ခ်စ္ျခင္းတရားျဖင့္လင္းလက္ေစ

By ThitKhattNyo

140K 6.6K 164

-ေငးၾကည့္ေနရံုႏွင့္ေက်နပ္ေနခဲ့သည့္သူ႔ဘဝက ေနာင္တစ္ခ်ိန္ေငးၾကည့္ခြင့္ေတာင္ မရႏိုင္ေတာ့မွန္း သိသည့္အခ်ိိန္မွာ ထိ... More

အခန္း(၁)
အခန္း(၂)
အခန္း(၃)
အခန္း(၄)
အခန္း(၆)
အခန္း(၇)
အခန္း(၈)
အခန္း(၉)
အခန္း(၁၀)
အပိုင္း(၁၁)
အခန္း(၁၂)
အခန္း(၁၃)
အခန္း(၁၄)
အခန္း(၁၅)
အခန္း(၁၆)
အခန္း(၁၇)
The End(1)
The End
❤Promotion❤
❤Extra❤
Thadingyut Special 🧡
Hello

အခန္း(၅)

5.5K 356 4
By ThitKhattNyo

          Zawgyi

        ေကာင္းကင္တစ္ေယာက္အဆက္မျပတ္ျမည္ေနသည့္ဖုန္းသံေၾကာင့္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေနရာမွႏိုးလာရသည္။အရင္တုန္းက  အရမ္းႀကိဳက္လြန္း၍ ဖုန္း raingtone ထားထားသည့္ Shaun ရဲ႕ Way back home သီခ်င္းကိုလည္းခုခ်ိန္မွာ မခံစားႏိုင္ေတာ့။                                        
           လူကႏွစ္ရက္ဆက္တိုက္ပင္ပန္းထားရသည္မို႔ လက္တစ္ေခ်ာင္းေတာင္လႈပ္ခ်င္စိတ္မ႐ွိ။ပင္ပန္းရသည့္အေၾကာင္းရင္းကလည္း သူ႔ရဲ႕ခ်စ္ရပါေသာ မမျခယ္ေၾကာင့္။မေန႔က ဝယ္စရာ႐ွိသည္လိုက္ခဲ႔ပါဟူ၍ ဖုန္းဆက္ေခၚလာသည္ေၾကာင့္ မိႈရသလိုျပံဳးၿဖီးေနသည့္မ်က္ႏွာႏွင့္ ေ႐ွ႕ေတာ္ေမွာက္အေရာက္သြားမိသည္။

             သူ႔ရဲ႕ တက္ႂကြေနသည့္စိတ္ကေလးေတြက Junction ထဲ ၃ နာရီေလာက္ပတ္ၿပီးသည့္အခ်ိန္မွာေတာ့ ၾကက္ေပ်ာက္ငွက္ေပ်ာက္။သူအခ်ိန္လြန္မွသိလိုက္ရသည္က ထက္ျမတ္သည့္မိန္ကေလးပဲျဖစ္ျဖစ္၊ေအးေဆးသိမ္ေမြ႔သည္မိန္းကေလးပဲျဖစ္ျဖစ္၊ဘယ္အသက္ ..ဘယ္အရြယ္ အမ်ိဳးသမီးပဲျဖစ္ျဖစ္ ကြဲျပားျခားနားမႈေတြအမ်ားႀကီး႐ွိေနရင္ေတာင္ ေစ်းဝယ္သည့္ေနရာႏွင့္ အလွျပင္သည့္ေနရာတြင္ ၾကာတတ္သည္ကေတာ့ အတူတူပဲဆိုတာပင္။

            မမျခယ္ေပးသည့္ဘဝႏွင့္ခ်ီကာမွတ္သားအပ္သည့္ သင္ခန္းစာတစ္ခုကို ဦးေႏွာက္ဝယ္သံမိႈ႐ိုက္ရင္း အထုပ္ႀကီးငယ္ဆြဲကာ တေကာက္ေကာက္လိုက္ေပးေနရသည္က ၃ နာရီတိတိ။ေနာက္ဆံုးသူ႔ႏႈတ္ခမ္းထက္တြင္ ဟန္ေဆာင္ျပံဳးေတာင္မျပံဳးႏိုင္ေတာ့သည့္ အခ်ိန္က်မွ မမျခယ္ကအိမ္ျပန္ဖို႔စကားစသည္။

