[Zawgyi]
မဖြစ်နိုင်တာ ဘာတွေလဲ
ရင်ဘတ်ထဲကလည်းနာတယ်
မခံစားနိုင်ဘူး.......
"ဟယ်လိုညီ"
"ညီဘာသိချင်လို့လဲ"
"Immm"
လိမ်တယ်
မကယ်ဘဲထားခဲ့သင့်တာ
ငယ်ထဲကသေသွားခဲ့ရမှာ
°°°°°°°°°°°°°°
....................
"Bae hun"
"Baeကိုခေါ်ပေးပါ"
လွန်ခဲ့တဲ့တနှစ်ကသားနဲု့
"Chanyeol"
"အင်း "
"ဟင်"
ဘာစကားစပြောရပါ့မလဲ
"Yeol"
"ဟင် ဒါbaeအသံဘဲ
HunnieကBaeအစစ်ပါ"
"သူကbaeရဲ့ကိုကိုလေ"
"အင်းဟုတ်တယ်"
"တော်တော်ရုပ်တူတာဘဲ
ပြန်ဖြစ်တယ်ထင်နေတာ"
"Hunသိပါတယ်"
"အင်း"
"ချစ်လိုက်တာbaeရာ"
The End..........
😘bye
_______________
[Unicode]
Sehunအိပ်ရာနှိုးတော့ပြင်ဆင်ပြီး yeolဆီတန်းထွက်လာခဲ့တာ....
Yeolအိမ်နားရောက်တော့ yeolကကားတစ်စီးနဲ့ အမြန်မောင်းထွက်သွားတယ်
အရေးကြီးကိစ္စထင်လို့လိုက်မသွားဘဲ အိမ်ထဲဝင်လာလိုက်တယ်
Yeolအိမ်ကအလုပ်သမားတွေကလည်း ကိုယ့်ကိုသိတာကြောင့်မတား
Yeolအခန်းထဲဝင်ရင်း စာကြည့်စင်ကစာအုပ်ယူဖို့လက်အလှမ်း စာကြည့်စင်နောက်ကတံခါးပေါ်လာတယ်...
လျှို့ဝှက်အခန်းထဲ ဘာရှိမလဲသိချင်လို့ဝင်ကြည့်မိတာပထမဆုံးအမှားဘဲ....
အခန်းထဲမှာမိန်းကလေးတျောက်ဓာတ်ပုံအကြီးက နေရာယူထားတယ်....
တခုခုသိလိုသိငြားရှာကြည့်တော့ ထိုအခန်းထဲကစားပွဲတလုံးပေါ်က စာအုပ်လေးတအုပ်....
ထိုစာအုပ်ဖတ်ပြီးမယုံနိုင်
Yeolကသူ့နားရောက်လာခဲ့တာ သူ့အပေါ်ကောင်းတာတွေက လက်စားချေဖို့ချဉ်းကပ်တာတဲ့လား
ချစ်အောင်လုပ်ပြီး နောက်ဆုံးလက်ထပ်ပွဲမှာထားသွားဖို့အတွက်တဲ့လား
လုပ်ရက်လိုက်တာyeolရာ
ဓာတ်ပုံလေးညှပ်ထားလို့ကြည့်မိတော့ ကိုကို့ပုံ....
သိလိုက်ပြီ လူမှားမှန်း....
Hunသိတဲ့ကိုကိုက လူသတ်ပြီးထွက်ပြေးတတ်တာတဲ့လား...
မဖြစ်နိုင်တာ ဘာတွေလဲ
ဘားမှလက်လှမ်းမမှီတော့ဘူး....
စာအုပ်ကိုအမူအရာမပျက်ပြန်တင်ထားခဲ့ပြီး
မျက်ရည်တွေသုတ်ကာ ဘားမှမဖြစ်သလို ပြန်ထွက်လာခဲ့တယ်
Yeolအိမ်ကလူတွေကို ကိုယ်လာသွားကြောင်းမပြောဖို့ မှာခဲ့တယ်
အိမ်ပြန်ပြီး ပါးကိုမေးဖို့ပြန်အလာ
အိမ်ရောက်တော့ပါးအပေါ်ထပ်မှာဆိုလို့တက်လာတော့
ပါးကဖုန်းပြောနေလို့ နားထောင်မိတော့
ကိုကိုကအက်ဆီးဒန့်ဖြစ်ပြီး ဆေးကုနေရတာတဲ့လား....
အဲ့တာဆို ကိုကိုကတကယ်yeolရဲ့သူမကိုသတ်ပြီး ထွက်ပြေးခဲ့တာလား
ပါးရဲ့အခန်းဝကနေ ကိုယ့်အခန်းဆီပြန်လာပြီး အသေငိုနေမိတယ်
ရင်ဘတ်ထဲကလည်းနာတယ်
ကိုယ်ယုံကြည်ထားတဲ့လူတွေက ကိုယ့်အပေါ်ဟန်ဆောင်လိမ်လည်မှုတွေနဲ့ပါ့လား
လိမ်တဲ့လူအကုန်ကလည်း ကိုယ်ချစ်ရတဲ့လူတွေ...
