Sharing Is Caring....

By YuDiYinNwae1848

2.2K 141 2

အလှအပရေးရာ စိတ်ဓာတ်ရေးရာ Fb ပေါ်က ဗဟုသုတရမယ့်ပိုစ့်လေးတွေ ဖတ်ဖူးတဲ့ကောင်းတဲ့စာအုပ်စာပေတွေ ကိုယ်ပိုင် review.ti... More

ပျင်းတာများဆက်သာပျင်း
''Buying a Laptop''
American Center Library Card
IMEI
😻women's value🙀
Office Outfit Ideas.....
Nails Art
ရှီရှန်း နဲ့ ကျူးယောင်
Ladyတို့တွက် ဆောင်ရန်ရှောင်ရန် အချက်၁၀၀
Daily Skincare Routine
uniတတ်တောမယ့်babyတို့တွက်
ဘွဲ့ယူမည့်အကိုအစ်မများ👩‍🎓👨‍🎓🎓
ဘွဲ့ယူပြီးတဲ့အခါ
ဒီနေ့မလျှောက်ရင်နက်ဖြန်ပြေးရမှာ
🔑🔑🔑
အယုံလွယ်တဲ့ဘဝက ကျွတ်ဖို့
For me
မြန်မာနိုင်ငံအတွက် သင်္ချာချိန်
Internship
Resume
လိုတဲ့သူရှိမလားလို့
ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တော့မယ်1
အလုပ်လျှောက်မယ်2
အလုပ်အကိုင်အခွင့်အလမ်း1,2
အလုပ်အကိုင်အခွင့်အလမ်း 3
ဟော့ပေါ့စားနည်း လမ်းညွှန်
ဟော့ပေါ့စားနည်းလမ်းညွှန် နံပါတ်တူး
ဟော့ပေါ့ စားနည်းလမ်းညွှန် နံပါတ်သုံး
ဟောပေါ့စားနည်းလမ်းညွှန်no.4
Diet
ဟော့ပေါ့စားနည်း လမ်းညွှန်no.5
ဟော့ပေါ့ စားနည်းလမ်းညွှန်no.6
ဥပုသ်စောင်ြ့ခင်း
#suicidal #Moe Shin I.M.T
About Luckin Coffee translation fromမိုးရှင်းI.M.T
ဖာရာရီလမ်းခွဲ အခန်း ၁၁...80/20rule
Facebook ရဲ့ Libra
Facebookရဲ့ Cryptocurrency
Blank Space
Aladdin ost song lyrics
Makeups need & want
ဒေါ်သိန်းတင်
Infection of Foundation
ဇရေဲထကျ
Book For your Accent
Underestimate
Skam France 3
"မတူညီကွဲပြားခြင်း" By သူမ
FBI and CIA
ပို၍လှပလာစေရန်ရည်ရွယ်‌၍
wow
Zero Waste
" ကိုယ့်ကိုယ်ကိုချစ်ရင် " "If you love yourself...."
ဒါကအပိုင်းသစ်ပါ
just read this

