"တုန္တုန္ gameေဆာ့ေနျပန္ၿပီလား"
"မေဆာ့ပါဘူး မားရယ္ စာလုပ္ေနတာပါ"
"ေနာက္ထပ္အသံေတြၾကားေနရရင္ မား ဖုန္းဝင္သိမ္းမွာေနာ္
အဲ့က်ေတာ့မွ မား ဘာျဖစ္တယ္ ညာျဖစ္တယ္လာမေျပာနဲ႔ေနာ္ တုန္တုန္"
"ဟီး...အင္းပါ မားရယ္ သားစာလုပ္ပါၿပီ"
သားဧ။္အရည္အခ်င္းကိုသူမသိသည္။အေတာ္ႀကီးထဲမဟုတ္သလို အညံ့ထဲလဲမပါ။သို႔ေသာ္အပ်င္းတစ္ေနေသာ တုန္တုန္ေၾကာင့္သာ ေနာက္မွတြတ္ထိုးေနသလိုလိုက္ေျပာေနရသည္။
"အား....ကူးရမဲ့စာေတြကလဲ အမ်ားႀကီးက်န္ေသးတယ္
ေတာ္ေသးတယ္ ဟိုႏွစ္ေယာက္ဝိုင္းေရးေပးလို႔ မဟုတ္ရင္ငါေသၿပီ ျဗဲ ေမေရ"
.............................................. .......................
"ေဒၚေဒၚေရ ေဒၚေဒၚ"
"ေဟ ဘယ္သူတုန္း လာၿပီလာၿပီ"
"ေဒၚေဒၚ ႏိုင္း႐ွိလားဟင္"
"ေျသာ္ ဘယ္သူမ်ားလဲလို႔ မင္းဆက္ရယ္ လာ အထဲဝင္ခဲ့ေလ"
"ဟုတ္"
"မင္းသူငယ္ခ်င္းတစ္ေယာက္ ေက်ာင္းကျပန္ေရာက္ကတည္းက ဖုန္းတစ္လံုးနဲ႔အလုပ္႐ႈပ္ေနတယ္ မင္းဆက္ေရ ခဏေလး ေဒၚေဒၚေခၚေပးမယ္"
မင္းဆက္ထိုင္ေနလိုက္သည္။အမွန္ဆို သူထြက္လာခဲ့သည္မွာ ကာရန္မိုးအိမ္သို႔။သူမသြားရဲ။တစ္ေယာက္တည္းမသြားခ်င္ေပ။ထို႔ေၾကာင့္သူငယ္ခ်င္းမ ႐ွိရာ အိမ္သို႔သာေရာက္လာခဲ့သည္။မသြားရဲလို႔ဝင္ေခၚသည္ကို သိရင္ မိႏိုင္းတစ္ေယာက္ရယ္လိမ့္မယ္။သိုေသာ္လည္း မတတ္ႏိုင္ေပ။
"မင္းဆက္ နင္ကလဲဟာ ဘာလာ႐ႈပ္တာလဲ ငါဒီမွာတ႐ုတ္ကားၾကည့္ေကာင္းေနတာကို"
"ၿပီးမွ ဆက္ၾကည့္ဟာ ငါကာရန္မိုးအိမ္သြားမလို႔အဲ့တာ နင္လိုက္ခဲ့"
"ဘာလို႔လိုက္ရမွာလဲဟ ငါမွသူ႔အိမ္မသိတာ ၿပီးေတာ့ငါကလိုက္ၿပီး ဘာလုပ္ရမွာလဲ"
"မိနိုင္းမ နင္မရစ္နဲ႔ ငါ့သခ်ာၤစာအုပ္သူ႔ဆီပါသြားလို႔ သြားျပန္ယူမလို႔ အိမ္စာေပးလိုက္တာေတြ မေရးရေသးဘူး"
"ဟာ ဟုတ္သားပဲ ငါေမ့ေနတာ ဒီေန႔M2သင္တယ္ဆိုၿပီး ငါေအးေဆးလုပ္ေနတာ M1အိမ္စာေတြေမ့ေနတယ္....
