му ℓιттℓє ωσℓƒ (Completed)

By Aries_M

114K 10.9K 564

KIMTAEHYUNG X JEONJUNGKOOK • completed More

1
2
3
4
6
7
8
9
10
11
12
13
14 [ FINAL]

5

6.8K 820 22
By Aries_M

[Unicode]

ညရဲ့ အမှောင်ကပတ်ဝန်းကျင်တစ်ခွင်လုံးကိုလွှမ်းမိုးသထက်လွှမ်းမိုးလာခဲ့သည်။ ဝိုင်းစက်နေတဲ့ လမင်းကတော့ ကြယ်ရောင်တွေကင်းမဲ့နေသည့် ကောင်းကင်တခွင်ကိုမင်းမူလျက်ရှိသည်။
တောနက်ထဲမှာတော့ သမန်းဝံပုလွေမျိုးနွယ်စုတွေရဲ့ တိုက်ခိုက်သံတွေ သွေးညီနံ့တွေကပါ ပတ်ဝန်းကျင်ကိုကူးစက်ကာ တချက်တချက်တိုက်ခတ်လာတဲ့လေနဲ့အတူ အဝေးကိုပျံ့လွှင့်လျက်ရှိသည်။

မြေပြင်ပေါ်တွင်အသီးသီးလှဲလျောင်းနေကြသော ဝံပုလွေအချို့နှင့် တိုက်ခိုက်နေကြသော ဝံပုလွေအချို့ရှိသည်။

"TaeHyung !!! သတိထားဦးလေ"

Hoseok က TaeHyung ရဲ့အနံ့ကိုအာရုံခံမိပြီး အဖွဲ့ဝင်များနှင့်အတူ တောထဲသို့လိုက်လာခဲ့သည်။  TaeHyung ရောက်နေသောနေရာသည် သူတို့ရဲ့နယ်နိမိတ်ထဲတွင်မဟုတ်။ Black တွေရဲ့နယ်မြေထဲရောက်နေပြီး TaeHyung သည်လည်း Dark လက်ထဲတွင်မေ့မျောလျက်ရှိသည်ကိုသူတွေ့ခဲ့ရသည်။
TaeHyung ကိုကယ်ရန်သူတို့အဖွဲ့ဝင်တွေအားလုံး စုစည်းကာ Black တွေကိုစတင်တိုက်ခိုက်ရသည်။ ကိုယ့်နယ်မြေမဟုတ်၍ သူအပါအဝင် အဖွဲ့ဝင်တွေပါခြေကုန်လက်ပမ်းကျနေကြသည်။ ဒဏ်ရာရသူကရနှင့် အသက်ဆုံးရှုံးသူများလည်းရှိသည်။

Dark လက်ထဲမှ TaeHyung အားသူလှမ်းအော်ရင်းသတိပေးလိုက်သည်။

"Jhope မင်းတို့ဒီလောက်ဆိုသဘောပေါက်သင့်ပြီ "

Hoseok က Dark အပြောကိုဂရုမစိုက်ဘဲ တိုးကပ်လာတဲ့ black တွေကိုတိုက်ခိုက်ရင်း TaeHyung ကိုသာသတိပြန်ရရန်သူကြိုးစားနေမိသည်။

"TaeHyung!!!!!!! "

Hoseok ရဲ့ ကျယ်လောင်တဲ့ ခေါ်သံကြောင့် Dark အပါအဝင် ကျန်ဝံပုလွေများပါ အဝေးသို့လွှင့်ကုန်သည်။ သူလည်းအခွင့်ရေးရတုန်း Dark လက်ထဲမှ TaeHyung အားလှမ်းဆွဲကာ ကျောပေါ်တင်ရင်း တဟုန်ထိုးပြေးလာခဲ့တော့သည်။ အဖွဲ့ဝင်တွေကလည်း သူနဲ့မလှမ်းမကမ်းမှအပြေးလိုက်လာကြသည်။
Black တွေကတော့ သူတို့နယ်မြေထဲတွင်ပင်ကျန်ခဲ့တော့သည်။

*му little wolf*

TaeHyung ရဲ့ခန္ဓာကိုယ်ကို ခုတင်ပေါ်အသာလေးတင်ပေးလိုက်သည်။ လက်မောင်းကဒဏ်ရာနဲ့ ရင်ဘက်ကကုတ်ရာများကို ရေနဲ့သန်စင်ရန် သူအခန်းထဲမှထွက်လာခဲ့သည်။

"ခေါင်းဆောင် ...အောက်မှာ သခင်လေးပြန်ရောက်နေပြီ"

"JungKook လား"

"ဟုတ်ကဲ့...ပြီးတော့..."