ပညာသင္ဆု

22 2 0
By YuDiYinNwae1848

ပညာသင်ဆုအတွက် အင်တာဗျူးဖြေတော့မယ်ဆိုရင်~~~~~~
.
(၁) Why should we select you?
ဘာကြောင့် မင်းကို ရွေးချယ်သင့်တာလဲ လို့ မေးတဲ့အခါ တချို့လူတွေက
ကြောင်သွားတတ်ပါတယ်။ "it depends on you" ဆိုပီး ဖြေကြတာတွေ
တောင် ကြားဖူးပါတယ်။ တကယ်တမ်းတော့ ဒီမေးခွန်းက ဖြေဆိုသူ ဟာ ဘာကြောင့် အဲ့ဒီ ပညာသင်ဆုကို လိုချင်သလဲ၊ ကိုယ်လျှောက်ထားတဲ့ အရာကို ဘယ်လောက် Passionate ဖြစ်သလဲ၊ တကယ်လို့ အဲ့ဒီ ပညာသင်ဆုရရင်ရော အဲ့ဆုကို လက်ခံဖို့ ဘယ်လောက် အရည်အချင်း ရှိထားသလဲ၊ ပြင်ဆင်ထားသလဲ၊ ဘာကြောင့်လဲဆိုတဲ့ အရာတွေကို ပြောပြပေးရမယ့် အခြေအနေပါ။
.
(၂) What will you do after the program?
တချို့လူတွေကပြောကြတယ်။ ငါတော့ ဘယ်နိုင်ငံမှာ အလုပ်သွားလုပ်ချင်လို့
စသဖြင့်....။ ပညာသင်ဆုအများစုဟာ ကိုယ့်နိုင်ငံကိုပြန်လာပီး
အကျိုးပြုစေဖို့ ရည်ရွယ်ပါတယ်။ ကိုယ်ဟာ ဘယ်လောက်ကြိုးစားပီး
ဘယ်လိုနိုင်ငံကြီးမှာ အလုပ်လုပ်ပါမယ်ဆိုတဲ့ အဖြေဟာ ကိုယ့်ကြိုးစားမှုကို
ပြသော်ငြား တစ်ဖက်မှာ ကိုယ့်နိုင်ငံကို အကျိုးပြုနိုင်ဖို့
အလားလာနည်းနေတဲ့အတွက် ပညာသင်ဆုပေးအပ်တဲ့အဖွဲ့ရဲ့
ရပ်တည်ချက်နဲ့ သွေဖယ်ပီး ရွေးချယ်ခံရဖို့ အခွင့်ရေး နည်းသွားပါလိမ့်မယ်။
.
ဒီတော့...... ဒီလိုမေးခွန်းမျိုးဆိုရင် ကိုယ် စိတ်ကူးထားတဲ့ အရာလေးတွေကိုသာ ပြောပြပေးပါ။ အရမ်းကြီး ကြီးကြယ် ခမ်းနားနေဖို့ မလိုပါဘူး။ တိုင်းပြည်ကို ပြောင်းလဲမယ် ဘာလုပ်ပစ်မယ်ဆိုပီး ကြွေးကြော်ဖို့ မလိုပါဘူး။
.
YSEALI Program ကို ပါသွားတဲ့ လူငယ်လေးတစ်ယောက်က
ပြောဖူးတယ်။ သူ့ကို အင်တာဗျူးမှာ ဒီလိုမေးခွန်းမေးတော့ သူရဲ့ အဖြေ တစ်စိတ်တစ်ဒေသက သူဟာ သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်အမြဲထိုင်ဖြစ်တယ်။ ထိုင်တဲ့အခါတိုင်းမှာ ယောက်ျားလေးတွေ သဘာဝ ဟေးလား ၀ါးလား ပြောဖြစ်တယ်။ ဘောလုံးပွဲအကြောင်းတွေ ပြောဖြစ်တယ်တဲ့။ သူ့ကို YSEALI ပါဝင်ခွင့်ပေးခြင်းအားဖြင့် ပြန်လာတဲ့အခါ လက်ဖက်ရည်ဝိုင်းက အပေါင်းအဖော်တွေနဲ့ အမေရိကားမှာ ဘာတွေတွေ့ခဲ့တယ်ဆိုတာကို ပြန်ပြောပြမယ်တဲ့။
.
ဆိုတော့..... ရိုးရိုးရှင်းရှင်းလေးဖြေသွားပေမယ့် လက်တွေ့လည်းကျသလို ယုတ္တိလည်းရှိတယ်။ ဖြစ်လည်းဖြစ်သင့်တဲ့ အတွက်ကြောင့် သူရွေးချယ်ခံရတာလို့ မြင်မိတယ်။
.
(၃) Do you have any questions for us?
အင်တာဗျူးရဲ့ အဆုံးမှာ Interviewers တွေ တော်တော်များများ
မေးလေ့ရှိပါတယ်။ တစ်ခုခု မေးစရာများရှိသလားလို့ဆိုတဲ့အခါ
ကိုယ်လျှောက်တဲ့ Program အကြောင်း ဘယ်လောက်
လေ့လာထားတယ်။
ဘာကို သိချင်သေးတယ် ဆိုတဲ့ဟာကို မေးပေးသင့်ပါတယ်။ Critical Question ဖြစ်ဖို့အရေးကြီးသလို Interviewers တွေရဲ့ Impression ကိုလည်း ဆွဲယူဖို့ အခွင့်အရေးကောင်းတစ်ခုပါ။
.