           ဒီေန႔လဲ မမျခယ္ကသူ႔ဦးေလး၏ အိမ္တက္ပြဲဖိတ္၍ ေနာင္တစ္ခ်ိန္မမျခယ္ႏွင့္ သူလက္ထပ္လ်ွင္ မမျခယ္၏ အမ်ိဳးမ်ားၾကားထဲတြင္ မွတ္ခ်က္ေကာင္းမ်ားရေစလို၍ မ်က္ႏွာလိုမ်က္ႏွာရႏွင့္သြားမိသည္။ေရာက္ကတည္းက "ဒီေကာင္ေလးဖင္ေပါ့တယ္" ဟုဆိုကာ ဧည့္သည္ေတြကိုဧည့္ခံခိုင္းခဲ့သည္က သူ႔မွာဖင္ပင္ေႏြးေအာင္မထိုင္ရ။ဒီၾကားထဲ လာသမ်ွဧည့္သည္ေတြႏွင့္ မိတ္ဆက္ေပးေနသျဖင့္ ႏႈတ္ခမ္းထက္က အျပံဳးကိုလည္းမျဖဳတ္ရဲ။

           ထိုသို႔ေသာ ေတာက္တိုမယ္ရေတြကိုလုပ္ေပးခဲ့ရသည့္ အက်ိဳးဆက္က ေရေႏြးစိမ္၍ေရခ်ိဳးခဲ့ေသာ္လည္း ခုထိေညာင္းကိုက္ေနတုန္းပင္။ခုလည္း ပင္ပန္း၍ အိပ္ေနပါသည္ဆိုမွ ညဥ့္နက္သန္းေခါင္တြင္ဖုန္းကျမည္လာသည္။ေကာင္းကင္တစ္ေယာက္ မ်က္လံုးစံုမွိတ္ကာ Shaun ၏ နီးလာလိုက္ ေဝးသြားလိုက္ျဖစ္ေနသည့္အသံကို နားစြင့္ရင္း ဖုန္းကိုစမ္းေနေသာ္လည္း႐ွာမေတြ႔။

                ဖုန္းသံပိတ္သြား၍ ဖုန္းက်သြားဟန္တူသည္ေၾကာင့္ျပန္အိပ္ရန္ ၾကံရြယ္လိုက္ခါမွ ဖုန္းကထပ္ျမည္လာျပန္သည္။

            "က်စ္...ဒီအခ်ိန္ႀကီးဘယ္သူလဲကြာ"

          ပိတ္ေနသည့္မ်က္လံုးကို အားယူဖြင့္၍ ဖုန္းကို ယူၾကည့္မိေတာ့ screen ေပၚတြင္ေပၚေနသည့္နာမည္ကဟိုေကာင္။၃ ရက္လံုးအဆက္အသြယ္ျဖတ္ကာ ေနေနသည့္လူက ခုဖုန္းဆက္ေတာ့ ည ၁၁ နာရီပင္ခြဲေနေလၿပီ။

            "ေဟ့ေကာင္..ကာကာ၊ညဥ့္နက္သန္းေခါင္ႀကီး ဘာလဲကြာ"

           သူစိတ္တိုစြာေျပာမိေသာ္လည္း တစ္ဖက္က ကာကာဆီမွ တံု႔ျပန္သံမ႐ွိ။ခပ္တိုးတိုးၾကားေနရသည့္ဝိုးတဝါး အသံက ေလတိုးသံလား ကာကာ့ရဲ႕ အသက္႐ႈသံေလလားမသဲကြဲ။

            "ေဟ့ေကာင္...ဘာမွမေျပာရင္ငါ.."

            "ျခံေ႐ွ႕ကိုခဏေလာက္ထြက္လာခဲ့ပါလား.."

      သူ႔စကားမဆံုးခင္ျဖတ္ေျပာလိုက္သည့္ ကာကာ့ရဲ့အသံက အက္႐ွ႐ွ။ခါတိုင္းေျပာေနက်အသံႏွင့္ကိုမတူ...ကာကာတစ္ေယာက္ဘာေတြျဖစ္ေနပါလိမ့္။ပူတက္သြားသည့္ရင္အစံုႏွင့္အတူ ၾကည့္လိုက္မိသည္က အခန္းျပတင္းေပါက္မွျမင္ေနရမည့္ ကာကာ႐ွိေနမည့္ ျခံျပင္ဆီသို႔။

         "ခဏေလာက္ဆင္းလာခဲ့ပါကြာ...ငါအခုခ်ိန္မွာမင္းကိုလိုအပ္ေနလို႔"

