နဂါးမင္းသားေလး ခ်စ္ျမတ္ႏိုးရေ...

Door SmileSmile553

71.2K 6.7K 465

လီ႐ွစ္ယင္တစ္ေယာက္ သူမဖတ္ေနေသာဝတၳဳထဲက အေစခံမေလးရဲ႕ခႏၶာကိုယ္ထဲ ဝိဥာဏ္ကူးေျပာင္းသြားခဲ့ၿပီးေနာက္ ထိုကမာၻထဲက နဂါး... Meer

ဝိဥာဏ္ကူးေျပာင္းျခင္း(၁)
ဝိဥာဏ္ကူးေျပာင္းျခင္း(၂)
ဘာလို႔ အေစခံလဲ
ဒီကမာၻရဲ႕မွတ္ဥာဏ္မ်ား
ဆႏၵတစ္ခု
ထိေတြ႔ခ်င္လား
သာယာမႈ
အထိေတြ႔
ဒ႑ာရီသားေကာင္၏ အေငြ႕အသက္မ်ား
ဖ်ားနာျခင္း
နဂါးအေငြ႔သက္မ်ား
အႏၱရာယ္မ်ားေသာ အခ်ိန္ခါ
နဂါးတိုင္းျပည္
မယ္ေတာ္၏သတိေပးစကား
ေဆြးေႏြးတိုင္ပင္ျခင္း
ေဆြေႏြးတိုင္ပင္ျခင္း(၂)
ေဖာ္ေရြမႈကင္းေသာအမ်ိဳးသား
အိပ္မေပ်ာ္ေသာည
အျပံဳး၏ေနာက္ကြယ္
နန္းရင္ျပင္
အင္ပါယာမင္းႏွင့္ေတြ႔ဆံုျခင္း
ျပင္ဆင္ျခင္း၊ ခရီးစတင္ျခင္း
သူမကိုရှာဖွေခြင်း
ပျောက်ဆုံးနေသောတွေ့ဆုံမှု
ဒုတိယအနမ်း
စိတ်မချမ်းမြေ့ဖွယ်ရာ ရေချိုးခြင်း
အတူတူအိပ်စက်ခြင်း
စောစောထွက်ခွာခြင်း
ကျန်းမာရေး
တောနက်ထဲတွင် စုရုံးခြင်း
တောနက်ထဲတွင် စုရုံးခြင်း (၂)

ကံတရားအရ ေတြ႔ဆံုမႈ

2.5K 254 7
Door SmileSmile553

ထားပါေတာ့ ... ေလာေလာဆယ္ အႏၱရာယ္မ်ားတဲ့ ဒီေတာႀကီးထဲကေန အရင္ဆံုးထြက္မွပဲ၊ ဒီကေနလြတ္ျပန္ေတာ့ သူမေ႐ွ႕ေလ်ာက္ ဘယ္လိုအသက္ဆက္႐ွင္ရမလဲ။

" ေမာင္ေမာင္ ... ငါစဥ္းစားလို႔ၿပီးၿပီ "

႐ွစ္ယင္ သူမရဲ႕ခႏၶာကိုယ္အက်ိဳးကို ထိန္းကာမတ္တပ္ရပ္လိုက္ၿပီး ေမာင္ေမာင္ကိုပါ မတ္တပ္ရပ္ဖို႔ လႈံ႔ေဆာ္လိုက္၏။

" ဟမ္ ... အင္း "

ထိုစကားကိုေျပာၿပီးေနာက္တြင္ ေမာင္ေမာင္ရဲ႕ဗိုက္ေလးက ဆႏၵျပပါေတာ့၏။

" ဂီြ!!!! "

ထို႔ေနာက္ ေမာင္ေမာင္ရဲ႕ပါးမို႔ေလးေတြ ရဲတက္လာကာ ႐ွက္ရမ္းရမ္းၿပီး သူ႔ဗိုက္ကိုသူ ျပန္ပိုက္ထားေလသည္။

