P I E C E S

By Arr_Sheng

65.4K 7.9K 1.4K

This story book presented by Zawgyi & UNICODE. #Zawgyi ဤဇာတ္လမ္းတြင္ ပါဝင္ေသာ ဇာတ္ေကာင္၊အေၾကာင္းအရာမ်ားသည္ စာ... More

႐ွာေပးပါ (ရှာပေးပါ)
ရခဲ့တယ္ (ရခဲ့တယ်)
ေတြ႔ခဲ့တယ္ (တွေ့ခဲ့တယ်)
႐ွိေနတယ္ (ရှိနေတယ်)
မသိခဲ့ဘူး (မသိခဲ့ဘူး)
ထိန္ခ်န္တယ္ (ထိန်ချန်တယ်)
ခ်စ္ခဲ့တယ္ (ချစ်ခဲ့တယ်)
ကယ္တင္ပါ (ကယ်တင်ပါ)
ေနာက္ဆုံးေတာ့ (နောက်ဆုံးတော့)

႐ွာရမယ္ (ရှာရမယ်)

4.5K 739 116
By Arr_Sheng

"ငၿဖိဳးက မြန္းၾကပ္ခ်ဳပ္ေႏွာင္ထားတဲ့ ဒီမိသားစု ဒီလုပ္ငန္းခြင္အတြင္းထဲက ေဖာက္ထြက္ၿပီး သူ႔အတြက္ ကမာၻသစ္တစ္ခုမွာ အိုေအစစ္တစ္ခုတည္ေဆာက္ခဲ့တယ္၊ အဲ့ဒါက Jaxပဲ၊ အခုအာဂ်ဳး႐ွီးတို႔ သိလာရတဲ့ Jaxက Followers သိန္းေက်ာ္႐ွိတဲ့ ေအာင္ျမင္ေနတဲ့ Online Writerတစ္ေယာက္ပါ၊ Jaxက ငၿဖိဳးရဲ ႔Dark sideပဲ"

ခြန္းႏွင့္မွဴး ေျပာစရာစကားေတြ ဆြံ႔အေနသည္။ တစ္ခါမွမစဥ္းစားမိတဲ့ အျဖစ္။ Jaxကို တစ္ခ်ိန္လုံး ကိုၿဖိဳးေဝ၏လိင္တူခ်စ္သူ၊ M N E M O P O B I A စာအုပ္အဝါေပးခဲ့သူအျဖစ္ ေကာက္ခ်က္ခ်ခဲ့တာ။

"Jaxအေကာက္ကို ေလ့လာၾကည့္ပါ၊ အာဂ်ဳး႐ွီးတို႔ သိထားတဲ့ ထက္ၿဖိဳးေဝနဲ႔ အေျပာအဆို အမူအက်င့္ အေတြးအေခၚေတြက တျခားစီျဖစ္ေနလိမ့္မယ္၊ Jaxနဲ႔ထက္ၿဖိဳးေဝက တစ္ေယာက္တည္းပဲ၊ ဒါေပမဲ့ ... ထက္ၿဖိဳးေဝေပ်ာက္ဆုံးမႈက Jaxနဲ႔ လုံးဝ မသက္ဆိုင္ဘူး၊ ငၿဖိဳးက Jaxနဲ႔ထက္ၿဖိဳးေဝ ဘဝႏွစ္ခုကို မေရာေထြးခ်င္ဘူး၊ Jaxက ပိတ္ေလွာင္ေနတဲ့ ထက္ၿဖိဳးေဝဘဝရဲ ႔ ထြက္ေပါက္တစ္ခုပါ၊ စိတ္ေအးခ်မ္းသာစြာေနလိုတဲ့ Jaxအျဖစ္မွာ ထက္ၿဖိဳးေဝရဲ ႔လက္ေတြ႔ဘဝမိသားစုေရး၊ ေဆြမ်ိဳးေရး၊ လုပ္ငန္းခြင္အတြင္း စိတ္ဖိစီးမႈ႔ေတြမွာ မလိုလားအပ္တဲ့ ျပႆနာေတြ အ႐ႈပ္အေထြးေတြ မျဖစ္ေစလိုဘူး၊ ဒါေၾကာင့္ Jaxက ထက္ၿဖိဳးေဝျဖစ္ေၾကာင္းကို ဘယ္ေတာ့မွ လူလုံးထြက္မျပဘူး၊ Jaxက ကုိယ့္ကိုယ္ကိုယ္ ဖုံးကြယ္ေနထိုင္တယ္၊ သိေနတဲ့ မီးတစ္ေယာက္ကိုလည္း သူေရးသမွ်စာအကုန္ မူပုိင္ခြင့္ေပးမယ္ ကတိနဲ႔ ဘယ္သူ႔ကိုမွ မေျပာဖို႔ ႏႈတ္ပိတ္ထားတယ္"

မီးက တည္ၾကည္ေသာ အၾကည့္၊ ၿငိမ္သက္ေသာ အမူအရာနဲ႔ ခြန္းႏွင့္မွဴးကုိ ေလးေလးနက္နက္ ၾကည့္ကာ ...

"မသက္သာတဲ့အျဖစ္ေၾကာင့္ အခု မီးဘက္က ကတိဖ်က္ၿပီး အာဂ်ဳး႐ွီးတို႔ကို ေျပာမိသြားၿပီ၊ အာဂ်ဳး႐ွီးတို႔ Jaxနဲ႔ထက္ၿဖိဳးေဝဘဝႏွစ္ခုကို ေရာသမေမႊ မေဖာ္ထုတ္ၾကဖို႔ ေမတၱာရပ္ခံပါတယ္၊ မီးအထပ္ထပ္ အတန္တန္ေျပာပါ့မယ္၊ အခု ငၿဖိဳးေပ်ာက္ေနတာက Jaxနဲ႔ လုံးဝမဆုိင္ပါဘူး၊ ၊ Jaxက ငၿဖိဳးျဖစ္ေၾကာင္း သိတဲ့လူ မီးတစ္ေယာက္ပဲ႐ွိတယ္၊ ငၿဖိဳးတစ္ေနရာရာမွာ ေကာင္းေကာင္းမြန္မြန္႐ွိေနမွာပါ၊ အာဂ်ဳး႐ွီးတို႔အျဖစ္က အလုပ္မ႐ွိ ေၾကာင္သန္း႐ွာေနသလိုပဲ"

-----------------

Day 3

"Morning ... ခြန္း"

မီးဖိုခန္းထဲ ေခါင္းငိုက္စိုက္ဝင္လာေသာ ခြန္းသည္ တဝါးဝါးသမ္းကာ အိပ္မႈန္စုံမႊား ဆံပင္ေတြ ဖြာဆန္ႀကဲလ်က္။ အိပ္ခ်င္စိတ္မေျပ ထမင္းစားပြဲဝိုင္းထိုင္ခုံမွာ ေဆာင့္ေၾကာင္ဝင္ထုိင္ကာ စားပဲြေပၚ ေမးေစ့လက္ေထာက္လ်က္ ငူငူႀကီးမႈိင္ေနသည္။

မနက္စာေပါင္မုန္႔ေထာပတ္သုတ္ေနလ်က္ မွဴးက ...

"သြားမတိုက္ဘူးလား ခြန္း"

"ဟင့္အင္း ... မင္းအလုပ္သြားရင္ ငါျပန္အိပ္မွာ၊ မင္းမနက္စာ တစ္ေယာက္တည္းျဖစ္ေနမွာစိုးလို႔ ထိုင္ေစာင့္ေပးတာ၊ အင္း ေယာက္်ားယူရတာလည္း အိပ္ေကာင္းျခင္း မအိပ္ရပါဘူး"

ဒူးႏွစ္ေခ်ာင္းကိုပိုက္လ်က္ မ်က္ေတာင္စင္းစင္း ငိုက္ျမည္းလ်က္ ညည္း႐ွာေလေသာ ခြန္းကို မွဴးကရယ္သည္။ ကေစာ္ရည္ မေသာက္ထားပါဘဲ အာေလးလွ်ာေလးနဲ႔ ခြန္းက အိပ္ေရးမဝလို႔ စိတ္မၾကည္။

ခြန္းထိုင္ခုံအနား မွဴးထိုင္ခုံေ႐ႊ ႔ကပ္ထိုင္ကာ

"သူမ်ားၾကားရင္ မင္းအိပ္ေရးပ်က္တာ ငါ့ေၾကာင့္ထင္ေနမွာပဲ၊ ကုိယ့္ဘာသာ အပူ႐ွာၿပီးေတာ့၊ ထက္ၿဖိဳးေဝ တစ္ျဖစ္လဲ Jaxကို လိုက္checkေနတာ ညက ဘယ္အခ်ိန္မွ အိပ္ျဖစ္လဲ"

"မနက္လင္းတယ္၊ ဘယ္အခ်ိန္လဲ မသိေတာ့ဘူး၊ ငါက အိပ္သြားတာ မဟုတ္ဘူး၊ သူ႔ဘာသူ မ်က္ခြံေတြေလးၿပီး အိပ္ေပ်ာ္သြားတာ"

"စိတ္က ေဆာင္ေနေပမဲ့ လူက ပင္ပန္းတာကိုး၊ အိပ္ေပ်ာ္သြားမွာေပါ့"

မျဖစ္ေသးပါဘူး.. လူပ်ိဳႀကီးထက္ၿဖိဳးေဝကို အျမန္ဆုံး႐ွာေပးမွပါပဲ။ မဟုတ္ရင္ ခြန္းမအိပ္ႏိုင္မစားႏိုင္ အဲ့စိတ္နဲ႔ လူ႐ုပ္ထြက္ေတာ့မယ္မထင္။

"ငါက ေအာင္ျမင္ေနတဲ့လူ မဟုတ္ပါဘူး။ ငါ့လိုလူ မင္းတို႔ကို မျဖစ္ေစခ်င္တဲ့ ေစတနာနဲ႔ ငါဒီစာေတြ ေရးေနတယ္။ ဒဏ္ရာတစ္ခုရဲ ႔နာက်င္မႈ႔ကို ဒဏ္ရာရသူက အသိဆုံးပါ။ ရခဲလွတဲ့လူ႔ဘဝမွာ လူျဖစ္႐ႈံးရတာ သိပ္နာတယ္။ မင္းတို႔ဘဝေတြ သာယာလွပပါေစ။"

"အဲ့ဒါ ဘာလဲ"

"ထက္ၿဖိဳးေဝရဲ ႔ကုိယ္ပြား Jaxအေကာက္ Bioမွာ ေရးထားတာ၊ Jaxတင္တဲ့ Postsေတြ commentsေတြပါမခ်န္ မေန႔ညက ဖတ္ၾကည့္ျဖစ္တယ္။ သူ႔စာေတြက ခြန္အားျဖစ္ေစတဲ့စာမ်ိဳး မဟုတ္ဘူး၊ ဟာသလည္းမဟုတ္ အခ်စ္အေၾကာင္းလည္းမဟုတ္။ သူ႔ကုိယ္ေတြ႔အျဖစ္အပ်က္ကို အရင္ေျပာၿပီး အဲ့ဒီ့အျဖစ္အပ်က္ကေန သူရတဲ့သင္ခန္းစာ၊ သူ႔ခံယူခ်က္ကို ဆက္တယ္။ သူမ်ားကိုတိုက္တြန္းတာထက္ သူ႔ကုိယ္သူတရားခ်ဆုံးမေနသလိုပဲ။ မင္းကိုယ္မင္းယုံၾကည္ခ်က္႐ွိရင္ မင္းႀကိဳက္တာလုပ္ ေအး ... ကုိယ္ျဖစ္ကိုယ္ခံပဲတဲ့။ သူ႔မွာ အလြမ္းအေဆြး မ႐ွိဘူး၊ အခ်စ္ကို အဓိပၸာယ္ဖြင့္ဆိုတာမ်ိဳးမဟုတ္ဘဲ ခ်စ္ကိုမခ်စ္နဲ႔ဆုိတဲ့ စာမ်ိဳးကြာ"

