ကိုလေး (ကိုေလး )(Z+U) ( Com...

By reta-nan

317K 25.1K 1.7K

#OC Boy x Boy More

အပိုင္း ၁
အပိုင္း ၂
အပိုင္း ၃
အပိုင္း ၄
အပိုင္း ၅
အပိုင္း ၇
အပိုင္း ၈
အပိုင္း ၉ ( ဇာတ္သိမ္းပိုင္း)
extra

အပိုင္း ၆

24.7K 2.5K 218
By reta-nan

ေ၀ဟင္ အလုပ္ကေန အိမ္ကို အေစာႀကီးျပန္ေရာက္လို႕ ေရခဲေသတၱာထဲမွာ ထည့္ထားတဲ့ အသီးအရြက္တစ္ခ်ိဳ႕ကိုထုတ္ၿပီး ဟင္းခ်က္ဖို႔ ျပင္လုိက္သည္ ။ သူတစ္ေယာက္တည္းအမို႕ ကိုယ္တိုင္ခ်က္မစားျဖစ္ေပမယ့္ ဆုိင္ကတစ္ခါျပင္ေတြကို စားရတာ ၿငီးေငြ႕လာလို႕ ရွိတာေလးကို ျဖစ္သလိုခ်က္စားလုိက္မည္ဟုေတြးလိုက္သည္ ။ အရြက္ေတြျပင္ၿပီး ေၾကာ္မယ္လုပ္ကာမွ အိမ္မွာ ဆီ၀ယ္ဖို႕ေမ့သြားတာကို သတိရၿပီး အရြက္ကို ခဏခ်ထားကာ ဆီ၀ယ္ဖို႕ တိုက္ေအာက္ကို ဆင္းလာလိုက္သည္ ။ Convenience store ထဲ၀င္ၿပီး လိုအပ္တဲ့ပစၥည္းတစ္ခ်ိဳ႕ကို ယူကာ ပိုက္ဆံရွင္းရန္ ေကာင္တာသို႕လာလိုက္သည္ ။

ေကာင္တာနားေရာက္ေတာ့ ဖုန္းလာတာနဲ႕ ေ၀ဟင္ဟာ ဖုန္းကို ေကာက္ကိုင္လိုက္သည္ ။

" ဘာကိစၥလဲ ........ေအာင္ေအာင္ .... ။ ညီမ ..... ဟိုဘူးပါထည့္ေပး "

ေကာင္တာေပၚမွာတင္ထားတဲ့ အျပာရာင္ပီေကဗူးကို လက္ညိဳးထိုးျပၿပီး တစ္ဖက္မွေျပာလာသည့္ ေအာင္ေအာင္ စကားကို နားစြင့္လိုက္သည္ ။

" ................. "

" အာ ......... မင္းကလည္း မနက္ေရာက္မွ ေပးမယ္ေလ ။ ဒါေလးအတြက္နဲ႕ တကူးတက ဖုန္းဆက္ေနေသးတယ္ ။ ဒါပဲ ....... ငါမအားဘူး "

ေ၀ဟင္ ဖုန္းကို ေဘာင္းဘီအိတ္ကပ္ထဲထည့္ကာ ပိုက္ဆံအိတ္ကိုႏုိက္ထုတ္လိုက္သည္ ။

" ၁၈၀၀၀ ပါ အကို............'

Cashier ေကာင္မေလးဟာ ပစၥည္းေတြကို အိတ္တစ္လံုးထဲ အကုန္စုထည့္ၿပီး သူ႕ကိုလွမ္းေပးလိုက္သည္ ။ ထို႕ေနာက္ ေ၀ဟင္ဟာ အထုပ္ကိုဆြဲၿပီး တိုက္ခန္းဆီျပန္လာလုိက္သည္ ။

ညဖက္မလို႕ လမ္းကရွင္းေပမယ့္ တစ္လမ္းလံုးက လင္းထိန္ေနလို႕ ေ၀ဟင္ ေျဖးေျဖးခ်င္းေလွ်ာက္ၿပီး လာခဲ့လိုက္သည္ ။ ထိုစဥ္ဘာေၾကာင့္မွန္းမသိ သူ႕ရဲ႕ဘယ္ဘက္မ်က္ခံြ လႈပ္လာလို႕ မနက္ျဖန္အလုပ္မွာ ဘာျပသနာတက္ဦးမလဲဟု မဆီမဆိုင္ေတြးရင္း သူေနတဲ့ ငါးလႊာသို႕ တက္လာခဲ့လိုက္သည္ ။

" ကိုေလး ........... "

ဟုတ္ပါတယ္ ....... သူ႕မ်က္လံုးေတြအေကာင္းႀကီးရွိေသးလုိ႕ သူ႔တံခါး၀ေရွ႕မွာ ရပ္ေစာင့္ေနတဲ့သူက ကိုေလးဆိုတာ သူေသခ်ာသိလိုက္ပါတယ္ ။ ကိုေလးက သူ႕ကို စူးစူးရဲရဲပင္ၾကည့္လာၿပီး ထံုးစံအတိုင္း ဆူပူႀကိမ္းေမာင္းလာသည္ ။

" ဒီအခ်ိန္ႀကီး တစ္ေယာက္တည္း ဘယ္သြားေနတာလဲ ။ ငါထင္တဲ့အတုိင္းပဲ တစ္ေယာက္တည္းေနခိုင္းလိုက္တာနဲ႕ လြတ္လြတ္လပ္လပ္ကို ေနခ်င္သလိုေနေတာ့တာပဲ "

" မဟုတ္ဘူး ........ ဟင္းခ်က္မလို႕ဆီမရွိလို႕ သြား၀ယ္ေနတာ ။ ကြ်န္ေတာ္ဆင္းသြားတာ ဆယ့္ငါးမိနစ္ေလာက္ပဲ ရွိေသးတယ္ ။ ကိုေလး ဘယ္ခ်ိန္ေရာက္လာတာလဲ "

" ၾကာေနၿပီ ............တံခါး ျမန္ျမန္ဖြင့္ "

ကိုေလးဟာေလ ဘယ္ေတာ့မွ စိတ္မရွည္ဘူး ။ သူသိသေလာက္ေတာ့ ကိုေလးက အျပင္လူေတြနဲ႔ဆို စိတ္ရွည္သည္းခံတတ္ပါတယ္ ။ ဒါေပမယ့္ ခုေနာက္ပိုင္း ကိုေလး စိတ္ဆတ္လာသလိုပဲ ။

အခန္းထဲေရာက္တာနဲ႕ ေ၀ဟင္ အထုပ္ကို စားပြဲေပၚတင္ၿပီး ကိုေလးအတြက္ ေရတစ္ခြက္အရင္ခပ္ေပးလိုက္သည္ ။ ကိုေလးက သူခပ္ေပးတဲ့ေရကို ကုန္ေအာင္ေသာက္ၿပီး အိမ္တစ္ခုလံုးကို အကဲခတ္ၾကည့္လိုက္သည္ ။

" ဘာမစားရေသးဘူးလား ............ "

" ဟုတ္ ........ ကန္စြန္းရြက္ေျကာ္မလို႕ .... ဆီ္မရွိလို႕သြားဆင္း၀ယ္တာ "

ေ၀ဟင္ကလည္း ကိုေလး သူ႕ကိုယံုေအာင္ဆိုၿပီး ကြ်ပ္ကြ်ပ္အိတ္ထဲက ဆီဗူးကို ထုတ္ျပလိုက္သည္ ။ ထို႕ေနာက္ အသင့္စားေခါက္ဆြဲေျခာက္ထုတ္ေတြရယ္ ၊ ဘလေခ်ာင္ေၾကာ္ထုတ္ေတြရယ္ ။

ထိုစဥ္ ေခါက္ဆြဲထုတ္ၾကားထဲကေန အျပာေရာင္ ဗူးေလးတစ္ဗူးဟာ ခံုေအာက္ကိုလွိမ့္က်သြားသည္ ။ ေ၀ဟင္က ျပန္ေကာက္မလုိ႕လုပ္တုန္း လက္ျမန္တဲ့ကိုေလးဟာ ခ်က္ခ်င္းကုန္းေကာက္ေနၿပီ ။ ထိုေနာက္ စားပြဲေအာက္က ဗူးကိုစမ္းမိၿပီးေနာက္ ကုိေလးဟာ သူ႕ကိုယ္ကိုျပန္မတ္ကာ ဗူးကို ေသခ်ာၾကည့္လုိက္သည္ ။