ေအးေအး ျမန္ျမန္လာသြားမယ္ အေမေရ သမီးဒီေကာင္နဲ႔ခဏလိုက္သြားလိုက္ဦးမယ္"
"ဂ႐ုစိုက္သြားၾက"
"ဟုတ္ အန္တီ, တာ့တာ အေမ" တစ္လမ္းေက်ာ္သာျဖစ္ေသာ ကာရန္႔အိမ္သို႔လမ္းေလွ်ာက္သာထြက္လာၾကသည္။
"နင္က ကာရန္မိုးအိမ္ကိုသိလို႔လား မင္းဆက္"
" ေအးသိတယ္ေလ"
"ေအာင္မာ နင့္လိုဘယ္မွမထြက္တဲ့သူက ကာရန္မိုးအိမ္ကိုသိတယ္ဆိုေတာ့ ဆန္းသားဟ ဘယ္လိုသိတာလဲ လင္းစမ္း ေမ့သားႀကီး"
"ေအး နင္အဲ့လိုေသာက္ျမင့္ကတ္စရာေကာင္းေအာင္ေမးလို႔ကို ေသေတာင္မေျပာဘူး" ထိုသို႔ေျပာၿပီးသည္ႏွင့္ အထုအေထာင္းခံရမယ္မွန္းသိေသာ မင္းဆက္ ေနာက္သို႔လွည့္မၾကည့္ တခ်ိဳးတည္းသာ ေျပးသြားသည္။
"ဟာ ဟဲ့ေကာင္ နင္မိလို႔ကေတာ့ ေသၿပီသာမွတ္"ႏိုင္းတစ္ေယာက္ အငိုက္မိကာ ေအာ္လဲေအာ္ ေနာက္သို႔ထပ္ၾကပ္မကြာ
ေျပးျပီးလိုက္ေလသည္။
......................................................................
"နင္ဟာကလဲ အိမ္လဲတိတိက်က်မသိပဲနဲ႔"
"သိပါတယ္ဟ အဲ့ေန႔ကေမွာင္ေနလို႔ သိပ္မေသခ်ာဘူးျဖစ္သြားတာ" ၾကယ္စင္ႏိုင္းစိတ္မ႐ွည္ေတာ့ေပ။ အိမ္ႏွစ္အိမ္ေ႐ွ႕ ေခါက္တုန္႔ေခါက္ျပန္ေလွ်ာက္ကာေနေသာ မင္းဆက္ကို ႏိုင္းမ်က္ေစာင္းတခ်က္လွမ္းထိုးလိုက္သည္။
"ၿငိမ္ၿငိမ္ေနစမ္းပါစာ ငါမ်က္စိေႏွာက္လာၿပီ လာ ငါ့ေနာက္လိုက္ခဲ့ ဟိုအိမ္ထဲက ဦးေလးႀကီးကိုသြားေမးမယ္"
က်ယ္ျပန္႔လွေသာ အိမ္ေ႐ွ႕မ်က္ႏွာစာအတြင္း႐ွိ ျခံဝန္းေလးထဲတြင္ ျပဳစုပ်ိဳးေထာင္ထားေသာ ပန္းပင္ပ်ိဴးပင္မ်ားအားေရေလာင္းေပါင္းသင္ေနေသာ ဦးေလးႀကီးသည္ မင္းဆက္ႏွင့္ႏိုင္းအား သတိမျပဳမိေပ။
"ဦးေလး ဦးေလး"
"ေဟ လူေလးတို႔ ဘာတုန္းကြဲ႔"
သူေမး နင္ေမးႏွင့္ တစ္ေယာက္နဲ႔တစ္ေယာက္ လက္တစ္ေတာင္ႏွင့္တို႔ကာ တိတ္တဆိတ္ရန္ျဖစ္ေနၾကသည္။ အဆံုးတြင္...