ဖြာႀကဲေနေသာ ဆံပင္ေတြကို မွဴးက ဖိသပ္႐ွင္းလင္းေပးေနရင္း နားေထာင္ေနမွန္းသိေသာအခါ ေျပာရတာ ပိုအားတက္လာသည္။ ေဆာင့္ေၾကာင့္ထိုင္ ဒူးပိုက္ထားတာျဖဳတ္ၿပီး ေျခဆင္းခ်လိုက္သည္။

"ငါတို႔ သိတဲ့ ထက္ၿဖိဳးေဝက မ်ိဳသိပ္တယ္၊ သည္းခံတယ္၊ သူ႔ကုိယ္သူ ႏွိမ့္ခ်တယ္၊ လိမၼာတယ္၊ မွားမွားမွန္မွန္ သူပဲတာဝန္ယူေျဖ႐ွင္းတယ္၊ ဒါ ထက္ၿဖိဳးေဝရဲ ႔ပင္ကိုစ႐ိုက္။ Jaxက အဲ့လိုမဟုတ္ဘူး၊ မဟုတ္မခံ။ သူေရးတဲ့စာနဲ႔ပတ္သက္ၿပီး အျငင္းပြားမႈ႐ွိရင္ Neglect မလုပ္ဘူး၊ commentမွာတင္ တစ္ဖက္က အ႐ႈံးမေပးမခ်င္း သူ႔ခံယူခ်က္ကို သူၿမဲၿမဲဆုပ္ကုိင္ၿပီး ျပန္ဖိုက္တယ္။ သူ႔ေရးတဲ့စာနဲ႔ပတ္သက္ၿပီး သူ႔မွာ confident အျပည့္႐ွိတယ္၊ ဥပမာ ... သူေရးတဲ့ ဇာတ္လမ္းတစ္ခုမွာ မႏၱေလးက်ံဳးေရထဲက ၾကာပန္းလို႔ သုံးခဲ့တယ္၊ အဲ့ဒါကို မႏၱေလးက်ံဳးမွာ ၾကာပန္းမ႐ွိဘူးလို႔ တစ္ေယာက္က ေထာက္ျပတယ္၊ ငါလည္း တစ္ခါမွ မႏၱေလးက်ံဳးမွာ ၾကာပန္း႐ွိတယ္လို႔ မႀကံဳဖူးဘူး၊ အဲ့ဒါကို Jaxက ကိုယ္ေတြ႔မဟုတ္ေပမဲ့ စာေတြ႔ေတြ႔ဖူးပါတယ္တဲ့၊ ဂ်ဴး အမွတ္တရစာအုပ္ စာမ်က္ႏွာ ၆၀ စာေၾကာင္းသုံးေၾကာင္းေျမာက္မွာ က်ံဳးေရထဲတြင္ ၾကာပြင့္ငုံမ်ားကို ဟိုတစ္စု ဒီတစ္စုေတြ႔ရ၏ ဟု သုံးထားပါတယ္တဲ့"

မွဴးျပင္ထားေသာ ေပါင္မုန္႔ေထာပတ္သုတ္ကို ႏႈိက္ယူဖို႔ ခြန္းလက္လွမ္းၿပီးမွ အိပ္ရာထစ သြားမတိုက္မ်က္ႏွာမသစ္ရေသးေသာ အေနအထားကို သတိရၿပီး လက္ျပန္႐ုတ္သြားသည္။

"ငါ ညက ခ်က္ခ်င္းပဲ ဂ်ဴးစာအုပ္ကို ႐ွာၿပီး ၾကည့္ခဲ့တယ္၊ Jaxေျပာတာမွန္တယ္။ ငါေျပာခ်င္တာက ... Jaxက သူ႔ကိုယ္သူ ယုံၾကည္ခ်က္ အျပည့္႐ွိတယ္၊ Jaxအသုိင္းအဝိုင္းမွာ Jaxကို အားလုံးက ေလးစားၾကတယ္၊ ခ်ီးက်ဴးၾကတယ္။ သူ႔အရည္အခ်င္း စာေရးဂုဏ္နဲ႔ သူက ေမာက္မာေထာင္လႊားတယ္၊ သူမွန္တယ္ထင္ရင္ by nameနဲ႔ု challengeလုပ္ခ်ဲတယ္၊ ဘယ္သူ႔ကိုမွမေၾကာက္ဘူး၊ မစိုးရိမ္ဘူး၊ ဘာလို႔ဆို စာေရးတဲ့အပုိင္းမွာ သူက ပင္ကိုအရည္အခ်င္း႐ွိတာကိုး။ ထက္ၿဖိဳးေဝက်င္လည္ရတဲ့ ပတ္ဝန္းက်င္ အေနအထား အက်င့္စ႐ိုက္ ကြာျခားတယ္၊ ထက္ၿဖိဳးေဝက ဘဏ္အလုပ္မွာ ေငြေတာင္မေရတတ္ဘူး၊ ဒါေၾကာင့္ ထက္ၿဖိဳးေဝက သူ႔ကိုယ္သူ အားငယ္ၿပီး ဘယ္သူ႔ကုိမွ မွားမွားမွန္မွန္ မေျပာရဲဘူး၊ မတုန္႔ျပန္ရဲဘူး၊ အဲ့ဒီ့သည္းခံစိတ္က Jaxမွာ သြားေပါက္ကြဲတာပဲ"

"အင္း"

ခြန္းလက္ညိႈးကို ယူကာ ခြန္းမ်က္ခမ္းစပ္မွာတင္ေနေသာ မ်က္ေခ်းတုံးကို မွဴးကေလာ္လိုက္၏။ လက္ထိပ္မွာ တင္ေနေသာ မ်က္ေခ်းတုံးကို ျမင္၍ မွဴးဘာလုပ္လိုက္မွန္း သိသြားေသာခြန္းက

"ေယာက္်ားေတြမ်ား ေကာင္းကိုမေကာင္းဘူး၊ မရခင္တုန္းကေတာ့ ခ်စ္သူစားမဲ့ ေပါင္မုန္႔ေလးကို ကိုယ္တုိင္ယုိသုတ္ေပးတာကေန ခ်စ္သူယိုမဲ့ အီးအီးတုံးကိုပါ ကုိယ္တုိင္ေဆးေပးခ်င္သူပါ ဘာညာနဲ႔ ေ-ာက္ပိုေတြေျပာၿပီး တစ္သက္လုံးလူပ်ိဳႀကီးလုပ္ သာသနာ့ေဘာင္ဝင္မဲ့ ငါ့ကို ျမႇဴစြယ္ဖ်ားေယာင္း ဖ်က္လို႔ဖ်က္စီးလုပ္တယ္၊ အခု မ်က္ေခ်းတုံးေလးကို မထိခ်င္မကုိင္ခ်င္ေတာ့ဘူး"

"ေႀသာ္ ... ခ်စ္ရသူရယ္ ... မင္းကိုယ္မွာ သေရစီးေၾကာင္း အာပုပ္နံ႔ လိႈက္ေဟာင္ေဟာင္၊ အေမာင့္ကိုယ္မွာ အေစာအိပ္ရာထ ေရခ်ိဳးသန္႔စင္ အပီေၾကာ့႐ွင္းေအာင္ စတိုင္ထုတ္ထားတာ၊ မင္းလို ညစ္ပတ္ မ်က္ေခ်းထိတာ မထူးေတာ့ေပမဲ့၊ အေမာင့္ကေတာ့ ညစ္ပတ္ကုန္မွာေပါ့"

ေကာ္လံစြန္းကို လက္ေတာက္ျပကာ ေၾကာ့ေၾကာ့႐ွင္း႐ွင္း ေမးေငါ့လိုက္သည့္ မွဴးက စားၿပီးနားမလည္ႀကီးလို။ အျမင္ကပ္လြန္းစြာ မ်က္လုံးေမွးက်ဥ္းလ်က္ ခပ္ညစ္ညစ္ၾကည့္ၿပီး မွဴးရင္ခြင္ထဲ တုံးခနဲ ခြန္းပစ္ဝင္လိုက္၏။

ဆြဲခြာလို႔မရေအာင္ ဝါးတူႏွစ္ေခ်ာင္းလို ခြဖက္လိုက္သည့္ ခြန္းေျခႏွစ္ေခ်ာင္းၾကား မွဴးခါးက အသားတစ္,တုံးလို။

"အဲ့ေလာက္စတုိင္ထုတ္ခ်င္ေနတာ အင့္ဟာ အင့္ဟာ၊ ျပန္ညစ္ပတ္စမ္း"

ပါးႏွစ္ဖက္ကို လက္နဲ႔ဆြဲညႇစ္လ်က္ မွဴးမ်က္ႏွာအႏွံ႔အား ေလွ်ာက္နမ္းပစ္၏။

ခြန္းအႏိုင္က်င့္မႈမွာ မွဴးက တပ္ထြက္ ခြန္အားဗလႀကီးကိုမွ အားမနာ။ အင္အားမမွ်လို႔ မတြန္းလွန္ႏုိင္သကဲ့သို႔ အိုက္တင္ခံကာ တြန္းဖယ္ေနေသာ လက္ေတြမွာ အားမပါ။ ရယ္ခ်င္ၿပံဳးၿပံဳး လုပ္တည္ထားေသာ မ်က္ႏွာေပးႀကီး။

ဆင္ကန္းေတာတိုးသလို တိုးလာေသာ ဦးတည္ခ်က္မ႐ွိ ခြန္းႏႈတ္ခမ္းပါးေတြကို မွဴးႏႈတ္ခမ္းက ပိတ္ကာစီး၏။

အႏုိင္က်င့္ရတာ အရမ္းလြယ္ကူေနလို႔ ေမာ့ၾကည့္လိုက္စဥ္ ၿပံဳးစိစိနဲ႔မွဴးမ်က္ႏွာ။ အမွန္ဧကန္ ေထာင္ေခ်ာက္ထဲတိုးဝင္မိေသာ ယုန္သူငယ္ေလးက ခြန္းျဖစ္ေနမွန္း တင္ပါးေအာက္က ခုခံထားေသာ လက္ဖဝါးႏွစ္ခုေၾကာင့္ သိလိုက္ရသည္။

ခြန္းကုိယ္ကို ႐ို ႔လိုက္စဥ္ အ႐ွိန္နဲ႔ အေနာက္လန္က်မွာစိုး၍ မွဴးက ခါးကိုေပြ႔ ကုိယ္ခ်င္းဖိကပ္၍ ထိန္းဖမ္းလိုက္၏။

ႏွာတံဖ်ားခ်င္း မထီတရီ ပြတ္တို႔,ရင္း တျဖည္းျဖည္း ...

"ခၽြမ္"

ဖုန္းမွ messenger message alarmျမည္သံ။

ခြန္းက မွဴးရင္ဘတ္ကိုေဆာင့္တြန္းၿပီး ကိုး႐ိုးကားရားဆင္းသြားသည္။ မွိန္းေနေသာ မွဴးက ႐ုတ္တရက္တုန္႔ျပန္မႈ႔မွာ အငိုက္မိကာ ဟန္ခ်က္ပ်က္၍ ထုိင္ခုံနဲ႔ပူးတြဲၿပီး အေနာက္လန္က်ေတာ့မေယာင္ျဖစ္သြားသည္။

"ခြန္း!"

ေဆာင့္ေဆာင့္ေအာင့္ေအာင့္ ေခၚသံက ဟိန္းခနဲ။ ခြန္းကအဖက္လုပ္ လွည့္မၾကည့္ေသာအခါ ကေလးဆိုးႀကီးလို မွဴးေျခကန္သည္။ ဖုန္းကို အသဲအသန္ ၾကည့္ေနေသာ ခြန္းက ေပါင္မုန္႔သုံးခ်ပ္ကို မွဴးပါးစပ္ထဲ လက္ေနာက္ျပန္ ထိုးထည့္သည္။

"မင္းပါးစပ္ထဲ အဲ့ဒါအစားထည့္လိုက္၊ ငါမအားေတာ့ဘူး"

"ခြန္း!"