" ေ၀ဟင္ ......... မင္း ......... "

ကိုေလး၏ အလန္႕တၾကားေအာ္သံေၾကာင့္ အိမ္မွာ ေျမြ၀င္ေနတာလားဟု ထင္ၿပီး ေ၀ဟင္ပင္လွ်င္ လန္႕ျဖန္႕သြားသည္ ။

" ဘာ .... ဘာျဖစ္လုိ႕လဲ ......ကိုေလး "

" ဒါက ဘာလဲ ........ ဘာအတြက္၀ယ္လာတာလဲ ။ ႏို႕နံ႕ေတာင္မစင္ေသးတာ .... မင္းက ဒီလိုဟာေတြပါ ၀ယ္တတ္ေနၿပီလား "

ဒီလိုဟာ .......... ေ၀ဟင္ ကိုေလးလက္ထဲက ဗူးကို ငံု႕ၾကည့္လိုက္မိေတာ့မွ ကိုေလး သူ႕ကို အလန္႕တၾကားေအာ္ရတဲ့အေၾကာင္းရင္းကို သိသြားသည္ ။ သြားၿပီ ........... ကိုေလးသူ႕ကို နွာဘူးလို႕မ်ား ထင္သြားၿပီမလားမသိဘူး ။ မဟုတ္ဘူး ........... အဲ့ထက္ဆိုးႏို္င္တယ္ ..... ကိုေလး သူ႕ကို အထင္လဲြသြားၿပီ ။ အေၾကာင္းရင္းကေတာ့ ကိုေလးလက္ထဲက Aphaw ဗူးေၾကာင့္ပင္ ။

ေ၀ဟင္ ဘယ္ကေန ဘယ္လို စရွင္းျပရမွန္းမသိေတာ့ဘဲ စကားေတြ ထစ္ကုန္သည္ ။

" အဲ့ ...အဲ့.အဲ့.. ဒါက ....... ဘာ ... ဘာ ... ႀကီးလဲ ..... ကိုေလး "

" မင္း ၀ယ္လာတာ မင္းမသိဘူးလား ။ ေတာက္ခ္ ....... ငါထင္ေနတယ္ ။ ကေလးဆိိုၿပီး ငါက မင္းကိုစိတ္ပူလုိက္ရတာ .... မင္းက အေတာင္စံုလို႕ အပ်ံေတာင္သင္ခ်င္ေနၿပီေပါ့ ။ ေျပာပါဦး ..... ဗူးလုိက္ႀကီးေတာင္ ၀ယ္ထားတယ္ဆိုေတာ့ မင္းက ဘယ္ႏွစ္ေယာက္အတြက္ သံုးမလို႕လဲ "

" ကိုေလး ......... ကြ်န္ေတာ္ ရွင္းျပမယ္ ။ ဒါ .... ဒါကေလ .. အထင္လြဲတာ ။ အာ......... မွတ္မိၿပီ။ စတိုးဆိုင္မွာတုန္းက ကြ်န္ေတာ္က ပီေကဗူးကို လက္ညိဳးထိုးျပတာ အေရာင္းစားေရးမေလးက မွားၿပီး ဒီဗူးကို ထည့္ေပးလုိက္တာျဖစ္မယ္ ။ ကြ်န္ေတာ္ဘာမွမလုပ္တတ္ဘူး ..... ကြ်န္ေတာ္က လံုးဝ ျဖဴစင္တယ္ "

ဟုတ္တယ္ ........ သူ ျဖဴစင္ေၾကာင္းလဲ သက္ေသျပရဦးမယ္ ။ ကိုေလးက နဂိုတည္းက သူ႕ကို မုန္းေနတာ ။ ခုလို အထင္လြဲသြားရင္ သူ႕ကို ပိုၿပီးရြံမုန္းသြားလိမ့္မယ္ ။

ကိုေလးရဲ႕ မ်က္ႏွာဟာ နီရဲလာၿပီး ႏွာတံျမင့္ျမင့္ေလးေတာင္ ပြပြေလး ျဖစ္ခ်င္လာၿပီ ။ ေနာက္ဆံုး ကိုေလးဟာ အဲ့ဒီဗူးကို အမိႈက္ပံုးထဲ ပစ္ထည့္ၿပီး ထိုင္ခံုမွာ ျပန္၀င္ထိုင္ကာ မ်က္ႏွာကိုလက္နဲ႔အုပ္ထားလိုက္သည္ ။ ေ၀ဟင္ဟာ သူ႕အမွားမရွိေသာ္လည္း အမွားလုပ္ထားသည့္လူကို ၿငိမ္သက္ကာ ကိုေလး၏ အရိပ္အေျခအေနကိုၾကည့္ေနေလသည္ ။ တေအာင့္အၾကာမွာေတာ့ ကိုေလးဆီက တိုးသာတဲ့အသံထြက္လာသည္ ။

" ေဆာရီး ....... ငါမင္းကို ကေလးတစ္ေယာက္လုိ႕ပဲ ထင္မွတ္ေနေသးလို႕ စိုးရိမ္ၿပီး ေအာ္မိသြားတယ္ ။ မင္းက ၁၈ႏွစ္ ျပည့္ၿပီးသြားၿပီ ။ မင္းမွာကိုယ္ပိုင္ဆံုးျဖတ္ပိုင္ခြင့္ေတြရွိတယ္၊ ေရြးခ်ယ္ပိုင္ခြင့္ေတြရွိတယ္ ။ မင္းတစ္ေယာက္ေယာက္နဲ႕ အတူရွိေနရင္ေတာင္ ငါ့အေနနဲ႕ မစိုးရိမ္သင့္ေတာ့ဘူး ။ ဒါေပမယ့္ ကိုယ့္ကိုယ္ကိုယ္ ထိန္းထိန္းသိမ္းသိမ္းေန ။ အေပ်ာ္ကေန အပ်က္မျဖစ္ေစနဲ႕ ....... အရာရာတိုင္းက လက္တည့္စမ္းလို႕ ေကာင္းတဲ့အရာေတြ မဟုတ္ဘူး "

" ကိုေလး ....... တကယ္ နားလည္မႈလြဲေနၿပီ။ ကြ်န္ေတာ္ တစ္ေယာက္ေယာက္နဲ႕အတူရွိဖို႕ ဒါကို သံုးဖို႔မေျပာနဲ႕ ကြ်န္ေတာ္ ခုထိေတာင္ တစ္ေယာက္ေယာက္နဲ႕ နမ္းဖူးေသးတာမဟုတ္ဘူး ။ အာ ..... ကိုေလးကို ဟိုတခါ ခိုးနမ္းခဲ့ဖူးတာက လဲြရင္ေပါ့ "

" မင္း ............ "

သူ႕ကို ဆူေငါက္ရန္ ကိုေလးေခါင္းေထာင္လာေသာ္လည္း မ်က္ရည္မက်ရံုတမယ္ မ်က္ႏွာညိဳးညိဳးငယ္ငယ္ႏွင့္ ရပ္ေနသည့္ ေ၀ဟင္ကိုျမင္ေတာ့ ကိုေလးဆူမယ့္စကားဟာ လည္ေခ်ာင္း၀မွာတင္ တစ္သြားသည္ ။

" ေကာင္းၿပီ .......... မင္းကို ယံုၾကည္လိုက္မယ္ ။ ရည္းစားမထားနဲ႕လုိ႕မေျပာဘူး ...ထားလို႕ရတယ္ ။ ဒါေပမယ့္ မင္းအရြယ္က တာ၀န္ယူႏိုင္မယ့္အင္အားမရွိေသးလို႕ မျဖစ္သင့္တာေတြ မျဖစ္ရေအာင္ ငါတားေနတာ "

" ကြ်န္ေတာ္ ငယ္ေသးတာ မွန္ေပမယ့္ လူတစ္ေယာက္ကိုေတာ့ ကာကြယ္ႏိုင္ပါတယ္ ။ အဲ့ဒီလူသာ ကြ်န္ေတာ့္ကို ယံုၾကည္ရင္ေပါ့ "

ပထမတစ္ေၾကာင္းကို ေ၀ဟင္အသံျမင့္ေျပာသည္ ။ေနာက္တစ္ေၾကာင္းကို အသံႏွိမ့္ကာ တိုးတိုးေလးေျပာလုိက္သည္ ။ စိတ္ထဲရွိတာလည္း ေျပာခ်လိုက္ခ်င္တယ္ ...ကိုေလး ဆူမွာလည္းေၾကာက္တယ္ ။

