Happy Ending
By Natpankalay
149K 15.8K 2.1K
#Both with Zawgyi & unicode ကျွန်တော့်အတွက် ပျော်စရာကောင်းတဲ့ အဆုံးသတ်က သူ စိတ်ချမ်းသာဖို့ပဲ ကျွန်တော့်အတွက်... More
Prologue
Happy Ending- Chapter 1
Happy Ending- Chapter-2
Happy Ending - Chapter-3
Happy Ending- Chapter-4
Happy Ending -Chapter-5
Happy Ending -Chapter-6
Happy Ending -Chapter-7
Happy Ending -Chapter-8
Happy Ending- Chapter-9
Happy Ending -Chapter-10
Happy Ending -Chapter 11
Happy Ending-Chapter-12
Happy Ending -Chapter-13
Happy Ending -Chapter-14
Happy Ending-Chapter-15
Happy Ending-Chapter-16
Happy Ending Chapter-17
Happy Ending-Chapter18
Happy Ending -Chapter19
Happy Ending -Chapter 20
Happy Ending -Chapter -21
Happy Ending -Chapter-22
Happy Ending -Chapter-23
Happy Ending-Chapter-25
Happy Ending- Chapter -26
Happy Ending -Chapter-27
Happy Ending-Chapter-28
Happy Ending -Chapter-29
Happy Ending - Chapter-30
Happy Ending-Chapter-31
Happy Ending -Chapter-32
Happy Ending Final Chapter 33
Happy Ending - Chapter -24
3.6K 500 78
By Natpankalay
“ဟာ Kit မင်း လိုက်လာတယ်။”
“အင်း-”
“Kit လာလေ. ဘာဖြစ်လို့လဲ”
“Sing--”
“ဟင်-”
“မင်း က ငါဘယ်တော့မှ စိတ်ပျက်တာမျိုးဖြစ်လာမှာမဟုတ်တဲ့ တစ်ဦးတည်းသောသူ.”
********
# With Heart
Just  A Dreamer 
ပြောချင်တာ က သံယောဇဉ်တွေပို သူငယ်ချင်းအပြုအမူမျိုး မဟုတ်တော့တာတောင် စိတ်ကို မခွဲခြမ်းနိုင်သေးတဲ့ နှစ်ယောက် )
Unicode
Singto တစ်ယောက် Pattaya သွားသည်မှာ ခြောက်ရက်တိတိရှိပြီဖြစ်သည်။ရက်တိုင်းညစဉ်လိုလိုဖုန်းပြောဖြစ်ကြသည်.။မသိ လျှင် သူတို့အဖြစ်ကလည်းတကယ့်ချစ်သူရည်းစားတွေလိုပင်။ ဒီရက်ပိုင်းတော့ Jannak နှင့်မတွေ့ဖြစ်။ Jannak က ဂျပန်ကို အလုပ်ကိစ္စနှင့်သွားရသည်မှာ တစ်နေ့ က ကတောက်ကဆဖြစ်ပြီးသည့်အချိန်ကတည်းကဖြစ်သည်။ ယခု All In တွင်  သူတို့ပြိုင်ပွဲဝင်ထားသည့် ဆုရဒီဇိုင်းများကို ပုံဖော်ဖို့ကြိုးပမ်းနေကြပြီမို့ All In ၏ ပေါ်ထွက်လာမည့် ဒီဇိုင်းအတွက် ဈေးကွက်ဌာနရော ထုတ်လုပ်ရေးဌာနတွေပါမကျန် အကုန်အလုပ်များနေကြသည်။
