Daddy Min[M.Y.Gร—P.J.M]โœ”

By Paing7

156K 13.9K 1.6K

๐—ง๐—ผ๐—ฝ-๐— ๐—ถ๐—ป ๐—ฌ๐—ผ๐—ผ๐—ป๐—ด๐—ถ ๐—•๐—ผ๐˜๐˜๐—ผ๐—บ-๐—ฃ๐—ฎ๐—ฟ๐—ธ ๐—๐—ถ๐—บ๐—ถ๐—ป More

1
3
4
5
6
7
8
9
10
11
12
13
14
15
16
17(Final)

2

10.5K 996 93
By Paing7

(Zawgyi)





"ဟုတ်ကဲ့ အန်တီ"



"ရပါတယ်အန်တီ"
















"Ji...jimin"

"..........."

"Jimin!"

"ဟင် ဗျာ....ဗျာ"



"အင်းပါ Ommaကလည်း"




"ကောင်းပြီး သားYoongi"

~~~~~~~~~~~~~~~~~~~~






Ygစိတ်ထဲတွင်တော့

~~~~~~~~~~~~~~~~~~~~





"ဘာပြောလိုက်တယ်?"





"ကြိုက်တဲ့အခန်းမှာနေ"

"ဘာ ခင်များ!ရူးနေလား"



"ပြီးရော"

~~~~~~~~~~~~~~~~~~~~




သူ့အနားသွားလိုက်ကာ



"ဗျာ! "










"Ji..Jimin"






"Jimin...Jimin..."



"Jimin...jimin"





"တကယ်လားဟင်?"



"ဟီး....Nae Hyung"


~~~~~~~~~~~~~~~~~~~~~

TBC>>>>>>>>
















(Unicode)

ခပ်ဖွဲဖွဲကျနေသော မိုးစက်လေးများကို လျစ်လျူရှုကာ အိမ်မှကားမောင်းထွက်လာခဲ့သည်။
Appaမိတ်ဆွေတစ်ယောက်၏သားကို အိမ်တွင် ခေါ်ထားရမည်ဟူသောအမိန့်ကြောင့် ထိုကောင်လေးအိမ်သို့သွားနေခြင်းသာ။ ငယ်ငယ်က ထိုအိမ်သို့သွားဖူးသော်ငြား ထိုအိမ်ကကောင်လေးနဲ့သူတစ်ခါမျှ မဆုံဘူးသေး။

ကြားရသလောက်တော့ ထိုကောင်လေးမှာ အနည်းငယ်ဂျစ်ကန်ကန်နိုင်တာကြောင့် သူ့ဆီ ယာယီပို့ထားခြင်းဖြစ်သည်ဟု Appaကပြောထားသည်။

ခြံရှေ့ကားကိုရပ်ကာ အိမ်ခန်းထဲဝင်သွားတော့ ဧည့်ခန်းထဲမှာထိုင်နေတဲ့ အန်တီနဲ့ အန်ကယ်

"Aww သား Yoongiရောက်လာ​ပြီးလား လာ..လာထိုင် "

"ဟုတ်ကဲ့ အန်တီ"
သပ်သပ်ရပ်ရပ်ရှိလှသော အိမ်ကြီးကို Yoongi ဟိုကြည့်ဒီကြည့် အကဲခတ်ကြည့်သော်လည်း အခုထိ သူနှင့်အတူနေရမည်ဆိုသော ကောင်လေးအားမတွေ့သေး

ထိုအခါ ကောင်လေး၏ အမေဖြစ်သူမှ

"သားခနစောင့်နော် ဒီကောင်လေး ဘာလို့ကြာနေလည်းမသိဘူး"

"ရပါတယ်အန်တီ"

အတန်ကြာတော့ လှေကားပေါ်မှ ဆင်းလာတဲ့ ကောင်လေး

"Jiminသားရေမြန်မြန်လာ ဒီမှာ Yoongiစောင့်နေတာကြာပြီး"

ကောင်လေးအမေရဲ့စကားအဆုံး အပေါ်ကိုမော့ကြည့်လိုက်တော့ Yoongiမျက်နှာတစ်ချက်ပျက်သွားသည်

ဒါဟိုနေ့ကသူ့ကို တိုက်မိတဲ့ ကလေးမလား ဒီအရွယ်ကြီးက ၁၈နှစ်တဲ့လား ရုပ်က မသိရင် ငါးနှစ်သားလိုလိုဘာလိုလိုနဲ့

အထုပ်တွေကိုဆွဲကာ ဆင်းလာသောကောင်လေး

"Jimin ဒါမင်းနဲ့တူတူနေရမယ့်သူ Min Yoongiတဲ့"