ပါးစပ္ထဲ ပလုတ္ပေလာင္း ျပည့္ေနေသာ ေပါင္မုန္႔ေတြကို အရင္ဝါးေနေသာ မွဴးအသံတိတ္သြားသည္။ ပါးစပ္ထဲ႐ွင္းသြားမွ ...

"ဘယ္သူပုိ႔တာမုိလို႔ ဒီေလာက္ အာ႐ုံစိုက္ေနတာလဲ"

ခြန္းက စာ႐ိုက္ေနရင္း မွဴးကို လွည့္ၾကည့္သည္။

"Jaxရဲ ႔ရည္းစား၊ Jaxနဲ႔ RSတင္ထားတဲ့ အေကာက္ပိုင္႐ွင္၊ Onlineကေန မုန္႔ေတြအျပန္အလွန္ပို႔ေနၾကတဲ့ Jaxခ်စ္သူ"

ခြန္းလက္ကိုေဆာင့္ဆြဲ၍ အလိုက္သင့္ပါလာေသာ ကိုုယ္ကို ေပါင္ေပၚဆြဲတင္ ခါးကိုဖက္ၿပီး ဖုန္းအတူၾကည့္လိုက္သည္။

Mu Lone Yyang Huing

"အေကာက္နာမည္က ဘယ္လိုႀကီးလဲ၊ မုလုံး ... ရန္းဟြိဳင္"

"ဟုတ္လား ... ငါကေတာ့ မု လုံ ယြင္ ဟိုင္ လို႔ အသံထြက္မိတယ္၊ သူက ဂိုဏ္းခ်ဳပ္ပဲ"

မွဴးေပါင္ေပၚတဲတဲေလး ထိုင္လ်က္ ေခါင္းတစ္လုံးပိုျမင့္ေနေသာ ခြန္းကို ေမာ့ၾကည့္ကာ

"ဘာဂိုဏ္းခ်ဳပ္လဲ"

"သိုင္းေလာကဂိုဏ္းခ်ဳပ္ေလ၊ တ႐ုတ္သုိင္းကား အမာခံFan"

"ဟူးးး ေကေပါ့ပါသူငယ္ခ်င္းမရယ္၊ တ႐ုတ္သိုင္းကားဖန္ခ်စ္သူရယ္၊ Online Writerရယ္... ဟုတ္ေနတာပဲ"

"Live in Shan state လို႔ အေကာက္infoမွာေရးထားတယ္၊ Shan stateဆိုေတာ့ Postscardရဲ ႔ အင္းေလးနဲ႔ ဆက္စပ္ေနတာပဲ၊ သူက တ႐ုတ္သိုင္းကားေတြကို ကုိယ္တုိင္ဘာသာျပန္ၿပီး websiteမွာ video Download linkျပန္တင္တာ၊ တ႐ုတ္စာတတ္တယ္ထင္တယ္၊ သူ႔မွာလည္း Followersေတြ မနည္းဘူး၊ ပုံတင္ထားတာေတာ့ မ႐ွိဘူး၊ အေကာက္တစ္ခုလုံး Personal Postsမ႐ွိဘဲ တ႐ုတ္သိုင္းေလာကနဲ႔ပတ္သက္တာခ်ည္းပဲ တင္ထားတယ္၊ ပုံမတင္ေပမဲ့ အေကာက္က ၾကာၿပီ၊ Followersေတြကလည္း အမ်ားႀကီး၊ အေကာက္အစစ္လို႔ ယူဆလို႔ရတယ္"

Replyက ေတာ္ေတာ္ႏွင့္ မလာေသး၍ ခြန္းႏွင့္ Jaxရည္စား ႐ွမ္းျပည္နယ္ေနတ႐ုတ္ေကာင္၏ Chat Conversation ကို မွဴးဖတ္ၾကည့္လိုက္သည္။

ခြန္း 📨 Jaxနဲ႔အတူ ႐ွိေနလား
📨 သူ႔အေမအရမ္း စိတ္ပူေနတယ္
📨 အျမန္​ဆုံး အဆက္အသြယ္လုပ္ေပးဖို႔ Jaxကို ေျပာေပးပါ။

ခြန္းပို႔တာ မေန႔ညေန 4:30PM။ တ႐ုတ္ေကာင္က အခုမနက္ 8:00AMမွာ replyျပန္သည္။

Mu 📨 what does it say? 😕

ခြန္း 📨 မင္းနဲ႔ RSတင္ထားတဲ့ မင္းရဲ ႔​ေကာင္​​ေလး Jaxကို ေျပာတာ
📨 သူမင္းနဲ႔အတူ ႐ွိေနတာမဟုတ္လား

Mu 📨 Who are you?

ခြန္း 📨 Jaxအေမရဲ ႔မိတ္ေဆြ
📨 Jaxနဲ႔အဆက္အသြယ္ မရတာ တစ္လေက်ာ္ေနလို႔ သူ႔အေမကစိတ္ပူၿပီး Jaxကုိ ႐ွာေပးဖို႔အကူအညီေတာင္းထားတာ

Seenျဖစ္ၿပီးReply မလာေတာ့သည္မွာ အခု ဆယ့္ငါးမိနစ္ေလာက္ ၾကာသည္အထိ။Typing ႐ိုက္ေနေသာ္လည္း စာကိုမ Sent။ စာ႐ိုက္လိုက္ ျပန္ဖ်က္လိုက္လုပ္ေနသည္ထင္ Mu is Typing......က ေပၚလိုက္ ေပ်ာက္လိုက္။

"သူေတြေဝေနတာ .. ေျပာဖို႔စကားအဆင့္သင့္မ႐ွိျဖစ္ေနတာ"

မွဴးက ေရ႐ြက္ၿပီး ခြန္းခါးကိုဝိုက္ဖက္လ်က္ လက္ႏွစ္ဖက္နဲ႔ ခပ္သြက္သြက္ စာထပ္႐ိုက္ကာ ပို႔သည္။

မွဴး 📨 သူ႔စိတ္ေၾကာင့္ သူ႔အေမေဆး႐ုံေရာက္ေနၿပီ။
📨 အခ်ိန္တိုင္းက အရမ္းအေရးႀကီးေနတယ္၊ Jaxအျမန္ဆုံးျပန္လာမွျဖစ္မယ္။
📨ထပ္အခ်ိန္ျဖဳန္းေနမယ္ဆိုရင္ သူ႔အေမရဲ ႔ေနာက္ဆုံးအခ်ိန္ကုိ Jaxမမွီဘဲျဖစ္သြားမယ္။

ခ်က္ခ်င္း seenျဖစ္ၿပီး Typingေပၚကာ ခ်က္ခ်င္းျပန္ပုိ႔ေသာ စာတစ္ေၾကာင္း။

Mu 📨 မင္​းက Jaxအေမရဲ ႔မိတ္ေဆြဆိုေတာ့ ... Jaxရဲ ႔ဘဝအစစ္အမွန္ကို မင္​း သိမွာေပါ့

မွဴးခဏစဥ္းစားသြားသည္။ ထို႔ေနာက္ စာထပ္​႐ိုက္ပုိ႔သည္။

မွဴး 📨 မင္းမသိဘူးလို႔ မေျပာနဲ႔ေနာ္😂 မင္းနဲ႔ Relationshipတင္ထားတဲ့ မင္းရည္းစားမဟုတ္လား

Mu 📨 ငါ အခု ေတာ္ေတာ္စဥ္းစားေနရတယ္
📨 ငါ စကားမွားသြားမွာ၊ စကားလြန္​သြားမွာကို​ေပါ့
📨 တစ္ဖက္ကလည္း ေဖ့ဘုတ္မွာ Jaxေပ်ာက္ေနတာၾကာၿပီ
📨 မင္းက Jaxအေမရဲ ႔မိတ္ေဆြ ျဖစ္ေၾကာင္း ငါယုံေအာင္ ဘာနဲ႔သက္ေသျပမလဲ

မွဴး 📨 မင္းယုံေအာင္ ကိုယ္ဘာနဲ႔သက္ေသျပရမလဲ

Mu 📨 ဘာနဲ႔မွ မျပနဲ႔ ဘာမွမ႐ွိဘူး😅
📨မင္းသက္ေသကို မွားလားမွန္လား ငါအတည္မျပဳႏိုင္ဘူး
📨ငါကုိယ္တုိင္ Jaxရဲ ႔ဘဝအစစ္အမွန္ကို မသိလို႔ပဲ 🙄

ခြန္းနဲ႔မွဴး တစ္ေယာက္မ်က္ႏွာတစ္ေယာက္ျပန္ၾကည့္သည္။

မွဴး 📨 မင္းနဲ႔ Jaxလက္ေဆာင္ေတြ အျပန္အလွန္ပို႔ခ့ဲၾကတာ ကိုယ္သိထားတယ္
📨 မင္းေပးတဲ့ စာအုပ္အဝါနဲ႔Postscardကို Jaxအခန္းမွာ ကိုယ္ ေတြ႔ၿပီးၿပီ
📨အရာအားလုံးအတြက္ ေက်းဇူးတင္ပါတယ္ Jaxတဲ့
📨ဒီေလာက္ဆို မင္းအတည္ျပဳႏိုင္တဲ့ သက္ေသျဖစ္ပါၿပီ

Mu 📨 hkhk 😆😆
📨ဒါဆိုရင္ေတာ့ Jax ငါမသိေအာင္ ေဖာက္ျပန္ေနတာပဲ 🙄
📨မင္းေတြ႔ခဲ့တဲ့ စာအုပ္နဲ႔Postscardက ငါပို႔တာမဟုတ္ဘူး
📨Jaxနဲ႔ငါ တစ္ခါမွ အေပးအယူ လက္ေဆာင္ မပုိ႔ခဲ့ဖူးဘူး
📨 ငါတို႔တစ္ေယာက္လိပ္စာ တစ္ေယာက္ မသိဘူး

ခြန္းခါးကိုဖက္ထားေသာ မွဴးလက္ေမာင္းအား ပိုတင္းသြားသည္။

မွဴး 📨 မလွည့္စားနဲ႔ ေကာင္မေလး.. မင္းက Jaxရဲ ႔ခ်စ္သူပဲ Jaxနဲ႔မင္း ပတ္သက္ေနတယ္
📨မင္း ဒီလိုအ႐ူးကြက္ဆက္နင္းေနရင္ မင္းေနတဲ့အင္းေလးကို ငါကုိယ္တုိင္ေရာက္လာၿပီး မင္းကို ဝရမ္းနဲ႔ လာဖမ္းရလိမ့္မယ္
📨မင္း ဒီလိုေျပာေနတာေတြက မင္းကို သံသယျဖစ္ေအာင္ လုပ္ေနတာပဲ

Mu 📨 Fbမွာ RSတင္ထား႐ုံနဲ႔ မင္းအဲ့လို စြပ္စြဲလို႔မရဘူး ... မင္းသိတာ အေပၚယံပဲ
📨ငါက ေကာင္မေလးမဟုတ္ဘူး... Jaxနဲ႔ငါက Relationshipတင္ထားတာမွန္တယ္
📨ဒါေပမဲ့ ငါတို႔ အျပင္မွာ တစ္ခါမွ မေတြ႔ဖူးသလို Jaxဘဝအစစ္အမွန္ကိုလည္း ငါမသိဘူး
📨ငါသိတာ Jaxအျဖစ္နဲ႔ပဲ သိတာ

မွဴး 📨 ဘာမွမသိဘဲနဲ႔ Relationshipတင္ရသလား

Mu 📨 ေအး တင္ရတယ္ အဲ့ဒါ ငါနဲ႔Jaxပဲ
📨မွတ္မွတ္ရရေျပာရရင္ မင္းေျပာတဲ့ စာအုပ္အဝါဆိုတာ ... M N E M O P O B I A မဟုတ္လား အဲ့ဒီ့စာအုပ္ အြန္လိုင္းေပၚ trending ျဖစ္ေနတဲ့အခ်ိန္ပဲ
📨ဘာလို႔အဲ့စာအုပ္နဲ႔ တြဲမွတ္မိေနသလဲဆိုေတာ့ M N E M O P O B I Aမွာ H တစ္လုံးေပ်ာက္ေနတာ
📨အဲ့ဒီ့ H ကို ႐ွာဖို႔အတြက္ ငါ့သူငယ္ခ်င္းတစ္ေယာက္နဲ႔ ငါ အလုပ္႐ႈပ္ေနတဲ့အခ်ိန္ေပါ့
📨Jax ငါ့ကို .... messengerကေန ဖုန္းဆက္တိုက္ေခၚခဲ့တယ္

