Daddy Min[M.Y.Gร—P.J.M]โœ”

By Paing7

154K 13.8K 1.6K

๐—ง๐—ผ๐—ฝ-๐— ๐—ถ๐—ป ๐—ฌ๐—ผ๐—ผ๐—ป๐—ด๐—ถ ๐—•๐—ผ๐˜๐˜๐—ผ๐—บ-๐—ฃ๐—ฎ๐—ฟ๐—ธ ๐—๐—ถ๐—บ๐—ถ๐—ป More

1
2
4
5
6
7
8
9
10
11
12
13
14
15
16
17(Final)

3

9.2K 829 83
By Paing7

(Zawgyi)





























"Ya Jimin"

"Aww taehyung"



~~~~~~~~~~~~~~~~~~~
















~~~~~~~~~~~~~~~~~~~~



















"Hyung"









































TBC>>>>>>

(Unicode)

"Park Jimin ya!! ထစမ်းဘယ် နနာရီရှိနေပြီလည်း"

အပြင်မှတံခါးကို ထုကာအော်နေသော Yoongiကြောင့် Jimin အိပ်ယာမှ မထချင်ထချင်နှင့် ကုန်းရုန်းထကာ ရေချိုးခန်းထဲသို့ဝင်သွားတော့သည်

စိတ်ထဲ၌လည်း Yoongiအားမေတ္တာများစွာပို့ရင်း

*ဟွန့် ဘယ်တော့မှမိန်းမရမှာမဟုတ်ဘူး လူပျိုကြီးဘဲဖြစ်မှာ အဖိုးရီး *

အမောင်တော်Jiminတို့ အခန်းထဲတွင်တစ်နှစ်လောက်ကြာနေသည်မို့ Yoongi စိတ်မရှည်တော့

"Ya Jimin မပြီးသေးဘူးလား မြန်မြန်လုပ်ကွာ"

ထိုအခါJiminက အခန်းထဲမှ

"ပြီးတော့မယ် အဖိုးရီးရဲ့"

"ဘာ!"

"Ar Hyungလို့ပြောတာ"

jimin ပြင်ဆင်ပြီး ကားထဲဝင်တော့ မျက်နှာမာနဲ့ထိုင်နေတဲ့Yoongi

"မင်းနောက်တစ်ခါ ငါခေါ်နှိုးရတာမျိုး မဖြစ်စေနဲ့ ကိုယ့်ဘာသာထနိုင်အောင်လုပ်"

"ဟုတ်ကဲ့ပါခင်မျ လုပ်ပါ့မယ်ခင်မျ"

"မင်းက ရွဲ့တာလား"

"ဘာလည်း ကျွန်တော်က မလုပ်ဘူးလို့ပြောရမှာလား?"

"တော်တော် လက်ပေါက်ကပ်တဲ့ကောင်ကွာ"

"ဘာဗျ Hyungကကော အဖိုးရီးလိုလိုဘာလိုလိုနဲ့ လူပျိုကြီးဖြစ်မယ့်ရုပ်နဲ့များ"

"မင်းအကြီးကို အဲ့လိုပြောစရာလား Jimin!"

"ပြောတော့ဘာဖြစ်လည်း"

Yoongiရှေ့ လျှာကိုထုတ်ပြနေသောJiminကြောင့် Yoongi ဒေါသစိတ်တွေက တပွားပွား

"ကျစ် တော်ပြီး မင်းနဲ့စကားမများချင်တော့ဘူး"

Yoongiစိတ်ထဲတွင်တော့

*လူကိုများလူပျိုကြီးရုပ်တဲ့ အဲ့ရုပ်ကိုကြွေနေတဲ့သူတွေက တပုံကြီး ဒင်းလေးကမသိဘဲနဲ့များ*

ကျောင်းရှေ့ရောက်တော့

"မင်းကျောင်းပြေးဖို့မစဉ်းစားနဲ့နော် မဟုတ်ရင်ချက်ချင်း မင်းAppaကို ဖုန်းလှမ်းဆက်....."

"မပြေးဘူး မပြေးဘူး ရပြီးလား?"

"ပြီးတာဘဲ"

ကျောင်းထဲ ဝင်ဝင်ချင်း

"Ya Jimin"

"Aww taehyung"

"မင်းရုပ်က ဘာဖြစ်တာလည်းမှုန်ကုပ်ကုပ်နဲ့"

