အခ်စ္သို႔ ရံႈးနိမ့္ျခင္း (Com...

By Hlainenge12

190K 12.3K 850

[Zawgyi] ကြၽန္ေတာ္မခ်စ္တတ္ဘူး ခြန္း..... အခ်စ္ခံခဲ့ရဖူးသလားဆိုတာလည္း ကြၽန္ေတာ္မသိဘူး..... [Unicode] ကျွန်တော်... More

ep-1
ep-2
ep-4
ep-5
ep-6
ep-7
ep.8
ep.9
ep.10
ep.11
ep.12
ep.13
ep.14
ep.15
ep.16
ep.17
ep.18
ep.19
ep.20
ep.21
ep.22
ep.23
ep.24 (final)
Extra. 1
Extra.2
Extra. 3

ep-3

7.8K 521 25
By Hlainenge12

Zawgyi

ကန္ေရျပင္သည္ ၾကာပန္းပြင့္မ်ားစြာျဖင့္ ပနံ႔သင့္လ်က္ ၿငိမ္သက္တည္ၿငိမ္ျခင္းကို ေဆာင္ေနေလ၏။
အာကာသည္ ေရျပင္စပ္မွ ထိုင္ေနက်ခံုတန္းေလးေပၚတြင္ ဂစ္တာႀကိဳးမ်ားကို ထိေတြ႔ေဆာ့ကစားရင္း တစ္စံုတစ္ေယာက္ကို ေစာင့္ေမ်ွာ္လ်က္႐ွိသည္။

🎵ဘယ္ေတာ့ငါ့ကို မင္းပစ္သြားမလဲ ငါမသိ...
🎵ဘယ္ေလာက္ငါ့ကို မင္းခ်စ္ဖူးမယ္ ငါမၾကည့္...
🎵ဘယ္ထိငါ့ကို မင္းလွည့္စားမလဲ ငါမသိခဲ့...
🎵ဒါေတာင္ အစအဆံုးမ႐ွိ ငါခ်စ္ခဲ့သည္...
🎵ဘယ္ေလာက္ငါ့မွာ အက်ိဳးအျမတ္႐ွိမယ္ ငါမၾကည့္...
🎵ဘယ္ခါစိတ္ကေလး ခ်မ္းေျမ့ရမယ္ ငါမသိ...
🎵ဘယ္ေန႔ မင္းေၾကာင့္ ဘဝပ်က္သြားမလဲ ငါမသိခဲ့... ဒါကိုပံုေအာလို႔ ခ်စ္ခဲ့သည္...

ဂစ္တာႀကိဳးေတြေပၚ လက္ေခ်ာင္းသြယ္သြယ္ေလးမ်ားက လႈပ္႐ွားေနရင္း ႏႈတ္မွ သီခ်င္းတစ္ပုဒ္ကို တီးတိုးကာဆိုညည္းမိသည္။

"အသံပါဝါပိုေကာင္းလာတာပဲ ခ်ာတိတ္"

"ခြန္း...ဘယ္တုန္းကေရာက္တာလဲ မသိလိုက္ဘူး..."

"မသိဆို ခ်ာတိတ္အာရံုက ဂစ္တာနဲ႔ သီခ်င္းထဲပဲ ေရာက္ေနတာကိုးကြ..."

"အဲ့လိုျဖစ္သြားလား.... "

"ရည္းစားရေနၿပီလား ခ်ာတိတ္ ဆိုသြားတာ ခံစားခ်က္ကအျပည့္ပဲ"

ေမးသာေမးလိုက္ရတာ တကယ္တမ္းက် အေျဖကို မၾကားဝံ့။ အျငင္းဝါက်ထြက္လာဖို႔ အလ်င္အျမန္ဆုေတာင္းလိုက္မိတာလည္း ကိုယ့္ကိုကိုယ္ သနားစရာေကာင္းလိုက္တာလို႔ေတြးမိျပန္သည္။

"အထင္ႀကီးတယ္ေပါ့...ဟားဟား..... ဒီလိုပဲ ေခါင္းထဲေပၚလာတဲ့သီခ်င္းကို ဆိုလိုက္မိရံုပါပဲဗ်ာ။
ကြၽန္ေတာ္ေျပာဖူးပါတယ္ ကြၽန္ေတာ္အခ်စ္ဆိုတာကို အယံုအၾကည္မ႐ွိဘူးဆိုတာ"

