Sunbae [JaemRen]
By Neo-Zen
9K 938 115
Jaemin | Renjun JaemRen | RenMin | JaemJun | RenJaem *Zawgyi & Unicode version available* More
Episode 1
Episode 2
Episode 3
Episode 4
Episode 5
Episode 6
Episode 8
Episode 9
Episode 10
Episode 11
Episode 12
Episode 13
Episode 14
Episode 15
Episode 16
Episode 17
Episode 18
Episode 19
Final
ကျေးဇူးတင်လွှာ
Episode 7
497 68 5
By Neo-Zen
ယနေ့ Jaemin ကျောင်းမတက်ဟု ဆိုသောကြောင့် ကျောင်းတွင် Renjun တစ်ယောက်တည်းသာ ဖြစ်သည်။ အလုပ်ကိစ္စရှိသဖြင့် Jaemin ကျောင်းမတက်သော်ငြား Renjun ကိုတော့ ကျောင်းသို့ လိုက်ပို့ပေးခဲ့သည်။ Renjunလည်း လိုက်ပို့ပေးတဲ့ Jaeminကို နှုတ်ဆက်ပြီးတာနဲ့ စာသင်ဆောင်ကို တန်းသွားလိုက်သည်။
နေ့လည်ဘက် မုန့်စားဆင်းချိန် Haechanနဲ့အတူ ကန်တင်းသွား နေ့လည်စာစားကြသည်။ နေ့လည်ဘက် အတန်းချိန် မရှိတော့သဖြင့် Renjun ရုပ်ရှင်သွားကြည့်ရန် စိတ်ကူးမိလိုက်သည်။ ဒါပေမယ့် ဇာတ်ကားတွေ ရွေးလိုက်တော့ တစ်ကားမှ ကြည့်ချင်စိတ်မရှိပေ။ ဒီလိုနဲ့ နောက်ဆုံး အိမ်ပြန်သာ အိပ်ဖြစ်တော့သည်။
Haechanကတော့ Markeu hyungနဲ့ ရုပ်ရှင်သွားကြည့်မည်ဟု ဆိုသည်။ Haechan တို့ကို နှုတ်ဆက်ပြီးတာနဲ့ RenJun အိမ်ပြန်ဖို့ ကန်တင်းက ထွက်လာခဲ့သည်။ အိမ်ပြန်ဖို့ ကားမှတ်တိုင်ဆီသွားနေရင်း ညနေစာ စားဖို့ အိမ်မှာ ဘာမှမရှိတာကို သတိရမိသည်။ မားမားနဲ့ပါပါးက ပါပါးရဲ့အမေ နေမကောင်း၍ တရုတ်ကို ခဏပြန်သွားသဖြင့် အိမ်မှာ RenJun တစ်ယောက်တည်း ဖြစ်နေတော့ ကိုယ်တိုင် ချက်ပြုတ် စားသောက်ရလေသည်။
Renjun ညနေစာချက်ပြုတ်ဖို့အတွက် အိမ်နားက Super market တစ်ခုမှာ ဟင်းချက်စရာ ဝင်ဝယ်သည်။ ဟောပေါ့ကြိုက်သူမို့ ဟောပေါ့ချက်စားဖို့ ပစ္စည်းတွေက မပါမဖြစ်။ ပြီးတော့ တခြားဟင်းချက်စရာလေးတွေ နည်းနည်းထပ်ဝယ်ပြီး ကျသင့်ငွေရှင်းလိုက်ကာ Super market ထဲက ထွက်လာလိုက်သည်။
Super marketဘေးမှာ ရှိတဲ့ Bakeryဆိုင်လေး ဝင်ပြီး မုန့်နည်းနည်း ဝင်ဝယ်လိုက်သည်။ Renjun မုန့်မှာထားချိန် အအေးပါ မှာသောက်လိုက်သည်။ ထိုစဉ် ဘေးကို လူတစ်ယောက်ရောက်လာသည်မို့ မော့ကြည့်လိုက်တော့
'ညီလေး ဒီမှာ ထိုင်လို့ရမလားဟင်´
'nae´
ရုတ်တရက်မို့ သူ့ကိုကြောင်ကြည့်နေတော့ သူက ..
