LOVE FIGHT [ ChanHun OTP ]

By Poe_Poe_Pouk_Pouk

31.8K 3.9K 879

အခ်စ္​ဆိုတာခ်ိဳၿမိန္​ပါတယ္​...... မင္​းနဲ႔ငါသာရန္​မျဖစ္​ၾကရင္​​ေပါ့...... အချစ်ဆိုတာချိုမြိန်ပါတယ်..... မင်းန... More

Fight - 1
Fight - 2
Fight - 3
Fight - 4
Fight - 5
Fight - 6
Fight - 7
Fight - 8
Fight - 9
Fight - 11
Fight - 12
Fight - 13
Fight - 14
Fight - 15
Fight - 16
Fight - 17

Fight - 10

1.5K 248 45
By Poe_Poe_Pouk_Pouk

" ငံုး​ေကာင္​ႀကီး.....အစုတ္​ပလုတ္​ႀကီး.....
​ေျပာ​ေတာ့ခ်စ္​တယ္​ဆိုၿပီးဘာခ်င္​တာ​ေလး​ေတာင္​
​ေအာက္​ကအနာမခံႏိုင္​တဲ့လူႀကီး...... "

အိမ္​ျပန္​ရာလမ္​းတ​ေလွ်ာက္​ပြစိပြစိႏွင္​့
​ေဒါသထြက္​​ေန​ေသာဆယ္​ဟြန္​း........

" ​ေဟာ.....ဘာျဖစ္​လာၾကျပန္​ၿပီလဲ....... "

​ေလွကားကို​ေျခ​ေဆာင္​့လို႔ဆင္​းလာသည္​မို႔
ကိုကို႔​ေမ​ေမက​ေမးလာၿပီျဖစ္​သည္​။

" ဘာမွမျဖစ္​ဘူးမားမား........သား
အိမ္​ျပန္​​ေတာ့မလို႔......... "

ခပ္​ျမန္​ျမန္​ပင္​​ေျပာကာ​ေျပးထြက္​သြားတဲ့ဆယ္​ဟြန္​း။

" ျဖစ္​ၾကျပန္​ၿပီနဲ႔တူပါတယ္​...... "

သက္​ျပင္​းခ်လို႔​ေခါင္​းတခါခါႏွင္​့က်န္​ခဲ့တဲ့
ခ်န္​း​ေယာလ္​ရဲ႕မားမားက​ေတာ့ျပႆနာရဲ႕
အစအဆံုးကိုမသိခဲ့​ေပ။

.
.
.

" ​ေတာက္​!!! အိုဆယ္​ဟြန္​း!!!! "

အခန္​းထဲမွာ​ေဒါသတ႐ွဴး႐ွဴးထြက္​ကာ
အ​ေပၚပိုင္​းဗလာႏွင္​့လမ္​း​ေလွ်ာက္​​ေနတဲ့ခ်န္​း​ေယာလ္​။

ခ်စ္​သူျဖစ္​တာၾကာၿပီမို႔ခံစားခ်က္​တို႔မထိန္​းခ်ဳပ္​ပဲ
စိတ္​လြတ္​လက္​လြတ္​ခ်စ္​မည္​့ဆဲဆဲ
ခံစားခ်က္​တ၀က္​တျပတ္​ႏွင္​့ခ်န္​ထားခဲ့​ေသာင​ေခ်​ေကာင္​။

ဘယ္​ႏွယ္​့ဗ်ာ......စဥ္​းစားၾကည္​့ၾကပါဦး။
သူကအ​ေပၚက​ေနမလို႔တဲ့.........

သူ႔ကိုခ်စ္​ရင္​​ေတာင္​​ေအာက္​က​ေန​ေပးပါဆိုပဲ.....
ဒါမ်ိဳးက​ေတာ့မိမိလံုး၀လက္​မခံႏိုင္​ပါ။

ခ်စ္​တာက ခ်စ္​တာ......
စားတာက စားတာ......အဲ......
ဂ်စ္​တိုက္​တာကဂ်စ္​တိုက္​တာ.....
လံုး၀ကိုမသက္ဆိုင္​တာပါ။

" မွတ္​ထား အိုဆယ္​ဟြန္​း!!!
ဒီတစ္​​ေခါက္​လံုး၀ကိုမ​ေခ်ာ့ဘူး......... "

တျဖည္​းျဖည္​းႏွင္​့ျပင္​းထန္​လာ​ေသာ
ရန္​ပြဲသည္​​ေ၀းကြားျခင္​း၏နိဒါန္​းမ်ားလား......