မခံစားနိုင်ဘူး.......
တျောက်ထဲကမ္ဘာပျက်နေတယ်......
နောက်ဆုံးမျှော်လင့်ချက်နဲ့ ကိုကို့ဆီဖုန်းခေါ်လိုက်တယ်....
"ဟယ်လိုညီ"
"ဟယ်လိုကိုကို နေကောင်းလား"
"ကောင်းတယ်ညီ အထူးဆန်းကိုကို့ကိုဖုန်းဆက်လို့ပါ့လား"
"ကိုကို့ကို မေးစရာရှိလို့"
"ညီဘာသိချင်လို့လဲ"
"လွန်ခဲ့တဲ့လေးငါးနှစ် ညီseoulပြန်မလာခင် ကိုကိုယာဉ်မတော်တဆဖစ်သေးလား"
"........ဘာလို့လဲညီ ဘားမှမဖစ်ပါဘူး"
"ဘားမှဟုတ်ဘူး အဲ့တာမေးကြည့်တာ ဒါဘဲနော်ကိုကို"
"Immm"
လိမ်တယ်
ညနေဖိတ်စာတွေဝေဖို့yeolကလာခေါ်တယ်...
Yeolကြည့်ရတာ ခါတိုင်းထက်ပျော်နေသလိုဘဲ...
အင်းလေ လက်ထပ်ပွဲနေ့ရောက်ရင် သူ့ရည်မှန်းချက်ပြည့်မှာဆိုတော့ ပျော်နေမှာပေါ့
နေသိပ်မကောင်းတဲ့အကြောင်းပြချက်နဲ့ ကိစ္စအားလုံးသူ့သာလွှဲထားလိုက်တယ်.....
ဂရုစိုက်ပြပေမဲ့ အရင်လိုမပျော်ရွှင်ဘဲ ဂရုစိုက်လေဝမ်းနည်းလေဘဲ
သူ့ကအနုနည်းနဲ့လက်စားချေချင်တာလေ....
သူမကိုဘယ်လောက်တောင်ချစ်လဲလို့
ို့yeolကိုမေးကြည့်ချင်တာ
ပြန်ဖြေလာမဲ့စကားကိုနားမထောင်ရဲလို့မမေးဖြစ်ခဲ့ဘူး
မနက်ဖန်ဆိုမင်္ဂလာဆောင်ပြီလေ
သူထားခဲ့တာကိုမခံစားနိုင်ဘူး....
မွန်းကြပ်မှုကြောင့် သတ်သေဖို့ကြိုးစားမိတယ်
ပါးအချိန်မှီရောက်လာပြီးတားနိုင်ခဲ့တာ ငိုရင်းဆူနေတဲ့ပါးစကားထဲမှာ ကိုယ်ကမားနှလုံးနဲ့အသက်ဆက်ရှင်နေရတာတဲ့လား
သားကိုဒီလိုဒုက္ခတွေခံစားစေမယ့်အစား
မကယ်ဘဲထားခဲ့သင့်တာ
ငယ်ထဲကသေသွားခဲ့ရမှာ
ဒါဆိုရင်အခုလိုမခံစားရတော့ဘူးလေ
ဒါပေမဲ့ မားကိုယ်တိုင်ကရှင်သန်စေချင်မှတော့ ဆက်ရှင်သန်ရမှာပေါ့
ပါးကိုအကြောင်းစုံပြောပြမိတော့ ပါးကသားလုပ်ချင်တဲ့အတိုင်းလုပ်တဲ့
အားလုံးနဲ့အဝေးကိုထွက်သွားချင်တယ်လို့ပြောတော့
အကုန်စီစဉ်ပေးမယ်တဲ့လေ.....
တညလုံးမအိပ်ဘဲ ညတွင်းချင်းပြောင်းဖို့ စီစဉ်လိုက်ကြတယ်
မနက်ရောက်တော့ပြောင်းခါနီး နောက်ဆုံးအနေနဲ့yeolကို
တွေ့ချင်လို့ လက်ထပ်မဲ့ခန်းမသွားကြည့်ခဲ့တယ်...
Yeolမလာဘူးထင်ပေမဲ့ရောက်လာခဲ့တယ်နော်
ဒါပေမဲ့ yeolကhunnieကိုထားသွားမဲ့လူဘဲလေ....
