❦
13❦
14❦
15❦
16❦
17❦
18
19
20
21(final)

8❦

698 85 11
By renjunic

Zawgyi...

ဒေါက်​ ​ဒေါက်

"သခင်​​လေးတို့..."

ဒေါက်​​ ​ဒေါက်​....




သခင်​ကြီး........!!ကိုကြီး​.....?

အားး..... ဒုက္ခပါပဲ....

"Jaemin.....!!jaemin....!! ထ ထ...."

"ဟင်​ "




"ကိုကို......?"




"အရူးထမ​နေနဲ့ ...."


"ဟာ....!"


"မ​ပြောချင်​ပါဘူး...."



"အာ...."


"သခင်​​လေးတို့....."



"ဟင်​...?"


"အင်း...."


ဆိုးလိုက်​တဲ့က​လေး.....


"သွား​တော့ သွား​တော့...."

"ချစ်​တယ်​..."


"အာ ! ဒီက​လေးက​တော့....."

ဟွန်း...





•••••••••••••••••••••••••••••••••••••

"အကို...."

"အင်း....​ပြော​လေ....."


"အင်းပါ...."


"အင်း.."


"ငါ သိပါတယ်​...."


"အင်း အင်း..."




တင်​!




တူ ....တူ....





"​....."




•••••••••••••••••••••••••••••••••••••






"ကိုကြီး....."

"​​ရောက်​ပြီလား....?"





"ဟို.....ကျ​နော်​...."




"ဘယ်သူ လဲ ......ဟင်​?"


"....."




"ညီ့ကို သတ်​တာ ဘယ်​သူလဲ.....?"


" မ​လောပါနဲ့ဆို...."

"​ပြောစမ်း!!"



"ကိုကို!!"






"ဘာ!!"



"အငယ်​!"

"ဗျာ...!"



"ကိုကို.....ကျ​နော်​...."



"ဗျာ...!!"


"အကို....!"

"အကို....!"


"Renjun!!"



"....."











_________________________________



Unicode...

ဒေါက် ဒေါက်

"သခင်လေးတို့..."

ဒေါက် ဒေါက်....

အပြင်ဘက်မှ အစေခံကောင်မလေး၏ မတိုးမကျယ်လှသောလေသံကြောင့် renjunချက်ချင်းကောက်ထိုင်မိ၏

ဘေးကသကောင့်သားလေးကတော့ အိပ်ကောင်းတုန်းတုပ်တုပ်မျှပင်မလှုပ်ချေ.....

"သခင်ကြီးပြန်ရောက်လာပါပြီ !သခင်လေးတို့ကိုလာခေါ်ခိုင်းလိုက်လို့ပါ...."

သခင်ကြီး........!!ကိုကြီး.....?

အားး..... ဒုက္ခပါပဲ....

"Jaemin.....!!jaemin....!! ထ ထ...."

"ဟင် "

မပွင့်တပွင့်မျက်ဝန်းတွေနှင့် renjunဘက်အသာခေါင်းထောင်ကြည့်ကာ ပြန်လှဲသွားသည်....

ပြန်မှိတ်သွားသော မျက်ဝန်းလှလှတွေဆီကရော 'ဟင်'တစ်လုံးသာဖွင့်ဟပြီး ပြန်ပိတ်သွားသော နှုတ်ခမ်းတွေဆီကရော ဘာသံမှထပ်ထွက်မလာတော့ပဲ ပြုံးပြုံးကြီးလုပ်နေ၏

"jaemin...!!ထ ဆို....ကိုကြီးပြန်ရောက်နေပြီတဲ့....."

"ကိုကို......?"

"အင်း......မြန်မြန်ထ ငါတို့ကိုခေါ်ခိုင်းလိုက်တယ်တဲ့.....ဘယ်လိုလုပ်မလဲ.......?"

"ဘယ်လိုမှလုပ်မနေနဲ့.....တစ်ခါထဲလက်ထပ်ပေးဖို့ခွင့်တောင်းလိုက်မယ်လေ....ထ သွားမယ်....."

ပြောပြောဆိုဆို ကုတင်ပေါ်ကခုန်ဆင်းကာ renjunလက်ကိုအတင်းဆွဲခေါ်သည်

"အရူးထမနေနဲ့ ...."