ထိုကဲ့သို႔ေသာ ေမာင္ေမာင္ရဲ႕ခ်စ္စဖြယ္ အမူယာေလးကိုျမင္ၿပီးတဲ့ ေနာက္မွာေတာ့ ႐ွစ္ယင္သေဘာက်ကာ မရယ္ဘဲမေနႏိုင္ေပ။

" မင္းဗိုက္ဆာေနတာဆိုေတာ့ ငါတို႔ျမစ္ကိုအရင္သြားၾကတာေပါ့၊ မင္းက ငါးဖမ္း၊ ငါက ေရခ်ိဳးမယ္ "

႐ွစ္ယင္က ေမာင္ေမာင္ရဲ႕ေနာက္ေက်ာကို ပုတ္ကာ ပုခံုးထက္မွီလိုက္ၿပီး ၿငိမ္ေနလိုက္သည္။ ခုေနခ်ိန္ သူမအေျခေနက ကိုယ္တိုင္အားယူၿပီး လမ္းေလွ်ာက္ႏိုင္သည့္ အေျခေနမဟုတ္ေပ။

ေမာင္ေမာင္က စပ္ျဖဲျဖဲျပံဳးကာ သူရဲ႕လက္ျဖင့္ ႐ွစ္ယင္ရဲ႕ခႏၶာကိုယ္ကို က်ယ္ျပန္႔ေသာပုခံုးထက္ ေပြ႔တင္လိုက္၏။ ႐ွစ္ယင္က ပုခံုးမွေလွ်ာမက်ေအာင္ ေမာင္ေမာင္ရဲ႕လည္ပင္းအား ဖက္ထားလိုက္သည္။

႐ွစ္ယင္လံုျခံဳ စိတ္ခ်ရတဲ့အေျခေနကို ေရာက္မွ ေမာင္ေမာင္က မတ္တပ္ရပ္ကာ ခပ္ေျဖးေျဖးျဖင့္ ျမစ္ဘက္ကို ေလွ်ာက္လာလိုက္သည္။

ဆယ္မိနစ္ခန္႔ၾကာေသာ္

ေမာင္ေမာင္က ႐ွစ္ယင္ကို ထိုေနရာႏွင့္အနီးဆံုး ျမစ္ကိုေခၚေဆာင္လာခဲ့သည္။ ထိုျမစ္က ၾကည္လင္ေနကာ အရမ္းကိုမွ လွပလြန္း၏။ ငါးေသးေသးေလးေတြ ေပ်ာ္ရႊင္စြာ ေရကူးေနတာကိုေတာင္ ျမင္ေနရသည္။ ႐ွစ္ယင္က ခပ္ျမန္ျမန္ပဲ တစ္ေယာက္တည္း ေအးေဆးေရခ်ိဳးလို႔ရမည့္ေနရာကို ႐ွာေဖြလိုက္သည္။ သိပ္မၾကာပါ ေက်ာက္တံုးမည္းမည္းႀကီးေနာက္မွာ သူမေအးေဆးေရခ်ိဳးလို႔ရတာကို သတိျပဳမိသြားသည္။ ႐ွစ္ယင္က ေမာင္ေမာင္ကို သူစားဖို႔တြက္ႏွင့္ သူမအတြက္ပါ ငါးဖမ္းဖို႔ေျပာလိုက္၏။ သူမလည္း အရမ္းဗိုက္ဆာေနၿပီေလ။

ထို႔ေနာက္တြင္ေတာ့ ထိုေက်ာက္တံုးႀကီးေနာက္သို႔ ခပ္ေျဖးေျဖးေလး သူမေလွ်ာက္သြားလိုက္သည္။ သူမထိုေနရာကိုေရာက္ၿပီး ေရထဲဆင္းကာနီးတြင္ ျမက္ခင္းျပင္၌ တစ္စံုတစ္ခုလဲေနတာကို သတိထားမိသြား၏။

