Sunbae [JaemRen]
By Neo-Zen
9K 938 115
Jaemin | Renjun JaemRen | RenMin | JaemJun | RenJaem *Zawgyi & Unicode version available* More
Episode 2
Episode 3
Episode 4
Episode 5
Episode 6
Episode 7
Episode 8
Episode 9
Episode 10
Episode 11
Episode 12
Episode 13
Episode 14
Episode 15
Episode 16
Episode 17
Episode 18
Episode 19
Final
ကျေးဇူးတင်လွှာ
Episode 1
2.1K 82 14
By Neo-Zen
'Haechan ahh ငါ သဘောကျတဲ့သူ တွေ့ပြီထင်တယ်။'
ကျောင်းကန်တင်း စားသောက်ဆိုင်တစ်ခုရဲ့ အတွင်းဘက် ထောင့်ကျတဲ့ စားပွဲတစ်ခုမှာ ထိုင်နေကြသော ကောင်လေးနှစ်ယောက်ထဲက Haechan ဆိုသူ ကောင်လေးကို ကျန်ကောင်လေးတစ်ယောက်က ပြောလေသည်။
'အမလေး သဘောကျတာများ အဆန်းမှတ်လို့။ မင်းသဘောကျတဲ့သူက အရင်တည်းက အများကြီး မဟုတ်တာကျလို့"
Haechan ဆိုတဲ့ ကောင်လေးကလည်း သူ့သူငယ်ချင်း ကောင်လေးစကားကို ပက်ခနဲ ပြန်လည်ချေပလိုက်သည်။
' ငါ အခု H1က စီနီယာNa ကို သဘောကျနေမိတယ်'
သူငယ်ချင်း ကောင်လေးက ခုနက ပြောသည့် အသံထက် တိုးသွားတဲ့ လေသံနဲ့ ပြန်လည် ပြောလေသည်။
' နေဦး မင်းအခု ယောကျာ်းလေးကို သဘော ကျတာ'
Haechan ဆိုသူ ကောင်လေးလည်း သူ့သူငယ်ချင်း ပြောစကားကြောင့် လက်ထဲ အသုံးပြုလက်စ ဖုန်းကိုတောင် ပိတ်ပစ်လိုက်ပြီး သူ့သူငယ်ချင်းကို စိုက်ကြည့်လာကာ မေးလေသည်။
'စီနီယာNaပါဆိုကွာ မင်းကလည်း ယောကျာ်းလေးပေါ့'
ကောင်လေးကလည်း အအေးခွက်က အအေးတစ်ငုံ သောက်လိုက်ရင်း ပြောလိုက်သည်။
'အမယ် နောက်ဆုံးတော့ ငါ့သူငယ်ချင်းက ဟဲ ဟဲ'
သူငယ်ချင်းဖြစ်သူက အလေးအနက် ပုံစံပြောလာတော့ Haechan နည်းနည်းတော့ ထူးဆန်းမိသည်။
'ဟဲ ဟဲ မလုပ်နဲ့ဦးကွ ဒီတစ်ခါက အရင်က သဘောကျခဲ့တဲ့သူတွေလို ခံစားချက်မျိုး မဟုတ်ဘူး'
ကောင်လေးကလည်း သူတကယ် စိတ်ရင်းနဲ့အလေးအနက်ထားကာ သဘောကျကြောင်းကိုပြောပြန်သည်။
'ဟျောင့် မင်း တကယ်ကြီး သဘောကျနေတာလား'
Haechan လည်း သေချာအောင် ထပ်မေးလိုက်ပြန်သည်။
'တကယ် သဘောကျနေတာပါဆို။ Wtf မင်းကို တိုးတိုးတိတ်တိတ် တိုင်ပင်မလို့ပါဆို အော်မေးနေရလားလို့။'
ကောင်လေးလည်း စိတ်မရှည်ဘဲ ပြန်အော်ပြောလာသည်။
'ဟားး အေးပါကွာ။ ကောက်ကြောင်းတွေ စုံပြီး မာယာလှသွေးကြွယ်တဲ့ မိန်းကလေးတွေ
ထက် စီနီယာက မင်းနှလုံးသားကို တည်ငြိမ်အောင် လုပ်ပေးတော့မယ် ထင်တယ်။'
ကောင်လေးလည်း ရှက်ပြုံးပြုံးကာ သူ့သူငယ်ချင်း အမှန်ပြောသည်မို့ ဘာမှပြန်မပြောဘဲ ခေါင်းညိတ်ပြလိုက်သည်။ ပြီးတဲ့နောက် အကူအညီ တစ်ခု တောင်းလိုက်သည်။
'ဒါပေမယ့် Haechan ငါ သူ့အကြောင်း သိချင်တယ်'
မဆိုင်းမတွဘဲ သူငယ်ချင်းဖြစ်သူကလည်း ကူညီပေးရန် အသင့် ဆိုတဲ့ အနေအထားနဲ့ ခေါင်းပြန်ညိတ်ပြပြီး
'သူက ဘက်စကက်ဘော ဆော့တယ်မလား။'
'အင်း ဆော့တယ်။'
'အဲ့တာဆို Doyoung hyung တို့နဲ့ ခင်မလား မသိဘူး။'
'အင်းနော် ဟုတ်သားပဲ။'
'ငါစုံစမ်းပေးမယ်။ ဒါပေမယ့် မင်းငါ့ကို ကောင်းကောင်း treat ရမယ် ဘယ်လိုလဲ ?'