ဒါေၾကာင့္ ေ၀ဟင္ဟာ သူ႕လက္သည္းသူျပန္ကိုက္ရင္း ကိုေလးဆူပူမွာကို အသင့္ခံယူလိုက္သည္ ။ သူကိုေလးကို မေလးမစာမလုပ္ရဲဘူး........ ဒါေၾကာင့္ ဒီေနရာမွာပင္ မတ္တပ္ရပ္ေနဆဲ ။

ကိုေလး ေ၀ဟင္ကို မ်က္လံုးလွန္ၾကည့္ၿပီးေနာက္ သက္ျပင္းအရွည္ႀကီးခ်လိုက္သည္ ။ သက္ျပင္းတစ္ခါခ်တိုင္းသာ အသက္တိုမယ္ဆို ကိုေလး ခုခ်ိန္ဆို ေသေန႕ေစ့ေလာက္ၿပီ ။ ေ၀ဟင္မသိေပမယ့္ သူ ေ၀ဟင္ေၾကာင့္ အၿကိမ္ႀကိမ္ သက္ျပင္းခ်ခဲ့ရသည္ေလ ။

" ထားလိုက္ေတာ့ .......... ဟင္းခ်က္မွာမလား ။ ငါလည္း စားမွာမလုိ႕ ငါကိုယ္တိုင္ခ်က္လိုက္မယ္ ။ မင္းအျပစ္ကိုမင္းသိရင္ ပါးစပ္ပိတ္ၿပီး ငါ့ေဘးမွာပဲ ရပ္ေန "

ေတာ္ေသးတယ္ ကိုေလးသူ႕ကို သိပ္မဆူလို႕ ။ ဒါေပေမယ့္ ကိုေလးက ဘာေၾကာင့္ ဒီမွာ ထမင္းစားမွာလဲ ။ ဘာေၾကာင့္ သူကိုယ္တိုင္ခ်က္မွာလဲ ။

အေပၚ၀တ္ကို ခြ်တ္ၿပီး ကိုေလး သူ႕ရဲ႕အက်ႌလက္ေမာင္းကို ေခါက္တင္ကာ မီးဖိုထဲ၀င္သြားလိုက္သည္ ။ ကိုေလးရဲ႕ပံုစံက ၾကည့္ေကာင္းလြန္းလို႕ တားဖို႕ေတာင္ ေ၀ဟင္ေမ့ေနခဲ့သည္ ။

ကိုေလးသည္ ေရခဲေသတၱာထဲက တျခားဟင္းခ်က္စရာေတြကိုပါ ထုတ္ရင္း သူ႕ဘာသူေဆးေၾကာကာ စတင္ခ်က္ျပဳတ္သည္ ။ ေ၀ဟင္ကေတာ့ မီးဖိုတံခါး၀မွာ ၿငိမ္ၿငိမ္ေလးရပ္ေနလွ်က္ ။ ကိုေလးေျပာတဲ့အတုိင္း သူပါးစပ္လံုး၀ မဟရဲ ။

အရပ္ျမင့္ၿပီး အသားျဖဴကာ ေခ်ာေမာတဲ့ရုပ္ရည္ရွိတဲ့ကိုေလးသည္ ဘာေၾကာင့္ ခုထိမိန္းမမယူေသးမွန္း သူစဥ္းစားလို႕မရ ။ အမွန္ဆို ကိုေလးအသက္က ၂၉ ႏွစ္ေတာင္ရွိေနၿပီ။ ျဖစ္ႏိုင္တာက သူ႕ရဲ႕အခ်စ္ဦးမိန္းကေလးကို မေမ့ေသးလို႕မ်ားလား ။

" ဟိုေကာင္ေလး ...... ၾကည့္လို႕၀ရင္ လာစားေတာ့ ။"

" စားလို႕ရလား .... ဒါဆို လာၿပီေနာ္ "

သူ႔အတြက္ဟုထင္သည့္ ထမင္းပန္းကန္ကို လွမ္းယူၿပီး ေ၀ဟင္ ထမင္း၀ိုင္းကိုၾကည့္လိုက္သည္ ။ ဟင္းက ႏွစ္မ်ိဳးတည္းဆိုေပမယ့္ ကိုေလးခ်က္တယ္ဆိုတဲ့မ်က္ႏွာေၾကာင့္ ဒီဟင္းပြဲႀကီးကို နတ္သုဓၶါလို႕ေတာင္ ထင္မိသည္ ။ ေ၀ဟင္ အရင္ဆံုး ဟင္းတစ္ဇြန္းကို အရင္ခပ္ၿပီး ကိုေလးကို ဦးခ်လိုက္သည္ ။

" မ်ားမ်ားစား ....... က်န္ရင္ သြန္ပစ္ရမွာ "

ကိုေလးက ၿခိမ္းေျခာက္သလို ေျပာေနေပမယ့္ ေ၀ဟင္ကေတာ့ အေက်နပ္ႀကီး ေက်နပ္ေနသည္ ။ ထမင္းေတြစားၿပီးေသာ္ ေ၀ဟင္ ခြက္ေတြပန္းကန္ေတြ အကုန္သိမ္းၿပီး အိမ္ေရွ႕ခန္းျပန္လာစဥ္ ဆိုဖာေပၚမွာ ငုတ္တုတ္ထိုင္ကာ ေမးေထာက္ေနသည့္ ကိုေလးေၾကာင့္ လန္႕သြားသည္ ။

" 9 နာရီထိုးေတာ့မယ္ မျပန္ေသးဘူးလား "

" ဒီအိမ္မွာ ဘယ္သူက အိမ္ရွင္လဲ "

" ကိုေလးပါ ........"

" ေအး ........ အဲ့တာဆို ဒီမွာေနမယ္၊ ဒီကျပန္မယ္ဆိုတာေတြအတြက္ မင္းကိုခြင့္ေတာင္းဖုိ႕လိုလား "

" ဟင့္အင္း .......... လံုး၀ မလိုပါဘူး "

" ငါဒီည ဒီမွာေနမယ္ ။ လွ်ာမရွည္နဲ႕ .........."

ကိုေလးရဲ႕ မ်က္ႏွာက မာေၾကာလိုက္တာ ။ဧကန္န သူ႕ကို ေမာင္းထုတ္မွာေတာ့ မဟုတ္ဘူးမလား ။

" ဒါနဲ႕ အန္ကယ္ထြန္းတို႕ သိၿပီလား .......... ''

" လွ်ာမရွည္နဲ႕လို႕ ေျပာထားတဲ့ ကိစၥမွာ မင္းေတာ္ေတာ္ အဆဲေတာင္းတယ္ ...... ေ၀ဟင္ကို "

ေ၀ဟင္ကို သူ႕ပါးစပ္ကို ပိတ္လိုက္သလို ႏူတ္ခမ္းေတြကို စိျပလိုက္ေတာ့ ကိုေလး သူ႕ဖက္ကို မ်က္ေစာင္းထုိးလာၿပီး ဖုန္းကို ထုတ္ယူလိုက္သည္ ။

" ေဖေဖ ......... ကြ်န္ေတာ့္ရဲ႕ ကားပ်က္သြားလို႕ ၀ပ္ေရွာ့ပုိ႕ထားရျပန္ၿပီ။ ဒီတစ္ခါေတာ့ တစ္ပတ္ေလာက္ၾကာမယ္ထင္တယ္ ။ ဒီတစ္ပတ္အတြင္း ကြ်န္ေတာ္ ရံုးအနားက သူငယ္ခ်င္းတစ္ေယာက္အိမ္မွာပဲ ေနလိုက္မယ္ ။ စိတ္မပူနဲ႕ေနာ္ .... မနက္ျဖန္မွ အ၀တ္တစ္ခ်ိဳ႕ျပန္လာယူမယ္ "

" .......... "

" ဟုတ္..... ဒါဆို ဖုန္းခ်ၿပီေနာ္ "

တစ္ပတ္ၾကီးေတာင္ ။ ကိုေလးက တစ္ပတ္ၾကီးေတာင္ သူနဲ႕ေနမွာလား ။ ဒါ အိမ္မက္ မဟုတ္ဘူးမလား ။

" ေၾကာင္ေတာင္ေတာင္နဲဲ႕ ဘာၾကည့္ေနတာလဲ ။ ငါ့အတြက္ ေစာင္နဲ႕ ေခါင္းဦးသြားယူခဲ့ ။ ဒီဧည့္ခန္းမွာ ငါအိပ္မယ္ "

" ဟို ...... ကြ်န္ေတာ့္မွာ ေစာင္တစ္ထည္ရယ္ ေခါင္းဦးတစ္လံုးရယ္ပဲရွိတာ ။ အပိုမရွိဘူး ............"

