LOVE FIGHT [ ChanHun OTP ]

Od Poe_Poe_Pouk_Pouk

31.7K 3.9K 879

အခ်စ္​ဆိုတာခ်ိဳၿမိန္​ပါတယ္​...... မင္​းနဲ႔ငါသာရန္​မျဖစ္​ၾကရင္​​ေပါ့...... အချစ်ဆိုတာချိုမြိန်ပါတယ်..... မင်းန... Více

Fight - 1
Fight - 2
Fight - 3
Fight - 4
Fight - 5
Fight - 6
Fight - 7
Fight - 8
Fight - 9
Fight - 10
Fight - 12
Fight - 13
Fight - 14
Fight - 15
Fight - 16
Fight - 17

Fight - 11

1.6K 233 47
Od Poe_Poe_Pouk_Pouk

" ငံုးဥ​ေကာင္​ႀကီး......ဟင္​့.....တကယ္​ကို
​ေနာက္​တစ္​​ေယာက္​ထားပစ္​တယ္​........
​ေခၚ​ေတာ့လည္​း အိုဆယ္​ဟြန္​းတဲ့......အူး၀ါး "

ကန္​တင္​းမွာခ်န္​း​ေယာလ္​ကို​ေကာင္​မ​ေလး
တစ္​​ေယာက္​နဲ႔​ေတြ႔လိုက္​တဲ့အျပင္​လူကိုလည္​း
အရင္​လိုမဟုတ္​ပဲသူစိမ္​းဆန္​လိုက္​​သည္​မို႔
ဆယ္​ဟြန္​းတစ္​​ေယာက္​ငိုယိုလို႔အိမ္​ျပန္​လာ​ေတာ့သည္​။

" မုန္​းလိုက္​တာ......ငံုး​ေကာင္​ႀကီး "

" ဒါက​ေရာဘာျဖစ္​လာျပန္​ရတာလဲ.......
ငိုႀကီးခ်က္​မနဲ႔........ "

ငိုယိုလို႔အိမ္​ထဲကို၀င္​လာတဲ့ဆယ္​ဟြန္​း​ေၾကာင္​့
မားမားႏွစ္​​ေယာက္​မွာျပာျပာသလဲ.......

" အူး၀ါး......မားမား​ေရ..... "

ငိုယိုလို႔ရင္​ခြင္​ထဲ​ေျပ၀င္​လိုက္​သည္​က
ကိုကို႔မားမားဆီ.......

​ေစာင္​့က်ိဳးနည္​း​ေမြးရက်ိဳးနပ္​တဲ့သား​ေလးပါ​ေနာ္​။
အ​ေမအရင္​းဆီ​ေတာ့မလာဘူး........
သူ႔​ေယာကၡမဆီတန္​းသြားသတဲ့။

စိတ္​​ေကာက္​သြားတဲ့ဆယ္​ဟြန္​းနီးမားမားပါ။

" အ​မ​ေလး....ဘယ္​လိုျဖစ္​တာလဲ
သားငယ္​​ေလးရယ္​......သား​ငယ္​​ေလးကို
ဘယ္​သူအႏိုင္​က်င္​့လိုက္​လို႔လဲ။ မားမားကို​ေျပာ "

" ဟင္​့......မားမားသား​ေပါ့.......သားရဲ႕
ခ်စ္​သူကိုကိုခ်န္​း​ေယာလ္​​ေလ.......
သားကိုပစ္​ၿပီး အခု​ေကာင္​မ​ေလးတစ္​​ေယာက္​နဲ႔
ကန္​တင္​းမွာျပံဳးၿဖီး​ေနတာပဲ......ဟင္​့......
သားကိုလည္​း​ေလ......ဆယ္​ဟြန္​းတဲ့......
နာမည္​ႀကီး​ေခၚတာသိလား.......ဟင္​့......
သူက​ေတာ့အဲ့ဟာမနဲ႔ျပံဳးၿဖီး​ေနတာ......... "

ဆယ္​ဟြန္​းနီးတဲ့ ကိုကို႔မားမားကိုကပ္​ခြၽဲလိုက္​သည္​။

ခ်စ္​သူကို ကိုယ္​ကစျပႆနာ႐ွာၿပီး
ျပန္​အ​ေခ်ာ့ခံရဖို႔ဆိုတာလြယ္​မ​ေနဘူး။
မာယာနဲနဲသံုးရတယ္​......

" အိုဆယ္​ဟြန္​း.......နင္​့ဘက္​ကအရင္​ျပတ္​တယ္​
​ေျပာၿပီး သားခ်န္​း​ေလးကိုျပႆနာ႐ွာမ​ေနနဲ႔....... "

ကိုယ္​့အ​ေမလား.....ဘဲအ​ေမလား.......
မသဲကြဲပါဘူး.......