          ကာကာ့ရဲ႕အသံက တကယ့္ကို အေလးအနက္ေတာင္းဆိုေနဟန္။အေရာင္မွိန္က်သြားသည့္ ဖုန္းေလးကို စားပြဲေပၚတင္ကာ ကိုက္ခဲေနသည့္ေျခေထာက္ကိုအားျပဳ၍ ကြတကြတႏွင့္သြားမိသည္က ကာကာ႐ွိရာဆီ။မ်ားျပားလြန္းသည့္ေလွကားထစ္ေတြကို ႀကိဳးႀကိဳးစားစား.....အားသြန္ခြန္စိုက္..ခက္ခက္ခဲခဲျဖတ္ေက်ာ္ၿပီးမွ ျခံျပင္သို႔ေရာက္သည္။စိတ္ကေတာ့ အိမ္ဒီဇိုင္းဆြဲသည့္သူကို က်ိန္ဆဲလ်က္။တစ္မနက္လံုး စားပြဲထိုးလုပ္ခိုင္းထားသည့္ မမျခယ္ရဲ႕ ဦးေလးကိုေမတၱာပို႔လ်က္..။

                 သူျခံေ႐ွ႕ေရာက္ေတာ့ ကာကာ့ရဲ႕ကားေလးကိုအရင္ျမင္ရသည္။သူျခံျပင္ေရာက္ေတာ့ ကာကာက ေခါင္းကိုငံု႔ကာ ေျခေထာက္ႏွင့္ေျမႀကီးကို ထိကန္ေနသည္။

          "ဘာလဲ..ဘာေျပာစရာ႐ွိလို႔လဲ"

         သူစိတ္မ႐ွည္စြာေျပာမိေတာ့ ကာကာကသူေရာက္ေနသည္ကိုခုမွသတိထားမိဟန္။ဘုရားေရ....ေမာ့ၾကည့္လာသည့္ကာကာရဲ႕ မ်က္ဝန္းေတြက မ်က္ရည္ၾကည္ေတြရစ္ဝိုင္းလ်က္။မ်က္ခံုးႏွင့္ ႏႈတ္ခမ္းေထာင့္စြန္းတြင္လည္း ေလာေလာလတ္လတ္ရလာဟန္တူူသည့္ ဒဏ္ရာေတြကေသြးဆို႔လ်က္။

           "ကာကာ.. မင္းရန္ျဖစ္လာတာလား"

          ကာကာ့ရဲ႕ႏႈတ္ခမ္းေထာင့္စြန္းကဒဏ္ရာကိုတို႔ထိရန္ၾကံမိသည့္လက္ကို ကာကာကဆြဲယူကာေပြ႔ဖက္သည္။ကာကာႏွင့္အရင္က လံုးေထြးသတ္ပုတ္ကာေနခဲ့ဖူးေပမယ့္လည္း ဒီလိုကိုး႐ိုးကားယားအထိအေတြ႕မ်ိဳးကို ေနရခက္သျဖင့္သူ႐ုန္းမိေတာ့ ကာကာက သူ႔ကိုပို၍ခပ္တင္းတင္းဖက္သည္။

            "ငါမင္းကိုစြန္႔လႊတ္နိုင္ပါ့မလားဆိုတာ မေသခ်ာေတာ့ဘူးေကာင္းကင္"

       ကာကာ့ဆီကေနပထမဆံုးထြက္လာသည့္ထူးထူးဆန္းဆန္းစကား။ ကာကာက သူ႔ကိုဘာအတြက္စြန္႔လႊတ္မွာလဲ။ဘာအတြက္စြန္႔လႊတ္ဖို႔ႀကိဳးစားေနတာလဲ။ကာကာက သူ႔ကိုစြန္႔လႊတ္ဖို႔ႀကိဳးစားေနတယ္ ဆိုသည့္အေတြးကသူ႔ကိုမြန္းၾကပ္ေစသည္။သူ႔ႏွလံုးသားအတြင္းတစ္ေနရာကို နာက်င္ေစသည္။

              "မစြန္႔လႊတ္ႏိုင္ရင္ မစြန္႔လႊတ္နဲ႔ေပါ့....မင္းကိုဘယ္သူက အတင္းအၾကပ္ခိုင္းေနလို႔လဲ"

            "ဟက္..."