ဂစ္တာကိုရင္ခြင္ပိုက္ကာ သူ႔မ်က္ႏွာတည့္တည့္သို႔ စိုက္ၾကည့္ၿပီး ခပ္ဖြဖြေလသံျဖင့္ ဆိုလာတဲ့ခ်ာတိတ္ကိုၾကည့္ၿပီး သူ့ရင္ထဲ မ်ဥ္းၿပိဳင္ႏွစ္ေၾကာင္းျဖတ္ေျပးသြားတယ္။

"ခြန္းေရာ ခ်စ္ရမဲ့သူ႐ွိၿပီလား.....႐ွိေနရင္ မိတ္ဆက္ေပးသင့္တယ္ေနာ္"

"အင္း...႐ွိတယ္။ ဒါေပမဲ့ အကိုခ်စ္ေနတာကို သူမသိဘူးကြ....တစ္ကယ့္ငတံုးေလး ေခ်လိုက္တာလည္းလြန္ေရာ....အကိုဘာဆက္လုပ္သင့္လဲ ခ်ာတိတ္"

"သူသိေအာင္ေျပာသင့္တာေပါ့ ခြန္းရ။ ခြန္းမေျပာပဲ သူဘယ္လိုသိမလဲ...အဟက္ စိတ္ဝင္စားတယ္ဗ်ာ.. ကြၽန္ေတာ့္ေရခဲတံုးႀကီးကို အရည္ေပ်ာ္ေအာင္လုပ္ႏိုင္တဲ့သူကို"

အကိုခ်စ္တာ မင္းပါ ကေလးငယ္....အကို႔စိတ္ကို နည္းနည္းေလးမွမရိပ္မိခဲ့တာလား ကေလးငယ္ရာ.....သူ႔စိတ္ထဲက စကားသံေတြကိုေတာ့ ကေလးငယ္ၾကားေအာင္ ႏႈတ္ကဖြင့္မေျပာရဲေသး။

"အကိုႀကိဳးစားမယ္ဆိုရင္ေရာ......ခ်ာတိတ္ အခ်စ္ဆိုတာကို ယံုၾကည္လာေအာင္ ခ်စ္တတ္လာေအာင္ အကိုႀကိဳးစားၾကည့္မယ္ "

ဘယ္လိုလဲ ဆိုသည့္သေဘာျဖင့္ မ်က္စပ္ပစ္ျပလိုက္ေတာ့ ခ်ာတိတ္ တစ္ခ်က္အငိုက္မိသြားတယ္။

"ဘာဆိုင္လဲ ခြန္းရာ... ကြၽန္ေတာ္မခ်စ္တတ္တာက ခြန္းနဲ႔ဘယ္လိုမ်ားသက္ဆိုင္ေနတာမို႔လဲ မေနာက္စမ္းနဲ႔ ခြန္း... ဒီေလာက္အားယားေနရင္ ခြန္းcrushႀကီး ျပန္ခ်စ္လာေအာင္သာ ႀကိဳးစားစမ္းပါဗ်ာ"

အကို႔crushက ခ်ာတိတ္ေလ....အဲ့ေတာ့ ခ်ာတိတ္ကိုခ်စ္တတ္လာေအာင္သင္ေပးဖို႔က အကို႔အတြက္အေရးႀကီးဆံုးပဲ........
စိတ္ထဲကေနသာေျပာရဲတာ ဟီး...အျပင္ထုတ္ေျပာၾကည့္ မိုးမီးေလာင္သြားမယ္။

"ခ်ာတိတ္ ဘယ္ခ်ိန္ထိ ကိုယ့္ကို ခြန္းလို႔ပဲေခၚေနမွာလဲ...အကိုက ခ်ာတိတ္ထက္ ၅ႏွစ္ႀကီးတာကိုကြာ အကိုလို႔ေခၚၾကည့္ပါလား"

"၅ႏွစ္မကလို႔ ၁၀ႏွစ္ပဲႀကီးႀကီး ကြၽန္ေတာ္ေခၚခ်င္သလိုေခၚမယ္။ ဘာလဲမေက်နပ္ဘူးလား"

ဂစ္တာတီးရင္း ပက္ခနဲျပန္ေျပာလာတဲ့ ခ်ာတိတ္စကားေၾကာင့္ ေျပာမိတဲ့ကိုယ့္ကိုကိုယ္သာ က်ိန္ဆဲလိုက္မိသည္။