"ဦးေလး ဒီအိမ္က ကာရန္မိုးတို႔အိမ္လားမသိဘူးဗ်"
"ေျသာ္ တူႀကီးနဲ႔တူမႀကီးတို႔က တုန္ေလး သူငယ္ခ်င္းေတြလား. လာ,လာ ဦးေလးတံခါးဖြင့္ေပးမယ္ အိမ္ထဲဝင္ၾက"
"ဟုတ္ကဲ့ခဗ်" တုန္ေလးဆိုသည္ကုိ သူတို႔မသိပါ။ဦးေလးႀကီး တံခါးဖြင့္ေပးေသာ ျခံဝန္းေလးထဲသို႔ ႏွစ္ေယာက္သား ေယာင္တိေယာင္ေတာင္ဝင္သြားၾကသည္။
"ဦးဘ ျခံထဲက ဘယ္သူေတြတုန္း"
"ဒီကေလးေတြက တုန္တုန္ေလးသူငယ္ခ်င္းေတြတဲ့ တူမႀကီးေရ"
"သား သူငယ္ခ်င္းေတြလား လာ အိမ္ထဲဝင္ မင္းတို႔သူငယ္ခ်င္းကေတာ့ စာမလုပ္ပဲGameေဆာ့ေနလို႔ ခုမွ အန္တီလဲသူ႔ကိုဆူၿပီး ဆင္းလာတာကြယ့္"
သူတို႔ေျပာဆိုေနသည့္ တုန္တုန္ဆိုသည့္နာမ္စားေလးမွာ
ကာရန္မိုးကိုရည္ၫႊန္းေနသည္ကို မင္းဆက္နဲ႔ႏိုင္း သေဘာေပါက္မိေလေတာ့ဧ။္။
"တုႏ္ုတုန္ေလး သားေရ"
"ရား...မား သားကိုအဲ့လိုမေခၚနဲ႔လို႔ေျပာေနထားတယ္ေလဗ်ာ" ကာရန္မိုး အခန္းထဲမွခြန္းတံု႔ျပန္၍ေအာက္သို႔ေျခေဆာင့္ကာဆင္းလာသည္။
"ဘယ္လိုျဖစ္လို႔ေအာ္ေနတာလဲ တုန္တုန္ ဒီမွာမင္းသူငယ္ခ်င္းေတြေရာက္ေနတာကို"
"ဟင္! အား...႐ွက္လိုက္တာ ေသၿပီ မ႐ွိမဲ့႐ွိမဲ့အ႐ွက္ေတြကြဲကုန္ပါၿပီ"
ေလွကားအလယ္မွာ ကြၽန္ေတာ့္ကိုေက်ာေပးရပ္ေနေသာ ဤေကာင္ငယ္ေလးဧ။္ အ႐ွက္သည္းေနမႈ့အား မျမင္ရေသာ္လည္း
ပံုေဖာ္၍ရေနသည္။
"အဟမ္း ထိုင္ေလ မင္းတို႔ကလဲ မတ္တပ္ရြာကလာၾကတာလား မတ္တပ္ႀကီးရပ္ေနၾကတာ" ကာရန္မိုး အ႐ွက္ေျပေျပာလိုက္ျခင္းျဖစ္သည္။
"ထိုင္ဦးေလ ကေလးတို႔ အန္တီမုန္႔သြားယူလိုက္ဦးမယ္"
"အာ ရတယ္ ရတယ္ အန္တီ သမီးတို႔က ကာရန္႔ဆီကစာအုပ္လာေတာင္းတာရယ္"
"အားနာလိုက္တာကြယ္ ဘာမွလဲမေကြၽးရဘူး"
"ရပါတယ္ဗ်ာ ကြၽန္ေတာ္လဲ က်ဴ႐ွင္သြားရဦးမာမလို႔ပါ အန္တီ"
"{ဟြန္႔ အဲ့တာမ်ား ငါ့အိမ္လာေနေသးတယ္ အလကားခ်ီးထုတ္ေကာင္}" စိတ္ထဲ၌ျပစ္ျပစ္ႏွစ္ႏွစ္ေျပာၿပီးေသာအခါ
"ဘာစာအုပ္လဲ ေျပာေလ"
"အင္း ဟိုဟာ ဟဲ့ မင္းဆက္ ေျပာလိုက္ေလ နင္ဘာစာအုပ္လိုခ်င္တာလဲ ပါးစပ္ႀကီးကပိတ္မေနနဲ႔ဟ"
"ဟမ္ ဟို ဟို သခ်ာၤစာအုပ္ ဆရာမအိမ္စာေပးတာေရးခ်င္လို႔
မင္းလဲ အိမ္စာအရင္တြက္လိုက္ေလ က်န္တာေတြ မနက္ျဖန္က်မွ ငါကူကူးေပးမယ္"
"အင္းအင္း ခဏေလးေစာင့္"
......................................................................