.
.
.

" ရား!!! အိုဆယ္​ဟြန္​း..........အဲ့ဒါက
ဘာျဖစ္​​ေနတာလဲ။ မင္​းမပီသလိုက္​တာမ်ား..... "

မိႈင္​​ေတြ​ေတြနဲ႔ဆယ္​ဟြန္​းပံုစံက ဘတ္​ခ္​ဟြၽန္​းပင္​
​ေမးယူရသည္​အထိ........

ဟိုတစ္​​ေန႔က ကိုကို႔ကိုဂ်စ္​တိုက္​တာ
လြန္​သြားသလားဟု​ေတြးမိ​ေတာ့
စိတ္​ထဲမ​ေကာင္​း.........

ကိုကိုကလည္​းဒီတစ္​ခါအတည္​ႀကီး
​ေဒါသထြက္​သြားပံုပင္​။

သူကလည္​းသူပင္​.......​ေယာက္​်ား​ေလးတစ္​​ေယာက္​က
ထိုအ​ေျခအ​ေနထိ​ေရာက္​ၿပီးမွ ဘယ္​လိုမွထိန္​းခ်ဳပ္​လို႔
မရသည္​ကိုသိလ်က္​ႏွင္​့တမင္​ဂ်ီက်မိျခင္​း........

အရင္​ကဆိုမိုးလင္​းသည္​ႏွင္​့ခ်က္​ခ်င္​း
လာ​ေခ်ာ့တတ္​သည္​့ကိုကိုက​ေန႔လည္​ပင္​
​ေရာက္​​ေနၿပီအရိပ္​အ​ေယာင္​ပင္​မ​ေတြ႔ရ​ေသး​ေပ။

ဖုန္​း​ေလးတစ္​ခ်က္​ပင္​မဆက္​သည္​မို႔
​ေနမထိထိုင္​မသာျဖစ္​​ေနရသည္​။

အျမဲလိုလိုအ​ေခ်ာ့ခံ​ေနရသည္​မို႔မ​်ားလား။

" ရား!!!! ​ေသ​ေနၿပီလား......... "

စိတ္​နဲ႔လူနဲ႔မကပ္​တဲ့ဆယ္​ဟြန္​း​ေၾကာင္​့
ဘတ္​ခ္​ဟြၽန္​းစိတ္​တို​ၿပီ​ေလ........

" ငါစိတ္​နဲနဲညစ္​​ေနလို႔ပါ....... "

" ရား.......အတည္​ႀကီးလား........
ဘာလဲ.......ဘဲႀကီးနဲ႔သတ္​ၾကျပန္​ၿပီလား။
အဲ့ဒါဆိုရင္​​ေတာ့အပို​ေတြလုပ္​မ​ေနနဲ႔​ေတာ့။ "

" မပိုဘူးဟ.....ဒီတခါအတည္​ႀကီးျဖစ္​​ေနတာ။
​ေတာ္​​ေတာ္​ျပင္​းထန္​တယ္​။ ကိုကိုငါ့ဆီ​​ေတာင္​မလာဘူးဟ "

အတည္​ႀကီး​ေျပာ​ေနတဲ့ဆယ္​ဟြန္းပံုစံ​ေၾကာင္​့
ဘတ္​ခ္​ဟြၽန္​းမွာပါးစပ္​အ​ေဟာင္​းသား.......

ဆယ္​ဟြန္​းပံုစံကလည္​း​ေနာက္​​ေနတဲ့ပံုမဟုတ္​။
ဒီ​ေကာင္​အခုလိုစိတ္​ညစ္​​ေနတာကိုပထမဆံုး
ျမင္​ဖူးျခင္​းပင္​ျဖစ္​သည္​။

" ဘာကစတဲ့ျပႆနာမို႔အခု​ေလာက္​ထိ
ျဖစ္​သြားၾကရတာလဲဟ။ "

ဘတ္​ခ္​ဟြၽန္​းရဲ႕အ​ေမး​ေၾကာင္​့ဆယ္​ဟြန္​းလည္​း
ျဖစ္​စဥ္​အစအဆံုး​ေျပာျပလိုက္​​ေတာ့သည္​။