📨ဒီ့မတိုင္ခင္ သူနဲ႔ငါ တစ္ခါမွ ေျပာဆိုဆက္ဆံဖူးတာမ႐ွိဘူး ငါေတာ္ေတာ္အ့ံၾသသြားတယ္ ဗလိုင္းႀကီးေလ ဖုန္းေခၚတာကိုး
📨ငါဖုန္းမကုိင္ေတာ့ သူ႔ရည္းစားလုပ္ေပးပါဆိုၿပီး voice mailေတြဆက္တိုက္ပုိ႔ ေတာင္းပန္ခဲ့တာ

မွဴး📨 ဒီေလာက္ ဗ႐ုတ္က်မႈ႔ႀကီးကို မင္းက လက္ခံလိုက္တာပဲလား

Mu 📨 သနားဖို႔ေကာင္းလို႔
📨အဲ့ဒီ့ေန႔က ငါ့ကိုပုိ႔ခဲ့တဲ့ voice mailေတြမွာ သူငို​ေနတယ္​။
📨ယူႀကံဳးမရ ဝမ္​းနည္​းပက္​လက္​ က​ေလးတစ္​​ေယာက္​လို ငို​ေနခဲ့တယ္​။ သူငါ့ကို အေသအလဲ ဝပ္​တြားခယမႈ​ေတြနဲ႔ ​ေတာင္​းဆိုခဲ့တာ။
📨သူ႔အသံကေနတဆင့္ သူ႔ဝမ္းနည္းမႈကို ငါခံစားမိၿပီး ငါ့ကို စိတ္မေကာင္းျဖစ္ေစတယ္

📨 အ႐ွိန္ျပင္းျပင္းနဲ႔ ေရစီးေၾကာင္းမွာ ေမ်ာပါသြားေတာ့မဲ့လူက ကမ္းေပၚရပ္ေနတဲ့ငါ့ကို ကူေပးပါကယ္ေပးပါ အားကိုးတႀကီး အကူအညီေတာင္းခံရင္း လက္ကမ္းေပးေနသူလိုပဲ။ သူကမ္းတဲ့လက္ကို ငါ အမိအရ ဆုပ္ကုိင္ေပးခ်င္ခဲ့တယ္။ ငါသာ ဥေပကၡာျပဳလိုက္ရင္ သူ႔ကုိယ္သူ တစ္ခုခု လုပ္ပစ္ေတာ့မယ္လို႔ ငါခံစားမိေနတယ္။

📨Relationshipတင္ၿပီး ေနာက္ေန႔ေတြမွာ ငါ့ကုိ သူစကားေတြ လာေျပာတတ္တယ္။ သူစိတ္ၾကည္ေနတယ္လို႔ ယူဆရတ့ဲတစ္ေန႔မွာ ငါသူ႔ကို အဲ့ဒီ့ေန႔ကအေၾကာင္း ေမးခဲ့တယ္။ သူလည္းဝန္ခံပါတယ္။ ငါသာ အဲ့ေန႔က သူ႔ကုိ မကယ္ခဲ့ရင္ ဒီေန႔ အေကာင္းပကတိ သူ ႐ွိေနမွာမဟုတ္ဘူးတဲ့။

📨သူေရးတဲ့စာေတြကေန သူ႔ကို ငါသတိထားမိေနတာ။ သူ႔အေတြးအေခၚ သူ႔တင္တဲ့စာေတြကို ငါသေဘာက်လက္ခံတယ္။ အဲ့ဒါေၾကာင့္ ငါကပဲအရင္ သူ႔ကို friend request စaddခဲ့တယ္။ friျဖစ္ၿပီး သူလည္း ငါ့ကိုသတိထားမိေနတယ္ထင္တယ္။ ငါတင္တဲ့ Postsေတြမွာ အၿမဲ Likeကေတာ့ ႐ွိေနတတ္တယ္။

📨သူနဲ႔ငါ Relationshipတင္ၿပီးေနာက္ အၿမဲပုံမွန္ တစ္ေန႔တစ္ခါ သုံးရက္တစ္ခါ စကားေအးေအးေဆးေဆး ေျပာျဖစ္ခဲ့တယ္။ ေျပာတာကလည္း သူမ်ားအေၾကာင္းမ်ားပါတယ္။ သူလည္းငါ့အေၾကာင္းကုိ မေမးသလို ငါလည္းသူ႔အေၾကာင္းကိုမသိခ်င္ခဲ့ဘူး။ သူ႔အတြက္ငါက Mu Lone Yyang Huing ျဖစ္သလို ငါ့အတြက္သူက Jaxသက္သက္ပဲ။ ငါတို႔ႏွစ္ေယာက္ စကားေတြအမ်ားႀကီးေျပာခဲ့ေပမဲ့ ငါတုိ႔ဘဝအစစ္အမွန္အေၾကာင္းမပါခဲ့သလို ငါတို႔ ရင္းႏွီးေပမဲ့ မ႐ိုးမသားမျဖစ္ခဲ့ဘူး။

မွဴး 📨Jaxနဲ႔ေနာက္ဆုံး စကား ေျပာျဖစ္တာ ဘယ္အခ်ိန္ကလဲ

Mu 📨မင္းေျပာသလို တစ္လေက်ာ္ေရာေပါ့။ သူအဲ့သေလာက္ Fbကေန အၾကာႀကီး မေပ်ာက္ဖူးဘူး။ ငါစာပုိ႔ထားတာလည္းအခုထိ sentပဲျဖစ္တယ္။ အရင္က အၿမဲပုံမွန္ သူ တစ္ေန႔တစ္ခါေတာ့ အနည္းဆုံးactiveျဖစ္တယ္။

မွဴး 📨 ေနာက္ဆုံးစကားေျပာခဲ့ၾကတုန္းက Jaxတစ္ခုခုျဖစ္ေနခဲ့သလား

Mu📨အားလုံးပုံမွန္အတိုင္းပဲ

မွဴး 📨သူနဲ႔ပတ္သက္ၿပီး သတိထားမိတဲ့ ထူးျခားမႈေတြေရာ ႐ွိလား

Mu 📨 ဟင့္အင္း ... RSတင္တဲ့ေန႔တစ္ေန႔ပါပဲ။ ေနာက္ေန႔ေတြမွာ သူတည္ၿငိမ္ေအးေဆးတယ္။ သူနဲ႔ငါ စကားေျပာျဖစ္ရင္ သူမ်ားအေၾကာင္းပဲ ေျပာျဖစ္တာမ်ားတယ္။ ငါတို႔အေၾကာင္း မေျပာျဖစ္ဘူး။ ႐ုပ္႐ွင္၊စာအုပ္၊ ဂီတ၊သီခ်င္း၊ အစားအေသာက္အေၾကာင္းေတြ ငါတို႔ေျပာတယ္။ ၾကည့္ၾကည့္ပါ၊ စားၾကည့္ပါ၊ နားေထာင္ၾကည့္ပါ စသျဖင့္ recommendေပးၿပီး ေနာက္ေန႔စာေမးပဲြစစ္သလို အျပန္အလွန္ေမးေျဖတယ္၊ သူ႔အျမင္ကုိယ့္အျမင္ ေဆြးေႏြးၾကတယ္။ သူက စကားေျပာလို႔ေကာင္းတဲ့ မိတ္ေဆြပါပဲ။

📨သူက ျပႆနာတက္တာမ်ားတယ္။ ျပႆနာဆိုတာလည္း သူေရးတဲ့စာနဲ႔ပတ္သက္ၿပီး အျငင္းပြားမႈေတြပါပဲ။ သူကုိယ္တိုင္ကလည္း အရမ္းအျငင္းသန္တယ္။ သူမွန္တယ္ထင္ရင္ လုံးဝမေလွ်ာ့ဘူး။ သူကအရမ္း sensitiveျဖစ္တာပဲ။ ေသးေသးတင္ အတင္မခံဘူး။ အျခားလူစကားကုိ အရမ္းအာ႐ုံေပးတယ္။ လ်စ္လ်ဴ႐ႈ ဥေပကၡာမျပဳႏုိင္ဘူး။ အရမ္းခံစားတတ္တယ္။ ျပန္တုန္႔ျပန္တတ္တယ္။

မွဴးကခြန္းကိုၾကည့္ကာ

"ခြန္းဘာေမးခ်င္ေသးလဲ"

"ဟင့္အင္း .. ဘာမွမေမးခ်င္ေတာ့ဘူး"

ခြန္းက အားေလ်ာ့စြာ မွဴးကိုယ္ေပၚက ဆင္းသြားသည္။

မွဴး 📨သူနဲ႔ပတ္သက္ၿပီး မင္းဘာေျပာဦးမလဲ

Mu 📨သူနဲ႔ငါပတ္သက္မႈက .. အဲ့ဒါအကုန္ပဲ။

မွဴး 📨 ဒီေန႔အတြက္ေက်းဇူးတင္တယ္၊ ဒါနဲ႔ မင္း ဘေလာ့မေျပးပါဘူးေနာ္

Mu 📨 ဟဟ ဘေလာ့ေျပးရေအာင္ ငါမဟုတ္တာ မလုပ္ထားဘူး
📨ငါေျပာသမွ်ထဲမွာ လုပ္ႀကံလီဆယ္ေျပာတာမ႐ွိဘူး ... btw ငါက အင္းေလးမွာေနတာမဟုတ္ဘူး

မွဴး 📨 ဟုတ္ပါၿပီ

Conversation ကုိ အဆုံးသတ္ၿပီး ဖုန္းကို စားပဲြေပၚပစ္တင္ကာ ေခါင္းေမွာက္လွဲလိုက္သည္။

"စာအုပ္အဝါပို႔တဲ့လူကို ငါတို႔ ႐ွာရမယ္၊ အဲ့လူနဲ႔ Jax ထူးထူးျခားျခားနက္နက္နဲနဲပတ္သက္ခဲ့မွာ ေသခ်ာတယ္"

"အင္း ... အေမာင္႐ုံးေနာက္က်ေနၿပီ၊ သြားေတာ့မယ္"

ခြန္းပါးတစ္ဖက္ကို နမ္းၿပီး မွဴးက ထသြားသည္။ စားပဲြေပၚတင္လိုက္ေသာ ခြန္း ဖုန္းက အဝင္ဖုန္း Ringtoneအသံ ျမည္ေသာေၾကာင့္ contact nameကိုၾကည့္ေတာ့ မီးျဖစ္ေနသည္။

"အင္း မီးငယ္ေျပာ"

မီးငယ္ဆိုသည္ႏွင့္ မွဴးက မီးဖိုခန္းဝမွာ ရပ္သြားသည္။ တစ္ဖက္က မီး ဘာေျပာလိုက္သည္မသိ ထိုင္ေနရာကေန ခြန္း ထရပ္သည္။ မွဴးကို ၾကည့္လ်က္

"ကိုၿဖိဳးေဝရဲ ႔လက္စြပ္ကို ကိုေက်ာ္ရဲဝင္းဆီမွာ ေတြ႔တယ္တဲ့....မွဴး"

4:35PM
4/3/2019

_________________

Ficကို Ficလိုပဲ ဖတ္ေပးပါ။ Ficထဲမွာ ပါဝင္တဲ့ ဇာတ္ေကာင္ေတြ၊ အျဖစ္အပ်က္ေတြက လက္ေတြ ႔ျဖစ္ရပ္ မည္သူတစ္ဦးတစ္ေယာက္နဲ႔မွ ၿငိစြန္းျခင္းမ႐ွိပါ။ အားလုံးက စာေရးသူရဲ ႔စိတ္ကူးထဲက အကြန္႔အညႊန္႔မ်ားကို ဖန္​တီး​ေဆာက္​တည္​ထားျခင္​းသာျဖစ္​ပါတယ္​။ သက္​႐ွိသက္​မဲ့ မည္​သူတစ္​ဦးတစ္​​ေယာက္​ရဲ႕ သိကၡာကိုမွ ထိပါးလိုစိတ္​မ႐ွိပါဘူး။