"ခ္ခ္ နာမည္ေလးက ခ်စ္စရာေလးေနာ္ ငယ္ငယ္တုန္းကဆို ဝဝကစ္ကစ္ေလးေနမွာ ဟုတ္တယ္မလား အန္တီ"
"ဟုတ္ပါ့႐ွင္ ဟုတ္ပါ့ အဲ့တာေၾကာင့္ ဒင္းေလးကို သူ႔ဖိုးဖိုးက အဲ့နာမည္ေပးခဲ့တာ ဘယ္ေလာက္ေတာင္လဲဆိုေတာ့ ေက်ာင္းနာမည္ကိုေတာင္ အဲ့နာမည္ပဲသံုးမယ္လုပ္ေနတာ အန္တီ့ေမေမဝင္ေျပာေတာ့မွ လက္ေလ်ာ့သြားတာ"
ၾကယ္စင္ႏိုင္းႏွင့္ ရယ္ရယ္ေမာေမာ စကားက်ေနေသာ မာမားကိုၾကည့္ရတာ ကြၽန္ေတာ့္ငယ္ငယ္ကအေၾကာင္းေတြ ေအာက္ဖဲလွန္ေနသည္ကို သိလိုက္သည္။
"ဟိုတစ္ေကာင့္သားကလဲ သူမ်ားအေၾကာင္းနားေထာင္ေနရေတာ့ ႐ုပ္ကိုၿဖီးေနတာပဲ" ထပ္ၾကာေနရင္ သူ႔အေၾကာင္းေတြ အစအလယ္အဆံုး ေျပာျပေတာ့မွာသိတာေၾကာင့္ ေအာက္ကိုေျပးဆင္းလာသည္။
"ေရာ့ ဒီမွာ မင္းစာအုပ္"
"ဟမ္း... အင္း ေက်းဇူးပဲ" မီးဝုန္းဝုန္းေတာက္ေနသည့္မ်က္လံုးမ်ားႏွင့္ျပဴးျပဲၾကည့္လာသည္။ေအာက္ဖဲမ်ားအလွန္ခံရ၍ မေက်နပ္သည့္ ပံုစံျဖင့္ ျမန္ျမန္ျပန္ဟူသည့္အဓိပၸါယ္။
ေဘးနားထိုင္ေနေသာ မိနိုင္းမကိုလက္တို့ကာ "ဒါဆို အန္တီ သားတို႔ျပန္လိုက္ပါဦးမယ္ အန္တီ"
"ေအးပါကြယ္ ေနာက္လဲလာလည္က်ဦးေနာ္ သားနဲ႔သမီး"
"ဟုတ္ကဲ့ပါ အန္တီ" ႏႈတ္ဆက္ၿပီးသည္ႏွင့္ တၿပိဳင္နက္အျမန္လစ္ထြက္လာခဲ့သည္။သို႔မွသာ အေကာင္ေသး၍မႈတ္ထုတ္အားျပင္းေသာ နဂါးေပါက္စထံမွလြတ္ႏိုင္မည္။
......................................................................
