Sunbae [JaemRen]
Par Neo-Zen
9K 938 115
Jaemin | Renjun JaemRen | RenMin | JaemJun | RenJaem *Zawgyi & Unicode version available* Plus
Episode 1
Episode 2
Episode 3
Episode 4
Episode 5
Episode 7
Episode 8
Episode 9
Episode 10
Episode 11
Episode 12
Episode 13
Episode 14
Episode 15
Episode 16
Episode 17
Episode 18
Episode 19
Final
ကျေးဇူးတင်လွှာ
Episode 6
506 72 5
Par Neo-Zen
'အခုဘယ်လိုလဲ ယုံသွားပြီလား Jaemin shii´
အိမ်ထဲ ဝင်ဝင်ချင်း ကြားရတဲ့ Kai hyung အသံကြောင့် Jaemin အသံလာရာကို ကြည့်လိုက်သည်။
'Hyung ရောက်နေတာလား ... အင်း ယုံသွားပြီ´
Kai hyung ပြောသည်မှာ soulmate ကိစ္စဖြစ်သည်။ Jaemin, hyungထိုင်နေတဲ့ အရှေ့က ဆိုဖာတစ်ခုံကို ဝင်ထိုင်ရင်း စိုးရိမ်နေတဲ့ စကားတစ်ခွန်းကို ပြောပြလိုက်သည်။
'ကျွန်တော် စိုးရိမ်နေတာ တစ်ခု ရှိတယ် hyung'
'ဘာများလဲ'
'ကျွန်တော် Vampire ဆိုတာ RenJun သိသွားရင် သူအဆင်ပြေပါ့မလား'
'အဆင်ပြေသွားမှာပါ သိပ်ပြီးစိတ်မပူပါနဲ့´
'ကျွန်တော်က သူအဆင်မပြေမှာ စိုးရိမ်တာ´
'အဆင်ပြေမှာပါ မင်းသူ့ကို အရိပ်အမြွက်လေးတော့ ထည့်ထည့်ပြောပြထားပေါ့´
'Nae hyung'
'အခု အခြေအနေက'
'ချစ်သူတွေ ဖြစ်သွားပြီ'
'Wowww Nice Man'
>>>>>>>>>>>> Sunbae  <<<<<<<<<<<<
RenJun က ချစ်တာကို အပြင်မှာ သိပ်မဖော်ပြပေမယ့် အရမ်းချစ်တတ်သလို အရမ်းလည်း သဝန်တိုတတ်သည်။ စိတ်လည်းမကြာခဏ ကောက်တတ်သည်။ ဒေါသထွက်လျှင် သူ့လက်သေးသေးကို ဆုပ်ကာ လက်သီးနှင့် ထိုးမည်ဟု ရွယ်တတ်သေးသည်။
အပြင်မှာသာ ထုတ်မဖော်ပြပေမယ့် တစ်ခုခုဆို တအား စိုးရိမ်တတ်သည်။ ဂရုမစိုက်ပုံပေါ်ပေမယ့် တကယ်တမ်းမှာ အသေးအဖွဲကစ ဂရုစိုက်ပေးတတ်သည်။
ဒီနေ့က RenJun နဲ့ Jaemin ရဲ့ ၆လပြည့် anniversary day ဖြစ်သည်။ ဒီနေ့ anni day မှာ Jaemin က သူ Vampire ဖြစ်ကြောင်း RenJun ဖွင့်ပြောမည်ဟု ဆုံးဖြတ်ထားသည်။ ဒီလိုပြောလိုက်လို့ RenJun စိတ်ပျက်သွားပြီး သူ့ကို လက်မခံနိုင်ဘဲ ကြောက်သွားမှာကိုလည်း Jaemin စိုးရိမ်နေမိသည်။