Give and Take ပဲ 😌 အလကား မရဘူးလေ
'တကယ် စုံစမ်းပေးမှာလား။ ရတယ်။ အိုကေတယ်။ လုံးဝကို special treatမယ်ကွာ။'
သူမေးတော့ Haechan က ခေါင်းညိတ်ပြသည်။ ကိုယ် သဘောကျတဲ့ သူအကြောင်း သိရဖို့ ဒီလောက်လေးကိုတော့ ရင်းရမှာပေါ့လို့ Renjun တွေးမိကာ အအေးခွက်ထဲက အအေးကို တစ်ခါတည်း မော့သောက်လိုက်သည်။
>>>>>>>>>>>> Sunbae <<<<<<<<<<<<
Baby don't cry tonight 🎶🎶
မနက်စောစောစီးစီး ဝင်လာတဲ့ ဖုန်းသံကြောင့် နှစ်ခြိုက်စွာ အိပ်ပျော်နေတဲ့ Renjun အိပ်နေရာမှ လန့်ကာ နိုးလာသည်။ စိတ်တိုသွားပေမယ့် ဖုန်းကိုတော့ ပြန်ဖြေလိုက်ပါသည်။
'ဟျောင့် Renjun'
တစ်ဖက်က ထွက်လာတဲ့ အသံကြောင့် ဖုန်းခေါ်သူဟာ Haechan မှန်း သိလိုက်ရသည်။
'အေး ပြော '
'အသံက ဘယ်လိုဖြစ်နေတာလဲ။ အိပ်ရာက မထသေးဘူးလား။ ၁၁ နာရီတောင်ခွဲတော့မှာကို'
Haechan ရဲ့ ၁၁ နာရီတောင် ခွဲတော့မယ်ဆိုတဲ့ စကားကြောင့် မျက်လုံးမနည်းဖွင့်ကာ ဖုန်းက နာရီကို ကြည့်လိုက်ပြီးမှ ပြန်ဖြေလိုက်သည်။
'ညက ဂိမ်းဆော့တာ မနက်၅နာရီလောက်မှ အိပ်ဖြစ်လို့။ ဘာကိစ္စလဲ ? Haechan'
'စီနီယာအကြောင်း နည်းနည်းသိရပြီ လို့ လှမ်းပြောတာ '
စီနီယာအကြောင်းဆိုတာနဲ့ Renjun မျက်လုံးက ဘလင်း ဘလင်းဖြစ်ပြီး အိပ်နေရာက ချက်ချင်း ထထိုင်မိသည်။
'ဟုတ်လား ဘာတွေသိရလဲ ငါ့ကိုပြောပြပါဦး။ အင်းး ခဏလေး ဒီလိုလုပ် ၁၂ နာရီလောက် City 127 hot pot ဆိုင်မှာ တွေ့ကြမယ်လေ'
ချက်ချင်း တက်ကြွတဲ့ လေသံနဲ့ ပြောလာတဲ့ Renjun စကားကို Haechan လည်း ငြင်းမနေတော့ပေ။ စားရချိန်ကို လက်လွတ်ခံစရာလား။
'အင်းအင်း ကောင်းတယ်။ မင်းဝယ်ကျွေးနော်'
'ဘယ်တုန်းကရော မဝယ်ကျွေးလို့လဲ'
'အင်းပါ။ သိပါတယ်။ မင်းသာ လာဖို့ ပြင်ဆင်တော့။ ပြန်မအိပ်နဲ့တော့နော်။'
'အင်းပါကွ'
* Sunbae မှ Sunbae ဖြစ်နေတာကို Sunbae က မသိပေမယ့် Sunbae ရူး ရူးနေတာ အရူးရင့်နေပြီ Sunbaeရေ * လို့ RenJun စိတ်ထဲက တွေးလိုက်ပြီး ရေရွတ်မိရင်း အပြင်သွားဖို့ အိပ်ရာက ထကာ ပြင်ဆင်တော့သည်။
>>>>>>>>>>>> Sunbae <<<<<<<<<<<<