"ဟား..." လမ္းေလွ်ာက္ေနရင္း႐ုတ္တရက္ ထ ရယ္လိုက္ေသာ မင္းဆက္ေၾကာင့္ ၾကယ္စင္ႏိုင္းလန္႔သြားသည္။
"အလန္႔တၾကားနဲ႔ဟာ ဘာျဖစ္ေနတာလဲ မင္းဆက္ နင္ ကာရန္မိုးအိမ္ကထြက္လာကတည္းက မ်က္ႏွာပို္းမေသေနတာေနာ္ အေကာင္စုတ္ ေျပာစမ္း နင္ဘာျဖစ္ေနတာလဲ"
"ဘာမွမျဖစ္ပါဘူးဟာ နင္ကလဲ ခုနက ဆူပုတ္ေနတဲ့ ကာရန္မိုး မ်က္ႏွာကို ျပန္ျမင္မိလို႔ပါဟာ" ခ်စ္စရာေလးလို႔ ေနာက္ဆက္တြဲ ဆက္ေျပာလိုက္သည့္စကားသံကိုႏိုင္းမၾကားမိလိုက္ေခ်။
"ျမန္ျမန္လာ ငါက်ဴ႐ွင္သြားရေတာ့မယ္"
"အေကာင္စုတ္ စိတ္ကေမ်ာက္စိတ္နဲ႔ အမ်ိဳးမ်ိဳးကိုျဖစ္ေနတာ"
"ငါျပန္ၿပီ ႏိုင္း"က်ဴ႐ွင္ခ်ိန္နီးေန၍ အိမ္ထဲသို႔မဝင္ေတာ့ပဲ ႏိုင္းကိုႏႈတ္ဆက္ၿပီး ကြၽန္ေတာ္ျပန္ထြက္လာလိုက္သည္။
ေပ်ာ္ရႊင္မႈ့အလံုးစံုထဲမွ
မင္းဟာ ကိုယ့္ရဲ႕
ရင္ခုန္သံအပိုင္းအစ တစ္ခု။ ။
#29.7.19
#Monday
#2301words
Unicode
"တုန်တုန် gameဆော့နေပြန်ပြီလား"
"မဆော့ပါဘူး မားရယ် စာလုပ်နေတာပါ"
"နောက်ထပ်အသံတွေကြားနေရရင် မား ဖုန်းဝင်သိမ်းမှာနော်
အဲ့ကျတော့မှ မား ဘာဖြစ်တယ် ညာဖြစ်တယ်လာမပြောနဲ့နော် တုန်တုန်"
"ဟီး...အင်းပါ မားရယ် သားစာလုပ်ပါပြီ"
သားဧ။်အရည်အချင်းကိုသူမသိသည်။အတော်ကြီးထဲမဟုတ်သလို အညံ့ထဲလဲမပါ။သို့သော်အပျင်းတစ်နေသော တုန်တုန်ကြောင့်သာ နောက်မှတွတ်ထိုးနေသလိုလိုက်ပြောနေရသည်။
"အား....ကူးရမဲ့စာတွေကလဲ အများကြီးကျန်သေးတယ်
တော်သေးတယ် ဟိုနှစ်ယောက်ဝိုင်းရေးပေးလို့ မဟုတ်ရင်ငါသေပြီ ဗြဲ မေရေ"
.............................................. .......................
"ဒေါ်ဒေါ်ရေ ဒေါ်ဒေါ်"
"ဟေ ဘယ်သူတုန်း လာပြီလာပြီ"
"ဒေါ်ဒေါ် နိုင်းရှိလားဟင်"
"သြော် ဘယ်သူများလဲလို့ မင်းဆက်ရယ် လာ အထဲဝင်ခဲ့လေ"
"ဟုတ်"
"မင်းသူငယ်ချင်းတစ်ယောက် ကျောင်းကပြန်ရောက်ကတည်းက ဖုန်းတစ်လုံးနဲ့အလုပ်ရှုပ်နေတယ် မင်းဆက်ရေ ခဏလေး ဒေါ်ဒေါ်ခေါ်ပေးမယ်"
မင်းဆက်ထိုင်နေလိုက်သည်။အမှန်ဆို သူထွက်လာခဲ့သည်မှာ ကာရန်မိုးအိမ်သို့။သူမသွားရဲ။တစ်ယောက်တည်းမသွားချင်ပေ။ထို့ကြောင့်သူငယ်ချင်းမ ရှိရာ အိမ်သို့သာရောက်လာခဲ့သည်။မသွားရဲလို့ဝင်ခေါ်သည်ကို သိရင် မိနိုင်းတစ်ယောက်ရယ်လိမ့်မယ်။သိုသော်လည်း မတတ်နိုင်ပေ။
"မင်းဆက် နင်ကလဲဟာ ဘာလာရှုပ်တာလဲ ငါဒီမှာတရုတ်ကားကြည့်ကောင်းနေတာကို"
"ပြီးမှ ဆက်ကြည့်ဟာ ငါကာရန်မိုးအိမ်သွားမလို့အဲ့တာ နင်လိုက်ခဲ့"
"ဘာလို့လိုက်ရမှာလဲဟ ငါမှသူ့အိမ်မသိတာ ပြီးတော့ငါကလိုက်ပြီး ဘာလုပ်ရမှာလဲ"
"မိနိုင်းမ နင်မရစ်နဲ့ ငါ့သချာၤစာအုပ်သူ့ဆီပါသွားလို့ သွားပြန်ယူမလို့ အိမ်စာပေးလိုက်တာတွေ မရေးရသေးဘူး"
"ဟာ ဟုတ်သားပဲ ငါမေ့နေတာ ဒီနေ့M2သင်တယ်ဆိုပြီး ငါအေးဆေးလုပ်နေတာ M1အိမ်စာတွေမေ့နေတယ်....