" ဘာႀကီး ............ "

တကယ္ပါ .......ေ၀ဟင္အႀကံစည္ရွိရွိ ညာတာမဟုတ္ပါ ။ သူကလည္း ကိုေလးလာအိပ္မယ္လို႕ ဘယ္ထင္မလဲ ။ ႀကိဳသိရင္ ေရမီးအစံုနဲ႔ ႀကိဳေနမွာေပါ့။

ဒါေပမယ့္ ကိုေလးက သိတတ္နားလည္လို႕ ပုဆိုးၿခံဳၿပီးေတာ့ပဲ အိပ္လိုက္မယ္လို႕ေျပာသည္ ။ ေ၀ဟင္က လက္မခံခ်င္ေပမယ့္ ကိုေလးရဲ႕ ရူတင္းတင္းမ်က္ႏွာကိုေၾကာက္ရတယ္ေလ ။ ဒါေၾကာင့္ ကိုေလးညအိပ္ဖို႕အတြက္ သူ႕မွာရွိတဲ့ အဆင္ေျပတဲ့ အ၀တ္စားတစ္စံုထုတ္ၿပီး သူက အခန္းထဲ ျပန္သြားလိုက္သည္ ။

၁၁ နာရီထိုးၿပီ ။ ေ၀ဟင္အိပ္မရေသး ....... အျပင္မွာ ကိုေလးကို ျခင္ကိုက္ေနမလား စိုးရိမ္မိျပန္ေကာ ။ ေႏြရာသီမလို ႕ေစာင္မလိုေပမယ့္ ျခင္ေထာင္လိုတယ္ေလ ။ ဒါေၾကာင့္ ေ၀ဟင္ ကိုေလးရွိတဲ့ဆီကို ေျခသံလံုလံုထားၿပီး ကိုယ္ေဖာ့ကာေလွ်ာက္လာလိုက္သည္ ။ ကိုေလးလည္း အိပ္မရဘူး ထင္ပါရဲ႕ ။ စာအုပ္တစ္အုပ္ကိုင္ၿပီး စာဖတ္ေနသည္ ။ ေခါင္းကိုေတာ့ သူ႕ရဲ႕ သဘတ္အထူနဲ႕ ခုထားေလသည္ ။

" ကိုေလး ... အထဲသြားအိပ္ပါလား ။ ကြ်န္ေတာ္ အျပင္အိပ္ေပးမယ္ "

" မလိုဘူး.......... အာရံုေႏွာက္တယ္ ထြက္မလာနဲ႕ "

" ဒါေပမယ့္ အထဲမွာျခင္ေတြနဲ႕ ။ ျခင္က်ားကိုက္ရင္တုပ္ေကြးေတာင္ ျဖစ္ႏုိင္တယ္ "

" ဒါဆို မင္းက မျဖစ္ႏိုင္ဘူးေပါ့ ......သြားစမ္းပါ ။ ငါစာဖတ္ေနတာ အာရံုပ်က္တယ္ "

ကိုေလးကို ေျပာလို႕မရတဲ့အဆံုး သူကိုေလးရဲ႕ ခပ္ခြာခြာမွာ ၀င္ထိုင္လိုက္သည္ ။ တူတူျခင္ကိုက္ခံဖို႕ သူ႕မွာ ရဲေဘာ္ရဲဘက္ စိတ္အျပည့္ရွိတယ္ေလ ။

သူ ေပေပေတေတ ထိုင္ေနတာကိုျမင္ေတာ့ ကိုေလးဟာ လက္ထဲက စာအုပ္ကိုခ်ၿပီး သူ႕ဖက္လွည့္လာသည္ ။

" ဘာလုပ္တာလဲ ..... ျပန္မအိပ္ဘူးလား "

" တုတ္ေကြးျဖစ္လည္း တူတူျဖစ္ ။ ကိုေလးတစ္ေယာက္တည္းကိုေတာ့ ျခင္စာမေကြ်းႏိုင္ဘူး ။ ေဟာ .........ေတြ႕လား ...ျခင္ေတြက အႀကီးႀကီးပဲ ။ သူတို႔အုပ္စုလိုက္ဆိုု ကိုေလးကိုေတာင္ အျပင္သယ္ထုတ္ႏိုင္တယ္ "

ေ၀ဟင္က ဒီလိုေျပာေတာ့ ကိုေလး စိတ္ဆိုးဆိုးနဲ႔  တစ္ခ်က္ရယ္လိုက္မိသည္ ။ ေ၀ဟင္ေတြ႕လိုက္ေပမယ့္ တစ္ခ်က္ပဲမို႕ ၾကည့္လုိ႕မ၀လိုက္ ။ ကိုေလးရယ္လုိက္ရင္ သြားတန္းျဖဴျဖဴေလးေတြေပၚလာၿပီး အရမ္းၾကည့္ေကာင္းတာပဲ ။

" အပိုေတြ ေျပာမေနနဲ႔ေတာ့ ။ ငါ ျခင္ေထာင္ထဲသြားအိပ္မယ္ ။ ေအး .... မင္းလည္း လိုက္အိပ္ရမယ္ ။ မင္းတစ္ေယာက္တည္းကို ျခင္စာေကြ်းရင္လည္း ငါက မစာနာတတ္တဲ့ေကာင္ျဖစ္ဦးမယ္ "

" တကယ္ .... တကယ္လား ။ ကိုေလး ကြ်န္ေတာ့္ကို မမုန္းေတာ့ဘူးလား ။ ကြ်န္ေတာ္နဲ႕ အနီးကပ္ရွိေနရင္ ကိုေလးအတြက္ အဆင္ေျပပါ့မလား "

" ခုကစၿပီး မင္းပါးစပ္ကိုပိတ္ေတာ့ ။ ဒီလိုမွ မဟုတ္ရင္ ငါခုခ်က္ခ်င္း Taxi ငွါးၿပီးျပန္မယ္ "

" ဟုတ္ .......ေဆာရီး......... ပိတ္လိုက္ၿပီ "

ေခါင္းဦးကို ကိုေလးကိုေပးၿပီး ေ၀ဟင္က ေစာင္ကို ေခါင္းဦးလုပ္အိပ္လိုက္သည္ ။ ေႏြရာသီမလို႕သာေတာ္ေသး ။ ေဆာင္းတြင္းသာဆို သူတို႕ခဲေသေနေလာက္ၿပီ ။

ထို႕ေနာက္ႏွစ္ဦးသာ အတူအိပ္ယာ၀င္ၿပီးေနာက္ ကိုေလးဟာ တစ္ဖက္သို႕လွည့္ကာ မအိပ္စက္ေသးဘဲ စဥ္းစားေတြးေတာ ေနလိုက္သည္ ။

၁၈ ႏွစ္ဆိုတာ ကေလးသာသာရွိပါေသးသည္ ။ စိတ္ခံစားခ်က္ကို အလိုလိုက္ၿပီး ထင္ရာစိုင္းမယ္ဆို သူ႕အနာဂတ္က လံုး၀ ပ်က္စီးသြားမွာ ။ လူ႕ေဘာင္အဖြဲ႕အစည္းက ကန္႕သတ္ခ်က္ေတြနဲ႕ စည္းခ်ထားတဲ့အေပၚ ဒီကေလးဟာ ျပစ္တင္ေျပာဆိုမႈေတြ ခံယူဖို႕က အရမ္းငယ္ပါေသးသည္ ။ ဒါေၾကာင့္ ဒီကေလး သူ႕အေပၚခံစားခ်က္ရွိသည္ကို သိရွိခဲ့သည့္ေန႕က သူ အၿကီးက်ယ္ တုန္လႈပ္ခဲ့ရသည္ ။ ဒီေကာင္ေလးအေပၚ စည္းေတြအထပ္ထပ္ ခ်ခ့ဲေပမယ့္ ေနာက္ဆံုး သူကိုယ္တိုင္ပဲ တစ္ခုခ်င္းကို ဖ်က္စီးမိၿပီထင္တယ္ ။

မင္းအနာဂတ္အတြက္ ရင္ေလးလိုက္တာ ေ၀ဟင္ရာ .....