         သူမခ်ဳပ္တည္းႏိုင္စြာေျပာမိေတာ့ ကာကာက တစ္ခ်က္ရယ္သည္။သို႔ေသာ္ ကာကာမ်က္ႏွာအပ္ထားသည့္ သူ႔ပုခံုးစြန္းတြင္ခံစားလိုက္ရသည့္ ပူေႏြးသည့္ မ်က္ရည္စက္အခ်ိဳ႕ကေတာ့ သူ႔ရယ္သံႏွင့္ဆန္႔က်င္စြာ။

        သူကာကာ့မ်က္ႏွာကို ၾကည့္ရန္ကာကာဖက္ထားရာမွ ႐ုန္းမိေတာ့ ကာကာကလႊတ္မေပး။ကာကာကပဲ အားသန္ေနသည္လား သူကိုယ္တိုင္ပဲ အမွန္တကယ္႐ုန္းမထြက္ခ်င္တာလားကိုေတာ့ သူ႔ကိုယ္သူေမးခြန္းမထုတ္မိ။

          "ခဏေလာက္ေလး....ခဏေလာက္ ဒီအတိုင္းေလးၿငိမ္ၿငိမ္ေနေပးေနာ္၊ငါအခုခ်ိန္မွာ အားနည္းေနတာမလို႔ ခဏေလာက္ေလးေတာ့ဖက္ထားခြင့္ျပဳပါကြာ"

                  ကာကာ့ရဲ႕အက္႐ွ႐ွအသံေၾကာင့္ သူသက္ျပင္းအသာခ်လိုက္မိသည္။ေနာက္ထပ္ေတာ့ မ႐ုန္းမိေတာ့..။သူ႔လက္တစ္စံုကေတာ့ ကာကာရဲ႕ေက်ာျပင္တြင္အထက္ေအာက္ေျပးလ်က္..ကာကာစိတ္သက္သာေစရန္နွစ္သိမ့္ေပးေနမိသည္။ကာကာရဲ႕ မ်က္ရည္ေတြကေတာ့ သူ႔ပုခံုးထက္တြင္ ခုခ်ိန္ထိစြန္းထင္းဆဲ..စြန္းထင္းလ်က္။

             "ေကာင္းကင္ မင္းခုနကေျပာတဲ့စကားက တကယ္ေနာ္"

          ဖက္ထားသည္ကိုခြာ၍ ပုခံုးႏွစ္ဖက္ကိုင္ကိုင္ကာ ေမးလာသည့္ကာကာ့ေၾကာင့္ သူမ်က္ႏွာလႊဲလိုက္မိသည္။အလ်ွင္အျမန္ မ်က္ႏွာလြွဲလိုက္ေသာ္လည္း ငိုထားသည့္အတြက္ အရည္လဲ့ေနသည့္ ကာကာ့ရဲ႕မ်က္လံုးေလးေတြကို မီးေရာင္ျဖင့္သူျမင္ျဖစ္ေအာင္ျမင္လိုက္ေသးသည္။ကာကာရဲ႕မ်က္လံုးေတြက ေမ်ွာ္လင့္ခ်က္ေတြျပည့္ေနဟန္။Puppy ေလးေတြရဲ႕မ်က္လံုးႏွင့္တူသည္ဟုမ်ားသူေျပာမိရင္ ကာကာတစ္ေယာက္ သူ႔ကိုကန္ေလမလားမသိ။

        "ဟင္...ငါေမးေနတယ္ေလ၊တကယ္လားလို႔"

           ငါကြာ...။ဒီအေကာင္စုတ္ကေတာ့ ေျပာေနတဲ့ပံုကိုက အသည္းယားစရာ။မ်က္ရည္ေတြေၾကာင့္ ပူးကပ္ေနသည့္ မ်က္ေတာင္ေမႊးေလးေတြက ပူးကပ္ေနသလို ငိုတုန္းကဖိကိုက္ထားခဲ့ဟန္တူသည့္ ႏႈတ္ခမ္းပန္းေရာင္ေလးက အခုေတာ့ျဖင့္အနီေရာင္ပင္သန္းလုၿပီ။

        "ဘာကိုလဲ.."

      သူနားမလည္ဟန္ေမးမိေတာ့ ကာကာကမ်က္ေမွာင္ၾကဳပ္သည္။ဒါက Puppy ေလးစိတ္ဆိုးတာေပါ့ေလ..။

        "မင္းပဲခုနက မင္းကို မစြန္႔လႊတ္ႏိုင္ရင္မစြန္႔လႊတ္နဲ႔ဆိုတာေလ"

        "အင္းေလ"

      "အဲ့ဒါတကယ္လားလို႔"

      ၾကည့္...သက္သက္မဲ့ရစ္ေနတာ။အလိုလိုမွ လူကအိပ္ခ်င္မူးတူးႏွင့္ထလာရသည္မို႔ စိတ္ကသိပ္ၾကည္ေနတာမဟုတ္။

        "တကယ္ေဟ့...တကယ္..တကယ္၊မင္းေသရင္ေတာင္ ငါ့ကိုမင္းအေခါင္းထဲထည့္ေခၚသြား၊တစ္သက္လံုးမစြန္႔လႊတ္နဲ႔"