" ဟာ......အဲ့ဒါႀကီးက​ေတာ့မင္​းလြန္​တယ္​။
မျဖစ္​ႏိုင္​တာႀကီးကိုသက္​သက္​မဲ့ဂ်ီက်ၿပီး
​ေနာက္​ဆုတ္​လို႔မရ​ေတာ့မွဒီတိုင္​းထြက္​လာတယ္​
ဆိုတာႀကီးကကြာ.......မင္​းလည္​းသိ​ေနရက္​နဲ႔။ "

" ငါကလည္​းအရမ္​းစိတ္​လႈပ္​႐ွားၿပီးဂ်စ္​တိုက္​မိတာ။
ဒါ​ေပမဲ့.....အရင္​ကငါဘာလုပ္​လုပ္​ ကိုကိုက
အျမဲ​ေခ်ာ့​ေနတဲ့ဟာကို.....အခုက်ပစ္​ထား​ေတာ့
ငါကဘယ္​စိတ္​​ေကာင္​းမလဲလို႔........ "

" ​ေသ​ေလ....အဲ့မွာခံုနဲ႔​ေခါင္​းနဲ႔​ေဆာင္​့ၿပီးသာ
လဲ​ေသလိုက္​ပါလား။ ​ေအး....ၾကပ္​ၾကပ္​လုပ္​.....
မင္​းကိုကိုခ်န္​း​ေယာလ္​ကစန္​းကပြင္​့ရပြင္​့နဲ႔.....
မင္​းကိုစိတ္​ကုန္​ၿပီး အသစ္​ထားသြားရင္​ဘယ္​လိုလုပ္​မလဲ "

အမွန္​အကန္​ဖီးလ္​​ေနသူအားမ်က္​ခြက္​
ပိတ္​႐ိုက္​လိုက္​သလိုနာက်င္​သြား​ေစမယ္​့
ဘတ္​ခ္​ဟြၽန္​းနီး၏အား​ေပးစကား......

​ေျဗာင္​ဘတ္​ခ္​ဟြၽန္​းအသည္​းကြဲအတိုင္​ပင္​ခံ
ဆိုၿပီးဖြင္​့စားလွ်င္​အကုန္​သတ္​​ေသကုန္​ၾက​ေလာက္​သည္​။

" မင္​းကလည္​းကြာ....... "

" မင္​းကလည္​းကြာမ​ေနနဲ႔.......ငါက
အမွန္​​ေျပာ​ေနတာ။ မင္​းကိုကအကိုခ်န္​း​ေယာလ္​
အ​ေပၚဆိုမတရားအႏိုင္​က်င္​့လြန္​းတာ......
အခု​ေနဘာမွမျဖစ္​​ေပမယ္​့ ႏိႈင္​းယွဥ္​စရာဆိုတာ
႐ွိလာခဲ့ရင္​......အကိုခ်န္​း​ေယာလ္​လည္​း
​ေယာက္​်ား​ေလးဟ......​ေသြးသားဆႏၵဆိုတာ႐ွိမွာပဲ။
မင္​းဟာက........အခု​ေတာ့......... "

ဘတ္​ခ္​ဟြၽန္​း​ေျပာလာ​ေသာစကားကို
ဆက္​ပင္​နားမ​ေထာင္​ႏိုင္​​ေတာ့.......

သူတကယ္​ပဲကိုကို႔အ​ေပၚလြန္​သြားခဲ့ၿပီလား။

" ရား!!!! ဆယ္​ဟြန္​းရား....ဟို...ဟိုမွာ "

​ေမးခြန္​း​ေပါင္​းမ်ားစြာႏွင္​့ ​ေခါင္​း႐ႈပ္​​ေန​ေသာ
ဆယ္​ဟြန္​းနီး​ေလး ဘတ္​ခ္​ဟြၽန္​း​ေအာ္​သံႏွင္​့အတူ
အၾကည္​့​ေရာက္​မိ​ေတာ့ျမင္​လိုက္​ရသည္​​ေၾကာင္​့
ပါးစပ္​အ​ေဟာင္​းသား..........

ကိုကိုက ​ေကာင္​မ​ေလးတစ္​​ေယာက္​ႏွင္​့အတူ
ကန္​တင္​းအတြင္​းသို႔၀င္​လာသည္​။

ျပံဳး​ေနတာမ်ားပါးခ်ိဳင္​့ႀကီးကိုထင္​းလို႔......