ဘေးနားကဖြတ်သွားတဲ့လူကို အကူညီတောင်းပြီး yeolအတွက်ရေးထားတဲ့စာပေးခိုင်းပြီး ကားမောင်းထွက်လာလိုက်တယ်
ပြီးတော့ အားလုံးနဲ့မသိတဲ့ ဇာတိဖစ်တဲ့ နယ်စပ်မြို့လေးကိုပြောင်းလိုက်ကြတယ်
°°°°°°°°°°°°°°
အချိန်အားဖြင့် တနှစ်ဆိုတာကျော်ခဲ့ပြီ......
Yeolအခုလောက်ဆို ပျော်နေလောက်ပြီနော်
Hunကိုလည်း မေ့လောက်ပြီ
Hunကတော့တနှစ်လောက် အလူးအလဲခံစားလိုက်ရတယ်.....
ခုဆို ပါးရယ် ကိုကိုရယ် သူ့ကောင်လေးဖြစ်တဲ့ဆရာဝန်လေးရယ် hunရယ် အတူနေကြတာ
ကိုကို့ကိုအပြစ်မပြောရက်ဘူး ကိုကိုကအက်ဆီးဒန့်ဖြစ်တာသာသိတယ် ဘယ်လိုဖြစ်သွားမှန်းမသိတော့ဘူးတဲ့
လန့်အားနဲ့မေ့သွားတယ်ထင်တယ်
သူ့ဆရာဝန်လေးကလေ ကိုကို့ကိုအရမ်းချစ်တာ
သူတို့အတွဲကိုမြင်ရင် yeolကိုအရမ်းသတိရတယ်....
အရာအားလုံးပြီးဆုံးသွားခဲ့ပြီဘဲ........
Yeolရော.အဆင်ပြေနေတယ်မလားဟင်.........
....................
အိမ်ကြီးတခုအတွင်းက ကုတင်ပေါ်မှာ ထိုင်နေတဲ့လူတစ်ယောက်
ဖြူဖပ်ဖြူလျော်နဲ့လူနာတယောက်နဲ့တူနေတယ်
ပြတင်းပေါက်ကနေအိမ်အပြင်ကိုကြည့်နေတဲ့ သူ့မျက်ဝန်းတွေက ပကတိအသက်မဲ့နေတယ်....
"Bae hun"
အော်ရင်း အောက်ထပ်ပြေးဆင်းပြီး အိမ်ပြင်ထွက်ပြေးသွားတာကြောင့် အိမ်ထဲကလူတွေထွက်လာပြီး ဝိုင်းဆွဲကြတယ်.
"လွှတ် ခင်ဗျားတို့လွှတ် ဟိုမှာbaeပျောက်သွားတော့မယ်ဗျ"
အတင်းရုန်းကန်နေတဲ့ကောင်လေးကို အတင်းဖမ်းချုပ်ကာ အိမ်ထဲပြန်ခေါ်လာရတယ်......
"Baeကိုခေါ်ပေးပါ"
အရူးလိုအော်နေတဲ့သားငယ်ကိုကြည့်ပြီး
mrs.parkမျက်ရည်တွေကျလာမိတယ်
သားသူငယ်ချင်းbaekhyunပြောပြလို့
လွန်ခဲ့တဲ့တနှစ်ကသားနုဲ့
သားကောင်လေးအကြောင်း သိနေပြီးသားဖြစ်နေတယ်
"မားသားလေးအဖြစ်ဆိုးလိုက်တာ"
ပထမတယောက်သေတုန်းကလည်း သားကလုံးဝပြောင်းလဲသွားခဲ့တာ
အခုတျောက်ကျတော့လည်း သားအမှားတွေကြောင့် နောင်တရဲ့အကျိုးဆက်ကို ခံစားနေရတယ်
အရူးတယောက်လိုဘဲ ထိုနာမည်ဘဲရေရွတ်ပြီး တွေ့တဲ့လူတိုင်းကို လိုက်ခေါ်နေတယ်....
အစားအသောက်လည်း သေချာမစားတာကြောင့် တဖြေးဖြေးပိန်ပါးလာတယ်
အိမ်ထဲအပြေးဝင်လာတဲ့baekhyun.....
