Zawgyi
မမႀကီး၏တိုက္ခန္းေလးက အျပင္ဘက္တြင္သာ ဟိုေကာင္ အာကာပိုင့္လက္ခ်က္ေၾကာင့္ ႂကြက္သိုက္သဖြယ္ျဖစ္ေနေသာ္လည္း အိပ္ခန္းေလးကေတာ့ တကယ္ကိုေသေသသပ္သပ္ႏွင့္ပင္။ဒီတိုက္ခန္းေလးက မမႀကီးအလုပ္လုပ္သည့္ေဆးရံုနွင့္ နီးသည္မို႔ မမႀကီးကတစ္ခါတစ္ေလဒီမွာလာေနတတ္သည္။ထို႔ေၾကာင့္လည္း တိုက္ခန္းေလးက သူထင္ထားသည္ထက္ အမ်ားႀကီးအဆင္ေျပေနျခင္းပင္။တစ္ခုပဲ.....အရင္က မမႀကီးေနခဲ့သည္မို႔ အိပ္ခန္း၏အေရာင္က ပန္းႏုေရာင္ျဖစ္ေနျခင္းပင္။
ကုတင္ေဘးနားမွ မွန္တင္ခံုေပၚတြင္လည္း မမႀကီးသံုးလက္စျဖစ္ဟန္တူသည့္ လက္သည္းဆိုးေဆးဘူးႏွစ္ဘူးႏွင့္ အျခားသူမသိသည့္ ဘူးႀကီးဘူးငယ္ေလးေတြကလည္း သံုးေလးဘူးေလာက္႐ွိေသးသည္။ခြက္လွလွေလးထဲထည့္ထားသည့္ ပုံစံမ်ိဳးစံုေသာဘီးေတြကလည္းခုခ်ိန္ အခန္းထဲတစ္ေယာက္တည္းျဖစ္ေနသည့္ သူ႔အတြက္ေတာ့ စိတ္ဝင္စားစရာေတြပင္။
သူ Facebook ေပၚတြင္အႀကိမ္ေရေတာ္ေတာ္မ်ားမ်ားျမင္ဖူးထားေသာ္လည္း နာမည္မသိသည့္ ကိုရီးယားမင္းသား၏ပံုေတြကလည္း အခန္းတံခါးမွာပါမက်န္ တစ္ခန္းလံုးျပည့္လုနီးပါးကပ္ထားသည္။နံရံအႏွံ႔ျပည့္ေနသည့္ မင္းသားငယ္၏ပံုႏွင့္ သူထိုင္ေနသည့္ကုတင္ေခါင္းရင္းတြင္တင္ထားသည့္ အျပာေရာင္ Stitch ႐ုပ္ေလးသံုး႐ုပ္က မမႀကီး၏အျခားတစ္ဖက္ကို လွစ္ဟျပေနသလိုပင္။အျမဲတမ္းတည္ၾကည္ေအးေဆးေနတတ္သည့္ မမႀကီးတြင္လည္း ဒီလို ကေလးဆန္သည့္ စိတ္ႏုႏုေလးေတြ႐ွိေနခဲ့မွန္း သူအခုမွသိရသည္။
သူတစ္ခန္းလံုးကို ေလ့လာအကဲျဖတ္ၿပီးသည့္အခ်ိန္မွ ေရခ်ိဳးေနသည့္ ကာကာကေရစိုေနသည့္ေခါင္းကိုသဘက္ေလးႏွင့္သုတ္ကာ ထြက္လာသည္။ေရခ်ိဳးၿပီးကာစမို႔ ႐ွင္းသန္႔ေနသည့္ ကာကာ့မ်က္ႏွာက ခုနကဆံပင္ဘုတ္သိုက္ပံုစံႏွင့္ေတာ့ ကြာျခားလြန္းလွသည္။အ႐ွက္ႀကီးကာ ေရခ်ိဳးခန္းထဲတြင္တစ္ခါတည္း လဲလာသည့္အက်ႌက ကိုယ္လံုးေရမေျခာက္ေသးဘဲ ဝတ္လာခဲ့သည္ထင္...အက်ႌေပၚတြင္ေရကြက္ရာေလးေတြထင္ကာ အသားႏွင့္ကပ္သည့္ေနရာက ကပ္ေနေသးသည္။
နဂိုတည္းက ေလ့က်င့္ခန္းမွန္မွန္လုပ္သူမို႔ ေကာင္းက်ိဳးျဖစ္တည္ေနသည့္ ႂကြက္သားဖုေလးေတြက အခုလိုအခ်ိန္တြင္ပို၍ဆြဲေဆာင္မႈ႐ွိေနသလိုပင္။ေရစိုထားသည္ေၾကာင့္ မ်က္ေတာင္ဖ်ားေလးေတြစိုစြတ္ပူးကပ္ေနသည့္ မ်က္ဝန္းတစ္စံုကို႐ႈမိေတာ့ ထိုမ်က္ဝန္းညိဳေတြရဲ႕ဦးတည္ရာက သူ႔ထံတြင္ျမဲျမံစြာ။