Hoseok လက်ထောက်တစ်ယောက်ရဲ့စကားကိုတောင် မစောင့်တော့ပဲ အောက်ထပ်သို့ဝမ်းသာအားရပြေးဆင်းလာခဲ့သည်။

"Hyung! "

"JungKook!... "

သူတို့တစ်ယောက်ကိုတစ်ယောက် ပြေးဖက်လိုက်ကြသည်။

"JungKook မင်းတောင်ဒီအရွယ်တောင်ရောက်လာပြီ"

"Hyung ကလည်းအချိန်တွေဒီလောက်တောင်ကြသွားပြီပဲကို"

"Hyung...Hyung ကိုပြောစရာရှိသေးတယ်။ နောက်ထပ်လူနှစ်ယောက် ပါလာသေးတယ်"

JungKook ရဲ့စကားသံအဆုံး သူတို့ရှိရာသို့လျှောက်လှမ်းလာသည့် လူနှစ်ယောက်ကြောင့် သူ့ရင်ခုန်သံတွေမြန်လာသည်။

"မတွေ့တာကြာပြီနော် Hoseok"

"အ-အင်း Hyung! "

JungKook လည်းသူတို့ကိုကြည့်ရင်း အခြေအနေကိုသဘောပေါက်တာနဲ့ ထိုနေရာမှအမြန်ဆုံးရှောင်ရန်စဉ်းစားလိုက်သည်။

"Hyung ဒါနဲ့ Tae ရော သူဘာလို့ကျွန်တော့်ကိုထွက်မတွေ့တာလဲ "

"သူ အခန်းထဲမှာ မင်းသူ့ကိုစောင့်ရှောက်လိုက်ပါဦး"

"Tae ဘာဖြစ်တာလဲ"

"နောက်မှ ပြောကြတာပေါ့"

JungKook လည်း TaeHyung ရှိရာအပေါ်ထပ်သို့အမြန်တက်လာခဲ့သည်။ အခန်းတံခါးဖွင့်တာနဲ့မြင်လိုက်ရတာက ဖြူဖျော့နေသည့် TaeHyung ရဲ့မျက်နှာပင်...

"Tae... Tae ဘယ်လိုဖြစ်ရတာလဲ"

TaeHyung ရဲ့ဆံနွယ်လေးတွေကို နဖူးပေါ်သပ်တင်ပေးလိုက်ရင်း သူတိုးတိုးဆိုလိုက်သည်။
TaeHyung ရဲ့လက်မောင်းက ဒဏ်ရာနဲ့ ရင်ဘက်ကဒဏ်ရာတွေကိုကြည့်ရင်း သူဒေါသထွက်လာသည်။

"Tae ကိုကာကွယ်ပေးမယ်လို့ပြောပြီး ကျွန်တော်ဂတိမတည်နိုင်ခဲ့ဘူး"

JungKook က TaeHyung ရဲ့ဒဏ်ရာတွေကြည့်ရင်း စိတ်မကောင်းဖြစ်နေမိသည်။ သူနေရာမှထကာ ဒဏ်ရာတွေကိုဆေးကြောရန် ရေဇလုံနဲ့အဝတ်ယူပြီး ဖြေးဖြေးချင်းသုတ်ပေးလိုက်သည်။ လက်မောင်းမှ ဒဏ်ရာကိုအရင်ဆုံး ရေဝတ်နဲ့သုတ်ပေးလိုက်တော့ TaeHyung ဆီမှအသံထွက်လာသည်။ သူပြုံးလိုက်ပြီး ဖြေးဖြေးချင်းဆီသုတ်ပေးလိုက်သည်။
လက်မောင်းကိုသုတ်ပေးပြီးတော့ သူ့လက်တွေက TaeHyung ရဲ့ရင်ဘတ်ဆီသို့ဦးတည်လိုက်သည်။ ဖြူဖွေးနေတဲ့ ရင်ဘက်ပေါ်မှာ ဒဏ်အရာအချို့ကနေရာယူထားသည်။ သူဖြေးဖြေးချင်း ရင်ဘက်ကိုသုတ်ပေးနေပေမယ့် သူ့လက်တွေကသိသိသာသာတုန်ရီနေသည်။

TaeHyung ရဲ့ရင်ဘက်ဖွေးဖွေးကိုထိလိုက်တိုင်း သူ့ရဲ့အာရုံကြောတွေပါစောင့်တက်လာသည်။ ခန္ဓာကိုယ်ကလည်း ရှိန်းတိန်းတိန်းဖြစ်လာကာ TaeHyung ရင်ဘက်ပေါ်ကသူ့လက်တွေကိုရပ်တန့်လိုက်ပြီး မျက်လုံးကိုမှိတ်ထားလိုက်တော့သည်။

"အ-အင်း...."

