ကိုလေး (ကိုေလး )(Z+U) ( Com...

Galing kay reta-nan

317K 25.1K 1.7K

#OC Boy x Boy Higit pa

အပိုင္း ၁
အပိုင္း ၃
အပိုင္း ၄
အပိုင္း ၅
အပိုင္း ၆
အပိုင္း ၇
အပိုင္း ၈
အပိုင္း ၉ ( ဇာတ္သိမ္းပိုင္း)
extra

အပိုင္း ၂

27.5K 2.4K 95
Galing kay reta-nan

" သား .......... တစ္ခါတည္း ထမင္းစားမယ္ေလ ''

ထမင္းစားခန္းထဲကေန အန္ကယ္ထြန္းရဲ႕အသံကိုၾကားေတာ့ ေ၀ဟင္သည္ တံခါး၀နားကေနပင္ လွည့္ၾကည့္ၿပီး ၀မ္းသာအားရအၿပံဳး ေခါင္းငံု႕ကာ ထမင္းစားေနတဲ့ ကိုေလးကိုေတြ႕ေတာ့ ေ၀ဟင့္၏အၿပံဳးသည္ တခဏမွ်ရပ္တံ့သြားသည္ ။ ဟင့္အင္း ........ သူသာ ထမင္း၀ိုင္းထဲ၀င္လိုက္ရင္ ကိုေလးက ခ်က္ခ်င္းထသြားလိမ့္မည္ ။ ဒီလိုေတာ့ မျဖစ္ေစခ်င္ ။ သူ ကုိေလး ေရွ႕မွာ တေစၦသရဲတစ္ေကာင္လို ေနေပးရမည့္တာ၀န္ရွိတာမို႕ ...........

" မစားေတာ့ဘူး အန္ကယ္ ။ ေက်ာ္ႀကီးတို႕နဲ႕ခ်ိန္းထားလို႕ ... ေနာက္က်ေနမွာစိုးလို႕ သြားလိုက္ဦးမယ္ ။ ျပန္လာမွ စားေတာ့မယ္ ''

" ေအး ... ေအး ... ။ ေျဖးေျဖးလည္းသြားဦးေနာ္ ''

ထမင္း၀ိုင္းထဲမွာ ဒီကေလးကိုမၾကည္ျဖဴသည့္ သားျဖစ္သူအျပင္ ဇနီးျဖစ္သူပါရွိေန၍ ေလာကြတ္ေတြေခ်ာ္ၿပီး ထပ္ခါထပ္ခါမေခၚျဖစ္ေတာ့ ။ လူေတြထဲက လူတစ္ဦးျဖစ္သည့္ ဦးထြန္းလြင္သည္လည္း အနည္းနဲ႕အမ်ား အတၱရွိတဲ့သူမို႕ ဒီေကာင္ေလးကို သနားေပမယ့္ တကယ္တမ္း ကိုယ့္မိသားစုက ပိုအေရးပါတယ္မို႕လား ။ ဘြားကေတာ့ အိမ္ေရွ႕က ပလက္ကုလားထိုင္ေပၚမွာထိုင္ရင္း ထိုေကာင္ေလးကိုတစ္ခ်က္ၾကည့္လိုက္ မီးဖိုထဲက အသံကိုနားေထာင္လိုက္နွင့္ သက္ျပင္းကိုအသာခ်လိုက္သည္ ။ သူမသည္လည္း ဒီအိမ္မွာ လူပိုတစ္ေယာက္ပဲမဟုတ္လား ။ အသက္ႀကီးရင့္ေနၿပီျဖစ္တဲ့ လူအိုတစ္ေယာက္အေနနဲ႕ ေခြ်းမမ်က္ႏွာကို အနည္းနဲ႕အမ်ားၾကည့္ရသူမို႕ ထိုကေလးကို သနားရံုကလြဲၿပီး ဘာမွမလုပ္ေပးႏိုင္ခဲ့ ။ ျဖစ္ႏုိင္လွ်င္ သူမရဲ႕ငယ္ရြယ္ႏုပ်ိဳမႈကို ျပန္လည္ေတာင့္တမိၿပီး ဒီကေလးကို ရင္အုပ္မကြာျပဳစုေစာင့္ေရွာက္ေပးခ်င္စိတ္ေတာင္ ေပါက္မိသည္ ။

သနားစရာ ကေလး ............. မင္းရဲ႕မိဘအရင္းေတြနဲ႕ အျမန္ဆံုးျပန္ေတြ႕ႏိုင္ပါေစကြယ္ ။

**********************

ကားမွတ္တိုင္ကိုေရာက္ဖို႕ ဆယ္မိနစ္နီးနီးလမ္းေလွ်ာက္ရသျဖင့္ ေ၀ဟင္သည္ သူ႕အေတြးနဲ႕သူ လမ္းေဘးကပ္ေလွ်ာက္ေနတုန္း သူ႕အနားကေန ခပ္ေျဖးေျဖးေမာင္းျဖတ္သြားသည့္ ခဲေရာင္ Honda Fit ေလးေၾကာင့္ ဦးေႏွာက္က အလိုအေလ်ာက္မွတ္မိေနသည့္ႏွယ္ ဖ်တ္ခနဲလွမ္းၾကည့္လိုက္သည္ ။ ဘယ္ေလာက္ပဲ ေဟာင္းေနပါေစဦး သူပိုင္တ့ဲပစၥည္းေတြကိုဆို အၿမဲတမ္းသစ္လြင္ေနေအာင္ ထိန္းသိမ္းတတ္တဲ့ ကိုေလးအက်င့္ေၾကာင့္ ဒီေတာက္ေျပာင္ေနတဲ့ကားဟာ ကိုေလးကားမွန္းသူအတပ္သိလိုက္သည္ ။ ကားက ပံုမွန္ထက္ေနွးေနတယ္လုိ႕ထင္ရေပမယ့္ ကိုေလးက နဂိုတည္းက ကားကို ဂရုစိုက္ေမာင္းတတ္သူမို႕ ဒါဟာပံုမွန္ပဲဆိုတာ သူေတြးလိုက္သည္ ။

ခ်စ္တယ္ ....... ကိုေလး ။ ကြ်န္ေတာ္ကေတာ့ အရူးရင့္ေနၿပီထင္တယ္ ။ ကိုေလးကို မျမင္ရရင္ေတာင္ ကိုေလးနဲ႕ပက္သက္တဲ့ သက္ရွိ ၊ သက္မဲ့ တစ္ခုခုကို ျမင္ရံုနဲ႕တင္ ကြ်န္ေတာ္ စိတ္လႈပ္ရွားေနတတ္တယ္ ။ ဒါေပမယ့္ ဒါက အခ်စ္မဟုတ္ဘူးတဲ့ ။ ကိုေလးအတြက္ အေႏွာက္ယွက္ဆိုလားပဲ ။