"ဟင့္အင္း...မေက်နပ္တာေတာ့မဟုတ္ပါဘူး။ အကိုလို႔ေခၚသံေလးၾကားခ်င္လို႔ပါ ခ်ာတိတ္ဆီက"

ေခၚမ်ားေခၚမလားလို႔ အတတ္ႏိုင္ဆံုး မ်က္ႏွာငယ္ေလးလုပ္ျပမိေပမဲ့ ဒင္းက

"အကိုေခၚသံၾကားခ်င္ရင္ ခြန္းအသက္ထက္ဝတ္ေလာက္ငယ္တဲ့ ကေလးမေလးေတြနဲ႔တြဲ"

ငင့္ သူေျပာမွ ကေလးမုန္႔ေကြၽးၿပီး အကိုေခၚခိုင္းရမဲ့ပံု။ အျပစ္မ႐ွိတဲ့ဂစ္တာေလးကို တဒင္ဒင္တေဒါင္ေဒါင္ျဖစ္ေအာင္ တီးေနပံုက ၾကည့္ရတာ စိတ္လည္း႐ွည္ပံုမရေတာ့။ မျဖစ္ေသးပါဘူး...

"ေပး ဂစ္တာ အကိုအလွည့္.."

ဂစ္တာႀကိဳးျပန္ညိွေနတဲ့ ခြန္းကိုၾကည့္ၿပီး အာကာ သူလြန္သြားသလား ျပန္စဥ္းစားမိသည္။ဟာကြာ... လြန္စရာလား အလကားအဖိုးႀကီး မႀကီးမငယ္နဲ႔ အႏုအရြေတြႀကိဳက္ေနတယ္။
ထိုအခ်ိန္မွာပဲ သံစဥ္တစ္ခုကပ်ံ့လြင့္လာသည္။
အာကာ တဒဂၤအသက္႐ူဖို႔ ေမ့ေလ်ာ့သြားခဲ့မိသည္။
ဂစ္တာကိုပိုက္ကာ ထိုင္ေနပံုက ႐ုတ္တရက္အသက္႐ူဖို႔ေမ့သြားေစခဲ့တယ္။ ခင္ဗ်ား တကယ္ၾကည့္ေကာင္းတယ္ ခြန္း...

>>>>><<<<<

ခ်စ္သူႏႈတ္က ထြက္မဲ့စကားလံုးတိုင္း... ကိုယ့္အတြက္ အေလးသာပါေစ.....

Unicode

ကန်ရေပြင်သည် ကြာပန်းပွင့်များစွာဖြင့် ပနံ့သင့်လျက် ငြိမ်သက်တည်ငြိမ်ခြင်းကို ဆောင်နေလေ၏။
အာကာသည် ရေပြင်စပ်မှ ထိုင်နေကျခုံတန်းလေးပေါ်တွင် ဂစ်တာကြိုးများကို ထိတွေ့ဆော့ကစားရင်း တစ်စုံတစ်ယောက်ကို စောင့်မျှော်လျက်ရှိသည်။

🎵ဘယ်တော့ငါ့ကို မင်းပစ်သွားမလဲ ငါမသိ...
🎵ဘယ်လောက်ငါ့ကို မင်းချစ်ဖူးမယ် ငါမကြည့်...
🎵ဘယ်ထိငါ့ကို မင်းလှည့်စားမလဲ ငါမသိခဲ့...
🎵ဒါတောင် အစအဆုံးမရှိ ငါချစ်ခဲ့သည်...
🎵ဘယ်လောက်ငါ့မှာ အကျိုးအမြတ်ရှိမယ် ငါမကြည့်...
🎵ဘယ်ခါစိတ်ကလေး ချမ်းမြေ့ရမယ် ငါမသိ...
🎵ဘယ်နေ့ မင်းကြောင့် ဘဝပျက်သွားမလဲ ငါမသိခဲ့... ဒါကိုပုံအောလို့ ချစ်ခဲ့သည်...

ဂစ်တာကြိုးတွေပေါ် လက်ချောင်းသွယ်သွယ်လေးများက လှုပ်ရှားနေရင်း နှုတ်မှ သီချင်းတစ်ပုဒ်ကို တီးတိုးကာဆိုညည်းမိသည်။

"အသံပါဝါပိုကောင်းလာတာပဲ ချာတိတ်"

"ခွန်း...ဘယ်တုန်းကရောက်တာလဲ မသိလိုက်ဘူး..."