အၾကည့္ခ်င္းဆံုသြားသည့္ မ်က္လံုးကိုအလ်ွင္အျမန္ခြာလိုက္မိၿပီးကာမွ ကိုယ့္ကိုယ္ကိုေဒါသထြက္မိသည္က ေကာင္းကင္ပင္။သူလည္းေယာက်္ား ကိုယ္လည္းေယာက်ာ္းျဖစ္ပါလ်က္ သူ႔ေ႐ွ႕ေရာက္လ်ွင္ မိန္းမပ်ိဳေလးသဖြယ္႐ွက္ေသြးျဖာေနမိသည္ကို မႏွစ္ၿမိဳ႕တာေတာ့ အမွန္ပင္။
"မင္း.အိမ္ကိုမျပန္ဘူးလား"
ဗီ႐ိုထဲမွေခါင္းအံုးႏွင့္ေစာင္အပိုတစ္ထည္ကိုထုတ္ေနသည့္ သူ႔ကိုေမးမိေတာ့ လႈပ္႐ွားေနသည့္သူ႔အျပဳအမူေတြအားလံုးကတံု႔ဆိုင္းသြားသည္။ေနာက္မွ ဘာမွမၾကားလိုက္သည့္လူလို သူ႔အလုပ္ကိုသူဆက္လုပ္ေနသည္။
"တကယ္ပဲ...ေယာက်္ားတစ္ေယာက္က ေယာက်္ားတစ္ေယာက္ကို ႀကိဳက္ရတာ ဒီေလာက္ခက္ခဲတယ္လား..."
သူ႔ရင္တြင္းကတင္းၾကပ္မႈကို ခပ္တိုးတိုးေရရြတ္မိေတာ့ ကာကာက သူ႔ကိုနီရဲေနသည့္ မ်က္လံုးတစ္စံုႏွင့္ၾကည့္လာသည္။စူးရဲစြာစိုက္ၾကည့္ေနသည့္ ကာကာ့ရဲ႕မ်က္ဝန္းေတြက သူအဓိပၸါယ္မေဖာ္ႏိုင္ေလာက္ေအာင္ပင္ နက္႐ိႈူင္းလြန္းေနသည္။
ဘာစကားတစ္ခြန္းမွမေျပာပဲ ကုတင္ေပၚတက္အိပ္သြားသည့္ ကာကာ့ကိုၾကည့္ကာ သူ႔ရဲ႕ၿငိမ္းေသသြားသည့္ ေဒါသမီးစက တစ္ဖန္ျပန္ေလာင္ကြၽမ္းလာသည္။သူကာကာ့ဆီကို ေရာက္လာခဲ့သည္က ကာကာ့ရဲ႕ဖြင့္ဟစကားကိုၾကားလို၍ျဖစ္ေသာ္လည္း ခုခ်ိန္ထိ ကာကာ့ႏႈတ္က ေသခ်ာဖြင့္ဟဝန္မခံေသး။
ထြက္ေနသည့္ေဒါသႏွင့္ မေက်နပ္သည့္စိတ္အခံေၾကာင့္ ကုတင္ေပၚတြင္လူးလွိမ့္မိေနသည္ကအခါခါ။မမႀကီးရဲ႕ တစ္ေယာက္အိပ္ကုတင္က အရမ္းမေသးေသာ္လည္း ေယာက်္ားႏွစ္ေယာက္အိပ္ရန္အတြက္ေတာ့ က်ယ္လြန္းမေနခဲ့။ျမင္ေနရသည့္ ေနာက္ေက်ာျပင္က်ယ္ႏွင့္ ပန္းႏုေရာင္ အခန္းငယ္ကလည္းသူ႔ရဲ႕ မေက်နပ္စိတ္ေတြကို ေလာင္စာထည့္ေနသလိုပင္။ပန္းႏုေရာင္ျခယ္ထားသည့္ အခန္း၏တစ္ေယာက္အိပ္ကုတင္ေပၚ၌ ေယာက်္ားႏွစ္ေယာက္အိပ္ေနသည့္ ျမင္ကြင္းက တကယ္ကို ကိုး႐ိုးကားယားႏိုင္လြန္းလွသည္။
အိပ္ေနရာမွ ႐ုတ္တရတ္ထထိုင္လိုက္သည့္ ကာကာ့ေၾကာင့္ သူပါအေယာင္ေယာင္အမွားမွားႏွင့္ထထိုင္လိုက္မိသည္။႐ႈပ္ေထြးေနဟန္တူသည့္ ကာကာ့ရဲ႕အၾကည့္ေတြက သူ႔ထံတစိုက္မတ္မတ္။တစ္ခုခုကို ေျပာလိုဟန္လႈပ္ရြေနသည့္ ကာကာ့ရဲ႕ႏႈတ္ခမ္းရဲရဲေလးေၾကာင့္ သူ႔ႏွလံုးသားရပ္ဝန္းက မုန္တိုင္းထန္သြားသည္။ရင္ခုန္စြာျဖင့္ေမ်ွာ္လင့္ေနမိသည့္ သူ႔အျဖစ္က ကာကာ့စကားတစ္ခြန္းေၾကာင့္ က်ကြဲသြားသည့္ေရအိုးလို အလဲလဲအကြဲကြဲ။
"ၿငိမ္ၿငိမ္အိပ္..."