ဆိုင်ထဲဝင်လာပြီး ဟိုဒီဝေ့ဝဲကြည့်နေသော Haechanကို မြင်လို့ လက်လှမ်းပြတော့ RenJun ဆီကို တလှမ်းချင်း လှမ်းကာ စတိုင် မလိုင်နဲ့ လာလေသည်။
'အမယ် သူ့Oppaအကြောင်း သိရမယ်ဆိုတော့ တက်ကြွနေတာ ကြိုတောင်ရောက်နေသေးတယ်'
'ခုမှ ရောက်တာပါကွ။ စားနေကျအတိုင်းပဲ မှာထားတယ် ဟျောင့်'
'ရတယ် အဆင်ပြေသလိုလုပ်။ ရော့ ဒီမှာ မင်းသိချင်တဲ့ အကြောင်းအရာတွေကို ငါစုထားပေးတယ်'
စာရွက်အချို့ စုထည့်ထားတဲ့ File လေးကို Renjun ဆီ Haechan လှမ်းပေးလိုက်ရင်း ပြောလိုက်သည်။
'ဟာ ရှဲရှဲ Haechan။ ဂိုမာစမီးသား'
'မင်းကို တည်ငြိမ်နေပြီထင်တာ။ ငါ မှားသွားတယ်။ ခုထိ စပ်စလူးစိန် ဖြစ်နေတုန်းပဲ'
Haechan သူ့သူငယ်ချင်းကို နှုတ်ခမ်းတစ်ချက်မဲ့ရင်း ပြောလိုက်သည်။
'ဘာဖြစ်လဲကွာ။ မစားနဲ့တော့ ဟျောင့် မကျွေး
တော့ဘူး။ ကွကိုယ် ဝယ်စားတော့။'
'အဲ့ဖိုင်လေး ပြန်လုလိုက်ရမလား'
ဖတ်ဖို့ လုပ်နေတုန်း ပြန်ယူလိုက်ရမလားဆိုပြီး ဆွဲလုနေတဲ့ Haechan ကို Renjun လှမ်းဆဲလိုက်သည်။
'အစုတ်ပလုတ်ကောင် $#$€'
>>>>>>>>>>>> Sunbae <<<<<<<<<<<<
ဘက်စကက်ဘော ကစားနေရင်း ခဏနားတော့ Doyoungက Jaeminကို ရေဘူးလှမ်းပေးရင်း
''Jaeminရေ မင်းကတော့ စန်းပွင့်ပြီးရင် စန်းပွင့်ဆဲပဲနော်'
'ဘာကိုလဲ'
'မင်းကို သဘောကျနေတဲ့သူတွေ ရှိလို့ပေါ့'
'အမြဲတမ်း ရှိနေတာပဲကို ဆန်းတာမှတ်လို့ကွာ'
အမြဲတမ်းလိုလို ကြားနေရတဲ့စကားမို့ မဆန်းတော့ကြောင်း Jaemin ပြန်ပြောလိုက်သည်။
'ဒီတစ်ခေါက်က ဆန်းလို့ပြောတာပေါ့ကွ'
'ဆိုစမ်းပါဦး ဘာတွေက ဆန်းနေတာလဲ'
ဘာရယ်မဟုတ်ဘဲနဲ့ Jaemin မေးလိုက်သည်။
'မင်းကို ခုသဘောကျနေတာက ယောကျာ်းလေးတစ်ယောက်တဲ့'
Doyoung စကားကို Jaemin ခေါင်းတစ်ချက် ညိတ်လိုက်ပြီး ပြန်မေးလိုက်သည်။
'အော် သူကခြောက်နေလို့လား'
'မခြောက်ပါဘူး ကောင်လေးပုံစံက ချစ်စရာလေးပဲ။ 1st yr ကတဲ့ နာဂျယ်မင် တို့ကတော့ အရင်က ကောင်မလေးတွေပဲ သဘောကျတာ ခုတော့ ကောင်လေးတွေပါ သဘောကျခံရတဲ့သူ ဖြစ်နေပြီ'
'ဟားး တော်ပါကွာ မင်းကလည်း။ ဒါနဲ့ နေစမ်းပါဦး မင်းက ဘယ်လို သိတာလဲ?'