ငံုးဥ​ေကာင္​ႀကီး.......မ​ေန႔ကမွျပတ္​တာ​ေလ။
ဒီ​ေန႔​ေနာက္​ဟာမနဲ႔အၾကည္​ဆိုက္​​ေနၿပီတဲ့လား။

မွားသြားပါၿပီလို႔​ေတြးမိတဲ့စိတ္​က​ေလးပင္​
ၾကက္​​ေပ်ာက္​ငွက္​​ေပ်ာက္​.........

ဆယ္​ဟြန္​းနီးတို႔အႀကီးႀကီးတင္​းပါၿပီ။

ဒုန္​း!!!!!

ကန္​တင္​းမွစားပြဲကိုလက္​ႏွင္​့ထုကာ
မတ္​တပ္​ရပ္​လိုက္​သည္​မို႔ အကုန္​လံုးရဲ႕
အၾကည္​့ကသူ႔ဆီတြင္​သာ......

​ေျခလွမ္​းကိုတစ္​လွမ္​းခ်င္​းလွမ္​းလို႔
ကိုကိုႏွင္​့ဟိုဟာမ႐ွိရာ၀ိုင္​းဆီသြားလိုက္​သည္​။

" အာ.......ဆယ္​ဟြန္​းကဘာကိစၥ႐ွိလို႔လဲ..... "

အနီးအနား​ေရာက္​သည္​ႏွင္​့အကန္​​ေတြ
စလႊတ္​​ေသာကိုကို.........

ဘာ!!! ဆယ္​ဟြန္​း ဟုတ္​လား.......
ဗိုက္​​ေၾကာျပတ္​ခ်င္​လို႔.........

" အကိုခ်န္​း​ေယာလ္​......ဒီကအမကဘယ္​သူလဲ "

စိတ္​ႏွင္​့ဆန္​႔က်င္​ဘက္​အျပံဳးမ်ားႏွင္​့
​ေျပာလိုက္​သည္​။

" အာ......ဒါက လီယြန္​ဟီးတဲ့......အကိုတို႔
အတန္​းထဲအသစ္​​ေျပာင္​းလာတဲ့​ေက်ာင္​းသူသစ္​​ေလ "

အိုဆယ္​ဟြန္​းတို႔​ေဒါသဂိတ္​ဆံုးပါၿပီ။

​ေဒါသျဖစ္​ျခင္​းႏွင္​့အတူစိတ္​မ​ေကာင္​းသည္​ကိုလည္​း
တစ္​ၿပိဳင္​တည္​းခံစားရသည္​မို႔၀ဲတက္​လာ​ေသာ
မ်က္​ရည္​အခ်ိဳ႕ကို ကိုကိုမျမင္​​ေစရန္​​ေျပးထြက္​လာမိသည္​။

တကယ္​ပဲစိတ္​ကုန္​သြားခဲ့ၿပီတဲ့လား.......

တစ္​ခါတစ္​ရံအခ်စ္​သည္​အလြမ္​းတို႔ရဲ႕
ျမစ္​ဖ်ားခံရာျဖစ္​​ေန​ေသးသည္​။

တကယ္​ပဲ၀ဋ္​လည္​​ေနၿပီထင္​ပါရဲ႕ ကိုကို.....

################################

​ေနမ​ေကာင္​းတဲ့အျပင္​ အလုပ္​ကလည္​းအရမ္​း
႐ႈပ္​​ေနတာမို႔ၾကာသြားတာ​ေဆာရီးပါ​ေနာ္​။

​ေခ့်ယူ all ပါ​ေနာ္​

အူးမြ😘😘😘😘

Unicode

" ငုံးကောင်ကြီး.....အစုတ်ပလုတ်ကြီး.....
ပြောတော့ချစ်တယ်ဆိုပြီးဘာချင်တာလေးတောင်
အောက်ကအနာမခံနိုင်တဲ့လူကြီး...... "

အိမ်ပြန်ရာလမ်းတလျှောက်ပွစိပွစိနှင့်
ဒေါသထွက်နေသောဆယ်ဟွန်း........