ဒီနေ့သောကြာနေ့မို့ Krist ကတော့ မနေနိုင်တော့။ သူ Pattaya ကိုလိုက်သွားချင်လှသည်။  Jannak ၏ ဒေါ်လေး Mae Ya ကလည်း Mae နှင့်အိမ်မှာအေးဆေးစကားပြောရန်လာအိပ်သဖြင့် Krist အတွက် အားလုံးက ရေကန်အသင့်ကြာအသင့်ပင်ဖြစ်သည်။ Mae ကိုစိတ်ပူနေစရာမလိုတော့.။ကျောပိုးအိတ်တစ်လုံးကောက်လွယ်ကာ ရ ရာကားဖြင့် သူ့ဆီခြေဦးတည်ခဲ့တော့သည်.။
Krist တကယ်ကို နားမလည်နိုင်.။သမားရိုးကျ သူ့ဘ၀ထဲ Singto ဆိုသည့်လူသားက အဘယ်ကြောင့်များ ယခုလောက်ထိ စိုးမိုးဝင်ရောက်ခဲ့သလဲ ဆိုတာ.။ နေ့ရက်တိုင်းကို Singto အနားရှိချင်သည်။ ဂရုစိုက်ပေးချင်သည်.။ကိုယ်တိုင်ကလည်း ဂရုစိုက် ခံချင်သည်။
ဖြစ်နိုင်ခြေအရှိဆုံးကတော့ Krist ကိုယ်တိုင်ကပင် Singto အတွက် စိတ်တံခါးကို ကိုယ်တိုင်ဖွင့်ပေးခဲ့ခြင်းသာဖြစ်ပါလိမ့်မည်။
မိမိအိမ်လေးကို အရင်မပြန်ဘဲ Singto ၏တိုက်ခန်းရှိရာသို့ အရင်လာခဲ့လိုက်သည်။ဟိုးကတည်းက ရှိထားခဲ့သည့် သော့လေးဖြင်ပင် အခန်းတံခါးကိုဖွင့်ဝင်လိုက်သည်။  သူ ပြုံးမိသွားပါသည်။ အခန်းသည်သပ်သပ်ရပ်ရပ်ဖြင့် ရှင်းလင်းနေသည်။ ၀တ်ပြီးသားအ၀တ်တစ်ချိူ့တို့ကိုလည်း ခြင်းတောင်းထဲတွင် သေသေချာချာထည့်ထားသည်။ ရေခဲသေတ္တာထဲတွင်လည်း ချက်ထားဟန်တူသော ဟင်းတစ်ချိူ့ကို တွေ့ရသည်။ ညနေစောင်းစပြုနေပြီဆိုတော့ Singto က ကလပ်မှာပင်ရှိနေလိမ့်ပေရော့ မည်။
မနေနိုင်သည့်စိတ်က ရေချိူးခန်းထဲက အ၀တ်လျှော်စက်ထဲ သူ့အ၀တ်ပေတွေကိုထည့်ပေးလိုက်မိသေးသည်။ အ၀တ်တွေကို ရေစစ်ပြီးမှ ချိတ်ဖြင့် လှမ်းကာ တိုက်ခန်းထဲက ထွက်လာခဲ့လိုက်သည်။ Singto မြင်လျှင်သေချာပေါက်အံ့သြသွားမှာပင်။ သူ ကြိုပြောထားတာမရှိ.
အနည်းငယ် လှုပ်ရှားစည်ကားစပြုနေပြီဖြစ်သော ကလပ်တွင် ၀န်ထမ်းလေးက ဟိုတစ်ခါက Krist ကိုမှတ်မိသည်မို့ အပေါ်ထပ် Singto ရုံးခန်းရှိရာသို့သာ တက်သွားဖို့ပြောသည်။
တံခါးကိုဖြတ်ခနဲဖွင့်လိုက်တော့မြင်လိုက်ရသည့်မြင်ကွင်းသည် သူ့ကို အနည်းငယ်တော့ မျက်ခုံးတွန့်သွားစေသည်။
“ဟာ Kit မင်း လိုက်လာတယ်။”
Singto က ၀မ်းသာအားရဆိုသည်.။ Singto ကျောပေါ်တွင် အခန့်သား ကုန်းပိုးခံနေရသည့် New ကပါ ဖော်ဖော်ရွေရွေပြုံးပြတော့ Krist ပြန်ပြုံးပြလိုက်ရသည်။
ဒါနဲ့ Singto က သူ့ကိုဘာလို့ကျောပိုးထားတာလဲ။
“ကြိုလည်းမပြောဘူး Kit ရယ်။လာမှန်းသိရင် ငါအိမ်မှာပဲ စောင့်နေမှာပေါ့..”