သူ႕အေတြးနဲ႕သူ ေက်နပ္စြာၿပံဳးရင္း ထြက္ခြာဖို႕ျပင္ေနတဲ့ Bus ကားေပၚ ေျပးလႊားတက္လိုက္သည္ ။ သူက မိဘမဲ့တစ္ဦးမလို႕ သူမ်ားအိမ္မွာကပ္ေနရေပမယ့္ လိုအပ္တဲ့အသံုးစရိတ္နည္းနည္းပါးပါးကို ဦးထြန္းက ေပးတတ္တာမလို႕ သူ႕အတြက္ အက်ပ္အတည္းအရမ္းမျဖစ္ ။ ၿပီးေတာ့ သူ႕အသက္ ၁၈ ႏွစ္ရွိေနၿပီ ။ ဘြဲ႕ရတစ္ေယာက္မဟုတ္ေပမယ့္ အလုပ္တစ္ခုမွာ Delivery သမားအျဖစ္အလုပ္ရၿပီး သူ႕အသံုးစရိတ္ကို ကာမိေအာင္ရွာႏိုင္ခဲ့သည္ ။ တစ္ခါတေလ ဘြားတုိ႕ကို ျပန္ကန္ေတာ့ၿပီး အိမ္အတြက္ ဟင္းဖိုးေလးေတြကူေပးသည္ ။ သူေပးတဲ့ ေငြပမာဏက ဘယ္ေလာက္မွမဟုတ္ေပမယ့္ သူက သူစိမ္းမဟုတ္လား ။ ေရေတာင္ အလကားမရတဲ့ေခတ္ႀကီးထဲမွာ သူ႕ကိုအိမ္ေပၚမွာ ေခၚတင္ထားၿပီး အထက္တန္းထိၿပီးဆံုးေအာင္ ထားခဲ့ေပးတာကိုပဲ ေက်းဇူးတင္မိသည္ ။

************************

" ေ၀ဟင္ကို ............. ဒီပစၥည္းပံုးကိုေလ သြားပို႕ေပးပါဦး ။ အေပၚမွာ လိပ္စာပါတယ္မလား ။ အဲ့လိပ္စာအတိုင္း သြားပို႕ေပး ''

သူ႕ေရွ႕မွာ ေရာက္လာတဲ့ A4 ပံုးအရြယ္အစား ဖာဘူးနဲ႕အတူ ဒီေန႕အတြက္ ပထမဆံုးပို႕ရမည့္ လိပ္စာကို ေ၀ဟင္ငံု႕ၾကည့္လိုက္ေတာ့ သူ႕မ်က္ႏွာက ၀င္းခနဲျဖစ္သြားသည္ ။ ဒါ ကိုေလးရဲ႕ ကုမၸဏီကို ပို႔ရမယ့္ပစၥည္းပဲ ။

" ဟုတ္ ......... ကြ်န္ေတာ္ ခုခ်က္ခ်င္းသြားလိုက္ပါ့မယ္ ''

" တက္ၾကြေနလိုက္တာ ။ အမတို႕ကေတာ့ မင္းလို တက္ၾကြတဲ့လူငယ္ေလးေတြကို အရမ္းသေဘာက်တာပဲ ။ သြက္သြက္လက္လက္ရွိၿပီး ေျပာလိုက္ရင္ ခ်က္ခ်င္းပဲ ။ ဆိုင္ကယ္ကို ေသခ်ာဂရုစိုက္ေမာင္းဦးေနာ္ ''

" ဟုတ္ကဲ့ပါ ............''

ကိုေလးရဲ႕အရိပ္ကိုေတာင္ မနင္းပါဘူးလို႕ ကတိေပးထားေပမယ့္ ဘယ္လိုလုပ္ရမလဲ ။ ကြ်န္ေတာ္က ကိုေလးရွိေနတဲ့ပတ္၀န္းက်င္လို႕ ခံစားရရံုနဲ႕တင္ လူကနတ္ျပည္ေရာက္သလို ေျမာက္ေနၿပီ ။ ကြ်န္ေတာ့္ကို ျပန္ခ်စ္ဖို႕ မေတာင္းဆိုပါဘူး ။ ဒါေပမယ့္ အေ၀းကေန ျမင္ေနခြင့္ေလးေတာ့ေပးပါ ကံတရားရယ္ ။

တစ္နာရီကုိ ကီလိုေျခာက္ဆယ္နီးပါးျဖင့္ ေမာင္းထြက္သြားေသာ ပစၥည္းပို႕သည့္ဆိုင္ကယ္ေလးက တစ္စံုတစ္ေယာက္ဆီသို႕ ေမ်ွာ္လင့္ခ်က္အျပည့္ျဖင့္ ခရီးႏွင္လွ်က္ ။

Delivery service ၀န္ထမ္း၀တ္စံုနဲ႕ ဆိုင္ကယ္ဦးထုတ္အနက္ေရာင္ကို မွန္ခ်ကာေဆာင္းထားသည့္ ေကာင္ေလးတစ္ဦးသည္ ကုမၸဏီအေဆာက္အဦးထဲသို႔ တန္းတန္းပင္ဝင္သြားလိုက္ၿပီး ပါဆယ္ပစၥည္းေရာက္ေၾကာင္း အေၾကာင္းၾကားလိုက္သည္ ။ ပစၥည္းကိုလက္ခံယူေပးသူက ၀န္ထမ္းမိန္းကေလးတစ္ဦးျဖစ္ေန၍ သူေတြ႕ခ်င္ေနသည့္လူတစ္ဦးကိုေတာ့ ခုထိအရိပ္ေယာင္ပင္မေတြ႕ေသး ။

" အမ ....... ဒါနဲ႕ေလ ...... ဒီ႒ာနမွာေလ ....... ''

" ဟုတ္ ........ ဘာသိခ်င္တာလဲ ''

" ဘာမဟုတ္ေတာ့ပါဘူး ။ လက္မွတ္ထိုးၿပီးၿပီမလား ။ ဒါဆို ကြ်န္ေတာ္ သြားလိုက္ပါဦးမယ္ ''