"မသိဆို ချာတိတ်အာရုံက ဂစ်တာနဲ့ သီချင်းထဲပဲ ရောက်နေတာကိုးကွ..."

"အဲ့လိုဖြစ်သွားလား.... "

"ရည်းစားရနေပြီလား ချာတိတ် ဆိုသွားတာ ခံစားချက်ကအပြည့်ပဲ"

မေးသာမေးလိုက်ရတာ တကယ်တမ်းကျ အဖြေကို မကြားဝံ့။ အငြင်းဝါကျထွက်လာဖို့ အလျင်အမြန်ဆုတောင်းလိုက်မိတာလည်း ကိုယ့်ကိုကိုယ် သနားစရာကောင်းလိုက်တာလို့တွေးမိပြန်သည်။

"အထင်ကြီးတယ်ပေါ့...ဟားဟား..... ဒီလိုပဲ ခေါင်းထဲပေါ်လာတဲ့သီချင်းကို ဆိုလိုက်မိရုံပါပဲဗျာ။
ကျွန်တော်ပြောဖူးပါတယ် ကျွန်တော်အချစ်ဆိုတာကို အယုံအကြည်မရှိဘူးဆိုတာ"

ဂစ်တာကိုရင်ခွင်ပိုက်ကာ သူ့မျက်နှာတည့်တည့်သို့ စိုက်ကြည့်ပြီး ခပ်ဖွဖွလေသံဖြင့် ဆိုလာတဲ့ချာတိတ်ကိုကြည့်ပြီး သူ့ရင်ထဲ မျဉ်းပြိုင်နှစ်ကြောင်းဖြတ်ပြေးသွားတယ်။

"ခွန်းရော ချစ်ရမဲ့သူရှိပြီလား.....ရှိနေရင် မိတ်ဆက်ပေးသင့်တယ်နော်"

"အင်း...ရှိတယ်။ ဒါပေမဲ့ အကိုချစ်နေတာကို သူမသိဘူးကွ....တစ်ကယ့်ငတုံးလေး ချေလိုက်တာလည်းလွန်ရော....အကိုဘာဆက်လုပ်သင့်လဲ ချာတိတ်"

"သူသိအောင်ပြောသင့်တာပေါ့ ခွန်းရ။ ခွန်းမပြောပဲ သူဘယ်လိုသိမလဲ...အဟက် စိတ်ဝင်စားတယ်ဗျာ.. ကျွန်တော့်ရေခဲတုံးကြီးကို အရည်ပျော်အောင်လုပ်နိုင်တဲ့သူကို"

အကိုချစ်တာ မင်းပါ ကလေးငယ်....အကို့စိတ်ကို နည်းနည်းလေးမှမရိပ်မိခဲ့တာလား ကလေးငယ်ရာ.....သူ့စိတ်ထဲက စကားသံတွေကိုတော့ ကလေးငယ်ကြားအောင် နှုတ်ကဖွင့်မပြောရဲသေး။

"အကိုကြိုးစားမယ်ဆိုရင်ရော......ချာတိတ် အချစ်ဆိုတာကို ယုံကြည်လာအောင် ချစ်တတ်လာအောင် အကိုကြိုးစားကြည့်မယ် "

ဘယ်လိုလဲ ဆိုသည့်သဘောဖြင့် မျက်စပ်ပစ်ပြလိုက်တော့ ချာတိတ် တစ်ချက်အငိုက်မိသွားတယ်။

"ဘာဆိုင်လဲ ခွန်းရာ... ကျွန်တော်မချစ်တတ်တာက ခွန်းနဲ့ဘယ်လိုများသက်ဆိုင်နေတာမို့လဲ မနောက်စမ်းနဲ့ ခွန်း... ဒီလောက်အားယားနေရင် ခွန်းcrushကြီး ပြန်ချစ်လာအောင်သာ ကြိုးစားစမ်းပါဗျာ"

အကို့crushက ချာတိတ်လေ....အဲ့တော့ ချာတိတ်ကိုချစ်တတ်လာအောင်သင်ပေးဖို့က အကို့အတွက်အရေးကြီးဆုံးပဲ........
စိတ်ထဲကနေသာပြောရဲတာ ဟီး...အပြင်ထုတ်ပြောကြည့် မိုးမီးလောင်သွားမယ်။