ၿပီးေတာ့ ငါ့ရဲ႕ အနာဂတ္အတြက္ေကာ...........

----------------------

4.7.2019

မအိပ္ေသးတဲ့ အေခ်ာေလးေတြအတြက္...

ျမင္ေယာင္ၾကည့္လိုက္ ။ ရီတာလက္ထဲမွာ ခြက္ေလးတစ္လံုး႐ွိတယ္ ။ အထဲမွာ update ေလးေတြထည့္ထားတယ္ ။ Trump Card ကို အခ်ိဳးက်ထည့္ၿပီး ကိုေလးကို ပိုပိုထည့္ထားတယ္ ။ ဒါေပမယ့္ ေရာင္းမေကာင္းဘူး 😂😂 ။ စတာပါ....  အပ်င္းေျပ ဟာသလုပ္တာ ။

ကိုေလးၿပီးရင္ ေနာက္ထပ္ short story တစ္ပုဒ္ထပ္တင္မယ္....  ထံုးစံအတိုင္း ေပါ့ေပါ့ပါးပါးေပါ့ ။ စာေရးသူနဲ႔ စာဖတ္သူ အေဝတည့္ရင္ fic ေရးရတာ ေက်နပ္စရာပါ 😂 ။ Short story ဆိုတာ မ်ားမ်ားစားစားေတြးထားတာမ႐ွိပါဘူး ေခါင္းထဲေပၚလာတာ ခ်ေရးတာမလို႔ လံုးဝကို ေပါ့ေပါ့ပါးပါးပါ ။


Unicode

ဝေဟင် အလုပ်ကနေ အိမ်ကို အစောကြီးပြန်ရောက်လို့ ရေခဲသေတ္တာထဲမှာ ထည့်ထားတဲ့ အသီးအရွက်တစ်ချို့ကိုထုတ်ပြီး ဟင်းချက်ဖို့ ပြင်လိုက်သည် ။ သူတစ်ယောက်တည်းအမို့ ကိုယ်တိုင်ချက်မစားဖြစ်ပေမယ့် ဆိုင်ကတစ်ခါပြင်တွေကို စားရတာ ငြီးငွေ့လာလို့ ရှိတာလေးကို ဖြစ်သလိုချက်စားလိုက်မည်ဟုတွေးလိုက်သည် ။ အရွက်တွေပြင်ပြီး ကြော်မယ်လုပ်ကာမှ အိမ်မှာ ဆီဝယ်ဖို့မေ့သွားတာကို သတိရပြီး အရွက်ကို ခဏချထားကာ ဆီဝယ်ဖို့ တိုက်အောက်ကို ဆင်းလာလိုက်သည် ။ Convenience store ထဲဝင်ပြီး လိုအပ်တဲ့ပစ္စည်းတစ်ချို့ကို ယူကာ ပိုက်ဆံရှင်းရန် ကောင်တာသို့လာလိုက်သည် ။

ကောင်တာနားရောက်တော့ ဖုန်းလာတာနဲ့ ဝေဟင်ဟာ ဖုန်းကို ကောက်ကိုင်လိုက်သည် ။

" ဘာကိစ္စလဲ ........အောင်အောင် .... ။ ညီမ ..... ဟိုဘူးပါထည့်ပေး "

ကောင်တာပေါ်မှာတင်ထားတဲ့ အပြာရာင်ပီကေဗူးကို လက်ညိုးထိုးပြပြီး တစ်ဖက်မှပြောလာသည့် အောင်အောင် စကားကို နားစွင့်လိုက်သည် ။

" ................. "

" အာ ......... မင်းကလည်း မနက်ရောက်မှ ပေးမယ်လေ ။ ဒါလေးအတွက်နဲ့ တကူးတက ဖုန်းဆက်နေသေးတယ် ။ ဒါပဲ ....... ငါမအားဘူး "

ဝေဟင် ဖုန်းကို ဘောင်းဘီအိတ်ကပ်ထဲထည့်ကာ ပိုက်ဆံအိတ်ကိုနိုက်ထုတ်လိုက်သည် ။

" ၁၈၀၀၀ ပါ အကို............'

Cashier ကောင်မလေးဟာ ပစ္စည်းတွေကို အိတ်တစ်လုံးထဲ အကုန်စုထည့်ပြီး သူ့ကိုလှမ်းပေးလိုက်သည် ။ ထို့နောက် ဝေဟင်ဟာ အထုပ်ကိုဆွဲပြီး တိုက်ခန်းဆီပြန်လာလိုက်သည် ။

ညဖက်မလို့ လမ်းကရှင်းပေမယ့် တစ်လမ်းလုံးက လင်းထိန်နေလို့ ဝေဟင် ဖြေးဖြေးချင်းလျှောက်ပြီး လာခဲ့လိုက်သည် ။ ထိုစဉ်ဘာကြောင့်မှန်းမသိ သူ့ရဲ့ဘယ်ဘက်မျက်ခံွ လှုပ်လာလို့ မနက်ဖြန်အလုပ်မှာ ဘာပြသနာတက်ဦးမလဲဟု မဆီမဆိုင်တွေးရင်း သူနေတဲ့ ငါးလွှာသို့ တက်လာခဲ့လိုက်သည် ။

" ကိုလေး ........... "

ဟုတ်ပါတယ် ....... သူ့မျက်လုံးတွေအကောင်းကြီးရှိသေးလို့ သူ့တံခါးဝရှေ့မှာ ရပ်စောင့်နေတဲ့သူက ကိုလေးဆိုတာ သူသေချာသိလိုက်ပါတယ် ။ ကိုလေးက သူ့ကို စူးစူးရဲရဲပင်ကြည့်လာပြီး ထုံးစံအတိုင်း ဆူပူကြိမ်းမောင်းလာသည် ။

" ဒီအချိန်ကြီး တစ်ယောက်တည်း ဘယ်သွားနေတာလဲ ။ ငါထင်တဲ့အတိုင်းပဲ တစ်ယောက်တည်းနေခိုင်းလိုက်တာနဲ့ လွတ်လွတ်လပ်လပ်ကို နေချင်သလိုနေတော့တာပဲ "

" မဟုတ်ဘူး ........ ဟင်းချက်မလို့ဆီမရှိလို့ သွားဝယ်နေတာ ။ ကျွန်တော်ဆင်းသွားတာ ဆယ့်ငါးမိနစ်လောက်ပဲ ရှိသေးတယ် ။ ကိုလေး ဘယ်ချိန်ရောက်လာတာလဲ "

" ကြာနေပြီ ............တံခါး မြန်မြန်ဖွင့် "

ကိုလေးဟာလေ ဘယ်တော့မှ စိတ်မရှည်ဘူး ။ သူသိသလောက်တော့ ကိုလေးက အပြင်လူတွေနဲ့ဆို စိတ်ရှည်သည်းခံတတ်ပါတယ် ။ ဒါပေမယ့် ခုနောက်ပိုင်း ကိုလေး စိတ်ဆတ်လာသလိုပဲ ။

အခန်းထဲရောက်တာနဲ့ ဝေဟင် အထုပ်ကို စားပွဲပေါ်တင်ပြီး ကိုလေးအတွက် ရေတစ်ခွက်အရင်ခပ်ပေးလိုက်သည် ။ ကိုလေးက သူခပ်ပေးတဲ့ရေကို ကုန်အောင်သောက်ပြီး အိမ်တစ်ခုလုံးကို အကဲခတ်ကြည့်လိုက်သည် ။

" ဘာမစားရသေးဘူးလား ............ "

" ဟုတ် ........ ကန်စွန်းရွက်ကြော်မလို့ .... ဆီ်မရှိလို့သွားဆင်းဝယ်တာ "

ဝေဟင်ကလည်း ကိုလေး သူ့ကိုယုံအောင်ဆိုပြီး ကျွပ်ကျွပ်အိတ်ထဲက ဆီဗူးကို ထုတ်ပြလိုက်သည် ။ ထို့နောက် အသင့်စားခေါက်ဆွဲခြောက်ထုတ်တွေရယ် ၊ ဘလချောင်ကြော်ထုတ်တွေရယ် ။