အသုံး​ေတာ္​ခံအႏုပညာဖန္​တီးမႈ႔သက္​သက္​ပါပဲ။

ဒါ လက္ေတြ႔အျပင္က ဘယ္သူ႔ဘယ္ဟြာ႔ရဲ ႔အေၾကာင္းအရာပါလို႔ အထင္ျမင္မွားတာမ်ိဳးမျဖစ္ေစခ်င္ပါဘူး။ Jaxသည္ Arr_Shengမဟုတ္သလို Mu Lone Yyang Huingသည္ ကၽြန္ေတာ့္လက္႐ွိ RSမဟုတ္ပါ။ ႀကိဳတင္ျမင္လို႔ ႀကိဳတင္သတိေပးျငင္းဆိုထားျခင္းျဖစ္ပါသည္။ _/\_

ကၽြန္ေတာ္မအားတဲ့ၾကားထဲက အခ်ိန္လုၿပီး Typeထားတာပါ။ စာေမးပဲြကလည္း က်တယ္ခင္ဗ်ာ႔။ ဒီႏွစ္ ၁၁လပုိင္းေရာက္ရင္ ထပ္ခဲြရဦးမယ္။

emeral_wai ရဲ ႔ "Author လုပ္ေနတာမ်ားလား" လို႔ တြက္ဆမႈ႔ မွန္ကန္ပါတယ္လို႔ ခ်ီးက်ဳးပါတယ္။
ဆက္လက္ၿပီးလည္း လိုက္ဖတ္ရင္း PIECESေတြကိုစုၿပီး ကုိယ့္ဘာသာပုံေဖာ္စဥ္းစားခန္႔မွန္းရင္း လာမဲ့ updateေတြမွာ အေျဖတိုက္ၾကည့္ရေအာင္လားဗ်ာ ...

စာဖတ္သူေတြအားလုံးကို ေက်းဇူးအမ်ားႀကီးတင္ပါတယ္ <3
________________________
________________________
________________________

"ငဖြိုးက မွန်းကြပ်ချုပ်နှောင်ထားတဲ့ ဒီမိသားစု ဒီလုပ်ငန်းခွင်အတွင်းထဲက ဖောက်ထွက်ပြီး သူ့အတွက် ကမ္ဘာသစ်တစ်ခုမှာ အိုအေစစ်တစ်ခုတည်ဆောက်ခဲ့တယ်၊ အဲ့ဒါက Jaxပဲ၊ အခုအာဂျုးရှီးတို့ သိလာရတဲ့ Jaxက Followers သိန်းကျော်ရှိတဲ့ အောင်မြင်နေတဲ့ Online Writerတစ်ယောက်ပါ၊ Jaxက ငဖြိုးရဲ ့Dark sideပဲ"

ခွန်းနှင့်မှူး ပြောစရာစကားတွေ ဆွံ့အနေသည်။ တစ်ခါမှမစဉ်းစားမိတဲ့ အဖြစ်။ Jaxကို တစ်ချိန်လုံး ကိုဖြိုးဝေ၏လိင်တူချစ်သူ၊ M N E M O P O B I A စာအုပ်အဝါပေးခဲ့သူအဖြစ် ကောက်ချက်ချခဲ့တာ။

"Jaxအကောက်ကို လေ့လာကြည့်ပါ၊ အာဂျုးရှီးတို့ သိထားတဲ့ ထက်ဖြိုးဝေနဲ့ အပြောအဆို အမူအကျင့် အတွေးအခေါ်တွေက တခြားစီဖြစ်နေလိမ့်မယ်၊ Jaxနဲ့ထက်ဖြိုးဝေက တစ်ယောက်တည်းပဲ၊ ဒါပေမဲ့ ... ထက်ဖြိုးဝေပျောက်ဆုံးမှုက Jaxနဲ့ လုံးဝ မသက်ဆိုင်ဘူး၊ ငဖြိုးက Jaxနဲ့ထက်ဖြိုးဝေ ဘဝနှစ်ခုကို မရောထွေးချင်ဘူး၊ Jaxက ပိတ်လှောင်နေတဲ့ ထက်ဖြိုးဝေဘဝရဲ ့ ထွက်ပေါက်တစ်ခုပါ၊ စိတ်အေးချမ်းသာစွာနေလိုတဲ့ Jaxအဖြစ်မှာ ထက်ဖြိုးဝေရဲ ့လက်တွေ့ဘဝမိသားစုရေး၊ ဆွေမျိုးရေး၊ လုပ်ငန်းခွင်အတွင်း စိတ်ဖိစီးမှု့တွေမှာ မလိုလားအပ်တဲ့ ပြဿနာတွေ အရှုပ်အထွေးတွေ မဖြစ်စေလိုဘူး၊ ဒါကြောင့် Jaxက ထက်ဖြိုးဝေဖြစ်ကြောင်းကို ဘယ်တော့မှ လူလုံးထွက်မပြဘူး၊ Jaxက ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်နေထိုင်တယ်၊ သိနေတဲ့ မီးတစ်ယောက်ကိုလည်း သူရေးသမျှစာအကုန် မူပိုင်ခွင့်ပေးမယ် ကတိနဲ့ ဘယ်သူ့ကိုမှ မပြောဖို့ နှုတ်ပိတ်ထားတယ်"

မီးက တည်ကြည်သော အကြည့်၊ ငြိမ်သက်သော အမူအရာနဲ့ ခွန်းနှင့်မှူးကို လေးလေးနက်နက် ကြည့်ကာ ...

"မသက်သာတဲ့အဖြစ်ကြောင့် အခု မီးဘက်က ကတိဖျက်ပြီး အာဂျုးရှီးတို့ကို ပြောမိသွားပြီ၊ အာဂျုးရှီးတို့ Jaxနဲ့ထက်ဖြိုးဝေဘဝနှစ်ခုကို ရောသမမွှေ မဖော်ထုတ်ကြဖို့ မေတ္တာရပ်ခံပါတယ်၊ မီးအထပ်ထပ် အတန်တန်ပြောပါ့မယ်၊ အခု ငဖြိုးပျောက်နေတာက Jaxနဲ့ လုံးဝမဆိုင်ပါဘူး၊ ၊ Jaxက ငဖြိုးဖြစ်ကြောင်း သိတဲ့လူ မီးတစ်ယောက်ပဲရှိတယ်၊ ငဖြိုးတစ်နေရာရာမှာ ကောင်းကောင်းမွန်မွန်ရှိနေမှာပါ၊ အာဂျုးရှီးတို့အဖြစ်က အလုပ်မရှိ ကြောင်သန်းရှာနေသလိုပဲ"

-----------------

Day 3

"Morning ... ခွန်း"

မီးဖိုခန်းထဲ ခေါင်းငိုက်စိုက်ဝင်လာသော ခွန်းသည် တဝါးဝါးသမ်းကာ အိပ်မှုန်စုံမွှား ဆံပင်တွေ ဖွာဆန်ကြဲလျက်။ အိပ်ချင်စိတ်မပြေ ထမင်းစားပွဲဝိုင်းထိုင်ခုံမှာ ဆောင့်ကြောင်ဝင်ထိုင်ကာ စားပွဲပေါ် မေးစေ့လက်ထောက်လျက် ငူငူကြီးမှိုင်နေသည်။

မနက်စာပေါင်မုန့်ထောပတ်သုတ်နေလျက် မှူးက ...

"သွားမတိုက်ဘူးလား ခွန်း"

"ဟင့်အင်း ... မင်းအလုပ်သွားရင် ငါပြန်အိပ်မှာ၊ မင်းမနက်စာ တစ်ယောက်တည်းဖြစ်နေမှာစိုးလို့ ထိုင်စောင့်ပေးတာ၊ အင်း ယောက်ျားယူရတာလည်း အိပ်ကောင်းခြင်း မအိပ်ရပါဘူး"

ဒူးနှစ်ချောင်းကိုပိုက်လျက် မျက်တောင်စင်းစင်း ငိုက်မြည်းလျက် ညည်းရှာလေသော ခွန်းကို မှူးကရယ်သည်။ ကစော်ရည် မသောက်ထားပါဘဲ အာလေးလျှာလေးနဲ့ ခွန်းက အိပ်ရေးမဝလို့ စိတ်မကြည်။

ခွန်းထိုင်ခုံအနား မှူးထိုင်ခုံရွှေ ့ကပ်ထိုင်ကာ

"သူများကြားရင် မင်းအိပ်ရေးပျက်တာ ငါ့ကြောင့်ထင်နေမှာပဲ၊ ကိုယ့်ဘာသာ အပူရှာပြီးတော့၊ ထက်ဖြိုးဝေ တစ်ဖြစ်လဲ Jaxကို လိုက်checkနေတာ ညက ဘယ်အချိန်မှ အိပ်ဖြစ်လဲ"

"မနက်လင်းတယ်၊ ဘယ်အချိန်လဲ မသိတော့ဘူး၊ ငါက အိပ်သွားတာ မဟုတ်ဘူး၊ သူ့ဘာသူ မျက်ခွံတွေလေးပြီး အိပ်ပျော်သွားတာ"

"စိတ်က ဆောင်နေပေမဲ့ လူက ပင်ပန်းတာကိုး၊ အိပ်ပျော်သွားမှာပေါ့"

မဖြစ်သေးပါဘူး.. လူပျိုကြီးထက်ဖြိုးဝေကို အမြန်ဆုံးရှာပေးမှပါပဲ။ မဟုတ်ရင် ခွန်းမအိပ်နိုင်မစားနိုင် အဲ့စိတ်နဲ့ လူရုပ်ထွက်တော့မယ်မထင်။

"ငါက အောင်မြင်နေတဲ့လူ မဟုတ်ပါဘူး။ ငါ့လိုလူ မင်းတို့ကို မဖြစ်စေချင်တဲ့ စေတနာနဲ့ ငါဒီစာတွေ ရေးနေတယ်။ ဒဏ်ရာတစ်ခုရဲ ့နာကျင်မှု့ကို ဒဏ်ရာရသူက အသိဆုံးပါ။ ရခဲလှတဲ့လူ့ဘဝမှာ လူဖြစ်ရှုံးရတာ သိပ်နာတယ်။ မင်းတို့ဘဝတွေ သာယာလှပပါစေ။"

"အဲ့ဒါ ဘာလဲ"

"ထက်ဖြိုးဝေရဲ ့ကိုယ်ပွား Jaxအကောက် Bioမှာ ရေးထားတာ၊ Jaxတင်တဲ့ Postsတွေ commentsတွေပါမချန် မနေ့ညက ဖတ်ကြည့်ဖြစ်တယ်။ သူ့စာတွေက ခွန်အားဖြစ်စေတဲ့စာမျိုး မဟုတ်ဘူး၊ ဟာသလည်းမဟုတ် အချစ်အကြောင်းလည်းမဟုတ်။ သူ့ကိုယ်တွေ့အဖြစ်အပျက်ကို အရင်ပြောပြီး အဲ့ဒီ့အဖြစ်အပျက်ကနေ သူရတဲ့သင်ခန်းစာ၊ သူ့ခံယူချက်ကို ဆက်တယ်။ သူများကိုတိုက်တွန်းတာထက် သူ့ကိုယ်သူတရားချဆုံးမနေသလိုပဲ။ မင်းကိုယ်မင်းယုံကြည်ချက်ရှိရင် မင်းကြိုက်တာလုပ် အေး ... ကိုယ်ဖြစ်ကိုယ်ခံပဲတဲ့။ သူ့မှာ အလွမ်းအဆွေး မရှိဘူး၊ အချစ်ကို အဓိပ္ပာယ်ဖွင့်ဆိုတာမျိုးမဟုတ်ဘဲ ချစ်ကိုမချစ်နဲ့ဆိုတဲ့ စာမျိုးကွာ"