"ချာတိတ် ဘယ်ချိန်ထိ ကိုယ့်ကို ခွန်းလို့ပဲခေါ်နေမှာလဲ...အကိုက ချာတိတ်ထက် ၅နှစ်ကြီးတာကိုကွာ အကိုလို့ခေါ်ကြည့်ပါလား"

"၅နှစ်မကလို့ ၁၀နှစ်ပဲကြီးကြီး ကျွန်တော်ခေါ်ချင်သလိုခေါ်မယ်။ ဘာလဲမကျေနပ်ဘူးလား"

ဂစ်တာတီးရင်း ပက်ခနဲပြန်ပြောလာတဲ့ ချာတိတ်စကားကြောင့် ပြောမိတဲ့ကိုယ့်ကိုကိုယ်သာ ကျိန်ဆဲလိုက်မိသည်။

"ဟင့်အင်း...မကျေနပ်တာတော့မဟုတ်ပါဘူး။ အကိုလို့ခေါ်သံလေးကြားချင်လို့ပါ ချာတိတ်ဆီက"

ခေါ်များခေါ်မလားလို့ အတတ်နိုင်ဆုံး မျက်နှာငယ်လေးလုပ်ပြမိပေမဲ့ ဒင်းက

"အကိုခေါ်သံကြားချင်ရင် ခွန်းအသက်ထက်ဝတ်လောက်ငယ်တဲ့ ကလေးမလေးတွေနဲ့တွဲ"

ငင့် သူပြောမှ ကလေးမုန့်ကျွေးပြီး အကိုခေါ်ခိုင်းရမဲ့ပုံ။ အပြစ်မရှိတဲ့ဂစ်တာလေးကို တဒင်ဒင်တဒေါင်ဒေါင်ဖြစ်အောင် တီးနေပုံက ကြည့်ရတာ စိတ်လည်းရှည်ပုံမရတော့။ မဖြစ်သေးပါဘူး...

"ပေး ဂစ်တာ အကိုအလှည့်.."

ဂစ်တာကြိုးပြန်ညှိနေတဲ့ ခွန်းကိုကြည့်ပြီး အာကာ သူလွန်သွားသလား ပြန်စဉ်းစားမိသည်။ဟာကွာ... လွန်စရာလား အလကားအဖိုးကြီး မကြီးမငယ်နဲ့ အနုအရွတွေကြိုက်နေတယ်။
ထိုအချိန်မှာပဲ သံစဉ်တစ်ခုကပျံ့လွင့်လာသည်။
အာကာ တဒင်္ဂအသက်ရူဖို့ မေ့လျော့သွားခဲ့မိသည်။
ဂစ်တာကိုပိုက်ကာ ထိုင်နေပုံက ရုတ်တရက်အသက်ရူဖို့မေ့သွားစေခဲ့တယ်။ ခင်ဗျား တကယ်ကြည့်ကောင်းတယ် ခွန်း...

>>>>><<<<<

ချစ်သူနှုတ်က ထွက်မဲ့စကားလုံးတိုင်း... ကိုယ့်အတွက် အလေးသာပါစေ.....

Continue Reading

You'll Also Like

4.7M 525K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...
287K 10.3K 42
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
2.5M 177K 66
ယံုၾကည္မႈကလည္းအခ်စ္ နားလည္မႈကလည္းအခ်စ္ ေပးဆပ္မႈကလည္းအခ်စ္ ခြင့္လြတ္မႈကလည္းအခ်စ္ ဟု ဆိုခဲ့ေသာ္ ေျပာင္းျပန္အခ်ိဳးက်ခဲ့တဲ့ခ်စ္ျခင္းတစ္ခုရဲ႕ အဆံုးသတ္က ဘယ...
500K 12K 49
အသက်ရှုသံအလိုက် စည်းချက်ညီညီလှုပ်ရှားနေသည့် ဒီလူကြီးရဲ့ရင်ခုန်သံတွေကို နားထောင်ရတာ သိပ်ကိုသဘောကျသည်။... ဟန်မင်းသိုက်+ယုခွန်းခ အသက္ရႈသံအလိုက္ စည္းခ်က...