🌸 F O R E V E R🌸
By XingNge
208K 16.2K 730
ထာဝရအဆုံးထိ..... Zaw + Uni More
Intro🌸
Part~2 🌸
Part~3🌸
Part~4🌸
Part~5🌸
Part~6🌸
Part~7🌸
Part~8🌸
Part~9🌸
Part~10🌸
Part~11🌸
Part~12🌸
Part~13🌸
Part~14🌸
Part~15🌸(Warning 🔞)
Part~16🌸
Part~17🌸
Part~18🌸
Part~20🌸
Part~21🌸
Part~22🌸
Part~23🌸
Part~24🌸
Part~25🌸
Part~26🌸
Part~27🌸
Part~28🌸
Part~29🌸(Final Part)🌸
Extra Part 🌸
Extra Part~2🌸
S_2 is comming...🌸
🌸 Announcement 🌸
🌸 Cover 🌸
Part~19🌸
4.4K 420 26
By XingNge
"Honey ''
" ဟင် ''
" ချစ်တယ်..မွ ''
" ချစ်တယ်လို့ Honey ''
" အွန်း သိတယ်လေ ''
" ချစ်တယ် မောင် ''
" မောင် က ပိုတယ် ''
" Honey ဘာလုပ်နေတာလဲ ''
" လာပြီမောင် ''
" ပန်းက ဘာလို့ ''
" မာမီ ''
" သား ''
" ငါ ဝင်နှင့်မယ်မောင် ''
" Honey ''
" သားငယ် BaekHyunee''
" မာမီ ''
" ကျေးဇူးမာမီ ''
" သား BaekBaek ''
" Appa! Appa လာတယ် ''
" Congratulations သား ''
*Appa လာတယ်
ညကျမှတွေ့မယ်
•_•_•_•_•_•_•_•_•_•_•_•_•_•_•_•_•_•_•
"Honey ''
"Honey ''
" Honey ရယ် ''
°°°°°°°°°°°°°°°°°°°°°°°°°°°💜°°°°°°°°°°°°°°°°°°°°°
"Honey ''
" ဟင် ''
" ချစ်တယ်..မွ ''
နက်ခ်တိုင် ချည်ပေးနေတုန်း ခေါ်၍ မော့ကြည့်မိတော့ ချစ်တယ်ဟုဆိုကာ ကိုယ့်နှုတ်ခမ်းပေါ် ခပ်ဖွဖွ ကျလာသော အနမ်းတစ်ပွင့်ကြောင့် ကိုယ်ဟာပြုံးမိပြန်ပြီ ။
" ချစ််တယ်လို့ Honey ''
" အွန်း သိတယ်လေ ''
" ပြန်ပြောလေကွာ ချစ်တယ်လို့ ''
ကလေးဆန်စွာပြောလာသော မောင့်ကြောင့် သူပြုံးလိုက်မိပြန်သည် ။ ထို့နောက် နက်ခ်တိုင် စည်းပေးခြင်းကိုလက်စသတ်လိုက်ပြီးနောက် ခြေဖျားလေးထောက်ကာ မောင့်လည်တိုင်တွေကိုဖက်တွယ်လိုက်ရင်း ချစ်စကားအား ခပ်တိုးတိုးဖွင့်ဟမိသည် ။
" ချစ်တယ် မောင် ''
" မောင် က ပိုတယ် ''
" အင်း မောင်ကပဲ ပိုချစ်ပေး ''
" ချစ်တယ် အများကြီးချစ်တယ် ''
မောင်က သူ့ပါးနှစ်ဖက်အား ဆွဲညစ်ကာ ပြုံးရင်း တဖွဖွပြောလာပြန်သည် ။