လူနဲ႔တူသလိုလိုပဲ ...၊

ထိုအမ်ိဳးသားပံုစံက ေတာ္ေတာ္ေလးကို နာက်င္ေနပံုပဲ။ ဒါေပမဲ့ သူ႔ခႏၶာကိုယ္မွာ ဒဏ္ရာရထားတာမ်ဳိးလည္း မေတြ႔၊ အတြင္းဒဏ္ရာရထားတာမ်ားလား။

သူမ ထိုလူနားေလွ်ာက္သြားလိုက္ေတာ့ ထိုလူက အနက္ေရာင္ဝတ္စံုႀကီးေပၚ ေရႊမွ်င္မ်ားျဖင့္ပံုေဖာ္ထားေသာ တ႐ုတ္ရိုးရာအက်ႌကို ဝတ္ဆင္ထား၏။ ၿပီးေတာ့ သူ႔ရဲ႕ အစိမ္းေရာင္ဆံပင္ေတြၾကား ေရႊေရာင္ဆံျခည္မွ်င္တို႔က ေရာေႏွာေနျပန္ေသးသည္။ သူ႔ရဲ႕မ်က္ႏွာက ျမက္ခင္းေပၚ ေမွာက္က်ေနေလေတာ့ ခုခ်ိန္ထိ သူရဲ႕မ်က္ႏွာကိုေတာ့ မျမင္ရေသးေပ။

ထိုအမ်ိဳးသားက သူ႔ရဲ႕ရင္ဘတ္ကအဝတ္စကို ခပ္တင္းတင္းဆုပ္ကိုင္ထားေလသည္။ သူ႔ရဲ႕မ်က္ႏွာက အနီဘက္ကိုသန္းေနကာ ေခြၽးသီးေခြၽးေပါက္မ်ားလည္း က်ေန၏။

သူ႔ပံုစံက အေတာ္ေလးကို အေျခေနဆိုးေနပံုရတာေၾကာင့္ နံေဘးတြင္ သူမအသာထိုင္ခ်လိုက္ၿပီး သူ႔ရဲ႕ပါးကို လက္ျဖင့္အုပ္ကိုင္လိုက္သည္။

သူ႔ခႏၶာကိုယ္က တအားပူေနပါလား၊ ေတာ္ေတာ္အေျခေနဆိုးေနၿပီပဲ။

သနားေနလို႔မျဖစ္။ သူ႔ရဲ႕အေျခေနကို မသိခင္ကေတာ့ သူမက သူ႔ကို ဒီတိုင္းႏိုးဖို႔လာခဲ့တာ။ သူမက ဆရာဝန္လည္းမဟုတ္။ ဒါေပမဲ့လည္း သူ႔ရဲ႕နဖူးေပၚ ေရစိုအဝတ္တင္ေပးၿပီး အပူက်ေအာင္ေတာ့ လုပ္ေပးႏိုင္တာပဲ။

႐ွစ္ယင္ ထိုအမ်ိဳးသားရဲ႕ပုခံုးကို ပုတ္လိုက္ေတာ့ ညည္းညဴ သံတစ္ခ်ိဳ႕ ထြက္ေပၚလာ၏။ လီ႐ွစ္ယင္စိတ္မ႐ွည္ေတာ့ဘဲ ထိုလူပုခံုးအား ခပ္ဆတ္ဆတ္ ေလးပုတ္လိုက္၏။

႐ွစ္ယင္ ထိုသူအားပုခံုးပုတ္ေနစဥ္ မထင္မွတ္ထားဘဲ ထိုသူက သူမရဲ႕လက္ေကာက္ဝတ္ကို ဖမ္းကိုင္ကာ အခ်ိန္ခဏေလးတြင္းမွာ သူမကသူ႔ခႏၶာကိုယ္ေအာက္ က်ဆင္းသြားရသည္။

ေသာက္ပလုတ္တုတ္!!