ဖွာကြဲနေသော ဆံပင်တွေကို မှူးက ဖိသပ်ရှင်းလင်းပေးနေရင်း နားထောင်နေမှန်းသိသောအခါ ပြောရတာ ပိုအားတက်လာသည်။ ဆောင့်ကြောင့်ထိုင် ဒူးပိုက်ထားတာဖြုတ်ပြီး ခြေဆင်းချလိုက်သည်။

"ငါတို့ သိတဲ့ ထက်ဖြိုးဝေက မျိုသိပ်တယ်၊ သည်းခံတယ်၊ သူ့ကိုယ်သူ နှိမ့်ချတယ်၊ လိမ္မာတယ်၊ မှားမှားမှန်မှန် သူပဲတာဝန်ယူဖြေရှင်းတယ်၊ ဒါ ထက်ဖြိုးဝေရဲ ့ပင်ကိုစရိုက်။ Jaxက အဲ့လိုမဟုတ်ဘူး၊ မဟုတ်မခံ။ သူရေးတဲ့စာနဲ့ပတ်သက်ပြီး အငြင်းပွားမှုရှိရင် Neglect မလုပ်ဘူး၊ commentမှာတင် တစ်ဖက်က အရှုံးမပေးမချင်း သူ့ခံယူချက်ကို သူမြဲမြဲဆုပ်ကိုင်ပြီး ပြန်ဖိုက်တယ်။ သူ့ရေးတဲ့စာနဲ့ပတ်သက်ပြီး သူ့မှာ confident အပြည့်ရှိတယ်၊ ဥပမာ ... သူရေးတဲ့ ဇာတ်လမ်းတစ်ခုမှာ မန္တလေးကျုံးရေထဲက ကြာပန်းလို့ သုံးခဲ့တယ်၊ အဲ့ဒါကို မန္တလေးကျုံးမှာ ကြာပန်းမရှိဘူးလို့ တစ်ယောက်က ထောက်ပြတယ်၊ ငါလည်း တစ်ခါမှ မန္တလေးကျုံးမှာ ကြာပန်းရှိတယ်လို့ မကြုံဖူးဘူး၊ အဲ့ဒါကို Jaxက ကိုယ်တွေ့မဟုတ်ပေမဲ့ စာတွေ့တွေ့ဖူးပါတယ်တဲ့၊ ဂျူး အမှတ်တရစာအုပ် စာမျက်နှာ ၆၀ စာကြောင်းသုံးကြောင်းမြောက်မှာ ကျုံးရေထဲတွင် ကြာပွင့်ငုံများကို ဟိုတစ်စု ဒီတစ်စုတွေ့ရ၏ ဟု သုံးထားပါတယ်တဲ့"

မှူးပြင်ထားသော ပေါင်မုန့်ထောပတ်သုတ်ကို နှိုက်ယူဖို့ ခွန်းလက်လှမ်းပြီးမှ အိပ်ရာထစ သွားမတိုက်မျက်နှာမသစ်ရသေးသော အနေအထားကို သတိရပြီး လက်ပြန်ရုတ်သွားသည်။

"ငါ ညက ချက်ချင်းပဲ ဂျူးစာအုပ်ကို ရှာပြီး ကြည့်ခဲ့တယ်၊ Jaxပြောတာမှန်တယ်။ ငါပြောချင်တာက ... Jaxက သူ့ကိုယ်သူ ယုံကြည်ချက် အပြည့်ရှိတယ်၊ Jaxအသိုင်းအဝိုင်းမှာ Jaxကို အားလုံးက လေးစားကြတယ်၊ ချီးကျူးကြတယ်။ သူ့အရည်အချင်း စာရေးဂုဏ်နဲ့ သူက မောက်မာထောင်လွှားတယ်၊ သူမှန်တယ်ထင်ရင် by nameနဲ့ု challengeလုပ်ချဲတယ်၊ ဘယ်သူ့ကိုမှမကြောက်ဘူး၊ မစိုးရိမ်ဘူး၊ ဘာလို့ဆို စာရေးတဲ့အပိုင်းမှာ သူက ပင်ကိုအရည်အချင်းရှိတာကိုး။ ထက်ဖြိုးဝေကျင်လည်ရတဲ့ ပတ်ဝန်းကျင် အနေအထား အကျင့်စရိုက် ကွာခြားတယ်၊ ထက်ဖြိုးဝေက ဘဏ်အလုပ်မှာ ငွေတောင်မရေတတ်ဘူး၊ ဒါကြောင့် ထက်ဖြိုးဝေက သူ့ကိုယ်သူ အားငယ်ပြီး ဘယ်သူ့ကိုမှ မှားမှားမှန်မှန် မပြောရဲဘူး၊ မတုန့်ပြန်ရဲဘူး၊ အဲ့ဒီ့သည်းခံစိတ်က Jaxမှာ သွားပေါက်ကွဲတာပဲ"

"အင်း"

ခွန်းလက်ညှိုးကို ယူကာ ခွန်းမျက်ခမ်းစပ်မှာတင်နေသော မျက်ချေးတုံးကို မှူးကလော်လိုက်၏။ လက်ထိပ်မှာ တင်နေသော မျက်ချေးတုံးကို မြင်၍ မှူးဘာလုပ်လိုက်မှန်း သိသွားသောခွန်းက

"ယောက်ျားတွေများ ကောင်းကိုမကောင်းဘူး၊ မရခင်တုန်းကတော့ ချစ်သူစားမဲ့ ပေါင်မုန့်လေးကို ကိုယ်တိုင်ယိုသုတ်ပေးတာကနေ ချစ်သူယိုမဲ့ အီးအီးတုံးကိုပါ ကိုယ်တိုင်ဆေးပေးချင်သူပါ ဘာညာနဲ့ ေ-ာက်ပိုတွေပြောပြီး တစ်သက်လုံးလူပျိုကြီးလုပ် သာသနာ့ဘောင်ဝင်မဲ့ ငါ့ကို မြှူစွယ်ဖျားယောင်း ဖျက်လို့ဖျက်စီးလုပ်တယ်၊ အခု မျက်ချေးတုံးလေးကို မထိချင်မကိုင်ချင်တော့ဘူး"

"သြော် ... ချစ်ရသူရယ် ... မင်းကိုယ်မှာ သရေစီးကြောင်း အာပုပ်နံ့ လှိုက်ဟောင်ဟောင်၊ အမောင့်ကိုယ်မှာ အစောအိပ်ရာထ ရေချိုးသန့်စင် အပီကြော့ရှင်းအောင် စတိုင်ထုတ်ထားတာ၊ မင်းလို ညစ်ပတ် မျက်ချေးထိတာ မထူးတော့ပေမဲ့၊ အမောင့်ကတော့ ညစ်ပတ်ကုန်မှာပေါ့"

ကော်လံစွန်းကို လက်တောက်ပြကာ ကြော့ကြော့ရှင်းရှင်း မေးငေါ့လိုက်သည့် မှူးက စားပြီးနားမလည်ကြီးလို။ အမြင်ကပ်လွန်းစွာ မျက်လုံးမှေးကျဉ်းလျက် ခပ်ညစ်ညစ်ကြည့်ပြီး မှူးရင်ခွင်ထဲ တုံးခနဲ ခွန်းပစ်ဝင်လိုက်၏။

ဆွဲခွာလို့မရအောင် ဝါးတူနှစ်ချောင်းလို ခွဖက်လိုက်သည့် ခွန်းခြေနှစ်ချောင်းကြား မှူးခါးက အသားတစ်,တုံးလို။

"အဲ့လောက်စတိုင်ထုတ်ချင်နေတာ အင့်ဟာ အင့်ဟာ၊ ပြန်ညစ်ပတ်စမ်း"

ပါးနှစ်ဖက်ကို လက်နဲ့ဆွဲညှစ်လျက် မှူးမျက်နှာအနှံ့အား လျှောက်နမ်းပစ်၏။

ခွန်းအနိုင်ကျင့်မှုမှာ မှူးက တပ်ထွက် ခွန်အားဗလကြီးကိုမှ အားမနာ။ အင်အားမမျှလို့ မတွန်းလှန်နိုင်သကဲ့သို့ အိုက်တင်ခံကာ တွန်းဖယ်နေသော လက်တွေမှာ အားမပါ။ ရယ်ချင်ပြုံးပြုံး လုပ်တည်ထားသော မျက်နှာပေးကြီး။

ဆင်ကန်းတောတိုးသလို တိုးလာသော ဦးတည်ချက်မရှိ ခွန်းနှုတ်ခမ်းပါးတွေကို မှူးနှုတ်ခမ်းက ပိတ်ကာစီး၏။

အနိုင်ကျင့်ရတာ အရမ်းလွယ်ကူနေလို့ မော့ကြည့်လိုက်စဉ် ပြုံးစိစိနဲ့မှူးမျက်နှာ။ အမှန်ဧကန် ထောင်ချောက်ထဲတိုးဝင်မိသော ယုန်သူငယ်လေးက ခွန်းဖြစ်နေမှန်း တင်ပါးအောက်က ခုခံထားသော လက်ဖဝါးနှစ်ခုကြောင့် သိလိုက်ရသည်။

ခွန်းကိုယ်ကို ရို ့လိုက်စဉ် အရှိန်နဲ့ အနောက်လန်ကျမှာစိုး၍ မှူးက ခါးကိုပွေ့ ကိုယ်ချင်းဖိကပ်၍ ထိန်းဖမ်းလိုက်၏။

နှာတံဖျားချင်း မထီတရီ ပွတ်တို့,ရင်း တဖြည်းဖြည်း ...

"ချွမ်"

ဖုန်းမှ messenger message alarmမြည်သံ။

ခွန်းက မှူးရင်ဘတ်ကိုဆောင့်တွန်းပြီး ကိုးရိုးကားရားဆင်းသွားသည်။ မှိန်းနေသော မှူးက ရုတ်တရက်တုန့်ပြန်မှု့မှာ အငိုက်မိကာ ဟန်ချက်ပျက်၍ ထိုင်ခုံနဲ့ပူးတွဲပြီး အနောက်လန်ကျတော့မယောင်ဖြစ်သွားသည်။

"ခွန်း!"

ဆောင့်ဆောင့်အောင့်အောင့် ခေါ်သံက ဟိန်းခနဲ။ ခွန်းကအဖက်လုပ် လှည့်မကြည့်သောအခါ ကလေးဆိုးကြီးလို မှူးခြေကန်သည်။ ဖုန်းကို အသဲအသန် ကြည့်နေသော ခွန်းက ပေါင်မုန့်သုံးချပ်ကို မှူးပါးစပ်ထဲ လက်နောက်ပြန် ထိုးထည့်သည်။

"မင်းပါးစပ်ထဲ အဲ့ဒါအစားထည့်လိုက်၊ ငါမအားတော့ဘူး"

"ခွန်း!"

ပါးစပ်ထဲ ပလုတ်ပလောင်း ပြည့်နေသော ပေါင်မုန့်တွေကို အရင်ဝါးနေသော မှူးအသံတိတ်သွားသည်။ ပါးစပ်ထဲရှင်းသွားမှ ...

