အပိုင်း ၈

24.6K 2.4K 96
                                    


ထုံးစံအတိုင်း အလုပ်ဆင်းပြီဆိုတာနဲ့ ကိုလေးက သူ့ကိုလာကြိုပြီး City Mart ထဲဝင်ကာ ဟင်းချက်ဖို့ သားငါးတစ်ချို့ဝင်ဝယ်သည် ။ ပြီးတာနဲ့ အိမ်ကိုတန်းပြန်လာပြီး ကိုလေးက ညစာချက်ပြုတ်ပေးသည် ။

" ရေအရင်ချိုးလိုက်ဦး .....ဝေဟင် ။ပြီးရင် ညစာတူတူစားရအောင် "

" ဟုတ် ........... ဒါဆို ကျွန်တော် ရေချိုးလိုက်ဦးမယ်နော် "

ဒီရက်ပိုင်းတွေမှာ ဝေဟင်တကယ်ပျော်ရသည် ။ နေ့တိုင်းနီးပါး ကိုလေးနဲ့ဒီလိုကောင်းမွန်တဲ့ ဆက်ဆံရေးမျိုးကိုရှိတာက သူ့အတွက် ဆုလာဘ်ကြီးတစ်ခုလို ။ဝေဟင် ရေချိုးနေရင်း သီချင်းလေးတအေးအေးညည်းဆိုကာနေလေတော့ ကိုလေးက မီးဖိုခန်းထဲကနေ ရယ်နေသည် ။ ရေချိုးခန်းကို စတူဒီယိုမှတ်နေလားမသိ ။

ရေချိုးပြီးတော့ ဝေဟင် ပုဆိုးပတ်လျှက် ပြန်ထွက်လာလိုက်သည် ။ ထိုချိန် အပြင်ဖက်ကနေ တံခါး bell သံက အဆက်မပြတ် မြည်နေလို့ ကိုလေးက မျက်မှောင်ကြုပ်ကာ အတွေးများသွားသည် ။ သူ့ရဲ့တိုက်ခန်းကို သိတဲ့သူ မရှိပါဘူး ။ မဟုတ်မှလွဲရော အရင်လူတွေရဲ့ အသိများလားမသိ ။

" အ၀တ်လဲပြီးမှ ထွက်လာနော် .....ဝေဟင် ။ "

သူ ဝေဟင်ကိုမှကြားဖြစ်အောင် မှာကြားလိုက်သေးသည် ။ မမှာလို့က မဖြစ် .... ဒီကလေးက နည်းနည်းဗရမ်းပတာနေတတ်တာမလို့လေ ။ ဝေဟင်ကလည်း ကိုလေးပြောတဲ့အတိုင်း အ၀တ်စားကို လျှင်မြန်စွာဝတ်ကာ အပြင်ဖက်က အသံကို နားစွင့်နေလိုက်သည် ။

ချောက် ........... !

" မြတ်မင်းခန့် ............"

ဝေဟင် တံခါးဖွင့်သံကို အရင်ကြားလိုက်ရသည် ။ ပြီးနောက် သူကောင်းကောင်းသိသည့် အမည်တစ်ခုကိုပါကြားလိုက်ရသည် ။ ဟုတ်ပါသည် ...... ဒီနာမည်က ကိုလေးရဲ့ အမည်ရင်းဖြစ်ပြီး ဒီနာမည်ကို ဒေါသတကြီးခေါ်ဆိုသူက ဒေါ်ထားသဇင်နွယ်ပင် ။

" မေမေ ...... ဒီကို ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ "

" အော် ..... မအေရောက်လာတာကို တော်တော်လေး အံသြသွားပုံပဲ ။ မင်းခြေလှမ်းတွေကို ငါမသိဘူးများမှတ်နေလား ။ ဟို ကလေကချေကောင် ဘယ်မှာလဲ ။ ဒင်းကြောင့် မင်းက အိမ်မပြန်မလာတာပေါ့ ။ မင်းက မိဘတွေကို ကောင်းကောင်းလေး လိမ်ညာတတ်နေပြီပဲ ....... မြတ်မင်းခန့် "

 ကိုလေး (ကိုလေး  )(Z+U) ( Completed ) Where stories live. Discover now