♥part (3)♥

1.7K 115 3
                                    

ကောင်းကင်​ယံထက်​တွင်​ ကြယ်​များစုံလင်​လှသည်​။ ​လေတိုက်​နှုန်းမှာလည်း ဟိုအရင်​​နေ့များထက်​ သိသိသာသာကို ပို​နေသည်​။

ထိုကဲ့သို့ ​လေတိုက်​နှုန်း များ​နေသည့်​နေ့တွင်​ တိမ်​များဖုန်းလျက်​ ​ကောင်းကင်​ကို ကြည်​လင်​စွာမမြင်​နိုင်​​ဖြစ်​ခဲ့ကြ​သော်​လည်း ထို​နေ့တွင်​မူ ထူးဆန်းစွာပင်​ ​ကောင်းကင်​ကို ကြည်​လင်​ပြတ်​သားစွာ မြင်​နိုင်​​ပေသည်​။

လဝန်းကြီးမှာ ဝိုင်းစက်​လျက်​ ကြယ်​အ​ပေါင်းက ထိုလမင်းကြီးအား ခ​ညောင်း​နေသည့်​သဖွယ်​ပင်​ ဖြစ်​သည်​။

ပေလဲ့မြို့၏ နန်း​တော်​အတွင်း တစ်​​နေရာတွင်​ မီး​ရောင်​များ အလှအပ အခင်းအကျင်းများဖြင့်​ စုံလင်​လှသည်​။

စစ်​သည်​ရဲမက်​များမှာလည်း ချပ်​ဝတ်​တန်​ဆာများကို ဝတ်​ဆင်​ကာ နန်း​တော်​ကို ​စောင့်​ကြပ်​​နေကြသည်​မှာ အရင်​​နေ့များထက်​ပင်​ ပိုမို​တင်းကြပ်​​နေသည်​။

နန်​​တော်​၏ အတွင်းဆုံးပိုင်း တစ်​​နေရာတွင်​ အပျိုမယ်​တို့၏ အကအလှများ အတီးအခတ်​များ စစ်​​ရေးပြပွဲများ မှတ်​တမ်းတင်​ ပန်းချီများဖြင့်​ ပြည့်​နှက်​​နေ၏။

ထိုစဉ်

"မင်းကြီး ကြွချီ​တော်​မူလာပါပြီ"

ဘုရင်​မင်းမြတ်​ကြွလာသည်​နှင့်​ လူအ​ပေါင်းက

"မင်းကြီး သက်​​ကျော်​​ထောင်​​ကျော်​ ရှည်​ပါ​စေ"
ဟူ​သော စကားဖြင့်​ ဒူး​ထောက်​နှုတ်​ဆက်​ ဂါရဝပြုကြသည်​။

ဘုရင်​မင်းမြတ်​က

"ထပါ" ဟူ​သော စကားဖြင့်​ လူအ​ပေါင်းအား လက်​ကိုဖြန့်​ပြကာ ထိုင်​လိုက်​သည်​။

လူအ​ပေါင်းသည်​ မိမိ​နေရာ မိမိယူပြီးကြသည့်​အခါတွင်​မူ ဘုရင်​မင်းမြတ်​ကြီးက

"ဒီ​နေ့ဟာ ငါကိုယ်​​တော်​မြတ်​တို့ နိုင်​ငံ​တော်​ရဲ့ အနာဂတ်​​ရေးဖြစ်​တယ်​"

ဘုရင်​မင်းမြတ်​ဟာ ဟွားယွမ်​​လေးကို လူအ​ပေါင်း​ရှေ့တွင်​ ကိုင်​​မြှောက်​ပြလိုက်​ရင်း

ပန်း​ရောင်​လွှမ်းတဲ့ချယ်​ရီဓားနှင့်​ အရှင်​သခင်​​လေးWhere stories live. Discover now