ပူပူေလာင္ေလာင္နဲ႕ သူ႕ရဲ႕အနက္ေရာင္ဆုိင္ကယ္ဦးထုပ္ကို ခုထိေဆာင္းထားၿမဲျဖစ္သည့္ ေ၀ဟင္သည္ ေလွကားအတိုင္းေအာင္ထပ္သို႕ျပန္ဆင္းလာရာ သူ႕ေနာက္မွ တစ္စံုတစ္ေယာက္ကလည္း လိုက္ဆင္းလာသည္ကို သတိထားမိေသာေၾကာင့္ ေနာက္လွည့္ၾကည့္လိုက္သည္ ။

ဟင္ .......... ကိုေလး ။

ကိုေလးမ်ားသူ႕ကို သတိထားမိသြားလား ။သူ႕အရိပ္ကိုေတာင္ မနင္းနဲ႕လိုု႕ေျပာထားလို႕ ခုလိုသူ႕ေရွ႕ေရာက္ေနတာေတြ႕ရင္ ကိုေလးရဲ႕ေဒါသက အကန္႕အသတ္ရွိႏိုင္ဦးမလားဟု တစ္ခ်က္ေတာ့ ေတြးပူမိတာအမွန္ ။

ကိုေလးကေတာ့ သူ႔ကိုသတိထားမိပံုမေပၚပါ ။ သူ႕အာရံုနဲ႕သူ ပုလဲေဖ်ာ္ရည္တစ္ခြက္ကိုကိုင္လွ်က္ဆင္းလာၿပီး သူ႕ကိုိေတာင္ တစ္ခ်က္ပဲေစာင္းငဲ့ၾကည့္ကာ သြက္သြက္ပင္ ဆင္းသြားေလသည္ ။ ေ၀ဟင္ကလည္း ကိုေလး၏ ေနာက္ေက်ာကိုေငးေမာရင္း သူနဲ႕အမွီလိုက္ဆင္းလိုက္သည္ ။ သူ႕ရဲ႕ဆိုင္ကယ္ဦးထုပ္က လည္စပ္နားထိေရာက္တာမို႕ သူစကားမေျပာရင္ သူဘယ္သူမွန္း ကိုေလးခန္႕မွန္းႏိုင္မည္မထင္ပါ ။

ကိုေလးတို႕ရံုးရဲ႕ေအာက္ဆံုးထပ္ေရာက္ေတာ့ သူဆိုင္ကယ္ထားခ့ဲသည့္ေနရာအထိပင္ ကိုေလးက သြားကာ ေကာင္းကင္ႀကီးကိုတစ္ခ်က္ၾကည့္လုိက္သည္ ။ ကိုေလးအတြက္ေတာ့မသိ ၊ သူကေတာ့ ကိုေလးနဲ႕ ႏွစ္ေပအကြာမွာရပ္ေနႏိုင္တာကိုပဲ ႀကိတ္ဂုဏ္ယူေနမိၿပီး ဒီေန႔အတြက္ ရာသီဥတုက သာယာလြန္းသည္ဟု ထင္မိသည္ ။

" ေနျပင္းတယ္ေနာ္ ....... ''

ဘုရားေရ ...... ဒါ ကိုေလးအသံမဟုတ္လား ။ ေနဦး .... ဒီမွာက သူနဲ႕ကိုယ္ေလးႏွစ္ေယာက္တည္းရွိလို႕ ကိုေလးက ဘယ္သူ႕ကိုေျပာတာလဲ ။ သူ႕ကိုလား ။

ခ်က္ခ်င္းဆိုသလိုပင္ ေ၀ဟင္၏အေတြးေတြက ေယာက္ယက္ခတ္သြားသည္ ။ သို႔ေပမယ့္ တည္ၿငိမ္ေအးေဆးလွေသာ ကိုေလးကေတာ့ သူ႔ထံ တစ္ခ်က္စိုက္ၾကည့္လာၿပီးေနာက္ တစ္ဖန္လမ္းမေတြဆီျပန္ၾကည့္လိုက္သည္ ။

" ငါ ဆြံ႕အနားမၾကားတစ္ေယာက္နဲ႕ စကားေျပာေနမိတာလား ''

ကိုေလးဆီက ကဲ့ရယ္သံမမည္တဲ့ အသံခ်ဳိခ်ဳိေလးသည္ အၿပံဳးနုနုတစ္ပြင့္နွင့္အတူ ထြက္က်လာ၍ ေ၀ဟင္သည္ အေယာင္ေယာင္အမွားမွားနဲ႕ပင္ အသံအုပ္ကာေျပာလိုက္သည္ ။

" အာ .........ေဆာရီး ။ အင္း .... ေနပူတယ္ေနာ္ ''

" ေရာ့့ ...... ပုလဲေဖ်ာ္ရည္ေသာက္မလား ။ ေကာ္ဖီေအးမွာလိုက္တာကို စေတာ္ဘယ္ရီအရသာနဲ႔မွားပို႕ေပးလို႕ ဆိုင္ရွင္ကို ကြန္ပလိန္းသြားတက္မလို႕ဟာ ခု အဲ့စိတ္ေပ်ာက္သြားၿပီ ။ လမ္းကူးရမွာပ်င္းလို႕ ..... ။ မင္းေသာက္မလား .... အဲ့ဆိုင္က ပုလဲေဖ်ာ္ရည္က ေတာ္ေတာ္အရသာရွိတယ္ ။ တစ္ခါေသာက္မိလို႕ႀကိဳက္သြားရင္ ေနာက္ခါ အဲ့မွာသြား၀ယ္ေသာက္ ။ ၿပီးရင္ Duwun က ခပ္ေခ်ာေခ်ာအကိုတစ္ေယာက္က မားကတ္တင္းဆင္းလိုက္လို႕ လာ၀ယ္တာပါလို႕ေျပာ ။ ဒါဆို ေနာက္ခါ ငါသူတို႕ကို ျပသနာပိုရွာလို႕ေကာင္းသြားၿပီေလ ''

ေ၀ဟင္ အေယာင္ေယာင္အမွားမွားနဲ႕ပင္ ပုလဲေဖ်ာ္ရည္ခြက္ကို လွမ္းယူမိသြားသည္ ။ ကိုေလးသည္ မပြင့္တစ္ပြင့္ၿပံဳးရင္း သူ႕ရံုးခန္းရွိရာျပန္တက္သြားေတာ့ က်န္ခဲ့သည့္ ေ၀ဟင္က ထူးဆန္းအံၾသမႈမ်ားစြာျဖင့္ ။ သူမွန္းမသိလို႕ ကိုေလးက ခုလိုတရင္းတႏွီးစကားေျပာတာလား ။ ျဖစ္ႏိုင္ပါတယ္ ....... ကိုေလးက သူ႕ကိုေသေလာက္ေအာင္ ရြံမုန္းေနသူမို႕ သူေစတနာအျပည့္နဲ႕ ပုလဲေဖ်ာ္ရည္ေပးလိုက္တဲ့ လူက သူမွန္း ကိုေလးသိသြားရင္ ကိုေလးကိုယ့္လက္ကိုေတာင္ျဖတ္ပစ္ခ်င္တဲ့အထိ ျဖစ္သြားမလားမသိ ။