သူ႔သားမက္​ဘက္​ပဲလိုက္​​ေနတာ......ဟြန္​႔.....
မားမားကိုမ်က္​​ေစာင္​းအႀကီးႀကီးထိုးပါတယ္​။

" က​ေလးကိုမဆူပါနဲ႔ဟယ္​.......ရန္​ျဖစ္​တာက
အျမဲျဖစ္​​ေနက်ပဲကို.......ဒါကိုဒင္​းကသားငယ္​​ေလးကို
​ေခ်လႊတ္​တယ္​​ေပါ့​ေလ.........​ေကာင္​မ​ေလးနဲ႔ပါ
အတူ႐ွိ​ေနလိုက္​​ေသး.......ဟုတ္​လား!!!! "

ဆယ္​ဟြန္​းမ်က္​ႏွာကိုငယ္​ထားကာ
မ်က္​ရည္​မ်ားႏွင္​့​ေခါင္​းၿငိမ္​့ျပလိုက္​သည္​။

ကိုကို႔မားမား အစ္​ဒယ္​ဘတ္​စ္​ပါ......

" ဒင္​းလာပါ​ေစဦး......မားမားနဲ႔​ေတြ႔မယ္​။
အို....​ေျပာ​ေနၾကာတယ္​။ အခုခ်က္​ခ်င္​း
ဖုန္​းဆက္​ၿပီး​ေခၚလိုက္​မယ္​....... "

​ေဒါသတႀကီးနဲ႔အိမ္​ဘက္​ကို​ေျပးသြားတဲ့မားမား.....
ပတ္​ခ္​ခ်န္​း​ေယာလ္​ႀကီး​ေရ..........
အဆူခံလိုက္​ပါဦး........

ျပံဳးၿဖီးၿဖီးႀကီးျဖစ္​​ေန​ေသာဆယ္​ဟြန္​း​ေလး......

​ေဒါက္​!!!!

" အာ့......မားမားကလည္​း...... "

ကိုယ္​့အ​ေတြးနဲ႔ကိုယ္​ၾကည္​ႏူး​ေနစဥ္​......
လက္​သံ​ေျပာင္​လွ​ေသာမားမားရဲ႕
​ေခါင္​း​ေခါက္​မႈ​ေလးမွာနာက်င္​သြားရပါၿပီ။

" ​ေစာင္​့ပို​ေကာင္​.......နင္​့အ​ေၾကာင္​းမသိရင္​
ခက္​မယ္​။ နင္​ကအရင္​စျပႆနာ႐ွာမယ္​။
​ေအး.......ဟိုကစိတ္​​ေကာက္​ရင္​မ​ေခ်ာ့ခ်င္​လို႔
ဥာဏ္​မ်ားမယ္​။ ၾကပ္​ၾကပ္​လုပ္​.......ဟိုက
အသစ္​႐ွာသြားမွက်န္​ရစ္​ျဖစ္​မယ္​........ "

" မားမားတို႔ကလည္​းဗ်ာ....... "

ဆယ္​ဟြန္​းတစ္​​ေယာက္​႐ွဴး႐ွဴး႐ွား႐ွားႏွင္​့
အ​ေပၚထပ္​ကို​ေျပးတက္​သြား​ေတာ့သည္​။

ဟုတ္​တယ္​​ေလ.......နဂိုထဲကမွဟတ္​ဖု
ဘ႐ုတ္​ကမ္​း​ေနပါတယ္​ဆိုမွ.......

မားမားတို႔ဟာသိပ္​အား​ေပးတာ.......

အိပ္​ရာထဲလူးလွိမ္​့​ေန႐ွာတဲ့အ​ေဆြးသမား​ေလး​ေပါ့.....

.
.
.

ခ်န္​း​ေယာလ္​လီ​ေလးအ​ေကာင္​​ေပါက္​ကို
စိတ္​​ေကာက္​လို႔စကားမ​ေျပာဘူးဟု​ေတြးထားသည္​။

ဒီတစ္​ခါ​ေတာ့ကိုယ္​့အမွားကိုယ္​မသံုးသပ္​ရင္​
လံုး၀မ​ေခ်ာ့ဘူးဟု​ေတြးထားသည္​။

ၾကက္​​ေပါက္​ကလည္​း​ေနႏိုင္​လိုက္​တာမ်ား
ဖုန္​း​ေလးတစ္​ခ်က္​​ေတာင္​မဆက္​........

ဒီကလူက​ေတာ့ျဖင္​့ဂနာမၿငိမ္​ျဖစ္​ၿပီး
ျပန္​​ေခၚခ်င္​လို႔ယြစိတက္​​ေနၿပီျဖစ္​သည္​။

သို႔​ေပမယ္​့လည္​း စိတ္​အလို လိုက္​လို႔မျဖစ္​။
ဆယ္​ဟြန္​းန​ီး​ေလး​ေရာင္​့တက္​​ေနတဲ့အထဲ
ခ်စ္​လြန္​းလို႔အ​ေလ်ွာ့​ေပးထားသည္​က
ျပႆနာတို႔၏အရင္​းခံျဖစ္​သည္​။

ဒီတစ္​​ေခါက္​လိုမလုပ္​ႏိုင္​​ေအာင္​ဆံုးမမွျဖစ္​မည္​။

အတန္​းထဲကို​ေက်ာင္​းသူသစ္​​ေရာက္​လာသည္​မို႔
အတန္​း​ေခါင္​း​ေဆာင္​ခ်န္​း​ေယာလ္​​ေလးမွာ
​ေျ်ာင္​းသူသစ္​ကိုအစစအရာရာကူညီရျပန္​သည္​။

ကန္​တင္​းကိုလည္​းလိုက္​ပို႔​ေပးရသည္​။
သူမအတြက္​ကအသစ္​အဆန္​းျဖစ္​​ေနမွာမလား။

ကန္​တင္​းထဲမွာစူပုပ္​​ေနတဲ့ၾကက္​​ေပါက္​ကို
​ေတြ႔လိုက္​​ေတာ့အလြမ္​း​ေျပသြားသလို......