ဒီနေ့အတွက် မောင် စိတ်လှုပ်ရှားနေမှန်း သူသိပါသည် ။ မောင်အနေမခက်စေရန် သူအတတ်နိုင်ဆုံးကြိုးစားထားပေမဲ့ တကယ်တမ်း မျက်မြင်ကိုယ်တွေ့ မျက်နှာချင်းဆိုင် ရတဲ့အခါ သူနေနိုင်ပါ့မလားပဲ ။
" ဘာတွေ တွေးနေတာလဲ Honey ''
" ဟင့်အင်း ဘာမှမဟုတ်ပါဘူး သွားရအောင် နောက်ကျတော့မယ် ''
" အင်း သွားမယ် မောင် တံခါးတွေပိတ်လိုက်ဦးမယ် ''
" အင်း အိမ်ရှေ့မှာစောင့်နေမယ်မောင် ''
ဒီနေ့ သူနဲ့ မောင် ကျောင်းဆင်းပွဲရှိသည့်နေ့ ဘွဲ့ယူမည့်နေ့ ဖြစ်သည် ။ မောင့်မိဘတွေလာကြမည်ဖြစ်၍ သူရော မောင်ပါ စိတ်လှုပ်ရှားနေကြသည် ။
ခြံထဲက ဘေးကမြေကွက်သေးသေး၌ သူစိုက်ထားတဲ့နှင်းဆီပင်လေးတွေက နှင်းဆီပန်းလေးတွေ ပွင့်နေသည်ကို သွားမြင်မိသည် ။
အနီရောင် နှင်းဆီတစ်ပွင့်အား ချိုးယူကာ တစ်ချက်နမ်းလိုက်သည် ။
" Honey ဘာလုပ်နေတာလဲ ''
" လာပြီမောင် ''
" ပန်းက ဘာလို့ ''
" မောင့်အတွက် Congratulations မောင် ငါ့ရဲ့မောင်က မဟာဘွဲ့ယူရမှာလေ ''
မောင့်အင်္ကျီအိတ်ကပ်လေးထဲ ပန်းလေးထိုးပေးကာ မောင့်လက်တွေကိုတွဲလို့ ကျောင်းသို့ထွက်လာခဲ့သည် ။
" မာမီ ''
" သား ''
ကျောင်းရှေ့၌ အရင်ရောက်နှင့်နေသော မာမီတို့ကိုမြင်သောအခါ Honey က သူ့လက်တွေကြားမှ ရုန်းထွက်သည် ။
" ငါ ဝင်နှင့်မယ်မောင် ''
" Honey ''
" သားငယ် BaekHyunee''
မာမီ၏ ခေါ်သံကြောင့် Honey က လှည့်မကြည့်ပေမဲ့ ခြေလှမ်းတွေတော့ရပ်တန့်သွားသည် ။
" Congratulations သားငယ် ''
ရုတ်တရက် လှည့်လာသော Honey ကြောင့် သူမာမီအားယောင်ယမ်းကာ နောက်သို့လှမ်းဆွဲမိသည် ။
Honey ထံမှ အကြည့်စူးစူးတစ်ချက်ရပြီးနောက် သက်ပြင်းချသံသဲ့သဲ့ထွက်ပေါ်လာသည် ။
" ဒီနေ့ပွဲကို လာခွင့်ပေးခဲ့တာ မောင့်ကိုချစ်တဲ့စိတ်တစ်ခုတည်းကြောင့် မောင်ပျော်စေချင်တာတစ်ခုတည်းကြောင့်ပဲ ခင်ဗျားကို ခွင့်လွှတ်လို့မဟုတ်ဘူး သား ဆိုတဲ့အသုံးအနှုန်းကို ကျွန်တော့်အပေါ်နောက်ထပ်မသုံးပါနဲ့ Mrs.Park ''
ထိုစကားသာပြောပြီးကျောင်းဝန်းထဲဝင်သွားသော Honey ကြောင့် မာမီကငိုရင်းကျန်ခဲ့သည် ။
" မာမီ ''
" မာမီ တောင်းပန်ပါတယ် မာမီ့သားတွေကို ''