ေျပာရရင္ ကိုေလးက စိတ္ရင္းေစတနာအရမ္းေကာင္းတဲ့သူမ်ိဳး ။ ႏူးညံ့တဲ့အသည္းႏွလံုးရွိကာ တစ္ဖက္သားကို ကူညီေဖးမတတ္ၿပီး ေယာက်ၤားပီသသည့္ ေယာကၤ်ားတစ္ဦး ။ ဒါဆို သူ႕အေပၚေကာ ။ ေသခ်ာေပါက္ အစတုန္းကေတာ့ ကိုေလးက သူ႕အေပၚေကာင္းခဲ့ဖူးပါတယ္ ။ သူ႕ကိုသိပ္မၾကည္ျဖဴဘူးဆိုရင္ေတာင္ ခါးခါးသီးသီးမျဖစ္ဘဲ သူ႕အေမရဲ႕လက္ကေန မသိမသာကာကြယ္ေပးခဲ့ဖူးသည္ ။ အနည္းဆံုးေတာ့ မင္း ထမင္းစားၿပီးၿပီလား ၊ မင္း ေနေကာေကာင္းရဲ႕လား ဟု ဂရုတစိုက္ရွိခဲ့ဖူးသည္ ။ သို႕ေသာ္ ထိုေကာင္းျခင္းအားလံုးကို သူ႕လက္နဲ႕ပင္ ဖ်က္ဆီးခဲ့ေလ၏ ။

ငယ္ေသးတဲ့အရြယ္တုန္းကေတာ့ ကိုေလးရဲ႕ဂရုစိုက္မႈေၾကာင့္ သူ႕ကိုယ္သူအခ်စ္ခံရသည္ဟုထင္ၿပီး စိတ္ႀကီး၀င္ခဲ့ဖူးသည္ ။ ေခ်ာေမာတဲ့ ကိုေလးကိုၾကည့္ၿပီး ဘယ္သူ႕ကိုမွေပးမပစ္ရက္ဘူးဟုေတြးမိေပမယ့္ ထိုစဥ္ကေတာ့ တကယ္ျဖဴစင္ခဲ့ရိုးအမွန္ပါ ။ သူ႕အသက္ ၁၇ ေလာက္ေရာက္ေတာ့ ကိုေလးခ်စ္သူရွိတယ္လို႕ သတင္းၾကားၿပီးေနာက္မွ ကိုေလးကို ဆံုးရံူးရမွာေၾကာက္ရြံတဲ့စိတ္နဲ႕အတူ သူ ကိုေလးကို အျဖဴထည္သက္သက္နဲ႕မဟုုတ္ေတာ့ဘဲ ရယူပိုင္ဆိုင္ခ်င္တဲ့စိတ္နဲ႕အတူ အပူမီးကို စတင္ေမြးၿပီး ခံစားခ်က္ကို စတင္ခဲ့သည္ ။ တစ္ႏွစ္ေလာက္ကေတာ့ ဟန္ေဆာင္ဖံုးကြယ္ထားႏိုင္ခဲ့ေပမယ့္ သူဟာ ၾကာၾကာဟန္မေဆာင္ႏိုင္ခဲ့ ။

တစ္ေန႔ ....... ကိုေလးအခန္းထဲမွာ ဘြားဘြားယူခိုင္းတဲ့ ေရဒီယိုေလး သြားရွာတုန္း ႏွစ္ၿခိဳက္စြာအိပ္ေမာက်ေနသည့္ ကိုေလးကိုအၾကာႀကီး သူစိုက္ၾကည့္ခဲ့မိၿပီး ရယူပိုင္ဆိုင္လိုမႈကို သိသာထင္႐ွားေစခဲ့ေသာ အျပဳအမႈတစ္ခုကို သူျပဳလုပ္မိခဲ့သည္ ။ ဒါက သူ ကိုေလးကို တိတ္တဆိတ္ ခိုးနမ္းခဲ့မိတာပဲ ။ ကံတရားဟာ သူ႕ကိုမနာလိုုျဖစ္္လို႕ထင္တယ္ ၊ ထိုေန႕ ကိုေလး ခ်က္ခ်င္းပင္ ႏိုးထလာၿပီး သူ႕ကို တြန္းထုတ္ခဲ့သည္ ။

ေဒါသသံနဲ႔အတူ ''မင္းဒါဘာလုပ္တာလဲ'' ဟူေသာ ကိုေလး၏ ေမးခြန္းကို သူဟန္ေဆာင္မႈကင္းမဲ့စြာပင္ ျပန္လည္ေျဖၾကားမိခဲ့သည္ ။

"ကြ်န္ေတာ္ ကိုေလးကို ခ်စ္တယ္ ။ ၿပီးေတာ့ ဒါက ခ်စ္သူတစ္ေယာက္လို ခ်စ္တယ္ ။ ကိုေလးကို ပိုင္ဆိုင္ခြင့္ ရခ်င္တယ္'' ... ဆိုၿပီး ။

ဒါေပမယ့္ ထင္ထားတာထက္ ပိုၿပီးဆိုးရြားစြာျပန္ရခဲ့တဲ့အေျဖက ..........

" ထြီး ......... ရြံလိုက္တာ ။ မင္းလိုလူက စကားနဲ႕ေတာင္ ႏိႈင္းစရာမရွိေလာက္ေအာင္ ရြံဖို႕ေကာင္းတယ္ ။ ငါ့အနား မကပ္စမ္းနဲ႕ '' တဲ့ ။

ကြ်န္ေတာ္စဥ္းစားမိတာေလးက အဲ့ေန႕ကသာ ကြ်န္ေတာ့္ခံစားခ်က္ကို ေရွ႕တန္းမတင္ဘဲ တစ္သက္လံုးအတြက္ ဖံုးကြယ္ထားခဲ့ရင္ ဒီေနရာမွာ ဆိုင္ကယ္ဦးထုပ္ ေဆာင္းစရာမလိုဘဲ လႊတ္လႊတ္လပ္လပ္ စကားေျပာၿပီး ရယ္ေမာလို႕ရမယ္ထင္တယ္ ။