'တခြားဝိုင်းတွေက လူပြည့်နေလို့ပါ ထိုင်စရာက ညီလေးရဲ့ ဒီခုံပဲ အားတော့လို့´
သူပြောတာနဲ့ တခြားဝိုင်းတွေကို ကြည့်လိုက်တော့ ပြောသည့်အတိုင်း ဝိုင်းတွေက လူတွေအပြည့်။ ဒါကြောင့်မို့ Renjunလည်း ထိုလူကို ထိုင်ခိုင်းလိုက်သည်။
'အာ ဟုတ်ကဲ့ ထိုင်ပါ´
Renjun လည်း မုန့်မှာထားတာ မရသေးလို့သာ အအေးမှာသောက်ရင်း ခဏထိုင်နေသည် ဆိုတော့ ဘာမှ အဆင်မပြေစရာ မရှိလောက်ပါဘူးဆိုသည့် အတွေးနဲ့ လက်ခံလိုက်ပေမယ့် အတွေးက ကြာရှည်မခံခဲ့ပင်။ အချိန်ကြာလေ အရှေ့က လူပုံစံကို စိတ်ထဲ ဘဝင် မကျလေပင်။ Renjun ကို စိုက်ကြည့်နေလိုက်သည်မှာ အမြင်ကပ်ဖို့ကောင်းလေသည်။ မြန်မြန်ထပြန်လိုက်ချင်ပေမယ့် မှာထားတဲ့ မုန့်တွေကလည်း မရသေးပေ။
နောက်ထပ်၅မိနစ်လောက်ကြာတော့ Renjun မှာထားတဲ့မုန့်တွေ ရလာတာနဲ့ ဆိုင်ထဲက အမြန်ထွက်ခဲ့သည်။ ခုနက လူကတော့ သူ့ကို လိုက်ကြည့်နေတုန်းပင်။ ဘယ်လိုလူပါလိမ့်။ အိမ်ပြန်ရောက်တော့ RenJun ပစ္စည်းတွေ သိမ်းဆည်းပြီး အခန်းထဲဝင်ကာ အကျီလဲလိုက်သည်။ အခန်းရှေ့က ဝရံတာမှာ ထားထားတဲ့ ခုံလေးကို ဝင်ထိုင်လိုက်ရင်း Jaem နဲ့ ချစ်သူသက်တမ်း ၃လပြည့်က Jaem လက်ဆောင်ပေးထားတဲ့ ဂစ်တာလေးကို တီးခတ်ဖို့အတွက် ကြိုးညှိလိုက်သည်။
ဘာသီချင်းတီးရင် ကောင်းမလဲတွေးရင်း ဘေးက ဖုန်းကို ဖွင့်ကာ သီချင်းရှာလိုက်သည်။ ဘာရယ်မဟုတ် အိမ်ပြင်က လမ်းမကို မျက်စိရောက်သွားတော့ ခုနက မုန့်ဆိုင်မှာ တွေ့ခဲ့တဲ့လူက အမိုးပွင့်ကားထဲက သူ့ကို လှမ်းကြည့်နေလေသည်။
RenJun မြင်သွားမှန်းသိတော့ တစ်ခုခုရှာသလို အမူအရာကို လုပ်ပြီး ကားမောင်းထွက်သွားသည်။ Renjunစိတ်ထဲ တော်တော်ဘဝင်မကျဖြစ်နေလေသည်္ဂ ခုတလော အိမ်မှာကလည်း ကိုယ်တစ်ယောက်တည်းဆိုတော့ တစ်ခုခုဖြစ်မှာလည်း စိုးရိမ်နေမိသည်။
Jaem ကို ပြောလိုက်ချင်ပေမယ့် Jaemက ခုတလော Kai hyung၊ Kun hyung တို့နဲ့အတူ စားသောက်ဆိုင်တစ်ခု ဖွင့်ဖို့ပြင်နေတော့ မအားသည်မို့ ကိုယ့်ကို စိတ်မပူစေချင်။ သူ ပြောရင် အနားကို ချက်ချင်းရောက်လာမှာ သိပေမယ့် မသေချာ မရေရာတဲ့ ကိစ္စ အသေးဖွဲလေးဆိုတော့ Jaem သက်သက်မဲ့ စိတ်ပူမှာစိုးလို့ RenJun မပြောဖို့သာ ဆုံးဖြတ်လိုက်သည်။