" မာမီ Honey ကို သားတဖြေးဖြေး ဖျောင်းဖျပေးပါ့မယ် မငိုနဲ့နော် ''
" ဟုတ်သားပဲကွာ သားကျောင်းဆင်းပွဲမှာ မငိုပါနဲ့ကွာ ''
" အင်းပါ မငိုတော့ဘူး ရော့သား မာမီ့သားလေးတွေအတွက် Congratulations ပါ ''
" ကျေးဇူးမာမီ ''
မာမီပေးသည့်နှင်းဆီပန်းအဖြူရောင် ပန်းစည်းလေးကို ChanYeol နမ်းရှိုက်လိုက်တော့ မာမီရောဒယ်ဒီရောက သဘောကျစွာပြုံးသည် ။
ထိုမြင်ကွင်းကို တစ်နေရာက ဖျော့တော့သောမျက်ဝန်းတွေနဲ့ကြည့်နေသော ကောင်လေးတစ်ယောက်ကိုတော့ သူတို့မမြင်ခဲ့ပေ ။
" ငါ့ငယ်ငယ်ကအိပ်မက်လေးက အခုချိန်မှာ ငေးကြည့်ခွင့်ပဲရှိပါလား မောင်ရယ်
မေမေရယ်ဖေဖေရယ် ငါဘွဲ့ယူတဲ့နေ့မှာ အခုလိုဂုဏ်ပြုပန်းစည်းလေးရယ် မိသားစုတူတူ ပျော်စရာလေးရှိဖို့ အမြဲအိပ်မက်မက်ပြီး မျှော်လင့်ခဲ့ဖူးတာ အခုတော့ ငေးကြည့်ခွင့်ပဲ ငါ့မှာရှိနေတယ် ''
ပါးပြင်ထက်က တစ်ကြောင်းတည်းသော မျက်ရည်စီးကြောင်းကို ခပ်မြန်မြန်သုတ်ဖယ်လိုက်ရင်း LuHan တို့ကိုရှာဖို့ထွက်လာလိုက်သည် ။
" သား BaekBaek ''
" Appa! Appa လာတယ် ''
ခန်းမရှေ့၌ ပန်းစည်းအနီလေးဖြင့်စောင့်နေသော Appa ကိုမြင်တော့ စိတ်ထဲပျော်ရွှင်မှုက အတိုင်းအဆမသိခံစားလာသည် ။
ကျောင်းဝန်းကြီးတစ်ခုလုံး၌ ပျော်ရွှင်ဖွယ်မိသားစုလေးတွေကြားသိမ်ငယ်နေသော သူ့အတွက် Appa ရောက်လာပေးခြင်းက အရမ်းကိုပျော်ဖို့ကောင်းလှပါသည် ။
အရင်ကအကြောင်းအရာတွေမေ့လို့ ဒီနေ့မှာတော့ Appa ၏ ဂုဏ်ပြုစကားသံ ၊ နွေးထွေးမှုမေတ္တာကို သူအပြည့်အဝခံစားချင်သည် ။
" သတိတရ လာပေးလို့ ကျေးဇူးတင်ပါတယ် Appa ''
Appa ကိုသိုင်းဖက်ရင်းဆိုတော့ Appa ကသူ့ကျောပြင်တွေကို နွေးထွေးစွာ သပ်ပေးသည် ။
" Congratulations သား ''
အနီရောင်ပန်းစည်းလေးက သူ့အတွက် ဒီကမ္ဘာကြီးမှာ အလှဆုံးပန်းပွင့်လေးတွေ စုစည်းထားခြင်းဖြစ်မည် ။ သိပ်ကို လှပလွန်းနေသည် ။
မောင်တို့ မဟာတန်းကျောင်းသားတွေအား BaekHyun တို့ထက် အရင် ဘွဲ့ပေးအပ်သည်မို့ မောင်တို့အခမ်းအနားအား အစအဆုံး ကြည့်ခွင့်ရသည် ။