           သူရြဲ႔ကာေျပာမိေတာ့ ကာကာက ေက်နပ္သြားဟန္ႏွင့္ရယ္သည္။ၿပီးေနာက္ အေၾကာင္းျပခ်က္မဲ့စြာ သူ႔အားအသာအယာေထြးေပြ႔သည္။သူသည္လည္း ေျဖ႐ွင္းခ်က္ေတာင္းဆိုဖို႔ေမ့ကာ ကာကာရဲ႕ လက္ေမာင္းတစ္စံုအတြင္း ၿငိမ္သက္စြာသက္ဆင္းလ်က္။

              ထိုအခ်ိန္ လွပလြန္းသည့္ေကာင္းကင္တြင္ ၾကယ္ေရာင္ေတြလင္းလက္ေနခဲ့သလို နီးကပ္ေနသည့္ႏွလံုးသားႏွစ္စံုသည္လည္း ခပ္ျမန္ျမန္ခုန္လႈပ္ေနခဲ့သည္။သက္ဆိုင္သူေတြမသိေပမယ့္ေပါ့......။

>>>>>>>>>>>>♥>>>>>>>>>>>>>>>

Unicode

        ကောင်းကင်တစ်ယောက်အဆက်မပြတ်မြည်နေသည့်ဖုန်းသံကြောင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်နေရာမှနိုးလာရသည်။အရင်တုန်းက  အရမ်းကြိုက်လွန်း၍ ဖုန်း raingtone ထားထားသည့် Shaun ရဲ့ Way back home သီချင်းကိုလည်းခုချိန်မှာ မခံစားနိုင်တော့။                                        
           လူကနှစ်ရက်ဆက်တိုက်ပင်ပန်းထားရသည်မို့ လက်တစ်ချောင်းတောင်လှုပ်ချင်စိတ်မရှိ။ပင်ပန်းရသည့်အကြောင်းရင်းကလည်း သူ့ရဲ့ချစ်ရပါသော မမခြယ်ကြောင့်။မနေ့က ဝယ်စရာရှိသည်လိုက်ခဲ့ပါဟူ၍ ဖုန်းဆက်ခေါ်လာသည်ကြောင့် မှိုရသလိုပြုံးဖြီးနေသည့်မျက်နှာနှင့် ရှေ့တော်မှောက်အရောက်သွားမိသည်။

             သူ့ရဲ့ တက်ကြွနေသည့်စိတ်ကလေးတွေက Junction ထဲ ၃ နာရီလောက်ပတ်ပြီးသည့်အချိန်မှာတော့ ကြက်ပျောက်ငှက်ပျောက်။သူအချိန်လွန်မှသိလိုက်ရသည်က ထက်မြတ်သည့်မိန်ကလေးပဲဖြစ်ဖြစ်၊အေးဆေးသိမ်မွေ့သည်မိန်းကလေးပဲဖြစ်ဖြစ်၊ဘယ်အသက် ..ဘယ်အရွယ် အမျိုးသမီးပဲဖြစ်ဖြစ် ကွဲပြားခြားနားမှုတွေအများကြီးရှိနေရင်တောင် ဈေးဝယ်သည့်နေရာနှင့် အလှပြင်သည့်နေရာတွင် ကြာတတ်သည်ကတော့ အတူတူပဲဆိုတာပင်။

            မမခြယ်ပေးသည့်ဘဝနှင့်ချီကာမှတ်သားအပ်သည့် သင်ခန်းစာတစ်ခုကို ဦးနှောက်ဝယ်သံမှိုရိုက်ရင်း အထုပ်ကြီးငယ်ဆွဲကာ တကောက်ကောက်လိုက်ပေးနေရသည်က ၃ နာရီတိတိ။နောက်ဆုံးသူ့နှုတ်ခမ်းထက်တွင် ဟန်ဆောင်ပြုံးတောင်မပြုံးနိုင်တော့သည့် အချိန်ကျမှ မမခြယ်ကအိမ်ပြန်ဖို့စကားစသည်။

           ဒီနေ့လဲ မမခြယ်ကသူ့ဦးလေး၏ အိမ်တက်ပွဲဖိတ်၍ နောင်တစ်ချိန်မမခြယ်နှင့် သူလက်ထပ်လျှင် မမခြယ်၏ အမျိုးများကြားထဲတွင် မှတ်ချက်ကောင်းများရစေလို၍ မျက်နှာလိုမျက်နှာရနှင့်သွားမိသည်။ရောက်ကတည်းက "ဒီကောင်လေးဖင်ပေါ့တယ်" ဟုဆိုကာ ဧည့်သည်တွေကိုဧည့်ခံခိုင်းခဲ့သည်က သူ့မှာဖင်ပင်နွေးအောင်မထိုင်ရ။ဒီကြားထဲ လာသမျှဧည့်သည်တွေနှင့် မိတ်ဆက်ပေးနေသဖြင့် နှုတ်ခမ်းထက်က အပြုံးကိုလည်းမဖြုတ်ရဲ။