ဘတ္​ခ္​ဟြၽန္​းနဲ႔ဘာ​ေတြ​ေျပာ​ေနၾကသည္​မသိ.....
စိတ္​​ေကာက္​​ေနရင္​းနဲ​ေတာင္​ခ်စ္​ခ်င္​​ေန​ေသာ
ခ်န္​း​ေယာလ္​လီ​ေလး.........

ပတ္​ခ္​ခ်န္​း​ေယာလ္​!!!! စိတ္​ထိန္​းစမ္​း!!!!!
မွတ္​​ေလာက္​​ေအာင္​ဆံုးမရမယ္​​ေလ.........

ကိုယ္​့အ​ေတြးနဲ႔ကိုယ္​​ေယာက္​ရက္​ခတ္​​ေနစဥ္​
ဒီဘက္​ကိုလွည္​့ၾကည္​့လာ​ေသာအ​ေကာင္​​ေပါက္​​ေၾကာင္​့
အၾကံအစည္​ကိုအ​ေကာင္​အထည္​​ေဖာ္​ရ​ေတာ့သည္​။

​ေက်ာင္​းသူသစ္​ႏွင္​့ျပံဳးရယ္​လို႔စကား​ေျပာ​ေတာ့
နီရဲလာ​ေသာအ​ေကာင္​​ေပါက္​မ်က္​ႏွာ​ေၾကာင္​့
စိတ္​ထဲတြင္​ႀကိတ္​​ေပ်ာ္​​ေနမိသည္​။

သိပ္​မၾကာပါဘူး....စားပြဲခံုကိုလက္​နဲ႔ထုလို႔
သူတို႔စားပြဲနား​ေရာက္​လာ​ေတာ့သည္​။

နာမည္​​ေခၚၿပီးစကား​ေျပာလိုက္​​ေတာ့
ပိုစိတ္​ဆိုးသြားပံုရသည္​။

မ်က္​ရည္​၀ဲကာ​ေျပးထြက္​သြားသည္​ကို
​ေတြ႔​ေတာ့လည္​းစိတ္​မ​ေကာင္​း​ေပ။

ဂ်စ္​တီးဂ်စ္​ကန္​​ေလးကို သူကမတရားကို
ခ်စ္​​ေနရတာမဟုတ္​လား။

သူလည္​းစိတ္​မ​ေပ်ာ္​​ေတာ့သည္​မို႔​ေက်ာင္​းသူသစ္​ကို
ႏႈတ္​ဆက္​ၿပီးအိမ္​ကိုသာျပန္​ရန္​စဥ္​းစားမိ​ေတာ့သည္​။

အိမ္​​ေတာင္​မ​ေရာက္​​ေသးပါဘူး......မားမားရဲ႕
​ေရာက္​ရာအရပ္​ကျမန္​ျမန္​ျပန္​လာဆို​ေသာ
ဖုန္​း​ေၾကာင္​့အ​ေျပးျပန္​ရပါ​ေတာ့သည္​။
ဂ်စ္​တူး​ေလးရဲ႕စနက္​​ေတြမွန္​းသိရက္​နဲ႔​ေပါ့။

ဒါသည္​ကားသူ႔ရဲ႕​ေနာက္​ဆံုးလက္​နက္​ပင္​။

ဘယ္​လိုမွမႏိုင္​​ေတာ့ရင္​​ေနာက္​ဆံုး
မားမားဆီကပ္​ခြၽဲလို႔တိုင္​တန္​း​ေတာ့သည္​။

" အာ့......မားမား......နာတယ္​​ေလ..... "

အိမ္​ထဲ၀င္​၀င္​ခ်င္​းပင္​နားရြက္​ကို
ျပတ္​လုမတတ္​လာဆြဲ​ေသာမာတာမိခင္​.....

