Ep-4

2.5K 118 16
                                    

"မိုးစင်စင်လင်းပြီ
ပြတင်းများဖွင့်ထားပါ
သတင်းစာနေ့စဉ် ကြည့်ရှု့ပါ
သတင်းထူးပါလျှင်ပြောပါလား"

ခေါင်းရင်းအိမ်မှ ကဗျာရွတ်ဖတ်သံသည် ကျွန်တော့်အားမနက်ခင်းတွင် နှိုးထစေရန် အသိပေးနေသလိုပင်။

ပြတင်းပေါက်အားဖွင့်လိုက်သည်နှင့် စူးရှနေသော နေရောင်နှင့် သန့်ရှင်းလတ်ဆတ်သော လေတို့ကို ထိတွေ့ခံစားမိသည်။
၂နှစ်တာဆိုသည့် အချိန်ကာလသည် အလွန်တရာမှ မြန်လွန်းသည်ဟု ကျွန်တော်ထင်မိသည်။ယခုဆိုလျှင်ဖြင့် အလယ်တန်းကျောင်းသားဘဝကို ကုန်ဆုံး၍ အထက်တန်း၏အကြီးဆုံးအတန်းဖြစ်သော ဒသမတန်းကိုပင်လျှင် တက်ရောက်ကြတော့မည် ဖြစ်သည်။

"Morning သားလေး"

"Morning မေမေ"

နှစ်တွေသာပြောင်းလဲသွားသည် ကျွန်တော့်မေမေဟာ အရင်အတိုင်းနုပျိုဆဲပင်။ကျွန်တော်ကသာ 6ပေနီးပါးခန့်ရှည်လာသောအရပ်နှင့် အားကစားလုပ်တတ်သောကြောင့် ဖွံ့ဖြိုးလာသော ခန္ဓာကိုယ်တို့ကိုပြောင်းလဲ ပိုင်ဆိုင်ထားသူဖြစ်သည်။

"မေမေ သား ခဏနေ အပြင်သွားဦးမယ်နော်"

"သားကိုမေမေပြောထားတယ်နော် အဲ့ကောင်လေးကိုအပေါင်းအသင်း မလုပ်ဖို့။သား သူ့ကိုဆက်ခင်ချင်ရင် မေမေပြောတာကိုစဉ်းစားထား "

မနက်ခင်း အဆာပြေစားနေသော စားပွဲဝိုင်းလေးမှ ကျွန်မထလာခဲ့သည်။ကျွန်မသားလေးကို အဲ့ကောင်လေးနဲ့အပေါင်းအသင်းမလုပ်စေချင်။ငယ်ငယ်ကတည်းက ပုံသွင်းခဲ့သလို နေခဲ့သော သားလေးဟာ အခုဆိုလျှင် ကျွန်မကို ဂလန့်ဂဆန်လုပ်ချင်နေသည်။တစ်သက်နှင့်တစ်ကိုယ် တစ်ခါမှ မကြားဖူးခဲ့သော ရန်ပွဲဆိုတဲ့ထဲ သားလေးကပါဝင်ခဲ့သည်တဲ့လေ။10တန်းကျောင်းသားဖြစ်တဲ့ သားကို နည်းနည်းလေးမှအတိမ်းအစောင်းမခံနိုင်တဲ့စိတ်ကြောင့် သားနဲ့အပေးအယူတစ်ခုလုပ်ခဲ့ရသည်။
......................................................................

ကောင်လေးက မေမေပြောသလောက်ကြီးမဆိုးပါဘူး။မဟုတ်သေးဘူး သူက ဆိုးကိုမဆိုးတာ။သူ့အကြောင်းရေရေရာရာမသိပဲ ဘာလို့ခါးခါးသီးသီးဖြစ်နေလဲ ကျွန်တော်စဉ်းစားလို့မရဘူး။သူ့ကို မေမေ မြင်ဖူးသည်မှာ တစ်ကြိမ်သာရှိသေးသည်။2နှစ်တာအတွင်း သူသည်လဲ ကျွန်တော့်အိမ်လိုက်မလည်ဖူးသလို ကျွန်တော်လဲ မခေါ်ဖူးပေ။အိမ်မက်ထဲထိ ဝင်ဝင်နှောင့်ယှက်တတ်သော အနှီးကောင်လေးကြောင့် မေမေတောင်းထားတဲ့ ကတိကို ပေးရန် ဆုံးဖြတ်မိလိုက်သည်။

မြတ်နိုးခြင်း အဓိပ္ပါယ်(Zg+Uni)Nơi câu chuyện tồn tại. Hãy khám phá bây giờ