Jaeminလက်ကိုဖယ်ထုတ်ကာ renjunက စောင်ခြုံထဲပြန်ဝင်နေ၏.....

"ဟာ....!"

"မင်းဘယ့်မင်းသွား ငါ မနက်အစောကြီးထဲကအပြင်ထွက်သွားတယ်လို့ပြောလိုက်....."

"မပြောချင်ပါဘူး...."

"ဟာ jaeminရာ....ငါ့ကိုအလုပ်မပြုတ်စေချင်ရင် ဒီတစ်ခေါက်လေးပဲကူညီပါကွာ နော်...."

"ကျနော့ကိုနမ်းပေးရင် သနားသဖြင့်ကူညီပေးမယ်...."

"အာ...."

Renjunမျက်နှာလေးရှုံ့မဲ့သွား၏

"သခင်လေးတို့....."

"အလုပ်မပြုတ်ချင်ရင် နင့်ေ-ာက်ပါးစပ်ကိုပိတ်ပြီး လာရာလမ်းအတိုင်းပြန်လှည့်သွားစမ်း....."

အပြင်ဘက်ကအသံငြိမ်ကျသွားကာမှ jaeminက renjun့ဘက်ပြန်လှည့်လာ၏

"ဟင်...?"

"နမ်းမယ် နမ်းမယ် လာ.....အနမ်းခံပြီးရင် ကိုကြီးနဲ့သွားတွေ့လိုက်နော်....."

"အင်း...."

ပါးကြီးဖောင်းပြီးရှေ့ထိုးပေးနေသော ပြုံးဖြီးဖြီး မျက်နှာကြီးကို renjunတကယ်ပဲပိတ်ရိုက်ချင်မိပါသည်....

ဆိုးလိုက်တဲ့ကလေး.....

အရေးအကြောင်းထဲတောင်မှ အခွင့်အရေးကရအောင်ယူသေး.....

"သွားတော့ သွားတော့...."

"ချစ်တယ်..."

renjun့ပါးနှစ်ဖက်အားအသာလေးဖိဆွဲကာ ထထွက်သွား၏.....

"အာ ! ဒီကလေးကတော့....."

ဟွန်း...

သိပ်ကပ်စီးနဲလွန်းတဲ့ အပြုံးသူဋ္ဌေးလေးက သူ့အပြုံးတွေကို ကိုယ့်အပေါ်တော့ ရက်ရက်ရောရောရော ပေးကမ်းနေလိုက်တာဆိုတာ....

အပြစ်များလုပ်ခဲ့ရင်တောင် အပြုံးလေးတစ်ပွင့်နဲ့တင်ကျေအေးပေးမိမယ်ထင်ပါရဲ့......

ကိုယ့်စိတ်ကိုလှုပ်ခတ်စေခဲ့တာ ဒီအပြုံးတွေကြောင့်ရယ်တော့မဟုတ်ပြန်ခဲ့....မြင်ရခဲတဲ့ မျက်ရည်တွေကြောင့်လည်းပါမည်ထင်....

သုံးနှစ်တိတိ ငြိမ်သက်နေခဲ့တဲ့ ကိုယ့်နှလုံးသားကို အရိုင်းဆန်စေခဲ့တဲ့ မျက်ဝန်းလှလှလေးထဲကမျက်ရည်တချို့..... ပြန်တွေးမိလိုက်တိုင်း ကြက်သီးဖျန်းဖျန်းထရလေခြင်း...... တက်လည်းတက်နိုင်ပါပေတယ် အငယ်ရယ် .... ကိုယ်မင်းကို မချစ်မိဖို့မတက်နိုင်တော့ပါဘူးလေ ကိုယ် အရှုံးပေးလိုက်ပါပြီကွယ်.....

•••••••••••••••••••••••••••••••••••••

"အကို...."

"အင်း....ပြောလေ....."

"ညနေကြရင်လည်းအကိုပဲလာကြိုနော် အကိုDoyoungကိုမလွှတ်လိုက်နဲ့....."

"အင်းပါ...."

"တစ်နေရာရာသွားစရာရှိရင်လည်း ကျနော့ကိုပြောပြီးမှသွား....."