အေးအေး မြန်မြန်လာသွားမယ် အမေရေ သမီးဒီကောင်နဲ့ခဏလိုက်သွားလိုက်ဦးမယ်"
"ဂရုစိုက်သွားကြ"
"ဟုတ် အန်တီ, တာ့တာ အမေ" တစ်လမ်းကျော်သာဖြစ်သော ကာရန့်အိမ်သို့လမ်းလျှောက်သာထွက်လာကြသည်။
"နင်က ကာရန်မိုးအိမ်ကိုသိလို့လား မင်းဆက်"
" အေးသိတယ်လေ"
"အောင်မာ နင့်လိုဘယ်မှမထွက်တဲ့သူက ကာရန်မိုးအိမ်ကိုသိတယ်ဆိုတော့ ဆန်းသားဟ ဘယ်လိုသိတာလဲ လင်းစမ်း မေ့သားကြီး"
"အေး နင်အဲ့လိုသောက်မြင့်ကတ်စရာကောင်းအောင်မေးလို့ကို သေတောင်မပြောဘူး" ထိုသို့ပြောပြီးသည်နှင့် အထုအထောင်းခံရမယ်မှန်းသိသော မင်းဆက် နောက်သို့လှည့်မကြည့် တချိုးတည်းသာ ပြေးသွားသည်။
"ဟာ ဟဲ့ကောင် နင်မိလို့ကတော့ သေပြီသာမှတ်"နိုင်းတစ်ယောက် အငိုက်မိကာ အော်လဲအော် နောက်သို့ထပ်ကြပ်မကွာ
ပြေးပြီးလိုက်လေသည်။
......................................................................
"နင်ဟာကလဲ အိမ်လဲတိတိကျကျမသိပဲနဲ့"
"သိပါတယ်ဟ အဲ့နေ့ကမှောင်နေလို့ သိပ်မသေချာဘူးဖြစ်သွားတာ" ကြယ်စင်နိုင်းစိတ်မရှည်တော့ပေ။ အိမ်နှစ်အိမ်ရှေ့ ခေါက်တုန့်ခေါက်ပြန်လျှောက်ကာနေသော မင်းဆက်ကို နိုင်းမျက်စောင်းတချက်လှမ်းထိုးလိုက်သည်။
"ငြိမ်ငြိမ်နေစမ်းပါစာ ငါမျက်စိနှောက်လာပြီ လာ ငါ့နောက်လိုက်ခဲ့ ဟိုအိမ်ထဲက ဦးလေးကြီးကိုသွားမေးမယ်"
ကျယ်ပြန့်လှသော အိမ်ရှေ့မျက်နှာစာအတွင်းရှိ ခြံဝန်းလေးထဲတွင် ပြုစုပျိုးထောင်ထားသော ပန်းပင်ပျိူးပင်များအားရေလောင်းပေါင်းသင်နေသော ဦးလေးကြီးသည် မင်းဆက်နှင့်နိုင်းအား သတိမပြုမိပေ။
"ဦးလေး ဦးလေး"
"ဟေ လူလေးတို့ ဘာတုန်းကွဲ့"
သူမေး နင်မေးနှင့် တစ်ယောက်နဲ့တစ်ယောက် လက်တစ်တောင်နှင့်တို့ကာ တိတ်တဆိတ်ရန်ဖြစ်နေကြသည်။ အဆုံးတွင်...