" နင္​ကနာတယ္​​ေပါ့​ေလ။ ဟမ္​.....​ေကာင္​မ​ေလးနဲ႔
ျပံဳးၿဖီး​ေနတုန္​းက​ေတာ့ဒီအခြက္​မဟုတ္​ဘူးမလား။
ဟမ္​......ငါ့ရဲ႕သားငယ္​​ေလးကိုစိတ္​ဆင္​းရဲ​ေအာင္​
လုပ္​တဲ့အ​ေကာင္​.......ပိုနာစမ္​း!!!!! "

" အား!!!! မားမား​ေရ!!!! "

နားရြက္​ကိုႏွစ္​ဖက္​လံုးလိမ္​ဆြဲ​ေနသည္​မို႔
ခ်န္​း​ေယာလ္​​ေလးမွာခါးႀကီးကိုင္​းလို႔
​ေအာ္​​ေနရပါ​ေတာ့သည္​။

" ငါ့သားငယ္​​ေလးမွာ​ေတာ့ငိုႀကီးခ်က္​မနဲ႔ကို
ျပန္​လာတာ။ ဘာလို႔အဲ့လိုလုပ္​ရတာလဲ​ေျပာစမ္​း "

ငိုၿပီးျပန္​လာသည္​ဆိုသည္​ကိုၾကားရ​ေတာ့လည္​း
ခ်န္​း​ေယာလ္​​ေလးစိတ္​မ​ေကာင္​း​ေပ။

" သားကအတန္​း​ေခါင္​း​ေဆာင္​​ေလမားမားရယ္​။
​ေက်ာင္​းသူသစ္​​ေရာက္​လို႔ဒီအတိုင္​းကူညီ​ေပးတာပါ။
သူ႔ဟာသူသားကိုစိတ္​​ေကာက္​​ေနၿပီး​ေလွ်ာက္​ထင္​​ေနတာ။
သားကအဲ့လိုလုပ္​မယ္​့သူလား။ ႐ွိ​ေနတဲ့သူ႔​ေတာင္​
ခ်စ္​လို႔၀​ေသးတာမဟုတ္​ဘူး.......... "

ပူထူ​ေန​ေသာနားရြက္​ႏွစ္​ဖက္​ကိုပြတ္​လို႔
ခပ္​ျမန္​ျမန္​႐ွင္​းျပ​ေနရသည္​။

" ​ေအး.....အဲ့တာဆိုလည္​းျမန္​ျမန္​​ေခ်ာ့​ေတာ့။
ငါ့သားငယ္​​ေလးသနားပါတယ္​.........
မနက္​ျဖန္​အဆင္​​ေျပ​ေနတာပဲျမင္​ခ်င္​တယ္​..... "

ဒုန္​း!!!!!

​ေျပာခ်င္​တာ​ေျပာၿပီးအခန္​းထဲ၀င္​သြားတဲ့မားမား။
တံခါးကိုပါ​ေဆာင္​့ပိတ္​သြား​ေသးသည္​။

တစ္​ခါတစ္​​ေလစိတ္​​ေကာက္​ရတဲ့ပတ္​ခ္​ခ်န္​း​ေယာလ္​
​ေလးမွာမ်က္​ႏွာကိုငယ္​လို႔........

မသိရင္​ပဲသူ႔သမက္​ကိုမတရားအႏိုင္​့က်င္​့​ေနသလို။
ကိုယ္​့သားခံလာရတာက်မသိဘူး.....ဟြန္​႔......

မ​ေခ်ာ့ဘူး.....လံုး၀မ​ေခ်ာ့ဘူး!!!!
ဒီ​ေန႔ကို​ေျပာတာ.....မနက္​ျဖန္​မွ
​ေစာ​ေစာသြား​ေခ်ာ့မယ္​......

ပတ္​ခ္​ခ်န္​း​ေယာလ္​​ေနာ္​......စိတ္​ႀကီးတယ္​။
ျပတ္​ျပတ္​သားသားပဲ........

စိတ္​​ေကာက္​​ေနတုန္​းညဘက္​ႀကီးမွာ​ေပါ့ဗ်ာ.....
ဖုန္​း၀င္​လာလို႔ၾကည္​့မိ​ေတာ့အ​ေကာင္​​ေပါက္​.....

ပတ္​ခ္​ခ်န္​း​ေယာလ္​တို႔ထီ​ေပါက္​ၿပီထင္​ပါရဲ႕.....
ဦးဦးဖ်ားဖ်ားအ​ေခ်ာ့ခံရ​ေတာ့မယ္​နဲ႔တူတယ္​။

ဂုဏ္​ဆာ​ေနတဲ့ခ်န္​း​ေယာလ္​​ေလး.......

" ဟဲလို!!! "

အခုခ်ိန္​မွာစငိ​ေပၚကမို႔ရတုန္​းရခိုက္​မွာ
မတရားကို​ေခ်မိုးပစ္​ဦးမွာ.......

" ဟဲလို!!!!! "

ဘာမွမ​ေျပာသည္​မို႔စိတ္​ပင္​တိုလာသည္​။

" ဟဲ...... "

" ဟို.....အစ္​....အစ္​ကိုခ်န္​း​ေယာလ္​.......
ကြၽန္​​ေတာ္​ ဘတ္​ခ္​ဟြၽန္​းပါ........ "

အ​ေကာင္​​ေပါက္​ရဲ႕သူငယ္​ခ်င္​းကဘာျဖစ္​လို႔.....