တစ္ခြန္းတည္းေျပာကာ ေစာင္ေခါင္းၿမီးျခံဳ၍ျပန္အိပ္သြားသည့္ ထိုဘုဂလန္႔ေကာင္ကို ကုတင္ေပၚက ကန္ခ်ခ်င္စိတ္ကို မနည္းထိန္းထားလိုက္ရသည္။ဘယ္သူမျပဳ မိမိအမႈဆိုသလို ဒီကိုေမ်ွာ္လင့္ခ်က္အျပည့္ျဖင့္ ေရာက္လာမိသည့္ သူ႔အျပစ္ေပမို႔...။
>>>>>>>>>>>>>>>>>>>>>>>>
သူ႔ဘဝမွာ ဒီလိုအဓိပၸါယ္အျပည့္ျဖင့္ နံနက္ခင္းတစ္ခုကိုႏိုးထလာရမည္ဟု တစ္ခါမွမေတြးဖူးခဲ့။ညကမပိတ္မိသည့္ ျပတင္းေပါက္မွ တိုးဝင္လာသည့္ ေနေရာင္အနည္းငယ္က အိပ္ေပ်ာ္ေနသူ၏နဖူးေပၚတြင္ ခစားလ်က္။
အိပ္ေပ်ာ္ေနရင္းမွာပင္ တြန္႔ခ်ိဳ႕ထားသည့္ခပ္ထူထူမ်က္ခံုးတန္းက တစ္ခုခုကိုမေက်မနပ္ျဖစ္ေနဟန္။သူ႔ကိုခပ္စူးစူးၾကည့္တတ္သည့္ မ်က္လံုးတစ္စံုက ယခုေတာ့မ်က္ေတာင္႐ွည္႐ွည္ေတြ၏ဖံုးကြယ္မႈေအာက္ေရာက္ေနေပသည္။အမ်ိဳးသားေတြ၏ မနက္ခင္းအိပ္ယာထခ်ိန္က ဒီလိုပဲ က်က္သေရ႐ွိ႐ွိခန္႔ညားသလားသူမသိေပမယ့္ သူ႔ေဘးနားတြင္႐ွိေနသည့္ အမ်ိဳးသားငယ္ကေတာ့ ခန္႔ညားမႈေတြႏွင့္ျပည့္စံုလြန္းလွသည္။
ညက႐ုတ္တရတ္ႀကီးေရာက္လာၿပီး သူ႔ကိုဝန္ခံခိုင္းခဲ့သည့္ ေကာင္းကင္ေၾကာင့္ သူေျပာစရာစကားမဲ့ခဲ့ရသည္။အထူးသျဖင့္ သူ႔အေပၚထားသည့္ ေကာင္းကင္ရဲ႕သေဘာထားရယ္ေၾကာင့္.....။ဖြင့္ေျပာစရာမလိုေအာင္ နားလည္ေနႏိုင္သည့္ ေကာင္းကင္၏မ်က္လံုးေတြေၾကာင့္ သူ႔မွာ အံျသဝမ္းသာျဖစ္မိရသည္။
သူကုတင္ေပၚကဆင္းကာ ေနေရာင္ထိုးေနသည့္ ျပတင္းေပါက္ကို ပိတ္သည္အထိ ေကာင္းကင္ကႏွစ္ၿခိဳက္စြာအိပ္ေမာက်ေနဆဲ။တစ္ကိုယ္ေရသန္႔႐ွင္းေရးလုပ္ကာ အခန္းအျပင္ကိုထြက္လာမိသည္က မနက္စာျပင္ရန္။
အရင္က သူတစ္ေယာက္တည္းေနသည္မို႔ အစားအေသာက္ကလည္း ေခါက္ဆြဲေျခာက္ထုပ္ေတြသာ အမ်ားအျပား႐ွိသည္။ေရခဲေသတၱာအေသးေလးကို ဖြင့္ၾကည့္ေတာ့ မမႀကီးေနတုန္းက ဝယ္ထားခဲ့သည့္ အသင့္ေဖ်ာ္ေကာ္ဖီထုပ္ေလးေတြေတာ့ေတြ႔ရသည္။
သူမနက္စာျပင္ၿပီးသည့္အခ်ိန္မွ အခန္းထဲက ကာလနဂါးကထြက္လာသည္။မ်က္ႏွာကေတာ့တည္တင္းလ်က္..။ျပဳတ္ၿပီးသားေခါက္ဆြဲပန္းကန္ႏွင့္ ေကာ္ဖီခြက္ကိုသူ႔ေ႐ွ႕ထိုးေပးေတာ့ ေခါက္ဆြဲပန္းကန္ကို ရန္သူသဖြယ္ေဘးကို တြန္းလိုက္ကာ ေကာ္ဖီခြက္ကိုသာယူၿပီးေသာက္သည္။အရင္ကဆို သူႏွင့္အတူေခါက္ဆြဲတစ္ပန္းကန္ကို လုစားတတ္သည့္ ေကာင္းကင္က ခုေတာ့ေခါက္ဆြဲပန္းကန္ကို မ်က္လံုးပင္ဝင့္မၾကည့္။