"အတန်းထဲရောက်မှ ပြောပြမယ် "

~~~~~~~~~~~~~~~~~~~

"ဟား ဟား "

"ya Taehyung မင်းကဘာရီတာလည်း"

"Wuri Jiminieလေးသနားပါတယ်"

"တိတ်စမ်းကွာ စိတ်ညစ်ရတဲ့ အထဲ"

"ဒါဆို ဒီနေ့ကော မင်းကျောင်းမပြေးဘူးလား"

"ပြေးရင် သောက်ကျိုးနည်းကုန်မှာပေါ့"

"ဟား ဟား အေးပါကွာ"

"ငါမင်းကိုပြောမလို့ ဟို ဒီနေ့ Jiyoonကျောင်းလာတယ်မလား"

"အေးလာတယ် ဘာလည်း မင်းစကားသွားပြောမလို့လား"

"မဟုတ်ပါဘူး သိချင်လို့ သူကျောင်းလာတော့ သူ့ကိုအနီးကပ်ကြည့်လို့ရတာပေါ့"

"ဟိုကတော့ မင်းကိုစိတ်မဝင်စားတာအသိသာကြီးလေ"

"ဟိတ်ကောင် Taehyung နိမိတ်မရှိတာတွေ မပြောနဲ့"

"အေးပါကွာ မပြောတော့ပါဘူး ဂျပုကောင်ရဲ့"

"Ya kim Taehyung မင်းကျောင်းဆင်းမှတွေ့မယ်"

Jiminတစ်ယောက် Taehyungကို လက်သီးဆုပ်ပြကာ ဆရာဝင်လာသည်မို့ အရှေ့ပြန်လှည့်သွားသည်

~~~~~~~~~~~~~~~~~~~~

ကျောင်းဆင်းချိန်ရောက်တော့

"Ya Jimin မင်းကို လာမကြိုသေးဘူးလား?"

"မလာသေးဘူး "

"အေးဒါဆိုငါပြန်နှင့်ပြီးနော်"

Yoongiလာမကြိုသေးတာကြောင့် Jiminလည်း ဟိုကြည့်ဒီကြည့်နှင့်ပတ်ဝန်းကျင်ကို အကဲခတ်နေလိုက်တော့ မနီးမဝေးမှာတွေရတဲ့ Jiyoon

ကြည့်ရတာ သူလည်း အိမ်ကလာမကြိုသေးလို့ စောင့်နေပုံရသည်

Jiyoonဆီသွားပြီး စကားသွားပြောမည်ဟုစဉ်းစားသော်လည်းသွားမရဲ

ဒီတိုင်းနေတာကောင်းမည်ဟု စဉ်းစားရင်း ထိုနေရာတွင်သာရပ်နေလိုက်သည်

တအောင့်နေတော့ မိုးချုန်းသံတွေနဲ့အတူမိုးရွာလာလေသည်

Jiminလည်း ဒီနေ့မှထီးကမပါလာ Jiyoon ဘက်ကို ကြည့်လိုက်တော့လည်း သူလည်းထီးပါလာပုံမရ

ခနနေတော့ ကားတစ်စီးက Jiminဆီဦးတည်ပြီးမောင်းလာလိုက်သည်

Jiminစိတ်ထဲတွင်တော့ yoongiမှန်းသိနေသည်

မိုးကလည်းသည်းလာပြီးမို့ သူ့ကားလေးကိုအားကိုးတကြီးကြည့်နေမိသည်

သို့သော် Jimin မမျှော်လင့်ထားသော အခြေအနေကြီးက မျက်စိရှေ့လေးတင် ဖြစ်သွားရသည်

Yoongiကားက Jiyoonရှေ့တွင်ရပ်ကာ
ကားထဲမှထွက်လာပြီး Jiyoonအားထီးမိုးပေးနေခြင်း

Jiyoonကလည်း yoongiအားပြုံးပြီးပြန်စကားပြောနေသည်

Jimin လည်းကြောင်ကြည့်နေပြီးမှ သတိဝင်လာကာ Yoongiဆီအမြန်ပြေးသွားတော့သည်

Jimin yoongiနားရောက်တော့

"Hyung"

"ဟင် Jimin?"

ဒါကိုJiyoonကမြင်တော့

"Oppaနဲ့Jiminနဲ့ကသိတာလား?"

"Ar jimin ကကိုယ်တို့အိမ်မှာလာနေနေတာ"

Wtf ကိုယ်တဲ့ သူတို့ကရည်းစားတွေလား

"Ah Jimin စိုရွဲကုန်ပြီး ကားထဲဝင်တော့"

Jiminက Yoongiကိုဘာမှမပြောဘဲ ကားထဲဝင်သွားသည်

အိမ်ပြန်ရောက်တော့

Jimin ချက်ချင်းပင်အိပ်ပေါ်သို့တက်သွားသည်

Yoongiကလည်းခပ်မြန်မြန် Jiminနောက်ဝင်လိုက်ကာ

"Jimin မင်း ဘာဖြစ်နေတာလည်း"

Jiminကဘာမှမသိသလိုပုံစံဖြင့်

"ဘာဖြစ်နေလို့လည်း"

"မင်းကို ကြည့်ရတာ တစ်ခုခုကို စိတ်ဆိုးနေသလိုဘဲ"