"ဦးလေး ဒီအိမ်က ကာရန်မိုးတို့အိမ်လားမသိဘူးဗျ"
"သြော် တူကြီးနဲ့တူမကြီးတို့က တုန်လေး သူငယ်ချင်းတွေလား. လာ,လာ ဦးလေးတံခါးဖွင့်ပေးမယ် အိမ်ထဲဝင်ကြ"
"ဟုတ်ကဲ့ခဗျ" တုန်လေးဆိုသည်ကို သူတို့မသိပါ။ဦးလေးကြီး တံခါးဖွင့်ပေးသော ခြံဝန်းလေးထဲသို့ နှစ်ယောက်သား ယောင်တိယောင်တောင်ဝင်သွားကြသည်။
"ဦးဘ ခြံထဲက ဘယ်သူတွေတုန်း"
"ဒီကလေးတွေက တုန်တုန်လေးသူငယ်ချင်းတွေတဲ့ တူမကြီးရေ"
"သား သူငယ်ချင်းတွေလား လာ အိမ်ထဲဝင် မင်းတို့သူငယ်ချင်းကတော့ စာမလုပ်ပဲGameဆော့နေလို့ ခုမှ အန်တီလဲသူ့ကိုဆူပြီး ဆင်းလာတာကွယ့်"
သူတို့ပြောဆိုနေသည့် တုန်တုန်ဆိုသည့်နာမ်စားလေးမှာ
ကာရန်မိုးကိုရည်ညွှန်းနေသည်ကို မင်းဆက်နဲ့နိုင်း သဘောပေါက်မိလေတော့ဧ။်။
"တုန်ုတုန်လေး သားရေ"
"ရား...မား သားကိုအဲ့လိုမခေါ်နဲ့လို့ပြောနေထားတယ်လေဗျာ" ကာရန်မိုး အခန်းထဲမှခွန်းတုံ့ပြန်၍အောက်သို့ခြေဆောင့်ကာဆင်းလာသည်။
"ဘယ်လိုဖြစ်လို့အော်နေတာလဲ တုန်တုန် ဒီမှာမင်းသူငယ်ချင်းတွေရောက်နေတာကို"
"ဟင်! အား...ရှက်လိုက်တာ သေပြီ မရှိမဲ့ရှိမဲ့အရှက်တွေကွဲကုန်ပါပြီ"
လှေကားအလယ်မှာ ကျွန်တော့်ကိုကျောပေးရပ်နေသော ဤကောင်ငယ်လေးဧ။် အရှက်သည်းနေမှု့အား မမြင်ရသော်လည်း
ပုံဖော်၍ရနေသည်။
"အဟမ်း ထိုင်လေ မင်းတို့ကလဲ မတ်တပ်ရွာကလာကြတာလား မတ်တပ်ကြီးရပ်နေကြတာ" ကာရန်မိုး အရှက်ပြေပြောလိုက်ခြင်းဖြစ်သည်။
"ထိုင်ဦးလေ ကလေးတို့ အန်တီမုန့်သွားယူလိုက်ဦးမယ်"
"အာ ရတယ် ရတယ် အန်တီ သမီးတို့က ကာရန့်ဆီကစာအုပ်လာတောင်းတာရယ်"
"အားနာလိုက်တာကွယ် ဘာမှလဲမကျွေးရဘူး"
"ရပါတယ်ဗျာ ကျွန်တော်လဲ ကျူရှင်သွားရဦးမာမလို့ပါ အန်တီ"
"{ဟွန့် အဲ့တာများ ငါ့အိမ်လာနေသေးတယ် အလကားချီးထုတ်ကောင်}" စိတ်ထဲ၌ပြစ်ပြစ်နှစ်နှစ်ပြောပြီးသောအခါ
"ဘာစာအုပ်လဲ ပြောလေ"
"အင်း ဟိုဟာ ဟဲ့ မင်းဆက် ပြောလိုက်လေ နင်ဘာစာအုပ်လိုချင်တာလဲ ပါးစပ်ကြီးကပိတ်မနေနဲ့ဟ"
"ဟမ် ဟို ဟို သချာၤစာအုပ် ဆရာမအိမ်စာပေးတာရေးချင်လို့
မင်းလဲ အိမ်စာအရင်တွက်လိုက်လေ ကျန်တာတွေ မနက်ဖြန်ကျမှ ငါကူကူးပေးမယ်"
"အင်းအင်း ခဏလေးစောင့်"
......................................................................