ထိုအမ်ိဳးသားက သူမရဲ႕လက္နွစ္ဖက္ကို သူမဦးေခါင္းထက္တြန္းတင္၍ ဖမ္းကိုင္ထားေလ၏။ ႐ွစ္ယင္အံ့ဩသြားရကာ ႏႈတ္မွလည္း ေတာင္းပန္တိုးလွိ်ဳး၍ သူမအားခ်ဳပ္ေႏွာင္ထားမႈမွ လြတ္ေအာင္႐ုန္းကန္လ်က္႐ွိသည္။

" သြားၿပီ ... ကြၽန္မကို အသက္ခ်မ္းသာေပးပါ၊ ကြၽန္မ႐ွင့္ကိုကူညီဖို႔လာတာေလ "

ဘယ္ေလာက္ပဲ သူမႀကိဳးစား႐ုန္းကန္ပါေစ ထိုသူ၏ခ်ဳပ္ေႏွာင္ထားမႈမွ မလြတ္ေျမာက္ေခ်။ ထိုအမ်ိဳးသားက သူမရဲ႕လက္ေကာက္ဝတ္ကို ပိုတိုးလို႔ဆုပ္ကိုင္လာတာေၾကာင့္ နာက်င္မႈက ပိုတိုးလို႔ပင္လာ၏။

ထိုအခ်ိန္မွာပဲ သူမေပၚမွ အမိ်ဳးသား၏ပံုပန္းသ႑ာန္ကို ျမင္ေတြ႔လိုက္ရသည္။ သူ႔ရဲ႕မ်က္ႏွာျဖဴ ျဖဴ ေဖြးေဖြးက တျဖည္းျဖည္းအနီဘက္သန္းလာကာ ခက္ခက္ခဲခဲနဲ႔ အသက္႐ႈေနရေလသည္။ ရီေဝေနေသာ သူ႔ရဲ႕မ်က္ဝန္းေတြကတစ္ဆင့္ သူဟာလူေကာင္းတစ္ေယာက္မွန္းလည္း သိႏိုင္သည္။ သူနာက်င္ခံစားေနရေသာ ခံစားမႈတို႔ကိုၿမိဳသိပ္လိုက္ကာ သူ႔ရဲ႕မ်က္ဝန္းေတြက မည္းေမွာင္လာ၏။

ဒါက ... ဘယ္လိုေတြေတာင္ လွလိုက္တဲ့မ်က္ဝန္းေတြလဲ၊

တစ္ခဏေလးအတြင္းတြင္ ႐ွစ္ယင္ထိုကဲ့သို႔ ေတြးမိ၏။ သူရဲ႕မ်က္လံုးေတြက အမ်ားႏွင့္မတူ ေရႊေရာင္ျဖစ္ေန၏။ သူရဲ႕မ်က္လံုးေတြက အရမ္းကိုဆြဲေဆာင္မႈ႐ွိကာ သူမကိုေျဖးေျဖးခ်င္း ယစ္မႈးသြားေစသည္။ သူ႔ရဲ႕မ်က္ဝန္းေတြက အရမ္းကိုနက္႐ႈိင္းလြန္းကာ ထိုလူ၏စိတ္တြင္း ဘာ႐ွိေနသည္ကို မွန္းရခက္၏။

သူမခႏၶာကိုယ္တစ္ခုလံုးကို ထိုမ်က္ဝန္းေတြက စုပ္ယူသြားသလို ခံစားရသည္။ စူး႐ွတဲ့သူ႔ရဲ႕မ်က္ဝန္းေတြက ထက္ျမက္ၿပီး ေအးစက္ဟန္႐ွိပံုရသည္။

ဘယ္ ... ဘယ္လိုမ်က္ဝန္းမ်ိဳးပါလိမ့္၊ ထိတ္လန္႔မႈကို ခံစားေနေစရေပမယ့္ အဲ့ဒီမ်က္ဝန္းေတြက တကယ္ကို ဆြဲေဆာင္မႈ႐ွိေနတယ္။