" ဘတ္​ခ္​ဟြၽန္​းကဘယ္​လိုျဖစ္​ၿပီး....... "

အခ်ိန္​ၾကည္​့​ေတာ့ ည၁၀နာရီပင္​ထိုး​ေတာ့မည္​။
ၾကား​ေနရ​ေသာအသံ​ေတြကအိမ္​မွာမဟုတ္​သည္​ကို
သက္​​ေသျပ​ေနသည္​။

" အဲ့.....အဲ့ဒါက​ေလ....... "

" ဘတ္​ခ္​ဟြၽန္​း​ေရ.....ျမန္​ျမန္​​ေျပာပါဟ "

စိတ္​မ႐ွည္​​ေတာ့ပါဘူး​ေနာ္​။

" ဆယ္​ဟြန္​းကအစ္​ကိုနဲ႔ရန္​ျဖစ္​လို႔စိတ္​ညစ္​တယ္​
ဆိုၿပီး ဆိုဂ်ဴ​ေသာက္​တာအခုအရမ္​းမူး​ေနလို႔.......
အစ္​ကိုလာ​ေခၚ​ေပးပါလား........ "

" ဆိုင္​လိပ္​စာ​ေျပာ........ "

လိပ္​စာသိရသည္​ႏွင္​့ဖုန္​းကိုခ်အ​ေႏြးထည္​
​ေကာက္​ဆြဲလို႔​ေျပးရ​ေတာ့သည္​။

စိတ္​​ေတာင္​​ေကာက္​လို႔မ၀​ေသးတဲ့ခ်န္​း​ေယာလ္​​ေလးဟာ
သူကိုယ္​တိုင္​ပဲျပန္​​ေခ်ာ့ဖို႔ကံဖန္​လာခဲ့ျပန္​တယ္​။

ပတ္​ခ္​ခ်န္​း​ေယာလ္​​ေရ.....ခ်စ္​တာကိုး....
ခံဟ........

တစ္​ဖက္​က​ဆယ္​ဟြန္​း​ေလးမွာ​ေတာ့
မ်က္​ရည္​မ်ားႏွင္​့႐ိႈက္​ႀကီးတငင္​ငိုယိုကာ
စားပြဲ​ေပၚ​ေမွာက္​​ေန​ေလရဲ႕။

ပိုခ်စ္​တဲ့သူကအျမဲလိုလို႐ႈံးနိမ္​့စျမဲပါပဲ.........

################################

မ​ေန႔ထဲကတင္​မလို႔ညကအိပ္​​ေပ်ာ္​သြား😁😁

အခ်န္​းအဟြန္​းပူးကပ္​​ေနလို႔​ေပ်ာ္​မလို႐ွိ​ေသး
ျပႆနာ​ေတြတက္​ၿပီး​ေဒါသ​ေတြထြက္​ရ😤

ဘာပဲ​ေျပာ​ေျပာ ​ေပါက္​က​ေလး​ေပ်ာ္​​ေနပါတယ္​😭

​ေခ့်ယူ all ပါ​ေနာ္​

အူးမြ😘😘😘

Unicode

" ငုံးဥကောင်ကြီး......ဟင့်.....တကယ်ကို
နောက်တစ်ယောက်ထားပစ်တယ်........
ခေါ်တော့လည်း အိုဆယ်ဟွန်းတဲ့......အူးဝါး "

ကန်တင်းမှာချန်းယောလ်ကိုကောင်မလေး
တစ်ယောက်နဲ့တွေ့လိုက်တဲ့အပြင်လူကိုလည်း
အရင်လိုမဟုတ်ပဲသူစိမ်းဆန်လိုက်သည်မို့
ဆယ်ဟွန်းတစ်ယောက်ငိုယိုလို့အိမ်ပြန်လာတော့သည်။

" မုန်းလိုက်တာ......ငုံးကောင်ကြီး "

" ဒါကရောဘာဖြစ်လာပြန်ရတာလဲ.......
ငိုကြီးချက်မနဲ့........ "

ငိုယိုလို့အိမ်ထဲကိုဝင်လာတဲ့ဆယ်ဟွန်းကြောင့်
မားမားနှစ်ယောက်မှာပြာပြာသလဲ.......

" အူးဝါး......မားမားရေ..... "

ငိုယိုလို့ရင်ခွင်ထဲပြေဝင်လိုက်သည်က
ကိုကို့မားမားဆီ.......

စောင့်ကျိုးနည်းမွေးရကျိုးနပ်တဲ့သားလေးပါနော်။
အမေအရင်းဆီတော့မလာဘူး........
သူ့ယောက္ခမဆီတန်းသွားသတဲ့။

စိတ်ကောက်သွားတဲ့ဆယ်ဟွန်းနီးမားမားပါ။

" အမလေး....ဘယ်လိုဖြစ်တာလဲ
သားငယ်လေးရယ်......သားငယ်လေးကို
ဘယ်သူအနိုင်ကျင့်လိုက်လို့လဲ။ မားမားကိုပြော "

" ဟင့်......မားမားသားပေါ့.......သားရဲ့
ချစ်သူကိုကိုချန်းယောလ်လေ.......
သားကိုပစ်ပြီး အခုကောင်မလေးတစ်ယောက်နဲ့
ကန်တင်းမှာပြုံးဖြီးနေတာပဲ......ဟင့်......
သားကိုလည်းလေ......ဆယ်ဟွန်းတဲ့......
နာမည်ကြီးခေါ်တာသိလား.......ဟင့်......
သူကတော့အဲ့ဟာမနဲ့ပြုံးဖြီးနေတာ......... "

ဆယ်ဟွန်းနီးတဲ့ ကိုကို့မားမားကိုကပ်ချွဲလိုက်သည်။

ချစ်သူကို ကိုယ်ကစပြဿနာရှာပြီး
ပြန်အချော့ခံရဖို့ဆိုတာလွယ်မနေဘူး။
မာယာနဲနဲသုံးရတယ်......