"ခ်ခ် နာမည်လေးက ချစ်စရာလေးနော် ငယ်ငယ်တုန်းကဆို ဝဝကစ်ကစ်လေးနေမှာ ဟုတ်တယ်မလား အန်တီ"
"ဟုတ်ပါ့ရှင် ဟုတ်ပါ့ အဲ့တာကြောင့် ဒင်းလေးကို သူ့ဖိုးဖိုးက အဲ့နာမည်ပေးခဲ့တာ ဘယ်လောက်တောင်လဲဆိုတော့ ကျောင်းနာမည်ကိုတောင် အဲ့နာမည်ပဲသုံးမယ်လုပ်နေတာ အန်တီမေမေဝင်ပြောတော့မှ လက်လျော့သွားတာ"
ကြယ်စင်နိုင်းနှင့် ရယ်ရယ်မောမော စကားကျနေသော မာမားကိုကြည့်ရတာ ကျွန်တော့်ငယ်ငယ်ကအကြောင်းတွေ အောက်ဖဲလှန်နေသည်ကို သိလိုက်သည်။
"ဟိုတစ်ကောင့်သားကလဲ သူများအကြောင်းနားထောင်နေရတော့ ရုပ်ကိုဖြီးနေတာပဲ" ထပ်ကြာနေရင် သူ့အကြောင်းတွေ အစအလယ်အဆုံး ပြောပြတော့မှာသိတာကြောင့် အောက်ကိုပြေးဆင်းလာသည်။
"ရော့ ဒီမှာ မင်းစာအုပ်"
"ဟမ်း... အင်း ကျေးဇူးပဲ" မီးဝုန်းဝုန်းတောက်နေသည့်မျက်လုံးများနှင့်ပြူးပြဲကြည့်လာသည်။အောက်ဖဲများအလှန်ခံရ၍ မကျေနပ်သည့် ပုံစံဖြင့် မြန်မြန်ပြန်ဟူသည့်အဓိပ္ပါယ်။
ဘေးနားထိုင်နေသော မိနိုင်းမကိုလက်တို့ကာ "ဒါဆို အန်တီ သားတို့ပြန်လိုက်ပါဦးမယ် အန်တီ"
"အေးပါကွယ် နောက်လဲလာလည်ကျဦးနော် သားနဲ့သမီး"
"ဟုတ်ကဲ့ပါ အန်တီ" နှုတ်ဆက်ပြီးသည်နှင့် တပြိုင်နက်အမြန်လစ်ထွက်လာခဲ့သည်။သို့မှသာ အကောင်သေး၍မှုတ်ထုတ်အားပြင်းသော နဂါးပေါက်စထံမှလွတ်နိုင်မည်။
......................................................................
"ဟား..." လမ်းလျှောက်နေရင်းရုတ်တရက် ထ ရယ်လိုက်သော မင်းဆက်ကြောင့် ကြယ်စင်နိုင်းလန့်သွားသည်။
"အလန့်တကြားနဲ့ဟာ ဘာဖြစ်နေတာလဲ မင်းဆက် နင် ကာရန်မိုးအိမ်ကထွက်လာကတည်းက မျက်နှာပိုးမသေနေတာနော် အကောင်စုတ် ပြောစမ်း နင်ဘာဖြစ်နေတာလဲ"
"ဘာမှမဖြစ်ပါဘူးဟာ နင်ကလဲ ခုနက ဆူပုတ်နေတဲ့ ကာရန်မိုး မျက်နှာကို ပြန်မြင်မိလို့ပါဟာ" ချစ်စရာလေးလို့ နောက်ဆက်တွဲ ဆက်ပြောလိုက်သည့်စကားသံကိုနိုင်းမကြားမိလိုက်ချေ။
"မြန်မြန်လာ ငါကျူရှင်သွားရတော့မယ်"
"အကောင်စုတ် စိတ်ကမျောက်စိတ်နဲ့ အမျိုးမျိုးကိုဖြစ်နေတာ"
"ငါပြန်ပြီ နိုင်း"ကျူရှင်ချိန်နီးနေ၍ အိမ်ထဲသို့မဝင်တော့ပဲ နိုင်းကိုနှုတ်ဆက်ပြီး ကျွန်တော်ပြန်ထွက်လာလိုက်သည်။
ပျော်ရွှင်မှု့အလုံးစုံထဲမှ
မင်းဟာ ကိုယ့်ရဲ့
ရင်ခုန်သံအပိုင်းအစ တစ်ခု။ ။
#29.7.19
#Monday
#2301words