Episode 15

200 25 11
                                    

Unicode

'ဒီကောင်လေးက မင်းအပေါ် ဘာတွေများကောင်းနေလို့လဲ Jaem'

'ဟက် ဘာတွေကောင်းလို့လဲဟုတ်လား .... ခင်ဗျားနဲ့ ကျွန်တော်တွဲတုန်းက ကျွန်တော့်ကို ဘယ်တုန်းက သေချာဂရုစိုက်ပေးခဲ့လို့လဲ။ ဒါတွေကို ထားပါတော့။ လက်ရှိ ကျွန်တော်ချစ်တဲ့သူက ခင်ဗျားလို ကျွန်တော်နဲ့တွဲနေတုန်း နောက်တစ်ယောက်ကို ဖောက်ပြန်တာမျိုးမရှိဘူး။'

'မင်း မင်း'

'ဘာလဲ အမှန်တွေပြောလိုက်တော့ နာသွားပြီလား။ ရုတ်တရက် အဆက်အသွယ်ဖြတ်ပြီး နောက်တစ်ယောက်နဲ့ လက်ဆက်သွားတဲ့အချိန် ကျွန်တော် ဘယ်လ်ုတွေ ခံစားရလဲ ခင်ဗျားသိလား။ အဲ့ထက်ပိုဆိုးတာ ခင်ဗျားအိမ်က အတင်းပေးစားလို့ လက်ဆက်လိုက်ရပါတယ်ဆိုတဲ့သူက တကယ်တော့ ခင်ဗျားအိမ်က ပေးစားတာမဟုတ်ဘဲ ကျွန်တော်နဲ့တွဲနေတည်းက ခင်ဗျားတို့ ကြိုက်နေကြတယ်ဆိုတာပဲ"

'Jaem '

'ဒီလောက်ထိ လုပ်ခဲ့တဲ့သူကို ကျွန်တော်က ဘာတွေများ မြတ်နိုးတန်ဖိုးထားနေရဦးမှာလဲ။ ခင်ဗျား လုပ်ရပ်တွေကို ရပ်တန်းက ရပ်လိုက်ပါ။ မဟုတ်ရင် ကျွန်တော် ခင်ဗျားကို ပြောထားတဲ့စကားအတိုင်း အဆုံးသတ်အောင် လုပ်ရလိမ့်မယ်။'

Jaemin ပြောသည်ကို ထိုလူ ဘာမှပြန်မပြောဖြစ်ဘဲ Jaemin ကိုသာ ငေးကြည့်နေလေသည်။ စက္ကန့်ပိုင်းမျှ ကြာပြီးမှသာ သူ့ဘက်က စကားပြန်စလာလေသည်။

'ကောင်းပြီ။ ကိုယ်ဘယ်လိုလုပ်လုပ် မင်းကို ပြန်မရနိုင်တော့တာ နားလည်သွားပါပြီ။ ဒါပေမဲ့ ..... ဒါပေမဲ့ သူမက ငါ့အိမ်က လက်ဆက်ပေးတာ အမှန်ပါပဲ။ ပြီးတော့ ဝန်ခံပါတယ်။ ငါ မင်းမသိအောင် မင်းနဲ့တွဲနေရင်း သူမကို တွဲနေခဲ့တယ်။ ပြီးတော့ ...'

စကားပြောနေတဲ့သူကို Jaemin ဖြတ်ပြောလိုက်သည်။

'ကျွန်တော် ခင်ဗျားဆီက ရှင်းပြချက်တွေ မလိုဘူးလို့ပြောခဲ့တယ်မလား။ မရှင်းပြပါနဲ့တော့။ ကျွန်တော့်ဘက်က ခင်ဗျားကို စကားကုန်လည်း ပြောပြီးသွားပြီ။ နောက်တစ်ခု ခင်ဗျားမိဘတွေ ခင်ဗျားသိအောင်တစ်မျိုး၊ မသိအောင်တစ်ဖုံ ကျွန်တော့်ကို နာကျင်စေခဲ့တာတွေကလည်း ကျွန်တော် ခင်ဗျားဆီ ဘယ်တော့မှ ပြန်မလာမယ့်တစ်ချက်ပါပဲ။ ဆိုတော့ ကျွန်တော့်ဘက်က ပြောပြီးသွားတာမို့ လုပ်စရညလေးလည်း ရှိတာမို့ သွားတော့မယ်'

Sunbae [JaemRen]Where stories live. Discover now