"ငါ..မမျခယ္နဲ႔ေစ့စပ္ထားတာကိုဖ်က္လိုက္ေတာ့မယ္"
အၾကာႀကီးတိတ္ဆိတ္ေနၿပီးမွ ေျပာလာသည့္ေကာင္းကင္စကားေၾကာင့္ သူအံျသမိတာေတာ့အမွန္ပင္။ေကာင္းကင္သူ႔အေပၚထားသည့္ သေဘာထားကိုသူသိေပမယ့္ ေကာင္းကင္ဒီေလာက္ထိျပတ္သားႏိုင္မည္လို႔ေတာ့ သူမထင္မိခဲ့။သူ႔အတြက္ ဒီေလာက္ထိ စြန္႔စားရဲသည္ဆိုသည့္အသိေၾကာင့္ သူ႔ႏွလံုးသားကပီတိအဟုန္ျဖင့္ေႏြးေထြးသြားရသည္။
"ဟက္..မင္းက မမျခယ္ကိုတကယ္ျပတ္ႏိုင္လို႔လား"
သူက်ီစယ္၍ေျပာမိသည့္စကားအတြက္ သူျပန္ရလိုက္သည္က ေကာင္းကင္၏အၾကည့္စူးစူးေတြပင္။သူစကားေျပာမွားသြားမွန္းသိလိုက္၍ ေကာင္းကင္ထံမွအၾကည့္လႊဲကာ ေကာ္ဖီကိုသာဟန္လုပ္ေသာက္လိုက္မိသည္။
ေကာင္းကင္ကေတာ့ မေက်နပ္ဟန္စုတ္တစ္ခ်က္သပ္ကာစကားဆက္သည္။
"ဘာပဲျဖစ္ျဖစ္...ငါ့အမွားဆိုေတာ့ သူေက်နပ္တဲ့အထိေတာ့ ေတာင္းပန္ရမွာေပါ့"
ေကာင္းကင္စကားၾကာင့္ သူနာနာက်င္က်င္ျပံဳးလိုက္မိသည္။အမွား.....သူတို႔နွစ္ေယာက္တစ္ေယာက္ကိုတစ္ေယာက္ခ်စ္မိတာက အမွားတဲ့လား။ေယာက်္ားႏွင့္ မိန္းမခ်စ္တာကိုက်ေကာင္းခ်ီးေပးၾကၿပီး သူတို႔လို ေယာက်္ားခ်င္းခ်စ္တာကိုက် အမွားတဲ့လား။ငါတို႔ႏွစ္ေယာက္ ဘယ္လိုအျပစ္ေတြသင့္ေနခဲ့တာလဲ ေကာင္းကင္...။
"မင္းေရာ...တကယ္အိမ္မျပန္ေတာ့ဘူးလား"
ေကာင္းကင္စကားကို သူမေျဖမိ။မေျဖခ်င္တာထက္ သူ႔ထံတြင္အေျဖ႐ွိမေနခဲ့၍။သူျပန္လ်ွင္ အေဖကသူ႔ကိုလက္ခံႏိုင္မည္လားသူမသိ။သူ႔အေပၚ ဘယ္လိုစကားလံုးမ်ိဳးေတြနဲ႔ ေနာက္ထပ္ထိုးစစ္ဆင္ဦးမလဲသူမသိႏိုင္။
အရင္က ေကာင္းကင္အတြက္အရာရာကို ရင္ဆိုင္ရဲသည္လို႔ သူထင္ခဲ့မိေပမယ့္ တကယ္တမ္းေဖေဖ့ရဲ႕ ပစ္ပယ္မႈကိုခံရသည့္အခ်ိန္မွာ သူၿပိဳလဲမသြားေအာင္ မနည္းအားတင္းထားခဲ့ရသည္ကို သူသာအသိဆံုးပင္။
ေကာင္းကင္ကေတာ့ သူ႔ရဲ႕စိတ္ကိုနားလည္သည့္အလား ေနာက္ထပ္ ထပ္မေမးေတာ့။အျပင္ပတ္ဝန္းက်င္တြင္ လႈပ္႐ွားသက္ဝင္ေနသေလာက္ သူတို႔ႏွစ္ေယာက္၏အခန္းေလးကေတာ့ တိတ္ဆိတ္ၿငိမ္သက္ေနသည္။ကိုယ္စီခံစားေနရသည့္ ရင္တြင္းဒဏ္ရာေတြကိုေတာ့ တစ္ေယာက္ကိုတစ္ေယာက္မသိေအာင္ဖံုးကြယ္လ်က္....။
>>>>>>>>>>>♥>>>>>>>>>
စာဖတ္သူ တစ္ေယာက္ခ်င္းစီကို ေက်းဇူးတင္ပါတယ္😍😍
With love
Zin❤
>>>>>>>>>>>>>>>>>
Unicode
