"ငါေတြ႕ခဲ့တာ မင္းဘိုးေအလင္ မင္အာတို႔အိမ္နားမွာကြ!"
"ဘာာာ!!"
"မဘာနဲ႔ လိုက္ရိုက္ေအာင္ ျမန္ျမန္"
"မင္းကြာ! ေတြ႕ခဲ့ရဲ႕နဲ႔ ေခၚမလာဘူး!"
"ငါေတြ႕ခဲ့ေပမဲ့ ငါ့ဟာငါ ေခၚခြင့္မွ မရွိတာ!"
"ေတ္ာၿပီကြာ! သြားမယ္!"
ရွင္းလန္သည္ ေဟြ႕ရွန္၏လက္ကို ကိုင္ကာ သူ၏အသြားအျပန္ နတ္ေက်ာက္တုန္းကို ထုတ္ကာ ေနေရာင္ထဲတြင္ျပလိုက္သည္ႏွင့္ သူတို႔ႏွစ္ေယာက္လံုးမွာ မင္အာ၏အိမ္ေဘးသို႔ စိုက္စိုက္ၿမိဳကၿမိဳက္ ေရာက္လာခဲ့ၾကသည္။
ေဟြ႕ရွန္သည္ အံ့ၾသစြာ စကားဆိုမိပါ၏။
"ရွင္းလန္ ငါစဥ္းစားမိတယ္ကြ! အသြာအျပန္ေက်ာက္က အသံုးျပဳသူ စဥ္းစားတဲ့ေနရာကို ပို႔တာေလကြာ!"
ရွင္းလန္သည္ ေဟြ႕ရွန္ဖက္သို႔ ခါးေထာက္ကာ လွည့္လာၿပီး
"အဲ့ေတာ့...."
"မထူးဆန္းဘူးလား! မင္အာ အိမ္နားကို သူေရာက္လာတယ္ဆိုေတာ့ သူဘယ္လိုေတာင္ စဥ္းစားလိုက္လဲ?"
"အဲ့တာေနာက္စဥ္းစား! မင္းဘိုးေအေလးကို အရင္ရွာ! ၿပီးရင္ေမးလိုက္ေပါ့!"
ရွင္းလန္ႏွင့္ ေဟြ႕ရွန္သည္ အိမ္ကုန္ တစ္ပတ္ပတ္ၾကည့္ၿပီး ယခင္ေနရာသို႔ျပန္ေရာက္လာသည္။ ေဟြ႕ရွန္က တုန္လႈပ္စြာဆိုသည္။
"ရွင္းလန္ သူအိမ္ထဲမ်ား ဝင္သြားတာေတာ့ မဟုတ္ေလာက္ပါဘူးေနာ္!"
"အာ! မျဖစ္ႏိုင္တာ! အိမ္ထဲ အျပင္လူ ဝင္ဖို႔ ဘယ္လိုျဖစ္ႏိုင္မွာလဲ?"
"မင္းကလည္းကြာ! ခုရွာတာ ရွိမွမရွိေတာ့တာ!"
"ေနဦး! ငါမင္အာ့ အေျခအေနကို သြားၾကည့္ၿပီး ျပန္လာခဲ့မယ္!"
ရွင္းလန္သည္ ရန္မင္အာ၏ အခန္းထဲသို႔ ဝင္လာခဲ့သည္။ အခန္းထဲသို႔ ေရာက္ေရာက္ခ်င္းပင္ သူ႔ေခါင္းအား မိုးႀကိဳး အစင္းတစ္ေထာင္ေလာက္ပစ္ၿပီး စားျဖင့္နယ္ပစ္သလို ခံစားလိုက္ရသည္။ ရွင္းလန္သည္ မင္အာအား မေနႏိုင္ မထိုင္ႏိုင္ ေမးမိသည္။
"မင္အာ မင္းဒီေက်ာက္တုန္းကို ဘယ္ကရလဲ?"
"ခုနက အိမ္ေဘးမွာ...."
ရန္မင္အာ၏ စကားမ်ားသည္ ေလထဲတြင္တိုးလို႔တန္းလန္း ရပ္ေနသည္။
ရွင္းလန္သည္ မင္အာႏွင့္ မ်က္ႏွာခ်င္းဆိုင္ ထိုင္လိုက္ကာ သူ၏ပုခံုးႏွစ္ဖက္အား ကိုင္ဆုတ္၍ ေမးမိသည္။
"အိမ္ေဘးမွာ ဘာျဖစ္လဲ ဆက္ေျပာေလ"
ရွင္းလန္သည္ အလြန္အမင္း စိတ္လႈပ္ရွားေနရသည္။
"အိမ္ေဘးမွာ ေကာင္ေလးတစ္ေယာက္ ကစားေနတာျမင္လိုက္တယ္! ကြၽန္ေတာ္ သူ႔ကို ဘယ္သူလဲေမးမိေတာ့ ထြက္ေျပးသြားေတာ့တာပဲ! သူက်က်န္ခဲ့တာ!"