Jaemin လည်း ခေါင်းတစ်ချက် ခါလိုက်ရင်း Doyoung အား ဘယ်လို သိလဲ မေးလိုက်သည်။
'အမ် အဲ့တာကလေ ဟီးဟီး ငါပဲ သူ့ကို မင်းအကြောင်း ပြောပြထားတာကို'
Doyoung က ပြုံးစစနဲ့ ပြန်ပြောလေသည်။
'ဘာ မင်းကွာ ရှုပ်ရှုပ်ယှက်ယှက်တွေ'
ဟုတ်တယ် ရှုပ်ရှပ်ယှက်ယှက် တွေ .... Jaemin ဒီကိစ္စတွေကို စိတ်ရှုပ်စရာ လို့ပဲထင်ပြီး တွဲရင်လည်း အပျင်းပြေ ကစားပွဲလို့သာ သဘောထား တွဲလေ့ရှိသည်။
'ကောင်လေးက မဆိုးပါဘူးကွ'
Doyoung ကလည်း တစ်ဖက်ကောင်လေးကို ထောက်ခံစကားဆိုလိုက်သည်။
'ဒါဆို မင်းပဲ ကြိုက်လိုက်ပေါ့'
ဒီလို ထောက်ခံပေးနေတယ်ဆိုတော့ သူ့ဘာသူပဲ ကြိုက်လိုက် ပြီးနေတာကို
'အမယ်လေး ငါ့ဟာလေးနဲ့ငါပဲ အဆင်ပြေတယ် ဟျောင့် မလိုဘူး'
ဒီကောင်လေးကတော့ သူနဲ့ လိုက်ဖက်လောက်သည်မို့ ထောက်ခံပေးလိုက်သည်ကို ဒီလိုချည်း ပြောလာတော့ Doyoung ကိုယ့်အသည်းနှလုံးနဲ့ပဲ အဆင်ပြေပြီး တခြားသူ ထပ်မလိုကြောင်း ခပ်စွာစွာ ပြောလိုက်သည်။
'အင်းပါ အင်းပါ'
Doyoung ကို ထပ်စချင်ပေမယိ့ သူ့ဟာလေးကို အထိမခံလိုသူ ဆိုတော့ ထပိမစတော့ဘဲ အင်းသာ ပြောလိုက်သည်။
'ဒါနဲ့ မင်းသူ့ကို ဘယ်လိုစဉ်းစားထားလဲ'
Doyoung , Jaemin သဘောထားကို သိချင်မိစွာ မေးလိုက်သည်။
'ကောင်လေးကိုလား'
'အင်း'
'မသိသေးပါဘူး။ အရမ်းပျင်းရင်တော့ တစ်ခါလောက် ကစားကြည့်တာပေါ့'
Jaemin အတွက် အချစ်ဆိုတာ မရှိဘူး။ ဒီတိုင်း ပျင်းလို့သာ ကစားပွဲအဖြစ်မှတ်ယူပြီး သူများ အချစ်တွေကို ကစားနေတာ။
'မင်းကွာ တစ်ခါလောက် တစ်ယောက်လောက် အတည်တကျ တွဲစမ်းပါဦး'
Doyoung ပြောလာသည့် စကားကို Jaemin ရယ်လိုက်ပြီး Doyoung ကို ကြည့်ပြီး ပြန်ပြောမိသည်ကတော့
'အဲ့လိုဆို ပျင်းစရာ ကောင်းတာပေါ့ကွ'
Jaemin အတွက် လူတစ်ယောက်ကို အတည်တကျ တွဲရမည်မှာ ပျင်းစရာကောင်းလွန်းတဲ့ ကိစ္စဖြစ်တဲ့အတွက် ငြင်းဆိုလိုက်သည်။
'တကယ် မလွယ်တဲ့ကောင်ပဲ မင်းက'
'ဒါပေါ့။ အဲ့ဒါက ငါပဲလေ'
Jaemin အကျီကို သေသပ်စွာ ပြင်လိုက်ပြီး Doyoung ကို Wink (အိုက်စခရင် ဝင့်ခု) တစ်ချက်ဖြင့် ဖြေလိုက်တော့ ဒီတစ်ခါ Doyoung ငြိမ်မခံဘဲ ဆဲလိုက်တော့သည်။