စင်မြင့်ပေါ်က ဘွဲ့ဝတ်စုံနှင့်မောင်က သိပ်ကိုခန့်ညားလှသည် ။ အခမ်းအနားပြီး၍ မိဘတွေဖြင့် ဓာတ်ပုံရိုက်နေသော မောင်က သိပ်ကိုပျော်ရွှင်နေသည့်ဟန်ပင် ။
" သား Appa တို့ညစာတူတူစားရအောင် သားအဆင်ပြေမလား ''
သူ မောင့်ကို တစ်ချက်ကြည့်ကာ Appa အား ခေါင်းငြိမ့်ပြလိုက်သည် ။
မောင့်ထံသို့ message လေးသာပို့လိုက်တော့သည် ။
*Appa လာတယ်
ဒီည ညစာအတူတူ စားဖြစ်မယ်ထင်တယ်
မောင် မင်းလည်းမင်းမိဘတွေနဲ့အတူ ပျော်ခဲ့နော်
ညကျမှတွေ့မယ်
Congratulations မောင် ပြီးတော့ သိပ်ချစ်တယ် *
ဝင်လာသည့် စာလေးကြောင့် သူပြုံးမိသည် ။ Honey' Appa ကဒီနေ့ကို သတိရတယ်ဆိုသော အတွေးဖြင့် Honey အတွက် သူပျော်ပါသည် ။
*အရသာအရှိဆုံး ညစာလေးဖြစ်ပါစေ မောင့်အသက် Love You More Honey *
•_•_•_•_•_•_•_•_•_•_•_•_•_•_•_•_•_•_•
"Honey အယ် သောက်နေတာလား အချစ် ''
သူပြန်ရောက်တော့ အိမ်လေးမီးလင်းနေ၍ Honey ပြန်ရောက်နေမှန်းသိရသည် ။ အိမ်ထဲဝင်ဝင်ချင်း မြင်လိုက်ရသော မြင်ကွင်းက ဝိုင်ခွက်လေးနဲ့ရီဝေဝေဖြစ်နေသော Honey ရယ်ပါ ။
" မောင် ပြန်လာပြီလား လာ ဒီကို ''
ဝိုင်ခွက်ထဲက ဝိုင်ကိုမော့ကာ သူ့အားလှမ်းခေါ်လေသည် ။
" မောင့်တောင်မစောင့်ပဲ တစ်ယောက်တည်းသောက်နေတယ် ''
" ငါပျော်လို့ပါ ဒီနေ့ Appa က သတိတရ ငါဘွဲ့ယူတဲ့အခမ်းအနားကိုတက်ပေးတယ်လေ ပြီးတော့ ညစာတူတူစားတယ် စကားတွေအများကြီးပြောကြတယ် ငါအရမ်းပျော်တယ် မောင် ''
ဘေးနားဝင်ထိုင်လိုက်တော့ သူ့ရင်ခွင်ထဲတိုးဝင်လာသော ကိုယ်လေးကိုအလိုက်သင့်ထိန်းထားရင်း လက်ထဲဝိုင်ခွက်လေးအား ယူလိုက်ရသည် ။
အချစ်လေးက မူးနေလောက်ပြီ ။ အနားကပုလင်းကအတော်လေးကုန်နေပြီလေ ။
" မေမေရယ်ဖေဖေရယ် ငါဘွဲ့နှင်းသဘင်ကို တူတူတက်ကြမယ် မိသားစုတွေ ဓာတ်ပုံတူတူရိုက်မယ် အိမ်မှာအဲ့ဒီပုံကြီးကို အကြီးကြီး ချိတ်ထားမယ် ဟား ဘယ်လောက်ပျော်ဖို့ကောင်းလိုက်လဲနော် မောင် ''
"Honey ''
" ငါအမြဲမက်နေခဲ့တဲ့ အိပ်မက်လေ လှတယ်မလား ဟား ''
"Honey အဆင်ပြေလား သည်းငယ် ''
" ပြေတယ် ပြေတယ် ဘာလို့မပြေရမှာလဲ ဒီနေ့ မေမေ့ကိုလည်းတွေ့တယ်ဖေဖေ့ကိုလည်းတွေ့တယ် အခုမောင်လည်းအနားရှိတယ် မပြေစရာဘာရှိလဲ ဟား ငါအရမ်းပျော်တယ် အရမ်းအရမ်းပျော်တယ် ''