"ဘာာာ!!"
ရွင္လန္သည္ မိုးႀကိဳးပစ္လိုက္လ်ွင္သာ ခံသာဦးမည့္ခံစားခ်က္ႀကီး ခံစားလိုက္ရသည္။
"Ge ဘာလို႔လဲဟင္? ကြၽန္ေတာ္ အမွားလုပ္မိလို႔လား?"
"မဟုတ္ပါဘူး မင္အာရယ္! မင္း Ge ကို ဒီေက်ာက္တုန္းေပးလိုက္ေနာ္! Ge ျပန္ေပးေပးမယ္!"
"Ge က သူ႔ကို သိလို႔လားဟင္?"
"အင္း သိတယ္! ဒါမဲ့ မင္းသိရမယ့္အခ်ိန္မဟုတ္ေသးဘူး!"
ရန္မင္အာသည္ *ဘယ္သူမို႔လို႔လဲ* ဟူေသာ ေမးခြန္းမ်ိဳး ေမးခ်င္ခဲ့မိေပမဲ့ မေမးမိခဲ့။ ရင္ထဲတြင္သာ မ်ိဳသိပ္ခဲ့သည္။
"ဟုတ္Ge"
ရွင္းလန္သည္ ရန္မင္အာ၏ ေခါင္းကို ပုတ္ကာ
"အင္း အာ့ဆို Ge သြားေတာ့မယ္ေနာ္!"
"ဟုတ္"
ရွင္းလန္သည္ ေဟြ႕ရွန္၏ ေရွ႕တြင္ ျဖတ္ခနဲေပၚလာေတာ့
"အမေလး! အာ! လန္႔လိုက္တာ ရွင္းလန္ရာ!"
ေဟြ႕ရွန္သည္ ရွင္းလန္ကို ေသခ်ာၾကည့္ကာ တုန္ယင္စြာေမးမိသည္။
"ဘာျဖစ္သြားၿပီလဲဟင္?"
"ငါ့ေခါင္းမွာ ကလီစာေတြ ထြက္ေနၿပီလို႔ မင္းျမင္လား?"
"ဟမ္? မင္းကလဲကြာ! အဆံုး အစမရွိ! ဘာျဖစ္သြားလို႔လဲ? ေျပာပါဦးကြာ!"
ရွင္းလန္သည္ အသြားအျပန္နတ္ေက်ာက္တုန္းကို ေဟြ႕ရွန္၏ေရွ႕သို႔ ထုတ္ျပလိုက္ၿပီး
"ဒီမွာ!"
"ဒါ ဒါ ဒါဆို သူတို႔ေတြ႕သြားၿပီေပါ့! ခု ဟြားယြမ္က??"
"မင္အာက ဟြားယြမ္ကို ေတြ႕သြားေပမဲ့ ဟြားယြမ္ ထြက္ေျပးသြားတဲ့အတြက္ ေတြ႕လိုက္ေပမဲ့ မေတြ႕လိုက္ဘူးလို႔ ယူဆလို႔ရတယ္!"
ေဟြ႕ရွန္သည္ စိတ္ပဲခ်လိုက္ရမလား ငိုပဲခ်လိုက္ရမလားျဖစ္ကုန္သည္။
"မင္းဟာက ယူဆလို႔ရေပမဲ့ ေတြ႕သြားၿပီေလကြာ! ခုဘယ္လို လုပ္ရမလဲ?"
"ဘယ္လိုမွ မလုပ္နဲ႔ဦး! ငါတို႔ ဟြားယြမ္ကို အရင္ေတြ႕ေအာင္ရွာရမွာ!"
"အင္း! စိတ္ေလ်ာ့ စိတ္ေလ်ာ့"
ေဟြ႕ရွန္တစ္ေယာက္ သူ႔ကိုယ္သူသာ အားေပးေနမိသည္။
ရွင္လန္သည္ ေဟြ႕ရွန္ေရွ႕မွ ထြက္သြားေတာ့
"ဟာ ရွင္းလန္ ေစာင့္ဦးေလ တူတူသြားမယ္!"
..............................