Jaemin မနက်စောစောထ ရေချိုးပြီးတာနဲ့ Renjun အိမ်ကိုသွားလိုက်သည်။ လွန်ခဲ့တဲ့ ရက်ပိုင်းကမှ ပြောင်းထားတဲ့ hair design နဲ့ colourက Renjun နဲ့ လိုက်ဖက်သည်ထက် ပိုလွန်းသည်။ Renjun ပုံစံလေးကို Jaemin အူယားပြီး ကားပေါ်ရောက်တာနဲ့ ပါးလေးကို နမ်းလိုက်သည်။
'Happy 6th month anni ပါ Jae ရော့ ဒါက anni present အခုမကြည့်ဘဲ ညမှဖွင့်ကြည့်နော်'
'ဘာလဲ Baby'
'မပြောပြဘူး ညမှ ဖွင့်ကြည့်ကြည့်'
'ဟုတ်ပါပြီ ... ဘာလို့ အရမ်းတွေ ချစ်ဖို့ကောင်းနေရတာလဲ ... ဒါနဲ့ ကိုယ် anni day အတွက် ဘာမှမပြင်ဆင်ထားမိဘူး Baby'
'Jaem ရှိရင် ရပြီ ကျန်တာက မလိုပါဘူး'
'တကယ် ပြောတတ်လား။ ကိုယ်က Baby စိတ်ဆိုးမှာ ကြောက်နေတာ'
'Anni day present မရတာနဲ့ပဲ စိတ်ဆိုးရအောင် ကျွန်တောိ အဲ့လောက် ကလေးမဆန်ပါဘူး Jaem ရာ'
'ကို့ရဲ့ Babyက စကားတွေ တတ်နေလိုက်တာကွာ'
တစ်နေကုန် ဟိုသွား၊ဒီသွား ဟိုစား၊ဒီစားနဲ့ Anni day ကို JaemRen နှစ်ယောက် ဖြတ်သန်းခဲ့ကြသည်။ စားတဲ့ထဲ RenJun အကြိုက် beef hot pot ကတော့ မပါမဖြစ်ပေါ့။ မကြာခင်မှာ Jaemin အိမ်ဆီ RenJun ကို ခေါ်သွားပြီး surpriseမယ့် အစီအစဉ်။
'Jaem ဒါနဲ့လေ အိမ်မှာ Jae hyungတွေ ရှိနေတယ် မလား'
'အင်း ရှိတယ်လေ ဘာလို့လဲ Baby'
'ပထမဆုံး တွေ့ရမှာဆိုတော့ စိတ်လှုပ်ရှားလို့'
'Aigoo ဘာမှမဖြစ်ဘူး အေးဆေး စိတ်အေးအေးထား Baby'
Jaemin, RenJun လက်လေးကို ကိုင်လိုက်တော့ အေးနေသည်။ Renjun တကယ့်ကိုပဲ စိတ်လှုပ်ရှားနေလေသည်။ အိမ်ရောက်တော့လည်း Jaemin လက်ကို အတင်း ဆုပ်ကိုင်ထားပြီး အနားမှာပဲ ကပ်နေတာ တောက်တဲ့လေး လိုပင်။
Jaemin, Hyung နှစ်ယောက်နဲ့ပေးတွေ့ပြီး မိတ်ဆက်ပေးတဲ့ ခဏလေးအတွင်းမှာ ခင်သွားကြတာ ခုနက ကြောက်နေတဲ့ RenJun ဆိုတာ ဘယ်သူလဲလို့ မေးရမလိုပင်။ Kun ge ကို အကူအညီ တောင်းထားတဲ့ Renjun ကို suprise လုပ်ပေးမယ့် ပစ္စည်းကတော့ အခန်းထဲမှာ အဆင့်သင့်ဖြစ်ကြောင်းကို Geက လှမ်းအချက်ပြလေသည်။