ကောင်လေးမှ အခုထိကျွန်တော်နှင့်အကြည့်ချင်းမဆုံသေး

ပုသေးသေးဖြစ်နေသော လက်ကလေးကိုကျွန်တော့်ရှေ့ ကမ်းလာကာ

"အာညော် ကျွန်တော်က Park Jiminပါ"

ခေါင်းငုံလျက်အနေအထားဖြင့် ကျွန်တော့်အားသူလက်ဆွဲနှုတ်ဆက်သည်။ အခုချိန်ထိ ကျွန်တော့်မျက်နှာကိုသူမတွေ့သေး ကျွန်တော်ကလည်းသူ့ထက်အရပ်မြင့်နေတာကိုး။

"Hyung နာမည်က Min yoongiပါ"

သူ့ရဲ့လက်ကို ပြန်ကိုင်လိုက်ကာ လက်ဆွဲနှုတ်ဆက်ပြီး ပြောလိုက်တော့ မျက်နှာက အနည်းငယ်ရှုံ့တွန့်နေသလိုလို

နေပါဦး ဒီအသံငါကြားဖူးပါတယ်

တလတ်စတည်းသေချာအောင် အပေါ်သို့မော့ကြည့်လိုက်တော့

ဂါး ဟိုနေ့က ငါ့မုန့်တွေပြုတ်ကျအောင်လုပ်တဲ့လူကြီး တိုက်တိုက်ဆိုင်ဆိုင် သူနဲ့နေရမှာလား။
ဘာတဲ့ "Hyung"တဲ့ ဘာHyungလည်း ရုပ်ကအဖိုးကြီးရုပ်နဲ့ ဂါး

"Ji...jimin"

"..........."

"Jimin!"

"ဟင် ဗျာ....ဗျာ"

"ဘာတွေတွေးနေတာလည်း Hyungတို့သွားရအောင်လေ"

"သားရေ ကောင်းကောင်းနေနော် မဆိုးနဲ့ကြားလား Ommaစိတ်ချမယ်"

"အင်းပါ Ommaကလည်း"

"Jiminမင်း အချိုးတွေပြင်နော်"

"အင်းပါ Appaကလည်း ဒါဘဲပြောနေတယ်"

"ဒါတို့ ကျွန်တော်တို့ သွားလိုက်ပါအုံးမယ် အန်တီနဲ့ အန်ကယ်"

"ကောင်းပြီး သားYoongi"

~~~~~~~~~~~~~~~~~~~~

ကားတွင် အထုတ်တွေတင်ပြီးတော့ ကားနောက်ခန်းတွင် အကျော့သားဝင်ထိုင်သော Jimin ကြောင့် Yoongiမှ

"Jimin အရှေ့မှာလာထိုင် ငါမင်းရဲ့driverမဟုတ်ဘူး"

"ကျွန်တော့်ဘာသာ ဘယ်မှာထိုင်ထိုင်ပေါ့"

"ကျစ် မင်းအရှေ့မှာကိုယ့်ဘာသာလာထိုင်မလား ဒါမှမဟုတ်ငါ မင်းကို ဆွဲခေါ်လာရမလား"

"ဘာ! ခင်များ..ပြီးရောဗျာ ထိုင်မယ်"

ကားအရှေ့နေရာတွင် မျက်နှာရှစ်ခေါက်ချိုးနှင့်လာထိုင်သော ကောင်လေးကြောင့်
Ygစိတ်ထဲတွင်တော့

*ဒီကောင်လေးကိုတော့ ငါဘယ်လိုထိန်းရပါ့*
~~~~~~~~~~~~~~~~~~~~

Yoongiအိမ်သို့ရောက်တော့ဘJiminကားထဲမှ အထုတ်အပိုးတွေကို မကာ

"ဒီမှာ..ဒီမှာ.ခင်များ ကျွန်တော့်ကို ဝိုင်းသယ်ပေးဖို့စိတ်ကူးမရှိဘူးလား"

"ငါ့ပစ္စည်းမှ မဟုတ်တာ မင်းဘာသာမင်းသယ်ပေါ့ ပြီးတော့ငါကမင်းခိုင်းဖော်ခိုင်းဖက်လည်းမဟုတ်ဘူး"

"ကျစ် စိတ်ပုတ်တဲ့ အဖိုးကြီး"

"ဘာပြောလိုက်တယ်?"