ရွင္းလန္ႏွင့္ ေဟြ႕ရွန္တို႔သည္ ေနရာစံု လိုက္ရွာၾကသည္။ တစ္ေန႔ခင္းကုန္ၿပီျဖစ္၍ ငွက္ကေလးမ်ား အိပ္တန္းဝင္ေသာ အခ်ိန္သို႔ပင္ ေရာက္လာေလသည္။
ေဟြ႕ရွန္က တုန္ယင္စြာေမးမိသည္။
"ရွင္းလန္ ငါနတ္သက္ေႂကြေတာ့မွာလားဟင္?"
"အဲ့တာေတာ့ ငါမသိဘူး! မင္းအျပစ္ကေတာ့ ႀကီးႀကီးမားမား ခံရႏိုင္ေခ်ရွိတယ္။"
"ငါ့တာဝန္ကို မေက်ႏိုင္ခဲ့ဘူး! ငါနတ္သက္ေတာ့ ေႂကြၿပီထင္ပါရဲ႕!"
"ပူမေနစမ္းနဲ႔! မင္းေႂကြရင္ တစ္ေယာက္တည္း မျဖစ္ဘူး!"
"ဟမ္? ဘယ္သူေတြ ထပ္ရွိေသးလို႔လဲ?"
"ငါေလ ငါ ငါ" ရွင္းလန္တစ္ေယာက္ ရင္ဘတ္ကို ပုတ္ကာျပေတာ့ ေဟြ႕ရွန္သည္ တုန္ယင္ေနသည္မွေတာင္ ၿပံဳးမိသည္။
"မင္းက အမွားမွ မရွိတာ!"
"ဒါမဲ့ မင္းသာ နတ္သက္ေႂကြရင္ ငါက ဘာလို႔ဖို႔ က်န္ေနရမွာလဲ?"
"ရွင္းလန္ မင္းဘယ္တုန္းက ငါနဲ႔အတူခံဖို႔ စိတ္ကူးရွိသြားတာလဲ?"
"စဥ္းစားေပါ့ မင္းမွာ စဥ္းစားလို႔ရေသးတာပဲ! ဦးေႏွာက္မွ မပ်က္ေသးတာ!"
"ဘာာာာ!!"
ရွင္းလန္က ရယ္ရင္းဆိုသည္။
"ငါတို႔သာ ဟြားယြမ္ကို မရွာႏိုင္ရင္ေတာ့ မင္းေျပာသလို နတ္သက္ေႂကြတာေတာင္ ခံသာဦးမယ္ထင္တယ္!"
ေဟြ႕ရွန္သည္ တစ္ခု သတိထားမိသည့္ပံုျဖင့္
"နတ္မင္း ရွန္ရင္းလာေနတယ္!"
"ဘာာ!!"
ေဟြ႕ရွန္သည္ ရွင္းလန္၏ လက္ကိုကိုင္ကာ ငိုမဲ့မဲ့ျဖင့္
"ငါ ဒီတစ္ခါေတာ့ ေသၿပီထင္တာပဲ ရွင္းလန္!"
နတ္မင္းရွန္ယင္းသည္ ရွင္းလန္ႏွင့္ ေဟြ႕ရွန္ေရွ႕တြင္လာရပ္ကာ ဆိုသည္။
"ေဟြ႕ရွန္ မင္း ဒီမွာရပ္ေနရမဲ့ အခ်ိန္မဟတ္ဘူး!"
"အရွင္ ကြၽန္ေတာ္ ဘာလုပ္သင့္လဲ? ကြၽန္ေတာ့္ကို ကြၽန္ေတာ့္ နတ္သက္ေႂကြၿပီလို႔ လာေျပာတာလားဟင္?"
"ေဟြ႕ရွန္!! မင္းဘာေတြေျပာေနတာလဲ? ငါက အားအားယားယား နတ္သက္ေတြ လိုက္ေႁခြေနတဲ့သူလား? မင္းစကားက !"
ရွင္းလန္သည္ ေဟြ႕ရွန္ေရွ႕တြင္ ကာရပ္ကာ
"အရွင္ စိတ္ေလ်ာ့ပါ အရွင္!"
"ရွင္းလန္ မင္းက မင္အာကို သြားေစာင့္ၾကည့္ေတာ့!"
"ဒါမဲ့ အရွင္ မင္အာက ဟြားယြမ္ကို ေတြ႕သြားခဲ့ၿပီ! သူတို႔ကံၾကမၼာက??"
"အဲ့တာ မင္းအလုပ္မဟုတ္ဘူး! မင္အာကိုပဲ ရေအာင္ေစာင့္ေရွာက္!"