မမကြီး၏တိုက်ခန်းလေးက အပြင်ဘက်တွင်သာ ဟိုကောင် အာကာပိုင့်လက်ချက်ကြောင့် ကြွက်သိုက်သဖွယ်ဖြစ်နေသော်လည်း အိပ်ခန်းလေးကတော့ တကယ်ကိုသေသေသပ်သပ်နှင့်ပင်။ဒီတိုက်ခန်းလေးက မမကြီးအလုပ်လုပ်သည့်ဆေးရုံနှင့် နီးသည်မို့ မမကြီးကတစ်ခါတစ်လေဒီမှာလာနေတတ်သည်။ထို့ကြောင့်လည်း တိုက်ခန်းလေးက သူထင်ထားသည်ထက် အများကြီးအဆင်ပြေနေခြင်းပင်။တစ်ခုပဲ.....အရင်က မမကြီးနေခဲ့သည်မို့ အိပ်ခန်း၏အရောင်က ပန်းနုရောင်ဖြစ်နေခြင်းပင်။
ကုတင်ဘေးနားမှ မှန်တင်ခုံပေါ်တွင်လည်း မမကြီးသုံးလက်စဖြစ်ဟန်တူသည့် လက်သည်းဆိုးဆေးဘူးနှစ်ဘူးနှင့် အခြားသူမသိသည့် ဘူးကြီးဘူးငယ်လေးတွေကလည်း သုံးလေးဘူးလောက်ရှိသေးသည်။ခွက်လှလှလေးထဲထည့်ထားသည့် ပုံစံမျိုးစုံသောဘီးတွေကလည်းခုချိန် အခန်းထဲတစ်ယောက်တည်းဖြစ်နေသည့် သူ့အတွက်တော့ စိတ်ဝင်စားစရာတွေပင်။
သူ Facebook ပေါ်တွင်အကြိမ်ရေတော်တော်များများမြင်ဖူးထားသော်လည်း နာမည်မသိသည့် ကိုရီးယားမင်းသား၏ပုံတွေကလည်း အခန်းတံခါးမှာပါမကျန် တစ်ခန်းလုံးပြည့်လုနီးပါးကပ်ထားသည်။နံရံအနှံ့ပြည့်နေသည့် မင်းသားငယ်၏ပုံနှင့် သူထိုင်နေသည့်ကုတင်ခေါင်းရင်းတွင်တင်ထားသည့် အပြာရောင် Stitch ရုပ်လေးသုံးရုပ်က မမကြီး၏အခြားတစ်ဖက်ကို လှစ်ဟပြနေသလိုပင်။အမြဲတမ်းတည်ကြည်အေးဆေးနေတတ်သည့် မမကြီးတွင်လည်း ဒီလို ကလေးဆန်သည့် စိတ်နုနုလေးတွေရှိနေခဲ့မှန်း သူအခုမှသိရသည်။
သူတစ်ခန်းလုံးကို လေ့လာအကဲဖြတ်ပြီးသည့်အချိန်မှ ရေချိုးနေသည့် ကာကာကရေစိုနေသည့်ခေါင်းကိုသဘက်လေးနှင့်သုတ်ကာ ထွက်လာသည်။ရေချိုးပြီးကာစမို့ ရှင်းသန့်နေသည့် ကာကာ့မျက်နှာက ခုနကဆံပင်ဘုတ်သိုက်ပုံစံနှင့်တော့ ကွာခြားလွန်းလှသည်။အရှက်ကြီးကာ ရေချိုးခန်းထဲတွင်တစ်ခါတည်း လဲလာသည့်အကျႌက ကိုယ်လုံးရေမခြောက်သေးဘဲ ဝတ်လာခဲ့သည်ထင်...အင်္ကျီပေါ်တွင်ရေကွက်ရာလေးတွေထင်ကာ အသားနှင့်ကပ်သည့်နေရာက ကပ်နေသေးသည်။
နဂိုတည်းက လေ့ကျင့်ခန်းမှန်မှန်လုပ်သူမို့ ကောင်းကျိုးဖြစ်တည်နေသည့် ကြွက်သားဖုလေးတွေက အခုလိုအချိန်တွင်ပို၍ဆွဲဆောင်မှုရှိနေသလိုပင်။ရေစိုထားသည်ကြောင့် မျက်တောင်ဖျားလေးတွေစိုစွတ်ပူးကပ်နေသည့် မျက်ဝန်းတစ်စုံကိုရှုမိတော့ ထိုမျက်ဝန်းညိုတွေရဲ့ဦးတည်ရာက သူ့ထံတွင်မြဲမြံစွာ။