"ဟမ် ဟိုဟာ...ဘာမှမပြောဘူး"

Yoongiကကားသော့လေးကိုင်ကာ အိမ်ထဲ ကျော့ကျော့လေးဝင်သွားသည်မို့ အနောက်
တွင်ကျန်ခဲ့သော Jiminတစ်ယောက် Yoongiကိုမေတ္တာတွေပို့နေတော့သည်။

အိမ်ခန်းထဲကိုပစ္စည်းတွေသယ်ပြီးတော့

"ဒီမှာ ဒီမှာ ကျွန်တော်က ဘယ်အခန်းမှာနေရမှာလဲ?"

"ကြိုက်တဲ့အခန်းမှာနေ"

"ဘာ ခင်များ!ရူးနေလား"

တစ်ဆိတ် ဒီကလေး ကျွန်တော့်ကို တလမ်းလုံးခင်များ ခင်များနဲ့ အကြီးကိုများ လူကလက်တောက်လောက်နဲ့ စွာတာကလည်း လွန်ရော

"Hey..hey ဒီမှာ.ငါမင်းထက်ကြီးတယ် ငါ့ကိုHyungလို့ခေါ် ငါ့အိမ်မှာနေပြီးတော့ ယဉ်ယဉ်ကျေးကျေးတော့ရှိသင့်တယ်ထင်တယ်
ပြီးတော့မင်းနေရမယ့် အခန်းက အပေါ်ထပ်ထောင့်နားက ငါ့အခန်းဘေးမှာ"

"ပြီးရော"

~~~~~~~~~~~~~~~~~~~~

ညနေစောင်းရောက်တော့ Jiminတို့ဗိုက်က ဆန္ဒပြလာသည်မို့မနေနိုင်ဘဲ အခန်းထဲက ထွက်ကာ မီးဖိုချောင်ဆီဦးတည်မိတော့

မီးဖိုချောင်ဆီသွားနေတုန်း ဟင်းနံက သူ့ကိုဆွဲဆောင်လာသယောင်

မီးဖိုခန်းထဲဝင်တော့ Apron ကိုဝတ်ကာ Chef တစ်ဦးလို ပြင်ဆင်နေတဲ့ ဟိုအဖိုးကြီး

သူ့အနားသွားလိုက်ကာ

"ဟိုလေ အဖိုး....အယ်မှားလို့ hyungဘာချက်နေတာလည်းဟင် ကျွန်တော် ဗိုက်ဆာလို့.. ဟီး..."

"ကိုယ့်ဘာသာလုပ်စားပေါ့"

"ဗျာ! "

"မဗျာနဲ့ မင်းအတွက်မပါဘူး"

Apronကိုချွတ်ကာ စားစရာကို တစ်ပန်းကန်ထဲထည့်ပြီး တစ်ယောက်ထဲစားနေတာကြောင့် Jimin အရမ်းဝမ်းနည်းလာရသည်။

အိမ်မှာဒီအချိန်ဆို Omma က အဆင်သင့်လုပ်ပေးနေကျ ဒီအဖိုးကြီးနဲ့နေရမှ လူက ငတ်ပြတ်ရတော့မှာလား။

အရှေ့မှစားပြနေသော လူကိုကြည့်ကာ သရေကလည်းယို ဝမ်းလည်းနည်းလာရသည်။

သူ့ကိုစိုက်ကြည့်မိလို့လားမသိ

"ဘာကြည့်နေတာလည်း သွားလုပ်လေ "

တစ်အိမ်လုံးကပိုးမွေးသလိုမွေးထားသော Jiminမှာအခု သူကိုယ်တိုင်လုပ်မည်ဆိုတော့ သိပ်ပြီးအဆင်မပြေ။

"မစားဘူး လုပ်လည်းမလုပ်တတ်ဘူး အီးဟီး ဗိုက်ဆာပါတယ်ဆို နည်းနည်းလေး ကျွေးလိုက်ရင် ဘာဖြစ်သွားမှာမို့လို့လည်း မစားဘူးဟင့် အူဝါး"

ငိုယိုကာ အိမ်ပေါ်ပြေးတက်သွားသည်မို့ Yoongiတားချိန်ပင်မရလိုက်

"Ji..Jimin"

ထိုကောင်လေးအား.သွားမခေါ်စဉ်က စိတ်ထဲတွင် အရမ်းဆိုးသွမ်းနေတဲ့  ကောင်လေးတစ်ယောက်လို့ထင်ခဲ့တာ အခုက တခြားဆီJiminပုံစံက အလိုလိုက်ခံထားရ၍ ကလေးဆိုးဆိုးနေခြင်းဖြစ်သည်။

အမှန်တော့ ညနေစာကိုလည်း သူ့အတွက်ပါလုပ်ထားပေးပြီးသား တမင်သက်သက်ညစ်ကာ သူ့အတွက်မပါဘူးဟုသာ လိမ်ပြောလိုက်မိခြင်း

ဒါကို ဟိုပေါက်စက သူ့ကိုမကျွေးရလေမလားဆိုပြီး ငိုယိုကာ အခန်းထဲပြန်ဝင်သွားသည်

ကိုယ်လည်းစားပြီးသောက်ပြီး..

သူ့အခန်းသို့သွားပြီး တံခါးခေါက်လိုက်ကာ

"Jimin...Jimin..."

ထူးသံပြန်မလာ၍ Jiminတံခါးလာအဖွင့်ကိုမစောင့်တော့ဘဲ အခန်းထဲဝင်ကြည့်တော့ ကုတင်ပေါ်တွင် ဒူးလေးပိုက်ကာ ငိုနေတဲ့ပေါက်စ

သူ့အနားသွားကာ ပခုံးကိုလှုပ်လိုက်ပြီး

"Jimin...jimin"

ထိုအခါမှ ခေါင်းလေးထောင်လာကာမျက်ရည်မျက်ခွက်ဖြင့်

"မခေါ်နဲ့ Ommaနဲ့ တိုင်ပြောမယ် အူဝါး"

"ဟာ..မဟုတ်ဘူးလေ Jiminရဲ့ Hyungကစတာ အောက်မှာ Jiminစားဖို့Hyungပြင်ထားပေးတယ်"

ပြူးကြောင်ကြောင်မျက်လုံးလေးတွေနဲ့ ပြန်ကြည့်လာကာ

"တကယ်လားဟင်?"

"ဟားဟား တကယ်ပေါ့ ငိုထားတာ မျက်နှာတွေ ပေကျံနေရော မျက်နှာသစ်ပြီးရင်အောက်ဆင်းပြီးသွားစားလိုက်"

ထိုအခါကလေးမုန့်ရလို့ပျော်သွားသော မျက်နှာထားဖြင့်

"ဟီး....Nae Hyung"

ဗုဒ္ဓေါ သူလိုချင်တာရတော့ ချက်ချင်း မျက်နှာရော အသံရောပြောင်းသွားတာ
ဒီပေါက်စနဲ့ နောက်ပိုင်း ဘယ်လို နှစ်ပါးသွားရမလည်းတော့မသိဘူး