Jaemin, hyung တွေနဲ့ မိတ်ဆက်ကာ စကားပြောပြီးတဲ့နောက် RenJun ကို သူ့အခန်းထဲ ခေါ်လာလိုက်သည်။ အခန်းထဲရောက်တော့ ကုတင်ပေါ်ထိုင်ရင်း ဟိုဟိုဒီဒီ ကြည့်နေလေသည်။ သူ့အတွက် Moominပုံတွေနဲ့ပဲ Gift box လုပ်ထားပေးတဲ့ဘူးလေးကို သူ့ဘေးဝင်ထိုင်ရင်း
Babyအတွက် Anni present ဆိုပြီးပေးလိုက်တော့
'Ohh ဘာလဲ Jaem ပြောတော့ လက်ဆောင် မပြင်ထားဘူးဆို ဘူးကလည်း အကြီးကြီးပဲ'
'Surpriseလေ Baby ရဲ့ ဖွင့်ကြည့်လေ ကိုယ်တော့ ကိုယ်ပေးတာကို Babyသဘောကျမယ်ထင်နေတယ်'
'အင်း wow Moominတွေပါလား´
'အင်း သဘောကျတယ်မလား´
'အင်း သဘောကျတယ် ဘာတွေပါလဲ အများကြီးပဲ'
'အသုံးအဆောင်အကုန်နီးပါးပဲ ထုတ်ကြည့်လေ ကြည့်ချင်ရင်'
'မကြည့်တော့ဘူး ပြန်သိမ်းရမှာနဲ့ အလုပ်ရှုပ်မှာ အိမ်ရောက်မှ သေချာကြည့်မယ် Jae'
'Baby သဘော'
Jaemin တစ်ယောက် Renjunကို ပြောရန် စဉ်းစားခန်းဝင်နေသည်။ RenJun ကတော့ Jaemin ဖုန်းကိုယူပြီး ဒီနေ့ရိုက်ထားတဲ့ ပုံတွေကို ကူးနေလေသည်။
'Jaem'
'အင်း Baby ပြော'
'Jaem ကျွန်တော့်ကို ပြောစရာရှိနေတယ်မလား'
'ဟင် ... အင်း'
'ပြောစရာရှိတယ်ဆို ပြောလေ Jaem'
'ဟို .. ဟို'
'ကျွန်တော့်ရဲ့ Jaemက အခုလိုမဟုတ်ဘူး။ သူ့မှာ ပြောစရာရှိရင် ရဲရဲဝံ့ဝံ့နဲ့ ပြောပြတတ်တဲ့သူ။ အခု ဘာပြောမှာမို့ Jaem နဲ့ မတူရတာလဲ'
'အိုကေ ကောင်းပြီ ကိုယ်ပြောမယ် Baby သေချာနားထောင်နော်'
'အင်း ပြော'
'ကိုယ်က လူမဟုတ်တဲ့ Vampire တစ်ယောက်'
'အင်း'
'အမ် Baby ကိုယ်ပြောတာ ကြားလိုက်ရဲ့လား'
'အင်း ကြားတယ်လေ Jaem က လူမဟုတ်ဘူး
Vampireဆို'
'မအံ့သြဘူးလား'
'နည်းနည်းတော့ အံ့သြတာပေါ့'
'Babyကို ကြည့်ရတာ အံ့သြတဲ့ပုံ မဟုတ်ပါဘူး'
'ကျွန်တော် သိတာ ကြာပြီ အဲ့တာလည်း မတော်တဆ သိသွားတာပါ'
'ဘယ်လိုလုပ်ပြီးတော့ ?'
'အရင်ဆုံး ကျွန်တော် တောင်းပန်ပါတယ် ကျွန်တော် Jaem မသိအောင် Jaeရဲ့ Diaryကို ယူဖတ်မိတယ် ပြီးတော့ Jaem နဲ့ Kun hyung ဟိုတလောက ဖုန်းပြောတုန်းကတစ်ခါ ကြားလိုက်ရတယ်'
'အဲ့လို သိတော့ ကိုယ့်ကိုမကြောက်ဘူးလား စိတ်မပျက်ဘူးလား'
'အမှန်ပြောရရင် အစကတော့ နည်းနည်း ကြောက်ခဲ့တယ်။ စိတ်ပျက်ရအောင် Jaem က ကျွန်တော့်ကို ဒုက္ခရောက်အောင် ဘာများ လုပ်နေလို့လဲ?'