           ထိုသို့သော တောက်တိုမယ်ရတွေကိုလုပ်ပေးခဲ့ရသည့် အကျိုးဆက်က ရေနွေးစိမ်၍ရေချိုးခဲ့သော်လည်း ခုထိညောင်းကိုက်နေတုန်းပင်။ခုလည်း ပင်ပန်း၍ အိပ်နေပါသည်ဆိုမှ ညဥ့်နက်သန်းခေါင်တွင်ဖုန်းကမြည်လာသည်။ကောင်းကင်တစ်ယောက် မျက်လုံးစုံမှိတ်ကာ Shaun ၏ နီးလာလိုက် ဝေးသွားလိုက်ဖြစ်နေသည့်အသံကို နားစွင့်ရင်း ဖုန်းကိုစမ်းနေသော်လည်းရှာမတွေ့။

                ဖုန်းသံပိတ်သွား၍ ဖုန်းကျသွားဟန်တူသည်ကြောင့်ပြန်အိပ်ရန် ကြံရွယ်လိုက်ခါမှ ဖုန်းကထပ်မြည်လာပြန်သည်။

            "ကျစ်...ဒီအချိန်ကြီးဘယ်သူလဲကွာ"

          ပိတ်နေသည့်မျက်လုံးကို အားယူဖွင့်၍ ဖုန်းကို ယူကြည့်မိတော့ screen ပေါ်တွင်ပေါ်နေသည့်နာမည်ကဟိုကောင်။၃ ရက်လုံးအဆက်အသွယ်ဖြတ်ကာ နေနေသည့်လူက ခုဖုန်းဆက်တော့ ည ၁၁ နာရီပင်ခွဲနေလေပြီ။

            "ဟေ့ကောင်..ကာကာ၊ညဥ့်နက်သန်းခေါင်ကြီး ဘာလဲကွာ"

           သူစိတ်တိုစွာပြောမိသော်လည်း တစ်ဖက်က ကာကာဆီမှ တုံ့ပြန်သံမရှိ။ခပ်တိုးတိုးကြားနေရသည့်ဝိုးတဝါး အသံက လေတိုးသံလား ကာကာ့ရဲ့ အသက်ရှုသံလေလားမသဲကွဲ။

            "ဟေ့ကောင်...ဘာမှမပြောရင်ငါ.."

            "ခြံရှေ့ကိုခဏလောက်ထွက်လာခဲ့ပါလား.."

      သူ့စကားမဆုံးခင်ဖြတ်ပြောလိုက်သည့် ကာကာ့ရဲ့အသံက အက်ရှရှ။ခါတိုင်းပြောနေကျအသံနှင့်ကိုမတူ...ကာကာတစ်ယောက်ဘာတွေဖြစ်နေပါလိမ့်။ပူတက်သွားသည့်ရင်အစုံနှင့်အတူ ကြည့်လိုက်မိသည်က အခန်းပြတင်းပေါက်မှမြင်နေရမည့် ကာကာရှိနေမည့် ခြံပြင်ဆီသို့။

         "ခဏလောက်ဆင်းလာခဲ့ပါကွာ...ငါအခုချိန်မှာမင်းကိုလိုအပ်နေလို့"

          ကာကာ့ရဲ့အသံက တကယ့်ကို အလေးအနက်တောင်းဆိုနေဟန်။အရောင်မှိန်ကျသွားသည့် ဖုန်းလေးကို စားပွဲပေါ်တင်ကာ ကိုက်ခဲနေသည့်ခြေထောက်ကိုအားပြု၍ ကွတကွတနှင့်သွားမိသည်က ကာကာရှိရာဆီ။များပြားလွန်းသည့်လှေကားထစ်တွေကို ကြိုးကြိုးစားစား.....အားသွန်ခွန်စိုက်..ခက်ခက်ခဲခဲဖြတ်ကျော်ပြီးမှ ခြံပြင်သို့ရောက်သည်။စိတ်ကတော့ အိမ်ဒီဇိုင်းဆွဲသည့်သူကို ကျိန်ဆဲလျက်။တစ်မနက်လုံး စားပွဲထိုးလုပ်ခိုင်းထားသည့် မမခြယ်ရဲ့ ဦးလေးကိုမေတ္တာပို့လျက်..။