အကြည့်ချင်းဆုံသွားသည့် မျက်လုံးကိုအလျှင်အမြန်ခွာလိုက်မိပြီးကာမှ ကိုယ့်ကိုယ်ကိုဒေါသထွက်မိသည်က ကောင်းကင်ပင်။သူလည်းယောကျ်ား ကိုယ်လည်းယောကျာ်းဖြစ်ပါလျက် သူ့ရှေ့ရောက်လျှင် မိန်းမပျိုလေးသဖွယ်ရှက်သွေးဖြာနေမိသည်ကို မနှစ်မြို့တာတော့ အမှန်ပင်။
"မင်း.အိမ်ကိုမပြန်ဘူးလား"
ဗီရိုထဲမှခေါင်းအုံးနှင့်စောင်အပိုတစ်ထည်ကိုထုတ်နေသည့် သူ့ကိုမေးမိတော့ လှုပ်ရှားနေသည့်သူ့အပြုအမူတွေအားလုံးကတုံ့ဆိုင်းသွားသည်။နောက်မှ ဘာမှမကြားလိုက်သည့်လူလို သူ့အလုပ်ကိုသူဆက်လုပ်နေသည်။
"တကယ်ပဲ...ယောကျ်ားတစ်ယောက်က ယောကျ်ားတစ်ယောက်ကို ကြိုက်ရတာ ဒီလောက်ခက်ခဲတယ်လား..."
သူ့ရင်တွင်းကတင်းကြပ်မှုကို ခပ်တိုးတိုးရေရွတ်မိတော့ ကာကာက သူ့ကိုနီရဲနေသည့် မျက်လုံးတစ်စုံနှင့်ကြည့်လာသည်။စူးရဲစွာစိုက်ကြည့်နေသည့် ကာကာ့ရဲ့မျက်ဝန်းတွေက သူအဓိပ္ပါယ်မဖော်နိုင်လောက်အောင်ပင် နက်ရှိုူင်းလွန်းနေသည်။
ဘာစကားတစ်ခွန်းမှမပြောပဲ ကုတင်ပေါ်တက်အိပ်သွားသည့် ကာကာ့ကိုကြည့်ကာ သူ့ရဲ့ငြိမ်းသေသွားသည့် ဒေါသမီးစက တစ်ဖန်ပြန်လောင်ကျွမ်းလာသည်။သူကာကာ့ဆီကို ရောက်လာခဲ့သည်က ကာကာ့ရဲ့ဖွင့်ဟစကားကိုကြားလို၍ဖြစ်သော်လည်း ခုချိန်ထိ ကာကာ့နှုတ်က သေချာဖွင့်ဟဝန်မခံသေး။
ထွက်နေသည့်ဒေါသနှင့် မကျေနပ်သည့်စိတ်အခံကြောင့် ကုတင်ပေါ်တွင်လူးလှိမ့်မိနေသည်ကအခါခါ။မမကြီးရဲ့ တစ်ယောက်အိပ်ကုတင်က အရမ်းမသေးသော်လည်း ယောကျ်ားနှစ်ယောက်အိပ်ရန်အတွက်တော့ ကျယ်လွန်းမနေခဲ့။မြင်နေရသည့် နောက်ကျောပြင်ကျယ်နှင့် ပန်းနုရောင် အခန်းငယ်ကလည်းသူ့ရဲ့ မကျေနပ်စိတ်တွေကို လောင်စာထည့်နေသလိုပင်။ပန်းနုရောင်ခြယ်ထားသည့် အခန်း၏တစ်ယောက်အိပ်ကုတင်ပေါ်၌ ယောကျ်ားနှစ်ယောက်အိပ်နေသည့် မြင်ကွင်းက တကယ်ကို ကိုးရိုးကားယားနိုင်လွန်းလှသည်။
အိပ်နေရာမှ ရုတ်တရတ်ထထိုင်လိုက်သည့် ကာကာ့ကြောင့် သူပါအယောင်ယောင်အမှားမှားနှင့်ထထိုင်လိုက်မိသည်။ရှုပ်ထွေးနေဟန်တူသည့် ကာကာ့ရဲ့အကြည့်တွေက သူ့ထံတစိုက်မတ်မတ်။တစ်ခုခုကို ပြောလိုဟန်လှုပ်ရွနေသည့် ကာကာ့ရဲ့နှုတ်ခမ်းရဲရဲလေးကြောင့် သူ့နှလုံးသားရပ်ဝန်းက မုန်တိုင်းထန်သွားသည်။ရင်ခုန်စွာဖြင့်မျှော်လင့်နေမိသည့် သူ့အဖြစ်က ကာကာ့စကားတစ်ခွန်းကြောင့် ကျကွဲသွားသည့်ရေအိုးလို အလဲလဲအကွဲကွဲ။
"ငြိမ်ငြိမ်အိပ်..."