“မင်းကိုအံ့သြသွားအောင်လို့ပါ.။ခု ကြည့်၇တာငါပဲ အံ့သြသွားရတယ်ထင်တယ်။”
New က တိုးတိုးလေးခိုး၇ယ်သည်။ ကြောင်တောင်တောင် Singto သည် သဘောပေါက်ပုံမရပေမယ့် New ကတော့ သိသည်လေ။
“Singto မြန်မြန်လေ..သွားချင်နေပါပြီဆို.။ပြီးရင် ပြန်တော့ Krist လည်း ခရီးပန်းတာနားချင်နေပြီပေါ့”
Singto လည်ပင်းကို သိုင်းဖက်ထားသည်မို့ ခေါင်းစောင်းကာကပ်ပြောလိုက်တော့ Singto ၏ နားကို ကပ်နမ်းလိုက်သည့်နှယ်. ။ Krist မျက်နှာ သိသိသာသာသာ အရောင်ရင့်လာပြီဖြစ်သည်။
“Kit ခဏ ဒီမှာထိုင်ဦးနော် ကိုယ် သူ့ကို သွားပို့လိုက်ဦးမယ်.ခဏပဲ Boss ရုံးခန်းလေးတင်”
ခြေတစ်လှမ်းစာမျှသာ ရွေ့ရပါသေးသည်။ Krist ပြန်ပိတ်ခဲ့သော တံခါးက ပွင့်လာကာ Tay က ခပ်မြန်မြန် ၀င်ရောက် လာ သည်.။သည်တော့မှ Singto လည်ပင်းကိုချိတ်ထားသော New ၏လက်တို့သည် ခပ်ခွာခွာဖြစ်သွားသည်။သူများကိုသာ စချင်တာ.။ကိုယ့်လူအကြောင်းကိုယ်သာသိသည်မို့။ Tay က ဘယ်လောက်တောင် သ၀န်တိုတတ်သလဲ.။ ထင်သည့်အတိုင်း Tay တစ်ယောက်မျက်မှောင် ကြီးကြုံ့နေပါပြီ။
“မင်းက ဘာလို့ပိုးထားတာလဲ. ဖယ်စမ်း.”
“ဒုက္ခပါပဲ လိုက်လည်းပို့ရဦးမယ်.။ပိုးချင်လို့များထင်နေလား Boss ရဲ့”
New ကိုယ်တိုင်ကလည်း Singto ကျောပေါ်ကနေ လျှောဆင်းသည်။ ခုမှ Krist လည်းမြင်သည်။ New သည်ခြေထောက် အောက်ပိုင်းက ပတ်တီးဖြူဖြင့် လမ်းကောင်းကောင်းလျှောက်နိုင်ပုံမပေါ်။ Tay က အမူပိုစွာဖြင့် New ကို ကောက်ပိုးသည်။ Krist ကို နှုတ်ဆက်သလို ပြုံးပြပြီးမှ အခန်းထဲက ထွက်သည်။ New ကလည်း ပြုံးစိစိဖြင့် Krist ကိုရယ်ပြသွားသေးသည်။
“အဟမ်း-တစ်ခုခု အဆင်မပြေတာဖြစ်ခဲ့တာလား Kit ။မျက်နှာက ဘာလို့ စူပုတ်နေတာလဲ.”
တကယ်ပဲ မသိလို့မေးနေသည့်ပုံပါ။ krist အမြင်ကတ်စွာ မျက်စောင်းခဲတော့ သူက ရယ်သည်။
“မျက်စောင်းထိုးရတာ တော်တော်ကြိုက်တယ်ထင်တယ် ငါ့ Kit က”
“ဘယ်သူက မင်းရဲ့ Kit လဲ.။အလုပ်ဆက်လုပ်နေခဲ့တော့ ငါပြန်နှင့်မယ်.”
ချက်ချင်းပင် တံခါးဘက်ပြန်လှည့်လေသော Krist ကို လက်ဖျားလေးကနေ ခပ်တင်းတင်းလှမ်းဆွဲလိုက်သည်။သူတစ်ယောက် အဲ့လိုမျိူး မျက်နှာညိုနေလျှင် ဒီလူမှာ စိတ်မဖြောင့်။
“တစ်ခုခုကို စိတ်ဆိုးနေတယ်ဆိုတာ ငါသိတယ်.။ငါ့ကိုစိတ်ဆိုးနေတာလား”
“ကျွတ်--မပြော ပြောအောင်လာလုပ်နေတယ်.။မင်း က ဘာလို့ New ကို ကျောပိုးရတာလဲ.”
“အမ်--သူ့ခြေထောက်လုံးဝမထောက်နိုင်လို့လေ.။တွဲသွားတာတောင် သိပ်အဆင်မပြေချင်ဘူး။သူက ဆေးရုံကဆင်းလာတဲ့နေ့မှာပဲ ကားတစ်စီးနဲ့ပြန်ပွတ်တိုက်မိလို့ ငါလည်း ဒီမှာ ဒီလောက်ကြာသွားတာ ငါ မင်းကိုအဲ့နေ့က ပြောပြတယ်လေ.။New ကားတိုက်မိမလိုဖြစ်တယ်ဆိုတာ.”