~~~~~~~~~~~~~~~~~~~~~

TBC>>>>>>>>






Continue Reading

You'll Also Like

38.6K 1K 28
"๐š†๐š’๐š๐š‘ ๐š๐š›๐šŽ๐šŠ๐š ๐š™๐š˜๐š ๐šŽ๐š›, ๐šŒ๐š˜๐š–๐šŽ๐šœ ๐š๐š›๐šŽ๐šŠ๐š ๐š›๐šŽ๐šœ๐š™๐š˜๐š—๐šœ๐š’๐š‹๐š’๐š•๐š’๐š๐šข" ~๐š„๐š—๐šŒ๐š•๐šŽ ๐™ฑ๐šŽ๐š— Felicity Dagger has never really liked Peter...
15.8K 1.7K 5
แ€แ€ญแ€™แ€บแ€œแ€ญแ€ฏ แ€™แ€ผแ€ฐแ€แ€ญแ€ฏแ€ธแ€œแ€ญแ€ฏ แ€™แ€„แ€บแ€ธ..... แ€„แ€ซแ€™แ€–แ€ญแ€แ€บแ€แ€ฑแ€ซแ€บแ€˜แ€ฒ แ€แ€„แ€บแ€œแ€ฌแ€แ€šแ€บ.... แ€„แ€ซแ€™แ€”แ€พแ€„แ€บแ€•แ€ซแ€˜แ€ฒ แ€•แ€ผแ€”แ€บแ€‘แ€ฝแ€€แ€บแ€žแ€ฝแ€ฌแ€ธแ€แ€šแ€บ.... แ€œแ€ฑแ€ฌแ€€แ€€แ€ผแ€ฎแ€ธแ€›แ€šแ€บ แ€„แ€ซแ€ทแ€กแ€แ€ฝแ€€แ€บแ€แ€›แ€ฌแ€ธแ€›แ€ฒแ€ทแ€œแ€ฌแ€ธ???
17.2K 1.1K 9
Yoonnie + Minnie = Wonderland BOOk 2 โœ” โ–ชMEOW
86.7K 9.3K 16
Min Yoongi Student and his cutie Class leader