"ဟုတ္ကဲ့ပါအရွင္" ဆိုကာ ခ်က္ခ်င္းေပ်ာက္ကြယ္သြားသည္။
နတ္မင္းရွန္ရင္းသည္ ေဟြ႕ရွန္ကို ၾကည့္ကာ
"ေဟြ႕ရွန္ ဟြာယြမ္ကို ရေအာင္ရွာပါ! သူ႔ကို သူ႔ေနရာ ျပန္ပို႔ေပးၿပီးရင္ ငါ့ဆီလာခဲ့! သူတို႔ႏွစ္ေယာက္အခ်ိန္မတန္ပဲ ေတြ႕ဆံုမႈေၾကာင့္ မိစၦာဂိတ္တံခါးႀကိဳးေတာ့မလို ျဖစ္သြားတာ မင္းသိလား? ဒါမဲ့ ဟြားယြမ္က ထြက္ေျပးသြားေတာ့ မႀကိဳးခဲ့ပါဘူး! စိတ္မပူပဲရေအာင္ရွာ! ၿပီးရင္ ငါ့ဆီလာခဲ့! ၾကားလား?"
"ဟုတ္ကဲ့ပါအရွင္!"
ေဟြ႕ရွန္သည္ နတ္မင္းရွန္ရင္းကို အရိုအေသတစ္ခ်က္ေပးရင္း ေနာက္သို႔ တစ္လွမ္းဆုတ္လိုက္သည္။
နတ္မင္းရွန္ရင္းသည္လည္း ေပ်ာက္ကြယ္သြားေလသည္။
ေဟြ႕ရွန္သည္ ေခါင္းငိုက္စိုက္ခ်ကာ လမ္းဆက္ေလ်ွာက္ေနမိသည္။ လူသားမဟုတ္သည့္အတြက္ သူမျပလ်ွင္ သူ႔ကို လူမ်ားမျမင္ရၾကေပ။ မျမင္ရရံုမက သူမထိေတြ႕ခ်င္လ်ွင္ ထိေတြ႕၍လည္းမရ။ သို႔ေသာ္ သူဆက္သြားရင္းႏွင့္ လူတစ္ေယာက္ကို ဝင္တိုက္မိလိုက္သည္။
'ဘုန္း´
ထိုလူ ကိုင္ထားေသာ ပစၥည္းမ်ား ေျမျပင္တြင္ ျပန္႔က်ဲသြားရသည္။
ေဟြ႕ရွန္သည္ အလြန္အမင္း လန္႔သြားကာ စဥ္းစားမိ၏။
*ငါ ခု စြမ္းအားေတြ ေဖ်ာက္ၿပီ ေလ်ွာက္မိလိုက္တာလား*
ေဟြ႕ရွန္သည္ ထိုလူအား ေတာင္းပန္စကားဆိုလိုက္၏။
"ေတာင္းပန္ပါတယ္ ကြၽန္ေတာ္ အေတြးလြန္ေနလို႔ မျမင္လိုက္မိတာပါ!"
"ရပါတယ္!"
ထိုလူသည္ ပစၥည္းမ်ား ျပန္ေကာက္ကာ သူ႔အား တစ္ခ်က္ ေခါင္းညိတ္ျပလ်က္ ထြက္သြားသည္။
ေဟြ႕ရွန္သည္လည္း ဘာရယ္မဟုတ္ ထိုလူအား လိုက္ၾကည့္ေနၿပီးမွ ေနာက္သို႔လွည့္အသြား ကေလးတစ္ေယာက္မွ ေျပးဝင္လာသည္ကို ျမင္လိုက္ရသည္။
သူသည္ လန္႔ဖ်န္႔ကာ မ်က္လံုးမွိတ္မိသည္။ သူ၏ကိုယ္ကိုေဖ်ာက္လိုက္လ်ွင္ ထိုကေလး လန္႔သြားမည္ဆိုးသျဖင့္ သူ၏စြမ္းအားကို ထုတ္မသံုးမိေပ။ ကေလးေလးသည္ သူ႔အားေဖာက္ထြက္ကာ သူ၏မိခင္ဆီသို႔ေျပးသြားခဲ့သည္။
ေဟြ႕ရွန္သည္ ေၾကာင္သြားရပါ၏။
*ဘာလဲ? ငါခုနက တိုက္မိတာကေကာ? ဟိုလူက လူမဟုတ္ဘူးလား? ငါ့ကိုလည္း ျမင္ရတယ္! ၿပီးေတာ့ ငါ့ကို ထိလို႔ရတယ္ေပါ့!*
..............................