"အင်း.."

"ကိုကိုနဲ့ပဲ အမြဲတပူးပူးတတွဲတွဲလည်းလုပ်မနေနဲ့...."

"ငါ သိပါတယ်...."

"ဒါဆို ကျနော်သွားပြီနော်....ချစ်တယ်...."

"အင်း အင်း..."

ကားပေါ်ကဆင်းဖို့အရေး မပြီးနိုင်သောမှာတမ်းခြွေမှု့များကို renjunနားပူပူနင့်ပင်နားထောင်လိုက်ရသည်....

ဟူး.... ရည်းစားထားရတာလည်း မလွယ်လိုက်တာ....!!

သူ ကျောင်းဝန်းထဲဝင်ရောက်သွားတာမြင်မှ renjun ကားကို company ဘက်မောင်းထွက်လာလိုက်သည်.....

တင်!

Messageဝင်သံကြောင့် ကားကိုလမ်းဘေးထိုးရပ်ကာ phကိုဖွင့်ကြည့်လိုက်သည်

ကိုကြီး: မြို့ပြင်က စက်ရုံဟောင်းဆီလာခဲ့jun...!

"မြို့ပြင်ကစက်ရုံဟောင်း....? ဘာကိစ္စရှိလို့ပါလိမ့်....."

တူ ....တူ....

Phချပြီး ကားပြန်မောင်းမယ်ကြံသေး ဝင်လာတဲ့ph ကchenleဆီကမို့ renjunအမြန်ယူကိုင်လိုက်သည်.....

"ဟယ်လို chenle ဟိုနေ့ကကိစ္စအတွက် ငါတောင်းပန်..."

renjunစကားမဆုံးခင် chenleကရေးကြီးသုတ်ပြာဝင်ဖြတ်ပြော၏....

"မြို့ပြင်က စက်ရုံဟောင်းမှာစောင့်နေrenjun အဲ့မှာညီနဲ့ပတ်သတ်တဲ့သဲလွန်စရှိတယ် ငါလည်းအခုပဲထွက်လာနေပြီ....."

"....."

renjun phကိုင်ရက်သားနှင့် ကြောင်အနေမိ၏...

ကိုကြီးကလည်း မြို့ပြင်ကစက်ရုံဟောင်းကိုလာခိုင်းတယ်....chenleကလည်းသဲလွန်စရှိတယ်တဲ့ ဘာများပါလိမ့်......

Renjunသိချင်ဇောနှင့် ကားကိုအရှိန်အမြှင့်ဆုံးမောင်းလာခဲ့လိုက်သည်.....

•••••••••••••••••••••••••••••••••••••

အသုံးမပြုတာကြာပြီဖြစ်တဲ့စက်ရုံဟောင်းက တချို့နေရာတွေပင် ပြိုပျက်နေလေပြီ.....

Renjunအထဲကိုဝင်သွားလိုက်သည်နှင့် ခုံတစ်လုံးပေါ်တွင်ခြေချိတ်ထိုင်နေသော ကိုကြီးကိုတွေ့လိုက်ရ၏

ဘေးတစ်ဖက်တစ်ချက်တွင်တော့ renjunမြင်ဖူးနေကျမဟုတ်တဲ့suitအပြည့်နဲ့လူငါးယောက်ခြောက်ယောက်လောက်ကဝန်းရံနေ၏....

Renjun့လက်တွေအေးစက်လာသလိုပင်...

ကိုကြီးများသိသွားပြီလား......

"ကိုကြီး....."

"ရောက်ပြီလား....?"

"ဟုတ်ကဲ့ ကိုကြီး.....ကျနော့ကိုဘာကိစ္စရှိလို့ ဒီကိုခေါ်လိုက်တာလဲဟင်....?"

"ကိစ္စကတော့ renjunအရမ်းသိချင်နေတဲ့ကိစ္စပေါ့...."

"ကျနော်အရမ်းသိချင်နေတဲ့ကိစ္စ....!"