ကြ်န္ေတာ္ကေတာ့ ကြ်န္ေတာ္ကိုယ္တိုင္ စတင္ခဲ့မိသည့္ အပူမီးေၾကာင့္ အသက္ရွဴရတာေတာင္ ပင္ပန္းေနၿပီ ကိုေလး ။ ကိုေလးကို ေပ်ာ္ေစခ်င္တယ္ သိလား ။ အဲ့ဒီေပ်ာ္ရႊင္မႈ ကြ်န္ေတာ္မရွိမွ ျဖစ္မယ္ဆိုရင္ေတာင္ေပါ့ ။

ေ၀ဟင္သည္ သူ႕အိတ္ကပ္ထဲက ဟန္းဖုန္းကိုထုတ္ကာ ဖုန္းနံပတ္စိမ္းတစ္ခုကို ေကာက္ႏွိပ္လိုက္သည္ ။

" ဟဲလို ....... ခင္ဗ်ား ကြ်န္ေတာ့္အေဖနဲ႔ အဆက္အသြယ္႐ွိတယ္လို႔ေျပာခဲ့ဖူးတယ္ေနာ္ ။ သူ႔ကိုေျပာေပးပါ.... ခုေန ကြၽန္ေတာ့္ကို ျပန္ေခၚမယ္ဆို အခ်ိန္မွီေသးတယ္လို႔ ''

*****************************

****************


Unicode

" သား .......... တစ်ခါတည်း ထမင်းစားမယ်လေ ''

ထမင်းစားခန်းထဲကနေ အန်ကယ်ထွန်းရဲ့အသံကိုကြားတော့ ဝေဟင်သည် တံခါးဝနားကနေပင် လှည့်ကြည့်ပြီး ဝမ်းသာအားရအပြုံး ခေါင်းငုံ့ကာ ထမင်းစားနေတဲ့ ကိုလေးကိုတွေ့တော့ ဝေဟင့်၏အပြုံးသည် တခဏမျှရပ်တံ့သွားသည် ။ ဟင့်အင်း ........ သူသာ ထမင်းဝိုင်းထဲဝင်လိုက်ရင် ကိုလေးက ချက်ချင်းထသွားလိမ့်မည် ။ ဒီလိုတော့ မဖြစ်စေချင် ။ သူ ကိုလေး ရှေ့မှာ တစ္ဆေသရဲတစ်ကောင်လို နေပေးရမည့်တာဝန်ရှိတာမို့ ...........

" မစားတော့ဘူး အန်ကယ် ။ ကျော်ကြီးတို့နဲ့ချိန်းထားလို့ ... နောက်ကျနေမှာစိုးလို့ သွားလိုက်ဦးမယ် ။ ပြန်လာမှ စားတော့မယ် ''

" အေး ... အေး ... ။ ဖြေးဖြေးလည်းသွားဦးနော် ''

ထမင်းဝိုင်းထဲမှာ ဒီကလေးကိုမကြည်ဖြူသည့် သားဖြစ်သူအပြင် ဇနီးဖြစ်သူပါရှိနေ၍ လောကွတ်တွေချော်ပြီး ထပ်ခါထပ်ခါမခေါ်ဖြစ်တော့ ။ လူတွေထဲက လူတစ်ဦးဖြစ်သည့် ဦးထွန်းလွင်သည်လည်း အနည်းနဲ့အများ အတ္တရှိတဲ့သူမို့ ဒီကောင်လေးကို သနားပေမယ့် တကယ်တမ်း ကိုယ့်မိသားစုက ပိုအရေးပါတယ်မို့လား ။ ဘွားကတော့ အိမ်ရှေ့က ပလက်ကုလားထိုင်ပေါ်မှာထိုင်ရင်း ထိုကောင်လေးကိုတစ်ချက်ကြည့်လိုက် မီးဖိုထဲက အသံကိုနားထောင်လိုက်နှင့် သက်ပြင်းကိုအသာချလိုက်သည် ။ သူမသည်လည်း ဒီအိမ်မှာ လူပိုတစ်ယောက်ပဲမဟုတ်လား ။ အသက်ကြီးရင့်နေပြီဖြစ်တဲ့ လူအိုတစ်ယောက်အနေနဲ့ ချွေးမမျက်နှာကို အနည်းနဲ့အများကြည့်ရသူမို့ ထိုကလေးကို သနားရုံကလွဲပြီး ဘာမှမလုပ်ပေးနိုင်ခဲ့ ။ ဖြစ်နိုင်လျှင် သူမရဲ့ငယ်ရွယ်နုပျိုမှုကို ပြန်လည်တောင့်တမိပြီး ဒီကလေးကို ရင်အုပ်မကွာပြုစုစောင့်ရှောက်ပေးချင်စိတ်တောင် ပေါက်မိသည် ။

သနားစရာ ကလေး ............. မင်းရဲ့မိဘအရင်းတွေနဲ့ အမြန်ဆုံးပြန်တွေ့နိုင်ပါစေကွယ် ။

**********************

ကားမှတ်တိုင်ကိုရောက်ဖို့ ဆယ်မိနစ်နီးနီးလမ်းလျှောက်ရသဖြင့် ဝေဟင်သည် သူ့အတွေးနဲ့သူ လမ်းဘေးကပ်လျှောက်နေတုန်း သူ့အနားကနေ ခပ်ဖြေးဖြေးမောင်းဖြတ်သွားသည့် ခဲရောင် Honda Fit လေးကြောင့် ဦးနှောက်က အလိုအလျောက်မှတ်မိနေသည့်နှယ် ဖျတ်ခနဲလှမ်းကြည့်လိုက်သည် ။ ဘယ်လောက်ပဲ ဟောင်းနေပါစေဦး သူပိုင်တဲ့ပစ္စည်းတွေကိုဆို အမြဲတမ်းသစ်လွင်နေအောင် ထိန်းသိမ်းတတ်တဲ့ ကိုလေးအကျင့်ကြောင့် ဒီတောက်ပြောင်နေတဲ့ကားဟာ ကိုလေးကားမှန်းသူအတပ်သိလိုက်သည် ။ ကားက ပုံမှန်ထက်နှေးနေတယ်လို့ထင်ရပေမယ့် ကိုလေးက နဂိုတည်းက ကားကို ဂရုစိုက်မောင်းတတ်သူမို့ ဒါဟာပုံမှန်ပဲဆိုတာ သူတွေးလိုက်သည် ။

ချစ်တယ် ....... ကိုလေး ။ ကျွန်တော်ကတော့ အရူးရင့်နေပြီထင်တယ် ။ ကိုလေးကို မမြင်ရရင်တောင် ကိုလေးနဲ့ပက်သက်တဲ့ သက်ရှိ ၊ သက်မဲ့ တစ်ခုခုကို မြင်ရုံနဲ့တင် ကျွန်တော် စိတ်လှုပ်ရှားနေတတ်တယ် ။ ဒါပေမယ့် ဒါက အချစ်မဟုတ်ဘူးတဲ့ ။ ကိုလေးအတွက် အနှောက်ယှက်ဆိုလားပဲ ။