" ဟော.....ဘာဖြစ်လာကြပြန်ပြီလဲ....... "

လှေကားကိုခြေဆောင့်လို့ဆင်းလာသည်မို့
ကိုကို့မေမေကမေးလာပြီဖြစ်သည်။

" ဘာမှမဖြစ်ဘူးမားမား........သား
အိမ်ပြန်တော့မလို့......... "

ခပ်မြန်မြန်ပင်ပြောကာပြေးထွက်သွားတဲ့ဆယ်ဟွန်း။

" ဖြစ်ကြပြန်ပြီနဲ့တူပါတယ်...... "

သက်ပြင်းချလို့ခေါင်းတခါခါနှင့်ကျန်ခဲ့တဲ့
ချန်းယောလ်ရဲ့မားမားကတော့ပြဿနာရဲ့
အစအဆုံးကိုမသိခဲ့ပေ။

.
.
.

" တောက်!!! အိုဆယ်ဟွန်း!!!! "

အခန်းထဲမှာဒေါသတရှူးရှူးထွက်ကာ
အပေါ်ပိုင်းဗလာနှင့်လမ်းလျှောက်နေတဲ့ချန်းယောလ်။

ချစ်သူဖြစ်တာကြာပြီမို့ခံစားချက်တို့မထိန်းချုပ်ပဲ
စိတ်လွတ်လက်လွတ်ချစ်မည့်ဆဲဆဲ
ခံစားချက်တဝက်တပြတ်နှင့်ချန်ထားခဲ့သောငချေကောင်။

ဘယ်နှယ့်ဗျာ......စဉ်းစားကြည့်ကြပါဦး။
သူကအပေါ်ကနေမလို့တဲ့.........

သူ့ကိုချစ်ရင်တောင်အောက်ကနေပေးပါဆိုပဲ.....
ဒါမျိုးကတော့မိမိလုံးဝလက်မခံနိုင်ပါ။

ချစ်တာက ချစ်တာ......
စားတာက စားတာ......အဲ......
ဂျစ်တိုက်တာကဂျစ်တိုက်တာ.....
လုံးဝကိုမသက်ဆိုင်တာပါ။

" မှတ်ထား အိုဆယ်ဟွန်း!!!
ဒီတစ်ခေါက်လုံးဝကိုမချော့ဘူး......... "

တဖြည်းဖြည်းနှင့်ပြင်းထန်လာသော
ရန်ပွဲသည်ဝေးကွားခြင်း၏နိဒါန်းများလား......

.
.
.

" ရား!!! အိုဆယ်ဟွန်း..........အဲ့ဒါက
ဘာဖြစ်နေတာလဲ။ မင်းမပီသလိုက်တာများ..... "

မှိုင်တွေတွေနဲ့ဆယ်ဟွန်းပုံစံက ဘတ်ခ်ဟျွန်းပင်
မေးယူရသည်အထိ........

ဟိုတစ်နေ့က ကိုကို့ကိုဂျစ်တိုက်တာ
လွန်သွားသလားဟုတွေးမိတော့
စိတ်ထဲမကောင်း.........

ကိုကိုကလည်းဒီတစ်ခါအတည်ကြီး
ဒေါသထွက်သွားပုံပင်။

သူကလည်းသူပင်.......ယောက်ျားလေးတစ်ယောက်က
ထိုအခြေအနေထိရောက်ပြီးမှ ဘယ်လိုမှထိန်းချုပ်လို့
မရသည်ကိုသိလျက်နှင့်တမင်ဂျီကျမိခြင်း........

အရင်ကဆိုမိုးလင်းသည်နှင့်ချက်ချင်း
လာချော့တတ်သည့်ကိုကိုကနေ့လည်ပင်
ရောက်နေပြီအရိပ်အယောင်ပင်မတွေ့ရသေးပေ။

ဖုန်းလေးတစ်ချက်ပင်မဆက်သည်မို့
နေမထိထိုင်မသာဖြစ်နေရသည်။

အမြဲလိုလိုအချော့ခံနေရသည်မို့များလား။

" ရား!!!! သေနေပြီလား......... "

စိတ်နဲ့လူနဲ့မကပ်တဲ့ဆယ်ဟွန်းကြောင့်
ဘတ်ခ်ဟျွန်းစိတ်တိုပြီလေ........