"ဘယ်သူပို့တာမိုလို့ ဒီလောက် အာရုံစိုက်နေတာလဲ"

ခွန်းက စာရိုက်နေရင်း မှူးကို လှည့်ကြည့်သည်။

"Jaxရဲ ့ရည်းစား၊ Jaxနဲ့ RSတင်ထားတဲ့ အကောက်ပိုင်ရှင်၊ Onlineကနေ မုန့်တွေအပြန်အလှန်ပို့နေကြတဲ့ Jaxချစ်သူ"

ခွန်းလက်ကိုဆောင့်ဆွဲ၍ အလိုက်သင့်ပါလာသော ကိုယ်ကို ပေါင်ပေါ်ဆွဲတင် ခါးကိုဖက်ပြီး ဖုန်းအတူကြည့်လိုက်သည်။

Mu Lone Yyang Huing

"အကောက်နာမည်က ဘယ်လိုကြီးလဲ၊ မုလုံး ... ရန်းဟွိုင်"

"ဟုတ်လား ... ငါကတော့ မု လုံ ယွင် ဟိုင် လို့ အသံထွက်မိတယ်၊ သူက ဂိုဏ်းချုပ်ပဲ"

မှူးပေါင်ပေါ်တဲတဲလေး ထိုင်လျက် ခေါင်းတစ်လုံးပိုမြင့်နေသော ခွန်းကို မော့ကြည့်ကာ

"ဘာဂိုဏ်းချုပ်လဲ"

"သိုင်းလောကဂိုဏ်းချုပ်လေ၊ တရုတ်သိုင်းကား အမာခံFan"

"ဟူးးး ကေပေါ့ပါသူငယ်ချင်းမရယ်၊ တရုတ်သိုင်းကားဖန်ချစ်သူရယ်၊ Online Writerရယ်... ဟုတ်နေတာပဲ"

"Live in Shan state လို့ အကောက်infoမှာရေးထားတယ်၊ Shan stateဆိုတော့ Postscardရဲ ့ အင်းလေးနဲ့ ဆက်စပ်နေတာပဲ၊ သူက တရုတ်သိုင်းကားတွေကို ကိုယ်တိုင်ဘာသာပြန်ပြီး websiteမှာ video Download linkပြန်တင်တာ၊ တရုတ်စာတတ်တယ်ထင်တယ်၊ သူ့မှာလည်း Followersတွေ မနည်းဘူး၊ ပုံတင်ထားတာတော့ မရှိဘူး၊ အကောက်တစ်ခုလုံး Personal Postsမရှိဘဲ တရုတ်သိုင်းလောကနဲ့ပတ်သက်တာချည်းပဲ တင်ထားတယ်၊ ပုံမတင်ပေမဲ့ အကောက်က ကြာပြီ၊ Followersတွေကလည်း အများကြီး၊ အကောက်အစစ်လို့ ယူဆလို့ရတယ်"

Replyက တော်တော်နှင့် မလာသေး၍ ခွန်းနှင့် Jaxရည်စား ရှမ်းပြည်နယ်နေတရုတ်ကောင်၏ Chat Conversation ကို မှူးဖတ်ကြည့်လိုက်သည်။

ခွန်း 📨 Jaxနဲ့အတူ ရှိနေလား
📨 သူ့အမေအရမ်း စိတ်ပူနေတယ်
📨 အမြန်​ဆုံး အဆက်အသွယ်လုပ်ပေးဖို့ Jaxကို ပြောပေးပါ။

ခွန်းပို့တာ မနေ့ညနေ 4:30PM။ တရုတ်ကောင်က အခုမနက် 8:00AMမှာ replyပြန်သည်။

Mu 📨 what does it say? 😕

ခွန်း 📨 မင်းနဲ့ RSတင်ထားတဲ့ မင်းရဲ ့​ကောင်​​လေး Jaxကို ပြောတာ
📨 သူမင်းနဲ့အတူ ရှိနေတာမဟုတ်လား

Mu 📨 Who are you?

ခွန်း 📨 Jaxအမေရဲ ့မိတ်ဆွေ
📨 Jaxနဲ့အဆက်အသွယ် မရတာ တစ်လကျော်နေလို့ သူ့အမေကစိတ်ပူပြီး Jaxကို ရှာပေးဖို့အကူအညီတောင်းထားတာ

Seenဖြစ်ပြီးReply မလာတော့သည်မှာ အခု ဆယ့်ငါးမိနစ်လောက် ကြာသည်အထိ။Typing ရိုက်နေသော်လည်း စာကိုမ Sent။ စာရိုက်လိုက် ပြန်ဖျက်လိုက်လုပ်နေသည်ထင် Mu is Typing......က ပေါ်လိုက် ပျောက်လိုက်။

"သူတွေဝေနေတာ .. ပြောဖို့စကားအဆင့်သင့်မရှိဖြစ်နေတာ"

မှူးက ရေရွက်ပြီး ခွန်းခါးကိုဝိုက်ဖက်လျက် လက်နှစ်ဖက်နဲ့ ခပ်သွက်သွက် စာထပ်ရိုက်ကာ ပို့သည်။

မှူး 📨 သူ့စိတ်ကြောင့် သူ့အမေဆေးရုံရောက်နေပြီ။
📨 အချိန်တိုင်းက အရမ်းအရေးကြီးနေတယ်၊ Jaxအမြန်ဆုံးပြန်လာမှဖြစ်မယ်။
📨ထပ်အချိန်ဖြုန်းနေမယ်ဆိုရင် သူ့အမေရဲ ့နောက်ဆုံးအချိန်ကို Jaxမမှီဘဲဖြစ်သွားမယ်။

ချက်ချင်း seenဖြစ်ပြီး Typingပေါ်ကာ ချက်ချင်းပြန်ပို့သော စာတစ်ကြောင်း။

Mu 📨 မင်​းက Jaxအမေရဲ ့မိတ်ဆွေဆိုတော့ ... Jaxရဲ ့ဘဝအစစ်အမှန်ကို မင်​း သိမှာပေါ့

မှူးခဏစဉ်းစားသွားသည်။ ထို့နောက် စာထပ်​ရိုက်ပို့သည်။

မှူး 📨 မင်းမသိဘူးလို့ မပြောနဲ့နော်😂 မင်းနဲ့ Relationshipတင်ထားတဲ့ မင်းရည်းစားမဟုတ်လား

Mu 📨 ငါ အခု တော်တော်စဉ်းစားနေရတယ်
📨 ငါ စကားမှားသွားမှာ၊ စကားလွန်​သွားမှာကို​ပေါ့
📨 တစ်ဖက်ကလည်း ဖေ့ဘုတ်မှာ Jaxပျောက်နေတာကြာပြီ
📨 မင်းက Jaxအမေရဲ ့မိတ်ဆွေ ဖြစ်ကြောင်း ငါယုံအောင် ဘာနဲ့သက်သေပြမလဲ

မှူး 📨 မင်းယုံအောင် ကိုယ်ဘာနဲ့သက်သေပြရမလဲ

Mu 📨 ဘာနဲ့မှ မပြနဲ့ ဘာမှမရှိဘူး😅
📨မင်းသက်သေကို မှားလားမှန်လား ငါအတည်မပြုနိုင်ဘူး
📨ငါကိုယ်တိုင် Jaxရဲ ့ဘဝအစစ်အမှန်ကို မသိလို့ပဲ 🙄

ခွန်းနဲ့မှူး တစ်ယောက်မျက်နှာတစ်ယောက်ပြန်ကြည့်သည်။

မှူး 📨 မင်းနဲ့ Jaxလက်ဆောင်တွေ အပြန်အလှန်ပို့ခ့ဲကြတာ ကိုယ်သိထားတယ်
📨 မင်းပေးတဲ့ စာအုပ်အဝါနဲ့Postscardကို Jaxအခန်းမှာ ကိုယ် တွေ့ပြီးပြီ
📨အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ် Jaxတဲ့
📨ဒီလောက်ဆို မင်းအတည်ပြုနိုင်တဲ့ သက်သေဖြစ်ပါပြီ

Mu 📨 hkhk 😆😆
📨ဒါဆိုရင်တော့ Jax ငါမသိအောင် ဖောက်ပြန်နေတာပဲ 🙄
📨မင်းတွေ့ခဲ့တဲ့ စာအုပ်နဲ့Postscardက ငါပို့တာမဟုတ်ဘူး
📨Jaxနဲ့ငါ တစ်ခါမှ အပေးအယူ လက်ဆောင် မပို့ခဲ့ဖူးဘူး
📨 ငါတို့တစ်ယောက်လိပ်စာ တစ်ယောက် မသိဘူး

ခွန်းခါးကိုဖက်ထားသော မှူးလက်မောင်းအား ပိုတင်းသွားသည်။

မှူး 📨 မလှည့်စားနဲ့ ကောင်မလေး.. မင်းက Jaxရဲ ့ချစ်သူပဲ Jaxနဲ့မင်း ပတ်သက်နေတယ်
📨မင်း ဒီလိုအရူးကွက်ဆက်နင်းနေရင် မင်းနေတဲ့အင်းလေးကို ငါကိုယ်တိုင်ရောက်လာပြီး မင်းကို ဝရမ်းနဲ့ လာဖမ်းရလိမ့်မယ်
📨မင်း ဒီလိုပြောနေတာတွေက မင်းကို သံသယဖြစ်အောင် လုပ်နေတာပဲ

Mu 📨 Fbမှာ RSတင်ထားရုံနဲ့ မင်းအဲ့လို စွပ်စွဲလို့မရဘူး ... မင်းသိတာ အပေါ်ယံပဲ
📨ငါက ကောင်မလေးမဟုတ်ဘူး... Jaxနဲ့ငါက Relationshipတင်ထားတာမှန်တယ်
📨ဒါပေမဲ့ ငါတို့ အပြင်မှာ တစ်ခါမှ မတွေ့ဖူးသလို Jaxဘဝအစစ်အမှန်ကိုလည်း ငါမသိဘူး
📨ငါသိတာ Jaxအဖြစ်နဲ့ပဲ သိတာ

မှူး 📨 ဘာမှမသိဘဲနဲ့ Relationshipတင်ရသလား

Mu 📨 အေး တင်ရတယ် အဲ့ဒါ ငါနဲ့Jaxပဲ
📨မှတ်မှတ်ရရပြောရရင် မင်းပြောတဲ့ စာအုပ်အဝါဆိုတာ ... M N E M O P O B I A မဟုတ်လား အဲ့ဒီ့စာအုပ် အွန်လိုင်းပေါ် trending ဖြစ်နေတဲ့အချိန်ပဲ
📨ဘာလို့အဲ့စာအုပ်နဲ့ တွဲမှတ်မိနေသလဲဆိုတော့ M N E M O P O B I Aမှာ H တစ်လုံးပျောက်နေတာ
📨အဲ့ဒီ့ H ကို ရှာဖို့အတွက် ငါ့သူငယ်ချင်းတစ်ယောက်နဲ့ ငါ အလုပ်ရှုပ်နေတဲ့အချိန်ပေါ့
📨Jax ငါ့ကို .... messengerကနေ ဖုန်းဆက်တိုက်ခေါ်ခဲ့တယ်

📨ဒီ့မတိုင်ခင် သူနဲ့ငါ တစ်ခါမှ ပြောဆိုဆက်ဆံဖူးတာမရှိဘူး ငါတော်တော်အ့ံသြသွားတယ် ဗလိုင်းကြီးလေ ဖုန်းခေါ်တာကိုး
📨ငါဖုန်းမကိုင်တော့ သူ့ရည်းစားလုပ်ပေးပါဆိုပြီး voice mailတွေဆက်တိုက်ပို့ တောင်းပန်ခဲ့တာ

မှူး📨 ဒီလောက် ဗရုတ်ကျမှု့ကြီးကို မင်းက လက်ခံလိုက်တာပဲလား

Mu 📨 သနားဖို့ကောင်းလို့
📨အဲ့ဒီ့နေ့က ငါ့ကိုပို့ခဲ့တဲ့ voice mailတွေမှာ သူငို​နေတယ်​။
📨ယူကြုံးမရ ဝမ်​းနည်​းပက်​လက်​ က​လေးတစ်​​ယောက်​လို ငို​နေခဲ့တယ်​။ သူငါ့ကို အသေအလဲ ဝပ်​တွားခယမှု​တွေနဲ့ ​တောင်​းဆိုခဲ့တာ။
📨သူ့အသံကနေတဆင့် သူ့ဝမ်းနည်းမှုကို ငါခံစားမိပြီး ငါ့ကို စိတ်မကောင်းဖြစ်စေတယ်

📨 အရှိန်ပြင်းပြင်းနဲ့ ရေစီးကြောင်းမှာ မျောပါသွားတော့မဲ့လူက ကမ်းပေါ်ရပ်နေတဲ့ငါ့ကို ကူပေးပါကယ်ပေးပါ အားကိုးတကြီး အကူအညီတောင်းခံရင်း လက်ကမ်းပေးနေသူလိုပဲ။ သူကမ်းတဲ့လက်ကို ငါ အမိအရ ဆုပ်ကိုင်ပေးချင်ခဲ့တယ်။ ငါသာ ဥပေက္ခာပြုလိုက်ရင် သူ့ကိုယ်သူ တစ်ခုခု လုပ်ပစ်တော့မယ်လို့ ငါခံစားမိနေတယ်။