သူ့အတွေးနဲ့သူ ကျေနပ်စွာပြုံးရင်း ထွက်ခွာဖို့ပြင်နေတဲ့ Bus ကားပေါ် ပြေးလွှားတက်လိုက်သည် ။ သူက မိဘမဲ့တစ်ဦးမလို့ သူများအိမ်မှာကပ်နေရပေမယ့် လိုအပ်တဲ့အသုံးစရိတ်နည်းနည်းပါးပါးကို ဦးထွန်းက ပေးတတ်တာမလို့ သူ့အတွက် အကျပ်အတည်းအရမ်းမဖြစ် ။ ပြီးတော့ သူ့အသက် ၁၈ နှစ်ရှိနေပြီ ။ ဘွဲ့ရတစ်ယောက်မဟုတ်ပေမယ့် အလုပ်တစ်ခုမှာ Delivery သမားအဖြစ်အလုပ်ရပြီး သူ့အသုံးစရိတ်ကို ကာမိအောင်ရှာနိုင်ခဲ့သည် ။ တစ်ခါတလေ ဘွားတို့ကို ပြန်ကန်တော့ပြီး အိမ်အတွက် ဟင်းဖိုးလေးတွေကူပေးသည် ။ သူပေးတဲ့ ငွေပမာဏက ဘယ်လောက်မှမဟုတ်ပေမယ့် သူက သူစိမ်းမဟုတ်လား ။ ရေတောင် အလကားမရတဲ့ခေတ်ကြီးထဲမှာ သူ့ကိုအိမ်ပေါ်မှာ ခေါ်တင်ထားပြီး အထက်တန်းထိပြီးဆုံးအောင် ထားခဲ့ပေးတာကိုပဲ ကျေးဇူးတင်မိသည် ။

************************

" ဝေဟင်ကို ............. ဒီပစ္စည်းပုံးကိုလေ သွားပို့ပေးပါဦး ။ အပေါ်မှာ လိပ်စာပါတယ်မလား ။ အဲ့လိပ်စာအတိုင်း သွားပို့ပေး ''

သူ့ရှေ့မှာ ရောက်လာတဲ့ A4 ပုံးအရွယ်အစား ဖာဘူးနဲ့အတူ ဒီနေ့အတွက် ပထမဆုံးပို့ရမည့် လိပ်စာကို ဝေဟင်ငုံ့ကြည့်လိုက်တော့ သူ့မျက်နှာက ဝင်းခနဲဖြစ်သွားသည် ။ ဒါ ကိုလေးရဲ့ ကုမ္ပဏီကို ပို့ရမယ့်ပစ္စည်းပဲ ။

" ဟုတ် ......... ကျွန်တော် ခုချက်ချင်းသွားလိုက်ပါ့မယ် ''

" တက်ကြွနေလိုက်တာ ။ အမတို့ကတော့ မင်းလို တက်ကြွတဲ့လူငယ်လေးတွေကို အရမ်းသဘောကျတာပဲ ။ သွက်သွက်လက်လက်ရှိပြီး ပြောလိုက်ရင် ချက်ချင်းပဲ ။ ဆိုင်ကယ်ကို သေချာဂရုစိုက်မောင်းဦးနော် ''

" ဟုတ်ကဲ့ပါ ............''

ကိုလေးရဲ့အရိပ်ကိုတောင် မနင်းပါဘူးလို့ ကတိပေးထားပေမယ့် ဘယ်လိုလုပ်ရမလဲ ။ ကျွန်တော်က ကိုလေးရှိနေတဲ့ပတ်ဝန်းကျင်လို့ ခံစားရရုံနဲ့တင် လူကနတ်ပြည်ရောက်သလို မြောက်နေပြီ ။ ကျွန်တော့်ကို ပြန်ချစ်ဖို့ မတောင်းဆိုပါဘူး ။ ဒါပေမယ့် အဝေးကနေ မြင်နေခွင့်လေးတော့ပေးပါ ကံတရားရယ် ။

တစ်နာရီကို ကီလိုခြောက်ဆယ်နီးပါးဖြင့် မောင်းထွက်သွားသော ပစ္စည်းပို့သည့်ဆိုင်ကယ်လေးက တစ်စုံတစ်ယောက်ဆီသို့ မျှော်လင့်ချက်အပြည့်ဖြင့် ခရီးနှင်လျှက် ။

Delivery service ဝန်ထမ်းဝတ်စုံနဲ့ ဆိုင်ကယ်ဦးထုတ်အနက်ရောင်ကို မှန်ချကာဆောင်းထားသည့် ကောင်လေးတစ်ဦးသည် ကုမ္ပဏီအဆောက်အဦးထဲသို့ တန်းတန်းပင်ဝင်သွားလိုက်ပြီး ပါဆယ်ပစ္စည်းရောက်ကြောင်း အကြောင်းကြားလိုက်သည် ။ ပစ္စည်းကိုလက်ခံယူပေးသူက ဝန်ထမ်းမိန်းကလေးတစ်ဦးဖြစ်နေ၍ သူတွေ့ချင်နေသည့်လူတစ်ဦးကိုတော့ ခုထိအရိပ်ယောင်ပင်မတွေ့သေး ။

" အမ ....... ဒါနဲ့လေ ...... ဒီဋ္ဌာနမှာလေ ....... ''

" ဟုတ် ........ ဘာသိချင်တာလဲ ''

" ဘာမဟုတ်တော့ပါဘူး ။ လက်မှတ်ထိုးပြီးပြီမလား ။ ဒါဆို ကျွန်တော် သွားလိုက်ပါဦးမယ် ''

ပူပူလောင်လောင်နဲ့ သူ့ရဲ့အနက်ရောင်ဆိုင်ကယ်ဦးထုပ်ကို ခုထိဆောင်းထားမြဲဖြစ်သည့် ဝေဟင်သည် လှေကားအတိုင်းအောင်ထပ်သို့ပြန်ဆင်းလာရာ သူ့နောက်မှ တစ်စုံတစ်ယောက်ကလည်း လိုက်ဆင်းလာသည်ကို သတိထားမိသောကြောင့် နောက်လှည့်ကြည့်လိုက်သည် ။