ထိုစဉ် ခေါက်ဆွဲထုတ်ကြားထဲကနေ အပြာရောင် ဗူးလေးတစ်ဗူးဟာ ခုံအောက်ကိုလှိမ့်ကျသွားသည် ။ ဝေဟင်က ပြန်ကောက်မလို့လုပ်တုန်း လက်မြန်တဲ့ကိုလေးဟာ ချက်ချင်းကုန်းကောက်နေပြီ ။ ထိုနောက် စားပွဲအောက်က ဗူးကိုစမ်းမိပြီးနောက် ကိုလေးဟာ သူ့ကိုယ်ကိုပြန်မတ်ကာ ဗူးကို သေချာကြည့်လိုက်သည် ။

" ဝေဟင် ......... မင်း ......... "

ကိုလေး၏ အလန့်တကြားအော်သံကြောင့် အိမ်မှာ မြွေဝင်နေတာလားဟု ထင်ပြီး ဝေဟင်ပင်လျှင် လန့်ဖြန့်သွားသည် ။

" ဘာ .... ဘာဖြစ်လို့လဲ ......ကိုလေး "

" ဒါက ဘာလဲ ........ ဘာအတွက်ဝယ်လာတာလဲ ။ နို့နံ့တောင်မစင်သေးတာ .... မင်းက ဒီလိုဟာတွေပါ ဝယ်တတ်နေပြီလား "

ဒီလိုဟာ .......... ဝေဟင် ကိုလေးလက်ထဲက ဗူးကို ငုံ့ကြည့်လိုက်မိတော့မှ ကိုလေး သူ့ကို အလန့်တကြားအော်ရတဲ့အကြောင်းရင်းကို သိသွားသည် ။ သွားပြီ ........... ကိုလေးသူ့ကို နှာဘူးလို့များ ထင်သွားပြီမလားမသိဘူး ။ မဟုတ်ဘူး ........... အဲ့ထက်ဆိုးနိုင်တယ် ..... ကိုလေး သူ့ကို အထင်လွဲသွားပြီ ။ အကြောင်းရင်းကတော့ ကိုလေးလက်ထဲက Aphaw ဗူးကြောင့်ပင် ။

ဝေဟင် ဘယ်ကနေ ဘယ်လို စရှင်းပြရမှန်းမသိတော့ဘဲ စကားတွေ ထစ်ကုန်သည် ။

" အဲ့ ...အဲ့.အဲ့.. ဒါက ....... ဘာ ... ဘာ ... ကြီးလဲ ..... ကိုလေး "

" မင်း ဝယ်လာတာ မင်းမသိဘူးလား ။ တောက်ခ် ....... ငါထင်နေတယ် ။ ကလေးဆိုပြီး ငါက မင်းကိုစိတ်ပူလိုက်ရတာ .... မင်းက အတောင်စုံလို့ အပျံတောင်သင်ချင်နေပြီပေါ့ ။ ပြောပါဦး ..... ဗူးလိုက်ကြီးတောင် ဝယ်ထားတယ်ဆိုတော့ မင်းက ဘယ်နှစ်ယောက်အတွက် သုံးမလို့လဲ "

" ကိုလေး ......... ကျွန်တော် ရှင်းပြမယ် ။ ဒါ .... ဒါကလေ .. အထင်လွဲတာ ။ အာ......... မှတ်မိပြီ။ စတိုးဆိုင်မှာတုန်းက ကျွန်တော်က ပီကေဗူးကို လက်ညိုးထိုးပြတာ အရောင်းစားရေးမလေးက မှားပြီး ဒီဗူးကို ထည့်ပေးလိုက်တာဖြစ်မယ် ။ ကျွန်တော်ဘာမှမလုပ်တတ်ဘူး ..... ကျွန်တော်က လုံးဝ ဖြူစင်တယ် "

ဟုတ်တယ် ........ သူ ဖြူစင်ကြောင်းလဲ သက်သေပြရဦးမယ် ။ ကိုလေးက နဂိုတည်းက သူ့ကို မုန်းနေတာ ။ ခုလို အထင်လွဲသွားရင် သူ့ကို ပိုပြီးရွံမုန်းသွားလိမ့်မယ် ။

ကိုလေးရဲ့ မျက်နှာဟာ နီရဲလာပြီး နှာတံမြင့်မြင့်လေးတောင် ပွပွလေး ဖြစ်ချင်လာပြီ ။ နောက်ဆုံး ကိုလေးဟာ အဲ့ဒီဗူးကို အမှိုက်ပုံးထဲ ပစ်ထည့်ပြီး ထိုင်ခုံမှာ ပြန်ဝင်ထိုင်ကာ မျက်နှာကိုလက်နဲ့အုပ်ထားလိုက်သည် ။ ဝေဟင်ဟာ သူ့အမှားမရှိသော်လည်း အမှားလုပ်ထားသည့်လူကို ငြိမ်သက်ကာ ကိုလေး၏ အရိပ်အခြေအနေကိုကြည့်နေလေသည် ။ တအောင့်အကြာမှာတော့ ကိုလေးဆီက တိုးသာတဲ့အသံထွက်လာသည် ။

" ဆောရီး ....... ငါမင်းကို ကလေးတစ်ယောက်လို့ပဲ ထင်မှတ်နေသေးလို့ စိုးရိမ်ပြီး အော်မိသွားတယ် ။ မင်းက ၁၈နှစ် ပြည့်ပြီးသွားပြီ ။ မင်းမှာကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်တွေရှိတယ်၊ ရွေးချယ်ပိုင်ခွင့်တွေရှိတယ် ။ မင်းတစ်ယောက်ယောက်နဲ့ အတူရှိနေရင်တောင် ငါ့အနေနဲ့ မစိုးရိမ်သင့်တော့ဘူး ။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ် ထိန်းထိန်းသိမ်းသိမ်းနေ ။ အပျော်ကနေ အပျက်မဖြစ်စေနဲ့ ....... အရာရာတိုင်းက လက်တည့်စမ်းလို့ ကောင်းတဲ့အရာတွေ မဟုတ်ဘူး "

" ကိုလေး ....... တကယ် နားလည်မှုလွဲနေပြီ။ ကျွန်တော် တစ်ယောက်ယောက်နဲ့အတူရှိဖို့ ဒါကို သုံးဖို့မပြောနဲ့ ကျွန်တော် ခုထိတောင် တစ်ယောက်ယောက်နဲ့ နမ်းဖူးသေးတာမဟုတ်ဘူး ။ အာ ..... ကိုလေးကို ဟိုတခါ ခိုးနမ်းခဲ့ဖူးတာက လွဲရင်ပေါ့ "

" မင်း ............ "

သူ့ကို ဆူငေါက်ရန် ကိုလေးခေါင်းထောင်လာသော်လည်း မျက်ရည်မကျရုံတမယ် မျက်နှာညိုးညိုးငယ်ငယ်နှင့် ရပ်နေသည့် ဝေဟင်ကိုမြင်တော့ ကိုလေးဆူမယ့်စကားဟာ လည်ချောင်းဝမှာတင် တစ်သွားသည် ။

" ကောင်းပြီ .......... မင်းကို ယုံကြည်လိုက်မယ် ။ ရည်းစားမထားနဲ့လို့မပြောဘူး ...ထားလို့ရတယ် ။ ဒါပေမယ့် မင်းအရွယ်က တာဝန်ယူနိုင်မယ့်အင်အားမရှိသေးလို့ မဖြစ်သင့်တာတွေ မဖြစ်ရအောင် ငါတားနေတာ "

" ကျွန်တော် ငယ်သေးတာ မှန်ပေမယ့် လူတစ်ယောက်ကိုတော့ ကာကွယ်နိုင်ပါတယ် ။ အဲ့ဒီလူသာ ကျွန်တော့်ကို ယုံကြည်ရင်ပေါ့ "

ပထမတစ်ကြောင်းကို ဝေဟင်အသံမြင့်ပြောသည် ။နောက်တစ်ကြောင်းကို အသံနှိမ့်ကာ တိုးတိုးလေးပြောလိုက်သည် ။ စိတ်ထဲရှိတာလည်း ပြောချလိုက်ချင်တယ် ...ကိုလေး ဆူမှာလည်းကြောက်တယ် ။