ထိုလူရဲ႕ဥပဓိ႐ုပ္က အရမ္းကိုၾကည့္ေကာင္းတယ္၊ ေမ႐ိုးသြယ္သြယ္၊ ေတာက္ပတဲ့မ်က္ဝန္း၊ ဆြဲေဆာင္မႈ႐ွိတဲ့ႏႈတ္ခမ္း၊ ႏွာတံစင္းစင္း၊ မ်က္ခံုးထူထူ၊ ထိုအရာအားလံုးက သူမဘဝတစ္ေလွ်ာက္ ျမင္ေတြ႔ဖူးခဲ့တဲ့ေယာက္်ားသားေတြ အားလံုးထက္ကိုသာလြန္ကာ သူမေ႐ွ႕မွအမ်ိဳးသားက ေခ်ာေမာခန္႔ညားေနသည္။ သူမအႀကိဳက္ဆံုး ခ်ိဳက္႐ႈခြန္းေတာင္ ဒီအမ်ိဳးသားေလာက္ၾကည့္ေကာင္းမွာ မဟုတ္ေခ် ။

လီ႐ွစ္ယင္က ေရႊေရာင္မ်က္ဝန္းေတြရဲ႕ ဆြဲငင္အားမွာ က်႐ႈံးေနခ်ိန္တြင္ ထိုအမ်ိဳးသားကလည္း သူ႔ရဲ႕ဆင္ျခင္တံုတရားကို ထိန္းခ်ဳပ္ေနရေလသည္။

ခ်စ္ေသာ💕💕
Coral

---------------------------------------

ထားပါတော့ ... လောလောဆယ် အန္တရာယ်များတဲ့ ဒီတောကြီးထဲကနေ အရင်ဆုံးထွက်မှပဲ၊ ဒီကနေလွတ်ပြန်တော့ သူမရှေ့လျောက် ဘယ်လိုအသက်ဆက်ရှင်ရမလဲ။

" မောင်မောင် ... ငါစဉ်းစားလို့ပြီးပြီ "

ရှစ်ယင် သူမရဲ့ခန္ဓာကိုယ်အကျိုးကို ထိန်းကာမတ်တပ်ရပ်လိုက်ပြီး မောင်မောင်ကိုပါ မတ်တပ်ရပ်ဖို့ လှုံ့ဆော်လိုက်၏။

" ဟမ် ... အင်း "

ထိုစကားကိုပြောပြီးနောက်တွင် မောင်မောင်ရဲ့ဗိုက်လေးက ဆန္ဒပြပါတော့၏။

" ဂွီ!!!! "

ထို့နောက် မောင်မောင်ရဲ့ပါးမို့လေးတွေ ရဲတက်လာကာ ရှက်ရမ်းရမ်းပြီး သူ့ဗိုက်ကိုသူ ပြန်ပိုက်ထားလေသည်။

ထိုကဲ့သို့သော မောင်မောင်ရဲ့ချစ်စဖွယ် အမူယာလေးကိုမြင်ပြီးတဲ့ နောက်မှာတော့ ရှစ်ယင်သဘောကျကာ မရယ်ဘဲမနေနိုင်ပေ။

" မင်းဗိုက်ဆာနေတာဆိုတော့ ငါတို့မြစ်ကိုအရင်သွားကြတာပေါ့၊ မင်းက ငါးဖမ်း၊ ငါက ရေချိုးမယ် "

ရှစ်ယင်က မောင်မောင်ရဲ့နောက်ကျောကို ပုတ်ကာ ပုခုံးထက်မှီလိုက်ပြီး ငြိမ်နေလိုက်သည်။ ခုနေချိန် သူမအခြေနေက ကိုယ်တိုင်အားယူပြီး လမ်းလျှောက်နိုင်သည့် အခြေနေမဟုတ်ပေ။