" ငါစိတ်နဲနဲညစ်နေလို့ပါ....... "

" ရား.......အတည်ကြီးလား........
ဘာလဲ.......ဘဲကြီးနဲ့သတ်ကြပြန်ပြီလား။
အဲ့ဒါဆိုရင်တော့အပိုတွေလုပ်မနေနဲ့တော့။ "

" မပိုဘူးဟ.....ဒီတခါအတည်ကြီးဖြစ်နေတာ။
တော်တော်ပြင်းထန်တယ်။ ကိုကိုငါ့ဆီတောင်မလာဘူးဟ "

အတည်ကြီးပြောနေတဲ့ဆယ်ဟွန်းပုံစံကြောင့်
ဘတ်ခ်ဟျွန်းမှာပါးစပ်အဟောင်းသား.......

ဆယ်ဟွန်းပုံစံကလည်းနောက်နေတဲ့ပုံမဟုတ်။
ဒီကောင်အခုလိုစိတ်ညစ်နေတာကိုပထမဆုံး
မြင်ဖူးခြင်းပင်ဖြစ်သည်။

" ဘာကစတဲ့ပြဿနာမို့အခုလောက်ထိ
ဖြစ်သွားကြရတာလဲဟ။ "

ဘတ်ခ်ဟျွန်းရဲ့အမေးကြောင့်ဆယ်ဟွန်းလည်း
ဖြစ်စဉ်အစအဆုံးပြောပြလိုက်တော့သည်။

" ဟာ......အဲ့ဒါကြီးကတော့မင်းလွန်တယ်။
မဖြစ်နိုင်တာကြီးကိုသက်သက်မဲ့ဂျီကျပြီး
နောက်ဆုတ်လို့မရတော့မှဒီတိုင်းထွက်လာတယ်
ဆိုတာကြီးကကွာ.......မင်းလည်းသိနေရက်နဲ့။ "

" ငါကလည်းအရမ်းစိတ်လှုပ်ရှားပြီးဂျစ်တိုက်မိတာ။
ဒါပေမဲ့.....အရင်ကငါဘာလုပ်လုပ် ကိုကိုက
အမြဲချော့နေတဲ့ဟာကို.....အခုကျပစ်ထားတော့
ငါကဘယ်စိတ်ကောင်းမလဲလို့........ "

" သေလေ....အဲ့မှာခုံနဲ့ခေါင်းနဲ့ဆောင့်ပြီးသာ
လဲသေလိုက်ပါလား။ အေး....ကြပ်ကြပ်လုပ်.....
မင်းကိုကိုချန်းယောလ်ကစန်းကပွင့်ရပွင့်နဲ့.....
မင်းကိုစိတ်ကုန်ပြီး အသစ်ထားသွားရင်ဘယ်လိုလုပ်မလဲ "

အမှန်အကန်ဖီးလ်နေသူအားမျက်ခွက်
ပိတ်ရိုက်လိုက်သလိုနာကျင်သွားစေမယ့်
ဘတ်ခ်ဟျွန်းနီး၏အားပေးစကား......

ဗြောင်ဘတ်ခ်ဟျွန်းအသည်းကွဲအတိုင်ပင်ခံ
ဆိုပြီးဖွင့်စားလျှင်အကုန်သတ်သေကုန်ကြလောက်သည်။

" မင်းကလည်းကွာ....... "

" မင်းကလည်းကွာမနေနဲ့.......ငါက
အမှန်ပြောနေတာ။ မင်းကိုကအကိုချန်းယောလ်
အပေါ်ဆိုမတရားအနိုင်ကျင့်လွန်းတာ......
အခုနေဘာမှမဖြစ်ပေမယ့် နှိုင်းယှဉ်စရာဆိုတာ
ရှိလာခဲ့ရင်......အကိုချန်းယောလ်လည်း
ယောက်ျားလေးဟ......သွေးသားဆန္ဒဆိုတာရှိမှာပဲ။
မင်းဟာက........အခုတော့......... "

ဘတ်ခ်ဟျွန်းပြောလာသောစကားကို
ဆက်ပင်နားမထောင်နိုင်တော့.......

သူတကယ်ပဲကိုကို့အပေါ်လွန်သွားခဲ့ပြီလား။

" ရား!!!! ဆယ်ဟွန်းရား....ဟို...ဟိုမှာ "

မေးခွန်းပေါင်းများစွာနှင့် ခေါင်းရှုပ်နေသော
ဆယ်ဟွန်းနီးလေး ဘတ်ခ်ဟျွန်းအော်သံနှင့်အတူ
အကြည့်ရောက်မိတော့မြင်လိုက်ရသည်ကြောင့်
ပါးစပ်အဟောင်းသား..........