ဟင် .......... ကိုလေး ။

ကိုလေးများသူ့ကို သတိထားမိသွားလား ။သူ့အရိပ်ကိုတောင် မနင်းနဲ့လို့ပြောထားလို့ ခုလိုသူ့ရှေ့ရောက်နေတာတွေ့ရင် ကိုလေးရဲ့ဒေါသက အကန့်အသတ်ရှိနိုင်ဦးမလားဟု တစ်ချက်တော့ တွေးပူမိတာအမှန် ။

ကိုလေးကတော့ သူ့ကိုသတိထားမိပုံမပေါ်ပါ ။ သူ့အာရုံနဲ့သူ ပုလဲဖျော်ရည်တစ်ခွက်ကိုကိုင်လျှက်ဆင်းလာပြီး သူ့ကိုတောင် တစ်ချက်ပဲစောင်းငဲ့ကြည့်ကာ သွက်သွက်ပင် ဆင်းသွားလေသည် ။ ဝေဟင်ကလည်း ကိုလေး၏ နောက်ကျောကိုငေးမောရင်း သူနဲ့အမှီလိုက်ဆင်းလိုက်သည် ။ သူ့ရဲ့ဆိုင်ကယ်ဦးထုပ်က လည်စပ်နားထိရောက်တာမို့ သူစကားမပြောရင် သူဘယ်သူမှန်း ကိုလေးခန့်မှန်းနိုင်မည်မထင်ပါ ။

ကိုလေးတို့ရုံးရဲ့အောက်ဆုံးထပ်ရောက်တော့ သူဆိုင်ကယ်ထားခဲ့သည့်နေရာအထိပင် ကိုလေးက သွားကာ ကောင်းကင်ကြီးကိုတစ်ချက်ကြည့်လိုက်သည် ။ ကိုလေးအတွက်တော့မသိ ၊ သူကတော့ ကိုလေးနဲ့ နှစ်ပေအကွာမှာရပ်နေနိုင်တာကိုပဲ ကြိတ်ဂုဏ်ယူနေမိပြီး ဒီနေ့အတွက် ရာသီဥတုက သာယာလွန်းသည်ဟု ထင်မိသည် ။

" နေပြင်းတယ်နော် ....... ''

ဘုရားရေ ...... ဒါ ကိုလေးအသံမဟုတ်လား ။ နေဦး .... ဒီမှာက သူနဲ့ကိုယ်လေးနှစ်ယောက်တည်းရှိလို့ ကိုလေးက ဘယ်သူ့ကိုပြောတာလဲ ။ သူ့ကိုလား ။

ချက်ချင်းဆိုသလိုပင် ဝေဟင်၏အတွေးတွေက ယောက်ယက်ခတ်သွားသည် ။ သို့ပေမယ့် တည်ငြိမ်အေးဆေးလှသော ကိုလေးကတော့ သူ့ထံ တစ်ချက်စိုက်ကြည့်လာပြီးနောက် တစ်ဖန်လမ်းမတွေဆီပြန်ကြည့်လိုက်သည် ။

" ငါ ဆွံ့အနားမကြားတစ်ယောက်နဲ့ စကားပြောနေမိတာလား ''

ကိုလေးဆီက ကဲ့ရယ်သံမမည်တဲ့ အသံချိုချိုလေးသည် အပြုံးနုနုတစ်ပွင့်နှင့်အတူ ထွက်ကျလာ၍ ဝေဟင်သည် အယောင်ယောင်အမှားမှားနဲ့ပင် အသံအုပ်ကာပြောလိုက်သည် ။

" အာ .........ဆောရီး ။ အင်း .... နေပူတယ်နော် ''

" ရော့ ...... ပုလဲဖျော်ရည်သောက်မလား ။ ကော်ဖီအေးမှာလိုက်တာကို စတော်ဘယ်ရီအရသာနဲ့မှားပို့ပေးလို့ ဆိုင်ရှင်ကို ကွန်ပလိန်းသွားတက်မလို့ဟာ ခု အဲ့စိတ်ပျောက်သွားပြီ ။ လမ်းကူးရမှာပျင်းလို့ ..... ။ မင်းသောက်မလား .... အဲ့ဆိုင်က ပုလဲဖျော်ရည်က တော်တော်အရသာရှိတယ် ။ တစ်ခါသောက်မိလို့ကြိုက်သွားရင် နောက်ခါ အဲ့မှာသွားဝယ်သောက် ။ ပြီးရင် Duwun က ခပ်ချောချောအကိုတစ်ယောက်က မားကတ်တင်းဆင်းလိုက်လို့ လာဝယ်တာပါလို့ပြော ။ ဒါဆို နောက်ခါ ငါသူတို့ကို ပြသနာပိုရှာလို့ကောင်းသွားပြီလေ ''

ဝေဟင် အယောင်ယောင်အမှားမှားနဲ့ပင် ပုလဲဖျော်ရည်ခွက်ကို လှမ်းယူမိသွားသည် ။ ကိုလေးသည် မပွင့်တစ်ပွင့်ပြုံးရင်း သူ့ရုံးခန်းရှိရာပြန်တက်သွားတော့ ကျန်ခဲ့သည့် ဝေဟင်က ထူးဆန်းအံသြမှုများစွာဖြင့် ။ သူမှန်းမသိလို့ ကိုလေးက ခုလိုတရင်းတနှီးစကားပြောတာလား ။ ဖြစ်နိုင်ပါတယ် ....... ကိုလေးက သူ့ကိုသေလောက်အောင် ရွံမုန်းနေသူမို့ သူစေတနာအပြည့်နဲ့ ပုလဲဖျော်ရည်ပေးလိုက်တဲ့ လူက သူမှန်း ကိုလေးသိသွားရင် ကိုလေးကိုယ့်လက်ကိုတောင်ဖြတ်ပစ်ချင်တဲ့အထိ ဖြစ်သွားမလားမသိ ။

ပြောရရင် ကိုလေးက စိတ်ရင်းစေတနာအရမ်းကောင်းတဲ့သူမျိုး ။ နူးညံ့တဲ့အသည်းနှလုံးရှိကာ တစ်ဖက်သားကို ကူညီဖေးမတတ်ပြီး ယောကျၤားပီသသည့် ယောင်္ကျားတစ်ဦး ။ ဒါဆို သူ့အပေါ်ကော ။ သေချာပေါက် အစတုန်းကတော့ ကိုလေးက သူ့အပေါ်ကောင်းခဲ့ဖူးပါတယ် ။ သူ့ကိုသိပ်မကြည်ဖြူဘူးဆိုရင်တောင် ခါးခါးသီးသီးမဖြစ်ဘဲ သူ့အမေရဲ့လက်ကနေ မသိမသာကာကွယ်ပေးခဲ့ဖူးသည် ။ အနည်းဆုံးတော့ မင်း ထမင်းစားပြီးပြီလား ၊ မင်း နေကောကောင်းရဲ့လား ဟု ဂရုတစိုက်ရှိခဲ့ဖူးသည် ။ သို့သော် ထိုကောင်းခြင်းအားလုံးကို သူ့လက်နဲ့ပင် ဖျက်ဆီးခဲ့လေ၏ ။