မောင်မောင်က စပ်ဖြဲဖြဲပြုံးကာ သူရဲ့လက်ဖြင့် ရှစ်ယင်ရဲ့ခန္ဓာကိုယ်ကို ကျယ်ပြန့်သောပုခုံးထက် ပွေ့တင်လိုက်၏။ ရှစ်ယင်က ပုခုံးမှလျှောမကျအောင် မောင်မောင်ရဲ့လည်ပင်းအား ဖက်ထားလိုက်သည်။

ရှစ်ယင်လုံခြုံ စိတ်ချရတဲ့အခြေနေကို ရောက်မှ မောင်မောင်က မတ်တပ်ရပ်ကာ ခပ်ဖြေးဖြေးဖြင့် မြစ်ဘက်ကို လျှောက်လာလိုက်သည်။

ဆယ်မိနစ်ခန့်ကြာသော်

မောင်မောင်က ရှစ်ယင်ကို ထိုနေရာနှင့်အနီးဆုံး မြစ်ကိုခေါ်ဆောင်လာခဲ့သည်။ ထိုမြစ်က ကြည်လင်နေကာ အရမ်းကိုမှ လှပလွန်း၏။ ငါးသေးသေးလေးတွေ ပျော်ရွှင်စွာ ရေကူးနေတာကိုတောင် မြင်နေရသည်။ ရှစ်ယင်က ခပ်မြန်မြန်ပဲ တစ်ယောက်တည်း အေးဆေးရေချိုးလို့ရမည့်နေရာကို ရှာဖွေလိုက်သည်။ သိပ်မကြာပါ ကျောက်တုံးမည်းမည်းကြီးနောက်မှာ သူမအေးဆေးရေချိုးလို့ရတာကို သတိပြုမိသွားသည်။ ရှစ်ယင်က မောင်မောင်ကို သူစားဖို့တွက်နှင့် သူမအတွက်ပါ ငါးဖမ်းဖို့ပြောလိုက်၏။ သူမလည်း အရမ်းဗိုက်ဆာနေပြီလေ။

ထို့နောက်တွင်တော့ ထိုကျောက်တုံးကြီးနောက်သို့ ခပ်ဖြေးဖြေးလေး သူမလျှောက်သွားလိုက်သည်။ သူမထိုနေရာကိုရောက်ပြီး ရေထဲဆင်းကာနီးတွင် မြက်ခင်းပြင်၌ တစ်စုံတစ်ခုလဲနေတာကို သတိထားမိသွား၏။

လူနဲ့တူသလိုလိုပဲ ...၊

ထိုအမျိုးသားပုံစံက တော်တော်လေးကို နာကျင်နေပုံပဲ။ ဒါပေမဲ့ သူ့ခန္ဓာကိုယ်မှာ ဒဏ်ရာရထားတာမျိုးလည်း မတွေ့၊ အတွင်းဒဏ်ရာရထားတာများလား။

သူမ ထိုလူနားလျှောက်သွားလိုက်တော့ ထိုလူက အနက်ရောင်ဝတ်စုံကြီးပေါ် ရွှေမျှင်များဖြင့်ပုံဖော်ထားသော တရုတ်ရိုးရာအကျႌကို ဝတ်ဆင်ထား၏။ ပြီးတော့ သူ့ရဲ့ အစိမ်းရောင်ဆံပင်တွေကြား ရွှေရောင်ဆံခြည်မျှင်တို့က ရောနှောနေပြန်သေးသည်။ သူ့ရဲ့မျက်နှာက မြက်ခင်းပေါ် မှောက်ကျနေလေတော့ ခုချိန်ထိ သူရဲ့မျက်နှာကိုတော့ မမြင်ရသေးပေ။

ထိုအမျိုးသားက သူ့ရဲ့ရင်ဘတ်ကအဝတ်စကို ခပ်တင်းတင်းဆုပ်ကိုင်ထားလေသည်။ သူ့ရဲ့မျက်နှာက အနီဘက်ကိုသန်းနေကာ ချွေးသီးချွေးပေါက်များလည်း ကျနေ၏။