📨Relationshipတင်ပြီး နောက်နေ့တွေမှာ ငါ့ကို သူစကားတွေ လာပြောတတ်တယ်။ သူစိတ်ကြည်နေတယ်လို့ ယူဆရတ့ဲတစ်နေ့မှာ ငါသူ့ကို အဲ့ဒီ့နေ့ကအကြောင်း မေးခဲ့တယ်။ သူလည်းဝန်ခံပါတယ်။ ငါသာ အဲ့နေ့က သူ့ကို မကယ်ခဲ့ရင် ဒီနေ့ အကောင်းပကတိ သူ ရှိနေမှာမဟုတ်ဘူးတဲ့။

📨သူရေးတဲ့စာတွေကနေ သူ့ကို ငါသတိထားမိနေတာ။ သူ့အတွေးအခေါ် သူ့တင်တဲ့စာတွေကို ငါသဘောကျလက်ခံတယ်။ အဲ့ဒါကြောင့် ငါကပဲအရင် သူ့ကို friend request စaddခဲ့တယ်။ friဖြစ်ပြီး သူလည်း ငါ့ကိုသတိထားမိနေတယ်ထင်တယ်။ ငါတင်တဲ့ Postsတွေမှာ အမြဲ Likeကတော့ ရှိနေတတ်တယ်။

📨သူနဲ့ငါ Relationshipတင်ပြီးနောက် အမြဲပုံမှန် တစ်နေ့တစ်ခါ သုံးရက်တစ်ခါ စကားအေးအေးဆေးဆေး ပြောဖြစ်ခဲ့တယ်။ ပြောတာကလည်း သူများအကြောင်းများပါတယ်။ သူလည်းငါ့အကြောင်းကို မမေးသလို ငါလည်းသူ့အကြောင်းကိုမသိချင်ခဲ့ဘူး။ သူ့အတွက်ငါက Mu Lone Yyang Huing ဖြစ်သလို ငါ့အတွက်သူက Jaxသက်သက်ပဲ။ ငါတို့နှစ်ယောက် စကားတွေအများကြီးပြောခဲ့ပေမဲ့ ငါတို့ဘဝအစစ်အမှန်အကြောင်းမပါခဲ့သလို ငါတို့ ရင်းနှီးပေမဲ့ မရိုးမသားမဖြစ်ခဲ့ဘူး။

မှူး 📨Jaxနဲ့နောက်ဆုံး စကား ပြောဖြစ်တာ ဘယ်အချိန်ကလဲ

Mu 📨မင်းပြောသလို တစ်လကျော်ရောပေါ့။ သူအဲ့သလောက် Fbကနေ အကြာကြီး မပျောက်ဖူးဘူး။ ငါစာပို့ထားတာလည်းအခုထိ sentပဲဖြစ်တယ်။ အရင်က အမြဲပုံမှန် သူ တစ်နေ့တစ်ခါတော့ အနည်းဆုံးactiveဖြစ်တယ်။

မှူး 📨 နောက်ဆုံးစကားပြောခဲ့ကြတုန်းက Jaxတစ်ခုခုဖြစ်နေခဲ့သလား

Mu📨အားလုံးပုံမှန်အတိုင်းပဲ

မှူး 📨သူနဲ့ပတ်သက်ပြီး သတိထားမိတဲ့ ထူးခြားမှုတွေရော ရှိလား

Mu 📨 ဟင့်အင်း ... RSတင်တဲ့နေ့တစ်နေ့ပါပဲ။ နောက်နေ့တွေမှာ သူတည်ငြိမ်အေးဆေးတယ်။ သူနဲ့ငါ စကားပြောဖြစ်ရင် သူများအကြောင်းပဲ ပြောဖြစ်တာများတယ်။ ငါတို့အကြောင်း မပြောဖြစ်ဘူး။ ရုပ်ရှင်၊စာအုပ်၊ ဂီတ၊သီချင်း၊ အစားအသောက်အကြောင်းတွေ ငါတို့ပြောတယ်။ ကြည့်ကြည့်ပါ၊ စားကြည့်ပါ၊ နားထောင်ကြည့်ပါ စသဖြင့် recommendပေးပြီး နောက်နေ့စာမေးပွဲစစ်သလို အပြန်အလှန်မေးဖြေတယ်၊ သူ့အမြင်ကိုယ့်အမြင် ဆွေးနွေးကြတယ်။ သူက စကားပြောလို့ကောင်းတဲ့ မိတ်ဆွေပါပဲ။

📨သူက ပြဿနာတက်တာများတယ်။ ပြဿနာဆိုတာလည်း သူရေးတဲ့စာနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေပါပဲ။ သူကိုယ်တိုင်ကလည်း အရမ်းအငြင်းသန်တယ်။ သူမှန်တယ်ထင်ရင် လုံးဝမလျှော့ဘူး။ သူကအရမ်း sensitiveဖြစ်တာပဲ။ သေးသေးတင် အတင်မခံဘူး။ အခြားလူစကားကို အရမ်းအာရုံပေးတယ်။ လျစ်လျူရှု ဥပေက္ခာမပြုနိုင်ဘူး။ အရမ်းခံစားတတ်တယ်။ ပြန်တုန့်ပြန်တတ်တယ်။

မှူးကခွန်းကိုကြည့်ကာ

"ခွန်းဘာမေးချင်သေးလဲ"

"ဟင့်အင်း .. ဘာမှမမေးချင်တော့ဘူး"

ခွန်းက အားလျော့စွာ မှူးကိုယ်ပေါ်က ဆင်းသွားသည်။

မှူး 📨သူနဲ့ပတ်သက်ပြီး မင်းဘာပြောဦးမလဲ

Mu 📨သူနဲ့ငါပတ်သက်မှုက .. အဲ့ဒါအကုန်ပဲ။

မှူး 📨 ဒီနေ့အတွက်ကျေးဇူးတင်တယ်၊ ဒါနဲ့ မင်း ဘလော့မပြေးပါဘူးနော်

Mu 📨 ဟဟ ဘလော့ပြေးရအောင် ငါမဟုတ်တာ မလုပ်ထားဘူး
📨ငါပြောသမျှထဲမှာ လုပ်ကြံလီဆယ်ပြောတာမရှိဘူး ... btw ငါက အင်းလေးမှာနေတာမဟုတ်ဘူး

မှူး 📨 ဟုတ်ပါပြီ

Conversation ကို အဆုံးသတ်ပြီး ဖုန်းကို စားပွဲပေါ်ပစ်တင်ကာ ခေါင်းမှောက်လှဲလိုက်သည်။

"စာအုပ်အဝါပို့တဲ့လူကို ငါတို့ ရှာရမယ်၊ အဲ့လူနဲ့ Jax ထူးထူးခြားခြားနက်နက်နဲနဲပတ်သက်ခဲ့မှာ သေချာတယ်"

"အင်း ... အမောင်ရုံးနောက်ကျနေပြီ၊ သွားတော့မယ်"

ခွန်းပါးတစ်ဖက်ကို နမ်းပြီး မှူးက ထသွားသည်။ စားပွဲပေါ်တင်လိုက်သော ခွန်း ဖုန်းက အဝင်ဖုန်း Ringtoneအသံ မြည်သောကြောင့် contact nameကိုကြည့်တော့ မီးဖြစ်နေသည်။

"အင်း မီးငယ်ပြော"

မီးငယ်ဆိုသည်နှင့် မှူးက မီးဖိုခန်းဝမှာ ရပ်သွားသည်။ တစ်ဖက်က မီး ဘာပြောလိုက်သည်မသိ ထိုင်နေရာကနေ ခွန်း ထရပ်သည်။ မှူးကို ကြည့်လျက်

"ကိုဖြိုးဝေရဲ ့လက်စွပ်ကို ကိုကျော်ရဲဝင်းဆီမှာ တွေ့တယ်တဲ့....မှူး"

4:35PM
4/3/2019

_________________

Ficကို Ficလိုပဲ ဖတ်ပေးပါ။ Ficထဲမှာ ပါဝင်တဲ့ ဇာတ်ကောင်တွေ၊ အဖြစ်အပျက်တွေက လက်တွေ ့ဖြစ်ရပ် မည်သူတစ်ဦးတစ်ယောက်နဲ့မှ ငြိစွန်းခြင်းမရှိပါ။ အားလုံးက စာရေးသူရဲ ့စိတ်ကူးထဲက အကွန့်အညွှန့်များကို ဖန်​တီး​ဆောက်​တည်​ထားခြင်​းသာဖြစ်​ပါတယ်​။ သက်​ရှိသက်​မဲ့ မည်​သူတစ်​ဦးတစ်​​ယောက်​ရဲ့ သိက္ခာကိုမှ ထိပါးလိုစိတ်​မရှိပါဘူး။

အသုံး​တော်​ခံအနုပညာဖန်​တီးမှု့သက်​သက်​ပါပဲ။

ဒါ လက်တွေ့အပြင်က ဘယ်သူ့ဘယ်ဟွာ့ရဲ ့အကြောင်းအရာပါလို့ အထင်မြင်မှားတာမျိုးမဖြစ်စေချင်ပါဘူး။ Jaxသည် Arr_Shengမဟုတ်သလို Mu Lone Yyang Huingသည် ကျွန်တော့်လက်ရှိ RSမဟုတ်ပါ။ ကြိုတင်မြင်လို့ ကြိုတင်သတိပေးငြင်းဆိုထားခြင်းဖြစ်ပါသည်။ _/\_

ကျွန်တော်မအားတဲ့ကြားထဲက အချိန်လုပြီး Typeထားတာပါ။ စာမေးပွဲကလည်း ကျတယ်ခင်ဗျာ့။ ဒီနှစ် ၁၁လပိုင်းရောက်ရင် ထပ်ခွဲရဦးမယ်။

emeral_wai ရဲ ့ "Author လုပ်နေတာများလား" လို့ တွက်ဆမှု့ မှန်ကန်ပါတယ်လို့ ချီးကျုးပါတယ်။
ဆက်လက်ပြီးလည်း လိုက်ဖတ်ရင်း PIECESတွေကိုစုပြီး ကိုယ့်ဘာသာပုံဖော်စဉ်းစားခန့်မှန်းရင်း လာမဲ့ updateတွေမှာ အဖြေတိုက်ကြည့်ရအောင်လားဗျာ ...

စာဖတ်သူတွေအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ် <3

Continue Reading

You'll Also Like

3.4K 207 46
သူကpsychopath တစ်ကောင်ပဲ psychopath တောင်ယဉ်ယဉ်လေးနဲ့ရူးနေတဲ့သူ....... ဟားးဟားး..... သိပ်ဟုတ်တာပေါ့... ယဉ်ယဉ်လေးနဲ့ရူးနေပေမဲ့လူတွေရှေ့မှာတော့သိပ်ဟန်ဆ...
209K 15.4K 84
Bal Thor Akhar Ma Poat Ma Ma Cha Mye Hnine Mahar Thike X Thway Nakh Khat Published Date: December 1,2021 End Date: 21 September, 2022 Just OliviaThet...
169K 10.5K 126
တာတေရဲ့ အထက်လမ်း အောက်လမ်း စုန်းကဝေ ပရလောက စွန့်စားခန်းတွေအကြောင်း။ နည်းနည်းပြောချင်ပါတယ် တာတေရဲ့ဇာတ်လမ်းတွေက သရဲစာပေgroupတွေမှာလည်း တင်လေ့ရှိသလို...
859K 97.1K 200
Author(s) : Su Fuling Title : If the deep sea forgets you Credit to all အတိတ်မေ့နေကာ အားကိုးရာမဲ့ဖြစ်နေသည့် ကောင်မလေးတစ်ယောက်ကို နာမည်ကြီးရှေ့နေကြီးတ...