"ဆရာ့ အသက် ဘယ်လောက်လဲ?"
"ဆရာ က ဒီပရိုဂရမ်မှာ ဘာရာထူးလဲ?"
"ဆရာ့ဇာတိက ဘယ်ကလဲ?" စသဖြင့်မေးခွန်းတွေ မေးလာကြတာကို
တွေ့ရပါတယ်။ မှားတယ်လို့တော့ ပြောလို့ မရပါဘူး။
ဒါပေမယ့် မေးခွန်းကောင်းတွေတော့ မဟုတ်ဘူး။
.
(၄) What are your strength and weakness?
အင်တာဗျူး တော်တော်များများမှာ မေးတတ်တဲ့ မေးခွန်းတစ်ခုပါ။
ကိုယ့်အားသာချက် နဲ့ အားနည်းချက် လို့ မေးတဲ့အခါ အကြာကြီး စဉ်းစားနေတတ်ကြတယ်။ ကိုယ့်အားသာချက်က ဘာ၊ အားနည်းချက်က ဘာဆိုတာ အင်တာဗျူးမဖြေခင်တိုင်းမှာ တိတိကျကျ သိထားဖို့ လိုပါမယ်။
.
ကိုယ့်အားသာချက်ဟာ ကိုယ်အဲ့ဒီပညာသင်ဆုရတဲ့အခါ တစ်ခုခု အကျိုးပြုမယ့် အရာ ဖြစ်ရင် ပိုကောင်းပါတယ်။ အားနည်းချက်ကတော့ ကိုယ် အဲ့ပညာသင်ဆုကို ရရှိခြင်းဖြင့် ဘယ်လို ပြုပြင်လိုက်နိုင်မယ်။ အခုလက်ရှိမှာလည်း အားနည်းချက်ကို အားကောင်းလာအောင် ဘယ်လိုကြိုးစားနေတယ်ဆိုတာကိုပါ ထည့်ပြောပေးသင့်တယ်လို့မြင်မိပါတယ်။
.
(၅) Have you ever worked for any community development fields?
တိုးတက်ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ဖူးပါသလား လို့ မေးတဲ့အခါ လူတချို့ဟာ ကိုယ်ဘာလုပ်ဖူးတယ်ဆိုတာကိုတောင် မေ့နေတတ်ကြပါတယ်။ တချို့ ဆရာ ဆရာမတွေကို မေးတဲ့အခါ NO ဆိုပီး ဖြေကြတာ တွေ့ရတယ်။
.
တကယ်တမ်းတော့ စာသင်တယ်ဆိုတာကလည်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက ကျတဲ့ အရာတစ်ခုကို လုပ်ဆောင်နေခြင်းပါပဲ။ ဒီတော့...... ကိုယ့်လုပ်ဆောင်ချက်ဟာ ဘာလဲ၊ ဘယ်လောက်အကျိုးရှိလဲ၊ ဘယ်ကို ဦးတည်သလဲဆိုတာကို ကိုယ်တိုင်က အမြဲ သုံးသပ်နေသင့်ပါတယ်။
.
နိဂုံးချုပ်ရမယ်ဆိုရင်~~~~~~
ပညာသင်ဆုတစ်ခုလျှောက်တဲ့အခါ....
အထူးသဖြင့် အင်တာဗျူးအဆင့်ထိ ရောက်တဲ့အခါ...
ကိုယ်ရည်အထိုက်အလျှောက် သွေးရပါလိမ့်မယ်။ သူများနဲ့ မတူနဲ့
အမြင်တွေကို ယူဆောင်လာသင့်ပါတယ်။ ကိုယ်က ဘယ်ကို ဘာကြောင့်
ဦးတည်သလဲ။ ကိုယ်ဘာတွေလုပ်ခဲ့သလဲ။ ကိုယ်လုပ်ခဲ့တဲ့အရာတွေက
ဘယ်လောက် အကျိုးပြုခဲ့သလဲ ဆိုတာတွေကို ကိုယ်ကိုယ်တိုင်က
ရှင်းရှင်းလင်းလင်း သိထားဖို့ လိုအပ်သလို...... ကိုယ့် Interviewers တွေ
မေးလာတဲ့အခါမှာလည်း အခန့်သင့်သလို ဖြေပေးဖို့ လိုပါတယ်။
.
ကိုယ် ဘယ်လောက် တော်နေ ပါစေ။ ကိုယ်ဘယ်လောက်ကြိုးစားထားပါစေ။
လုံးစေ့ ပတ်စေ့ တစ်ဖက်သားသေချာနားလည်အောင် ရှင်းမပြလိုက်နိုင်ရင်တော့ အမှတ်များများရဖို့က ခက်ခဲပါလိမ့်မယ်။
.
*** PDO Pre-College Program 2017-18 Student Recruitment
အင်တာဗျူးအပေါ်အခြေခံ၍ မျှဝေသည်***

#crd

Continue Reading

You'll Also Like

35.7K 4.7K 46
නුඹෙන් මං... විඳිමි හැඟුමන්... මා හද නිවාලනා ! ❤️
29.7K 4K 68
කිරුළ නොපලන් රජෙකුගෙ කතාව
30.6K 5.1K 13
මගේ හිතේ ඉඩ දැන් නුඹ අතින් හැඩවෙන සිතුවමකි !