သူ့ပုံစံက အတော်လေးကို အခြေနေဆိုးနေပုံရတာကြောင့် နံဘေးတွင် သူမအသာထိုင်ချလိုက်ပြီး သူ့ရဲ့ပါးကို လက်ဖြင့်အုပ်ကိုင်လိုက်သည်။

သူ့ခန္ဓာကိုယ်က တအားပူနေပါလား၊ တော်တော်အခြေနေဆိုးနေပြီပဲ။

သနားနေလို့မဖြစ်။ သူ့ရဲ့အခြေနေကို မသိခင်ကတော့ သူမက သူ့ကို ဒီတိုင်းနိုးဖို့လာခဲ့တာ။ သူမက ဆရာဝန်လည်းမဟုတ်။ ဒါပေမဲ့လည်း သူ့ရဲ့နဖူးပေါ် ရေစိုအဝတ်တင်ပေးပြီး အပူကျအောင်တော့ လုပ်ပေးနိုင်တာပဲ။

ရှစ်ယင် ထိုအမျိုးသားရဲ့ပုခုံးကို ပုတ်လိုက်တော့ ညည်းညူ သံတစ်ချို့ ထွက်ပေါ်လာ၏။ လီရှစ်ယင်စိတ်မရှည်တော့ဘဲ ထိုလူပုခုံးအား ခပ်ဆတ်ဆတ် လေးပုတ်လိုက်၏။

ရှစ်ယင် ထိုသူအားပုခုံးပုတ်နေစဉ် မထင်မှတ်ထားဘဲ ထိုသူက သူမရဲ့လက်ကောက်ဝတ်ကို ဖမ်းကိုင်ကာ အချိန်ခဏလေးတွင်းမှာ သူမကသူ့ခန္ဓာကိုယ်အောက် ကျဆင်းသွားရသည်။

သောက်ပလုတ်တုတ်!!

ထိုအမျိုးသားက သူမရဲ့လက်နှစ်ဖက်ကို သူမဦးခေါင်းထက်တွန်းတင်၍ ဖမ်းကိုင်ထားလေ၏။ ရှစ်ယင်အံ့ဩသွားရကာ နှုတ်မှလည်း တောင်းပန်တိုးလှိျုး၍ သူမအားချုပ်နှောင်ထားမှုမှ လွတ်အောင်ရုန်းကန်လျက်ရှိသည်။

" သွားပြီ ... ကျွန်မကို အသက်ချမ်းသာပေးပါ၊ ကျွန်မရှင့်ကိုကူညီဖို့လာတာလေ "

ဘယ်လောက်ပဲ သူမကြိုးစားရုန်းကန်ပါစေ ထိုသူ၏ချုပ်နှောင်ထားမှုမှ မလွတ်မြောက်ချေ။ ထိုအမျိုးသားက သူမရဲ့လက်ကောက်ဝတ်ကို ပိုတိုးလို့ဆုပ်ကိုင်လာတာကြောင့် နာကျင်မှုက ပိုတိုးလို့ပင်လာ၏။

ထိုအချိန်မှာပဲ သူမပေါ်မှ အမိျုးသား၏ပုံပန်းသဏ္႑ာန်ကို မြင်တွေ့လိုက်ရသည်။ သူ့ရဲ့မျက်နှာဖြူ ဖြူ ဖွေးဖွေးက တဖြည်းဖြည်းအနီဘက်သန်းလာကာ ခက်ခက်ခဲခဲနဲ့ အသက်ရှုနေရလေသည်။ ရီဝေနေသော သူ့ရဲ့မျက်ဝန်းတွေကတစ်ဆင့် သူဟာလူကောင်းတစ်ယောက်မှန်းလည်း သိနိုင်သည်။ သူနာကျင်ခံစားနေရသော ခံစားမှုတို့ကိုမြိုသိပ်လိုက်ကာ သူ့ရဲ့မျက်ဝန်းတွေက မည်းမှောင်လာ၏။