"Hum မဆိုးပါဘူး "

Jiminက ဘာမှမဖြစ်သလိုပုံစံဖြင့်
အခန်းထဲဝင်မည်လုပ်တော့

"Jimin ခန"

"ဘာလည်း"

"အကျီ သေချာလဲ တစ်ကိုယ်လုံးလည်းစိုရွဲနေရော အအေးပတ်မယ်"

Yoongiက ရေစိုနေသော Jimin၏ဆံပင်လေးများကို ခပ်ဖွဖွကိုင်ကာပြောလိုက်သည်

"Hyungသာ ကျွန်တော့်ကို အရင်ထီးလာမိုးပေးရင် အဲ့လောက်မစိုဘူး"

"ဘာမင်း! ငါကအကောင်းနဲ့ပြောတာ"

"ဟုတ်တယ်လေ hyungသာ ထီးစောစောလာမိုးပေးရင်အဲ့လိုမဖြစ်ဘူး"

"ငါက Jiyoonကိုအရင်တွေ့လို့"

"အဲ့လောက်တောင် မိန်းမမြင်ရင်မနေနိုင်ရအောင် ဖြစ်နေတာလား!"

"ဘာမင်း!"

"ခွပ်"

စကားအဆုံး Jimin၏မျက်နှာပေါ်သို့ yoongiလက်သီးပြင်းပြင်းတစ်ချက်ကျရောက်လာသည်

အရှိန်ပြင်းသောကြောင့် Jiminမှာလဲကျသွားရသည်.

Jimin ထိုးခံထိသော ပါးပြင်လေးတစ်ဖက်အားကိုင်ကာ နာလို့လားမသိ မျက်ဝန်းအိမ်လေးတွေမှ အရည်ကြည်လေးတွေပြည့်နှက်လျက် yoongi ကိုပြန်ကြည့်ကာ

"ခင်..ခင်များ ကျွန်တော့်ကို ထိုးတယ်?"

"မဟုတ်ဘူး Jimin Hyungက..."

Yoongiစကားကို Jimin ဆုံးအောင်နားမထောင်ဘဲအခန်းထဲသို် ့ပြေးဝင်သွားလိုက်သည်

ယခု အခြေအနေတွင် Jimin yoongi ကိုမကျေမနပ်ဖြစ်နေသည်မှာအမှန်ပင်

သို့သော်မသည်းကွဲ

ကိုယ်စိတ်ဝင်စားနေသော မိန်းကလေးနှင့် တရင်းတနီးရှိသည်ကိုလား သူ ့အားဦးစားမပေးဘဲ Jiyoonကို ဦးစားပေးသည်ကိုလား

Jiminကိုယ်တိုင်ပင်သေချာမသိ

သေချာတာ တစ်ခုကတော ့ ယခု yoongi သူ့ကိုထိုးလိုက်သောကြောင့် စိတ်ထဲတွင် yoongiကိုတော်တော်လေးပင် မကျေမနပ်ဖြစ်နေသည်

စိတ်ထဲတစ်နေရာတွင်လည်း

*သူနဲ့ Jiyoonနဲ့က ဘယ်လိုပတ်သတ်တာလည်း*

TBC>>>>>





Continue Reading

You'll Also Like

202K 4.2K 47
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...
43.9K 3.7K 15
แ€žแ€ฐแ€ทแ€€แ€ญแ€ฏแ€”แ€พแ€œแ€ฏแ€ถแ€ธแ€žแ€ฌแ€ธแ€™แ€พแ€ฌแ€”แ€ฑแ€›แ€ฌแ€™แ€•แ€ฑแ€ธแ€˜แ€ฒ แ€•แ€ญแ€ฏแ€„แ€บแ€†แ€ญแ€ฏแ€„แ€บแ€แ€ปแ€„แ€บแ€แ€ฌ แ€€แ€ญแ€ฏแ€šแ€บแ€กแ€แ€นแ€แ€€แ€ผแ€ฎแ€ธแ€žแ€ฝแ€ฌแ€ธแ€žแ€œแ€ฌแ€ธ? -Kim Taehyung แ€žแ€ฐแ€™แ€แ€ปแ€…แ€บแ€›แ€„แ€บแ€”แ€ฑแ€•แ€ซแ€…...
20.8K 1.1K 12
we all are so upset about abrupt ending of our beloved show...hence came up with story this particular story starts after aditya meets nani as per th...
948 112 6
แ€‚แ€ฏแ€แ€บแ€›แ€พแ€ญแ€”แ€บแ€‚แ€ฏแ€แ€บแ€’แ€ผแ€•แ€บแ€‘แ€šแ€บ ร— แ€‚แ€ฎแ€šแ€ฑแ€ฌแ€„แ€บแ€ธแ€งแ€€แ€›แ€ฌแ€‡แ€บ (Taegi Myanmar Type)