တစ်ခွန်းတည်းပြောကာ စောင်ခေါင်းမြီးခြုံ၍ပြန်အိပ်သွားသည့် ထိုဘုဂလန့်ကောင်ကို ကုတင်ပေါ်က ကန်ချချင်စိတ်ကို မနည်းထိန်းထားလိုက်ရသည်။ဘယ်သူမပြု မိမိအမှုဆိုသလို ဒီကိုမျှော်လင့်ချက်အပြည့်ဖြင့် ရောက်လာမိသည့် သူ့အပြစ်ပေမို့...။
>>>>>>>>>>>>>>>>>>>>>>>>
သူ့ဘဝမှာ ဒီလိုအဓိပ္ပါယ်အပြည့်ဖြင့် နံနက်ခင်းတစ်ခုကိုနိုးထလာရမည်ဟု တစ်ခါမှမတွေးဖူးခဲ့။ညကမပိတ်မိသည့် ပြတင်းပေါက်မှ တိုးဝင်လာသည့် နေရောင်အနည်းငယ်က အိပ်ပျော်နေသူ၏နဖူးပေါ်တွင် ခစားလျက်။
အိပ်ပျော်နေရင်းမှာပင် တွန့်ချို့ထားသည့်ခပ်ထူထူမျက်ခုံးတန်းက တစ်ခုခုကိုမကျေမနပ်ဖြစ်နေဟန်။သူ့ကိုခပ်စူးစူးကြည့်တတ်သည့် မျက်လုံးတစ်စုံက ယခုတော့မျက်တောင်ရှည်ရှည်တွေ၏ဖုံးကွယ်မှုအောက်ရောက်နေပေသည်။အမျိုးသားတွေ၏ မနက်ခင်းအိပ်ယာထချိန်က ဒီလိုပဲ ကျက်သရေရှိရှိခန့်ညားသလားသူမသိပေမယ့် သူ့ဘေးနားတွင်ရှိနေသည့် အမျိုးသားငယ်ကတော့ ခန့်ညားမှုတွေနှင့်ပြည့်စုံလွန်းလှသည်။
ညကရုတ်တရတ်ကြီးရောက်လာပြီး သူ့ကိုဝန်ခံခိုင်းခဲ့သည့် ကောင်းကင်ကြောင့် သူပြောစရာစကားမဲ့ခဲ့ရသည်။အထူးသဖြင့် သူ့အပေါ်ထားသည့် ကောင်းကင်ရဲ့သဘောထားရယ်ကြောင့်.....။ဖွင့်ပြောစရာမလိုအောင် နားလည်နေနိုင်သည့် ကောင်းကင်၏မျက်လုံးတွေကြောင့် သူ့မှာ အံသြဝမ်းသာဖြစ်မိရသည်။
သူကုတင်ပေါ်ကဆင်းကာ နေရောင်ထိုးနေသည့် ပြတင်းပေါက်ကို ပိတ်သည်အထိ ကောင်းကင်ကနှစ်ခြိုက်စွာအိပ်မောကျနေဆဲ။တစ်ကိုယ်ရေသန့်ရှင်းရေးလုပ်ကာ အခန်းအပြင်ကိုထွက်လာမိသည်က မနက်စာပြင်ရန်။
အရင်က သူတစ်ယောက်တည်းနေသည်မို့ အစားအသောက်ကလည်း ခေါက်ဆွဲခြောက်ထုပ်တွေသာ အများအပြားရှိသည်။ရေခဲသေတ္တာအသေးလေးကို ဖွင့်ကြည့်တော့ မမကြီးနေတုန်းက ဝယ်ထားခဲ့သည့် အသင့်ဖျော်ကော်ဖီထုပ်လေးတွေတော့တွေ့ရသည်။
သူမနက်စာပြင်ပြီးသည့်အချိန်မှ အခန်းထဲက ကာလနဂါးကထွက်လာသည်။မျက်နှာကတော့တည်တင်းလျက်..။ပြုတ်ပြီးသားခေါက်ဆွဲပန်းကန်နှင့် ကော်ဖီခွက်ကိုသူ့ရှေ့ထိုးပေးတော့ ခေါက်ဆွဲပန်းကန်ကို ရန်သူသဖွယ်ဘေးကို တွန်းလိုက်ကာ ကော်ဖီခွက်ကိုသာယူပြီးသောက်သည်။အရင်ကဆို သူနှင့်အတူခေါက်ဆွဲတစ်ပန်းကန်ကို လုစားတတ်သည့် ကောင်းကင်က ခုတော့ခေါက်ဆွဲပန်းကန်ကို မျက်လုံးပင်ဝင့်မကြည့်။