ဒါက ... ဘယ်လိုတွေတောင် လှလိုက်တဲ့မျက်ဝန်းတွေလဲ၊

တစ်ခဏလေးအတွင်းတွင် ရှစ်ယင်ထိုကဲ့သို့ တွေးမိ၏။ သူရဲ့မျက်လုံးတွေက အများနှင့်မတူ ရွှေရောင်ဖြစ်နေ၏။ သူရဲ့မျက်လုံးတွေက အရမ်းကိုဆွဲဆောင်မှုရှိကာ သူမကိုဖြေးဖြေးချင်း ယစ်မှုးသွားစေသည်။ သူ့ရဲ့မျက်ဝန်းတွေက အရမ်းကိုနက်ရှိုင်းလွန်းကာ ထိုလူ၏စိတ်တွင်း ဘာရှိနေသည်ကို မှန်းရခက်၏။

သူမခန္ဓာကိုယ်တစ်ခုလုံးကို ထိုမျက်ဝန်းတွေက စုပ်ယူသွားသလို ခံစားရသည်။ စူးရှတဲ့သူ့ရဲ့မျက်ဝန်းတွေက ထက်မြက်ပြီး အေးစက်ဟန်ရှိပုံရသည်။

ဘယ် ... ဘယ်လိုမျက်ဝန်းမျိုးပါလိမ့်၊ ထိတ်လန့်မှုကို ခံစားနေစေရပေမယ့် အဲ့ဒီမျက်ဝန်းတွေက တကယ်ကို ဆွဲဆောင်မှုရှိနေတယ်။

ထိုလူရဲ့ဥပဓိရုပ်က အရမ်းကိုကြည့်ကောင်းတယ်၊ မေရိုးသွယ်သွယ်၊ တောက်ပတဲ့မျက်ဝန်း၊ ဆွဲဆောင်မှုရှိတဲ့နှုတ်ခမ်း၊ နှာတံစင်းစင်း၊ မျက်ခုံးထူထူ၊ ထိုအရာအားလုံးက သူမဘဝတစ်လျှောက် မြင်တွေ့ဖူးခဲ့တဲ့ယောက်ျားသားတွေ အားလုံးထက်ကိုသာလွန်ကာ သူမရှေ့မှအမျိုးသားက ချောမောခန့်ညားနေသည်။ သူမအကြိုက်ဆုံး ချိုက်ရှုခွန်းတောင် ဒီအမျိုးသားလောက်ကြည့်ကောင်းမှာ မဟုတ်ချေ ။

လီရှစ်ယင်က ရွှေရောင်မျက်ဝန်းတွေရဲ့ ဆွဲငင်အားမှာ ကျရှုံးနေချိန်တွင် ထိုအမျိုးသားကလည်း သူ့ရဲ့ဆင်ခြင်တုံတရားကို ထိန်းချုပ်နေရလေသည်။

ချစ်သော💕💕
Coral

Ga verder met lezen

Dit interesseert je vast

1.8M 275K 82
Type - Web Novel (CN) Title - Tyrant Pampering Wife Diary (暴君宠婚日常) Author - To Know One Thousand In A Day /Yī rì zhī qiān/ (一日知千) Genre - Comedy, Rom...
48.2K 4.8K 50
ဘာသာပြန်သူ စွဲညို့အသင်း
564K 65.7K 186
Divine doctor : Daughter of the first wife [ မြန်မာ ဘာသာပြန် ] Author : 杨十六 (Yang Shi Liu) English Translator : Spring Rain Translations Group Discla...
1.9M 336K 200
I Became A Virtuous Wife And Loving Mother In Another Cultivation World Original Title - 贤妻良母 (xiánqī-liángmǔ) Original Author - 金元宝 (jīn yuánbǎo) En...