မျက်လုံးထောင့်ကပ်ကာ စဉ်းစားနေသည့် Krist ၏ပုံစံသည် အမှန်တကယ်ချစ်စရာကောင်းသည်.။နဖူးပေါ်ဖြစ်သလိုဝဲကျနေ သည့် ဆံစတွေရယ် စိတ်မဆိုးတဆိုးဖြစ်နေပုံရသည့် ဟန်ပန်သည် မျက်တောင်မခတ်ကြည့်နေမိသူ  Singto အား ဖြည်းဖြည်းချင်းပြုစားနေသည်။
“စဉ်းစားမရလည်းတအားမစဉ်းစားနဲ့.။ငါ တကယ်ပြောခဲ့တယ်.။ကဲ--ခု ဒီနေ့တော့အိမ်ပြန်ရအောင် Boss ကို ငါခွင့်တိုင်လိုက်မယ်. မင်း ပင်ပန်းနေပြီမလား.”
“အင်း-”
စိတ်မပါတစ်ပါဖြေနေသည့် ကောင်လေးကို သူ ရယ်ကာ လက်လေးဆွဲလျက် ကလပ်ထဲက ထွက်လာခဲ့တော့သည်.။Boss ကိုတော့ ဖြင့် ၀န်ထမ်းလေးတစ်ယောက်ကနေတစ်ဆင့်ဖြင့်ပဲ ပြောခိုင်းလိုက်တော့သည့်အထိ Singto တို့ Boss Tay ကို လေးစားသည်လေ။
“ဆိုင်ကယ်နဲ့လာတာမဟုတ်ဘူးလား. အိမ်ကဆိုင်ကယ်လေး.”
“ငါ အိမ်မရောက်သေးဘူး မင်းတိုက်ခန်းကို အရင်သွားတာ”
“အဟား-- ကောင်လေးတစ်ယောက် ကိုယ့်ကို လွမ်းနေတယ်ထင်ပါရဲ့”
Singto သဘောတကျရယ်မောမိသည်။ krist ကခုထိ မကျေမလည်အကြည့်ဖြင့်သာ။ဆိုင်ကယ်ပေါ်အရင် တက်ပြီးမှ Krist ကိုစောင်းငဲ့ကာကြည့်ုလိုက်တော့ သူက နောက်ကတက်ထိုင်သည်။ Singto ခါးကိုတန်းခနဲလာဖက်သည်ကလည်း Singto ကို အမြဲပြုံးစေသည့်အချက်။
တစ်လမ်းလုံးစကားမဆိုမိ.။ပတ်ဝန်းကျင် အလှတရားတွေကိုသာ ငေးကြည့်နေရင်းက Singto တိုက်ခန်းရှေ့သို့ရောက်ရှိလာ သည်။ Singto ဆိုင်ကယ်ပေါ်မှဆင်းကာ လှေကားကနေ တက်ဖို့ပြင်တော့ Krist က နောက်မှာရပ်ကျန်ခဲ့သည်။
“Kit လာလေ. ဘာဖြစ်လို့လဲ”
Krist က တစ်ခုခုကိုစဉ်းစားနေပုံရကာ နေရာမရွေ့လာသည်မို့ Singtoo ကသာ Krist အနားပြန်ရောက်လာသည်.။ Krist သည် ပြောသင့် မပြောသင့် ချိန်ဆလျက် ဗျာများနေပုံရသည်။ အဲ့တော့လည်း Singto က စကားလမ်းဖွင့်ပေးလိုက်ပါတော့သည်။
“Kit က ငါ့ကို ပြောမထွက်တဲ့စကားရှိတယ်လား.။ပြောပါ Kit ငါကမင်းရဲ့အနီးဆုံးလူမလား.။”
“မင်း -မင်းက ငါ့ကိုကျ တစ်ခါမှ ကျောမပိုးဖူးဘူးနော်.”
မထင်မှတ်ထားသည့် စကားဖြစ်သည့်အတွက် Singto မျက်ခုံးတို့ပင့်တက်သွားသည်.။ Krist က စိုက်ကြည့်နေသည့် Singto ၏ အကြည့်တို့ကို ရင်မဆိုင်။ မျက်လုံးကို တောင်ကြည့်မြောက်ကြည့်အလုပ်ပေးနေသည်။
မဖြူစင်ပြနဲ့ Kit . ချစ်တဲ့စိတ်နဲ့ငါရူးလိမ့်မယ်။
“မင်း ဆန္ဒရှိရင် အချိန်မရွေးပါ Kit. ခု ငါ့ကို ကျောပိုးစေချင်နေတယ်မလား.”