"ရူးချင်ယောင်ဆောင်မနေပါနဲ့တော့junရယ် ကိုကြီးအကုန်သိလာခဲ့ပြီးပါပြီ junအိမ်ကိုရောက်လာရတဲ့အကြောင်းအရင်းရော ဒီအတောအတွင်းလုပ်ခဲ့တဲ့ကိစ္စတွေရောပေါ့....."

"ဟို.....ကျနော်...."

ကိုကြီးကစိတ္တဆဆန်ဆန်ပြုံး၏

"ညီ! ညီ ဆိုတဲ့ကောင်လေးကို ဘယ်သူသတ်တာလဲဆိုတော့လေ...."

ညီ" ဆိုတဲ့အသံကြားလိုက်သည်နှင့် renjunမျက်ဝန်းထဲကမျက်ရည်တွေအဆက်မပျက်စီးပြိုကျလာတော့သည်....

"ဘယ်သူ လဲ ......ဟင်?"

"သိပ်လည်းမလောပါနဲ့renjun... တရားခံကိုလည်းခေါ်ထားတယ် မကြာခင်ရောက်လာမှာပါ.....အဲ့ဒါမတိုင်ခင် ငါတို့ကိစ္စလေးတစ်ခုလောက်ဆွေးနွေးရအောင်လေ...."

"....."

"ငါ့ဆီကခိုးထုတ်သွားတဲ့လျှို့ဝှက်ရံပုံငွေစာရင်းတွေ ပြန်လိုချင်တယ် အဲ့ဒါတွေပြန်ပေးရင် တရားခံကို ပြောပြပေးမယ်လေ ဘယ်လိုလဲ......?"

renjun အိတ်ကပ်ထဲမှာအမြဲဆောင်ထားတဲ့ စတစ်ကို တုန်တုန်ယင်ယင်နဲ့ထုတ်ပေးလိုက်၏....

renjun့ပုံစံက အခုအချိန်မှာ သူ့ညီအတွက်ဆို သူ့ဆီကနှလုံးသားကိုလိုချင်ရင်တောင်ချက်ချင်းဖောက်ထုတ်ပေးမဲ့ပုံမျိုး.....

"ညီ့ကို သတ်တာ ဘယ်သူလဲ.....?"

renjunလှမ်းပေးတဲ့memoryစတစ်ကိုလှမ်းယူကာ

" မလောပါနဲ့ဆို...."

"ပြောစမ်း!!"

Renjunရှိသမျှအားနဲ့အသံကုန်အော်လိုက်မိသည်....

"အိုခေ အိုခေ သိပ်လည်းစိတ်မတိုပါနဲ့junရယ် ကိုယ်ပြောပြပါ့မယ်....ညီ့ကိုသတ်တဲ့သူက....."

"ကိုကို!!"

အလင်းထဲကဝင်လာတဲ့ပုံရိပ်လေးတစ်ခု.....

"ကိုကို! ကျနော့ကိုခေါ်တယ်ဆို..... ဟင်!. အကိုrenjunပါရှိနေတာလား......?"

Jaeminကိုမြင်လိုက်သည်နှင့် renjun့မျက်ဝန်းများပြူးကျယ်သွားရတော့၏

"Jaemin...!မင်းက ဒီကိုဘယ်လိုလုပ်...."

"ငါ ခေါ်လိုက်တာလေ ...မင်းပဲတရားခံအစစ်ကိုသိချင်တယ်ဆို...."

"ဘာ!!"

renjunမျက်လုံးများပြာဝေကာ ခြေထောက်တွေကခွေယိုင်လုမတက်.....မနဲတောင့်ခံနေရ၏

"ကိုကိုနဲ့ အကိုrenjunတို့ဘာကိစ္စကိုပြောနေကြတာလဲ.....ဟင်....?"

"အငယ်!"

"ဗျာ...!"

"မှတ်မိသေးလားညီငယ် ဒီနေရာမှာလေ..... မင်းကို မင်းနဲ့ရွယ်တူကောင်လေးတစ်ယောက်ကပြန်ပေးစွဲခဲ့တဲ့နေ့ကို...."

ထိုစကားကြားသည်နှင့် ညီငယ့်မျက်လုံးတွေကဂနာမငြိမ် ....လက်တွေပါတစ်ဆတ်ဆတ်တုန်ကာသွေးရူးသွေးတန်းဖြစ်သွား၏

"ကိုကို.....ကျနော်...."