TaeHyung ရဲ့အသံကြောင့် သူမျက်လုံးကိုဖွင့်ကြည့်လိုက်တော့ မျက်လုံးတွေကိုပုတ်ခတ်ပုတ်ခတ်လုပ်ကာ ကြည့်နေသည့် TaeHyung ရဲ့ ဖျော့တော့တဲ့အကြည့်တွေနဲ့ ဆုံသည်။

"Jung - JungKook လား"

"အင်း.."

"ဘယ်အချိန်ကရောက် အ!"

"Tae ရရဲ့လား "

သူလျင်မြန်စွာပင် TaeHyung ရဲ့ဗလာကျင်းနေတဲ့ ခန္ဓာကိုယ်ပါးလျလျကိုထိန်းကိုင်ရင်းထူပေးလိုက်သည်။

"အဟမ်း!... အရမ်းနာနေလား"

" အင်း...သိပ်တော့မနာတော့ပါဘူး မင်း ငါ့အတွက် စားစရာတစ်ခုခုယူလာပေးနိုင်မလား"

"အင်း ခဏစောင့်"

JungKook ချက်ချင်းထထွက်လာကာ ဆန်ပြုတ်ပြုတ်ရန်စီစဉ်ရသည်။ ဆန်အနည်းငယ်ကိုဆေးပြီး ပြုတ်ထားလိုက်သည်။ဆန်တွေကျေသွားမှ ကြက်သားနဲ့ ကြက်သွန်မြိတ်တွေကို အိုးထဲရောမွေကာထည့်ထားလိုက်သည်။

*My little wolf*


"အား....ကောင်းတယ် မင်းချက်ထားတာ"

"ရော့ ဆေးသောက်လိုက်ဦး"

JungKook က TaeHyung လက်ထဲဆေးထည့်ပေးလိုက်သည်။

"ဟ! ငါကဒါတွေမလိုပါဘူး ခဏနေရင်ဒါတွေပျောက်သွားမှာပဲကို"

"မရဘူးသောက်ရမယ်!"

"ငါက ဘာလဲဆိုတာမင်းမေ့နေတာလား "

TaeHyung က ရယ်ရင်း JungKookကိုပြောလိုက်သည်။

"သိတယ်လေ ခင်ဗျားက Kim TaeHyung လေ ဆေးသောက်မှာဖြင့်သောက်စမ်းပါ!"

"မင်းငါ့ကိုဆရာကြီးလာလုပ်မနေနဲ့ ငါခဏနေရင်ကောင်းသွားမှာ မင်းသွားနားတော့"

TaeHyung က ပြောရင်း ခုတင်ပေါ်ပြန်လှဲရန်လုပ်နေသည်။

*Kim TaeHyung! ခင်ဗျားကတကယ်ကိုပြောရဆိုရခက်တာပဲ အားမသုံးချင်လို့ကြည့်နေတာ အကောင်းမှတ်နေတယ်*

"မင်းဘာလုပ်တာလဲ-အု!"

TaeHyung ရဲ့မျက်နှာကိုသူ့လက်တဖက်တည်းဖြင့် ညစ်ထားလိုက်ပြီး စွာတေးလန်နေတဲ့ပါးစပ်ကို သူ့နှုတ်ခမ်းတွေဖြင့်ပိတ်ပစ်လိုက်သည်။ သူ့ပါးစပ်ထဲကခါးသပ်သပ်အရသာကတော့ TaeHyung ဆီကိုပါပျံ့နှံ့သွားသည်။

"အု-အ....မင်း!"

သူ့ကိုအတင်းအကြပ်လုပ်နေသည့် JungKook ရဲ့ကိုယ်ကို အားကုန်တွန်းပစ်လိုက်တော့ JungKook ရဲ့ခန္ဓာကိုယ်က အခန်းတံခါးနဲ့မိတ်ဆက်သွားသည်။

"အ!"