'ဒါဆို ကိုယ့်လို Vampire ကို ဆက်ပြီး ချစ်သူအနေနဲ့ လက်ခံပေးနိုင်မလား'
'ဒါပေါ့ လက်ခံနိုင်တယ် Jaem က ဘာပဲဖြစ်နေပါစေ ကျွန်တော်က ချစ်နေမှာ တစ်ခုတော့ တောင်းဆိုစရာရှိတယ် ကျွန်တော်က Jaem, Vampire ဆိုတာပဲ သိလိုက်တာ ကျန်တာ ဘာမှမသိဘူး အဲတော့ Jaem က ကျွန်တော့်ကို Jaem အကြောင်း အကုန်ပြောပြရမယ်'
'အင်း ကိုယ် အကုန် ပြောပြမယ် အခု ဖွင့်ပြောရရင်လေ ကိုယ် အရမ်းပျော်နေတယ် သိလား ... ကိုယ်က  ကိုယ်ဖွင့်ပြောလို့ Baby လက်မခံနိုင်မှာ ကြောက်နေမိတာ´
'ကျွန်တော် Jaem ကို ချစ်နေသေးတာမို့ မကြောက်ပါနဲ့'
'ကိုယ့်ကို ချုပ်တာပေါ့'
'အင်း အဲ့လို ဖြစ်နိုင်တယ်'
Jaemin စသလို ပြန်စပြီး ပြောလာတဲ့ RenJun ရဲ့ ခန္ဓာကိုယ်ကို ရင်ခွင်ထဲ ဖက်ထားလိုက်သည်။ ဒီကလေးရဲ့ ချစ်စရာကောင်းမှုက Jaemin ကို အချစ်တိုးစေသည်။
'Baby´
'ဟင်´
'Vampire ဖြစ်မှန်း စသိတော့ ဘယ်လိုနေလဲ'
'အင်း ခုနက ပြောသလိုပဲ အဲ့နေ့က လုံးဝကို အံ့သြသွားပြီး Vampireနဲ့ ပတ်သက်တာတွေကို internetကတောင် ရှာကြည့်ခဲ့တာ။ Jaem ကျွန်တော့်ကို စကားပြောရင် အမြဲထူးဆန်းတာလေးတွေ ထည့်ပြောပြောတတ်တယ်မလား။ အဲ့တော့ စာထဲက အကြောင်းအရာတွေနဲ့ Jaem ပြောဖူးတာတွေကို ဆက်စပ်ပြီး စဉ်းစားမိလိုက်ရင်း ယုံသွားတာ။'
'အင်း'
'ဒါပေမယ့် Jaem ထူးဆန်းတာက ဘာလဲ သိလား။ Jaem ခုလို ဖြစ်တာကို ကျွန်တော်က မကြောက်တော့တဲ့အပြင် ပိုတောင်ချစ်သွားသလိုပဲ အားးး ပြောသာပြောရတာ ရှက်လိုက်တာ'
သူ့ဘာသာသူ ပြောပြပြီး မျက်နှာကို လက်နဲ့အုပ်ကာ ရှက်နေသော ရင်ခွင်ထဲက Renjun ကို Jaemin အသည်းယားလို့ နမ်းချင်စိတ်က တဖွားဖွား တိုးရပြန်သည်။ ဒီတိုင်းနေနေတောင် ချစ်ဖို့ကောင်းလို့ အူယားပါတယ်ဆို ခုလိုလုပ်နေတော့ Jaemin စိတ်မထိန်းနိုင်တော့ပေ။ မျက်နှာပေါ် လက်နဲ့အုပ်ထားသည့်အပေါ် Jaemin ခပ်ဖွဖွနမ်းလိုက်ရင်း
'မရှက်ပါနဲ့ Babyကလည်း ကီုယ့်ချစ်သူကို ကိုယ်စိတ်ခံစားချက် အမှန်ပြောတာပဲ'
'Jaem အဲ့လိုပြောမှ ပိုတောင် ရှက်လာပြီ'