Jaeminမျက်ဝန်းထဲမှာ အဲ့နေ့က လက်ထဲမှာ သွေးတရဲရဲနဲ့ဓားတစ်လက်ကိုကိုင်ထားတဲ့ကောင်လေးတစ်ယောက်ပုံပေါ်လာ၏....

"မင်းလက်နဲ့မတော်တဆသတ်မိခဲ့တဲ့ကောင်လေးကjun့ညီလေးတဲ့ ညီငယ်..."

"ဗျာ...!!"

Jaeminရဲ့တုန်လှုပ်မှု့နဲ့အတူ ရှေ့မှဖြူဖျော့နေတဲ့ပုံရိပ်လေးမှာလည်း ကိုကြီးနားမှာပုံရပ်သားခွေယိုင်လဲကျသွား၏

"အကို....!"

"အကို....!"

နောက်ကနေဝင်ရောက်လာတဲ့ လူအချို့..... ထိုလူအုပ်ထဲမှလူတစ်ယောက်ကrenjun့ဆီအပြေးရောက်သွားကာ.....

"Renjun!!"

Chenleက renjun့ကိုပွေ့ထားရင်းမှ လှုပ်နှိုးကြည့်မိ၏....

"renjun....! renjun သတိထားဦးလေ...."

"....."

Chenleနဲ့ပါလာတဲ့ရဲတွေက နာထယ်ယာင်းအားလက်ထိပ်ခတ်ကာ ဖမ်းယူသွားကြသည်....

ညီငယ်ကတော့renjun့ရှေ့မှာဒူးထောက်ရက်သားနှင့် အကို အကိုဟု မနားတမ်းခေါ်နေ၏.....

Chenleက ညီငယ့်အား စူးနစ်စွာကြည့်ကာ

"အားလုံးမင်းကြောင့်ပဲ ...."

"ညီ သေရတာလည်းမင်းကြောင့်...."

"renjunအခုလိုဖြစ်ရတာလည်းမင်းကြောင့်...."

"renjunသာ တစ်ခုခုဖြစ်လို့ကတော့ ငါ မင်းကို ဒီတစ်သတ်ကျေမှာမဟုတ်ဘူး Na Jaemin......"

သတိလစ်နေသောrenjun့အား chenleပွေ့ယူကာ ကားပေါ်တင်လိုက်သည်.... အနားကနေလက်ကိုလာဆွဲသော Na မျိုးရိုးအား တွန်းထုတ်ကာ chenleကားကိုတရကြမ်းမောင်းထွက်လာလိုက်၏.....

renjun့လက်ကိုဖိဆုပ်ကာ တစ်လမ်းလုံးရွေတ်လာတဲ့စကားက....

"renjun!! မင်းဘာမှမဖြစ်စေရဘူး...."

_________________________________

ဒီနေ့တစ်ပိုင်း နက်ဖြန် တစ်ပိုင်း .....အိုခေ♡













Continue Reading

You'll Also Like

718K 122K 119
කවුරුත් නැතිව උඹම උඹේ හිත සනස ගත් දවසට ඒහිත ඒ හේතුවටම කිසිදින නැවත නොවැටෙනු ඇත.........!!
875K 36K 30
"ကျွန်တော် တစ်ခါ နမ်းရင် ငါးသိန်း ထက်မနည်းရတယ်..သဘောပေါက်လား?"(18+) ကျွန်တော် တစ်ခါ နမ်းရင် ငါးသိန်း ထက်မနည်းရတယ်..သဘောပေါက်လား?"(18+)
1.7M 105K 49
" ရေစက်မပြတ်လို့ တစ်ပတ်ပြန်လည်လာတဲ့ သံသရာဟာ သံသယနဲ့ အစပြုရတာမျိုးတော့ ဘယ်တော့မှမဖြစ်စေချင်ပါ ။ ချစ်ခြင်းအားဖြင့် တစ်ခါလောက်တော့ ငြိမ်းချမ်းချင်မိပါ...
16.6K 2.2K 38
Original author: Chen Ci Lan Tiao, Lazy Cliché, 陈词懒调 Status in COO : 507 chapters