" အိုဆယ်ဟွန်း.......နင့်ဘက်ကအရင်ပြတ်တယ်
ပြောပြီး သားချန်းလေးကိုပြဿနာရှာမနေနဲ့....... "

ကိုယ့်အမေလား.....ဘဲအမေလား.......
မသဲကွဲပါဘူး.......

သူ့သားမက်ဘက်ပဲလိုက်နေတာ......ဟွန့်.....
မားမားကိုမျက်စောင်းအကြီးကြီးထိုးပါတယ်။

" ကလေးကိုမဆူပါနဲ့ဟယ်.......ရန်ဖြစ်တာက
အမြဲဖြစ်နေကျပဲကို.......ဒါကိုဒင်းကသားငယ်လေးကို
ချေလွှတ်တယ်ပေါ့လေ.........ကောင်မလေးနဲ့ပါ
အတူရှိနေလိုက်သေး.......ဟုတ်လား!!!! "

ဆယ်ဟွန်းမျက်နှာကိုငယ်ထားကာ
မျက်ရည်များနှင့်ခေါင်းငြိမ့်ပြလိုက်သည်။

ကိုကို့မားမား အစ်ဒယ်ဘတ်စ်ပါ......

" ဒင်းလာပါစေဦး......မားမားနဲ့တွေ့မယ်။
အို....ပြောနေကြာတယ်။ အခုချက်ချင်း
ဖုန်းဆက်ပြီးခေါ်လိုက်မယ်....... "

ဒေါသတကြီးနဲ့အိမ်ဘက်ကိုပြေးသွားတဲ့မားမား.....
ပတ်ခ်ချန်းယောလ်ကြီးရေ..........
အဆူခံလိုက်ပါဦး........

ပြုံးဖြီးဖြီးကြီးဖြစ်နေသောဆယ်ဟွန်းလေး......

ဒေါက်!!!!

" အာ့......မားမားကလည်း...... "

ကိုယ့်အတွေးနဲ့ကိုယ်ကြည်နူးနေစဉ်......
လက်သံပြောင်လှသောမားမားရဲ့
ခေါင်းခေါက်မှုလေးမှာနာကျင်သွားရပါပြီ။

" စောင့်ပိုကောင်.......နင့်အကြောင်းမသိရင်
ခက်မယ်။ နင်ကအရင်စပြဿနာရှာမယ်။
အေး.......ဟိုကစိတ်ကောက်ရင်မချော့ချင်လို့
ဉာဏ်များမယ်။ ကြပ်ကြပ်လုပ်.......ဟိုက
အသစ်ရှာသွားမှကျန်ရစ်ဖြစ်မယ်........ "

" မားမားတို့ကလည်းဗျာ....... "

ဆယ်ဟွန်းတစ်ယောက်ရှူးရှူးရှားရှားနှင့်
အပေါ်ထပ်ကိုပြေးတက်သွားတော့သည်။

ဟုတ်တယ်လေ.......နဂိုထဲကမှဟတ်ဖု
ဘရုတ်ကမ်းနေပါတယ်ဆိုမှ.......

မားမားတို့ဟာသိပ်အားပေးတာ.......

အိပ်ရာထဲလူးလှိမ့်နေရှာတဲ့အဆွေးသမားလေးပေါ့.....

.
.
.

ချန်းယောလ်လီလေးအကောင်ပေါက်ကို
စိတ်ကောက်လို့စကားမပြောဘူးဟုတွေးထားသည်။

ဒီတစ်ခါတော့ကိုယ့်အမှားကိုယ်မသုံးသပ်ရင်
လုံးဝမချော့ဘူးဟုတွေးထားသည်။

ကြက်ပေါက်ကလည်းနေနိုင်လိုက်တာများ
ဖုန်းလေးတစ်ချက်တောင်မဆက်........

ဒီကလူကတော့ဖြင့်ဂနာမငြိမ်ဖြစ်ပြီး
ပြန်ခေါ်ချင်လို့ယွစိတက်နေပြီဖြစ်သည်။

သို့ပေမယ့်လည်း စိတ်အလို လိုက်လို့မဖြစ်။
ဆယ်ဟွန်းနီးလေးရောင့်တက်နေတဲ့အထဲ
ချစ်လွန်းလို့အလျှော့ပေးထားသည်က
ပြဿနာတို့၏အရင်းခံဖြစ်သည်။

ဒီတစ်ခေါက်လိုမလုပ်နိုင်အောင်ဆုံးမမှဖြစ်မည်။

အတန်းထဲကိုကျောင်းသူသစ်ရောက်လာသည်မို့
အတန်းခေါင်းဆောင်ချန်းယောလ်လေးမှာ
ေြျာင်းသူသစ်ကိုအစစအရာရာကူညီရပြန်သည်။

ကန်တင်းကိုလည်းလိုက်ပို့ပေးရသည်။
သူမအတွက်ကအသစ်အဆန်းဖြစ်နေမှာမလား။

ကန်တင်းထဲမှာစူပုပ်နေတဲ့ကြက်ပေါက်ကို
တွေ့လိုက်တော့အလွမ်းပြေသွားသလို......