ကိုကိုက ကောင်မလေးတစ်ယောက်နှင့်အတူ
ကန်တင်းအတွင်းသို့ဝင်လာသည်။

ပြုံးနေတာများပါးချိုင့်ကြီးကိုထင်းလို့......

ငုံးဥကောင်ကြီး.......မနေ့ကမှပြတ်တာလေ။
ဒီနေ့နောက်ဟာမနဲ့အကြည်ဆိုက်နေပြီတဲ့လား။

မှားသွားပါပြီလို့တွေးမိတဲ့စိတ်ကလေးပင်
ကြက်ပျောက်ငှက်ပျောက်.........

ဆယ်ဟွန်းနီးတို့အကြီးကြီးတင်းပါပြီ။

ဒုန်း!!!!!

ကန်တင်းမှစားပွဲကိုလက်နှင့်ထုကာ
မတ်တပ်ရပ်လိုက်သည်မို့ အကုန်လုံးရဲ့
အကြည့်ကသူ့ဆီတွင်သာ......

ခြေလှမ်းကိုတစ်လှမ်းချင်းလှမ်းလို့
ကိုကိုနှင့်ဟိုဟာမရှိရာဝိုင်းဆီသွားလိုက်သည်။

" အာ.......ဆယ်ဟွန်းကဘာကိစ္စရှိလို့လဲ..... "

အနီးအနားရောက်သည်နှင့်အကန်တွေ
စလွှတ်သောကိုကို.........

ဘာ!!! ဆယ်ဟွန်း ဟုတ်လား.......
ဗိုက်ကြောပြတ်ချင်လို့.........

" အကိုချန်းယောလ်......ဒီကအမကဘယ်သူလဲ "

စိတ်နှင့်ဆန့်ကျင်ဘက်အပြုံးများနှင့်
ပြောလိုက်သည်။

" အာ......ဒါက လီယွန်ဟီးတဲ့......အကိုတို့
အတန်းထဲအသစ်ပြောင်းလာတဲ့ကျောင်းသူသစ်လေ "

အိုဆယ်ဟွန်းတို့ဒေါသဂိတ်ဆုံးပါပြီ။

ဒေါသဖြစ်ခြင်းနှင့်အတူစိတ်မကောင်းသည်ကိုလည်း
တစ်ပြိုင်တည်းခံစားရသည်မို့ဝဲတက်လာသော
မျက်ရည်အချို့ကို ကိုကိုမမြင်စေရန်ပြေးထွက်လာမိသည်။

တကယ်ပဲစိတ်ကုန်သွားခဲ့ပြီတဲ့လား.......

တစ်ခါတစ်ရံအချစ်သည်အလွမ်းတို့ရဲ့
မြစ်ဖျားခံရာဖြစ်နေသေးသည်။

တကယ်ပဲဝဋ်လည်နေပြီထင်ပါရဲ့ ကိုကို.....

################################

နေမကောင်းတဲ့အပြင် အလုပ်ကလည်းအရမ်း
ရှုပ်နေတာမို့ကြာသွားတာဆောရီးပါနော်။

ချေ့ယူ all ပါနော်

အူးမွ😘😘😘😘

Continue Reading

You'll Also Like

176K 26.6K 21
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
15K 3.2K 48
විනාශ කරදැමූ කිරි සිහිනයක් වෙනුවෙන් බැදි වෛරයක් නිසා පරම්පරාවක්ම නසන්නට ශපථ කළ නේත්‍රාවකගේ පළිගැනීමට මැදිවූ සෙනෙහසක අන්දරය....... රුහිරු බැදි බැමි~
21.4K 2.9K 22
⚠BDSM ⚠dominance Love in a dark heart Sex can be intense, but we can't even imagine the love in that heart..🏳️‍🌈 〰️Please read this carefully〰️ ⚠...
105K 18.1K 58
❝ ﹏ මට මේක කියන්නකෝ අග්‍ර..බියුටි ඇන්ඩ් ද බීස්ට් එකේ කුමාරයා ශාපයක් නිසා එච්චර කැත රාක්‍ෂයෙක් වුනේ නැත්තම් බෙල් වගේ දුප්පත් කෙල්ලෙක් දිහා අඩුම තරමෙ බ...