'ကဲပါ ဆက်မပြောဘဲ နေမှာမို့လို့ မျက်နှာကို ကာထားတဲ့ လက်ကလေးက ဖယ်ပါဦး'
Renjun သူ့မျက်နှာကို လက်နဲ့ အုပ်ထားရာမှ ခွာလိုက်ပြီး လက်မှာ ပတ်ထားတဲ့ နာရီကို ကြည်လိုက်ရင်း
'Jaem ၈နာရီတောင် ထိုးနေပြီ အိမ်ပြန်လိုက်ပို့ပေးတော့'
'မပို့ပေးပါဘူး Babyကို အပိုင်သိမ်းထားတော့မှာ ပြန်မလွှတ်တော့ဘူး'
'ဟာ အဲ့လိုနော်'
'အင်း အဲ့လိုပဲ'
'ဟားဟား Jaem လည်း ပေါတယ်နော်'
'အရူးလေးကို ချစ်သူတော်ရင်းက ပေါသွားတာလေ'
'ဟား ဒါနဲ့ လက်ဆောင်ဖွင့်ကြည့်ဖို့ မမေ့နဲ့နော် အိပ်ခါနီးကျ ဖွင့်ကြည့် ကျွန်တော် စားပွဲပေါ် တင်ထားပေးတယ်'
'ခုကြည့်လို့ မရဘူးလား'
'ဟင့်အင်း မရဘူး'
'ဟုတ်ပါပြီဗျာ သခင်လေး သဘောအတိုင်းပါ'
'သိပ်တော်တယ် Jaem အနမ်းနဲ့ဆုချမယ်'
ပြောပြီးတာနဲ့ Jaemin ပါးကို လှမ်းနမ်းလာသည်။ ပါးလေး နမ်းရုံနဲ့ ကျေနပ်ရမလား Babyရဲ့။ ဟင်းဟင်း Na Jaeminတဲ့ Renjunကပါးပဲနမ်းတယ် ကိုယ်က နှုတ်ခမ်းပါ ရအောင် နမ်းလိုက်တာပေါ့။
'Jaem က တော်တော် နမ်းနိုင်တာပဲနော်'
'ဘာဖြစ်လို့လဲ'
'ဘာ ဘာဖြစ်ရမှာလဲ ဘယ်နှစ်မိနစ်တောင် နမ်းလဲ ကိုယ့်ကိုကိုယ်သိလေ'
'နာရီဝက်လောက်ပဲက်ို Baby ကလည်း'
'မရယ်နဲ့တော့ Jaem ၈နာရီခွဲကျော်နေပြီ အိမ်ပြန်ပို့ပေးတော့ ဒီ့ထက်နောက်ကျရင် အိမ်ရောက်ရင် နားငြီးတော့မှာ Jaem ရဲ့'
'ဟုတ်ပါပြီ Babyရဲ့ အဲ့ဒါဆို သွားရအောင်လေ'
'အင်း'
>>>>>>>>>>>> Sunbae  <<<<<<<<<<<<
Renjun ကို အိမ်ပြန်လိုက်ပို့ပေးရာက တစ်ဖန် ကိုယ့်အိမ်ပြန်ရောက်တော့ Jaemin ခဏနားပြီးမှ ရေချိုးလိုက်သည်။ ပြီးမှ Renjun ပေးထားတဲ့ လက်ဆောင်လေးကို ဖွင့်ကြည့်ဖြစ်သည်။
ဘူးထဲမှာ couple thingsလေးတွေကို စုပြီး ထည့်ထားပေးသည်။ ဘူးလေးထဲမှာ နာရီပါသည်၊ အင်္ကျီပါသည်၊ ဖိနပ်ပါသည် နောက်တော့ ဘူးသေးသေးလေးတစ်ခုတွေ့သည်။ ဖွင့်ကြည့်လိုက်တော့ bracelet လေးနဲ့ စာလေးတစ်စောင် ပါသည်။ Jaemin bracelet လေးပေါ်က စာကို ယူပြီး ဖတ်လိုက်သည် စာထဲမှာ ရေးထားတာက
To my precious Jaem
Happy Anniversaryပါ ချစ်ရတဲ့ Jaem ...