ဘတ်ခ်ဟျွန်းနဲ့ဘာတွေပြောနေကြသည်မသိ.....
စိတ်ကောက်နေရင်းနဲတောင်ချစ်ချင်နေသော
ချန်းယောလ်လီလေး.........

ပတ်ခ်ချန်းယောလ်!!!! စိတ်ထိန်းစမ်း!!!!!
မှတ်လောက်အောင်ဆုံးမရမယ်လေ.........

ကိုယ့်အတွေးနဲ့ကိုယ်ယောက်ရက်ခတ်နေစဉ်
ဒီဘက်ကိုလှည့်ကြည့်လာသောအကောင်ပေါက်ကြောင့်
အကြံအစည်ကိုအကောင်အထည်ဖော်ရတော့သည်။

ကျောင်းသူသစ်နှင့်ပြုံးရယ်လို့စကားပြောတော့
နီရဲလာသောအကောင်ပေါက်မျက်နှာကြောင့်
စိတ်ထဲတွင်ကြိတ်ပျော်နေမိသည်။

သိပ်မကြာပါဘူး....စားပွဲခုံကိုလက်နဲ့ထုလို့
သူတို့စားပွဲနားရောက်လာတော့သည်။

နာမည်ခေါ်ပြီးစကားပြောလိုက်တော့
ပိုစိတ်ဆိုးသွားပုံရသည်။

မျက်ရည်ဝဲကာပြေးထွက်သွားသည်ကို
တွေ့တော့လည်းစိတ်မကောင်းပေ။

ဂျစ်တီးဂျစ်ကန်လေးကို သူကမတရားကို
ချစ်နေရတာမဟုတ်လား။

သူလည်းစိတ်မပျော်တော့သည်မို့ကျောင်းသူသစ်ကို
နှုတ်ဆက်ပြီးအိမ်ကိုသာပြန်ရန်စဉ်းစားမိတော့သည်။

အိမ်တောင်မရောက်သေးပါဘူး......မားမားရဲ့
ရောက်ရာအရပ်ကမြန်မြန်ပြန်လာဆိုသော
ဖုန်းကြောင့်အပြေးပြန်ရပါတော့သည်။
ဂျစ်တူးလေးရဲ့စနက်တွေမှန်းသိရက်နဲ့ပေါ့။

ဒါသည်ကားသူ့ရဲ့နောက်ဆုံးလက်နက်ပင်။

ဘယ်လိုမှမနိုင်တော့ရင်နောက်ဆုံး
မားမားဆီကပ်ချွဲလို့တိုင်တန်းတော့သည်။

" အာ့......မားမား......နာတယ်လေ..... "

အိမ်ထဲဝင်ဝင်ချင်းပင်နားရွက်ကို
ပြတ်လုမတတ်လာဆွဲသောမာတာမိခင်.....

" နင်ကနာတယ်ပေါ့လေ။ ဟမ်.....ကောင်မလေးနဲ့
ပြုံးဖြီးနေတုန်းကတော့ဒီအခွက်မဟုတ်ဘူးမလား။
ဟမ်......ငါ့ရဲ့သားငယ်လေးကိုစိတ်ဆင်းရဲအောင်
လုပ်တဲ့အကောင်.......ပိုနာစမ်း!!!!! "

" အား!!!! မားမားရေ!!!! "

နားရွက်ကိုနှစ်ဖက်လုံးလိမ်ဆွဲနေသည်မို့
ချန်းယောလ်လေးမှာခါးကြီးကိုင်းလို့
အော်နေရပါတော့သည်။

" ငါ့သားငယ်လေးမှာတော့ငိုကြီးချက်မနဲ့ကို
ပြန်လာတာ။ ဘာလို့အဲ့လိုလုပ်ရတာလဲပြောစမ်း "

ငိုပြီးပြန်လာသည်ဆိုသည်ကိုကြားရတော့လည်း
ချန်းယောလ်လေးစိတ်မကောင်းပေ။

" သားကအတန်းခေါင်းဆောင်လေမားမားရယ်။
ကျောင်းသူသစ်ရောက်လို့ဒီအတိုင်းကူညီပေးတာပါ။
သူ့ဟာသူသားကိုစိတ်ကောက်နေပြီးလျှောက်ထင်နေတာ။
သားကအဲ့လိုလုပ်မယ့်သူလား။ ရှိနေတဲ့သူ့တောင်
ချစ်လို့ဝသေးတာမဟုတ်ဘူး.......... "

ပူထူနေသောနားရွက်နှစ်ဖက်ကိုပွတ်လို့
ခပ်မြန်မြန်ရှင်းပြနေရသည်။

" အေး.....အဲ့တာဆိုလည်းမြန်မြန်ချော့တော့။
ငါ့သားငယ်လေးသနားပါတယ်.........
မနက်ဖြန်အဆင်ပြေနေတာပဲမြင်ချင်တယ်..... "

ဒုန်း!!!!!