Renjun ဂစ်တာလည်း တီးချင်စိတ်မရှိတော့တာမို့ အခန်းထဲဝင်ပြီး အိပ်လိုက်သည်။ နိုးလာသော ညနေ ငါးနာရီ ထိုးနှင့်ပြီ။ RenJun ရေချိုးဖို့ စဉ်းစားလိုက်ပေမယ့် ဟင်းချက်ရဦးမည်။ ဟင်းချက်ရင် ဟိုလုပ် ဒီလုပ် လှုပ်လှုပ်ရှားရှားနဲ့ ချွေးက ထွက်ဦးမှာဆိုတော့ ဟင်း အရင်ချက်ဖို့ပဲ လုပ်လိုက်သည်။ ပြင်ဆင်နေရင်းပဲ Jaem ဆီက ဖုန်းဝင်လာသည်။
I'll be your home 📱📱📱
'Nae Jaem´
'Baby ဘာလုပ်နေလဲ´
'ညနေစာချက်မို့ လုပ်နေတာ Jaemရဲ့ Jaeရော ဘယ်မှာလဲ'
'ခုမှ အပြင်က ဆိုင်ကို ပြန်ရောက်တာ ဆိုင်အတွက် လိုအပ်တဲ့ ပစ္စည်းတွေ ဝယ်ပြီး ပြန်ထားနေတာ'
'Jaem'
'ပြောလေ Babyရဲ့'
'ခုပြီးရင် အိမ်ပြန်တော့မှာလား'
'အင်း ပြန်တော့မယ် ဘာဖြစ်လို့လဲ Baby'
'ကျွန်တော် Hot pot ချက်စားမလို့ Jaem အဆင်ပြေရင် Kai hyungနဲ့ Kun hyungပါ ခေါ်ပြီး ညစာ ဝင်စားပါလား'
'အင်း Kai hyungက ချိန်းထားတာရှိလို့ ခုနကပဲ ပြန်သွားပြီ Babyရဲ့။ Kun hyung ကလည်း ခဏနေ အပြင်သွားစရာ ရှိတယ် ကြားတယ်'
အမှန်တော့ ဘေးနားမှာ Kai ရော Kun ရော ရှိလေသည်။ Jaemin သူ့ကို စိုက်ကြည့်လာတဲ့ hyung နှစ်ယောက်ကို မခို့တရို့ ပြုံးပြလိုက်ရင်း တောင်းပန်သည့် အမူအရာ လုပ်ပြလိုက်သည်။
'အင်း ရတယ် ရတယ်'
'Hyungတို့ မလာနိုင်ပေမယ့် ကိုယ်လာခဲ့မှာပေါ့ Babyရဲ့'
'အင်း ဒါဆို Jaem လာခဲ့လေ Hyung တို့ကိုတော့ သူတို့အားတဲ့နေ့မှ တစ်ခုခု လုပ်ကျွေးတော့မယ်'
'ဟုတ်ပါပြီဗျာ ကိုယ် ခဏနေဆိုင်ပိတ်ပြီး လာခဲ့မယ်နော်'
'Nae ဒါပဲနော် Jaem'
'Omm Saranghae'
'Nadu'
Renjun Call endဖြစ်သွားတဲ့ ဖုန်းလေးကို ချရင်း ညနေစာ စတင် ချက်ပြုတ်ဖို့ စတင်လိုက်သည်။
တစ်ဖက်က Jaemin ကိုတော့ သူ့ Hyung နှစ်ယောက်ဟာ ပြာကျမတတ် စိုက်ကြည့်နေဆဲပင်။ အကြောင်းရင်းက​တော့ *ကိုယ့်ဘာကိုယ် မခေါ်ချင်လို့ မခေါ်ချင်ဘူး မပြောဘဲ မအားဘူးဆိုပြီး လျှောက်ပြောသောကြောင့်ပင်*
>>>>>>>>>>>> Sunbae  <<<<<<<<<<<<
Renjun အသီးအရွက် လှီးနေတုန်း အိမ်ရှေ့က ဘဲလ်တီးသံကြား၍ တံခါးသွားဖွင့်ပေးလိုက်တော့ Jaem ရောက်လာခြင်း ဖြစ်သည်။
'Jaem မြန်လိုက်တာ'
'အင်း ဆိုင်က ဘာမှလုပ်စရာမလိုသေးတော့ မီးဘာညာစစ်ပြီး ပိတ်ပြီးတာနဲ့ ထွက်လာတာ'
'လာ ခဏအမောဖြေရင်း ထိုင်ဦး။ ကျွန်တော်က ခုမှ အရွက်တွေ လှီးတုန်းရှိသေးတာ'
'အင်း ရတယ်'
'အအေးသောက်မလား'
'ရတယ် ကိုယ် နောက်မှ ယူသောက်လိုက်မယ်'
'အာ့ဆို ကျွန်တော် ချက်ဖို့ ဆက်လုပ်လိုက်ဦးမယ်နော်'
'ကိုယ်ဝိုင်းလုပ်ပေးမယ်လေ Baby'