ဒီနေ့ဆို ကျွန်တော်တို့နှစ်ယောက်တွဲတာ ၆လပြည့်ပြီနော်။ ဒီ၆လပြည့်ကနေ နောက်ထပ် လတွေ၊ နှစ်တွေ အကြာကြီး တူတူဖြတ်သန်းရအောင်။ တွဲလာတဲ့တစ်လျှောက်မှာ ကျွန်တော် ဆိုးသမျှ၊ ရစ်သမျှကို မငြီးမငြူဘဲ သည်းခံအလိုလိုက်ပေးလို့ အများကြီး ချစ်ပြီး အများကြီးလည်း ကျေးဇူးတင်ပါတယ်။ ဆက်ပြီးတော့လည်း သည်းခံပြီး အလိုလိုက်ပေးပါဦး။ တစ်ခြား အထွေအထူး ထပ်မပြောတော့ပါဘူး အများကြီး ချစ်တယ်။ (ဒါနဲ့လေ လက်ဆောင်က ဘာပေးရမှန်း သေချာမသိလို့ Couple things ဖိနပ်ရယ်၊ အကျီရယ်၊ နာရီရယ်ပဲ လုပ်ထားတယ်။ အဲ့တာတွေ သဘောမကျတောင် Bracelet လေးတော့ သဘောကျပေး။ ကျွန်တော်ကိုယ်တိုင် Designဆွဲပြီး မှာထားတာမို့။) ချစ်တယ် Jae 💛
From
Jae's Baby
[အခုဆိုရင်တော့ လက်ဆောင်ပစ္စည်းတွေကို ကုတင်ပေါ် ချထားပြီး လက်တစ်ဖက်က စာရွက်ကိုကိုင် တစ်ဖက်က Braceletကိုကိုင်ကာ ပါးစပ်က နားရွက် တက်ချိတ်မတတ်ပြုံးနေတဲ့ Na Jaemin ကို အမြင်ကတ်၊ အားကျစွာနဲ့ တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။]
Zawgyi
'အခုဘယ္လိုလဲ ယုံသြားၿပီလား Jaemin shii´
'ဘာများလဲ'
'Nae hyung'
'အခု အခြေအနေက'
'Wowww Nice Man'
>>>>>>>>>>>> Sunbae  <<<<<<<<<<<<
'ဘာလဲ Baby'
'Anni day present မရတာနဲ့ပဲ စိတ်ဆိုးရအောင် ကျွန်တေိာ အဲ့လောက် ကလေးမဆန်ပါဘူး Jaem ရာ'
'အင်း သဘောကျတယ်မလား´
'Baby သဘော'
'Jaem'
'အင်း Baby ပြော'
'ဟင် ... အင်း'
'ဟို .. ဟို'
'အင်း ပြော'
'အင်း'
Vampireဆို'
'မအံ့သြဘူးလား'
'ဘယ်လိုလုပ်ပြီးတော့ ?'
'Baby´
'ဟင်´
'အင်း'
'ဟာ အဲ့လိုနော်'
'အင်း အဲ့လိုပဲ'
'ခုကြည့်လို့ မရဘူးလား'
'ဟင့်အင်း မရဘူး'
'ဘာဖြစ်လို့လဲ'
'နာရီဝက်လောက်ပဲကို Baby ကလည်း'
'အင်း'
>>>>>>>>>>>> Sunbae  <<<<<<<<<<<<
To my precious Jaem
From
Jae's Baby
Continuer la Lecture
Vous Aimerez Aussi
923 46 5
༻༺♥️༻༺♥️༻༺♥️༻༺♥️༻༺♥️༻༺♥️༻༺♥️༻༺ {Black Butler X Ciel's Older Sister Reader/OC} ༻༺♥️༻༺♥️༻༺♥️༻༺♥️༻༺♥️༻༺♥️༻༺♥️༻༺ ~"𝙎𝙤𝙢𝙚𝙩𝙝𝙞𝙣𝙜 𝙤𝙣𝙘𝙚 𝙡𝙤𝙨𝙩 �...
242K 9.6K 37
"I have a stomachache here. Doctor please check me," Taehyung said. "Stop doing live drama, Dr. Kim !!" y/n said. "It's hurting ! Ah..!!" " I am not...
2.2K 399 19
Norenmin☂☂ ခွဲခွာရမယ့် ဇာတ်သိမ်းခန်းရှိပြီးသား သူစိမ်းနှစ်ယောက်က ဘာအတွက်များ ဆုံတွေ့ခဲ့ကြရတာလဲ..''တဲ့ "Red Spider Lilyလေးတွေရဲ့flower Languageက နော...
644K 32.4K 60
A Story of a cute naughty prince who called himself Mr Taetae got Married to a Handsome yet Cold King Jeon Jungkook. The Union of Two totally differe...