သာသာေရးတာ မေကာင္းျဖစ္သြားရင္ ေတာင္းပန္ပါတယ္😇😇
သာသာဆက္မေရးေတာ့ပဲ ေနမလို႔ပါ။ ဒါမဲ့ ဒီတစ္ပုဒ္ေတာ့ ၿပီးေအာင္ ေရးခ်င္မိတဲ့ အတြက္ ေရးလိုက္ပါတယ္။
အဲ့လိုေရးရင္းနဲ႔ ေရးခ်င္လာတဲ့အတြက္ ေနာက္လည္း ေရးခ်င္ပါေသးတယ္။ Reader ေလးေတြ ဖတ္ေပးၾကပါေနာ္😍😍
reader ေလးေတြ အားလံုးကို ခ်စ္တဲ့ သာသာမွ 😍😍
Unicode
"ငါတွေ့ခဲ့တာ မင်းဘိုးအေလင် မင်အာတို့အိမ်နားမှာကွ!"
"ဘာာာ!!"
"မဘာနဲ့ လိုက်ရိုက်အောင် မြန်မြန်"
"မင်းကွာ! တွေ့ခဲ့ရဲ့နဲ့ ခေါ်မလာဘူး!"
"ငါတွေ့ခဲ့ပေမဲ့ ငါ့ဟာငါ ခေါ်ခွင့်မှ မရှိတာ!"
"တေ်ာပြီကွာ! သွားမယ်!"
ရှင်းလန်သည် ဟွေ့ရှန်၏လက်ကို ကိုင်ကာ သူ၏အသွားအပြန် နတ်ကျောက်တုန်းကို ထုတ်ကာ နေရောင်ထဲတွင်ပြလိုက်သည်နှင့် သူတို့နှစ်ယောက်လုံးမှာ မင်အာ၏အိမ်ဘေးသို့ စိုက်စိုက်မြိုကမြိုက် ရောက်လာခဲ့ကြသည်။
ဟွေ့ရှန်သည် အံ့သြစွာ စကားဆိုမိပါ၏။
"ရှင်းလန် ငါစဉ်းစားမိတယ်ကွ! အသွာအပြန်ကျောက်က အသုံးပြုသူ စဉ်းစားတဲ့နေရာကို ပို့တာလေကွာ!"
ရှင်းလန်သည် ဟွေ့ရှန်ဖက်သို့ ခါးထောက်ကာ လှည့်လာပြီး
"အဲ့တော့...."
"မထူးဆန်းဘူးလား! မင်အာ အိမ်နားကို သူရောက်လာတယ်ဆိုတော့ သူဘယ်လိုတောင် စဉ်းစားလိုက်လဲ?"
"အဲ့တာနောက်စဉ်းစား! မင်းဘိုးအေလေးကို အရင်ရှာ! ပြီးရင်မေးလိုက်ပေါ့!"
ရှင်းလန်နှင့် ဟွေ့ရှန်သည် အိမ်ကုန် တစ်ပတ်ပတ်ကြည့်ပြီး ယခင်နေရာသို့ပြန်ရောက်လာသည်။ ဟွေ့ရှန်က တုန်လှုပ်စွာဆိုသည်။
"ရှင်းလန် သူအိမ်ထဲများ ဝင်သွားတာတော့ မဟုတ်လောက်ပါဘူးနော်!"
"အာ! မဖြစ်နိုင်တာ! အိမ်ထဲ အပြင်လူ ဝင်ဖို့ ဘယ်လိုဖြစ်နိုင်မှာလဲ?"
"မင်းကလည်းကွာ! ခုရှာတာ ရှိမှမရှိတော့တာ!"
"နေဦး! ငါမင်အာ့ အခြေအနေကို သွားကြည့်ပြီး ပြန်လာခဲ့မယ်!"
ရှင်းလန်သည် ရန်မင်အာ၏ အခန်းထဲသို့ ဝင်လာခဲ့သည်။ အခန်းထဲသို့ ရောက်ရောက်ချင်းပင် သူ့ခေါင်းအား မိုးကြိုး အစင်းတစ်ထောင်လောက်ပစ်ပြီး စားဖြင့်နယ်ပစ်သလို ခံစားလိုက်ရသည်။ ရှင်းလန်သည် မင်အာအား မနေနိုင် မထိုင်နိုင် မေးမိသည်။
"မင်အာ မင်းဒီကျောက်တုန်းကို ဘယ်ကရလဲ?"
"ခုနက အိမ်ဘေးမှာ...."