ငယ်သေးတဲ့အရွယ်တုန်းကတော့ ကိုလေးရဲ့ဂရုစိုက်မှုကြောင့် သူ့ကိုယ်သူအချစ်ခံရသည်ဟုထင်ပြီး စိတ်ကြီးဝင်ခဲ့ဖူးသည် ။ ချောမောတဲ့ ကိုလေးကိုကြည့်ပြီး ဘယ်သူ့ကိုမှပေးမပစ်ရက်ဘူးဟုတွေးမိပေမယ့် ထိုစဉ်ကတော့ တကယ်ဖြူစင်ခဲ့ရိုးအမှန်ပါ ။ သူ့အသက် ၁၇ လောက်ရောက်တော့ ကိုလေးချစ်သူရှိတယ်လို့ သတင်းကြားပြီးနောက်မှ ကိုလေးကို ဆုံးရူံးရမှာကြောက်ရွံတဲ့စိတ်နဲ့အတူ သူ ကိုလေးကို အဖြူထည်သက်သက်နဲ့မဟုတ်တော့ဘဲ ရယူပိုင်ဆိုင်ချင်တဲ့စိတ်နဲ့အတူ အပူမီးကို စတင်မွေးပြီး ခံစားချက်ကို စတင်ခဲ့သည် ။ တစ်နှစ်လောက်ကတော့ ဟန်ဆောင်ဖုံးကွယ်ထားနိုင်ခဲ့ပေမယ့် သူဟာ ကြာကြာဟန်မဆောင်နိုင်ခဲ့ ။

တစ်နေ့ ....... ကိုလေးအခန်းထဲမှာ ဘွားဘွားယူခိုင်းတဲ့ ရေဒီယိုလေး သွားရှာတုန်း နှစ်ခြိုက်စွာအိပ်မောကျနေသည့် ကိုလေးကိုအကြာကြီး သူစိုက်ကြည့်ခဲ့မိပြီး ရယူပိုင်ဆိုင်လိုမှုကို သိသာထင်ရှားစေခဲ့သော အပြုအမှုတစ်ခုကို သူပြုလုပ်မိခဲ့သည် ။ ဒါက သူ ကိုလေးကို တိတ်တဆိတ် ခိုးနမ်းခဲ့မိတာပဲ ။ ကံတရားဟာ သူ့ကိုမနာလိုဖြစ်လို့ထင်တယ် ၊ ထိုနေ့ ကိုလေး ချက်ချင်းပင် နိုးထလာပြီး သူ့ကို တွန်းထုတ်ခဲ့သည် ။

ဒေါသသံနဲ့အတူ ''မင်းဒါဘာလုပ်တာလဲ'' ဟူသော ကိုလေး၏ မေးခွန်းကို သူဟန်ဆောင်မှုကင်းမဲ့စွာပင် ပြန်လည်ဖြေကြားမိခဲ့သည် ။

"ကျွန်တော် ကိုလေးကို ချစ်တယ် ။ ပြီးတော့ ဒါက ချစ်သူတစ်ယောက်လို ချစ်တယ် ။ ကိုလေးကို ပိုင်ဆိုင်ခွင့် ရချင်တယ်'' ... ဆိုပြီး ။

ဒါပေမယ့် ထင်ထားတာထက် ပိုပြီးဆိုးရွားစွာပြန်ရခဲ့တဲ့အဖြေက ..........

" ထွီး ......... ရွံလိုက်တာ ။ မင်းလိုလူက စကားနဲ့တောင် နှိုင်းစရာမရှိလောက်အောင် ရွံဖို့ကောင်းတယ် ။ ငါ့အနား မကပ်စမ်းနဲ့ '' တဲ့ ။

ကျွန်တော်စဉ်းစားမိတာလေးက အဲ့နေ့ကသာ ကျွန်တော့်ခံစားချက်ကို ရှေ့တန်းမတင်ဘဲ တစ်သက်လုံးအတွက် ဖုံးကွယ်ထားခဲ့ရင် ဒီနေရာမှာ ဆိုင်ကယ်ဦးထုပ် ဆောင်းစရာမလိုဘဲ လွှတ်လွှတ်လပ်လပ် စကားပြောပြီး ရယ်မောလို့ရမယ်ထင်တယ် ။

ကျွန်တော်ကတော့ ကျွန်တော်ကိုယ်တိုင် စတင်ခဲ့မိသည့် အပူမီးကြောင့် အသက်ရှူရတာတောင် ပင်ပန်းနေပြီ ကိုလေး ။ ကိုလေးကို ပျော်စေချင်တယ် သိလား ။ အဲ့ဒီပျော်ရွှင်မှု ကျွန်တော်မရှိမှ ဖြစ်မယ်ဆိုရင်တောင်ပေါ့ ။

ဝေဟင်သည် သူ့အိတ်ကပ်ထဲက ဟန်းဖုန်းကိုထုတ်ကာ ဖုန်းနံပတ်စိမ်းတစ်ခုကို ကောက်နှိပ်လိုက်သည် ။

" ဟဲလို ....... ခင်ဗျား ကျွန်တော့်အဖေနဲ့ အဆက်အသွယ်ရှိတယ်လို့ပြောခဲ့ဖူးတယ်နော် ။ သူ့ကိုပြောပေးပါ.... ခုနေ ကျွန်တော့်ကို ပြန်ခေါ်မယ်ဆို အချိန်မှီသေးတယ်လို့ ''

*****************************

****************

Ipagpatuloy ang Pagbabasa

Magugustuhan mo rin

241K 23.5K 73
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
70.7K 6.6K 26
Sometimes love is complicate Sometimes love is simple Complicate or simple is just a love,the prettiest thing all over the world and essential drug f...
259K 9.4K 40
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
1.4M 104K 43
(Unicode + Zawgyi) (Unicode below) ​ေတဇာပိုင္​ × သက္​တန္​႔လင္​း ​ငယ္​ရြယ္​တဲ့အခ်ိန္​မွာ အခ်စ္​ကိုစ​ေတြ႕ခဲ့တယ္​။ အရြယ္​နဲ႔မလိုက္​​ေအာင္​ အခ​်စ္​လမ္​းခ...