                 သူခြံရှေ့ရောက်တော့ ကာကာ့ရဲ့ကားလေးကိုအရင်မြင်ရသည်။သူခြံပြင်ရောက်တော့ ကာကာက ခေါင်းကိုငုံ့ကာ ခြေထောက်နှင့်မြေကြီးကို ထိကန်နေသည်။

          "ဘာလဲ..ဘာပြောစရာရှိလို့လဲ"

         သူစိတ်မရှည်စွာပြောမိတော့ ကာကာကသူရောက်နေသည်ကိုခုမှသတိထားမိဟန်။ဘုရားရေ....မော့ကြည့်လာသည့်ကာကာရဲ့ မျက်ဝန်းတွေက မျက်ရည်ကြည်တွေရစ်ဝိုင်းလျက်။မျက်ခုံးနှင့် နှုတ်ခမ်းထောင့်စွန်းတွင်လည်း လောလောလတ်လတ်ရလာဟန်တူူသည့် ဒဏ်ရာတွေကသွေးဆို့လျက်။

           "ကာကာ.. မင်းရန်ဖြစ်လာတာလား"

          ကာကာ့ရဲ့နှုတ်ခမ်းထောင့်စွန်းကဒဏ်ရာကိုတို့ထိရန်ကြံမိသည့်လက်ကို ကာကာကဆွဲယူကာပွေ့ဖက်သည်။ကာကာနှင့်အရင်က လုံးထွေးသတ်ပုတ်ကာနေခဲ့ဖူးပေမယ့်လည်း ဒီလိုကိုးရိုးကားယားအထိအတွေ့မျိုးကို နေရခက်သဖြင့်သူရုန်းမိတော့ ကာကာက သူ့ကိုပို၍ခပ်တင်းတင်းဖက်သည်။

            "ငါမင်းကိုစွန့်လွှတ်နိုင်ပါ့မလားဆိုတာ မသေချာတော့ဘူးကောင်းကင်"

       ကာကာ့ဆီကနေပထမဆုံးထွက်လာသည့်ထူးထူးဆန်းဆန်းစကား။ ကာကာက သူ့ကိုဘာအတွက်စွန့်လွှတ်မှာလဲ။ဘာအတွက်စွန့်လွှတ်ဖို့ကြိုးစားနေတာလဲ။ကာကာက သူ့ကိုစွန့်လွှတ်ဖို့ကြိုးစားနေတယ် ဆိုသည့်အတွေးကသူ့ကိုမွန်းကြပ်စေသည်။သူ့နှလုံးသားအတွင်းတစ်နေရာကို နာကျင်စေသည်။

              "မစွန့်လွှတ်နိုင်ရင် မစွန့်လွှတ်နဲ့ပေါ့....မင်းကိုဘယ်သူက အတင်းအကြပ်ခိုင်းနေလို့လဲ"

            "ဟက်..."

         သူမချုပ်တည်းနိုင်စွာပြောမိတော့ ကာကာက တစ်ချက်ရယ်သည်။သို့သော် ကာကာမျက်နှာအပ်ထားသည့် သူ့ပုခုံးစွန်းတွင်ခံစားလိုက်ရသည့် ပူနွေးသည့် မျက်ရည်စက်အချို့ကတော့ သူ့ရယ်သံနှင့်ဆန့်ကျင်စွာ။

        သူကာကာ့မျက်နှာကို ကြည့်ရန်ကာကာဖက်ထားရာမှ ရုန်းမိတော့ ကာကာကလွှတ်မပေး။ကာကာကပဲ အားသန်နေသည်လား သူကိုယ်တိုင်ပဲ အမှန်တကယ်ရုန်းမထွက်ချင်တာလားကိုတော့ သူ့ကိုယ်သူမေးခွန်းမထုတ်မိ။

          "ခဏလောက်လေး....ခဏလောက် ဒီအတိုင်းလေးငြိမ်ငြိမ်နေပေးနော်၊ငါအခုချိန်မှာ အားနည်းနေတာမလို့ ခဏလောက်လေးတော့ဖက်ထားခွင့်ပြုပါကွာ"

           ကာကာ့ရဲ့အက်ရှရှအသံကြောင့် သူသက်ပြင်းအသာချလိုက်မိသည်။နောက်ထပ်တော့ မရုန်းမိတော့..။သူ့လက်တစ်စုံကတော့ ကာကာရဲ့ကျောပြင်တွင်အထက်အောက်ပြေးလျက်..ကာကာစိတ်သက်သာစေရန်နှစ်သိမ့်ပေးနေမိသည်။ကာကာရဲ့ မျက်ရည်တွေကတော့ သူ့ပုခုံးထက်တွင် ခုချိန်ထိစွန်းထင်းဆဲ..စွန်းထင်းလျက်။