'ရပါတယ် Jaem ခုမှရောက်တာ နားပါဦး´
'ပေးပါ Babyရဲ့´
'အဲ့တာဆို Jaemက ဒီက အရွက်တွေ လှီးပေး ကျွန်တော်က အသားတွေ လုပ်စရာရှိတာ လုပ်လိုက်မယ်'
'အင်း Babyသဘော ဒါနဲ့ ဒီည ကိုယ်ဒီမှာ အိပ်ပေးမယ်'
'Jaem အလုပ်တွေ ရှိတယ်မလား မအားတဲ့ဟာကို'
'အလုပ်က ကိုယ်က decorationပိုင်းဆိုတော့ ဘာမှတော့ ပြင်ဆင်စရာ သိပ်မရှိတော့ဘူး အရင်တည်းက ကြိုလုပ်ထားတယ်ဆိုတော့'
'Jaem အားရင်တော့ အိပ်ပါ ကျွန်တော်လည်း တစ်ယောက်တည်းဆိုတော့ ပျင်းနေတာ Haechanကို ခေါ်ချင်ပေမယ့် သူ့အိမ်က မလွှတ်မှာစိုးလို့ မခေါ်တော့တာ'
'အိုကေ Baby 😉'
စကားဆက်မပြောဖြစ်ဘဲ နှစ်ယောက်သား ချက်ပြုတ်လိုက်တာ ညနေ ၆နာရီခွဲသွားသည်။ အိပ်ခါနီးမှပဲ ရေချိုးဖို့ ဆုံးဖြတ်ကာ ညစာ စားလိုက်သည်။ ချစ်သူဖြစ်တဲ့ ၆လအတွင်း RenJun နဲ့ Jaemin အတွက် ပထမဆုံး အတူတူချက်ပြုတ်စားသောက်ခြင်း ဖြစ်သည်။
စားသောက်ကာ ပန်းကန်ဆေး သိမ်းဆည်းပြီး
တော့ ည၈နာရီထိုးပြီ။ ရေချိုးချင်တယ်လို့ ပြောတဲ့ Jaem ကို ရေအရင်ချိုးခိုင်းပြီး သူနဲ့ အဆင်ပြေလောက်မယ်ထင်တဲ့ အကျီနဲ့ ဘောင်းဘီကို ထုတ်ပေးထားလိုက်တယ်။ ရေချိုးပြီးထွက်လာကာစ အပေါ်ပိုင်း ဗလာကျင်းနေတဲ့ ခန္ဓာကိုယ်နဲ့ Jaemဟာ Gymပုံမှန် ကစားသူဖြစ်ကြောင်း absတွေက သက်သေပြနေလေရဲ့။
တစ်ချက်ကြည့်ပြီး ကစားနေတဲ့ ဖုန်းgame ကို အာရုံပြန်သွင်းလိုက်တော့ RenJunဆော့နေတဲ့ ကုတင်ပေါ်ကို အဝတ်အစားမလဲဘဲ လာထိုင်တဲ့ Jaem။  Renjun ဖုန်းကို အကြည့်မလွှဲဘဲ Jaemကို အကျီလဲဖို့ ပြောလိုက်သည်။
'အဝတ်အစားလဲပြီး ခေါင်းသုတ်လေ Jaemရဲ့ တော်ကြာ ဖျားဦးမယ်'
'အင်းပါ Babyလည်း ဂိမ်းဆော့တာ ရပ်ပြီး ရေချိုးတော့လေ'
'အင်း ဒီတစ်ပွဲပဲ ပြီးတော့မယ်'
'အိုကေ အိုကေ'
Jaemin အဝတ်အစားလဲပြီး Kai hyungတို့နဲ့ အလုပ်ကိစ္စ ဖုန်းပြောတာ နာရီဝက်လောက်ကြာတာတောင် Renjun က ဂိမ်းကို သည်းကြီးမည်းကြီးဆော့နေတုန်းပင်။ Jaemin ဖုန်းပြောပြီးတာနဲ့ Renjun ဘေးသွားပြီး လက်ထဲက ဖုန်းကို ဆွဲယူလိုက်သည်။
'ဟာ Jae နိုင်ခါနီးနေပြီဟာကို ပြန်ပေးပါ´
'မပေးဘူး ရေသွားချိုးတော့ Baby´
'ဟာကွာ Jaem ကလည်း နီုင်တော့မယ့်ဟာကို'
'ရေချိုးတော့လေ Babyရဲ့ လိမ်မာပါတယ်'
'မလိမ်မာဘူး မချိုးဘူး သူများဆော့နေတာ နိုင်တော့မယ့်ဟာကို ခုရှုံးတော့မယ်'