ပြောချင်တာပြောပြီးအခန်းထဲဝင်သွားတဲ့မားမား။
တံခါးကိုပါဆောင့်ပိတ်သွားသေးသည်။

တစ်ခါတစ်လေစိတ်ကောက်ရတဲ့ပတ်ခ်ချန်းယောလ်
လေးမှာမျက်နှာကိုငယ်လို့........

မသိရင်ပဲသူ့သမက်ကိုမတရားအနိုင့်ကျင့်နေသလို။
ကိုယ့်သားခံလာရတာကျမသိဘူး.....ဟွန့်......

မချော့ဘူး.....လုံးဝမချော့ဘူး!!!!
ဒီနေ့ကိုပြောတာ.....မနက်ဖြန်မှ
စောစောသွားချော့မယ်......

ပတ်ခ်ချန်းယောလ်နော်......စိတ်ကြီးတယ်။
ပြတ်ပြတ်သားသားပဲ........

စိတ်ကောက်နေတုန်းညဘက်ကြီးမှာပေါ့ဗျာ.....
ဖုန်းဝင်လာလို့ကြည့်မိတော့အကောင်ပေါက်.....

ပတ်ခ်ချန်းယောလ်တို့ထီပေါက်ပြီထင်ပါရဲ့.....
ဦးဦးဖျားဖျားအချော့ခံရတော့မယ်နဲ့တူတယ်။

ဂုဏ်ဆာနေတဲ့ချန်းယောလ်လေး.......

" ဟဲလို!!! "

အခုချိန်မှာစငိပေါ်ကမို့ရတုန်းရခိုက်မှာ
မတရားကိုချေမိုးပစ်ဦးမှာ.......

" ဟဲလို!!!!! "

ဘာမှမပြောသည်မို့စိတ်ပင်တိုလာသည်။

" ဟဲ...... "

" ဟို.....အစ်....အစ်ကိုချန်းယောလ်.......
ကျွန်တော် ဘတ်ခ်ဟျွန်းပါ........ "

အကောင်ပေါက်ရဲ့သူငယ်ချင်းကဘာဖြစ်လို့.....

" ဘတ်ခ်ဟျွန်းကဘယ်လိုဖြစ်ပြီး....... "

အချိန်ကြည့်တော့ ည၁၀နာရီပင်ထိုးတော့မည်။
ကြားနေရသောအသံတွေကအိမ်မှာမဟုတ်သည်ကို
သက်သေပြနေသည်။

" အဲ့.....အဲ့ဒါကလေ....... "

" ဘတ်ခ်ဟျွန်းရေ.....မြန်မြန်ပြောပါဟ "

စိတ်မရှည်တော့ပါဘူးနော်။

" ဆယ်ဟွန်းကအစ်ကိုနဲ့ရန်ဖြစ်လို့စိတ်ညစ်တယ်
ဆိုပြီး ဆိုဂျူသောက်တာအခုအရမ်းမူးနေလို့.......
အစ်ကိုလာခေါ်ပေးပါလား........ "

" ဆိုင်လိပ်စာပြော........ "

လိပ်စာသိရသည်နှင့်ဖုန်းကိုချအနွေးထည်
ကောက်ဆွဲလို့ပြေးရတော့သည်။

စိတ်တောင်ကောက်လို့မဝသေးတဲ့ချန်းယောလ်လေးဟာ
သူကိုယ်တိုင်ပဲပြန်ချော့ဖို့ကံဖန်လာခဲ့ပြန်တယ်။

ပတ်ခ်ချန်းယောလ်ရေ.....ချစ်တာကိုး....
ခံဟ........

တစ်ဖက်ကဆယ်ဟွန်းလေးမှာတော့
မျက်ရည်များနှင့်ရှိုက်ကြီးတငင်ငိုယိုကာ
စားပွဲပေါ်မှောက်နေလေရဲ့။

ပိုချစ်တဲ့သူကအမြဲလိုလိုရှုံးနိမ့်စမြဲပါပဲ.........

################################

မနေ့ထဲကတင်မလို့ညကအိပ်ပျော်သွား😁😁

အချန်းအဟွန်းပူးကပ်နေလို့ပျော်မလိုရှိသေး
ပြဿနာတွေတက်ပြီးဒေါသတွေထွက်ရ😤

ဘာပဲပြောပြော ပေါက်ကလေးပျော်နေပါတယ်😭

ချေ့ယူ all ပါနော်

အူးမွ😘😘😘

Pokračovat ve čtení

Mohlo by se ti líbit

72K 3.9K 60
ထုံးစံတိုင်းပါဘဲ 18+ပါ ကြိုက်မှလာဖတ်ကြပါရှင်။
82.4K 10.9K 40
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
4.8K 252 32
Born into a strange pairing Jaune is the Natural Born son of Roboutte Guilliman and Yvraine, This union would make the Imperium stronger during their...
173K 26.5K 21
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."