"Chanyeol"
"Baekhyun သူတို့တွေလေ ငါနဲ့baeကိုအတင်းခွဲနေတာ
ငါ ငါလေ စောနကbaeကိုတွေ့လိုက်တယ်သိလား"
"အင်း "
"မင်းလည်း သူတို့လိုဘဲ ငါ့ကိုမယုံဘူးမလား"
"မဟုတ်ဘူးကွ ငါအခုမင်းကိုပြောစရာရှိလို့ မင်းbaeနေတဲ့နေရာငါရှာတွေ့ပြီကွ"
"တကယ်လား အဲ့ အဲ့တာဆို ငါ့ကိုလိုက်ပို့ပါကွာ ငါအရမ်းတွေ့ချင်လို့ပါ ပြီးတော့လေငါသူ့ကိုတောင်းပန်ချင်သေးတယ်"
"တွေ့ရမှာပေါ့ကွာ အချိန်တခုတော့စောင့်ရမယ်"
"ဘယ်အချိန်လဲ ငါစောင့်မယ်"
"မင်းစိတ်တည်ငြိမ်တဲ့အချိန်ထိ"
"ဟင်"
"ဟုတ်တယ် အခုမင်းစိတ်တွေမငြိမ်ဘူးဖြစ်နေတာ
မင်းကိုယ့်စိတ်ကိုအရင်လို ပြန်ထိန်းချုပ်နိုင်တဲ့နေ့ ငါကိုယ်တိုင်မင်းbaeဆီလိုက်ပို့ပေးမယ်"
"အင်း အဲ့တာဆိုငါမင်းစကားနားထောင်မယ်လေနော်"
Chanyeolနှစ်ဝက်လောက်အချိန်ယူလိုက်ရတယ်
ခုbaekhyunက သူ့ဂတိအတိုင်းလိုက်ပို့ပေးတယ်
ရင်တွေခုန်လိုက်တာbaeရာ.........
ဘာစကားစပြောရပါ့မလဲ
Baekhyunရပ်ပေးတဲ့ အိမ်ထဲခြေခြရုံရှိသေး baeနဲ့ကောင်လေးတျောက်ရီမောနေကြတယ်
ကိုယ့်ကိုမြင်တော့ လှည့်ကြည့်လာတဲ့bae
မျက်ဝန်းတွေကတစိမ်းဆန်လွန်းတယ်
အပေါက်ဝတင် လှည့်ပြန်ဖို့အလှည့် ကိုယ့်ရှေ့မှာbae
"Yeol"
"ဟင် ဒါbaeအသံဘဲ
ဒါပေမဲ့ ကိုယ်ရှေ့မှာရော နောက်ကတယောက်ရော
အား baekhyunငါထင်ယောင်ထင်မှားတွေဖြစ်နေပြန်ပီ"
ရီနေတဲ့yeolပါးကို အသာထိမိတော့ မျက်လုံးဝိုင်းလေးတွေနဲ့ကြည့်လာတယ်
"Yeolထင်ယောင်ထင်မှားဖြစ်နေတာ မဟုတ်ဘူး
HunnieကBaeအစစ်ပါ"
"တကယ်လား ဒါဆိုဟိုတျောက်ကရော"
"သူကbaeရဲ့ကိုကိုလေ"
"ကိုကိုဆိုတော့ သူကshixunလား"
"အင်းဟုတ်တယ်"
"တော်တော်ရုပ်တူတာဘဲ
ရုတ်တရပ်ဆိုတော့ ကိုယ်လည်းကိုယ့်ရဲ့ထောင်ယောင်ထင်မှား
ပြန်ဖြစ်တယ်ထင်နေတာ"
Sehun baekhyunဆိုတဲ့hyungနဲ့
အမှတ်မထင်ပြန်တွေ့တော့မှ yeolသူငယ်ချင်းမှန်းသိခဲ့ရတာ
သူကyeolအကြောင်းအကုန်ပြောပြတယ်
မထင်ခဲ့ဘူးyeolလည်းကျတော့ကို ချစ်နေခဲ့မယ်လို့လေ
ပြီးတော့အမှုvideo လည်းကြည့်ပြီး အဖြေအားလုံးရှင်းလင်းသိခဲ့တယ်......
အားလုံးလွဲမှားခဲ့ကြတာဘဲ........
"Baeကိုလေ ကိုယ်တောင်းပန်ချင်တယ်
ပြီးတော့ ကိုယ်baeကိုတကယ်ချစ်ခဲ့တာပါ"
"Hunသိပါတယ်"
"ဟင် ကိုယ့်ကိုမမုန်းဘူးလား"
"မုန်းဖို့ကြိုးစားခဲ့တယ်
ဒါပေမဲ့ မုန်းမရအောင်ချစ်နေမိခဲ့တာ"
"အဲ့ဆို ကိုယ့်ကိုပြန်လက်ခံပေးနိုင်မလား"
"အင်း"
"ချစ်လိုက်တာbaeရာ"
ထို့နောက် အနမ်းတို့ထပ်တူကြလျက်
ဘေးကfaလေးbaekhyunကို ဟိုအတွဲကပထုတ်သွားလေရဲ့။
နောင်တမလွန်ခင် အမှန်ကိုသိနိုင်ကြပါစေ
The End..........
ကဲ အဂျစ်လေးတို့နဲ့ခွဲခွာချိန်ရောက်ပြီ 😢
ကိုယ်နဲ့အတူ လိုက်ပါစီးမျှောလာပြီး
ကိုယ့်ရဲ့မကောင်းမကန်းficလေးကို voteပေးမန့်ပေးတဲ့အတွက် တယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်နော် ❤❤❤❤
😘bye