'S*** မြောက်နေပြန်ပြီ'
'မြောက်တာ မဟုတ်ပါဘူးနော် အမှန်တိုင်းလေး ပြောပြရုံပါ'
Doyoung လည်း ဘေးနားက ရေသန့်ဗူး အလွတ်နဲ့ Jaemin ကို ပစ်ပေါက်ပြီး ကွင်းထဲက ထွက်လာလိုက်သည်။ စကားဆက်ပြောနေရင် ဘယ်လို ဘဝင်မြင့် အထင်ကြီးနေတဲ့ စကားတွေ ထပ်ထွက်လာဦးမလဲ မသိတာမို့ မြန်မြန်ရှောင်လိုက်တာ အကောင်းဆုံးဖြစ်ပေမည်။
Jaemin က​တော့ သူ့သူငယ်ချင်းကို စလိုက်ရသည်ရော သူ့သူငယ်ချင်း ရေသန့်ဗူးနဲ့ ကောက်ပေါက်ပြီး တဗျစ်ဗျစ်တောက်တောက် ပြောကာ ထထွက်သွားတဲ့ အပြုအမူတွေကို ကြည့်ရင်း ပြုံးကာ ကွင်းထဲ၌သာ ကျန်ရစ်ခဲ့လေသည်။
Zawgyi
'အင်း ဆော့တယ်။'
'အင်းနော် ဟုတ်သားပဲ။'
>>>>>>>>>>>> Sunbae <<<<<<<<<<<<
Baby don't cry tonight 🎶🎶
'ဟျောင့် Renjun'
'အေး ပြော '
'အင်းအင်း ကောင်းတယ်။ မင်းဝယ်ကျွေးနော်'
'အင်းပါကွ'
>>>>>>>>>>>> Sunbae <<<<<<<<<<<<
'ဟာ ရှဲရှဲ Haechan။ ဂိုမာစမီးသား'
တော့ဘူး။ ကွကိုယ် ဝယ်စားတော့။'
'အစုတ်ပလုတ်ကောင် $#$€'
>>>>>>>>>>>> Sunbae <<<<<<<<<<<<
'ဘာကိုလဲ'
'အင်းပါ အင်းပါ'
'ကောင်လေးကိုလား'
'အင်း'
'ဒါပေါ့။ အဲ့ဒါက ငါပဲလေ'
'S*** မြောက်နေပြန်ပြီ'
Continue Reading
You'll Also Like
1.1M 40.6K 93
𝗟𝗼𝘃𝗶𝗻𝗴 𝗵𝗲𝗿 𝘄𝗮𝘀 𝗹𝗶𝗸𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 𝗳𝗶𝗿𝗲, 𝗹𝘂𝗰𝗸𝗶𝗹𝘆 𝗳𝗼𝗿 𝗵𝗲𝗿, 𝗔𝗻𝘁𝗮𝗿𝗲𝘀 𝗹𝗼𝘃𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 �...
1.3K 97 17
Park Jisung ❣ Zhong Chenle Starting Date - 3.10.2023"Tue" Ending Date - ^ ကိုယ့်ရဲ့ OTP ဖြစ်တဲ့ ChenJi ကိုအရမ်းသ​ဘော ကျလွန်းတာကြောင့် ကိုယ်တိုင်ဖတ်ဖိ...
8.3K 844 9
"စာအုပျတှကေ စကားပွောတတျလား နိုနို?" "စာအုပ်တွေက စကားပြောတတ်လား နိုနို?" NoMin 2nd Book (NoMin 2nd Myanmar Mini FanFic) Start Date - 31.7.2021 End Dat...
32.4K 3.3K 23
(n.) a person who loves the moon || Completed ||