"ငါ..မမခြယ်နဲ့စေ့စပ်ထားတာကိုဖျက်လိုက်တော့မယ်"
အကြာကြီးတိတ်ဆိတ်နေပြီးမှ ပြောလာသည့်ကောင်းကင်စကားကြောင့် သူအံသြမိတာတော့အမှန်ပင်။ကောင်းကင်သူ့အပေါ်ထားသည့် သဘောထားကိုသူသိပေမယ့် ကောင်းကင်ဒီလောက်ထိပြတ်သားနိုင်မည်လို့တော့ သူမထင်မိခဲ့။သူ့အတွက် ဒီလောက်ထိ စွန့်စားရဲသည်ဆိုသည့်အသိကြောင့် သူ့နှလုံးသားကပီတိအဟုန်ဖြင့်နွေးထွေးသွားရသည်။
"ဟက်..မင်းက မမခြယ်ကိုတကယ်ပြတ်နိုင်လို့လား"
သူကျီစယ်၍ပြောမိသည့်စကားအတွက် သူပြန်ရလိုက်သည်က ကောင်းကင်၏အကြည့်စူးစူးတွေပင်။သူစကားပြောမှားသွားမှန်းသိလိုက်၍ ကောင်းကင်ထံမှအကြည့်လွှဲကာ ကော်ဖီကိုသာဟန်လုပ်သောက်လိုက်မိသည်။
ကောင်းကင်ကတော့ မကျေနပ်ဟန်စုတ်တစ်ချက်သပ်ကာစကားဆက်သည်။
"ဘာပဲဖြစ်ဖြစ်...ငါ့အမှားဆိုတော့ သူကျေနပ်တဲ့အထိတော့ တောင်းပန်ရမှာပေါ့"
ကောင်းကင်စကားကြာင့် သူနာနာကျင်ကျင်ပြုံးလိုက်မိသည်။အမှား.....သူတို့နှစ်ယောက်တစ်ယောက်ကိုတစ်ယောက်ချစ်မိတာက အမှားတဲ့လား။ယောကျ်ားနှင့် မိန်းမချစ်တာကိုကျကောင်းချီးပေးကြပြီး သူတို့လို ယောကျ်ားချင်းချစ်တာကိုကျ အမှားတဲ့လား။ငါတို့နှစ်ယောက် ဘယ်လိုအပြစ်တွေသင့်နေခဲ့တာလဲ ကောင်းကင်...။
"မင်းရော...တကယ်အိမ်မပြန်တော့ဘူးလား"
ကောင်းကင်စကားကို သူမဖြေမိ။မဖြေချင်တာထက် သူ့ထံတွင်အဖြေရှိမနေခဲ့၍။သူပြန်လျှင် အဖေကသူ့ကိုလက်ခံနိုင်မည်လားသူမသိ။သူ့အပေါ် ဘယ်လိုစကားလုံးမျိုးတွေနဲ့ နောက်ထပ်ထိုးစစ်ဆင်ဦးမလဲသူမသိနိုင်။
အရင်က ကောင်းကင်အတွက်အရာရာကို ရင်ဆိုင်ရဲသည်လို့ သူထင်ခဲ့မိပေမယ့် တကယ်တမ်းဖေဖေ့ရဲ့ ပစ်ပယ်မှုကိုခံရသည့်အချိန်မှာ သူပြိုလဲမသွားအောင် မနည်းအားတင်းထားခဲ့ရသည်ကို သူသာအသိဆုံးပင်။
ကောင်းကင်ကတော့ သူ့ရဲ့စိတ်ကိုနားလည်သည့်အလား နောက်ထပ် ထပ်မမေးတော့။အပြင်ပတ်ဝန်းကျင်တွင် လှုပ်ရှားသက်ဝင်နေသလောက် သူတို့နှစ်ယောက်၏အခန်းလေးကတော့ တိတ်ဆိတ်ငြိမ်သက်နေသည်။ကိုယ်စီခံစားနေရသည့် ရင်တွင်းဒဏ်ရာတွေကိုတော့ တစ်ယောက်ကိုတစ်ယောက်မသိအောင်ဖုံးကွယ်လျက်....။
>>>>>>>>>>>♥>>>>>>>>>
စာဖတ်သူ တစ်ယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်😍😍
With love
Zin❤