ရန်မင်အာ၏ စကားများသည် လေထဲတွင်တိုးလို့တန်းလန်း ရပ်နေသည်။
ရှင်းလန်သည် မင်အာနှင့် မျက်နှာချင်းဆိုင် ထိုင်လိုက်ကာ သူ၏ပုခုံးနှစ်ဖက်အား ကိုင်ဆုတ်၍ မေးမိသည်။
"အိမ်ဘေးမှာ ဘာဖြစ်လဲ ဆက်ပြောလေ"
ရှင်းလန်သည် အလွန်အမင်း စိတ်လှုပ်ရှားနေရသည်။
"အိမ်ဘေးမှာ ကောင်လေးတစ်ယောက် ကစားနေတာမြင်လိုက်တယ်! ကျွန်တော် သူ့ကို ဘယ်သူလဲမေးမိတော့ ထွက်ပြေးသွားတော့တာပဲ! သူကျကျန်ခဲ့တာ!"
"ဘာာာ!!"
ရှင်လန်သည် မိုးကြိုးပစ်လိုက်လျှင်သာ ခံသာဦးမည့်ခံစားချက်ကြီး ခံစားလိုက်ရသည်။
"Ge ဘာလို့လဲဟင်? ကျွန်တော် အမှားလုပ်မိလို့လား?"
"မဟုတ်ပါဘူး မင်အာရယ်! မင်း Ge ကို ဒီကျောက်တုန်းပေးလိုက်နော်! Ge ပြန်ပေးပေးမယ်!"
"Ge က သူ့ကို သိလို့လားဟင်?"
"အင်း သိတယ်! ဒါမဲ့ မင်းသိရမယ့်အချိန်မဟုတ်သေးဘူး!"
ရန်မင်အာသည် *ဘယ်သူမို့လို့လဲ* ဟူသော မေးခွန်းမျိုး မေးချင်ခဲ့မိပေမဲ့ မမေးမိခဲ့။ ရင်ထဲတွင်သာ မျိုသိပ်ခဲ့သည်။
"ဟုတ်Ge"
ရှင်းလန်သည် ရန်မင်အာ၏ ခေါင်းကို ပုတ်ကာ
"အင်း အာ့ဆို Ge သွားတော့မယ်နော်!"
"ဟုတ်"
ရှင်းလန်သည် ဟွေ့ရှန်၏ ရှေ့တွင် ဖြတ်ခနဲပေါ်လာတော့
"အမလေး! အာ! လန့်လိုက်တာ ရှင်းလန်ရာ!"
ဟွေ့ရှန်သည် ရှင်းလန်ကို သေချာကြည့်ကာ တုန်ယင်စွာမေးမိသည်။
"ဘာဖြစ်သွားပြီလဲဟင်?"
"ငါ့ခေါင်းမှာ ကလီစာတွေ ထွက်နေပြီလို့ မင်းမြင်လား?"
"ဟမ်? မင်းကလဲကွာ! အဆုံး အစမရှိ! ဘာဖြစ်သွားလို့လဲ? ပြောပါဦးကွာ!"
ရှင်းလန်သည် အသွားအပြန်နတ်ကျောက်တုန်းကို ဟွေ့ရှန်၏ရှေ့သို့ ထုတ်ပြလိုက်ပြီး
"ဒီမှာ!"
"ဒါ ဒါ ဒါဆို သူတို့တွေ့သွားပြီပေါ့! ခု ဟွားယွမ်က??"
"မင်အာက ဟွားယွမ်ကို တွေ့သွားပေမဲ့ ဟွားယွမ် ထွက်ပြေးသွားတဲ့အတွက် တွေ့လိုက်ပေမဲ့ မတွေ့လိုက်ဘူးလို့ ယူဆလို့ရတယ်!"
ဟွေ့ရှန်သည် စိတ်ပဲချလိုက်ရမလား ငိုပဲချလိုက်ရမလားဖြစ်ကုန်သည်။
"မင်းဟာက ယူဆလို့ရပေမဲ့ တွေ့သွားပြီလေကွာ! ခုဘယ်လို လုပ်ရမလဲ?"
"ဘယ်လိုမှ မလုပ်နဲ့ဦး! ငါတို့ ဟွားယွမ်ကို အရင်တွေ့အောင်ရှာရမှာ!"
"အင်း! စိတ်လျော့ စိတ်လျော့"
ဟွေ့ရှန်တစ်ယောက် သူ့ကိုယ်သူသာ အားပေးနေမိသည်။
ရှင်လန်သည် ဟွေ့ရှန်ရှေ့မှ ထွက်သွားတော့
"ဟာ ရှင်းလန် စောင့်ဦးလေ တူတူသွားမယ်!"
..............................