ဒါကြောင့် ဝေဟင်ဟာ သူ့လက်သည်းသူပြန်ကိုက်ရင်း ကိုလေးဆူပူမှာကို အသင့်ခံယူလိုက်သည် ။ သူကိုလေးကို မလေးမစာမလုပ်ရဲဘူး........ ဒါကြောင့် ဒီနေရာမှာပင် မတ်တပ်ရပ်နေဆဲ ။

ကိုလေး ဝေဟင်ကို မျက်လုံးလှန်ကြည့်ပြီးနောက် သက်ပြင်းအရှည်ကြီးချလိုက်သည် ။ သက်ပြင်းတစ်ခါချတိုင်းသာ အသက်တိုမယ်ဆို ကိုလေး ခုချိန်ဆို သေနေ့စေ့လောက်ပြီ ။ ဝေဟင်မသိပေမယ့် သူ ဝေဟင်ကြောင့် အကြိမ်ကြိမ် သက်ပြင်းချခဲ့ရသည်လေ ။

" ထားလိုက်တော့ .......... ဟင်းချက်မှာမလား ။ ငါလည်း စားမှာမလို့ ငါကိုယ်တိုင်ချက်လိုက်မယ် ။ မင်းအပြစ်ကိုမင်းသိရင် ပါးစပ်ပိတ်ပြီး ငါ့ဘေးမှာပဲ ရပ်နေ "

တော်သေးတယ် ကိုလေးသူ့ကို သိပ်မဆူလို့ ။ ဒါပေမေယ့် ကိုလေးက ဘာကြောင့် ဒီမှာ ထမင်းစားမှာလဲ ။ ဘာကြောင့် သူကိုယ်တိုင်ချက်မှာလဲ ။

အပေါ်ဝတ်ကို ချွတ်ပြီး ကိုလေး သူ့ရဲ့အကျႌလက်မောင်းကို ခေါက်တင်ကာ မီးဖိုထဲဝင်သွားလိုက်သည် ။ ကိုလေးရဲ့ပုံစံက ကြည့်ကောင်းလွန်းလို့ တားဖို့တောင် ဝေဟင်မေ့နေခဲ့သည် ။

ကိုလေးသည် ရေခဲသေတ္တာထဲက တခြားဟင်းချက်စရာတွေကိုပါ ထုတ်ရင်း သူ့ဘာသူဆေးကြောကာ စတင်ချက်ပြုတ်သည် ။ ဝေဟင်ကတော့ မီးဖိုတံခါးဝမှာ ငြိမ်ငြိမ်လေးရပ်နေလျှက် ။ ကိုလေးပြောတဲ့အတိုင်း သူပါးစပ်လုံး၀ မဟရဲ ။

အရပ်မြင့်ပြီး အသားဖြူကာ ချောမောတဲ့ရုပ်ရည်ရှိတဲ့ကိုလေးသည် ဘာကြောင့် ခုထိမိန်းမမယူသေးမှန်း သူစဉ်းစားလို့မရ ။ အမှန်ဆို ကိုလေးအသက်က ၂၉ နှစ်တောင်ရှိနေပြီ။ ဖြစ်နိုင်တာက သူ့ရဲ့အချစ်ဦးမိန်းကလေးကို မမေ့သေးလို့များလား ။

" ဟိုကောင်လေး ...... ကြည့်လို့ဝရင် လာစားတော့ ။"

" စားလို့ရလား .... ဒါဆို လာပြီနော် "

သူ့အတွက်ဟုထင်သည့် ထမင်းပန်းကန်ကို လှမ်းယူပြီး ဝေဟင် ထမင်းဝိုင်းကိုကြည့်လိုက်သည် ။ ဟင်းက နှစ်မျိုးတည်းဆိုပေမယ့် ကိုလေးချက်တယ်ဆိုတဲ့မျက်နှာကြောင့် ဒီဟင်းပွဲကြီးကို နတ်သုဓ္ဓါလို့တောင် ထင်မိသည် ။ ဝေဟင် အရင်ဆုံး ဟင်းတစ်ဇွန်းကို အရင်ခပ်ပြီး ကိုလေးကို ဦးချလိုက်သည် ။

" များများစား ....... ကျန်ရင် သွန်ပစ်ရမှာ "

ကိုလေးက ခြိမ်းခြောက်သလို ပြောနေပေမယ့် ဝေဟင်ကတော့ အကျေနပ်ကြီး ကျေနပ်နေသည် ။ ထမင်းတွေစားပြီးသော် ဝေဟင် ခွက်တွေပန်းကန်တွေ အကုန်သိမ်းပြီး အိမ်ရှေ့ခန်းပြန်လာစဉ် ဆိုဖာပေါ်မှာ ငုတ်တုတ်ထိုင်ကာ မေးထောက်နေသည့် ကိုလေးကြောင့် လန့်သွားသည် ။

" 9 နာရီထိုးတော့မယ် မပြန်သေးဘူးလား "

" ဒီအိမ်မှာ ဘယ်သူက အိမ်ရှင်လဲ "

" ကိုလေးပါ ........"

" အေး ........ အဲ့တာဆို ဒီမှာနေမယ်၊ ဒီကပြန်မယ်ဆိုတာတွေအတွက် မင်းကိုခွင့်တောင်းဖို့လိုလား "

" ဟင့်အင်း .......... လုံး၀ မလိုပါဘူး "

" ငါဒီည ဒီမှာနေမယ် ။ လျှာမရှည်နဲ့ .........."

ကိုလေးရဲ့ မျက်နှာက မာကြောလိုက်တာ ။ဧကန်န သူ့ကို မောင်းထုတ်မှာတော့ မဟုတ်ဘူးမလား ။

" ဒါနဲ့ အန်ကယ်ထွန်းတို့ သိပြီလား .......... ''

" လျှာမရှည်နဲ့လို့ ပြောထားတဲ့ ကိစ္စမှာ မင်းတော်တော် အဆဲတောင်းတယ် ...... ဝေဟင်ကို "

ဝေဟင်ကို သူ့ပါးစပ်ကို ပိတ်လိုက်သလို နူတ်ခမ်းတွေကို စိပြလိုက်တော့ ကိုလေး သူ့ဖက်ကို မျက်စောင်းထိုးလာပြီး ဖုန်းကို ထုတ်ယူလိုက်သည် ။

" ဖေဖေ ......... ကျွန်တော့်ရဲ့ ကားပျက်သွားလို့ ဝပ်ရှော့ပို့ထားရပြန်ပြီ။ ဒီတစ်ခါတော့ တစ်ပတ်လောက်ကြာမယ်ထင်တယ် ။ ဒီတစ်ပတ်အတွင်း ကျွန်တော် ရုံးအနားက သူငယ်ချင်းတစ်ယောက်အိမ်မှာပဲ နေလိုက်မယ် ။ စိတ်မပူနဲ့နော် .... မနက်ဖြန်မှ အဝတ်တစ်ချို့ပြန်လာယူမယ် "

" .......... "

" ဟုတ်..... ဒါဆို ဖုန်းချပြီနော် "

တစ်ပတ်ကြီးတောင် ။ ကိုလေးက တစ်ပတ်ကြီးတောင် သူနဲ့နေမှာလား ။ ဒါ အိမ်မက် မဟုတ်ဘူးမလား ။

" ကြောင်တောင်တောင်နဲ့ ဘာကြည့်နေတာလဲ ။ ငါ့အတွက် စောင်နဲ့ ခေါင်းဦးသွားယူခဲ့ ။ ဒီဧည့်ခန်းမှာ ငါအိပ်မယ် "

" ဟို ...... ကျွန်တော့်မှာ စောင်တစ်ထည်ရယ် ခေါင်းဦးတစ်လုံးရယ်ပဲရှိတာ ။ အပိုမရှိဘူး ............"