"ခွေးကောင်! မင်းငါ့ကိုဘာလုပ်တာလဲ မင်းက ကလေး ဖြစ်နေလို့ဒီလောက်နဲ့ပြီးသွားတယ်မှတ်! &$*#*&"

TaeHyung က သူ့ကိုဆဲနည်းပေါင်းစုံနဲ့အော်ဆဲနေတော့သည်။ သူကတော့ သူ့နှုတ်ခမ်းကိုကိုင်ရင်း TaeHyung ရဲ့ကုတင်နားသို့ပြန်လျှောက်လာတော့ TaeHyung ကသူ့ရဲ့ ခရမ်းရောင်အလင်းတန်းတွေနဲ့ သူ့ကိုတိုက်ခိုက်သည်။ သူအသာလေးရှောင်လိုက်ပြီး လျက်မြန်စွာပင် TaeHyung ရဲ့လက်နှစ်ဖက်ကိုထိန်းချုပ်လိုက်သည်။

"မင်း !ငါ့လက်ကိုလွှတ်စမ်း!"

"မလွှတ်ဘူး!"

"မင်းမလွှတ်ရင် အပြစ်ပိုကြီးသွားမယ်နော် ငါကလေးဆိုပြီး ညှာနေမှာမဟုတ်ဘူး"

TaeHyung ချုပ်ခံထားရတဲ့သူ့လက်တွေကို ရုန်းရင်းခံစားမိတာက

*ဒီကောင် တော်တော်အားကြီးလာတာပဲ*

"ငါ့ကိုလွှတ်လို့ပြောနေတယ်နော် Jungkook
မင်း လူကြီးကိုဒီလိုဆက်ဆံတာ ရိုင်းတယ်! နားလည်လား"

TaeHyung က JungKook မျက်နှာအားစိုက်ကြည့်ကာ အော်ပြောလိုက်သည်။

"ကျွန်တော် ကလေးမဟုတ်ဘူး!"

JungKook ကသူ့မျက်လုံးအားတည့်တည့်စိုက်ကြည့်ကာ ပြေသည်။ အခုအခြေအနေကသူတို့နှစ်ယောက်စလုံးက မျက်နှာချင်းဆိုင်အနေအထားဖြင့်ထိုင်နေကြသည်။ TaeHyung ရဲ့မျက်နှာက ဒေါသကြောင့်ရဲနေကာ JungKook ကတော့လှောင်ပြုံးပြုံးနေသည်။

" ငါ့အမြင်မှာတော့ မင်းက ကလေးပဲ နောက်ဆိုငါ့ကို အဲ့လိုမျိုးတွေမလုပ်နဲ့ မင်းကကလေး...လူကြီးပြောတာကိုနားထောင် ! အခုငါ့လက်ကိုလွှတ်တော့ ငါနားချင်ပြီး ...ဒီနေ့ပြန်လာတယ်ဒီနေ့ငါမင်းကိုဆူနေရတယ်!"

TaeHyung ကတည်တည်ငြိမ်ငြိမ်ဖြင့် သူ့ကိုပြောလာတော့ သူ့မျက်နှာသည် ဆူပုတ်သွားကာအခန်းထဲမှ ဝုန်းဒိုင်းကျဲထွက်လာခဲ့တော့သည်။

#####

Thank you for reading😍















[Zawgyi]



"TaeHyung !!! သတိထားဦးလေ"





"TaeHyung!!!!!!! "


*му little wolf*



"JungKook လား"

"ဟုတ်ကဲ့...ပြီးတော့..."


"Hyung! "

"JungKook!... "







"အ-အင်း Hyung! "




"Tae ဘာဖြစ်တာလဲ"

"နောက်မှ ပြောကြတာပေါ့"







"အ-အင်း...."


"Jung - JungKook လား"

"အင်း.."

"ဘယ်အချိန်ကရောက် အ!"

"Tae ရရဲ့လား "


"အဟမ်း!... အရမ်းနာနေလား"


"အင်း ခဏစောင့်"


*My little wolf*



"ရော့ ဆေးသောက်လိုက်ဦး"



"မရဘူးသောက်ရမယ်!"







"မင်းဘာလုပ်တာလဲ-အု!"


"အု-အ....မင်း!"


"အ!"




"မလွှတ်ဘူး!"










#####

Thank you for reading😍




Continue Reading

You'll Also Like

126K 8.2K 16
||❤COMPLETED❤|| This is my first fic. I apologize in advance for any inaccuracies. ✖This fic is written with only imagination✖ [♥Taɛҡօօҡ Yօօռʍɨռ ...
180K 7.3K 38
"I want you." With a touch as light as a feather, Cillian hooked a thick finger under her chin to get a better look at her face. "Look at me." Slowly...
30.3K 2K 35
Kim: -You gave me more than thousand of hurts Jeon... Drama fiction!!
501K 15.2K 53
*Warning - Contains 18+ Content* He holds my face firmly between two hands. "Sienna, I'm not going to have you for the first time one of Maren's gues...