ရှင်းလန်နှင့် ဟွေ့ရှန်တို့သည် နေရာစုံ လိုက်ရှာကြသည်။ တစ်နေ့ခင်းကုန်ပြီဖြစ်၍ ငှက်ကလေးများ အိပ်တန်းဝင်သော အချိန်သို့ပင် ရောက်လာလေသည်။
ဟွေ့ရှန်က တုန်ယင်စွာမေးမိသည်။
"ရှင်းလန် ငါနတ်သက်ကြွေတော့မှာလားဟင်?"
"အဲ့တာတော့ ငါမသိဘူး! မင်းအပြစ်ကတော့ ကြီးကြီးမားမား ခံရနိုင်ချေရှိတယ်။"
"ငါ့တာဝန်ကို မကျေနိုင်ခဲ့ဘူး! ငါနတ်သက်တော့ ကြွေပြီထင်ပါရဲ့!"
"ပူမနေစမ်းနဲ့! မင်းကြွေရင် တစ်ယောက်တည်း မဖြစ်ဘူး!"
"ဟမ်? ဘယ်သူတွေ ထပ်ရှိသေးလို့လဲ?"
"ငါလေ ငါ ငါ" ရှင်းလန်တစ်ယောက် ရင်ဘတ်ကို ပုတ်ကာပြတော့ ဟွေ့ရှန်သည် တုန်ယင်နေသည်မှတောင် ပြုံးမိသည်။
"မင်းက အမှားမှ မရှိတာ!"
"ဒါမဲ့ မင်းသာ နတ်သက်ကြွေရင် ငါက ဘာလို့ဖို့ ကျန်နေရမှာလဲ?"
"ရှင်းလန် မင်းဘယ်တုန်းက ငါနဲ့အတူခံဖို့ စိတ်ကူးရှိသွားတာလဲ?"
"စဉ်းစားပေါ့ မင်းမှာ စဉ်းစားလို့ရသေးတာပဲ! ဦးနှောက်မှ မပျက်သေးတာ!"
"ဘာာာာ!!"
ရှင်းလန်က ရယ်ရင်းဆိုသည်။
"ငါတို့သာ ဟွားယွမ်ကို မရှာနိုင်ရင်တော့ မင်းပြောသလို နတ်သက်ကြွေတာတောင် ခံသာဦးမယ်ထင်တယ်!"
ဟွေ့ရှန်သည် တစ်ခု သတိထားမိသည့်ပုံဖြင့်
"နတ်မင်း ရှန်ရင်းလာနေတယ်!"
"ဘာာ!!"
ဟွေ့ရှန်သည် ရှင်းလန်၏ လက်ကိုကိုင်ကာ ငိုမဲ့မဲ့ဖြင့်
"ငါ ဒီတစ်ခါတော့ သေပြီထင်တာပဲ ရှင်းလန်!"
နတ်မင်းရှန်ယင်းသည် ရှင်းလန်နှင့် ဟွေ့ရှန်ရှေ့တွင်လာရပ်ကာ ဆိုသည်။
"ဟွေ့ရှန် မင်း ဒီမှာရပ်နေရမဲ့ အချိန်မဟတ်ဘူး!"
"အရှင် ကျွန်တော် ဘာလုပ်သင့်လဲ? ကျွန်တော့်ကို ကျွန်တော့် နတ်သက်ကြွေပြီလို့ လာပြောတာလားဟင်?"
"ဟွေ့ရှန်!! မင်းဘာတွေပြောနေတာလဲ? ငါက အားအားယားယား နတ်သက်တွေ လိုက်ခြွေနေတဲ့သူလား? မင်းစကားက !"
ရှင်းလန်သည် ဟွေ့ရှန်ရှေ့တွင် ကာရပ်ကာ
"အရှင် စိတ်လျော့ပါ အရှင်!"
"ရှင်းလန် မင်းက မင်အာကို သွားစောင့်ကြည့်တော့!"
"ဒါမဲ့ အရှင် မင်အာက ဟွားယွမ်ကို တွေ့သွားခဲ့ပြီ! သူတို့ကံကြမ္မာက??"
"အဲ့တာ မင်းအလုပ်မဟုတ်ဘူး! မင်အာကိုပဲ ရအောင်စောင့်ရှောက်!"