"Honey ''
ငြိမ်ကျသွားသောကိုယ်လေးကြောင့် ကဲကြည့်မိတော့ စကားတွေပြောရင်း အိပ်ပျော်သွားသည်ကိုတွေ့ရသည် ။
" Honey ရယ် ''
Ph လေးထဲက သူရယ်မာမီရယ်ဒယ်ဒီရယ်တူတူရိုက်ထားသည့် ဓာတ်ပုံလေးအား သူရင်နာနာနှင့်ပင် ဖျက်ပစ်လိုက်သည် ။
တောင်းပန်ပါတယ် မာမီနဲ့ဒယ်ဒီ ။ Honey အိပ်မက်တွေကို ပျက်စီးစေခဲ့ပြီး သားကတော့ အဲ့အိပ်မက်ကို ပိုင်ဆိုင်လို့မဖြစ်ဘူးမလား ။ Honey အပေါ် ဘယ်တရားပါ့မလဲ ။ သားကိုနားလည်ပေးပါနော် ။
ကျဆင်းလာသော မျက်ရည်စက်တွေက ရင်ခွင်ထဲကကောင်လေး၏ ပါးပြင်ထက် ကျဆင်းကုန်သည် ။ မျက်တောင်ကော့ညွတ်ညွတ်လေးတွေ စိုစွတ်နေသော ရင်ခွင်ထဲက ကောင်လေးသည်လည်း သူ့လိုပင် ငိုနေခဲ့မည်လား ။
ဒီချစ်ခြင်းတွေက သိပ်ကိုလှပပေမဲ့ မောင်တို့ကြမ္မာကကြမ်းတယ် Honey ။
မောင်စိတ်ပူတယ် ။ Honey ဒီထက်ပိုပြီး ဒဏ်ရာတွေရလာမှာ မောင် သိပ်စိတ်ပူတာပဲ ။
မောင် ကြောက်နေတယ် Honey ။ မောင် မင်းကို မစောင့်ရှောက်နိုင်မှာ သိပ်ကြောက်နေတယ် Honey ။
မောင် မင်းကို သိပ်ချစ်တယ် ။ မင်းနာကျင်မှာ မလိုချင်ဘူး ။ မင်းကို အမြဲပြုံးနေစေချင်တယ် ။
ဒါပေမဲ့ Honey ရယ်...ထာဝရဆိုတဲ့အထိ မောင် မစွမ်းသာ ခဲ့ရင်ရော.............။
°°°°°°°°°°°°°°°°°°°°°°°°°°°💜°°°°°°°°°°°°°°°°°°°°°
ထာဝရဆိုတဲ့အထိမောင်က Honey ကိုချစ်ပေးမယ်မလား ။
Continue Reading
You'll Also Like
264K 26.5K 24
အချစ်ဆုံး သူငယ်ချင်း ရဲ့ ရည်းစား ကို ချစ်မိသွားသော အခါ KaiSoo ❤
123K 12.3K 41
အနမ်းတွေနဲ့ချော့သိပ်ပေးမယ် မင်းကထာဝရအိပ်စက်ပေးရုံပါပဲ #Kim Jongin #Oh Sehun #KaiHun Story lines by Prettynoona_94 အနမ်းတွေနဲ့ချော့သိပ်ပေးမယ် မင်းက...
1.2K 159 6
အဲ့ဒီ့ချိုသာတဲ့အသံလေးနဲ့ မင်းငါ့ကိုပြောတယ် ''You are my best friend'' အဲ့ဒီ့ချိုသာတဲ့အသံလေးနဲ့ မင်းငါ့ကိုပြောတယ် ''You are my best friend''
262K 20.3K 47
ကြယ်​စင်​များဝန်းရံ​သော ချစ်​ခြင်းတရားနှင့်​သာ ...