" ဘာကြီး ............ "

တကယ်ပါ .......ဝေဟင်အကြံစည်ရှိရှိ ညာတာမဟုတ်ပါ ။ သူကလည်း ကိုလေးလာအိပ်မယ်လို့ ဘယ်ထင်မလဲ ။ ကြိုသိရင် ရေမီးအစုံနဲ့ ကြိုနေမှာပေါ့။

ဒါပေမယ့် ကိုလေးက သိတတ်နားလည်လို့ ပုဆိုးခြုံပြီးတော့ပဲ အိပ်လိုက်မယ်လို့ပြောသည် ။ ဝေဟင်က လက်မခံချင်ပေမယ့် ကိုလေးရဲ့ ရူတင်းတင်းမျက်နှာကိုကြောက်ရတယ်လေ ။ ဒါကြောင့် ကိုလေးညအိပ်ဖို့အတွက် သူ့မှာရှိတဲ့ အဆင်ပြေတဲ့ အဝတ်စားတစ်စုံထုတ်ပြီး သူက အခန်းထဲ ပြန်သွားလိုက်သည် ။

၁၁ နာရီထိုးပြီ ။ ဝေဟင်အိပ်မရသေး ....... အပြင်မှာ ကိုလေးကို ခြင်ကိုက်နေမလား စိုးရိမ်မိပြန်ကော ။ နွေရာသီမလို့စောင်မလိုပေမယ့် ခြင်ထောင်လိုတယ်လေ ။ ဒါကြောင့် ဝေဟင် ကိုလေးရှိတဲ့ဆီကို ခြေသံလုံလုံထားပြီး ကိုယ်ဖော့ကာလျှောက်လာလိုက်သည် ။ ကိုလေးလည်း အိပ်မရဘူး ထင်ပါရဲ့ ။ စာအုပ်တစ်အုပ်ကိုင်ပြီး စာဖတ်နေသည် ။ ခေါင်းကိုတော့ သူ့ရဲ့ သဘတ်အထူနဲ့ ခုထားလေသည် ။

" ကိုလေး ... အထဲသွားအိပ်ပါလား ။ ကျွန်တော် အပြင်အိပ်ပေးမယ် "

" မလိုဘူး.......... အာရုံနှောက်တယ် ထွက်မလာနဲ့ "

" ဒါပေမယ့် အထဲမှာခြင်တွေနဲ့ ။ ခြင်ကျားကိုက်ရင်တုပ်ကွေးတောင် ဖြစ်နိုင်တယ် "

" ဒါဆို မင်းက မဖြစ်နိုင်ဘူးပေါ့ ......သွားစမ်းပါ ။ ငါစာဖတ်နေတာ အာရုံပျက်တယ် "

ကိုလေးကို ပြောလို့မရတဲ့အဆုံး သူကိုလေးရဲ့ ခပ်ခွာခွာမှာ ဝင်ထိုင်လိုက်သည် ။ တူတူခြင်ကိုက်ခံဖို့ သူ့မှာ ရဲဘော်ရဲဘက် စိတ်အပြည့်ရှိတယ်လေ ။

သူ ပေပေတေတေ ထိုင်နေတာကိုမြင်တော့ ကိုလေးဟာ လက်ထဲက စာအုပ်ကိုချပြီး သူ့ဖက်လှည့်လာသည် ။

" ဘာလုပ်တာလဲ ..... ပြန်မအိပ်ဘူးလား "

" တုတ်ကွေးဖြစ်လည်း တူတူဖြစ် ။ ကိုလေးတစ်ယောက်တည်းကိုတော့ ခြင်စာမကျွေးနိုင်ဘူး ။ ဟော .........တွေ့လား ...ခြင်တွေက အကြီးကြီးပဲ ။ သူတို့အုပ်စုလိုက်ဆို ကိုလေးကိုတောင် အပြင်သယ်ထုတ်နိုင်တယ် "

ဝေဟင်က ဒီလိုပြောတော့ ကိုလေး စိတ်ဆိုးဆိုးနဲ့  တစ်ချက်ရယ်လိုက်မိသည် ။ ဝေဟင်တွေ့လိုက်ပေမယ့် တစ်ချက်ပဲမို့ ကြည့်လို့မဝလိုက် ။ ကိုလေးရယ်လိုက်ရင် သွားတန်းဖြူဖြူလေးတွေပေါ်လာပြီး အရမ်းကြည့်ကောင်းတာပဲ ။

" အပိုတွေ ပြောမနေနဲ့တော့ ။ ငါ ခြင်ထောင်ထဲသွားအိပ်မယ် ။ အေး .... မင်းလည်း လိုက်အိပ်ရမယ် ။ မင်းတစ်ယောက်တည်းကို ခြင်စာကျွေးရင်လည်း ငါက မစာနာတတ်တဲ့ကောင်ဖြစ်ဦးမယ် "

" တကယ် .... တကယ်လား ။ ကိုလေး ကျွန်တော့်ကို မမုန်းတော့ဘူးလား ။ ကျွန်တော်နဲ့ အနီးကပ်ရှိနေရင် ကိုလေးအတွက် အဆင်ပြေပါ့မလား "

" ခုကစပြီး မင်းပါးစပ်ကိုပိတ်တော့ ။ ဒီလိုမှ မဟုတ်ရင် ငါခုချက်ချင်း Taxi ငှါးပြီးပြန်မယ် "

" ဟုတ် .......ဆောရီး......... ပိတ်လိုက်ပြီ "

ခေါင်းဦးကို ကိုလေးကိုပေးပြီး ဝေဟင်က စောင်ကို ခေါင်းဦးလုပ်အိပ်လိုက်သည် ။ နွေရာသီမလို့သာတော်သေး ။ ဆောင်းတွင်းသာဆို သူတို့ခဲသေနေလောက်ပြီ ။

ထို့နောက်နှစ်ဦးသာ အတူအိပ်ယာဝင်ပြီးနောက် ကိုလေးဟာ တစ်ဖက်သို့လှည့်ကာ မအိပ်စက်သေးဘဲ စဉ်းစားတွေးတော နေလိုက်သည် ။

၁၈ နှစ်ဆိုတာ ကလေးသာသာရှိပါသေးသည် ။ စိတ်ခံစားချက်ကို အလိုလိုက်ပြီး ထင်ရာစိုင်းမယ်ဆို သူ့အနာဂတ်က လုံး၀ ပျက်စီးသွားမှာ ။ လူ့ဘောင်အဖွဲ့အစည်းက ကန့်သတ်ချက်တွေနဲ့ စည်းချထားတဲ့အပေါ် ဒီကလေးဟာ ပြစ်တင်ပြောဆိုမှုတွေ ခံယူဖို့က အရမ်းငယ်ပါသေးသည် ။ ဒါကြောင့် ဒီကလေး သူ့အပေါ်ခံစားချက်ရှိသည်ကို သိရှိခဲ့သည့်နေ့က သူ အကြီးကျယ် တုန်လှုပ်ခဲ့ရသည် ။ ဒီကောင်လေးအပေါ် စည်းတွေအထပ်ထပ် ချခဲ့ပေမယ့် နောက်ဆုံး သူကိုယ်တိုင်ပဲ တစ်ခုချင်းကို ဖျက်စီးမိပြီထင်တယ် ။

မင်းအနာဂတ်အတွက် ရင်လေးလိုက်တာ ဝေဟင်ရာ .....

ပြီးတော့ ငါ့ရဲ့ အနာဂတ်အတွက်ကော...........

----------------------

4.7.2019

မအိပ်သေးတဲ့ အချောလေးတွေအတွက်...

မြင်ယောင်ကြည့်လိုက် ။ ရီတာလက်ထဲမှာ ခွက်လေးတစ်လုံးရှိတယ် ။ အထဲမှာ update လေးတွေထည့်ထားတယ် ။ Trump Card ကို အချိုးကျထည့်ပြီး ကိုလေးကို ပိုပိုထည့်ထားတယ် ။ ဒါပေမယ့် ရောင်းမကောင်းဘူး 😂😂 ။ စတာပါ....  အပျင်းပြေ ဟာသလုပ်တာ ။

ကိုလေးပြီးရင် နောက်ထပ် short story တစ်ပုဒ်ထပ်တင်မယ်....  ထုံးစံအတိုင်း ပေါ့ပေါ့ပါးပါးပေါ့ ။ စာရေးသူနဲ့ စာဖတ်သူ အဝေတည့်ရင် fic ရေးရတာ ကျေနပ်စရာပါ 😂 ။ Short story ဆိုတာ များများစားစားတွေးထားတာမရှိပါဘူး ခေါင်းထဲပေါ်လာတာ ချရေးတာမလို့ လုံးဝကို ပေါ့ပေါ့ပါးပါးပါ ။

Continue Reading

You'll Also Like

70.7K 6.6K 26
Sometimes love is complicate Sometimes love is simple Complicate or simple is just a love,the prettiest thing all over the world and essential drug f...
242K 23.5K 73
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
1.2M 92K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
3K 256 12
Title : Kant Kaw Pwint Chain Genre : Own Creation, BL Tags : Angst , Romance Author : Yaung Che Nway Starting Date : 26,April,2022 End...