"ဟုတ်ကဲ့ပါအရှင်" ဆိုကာ ချက်ချင်းပျောက်ကွယ်သွားသည်။
နတ်မင်းရှန်ရင်းသည် ဟွေ့ရှန်ကို ကြည့်ကာ
"ဟွေ့ရှန် ဟွာယွမ်ကို ရအောင်ရှာပါ! သူ့ကို သူ့နေရာ ပြန်ပို့ပေးပြီးရင် ငါ့ဆီလာခဲ့! သူတို့နှစ်ယောက်အချိန်မတန်ပဲ တွေ့ဆုံမှုကြောင့် မိစ္ဆာဂိတ်တံခါးကြိုးတော့မလို ဖြစ်သွားတာ မင်းသိလား? ဒါမဲ့ ဟွားယွမ်က ထွက်ပြေးသွားတော့ မကြိုးခဲ့ပါဘူး! စိတ်မပူပဲရအောင်ရှာ! ပြီးရင် ငါ့ဆီလာခဲ့! ကြားလား?"
"ဟုတ်ကဲ့ပါအရှင်!"
ဟွေ့ရှန်သည် နတ်မင်းရှန်ရင်းကို အရိုအသေတစ်ချက်ပေးရင်း နောက်သို့ တစ်လှမ်းဆုတ်လိုက်သည်။
နတ်မင်းရှန်ရင်းသည်လည်း ပျောက်ကွယ်သွားလေသည်။
ဟွေ့ရှန်သည် ခေါင်းငိုက်စိုက်ချကာ လမ်းဆက်လျှောက်နေမိသည်။ လူသားမဟုတ်သည့်အတွက် သူမပြလျှင် သူ့ကို လူများမမြင်ရကြပေ။ မမြင်ရရုံမက သူမထိတွေ့ချင်လျှင် ထိတွေ့၍လည်းမရ။ သို့သော် သူဆက်သွားရင်းနှင့် လူတစ်ယောက်ကို ဝင်တိုက်မိလိုက်သည်။
'ဘုန်း´
ထိုလူ ကိုင်ထားသော ပစ္စည်းများ မြေပြင်တွင် ပြန့်ကျဲသွားရသည်။
ဟွေ့ရှန်သည် အလွန်အမင်း လန့်သွားကာ စဉ်းစားမိ၏။
*ငါ ခု စွမ်းအားတွေ ဖျောက်ပြီ လျှောက်မိလိုက်တာလား*
ဟွေ့ရှန်သည် ထိုလူအား တောင်းပန်စကားဆိုလိုက်၏။
"တောင်းပန်ပါတယ် ကျွန်တော် အတွေးလွန်နေလို့ မမြင်လိုက်မိတာပါ!"
"ရပါတယ်!"
ထိုလူသည် ပစ္စည်းများ ပြန်ကောက်ကာ သူ့အား တစ်ချက် ခေါင်းညိတ်ပြလျက် ထွက်သွားသည်။
ဟွေ့ရှန်သည်လည်း ဘာရယ်မဟုတ် ထိုလူအား လိုက်ကြည့်နေပြီးမှ နောက်သို့လှည့်အသွား ကလေးတစ်ယောက်မှ ပြေးဝင်လာသည်ကို မြင်လိုက်ရသည်။
သူသည် လန့်ဖျန့်ကာ မျက်လုံးမှိတ်မိသည်။ သူ၏ကိုယ်ကိုဖျောက်လိုက်လျှင် ထိုကလေး လန့်သွားမည်ဆိုးသဖြင့် သူ၏စွမ်းအားကို ထုတ်မသုံးမိပေ။ ကလေးလေးသည် သူ့အားဖောက်ထွက်ကာ သူ၏မိခင်ဆီသို့ပြေးသွားခဲ့သည်။
ဟွေ့ရှန်သည် ကြောင်သွားရပါ၏။
*ဘာလဲ? ငါခုနက တိုက်မိတာကကော? ဟိုလူက လူမဟုတ်ဘူးလား? ငါ့ကိုလည်း မြင်ရတယ်! ပြီးတော့ ငါ့ကို ထိလို့ရတယ်ပေါ့!*
..............................
သာသာရေးတာ မကောင်းဖြစ်သွားရင် တောင်းပန်ပါတယ်😇😇
သာသာဆက်မရေးတော့ပဲ နေမလို့ပါ။ ဒါမဲ့ ဒီတစ်ပုဒ်တော့ ပြီးအောင် ရေးချင်မိတဲ့ အတွက် ရေးလိုက်ပါတယ်။
အဲ့လိုရေးရင်းနဲ့ ရေးချင်လာတဲ့အတွက် နောက်လည်း ရေးချင်ပါသေးတယ်။ Reader လေးတွေ ဖတ်ပေးကြပါနော်😍😍
reader လေးတွေ အားလုံးကို ချစ်တဲ့ သာသာမှ 😍😍