             "ကောင်းကင် မင်းခုနကပြောတဲ့စကားက တကယ်နော်"

          ဖက်ထားသည်ကိုခွာ၍ ပုခုံးနှစ်ဖက်ကိုင်ကိုင်ကာ မေးလာသည့်ကာကာ့ကြောင့် သူမျက်နှာလွှဲလိုက်မိသည်။အလျှင်အမြန် မျက်နှာလွှဲလိုက်သော်လည်း ငိုထားသည့်အတွက် အရည်လဲ့နေသည့် ကာကာ့ရဲ့မျက်လုံးလေးတွေကို မီးရောင်ဖြင့်သူမြင်ဖြစ်အောင်မြင်လိုက်သေးသည်။ကာကာရဲ့မျက်လုံးတွေက မျှော်လင့်ချက်တွေပြည့်နေဟန်။Puppy လေးတွေရဲ့မျက်လုံးနှင့်တူသည်ဟုများသူပြောမိရင် ကာကာတစ်ယောက် သူ့ကိုကန်လေမလားမသိ။

        "ဟင်...ငါမေးနေတယ်လေ၊တကယ်လားလို့"

           ငါကွာ...။ဒီအကောင်စုတ်ကတော့ ပြောနေတဲ့ပုံကိုက အသည်းယားစရာ။မျက်ရည်တွေကြောင့် ပူးကပ်နေသည့် မျက်တောင်မွှေးလေးတွေက ပူးကပ်နေသလို ငိုတုန်းကဖိကိုက်ထားခဲ့ဟန်တူသည့် နှုတ်ခမ်းပန်းရောင်လေးက အခုတော့ဖြင့်အနီရောင်ပင်သန်းလုပြီ။

        "ဘာကိုလဲ.."

      သူနားမလည်ဟန်မေးမိတော့ ကာကာကမျက်မှောင်ကြုပ်သည်။ဒါက Puppy လေးစိတ်ဆိုးတာပေါ့လေ..။

        "မင်းပဲခုနက မင်းကို မစွန့်လွှတ်နိုင်ရင်မစွန့်လွှတ်နဲ့ဆိုတာလေ"

        "အင်းလေ"

      "အဲ့ဒါတကယ်လားလို့"

      ကြည့်...သက်သက်မဲ့ရစ်နေတာ။အလိုလိုမှ လူကအိပ်ချင်မူးတူးနှင့်ထလာရသည်မို့ စိတ်ကသိပ်ကြည်နေတာမဟုတ်။

        "တကယ်ဟေ့...တကယ်..တကယ်၊မင်းသေရင်တောင် ငါ့ကိုမင်းအခေါင်းထဲထည့်ခေါ်သွား၊တစ်သက်လုံးမစွန့်လွှတ်နဲ့"

           သူရွဲ့ကာပြောမိတော့ ကာကာက ကျေနပ်သွားဟန်နှင့်ရယ်သည်။ပြီးနောက် အကြောင်းပြချက်မဲ့စွာ သူ့အားအသာအယာထွေးပွေ့သည်။သူသည်လည်း ဖြေရှင်းချက်တောင်းဆိုဖို့မေ့ကာ ကာကာရဲ့ လက်မောင်းတစ်စုံအတွင်း ငြိမ်သက်စွာသက်ဆင်းလျက်။

              ထိုအချိန် လှပလွန်းသည့်ကောင်းကင်တွင် ကြယ်ရောင်တွေလင်းလက်နေခဲ့သလို နီးကပ်နေသည့်နှလုံးသားနှစ်စုံသည်လည်း ခပ်မြန်မြန်ခုန်လှုပ်နေခဲ့သည်။သက်ဆိုင်သူတွေမသိပေမယ့်ပေါ့......။

>>>>>>>>>>>>♥>>>>>>>>>>>>>>>

              

Continue Reading

You'll Also Like

883K 57.5K 54
Title : APo Hsu Genre : Own Creation / BL Tags : Romance Cover Artist : Moon U Author : Ya...
114K 4.9K 47
#Unicode ကျွန်တော်တို့နှစ်ယောက်ရဲ့ချစ်ခြင်းသည် နှလုံးသားဖြင့်အထပ်ထပ်ရစ်နှောင်ထားခြင်းကြောင့် ဘယ်သောအခါမှ ပျက်စီးပျောက်ကွယ်သွားလိမ့်မည်မဟုတ်။ #Zawgyi ...
1.2M 89.7K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
1.4M 60K 71
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...