“အဲ့လောက်သိသာသွားလား.ဟို-ငါက New ကိုစိတ်တိုတာမဟုတ်ပါဘူး။ ဒီတိုင်း မင်းကင့ါကိုကျ မပိုးဖူးဘဲနဲ့ ဟို--”
“မရှင်းပြနဲ့ မင်း ဆီက ရှင်းပြစကားမလိုဘူး Kit ရဲ့.ကဲလာ .လမ်းထိပ်နားထိပိုးပေးမယ်.။လူရှင်းနေပြီဆိုတော့ ဘယ်သူ့မှလည်းရှက်စရာမလိုဘူး။ လာ--”
အရွယ်ရောက်ပြီးသားကြီးကောင်ကြီးမားနှင့် ယောကျာ်းတစ်ယောက်သည် တစ်စုံတစ်ယောက်၏ကျောပေါ်တွင် အပိုးခံချင်တာ လောကတွင်ရှိရဲ့လားတော့မသိ။ ခု သူကတော့ ခပ်ရှင်းရှင်းးပြောရလျှင် မကြည်ဖြူစွာပင် Singto ကျောပေါ်တွင် ရှိနေသည့် New အစား သူပါ Singto ကျောပေါ်တွင်ရှိချင်သည်။ဆန္ဒအတိုင်း ခု သူက Singto ကျောပေါ်တွင်ရှိနေပြီဖြစ်သည်။
“Sing--”
“ဟင်-”
“ငါ့ကို စိတ်ပျက်လား မင်းကိုတော့ တအားမဆိုးဖို့ပြောပြီး ငါက မင်းအပေါ်ကျ ဆိုးနေုလို့လေ.”
“မင်း က ငါဘယ်တော့မှ စိတ်ပျက်တာမျိူးဖြစ်လာမှာမဟုတ်တဲ့ တစ်ဦးတည်းသောသူ.”
Singto လည်ပင်းပေါ်က လက်လေးတွေပိုပြီးတင်းကျပ်သွားသည် ။ခေါင်းစောင်းကာ Singto ပုခုံး ပေါ်မှီလိုက်တာ ကို လည်း သိ သည်.။
မည်သည့်စကားတွေလိုအပ်မည်နည်း။
စကားလုံးတွေသုံးနှုန်းမှ မေတ္တာတရားက ပေါ်လွင်တာမဟုတ်။သူ့အပေါ်ထားသည့် ကိုယ့်ချစ်ခြင်းကလည်းမေတ္တာတွေလောင်း ဖြည့်ထားသည်ကြောင့် ပြန်ရယူလိုမှုကို မမျှော်ကိုး.။
ကျောပေါ်က ကိုယ့်နှလုံးသား၏ တစ်ဦးတည်းသော အရှင်သခင်ငယ် ကို ခပ်စောင်းစောင်းလေး ငဲ့ကြည့်မိသည်။ အချိန်တို့သည် ဖမ်းဆုပ်သိမ်းဆည်းချင်စရာကောင်းလောက်အောင် အဖိုးတန်လွန်းလှသည်။
ဆိုစကားတို့တွန့်ဆုတ်စရာမလိုအပ်ပါဘူး။ အလိုရှိလျှင် သူက သခင့်အတွက် အမြဲတမ်းစီးတော်ယာဉ် ..။
********
# With Heart
Just  A Dreamer 
( တကယ်သူငယ်ချင်းတွေက ကျောပိုးလား ကိုယ်လည်း မသိဘူးရယ်​😁😁😁်)
ပြောချင်တာ က သံယောဇဉ်တွေပို သူငယ်ချင်းအပြုအမူမျိူး မဟုတ်တော့တာတောင် စိတ်ကို မခွဲခြမ်းနိုင်သေးတဲ့ နှစ်ယောက် )
Continue Reading
You'll Also Like
11.6K 640 50
#ကြိုပြောချင်တာက..ဒီဇာတ်အိမ်ဟာ..အချိုးအကွေ့နည်းနည်းများပါမယ်နော် ဒီမှာ..ဦးခေတ်သိဖို့က ကျွန်တော်က ဂေးမဟုတ်ဖူး...ခင်များနဲ့ကြမှ ထိန်းမနိုင်သိမ်းမရ ကွေ...
280K 48.6K 60
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
68.6K 4.3K 31
ပထမဆုံးရေးဖြစ်တဲ့ နန်းတွင်းဇာတ်လမ်းပါ သမိုင်းနှင့်မညီရင် နားလည်သည်းခံပေးပါဗျ Jet Li ရဲ့ Heros ကို ဇာတ်အိမ်မှီငြမ်းထားပါတယ်။ ဇာတ်လမ်းက "ပြန်ဆုံမဲ့နေ့"...
574K 35.3K 70
« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្ប...