'Babyပြောတော့ တစ်ပွဲတည်း ဆော့မှာဆို ခု ဆော့နေတာ တစ်ပွဲမက ရုံတင် မဟုတ်ဘူး နာရီဝက်တောင် ကျော်နေပြီလေ ရေချိုးချိန် သင့်နေပြီ'
'မချိုးဘူးဗျာ'
Jaemin , Renjun ဆော့နေတာကို ဝင်ရှုပ်လိုက်လို့ ၆လအတွင်း တစ်ခါမှ ဒီလောက်ထိ ပြန်မပြောဖူးတဲ့ ကောင်လေးက ခုတော့ တစ်ခွန်းမခံပြန်ပြောနေသည်။
'Babyကလည်း လိမ်မာပါတယ်။ ရေချိုးတော့နော် ပြီးရင် စောစောအိပ်ရအောင်။ မနက်ဖြန် ကျောင်းပိတ်တယ်ဆိုတော့ ကိုယ်နဲ့ဆိုင်လိုက်ခဲ့လေ။ ဆိုင်ခဏဝင်ပြီးရင် ဒိတ်ရအောင်လေ'
'ဆိုင်ကို လိုက်လည်းမလိုက်ဘူး။ ဒိတ်လည်း မဒိတ်ဘူး'
'တကယ်နော်'
'ဟုတ်တယ်'
'ကဲ ဒါဆိုလည်း ရေချိုးတော့ကွာ Babyရာ စိတ်မဆိုးပါနဲ့တော့'
'မချိုးဘူး'
'ကိုယ်ကောင်းကောင်းပြောတုန်း သွားချိုးနော် Baby'
'မချိုးဘူး မချိုးတော့ ဘာဖြစ်လဲ'
'okay baby ကောင်းပြီလေ'
ဘောက်ဆတ်ဆတ် ပြန်ပြောလာတာတဲ့ RenJun ကို Jaemin ကောက်ချီလိုက်သည်။
'ရား ဘာလုပ်တာလဲ ပြန်ချပေး Jae ဘာလုပ်တာလဲ'
'ရေချိုးဖို့ ရေချိုးခန်းထဲ ပို့ပေးမလို့လေ'
'မချိုးချင်တော့ဘူးလို့ ပြန်ချပေးဗျာ'
'မချပေးပါဘူး။ ရေချိုးရမယ်လေ Baby ရာ'
Jaemin , Renjunကို ရေချိုးခန်းထဲ ချီပြီးခေါ်သွားလိုက်သည်။
Zawgyi
'nae´
'အာ ဟုတ်ကဲ့ ထိုင်ပါ´
I'll be your home 📱📱📱
'Nae Jaem´
'Baby ဘာလုပ်နေလဲ´
'Jaem'
'ပြောလေ Babyရဲ့'
'အင်း ရတယ် ရတယ်'
'Nae ဒါပဲနော် Jaem'
'Omm Saranghae'
'Nadu'
>>>>>>>>>>>> Sunbae  <<<<<<<<<<<<
'Jaem မြန်လိုက်တာ'
'အင်း ရတယ်'
'အအေးသောက်မလား'
'ပေးပါ Babyရဲ့´
'အိုကေ Baby 😉'
'အိုကေ အိုကေ'
'မချိုးဘူးဗျာ'
'တကယ်နော်'
'ဟုတ်တယ်'
'မချိုးဘူး'
'okay baby ကောင်းပြီလေ'
'မချပေးပါဘူး။ ရေချိုးရမယ်လေ Baby ရာ'
Continue Reading
You'll Also Like
107K 3.8K 25
𝒘𝒉𝒂𝒕 𝒊𝒇 𝒌𝒂𝒓𝒏𝒂 𝒔𝒕𝒐𝒐𝒅 𝒖𝒑 𝒇𝒐𝒓 𝑫𝒓𝒂𝒖𝒑𝒂𝒅𝒊 𝒊𝒏 𝒅𝒖𝒚𝒕 𝒔𝒂𝒃𝒉𝒂 , 𝒘𝒉𝒂𝒕 𝒊𝒇 𝒌𝒂𝒓𝒏𝒂 𝒉𝒂𝒅 𝒕𝒘𝒊𝒏 𝒔𝒊𝒔𝒕𝒆𝒓 𝒂�...
306K 9.2K 100
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...
8.3K 844 9
"စာအုပျတှကေ စကားပွောတတျလား နိုနို?" "စာအုပ်တွေက စကားပြောတတ်လား နိုနို?" NoMin 2nd Book (NoMin 2nd Myanmar Mini FanFic) Start Date - 31.7.2021 End Dat...
19.5K 2K 26
Uni & Zawgyi Cover Photo By @Minus_from_Minus20 《 Start Date : 24 June 2021 End Date : 1 Dec 2021 》